Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စိတ်ပျက်စရာ မြန်မာပြည်၏ ဆရာဝန်များ

BurmaJune 10, 20101min64022

မြန်မာပြည်ဆရာဝန်တွေ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီနေ့ ကြားရတာနဲ့ ဒီနေ့ပဲတင်လိုက်တာပါ။ အဖြစ်အပျက်ကတော့ ဒီလိုပါ…..

ကျွန်တော်အမေသူငယ်ချင်းက သူအိမ်မှာ အတက်ပေါက်ပါတယ်။ ဒါနဲ့ မဟာမြိုင်က ဆရာဝန်မကြီး (အမည်မဖော်ပြလို) တစ်ယောက်နဲ့ တွေ့ပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာအတက်ကို ခွဲပါတယ်။ ပြီးတော့ အိမ်ပြန်လာပြီး နေတယ်ပေါ့ဗျာ။ သူ မိန်းမကိုယ်ထဲ က ထွက်တာတွေက အပုပ်နံ့ကြီးတွေထွက်တယ်တဲ့။ ခုနက ဆရာဝန်မကြီးကို ပြတော့ “Cell တွေအသစ်ပြန်တည်ဆောက်လို့ပါ ၊ ဖြစ်တတ်ပါတယ်တဲ့” ဒီလိုနဲ့ နေလို့ထိုင်လို့မကောင်းတော့ အရပ်လက်သည်ခေါ်ပြီး အနှိပ်ခံရင်းနဲ့ ဒီလိုဒီလိုလုပ်ထားတဲ့ ကြည့်ပေးပါဦးဆိုပြီး သူက စမ်းကြည့်တော့ အထဲထဲမှာ တစ်ခုခု ရှိနေတယ်ဆိုပြီး ပြင်ပေးလိုက်တယ်တဲ့ အဲဒါနဲ့ အတော်ကြာတော့ သေးပေါက်ချင်သလိုလိုဖြစ်လာပြီး ထွက်လာတာက ဘာကြီးမှန်းမသိတဲ့ အလိပ်လိုက်ကြီးထွက်လာတယ်တဲ့ သူ့ယောကျင်္ားခေါ် မဟာမြိုင်ပြေးရတော့တာပေါ့ ပြေးတော့ ဆရာမကြီးက အရပ်ဝတ်နဲ့ အပြေးအလွှားရောက်လာပြီး ပြန်လုပ်ပေးလိုက်ပါတယ်တဲ့။ ဘာလဲမေးတော့ မဖြေဘူးတဲ့။ တစ်ကယ်တော့ အဲဒါ ခွဲစိတ်တုန်းက ကျန်ခဲ့တဲ့ အရာကြီးပါတဲ့။ သေသေချာချာသိရရင် ထပ်တင်ပါဦးမယ်။

22 comments

  • nay phonehlan

    June 10, 2010 at 1:35 pm

    (၁) ဘာအတက်ပေါက်တာလဲ?အူ အတက် လား?မဟာမြိုင် ဆေးကု ခန်းက အမျိုး သမီးဆေးရုံပို့တာ ကြောင်းရှိပါ လိမ့်မယ်..။မိန်းမ ကိုယ်ထဲကထွက်လာတာ ဆိုတော့ ခင်ဗျားရဲ့ သူငယ်ချင်းအမေ က
    အတက် ပေါက် တာ လုံးဝ မဖြစ် နှိုင် တဲ့ အ ချက်….။(၂) ဝမ်းတွင်း ကလီဇာတွေ တည်ဆောက်ပုံ အကြောင်းသတင်းပေး သူ က နားလည် ထားပုံမရပါ ဘူး ..မိန်းမတွေမှာ သန္ဓေတည် ဖို့ သားအိမ်လို အပ်တယ် လက်သယ် ပြု ပြင် လို့ထွက် လာ တဲ့ အလိပ် ဆိုတာ ဝမ်းတွင်း ထဲ မှာရှိနေ ရင် တောင် မိန်း မ ကိုယ် ကကျ လာတာ ရီ စရာကြီး ဖြစ်နေ သ လို ဘဲ..။မိန်းမတွေ ရဲ့ သားအိမ်ဟာ ၃ကြိမ်ဘဲ ပွင့်ပါ တယ်..ထားပါတော့ ဆရာဝန်တွေ မှာ းတာတွေရှိတာ လက်ခံပါ တယ် သတင်းရေးတာ တိကျ ဖို့အရမ်း လို အပ် တယ် တိကျ စွါ စုံစမ်း ပြီးမှ ရေး ပါ အ ကြံပြုချင် ပါ တယ်….။

