မြန်မာပြည်မှာ စစ်သားနဲ့ ဘုန်းကြီး အရေအတွက် လျှော့ချဖို့ လိုအပ်ပြီလား
ဟုတ်ကဲ့ ဒီပို့စ်ကို မရေးခင် ဦးစွာပြောထားချင်တာကတော့ ကျွန်တော်ဟာ စစ်တပ်အသိုင်းအဝိုင်းကလူတစ်ယောက်လဲ မဟုတ်သလို သံဃာအသိုင်းအဝိုင်းမှ လူတစ်ယောက်လဲ မဟုတ်ပါဘူး ဒီပို့စ်လေးကို ရေးရတဲ့ အကြောင်းကတော့ ကိုဘုန်းကျော်ရဲ့ ပြည်သူ့လွှတ်တော်မှာ ဘုန်းကြီးအရေအတွက်နဲ့ စစ်သားအရေအတွက် လျှော့ချဖို့ လုပ်သင့်ပြီ ဆိုတဲ့ပို့စ်မှာ သူကြီးကိုယ်တိုင်က အဲဒီလိုဖြစ်အောင် ဆိုင်သူတွကို ပြောပေးပါဦးဆိုတဲ့ စကားကြောင့်ပါ ကျွန်တော်အခုရေးမှာကတော့ ကျွန်တော့်ရဲ့အမြင် ၊ ကျွန်တော်ရဲ့ ယုံကြည်ချက် ၊ ကျွန်တော့်ရဲ့ အတွေးအခေါ်မျှသာဖြစ်တဲ့အတွက် မှားကောင်းမှားနိုင်ပါတယ် ဒီတစ်ကြိမ်နဲ့ဆို သူကြီးနဲ့ ကျွန်တော် စိတ်သဘောထား ၊ ယုံကြည်ချက်ချင်း မတူညီတာ နှစ်ခါရှိပြီထင်ပါတယ် ပထမတစ်ခါက ဆန်ရှင်တွေ မြန်မြန်ပြန်ဖွင့်ပေးအောင် ကြိုးစားကြစေလိုပါတယ် ဆိုတဲ့ပို့စ်မှာပါ အဲဒီပို့စ်မှာတုန်းကလဲ ဘာ့ကြောင့်ကြိုးစားကြစေလိုကြောင်းကို ကျွန်တော့်ရဲ့ သီးသန့်အမြင်နဲ့ အကြောင်းအချက်တွေ မြောက်မြားစွာဖြင့် ရေးသားခဲ့ပါတယ် အဲဒီလို ရေးသားခဲ့ရာမှာ သူကြီးရဲ့ အင်္ဂလိပ်စာလုံးတွေ အများကြီးနဲ့ သီဖွဲ့ထားတဲ့ ကန့်ကွက်ချက် တစ်ခုကို ရရှိခဲ့ပါတယ် ကိုကြောင်ကြီးရဲ့ ကြံ့ဖွံ့ရုံးရှေ့ကို ဆီပုလင်းလေး ခါးကြားချိတ်ပြီး သွားပြောကွာ လို့ ရေးသားမှုကိုလဲ ခံခဲ့ရပါသေးတယ် ဒါပေမယ့် အားလုံးဟာ တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးသူတွေဖြစ်ကြတဲ့အတွက် အများနဲ့မတူတဲ့ အမြင်တစ်ခုမှာ ဂရုဏာဒေါသောနဲ့ ပြောခဲ့တယ်လို့ပဲ ခံယူထားပါတယ်
ပထမဆုံးအနေနဲ့ စစ်သားအကြောင်း အရင်ဆုံးပြောပါမယ် အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ တပ်သားအဖြစ်နဲ့ စစ်ထဲဝင်သူတွေ အတော်ကို ရှားသွားပါပြီ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာရော ၊ ကျွန်တော့်ရဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးအသိုင်းအဝိုင်းများရဲ့ ပတ်ဝန်းကျင်မှာပါ မရှိတော့သလောက် ရှားသွားပါပြီ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးမရရှိနိုင်မှုတွေကြောင့် မြန်မာ့တပ်မတော်အနေနဲ့ နှစ် ၂ဝ ကြာ စစ်ပွဲတွေကို ဆင်နွှဲနေရတဲ့အတွက် တပ်မတော်ရဲ့ အင်အားဟာ အထွက်များပြီး အဝင်နည်းနေလိမ့်မယ်လို့ ထင်ပါတယ် အဲဒါကြောင့် ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က စပြီး တပ်မတော်အင်အား ဖြည့်တင်းနိုင်စေဖို့အတွက် ၁ဝ တန်းအောင် လူငယ်လေးများကို စစ်ဗိုလ်လောင်း ၊ စစ်အင်ဂျင်နီယာလောင်း ၊ စစ်ဆရာဝန်လောင်း စတဲ့ မက်လုံးမျိုးတွေ ပေးပြီး တပ်မတော်ထဲ ဆွဲသွင်းနေရပါတယ် တစ်နှစ် ၊ တစ်နှစ်ကို တစ်ထောင်ကျော်ကနေ သုံးထောင်ကျော် အတွင်းခန့် အင်အားဖြည့်တင်းနိုင်ခဲ့တယ်လို့ ထင်ပါတယ် နိုင်ငံတစ်ခု ကမာ္ဘ့အလယ်မှာ မျက်နှာငယ်ရခြင်း မရှိပဲ ထိုက်သင့်တဲ့ ဂုဏ်သိက္ခာတစ်ခုနဲ့ ရပ်တည်နိုင်စေဖို့ ခေတ်မှီပြီး အင်အားတောင့်တင်းတဲ့ မျိုးချစ်တပ်မတော်တစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ် လက်ရှိ လတ်တလောမှာတင်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရေပိုင်နက် နယ်နိမိတ် အငြင်းပွားမှုပြဿနာ ၊ ထိုင်းနိုင်ငံနဲ့ နယ်စပ်ပြဿနာတွေမှာ မြန်မာနိုင်ငံအနေနဲ့ အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်
ဒါဟာ ဘာကို