    ခင်ခင်မင်မင် ဖြင့်

  • Burma

    June 10, 2010 at 1:56 pm

    ကို nay phonehlan ခင်ဗျာ အူအတက်မဟုတ်ပါ။ သူအိမ်မှာ အတက်ပေါက်တယ်လို့ပြောပါတယ်ခင်ဗျာ စစ်တော့လဲ ကင်ဆာလို့ပဲပြောပါတယ်ခင်ဗျာ မဟာမြိုင်ကဆရာမကြီးက အမျိုးသမီးဆေးရုံမှာလဲ ထိုင်တာဆိုတော့ အဲဒိကို လာပြဖို့ပြောတာပါခင်ဗျာ။ ဝမ်းထဲမှာ ရှိနေတာမဟုတ်ပါဘူး

  • Amie

    June 13, 2010 at 6:09 pm

    so wired and stupid doctors!!! … even if the famous doctor made something wrong to patient , how can i believe to new doctors …. i only thing we get from them is giving out our lives …..

  • etone

    July 9, 2010 at 7:36 am

    မြန်မာပြည်ကဆရာဝန်တွေတော်တော်စိတ်ပျက်စရာကောင်းပါတယ်ဆိုတဲ့စကားကတော့ရင့်သီးလွန်းပါတယ် ။ မစော်ကားပါနဲ့ ။ဒီလိုစိတ်ပျက်ဖို့ကောင်းပါတယ်ပြောပြီးလည်း နောက်ဆုံးနေမကောင်းလို့ အိမ်မှာရှိတဲ့သောက်ပြီးမပျောက်တော့လည်း စိတ်ပျက်စရာကောင်းတယ်လို့ပြောခဲ့တဲ့ ဆရာဝန်တွေဆီသွားပြရတာပဲမဟုတ်ဘူးလား ။ တစ်ချို့တစ်လေ ပေါ့ဆမှုကြောင့်ကုသမှုမှားယွင်းတာမျိုးရှိသလို ၊ ပျောက်ကင်းသက်သာသွားတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ ။ တစ်ဦးတစ်ယောက်အမှားကြောင့်ဝါးလုံးရှည်နဲ့ အားလုံးကိုပတ်မရမ်းပါနဲ့ ။ အခုလိုဖြစ်တယ်ဆိုတာကလည်း နာမည်ကြီးဆရာဝန်တွေ လည်လွန်းတဲ့ဘီးxx သင့်တာမျိုးပါ ။

  • teekaunglay

    July 9, 2010 at 8:29 am

    ကိုယ့်လူ ဟုတ်ရဲ့လားဗျာ..မိန်းမကိုယ်က ထွက်လာတာဆိုတော့ သားအိမ်ထဲမှာ အလုံးဖြစ်နေလို့လားဗျာ… အတက်ဆိုတာ ဘယ်က အတက်လဲသေသေချာချာ ရေးပေးပါ… မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုအားနည်းတယ်ဆိုတာ လက်ခံပါတယ်.. ဒါပေမယ့် အရမ်းတော်ပြီး လူနာကို အမြဲညှာတာ ဂရုစိုက်တဲ့ ဆရာဝန်ကြီးတွေလဲရှိပါသေးတယ် ခင်ဗျာ.. ဒါပေမယ့် အခု ကိစ္စမှာ ဆေးရုံ ၂ ခါ ပြန်တက်ပြီး ခွဲရတယ်ဆိုတော့ ဆရာဝန်ကြီးရဲ့ အားနည်းချက်ဖြစ်ပါလိမ့်မယ်။..

  • sususan

    July 9, 2010 at 8:52 am

    ခေါင်းစဉ်ကြီးကလည်း…ရေးထားတာဖတ်ရတာ
    ထင်တာတခြား..ဖြစ်တာတခြား..မသေချာမရေမရာနဲ့

  • Gong Zhu

    September 16, 2010 at 7:32 pm

    ကြည့်ရတာ ကို / မ etone က ဆရာဝန်များလား ? ? ?

    • Foreign Resident

      August 7, 2011 at 3:47 pm

      Not her, but her —- is. 🙂
      ( Advertisement ) 🙂

  • winkhant

    August 7, 2011 at 3:41 pm

    e tone က ဆရာဝန်မဟုတ်ဘူး… အခုန လူနာခေါ်ပြတဲ့ လက်သည်ဆိုတာ သူပဲလေ.. . . (ဖော်လိုက်ပီနော် စိတ်မဆိုးရဝူးးးး )

  • windtalker

    August 7, 2011 at 9:50 pm

    ခေါင်းစဉ် က တော့ တော်တော်ကြီးကို ရင့်သီး တာ အမှန်ပဲ
    ရေးထားတာ က လည်း အတိအကျ မဟုတ်ဘူး ။
    သတင်းအမှန်ဆိုတာ ဖြစ်ပွားပုံ အတိအကျ ၊ နာမည် နေရပ် အတိအကျ တင်ပြ ရမယ် မလား
    ဒါနဲ ့ ` စိတ်ပျက်စရာ မြန်မာပြည်၏ ဆရာဝန်များ ´ လို ့
    ခေါင်းစဉ်တပ်ထားတော့
    ဒီပို ့စ် ကို ရေးတဲ့ သူ ဟာ ဒီမြန်မာပြည်က ဆရာဝန် တွေ ရဲ ့ဆေးကုသမှု ကို
    မွေးကတည်းက မခံယူခဲ့ဖူးဘူးလား
    သို ့မဟုတ် အကြောင်းသိသွားလို ့ ဒီက ဆရာဝန် တွေ ရဲ ့ဆေးကုသမှု ကို လုံးဝ လက်မခံ
    ရှောင်ကြဉ် နေတဲ့ သူ တစ်ယောက် လား သိချင်မိပြန်ရော ။

    • pan pan

      August 8, 2011 at 9:17 am

      ဆရာဝန်တွေအကုန်လုံးတော့ အဲလိုမဟုတ်ပါဘူး
      တစ်ယောက်ဖြစ်တာနဲ့ အားလုံးတော့အပြစ်ဆိုလို့မရပါဘူး
      တကယ်တော်တဲ့ စေတနာထားတဲ့ဆရာဝန်တွေလည်းရှိပါတယ်
      ပြီးတော့ ဒီမှာအရင်လိုဆရာဝန်မရှားပါးတော့ဘူး
      အထူးကုဖြစ်မှ ပိုအဆင်ပြေတယ်
      ကျွန်မတို့ရပ်ကွက်ထဲမှာ ငွေကြေးချို့တဲ့သူတွေအားကိုးနေရတဲ့ ဆရာဝန်မတစ်ယောက်ရှိပါတယ်
      ငွေကြေးအနည်းငယ်သာယူလို့ တော်တော်အဆင်ပြေကြပါတယ် (ဒီပိုစ့်နဲ့တော့ မဆိုင်ဘူးပေ့ါနော်)

  • moehmaung

    August 7, 2011 at 11:02 pm

    တစ်ယောက်နဲ့အများ ကြည့်ပြောပါဗျာ…..တစ်ယောက်မကောင်းတာနဲ့ အားလုံးကိုရမ်းစရာလား….တော်ရိရော်ရိနဲ့………..

  • pyinlepyaw

    August 7, 2011 at 11:06 pm

    သတင်းပေးလာခဲ့ရင်လဲ ဘယ်သတင်းမဆို ( စု ၊ တည် ၊ သုံး ၊ ညွှန်) အချက် လေးချက်နဲ့ တည်းဖြတ်သင့်
    ပါတယ် ၊ သတင်းရရင် စုစည်းမယ်၊ ပြီးရင် အတည်ပြုမယ် ၊ အတည်ပြုပြီးရင် သုံး မယ် ၊ သုံးပြီးရင် သတင်း
    ပေးသူကို ပြန်လည် ညွှန်ကြားမယ် ၊
    အဲဒါက ဟိုးအရင် ထောက်အဖွဲ့တွေ သုံးခဲ့တဲ့ နည်းလို့ သိရပါတယ် ၊
    အဲဒီ လေးချက် နဲ့ အညီ ရလာတဲ့သတင်းကို တည်းဖြတ်လိုက်မယ်ဆိုရင် အကောင်းဆုံးမဟုတ်သည့်တိုင်
    တိကျ ကျစ်လစ်တဲ့ သတင်းမျိုးဖြစ်လာမယ်လို့ ယူဆမိပါတယ် ။

  • winkyawaung

    August 8, 2011 at 9:38 am

    ဟုတ်ပါတယ်။ ဘယ်လိုပဲရေးရေးပါ။ မကောင်းသူကို တိတိကျကျရေးပြသင့်ပါတယ်။ SSC ဆေးရုံးက ကိစ္စတွေကို နမူနာယူသင့်ပါတယ်။ ဆရာဝန်အားလုံးကို ထိခိုက်တာတော့ မကောင်းပါဘူးနော်..။

  • etone

    August 8, 2011 at 10:32 am

    သတင်းက အခြေမြစ်မရှိဘူး … ။ အရင်တခါ မန်းတုန်းကလည်း ဒေါကီးရတယ် .. ပြန်ဖတ်တော့လည်း ဒေါကီးရပြန်တယ် …။ ပစ်စာ သဘောမျိုးဖြစ်နေတယ် … ။ အချက်နဲ့ လက်နဲ့ ရေးပေးနိုင်မှသာ လက်ခံယုံကြည်လို့ ရတဲ့ သတင်းဖြစ်မှာပါ .. အခုဟာတော့ .. သတင်းမဟုတ်ပဲ အတင်းသာသာ စာမျိုး .. တဆင့်စကား တဆင့်နားနဲ့ … ပြန့်နေတာမျိုး ။

    လူဗြိန်းတောင် အပုပ်နံ့ထွက်လာတုန်းက အပ်ထရာဆောင်းရိုက်ရကောင်းမှန်းသိတယ် … ။ အရပ်လက်သည်တွေ မိမိကိုယ်တွင်း သားအိမ်ရဲ့ အတွင်းပိုင်း ပုံစံတောင် မြင်ဖူးလို့ .. ပြင်ပေးတတ်တာ လုံးဝ အယုံကြည်မရှိပါ .. ။ ဒီသတင်းမှန်ကန်တယ်ဆိုပါလျှင် … ပိုပြီး အသေးစိတ်ဆွေးနွေးလိုပါတယ် .. ။
    (( သေသေချာချာသိရရင် ထပ်တင်ပါဦးမယ်။)) ဆိုလို့ .. စိတ်ဝင်တစား စောင့်ဖတ်နေပါတယ် ။ 🙄

  • AKKO

    August 8, 2011 at 11:23 am

    အားပါးပါး … တကြောင်းစ နှစ်ကြောင်းစ ရေးပြီး သိမ်းကြုံး ဖဲ့ထားပါလား ။
    သတင်းအပြည့်စုံလေး ဖတ်ချင်ပါတယ် တင်ပေးပါဦး ။ 🙂

  • redbull

    August 8, 2011 at 12:21 pm

    အားလုံးတော့ မဟုတ်တန်ကောင်းပါဘူး….
    စေတနာဆရာဝန်တွေ ၊ အသပြာပါတဲ့ စေတနာဆရာဝန် ၊ အသပြာ သီးသန့် ဆရာဝန်တွေ အမျိုးမျိုး အဖုံ
    ဖုံ ရှိမှာပါ ၊ အပေါက်အလန်းမတဲ့ ပဲ ကိုယ်ထင်ရာ ကိုယ်စွတ်ရွတ်လုပ်တတ်တဲ့ ဆရာဝန်မျိုးတွေလဲ ရှိနေမှာပါ
    ပို့စ်တင်သူအနေတဲ့ ဒီသတင်းအတွက် တာဝန်ရှိတယ်လို့ ထင်မိပါတယ် ၊
    ဒီ့ထက် ပိုတိကျအောင် စုံစမ်း တင်ပြပေးဖို့ တောင်းဆိုချင် ပါတယ်….။

  • sunthurein

    August 8, 2011 at 12:37 pm

    ဘယ်သို့ ဘယ်ပုံလုပ်လိုက်သည်မသိ ဘာတွေထွက်လာမှန်းလည်းမသိ ရေးသူလည်းဘာမှမသိ ဖတ်သူလည်းဘာမှမသိ

  • Mee2

    August 8, 2011 at 1:01 pm

    ဟုတ်ပါတယ် ဒီလို ပို ့စ်ခေါင်းစဉ်နဲ ့လိုက်ဖက်အောင် စာရေးသူ အနေန ဲ့ပိုပြီးတိကျအောင်ကြိ ုးစားပေးစေချင်ပါတယ်။မမှားသောရှေ ့နေမသေသောဆေးသမား မရှိပါဘူး။ဆရာဝန်တွေလဲ လူသားပေမို ့မှားတတ်ကြပါတယ်။ခွင့်လွှတ်ပေးနိုင်တဲ့အမှားမျိ ုးတွေကများပါတယ်။တခါကတော့ မန္တလေးဆေးရုံမှာ လူနာဗိုက်ထဲ forceps ကျန်ခဲ့တာရိုက်ထားတဲ ့X rays chat မြင်ဘူးပါတယ်။အတိအကျတော့မမှတ်မိတော့ပါဘူး။

  • ဂျဲသု

    September 12, 2011 at 11:37 am

    ဆရာဝန်မှ မဟုတ်ပါဘူး ဘယ်နေရာမှာမဆို မကောင်းတဲ့သူတွေတော့ရှိနေမှာပါပဲ။ ငါးခုံးမတစ်ကောင်မြင်ရုံနဲ. တစ်လှေလုံးအပုတ်ချည်းပဲလို.တော့ ရမ်းသမ်းမစွပ်စွဲပါနဲ့။ ဒါမြန်မာပြည်ပါ။နေရာပေါင်းစုံမှာ ချို.ယွင်းချက်အားနည်းချက်တွေရှိနေမှာပါ။ မကောင်းရင် မကောင်းတဲ့သူကို တရားစွဲချင်စွဲပါ။ဘယ်လိုမှမကျေနပ်လို. ချောင်းရိုက်ချင်သပဆို ရိုက်လိုက်ဦး။ ဒါပေမယ့် ဘာမှမဆိုင်တဲ့သူတွေကို တော့မထိခိုက်ပါစေနဲ့။

  • moethidasoe

    September 12, 2011 at 12:06 pm

    သူ ရေးချင်တာ မရေးတတ်တာလဲ ဖြစ်မယ် .. အထင်လွဲတာလဲ ဖြစ်မယ်
    လူနာကိုယ်တိုင်က မသိတာလဲဖြစ်မယ် ..
    ဖြစ်မယ်ထင်တာက သားအိမ်မှာ အသားပို ထွက်တာ polyp ဖြစ်ဖို့ များတယ်
    အဲဒါကို ကုတဲ့ နည်းက ခြစ်ထုတ်ပြီး အသားစ စစ်ဆေးဖို့ ပို့ရပါတယ်
    ခြစ်ထုတ်ပြီးရင် သွေးထွက်မလွန်စေဖို့ gauze ထည့်ရပါတယ် ..
    သွေးဆင်း ရပ်မှ ဆေးရုံ ဆေးခန်းက ဆင်းခွင့် ပေးပါတယ်
    မဆင်းခင်မှာ ဆေးခန်း ဆေးရုံက အထဲ ထည့်ထားတဲ့ gauze ကို ပြန်ထုတ်ပေးရပါတယ် .. အဲဒါတော့ ဆရာဝန်ကိုယ်တိုင် လုပ်ဖို့ မလိုပါဘူး .. လက်သည် ညှစ်ချလိုက်ရင်လဲ ကျနိုင်စရာက အဲဒါပဲ ဖြစ်မှာပါ
    ရေးတဲ့လူက စိတ်ချဉ်ပေါက်နေလို့လား .. သူ့အမျိုးထဲက တစ်ယောက်ယောက်ဖြစ်နေလို့လား ဖြစ်မှာပါ
    အခုမှ ဖတ်မိလို့ အခုမှပဲ ရေးမိတာပါ .. ဘယ်သူ့ဘယ်သူကိုမှ မထိခိုက်စေချင်ပါ

  • လင်းဝေကျော်

    September 12, 2011 at 1:06 pm

    သားအိမ်ကို သူအိမ် ဆိုလို့ အူသိမ်ကို မှားရေးတာလားပေါ့။
    သူအိမ်လို့ ပြန်ပြောမှာပဲ ရှင်းတော့တယ်။ မလွယ်ဘူး။
    ဆရာဝန်တွေ မှားတာလည်းမှားနေကြတာပါပဲ။
    လမ်းခင်းတဲ့ အင်ဂျင်နီယာတွေလိုမျိုးပေါ့။ အရေးမယူတော့ လုပ်ချင်တိုင်းလုပ်။
    ပြီးရင် ပြောချင်ရာ လွှဲပြောတော့တာပဲ။
    တစ်ခုလောက် သားပုBURMA ကို ပြောချင်တာကတော့ စာသေချာတတ်အောင်လုပ်ပြီးမှ စာရေးတတ်အောင်လုပ်ပြီးမှ သတင်းတင်သင့်ပါတယ်။

Leave a Reply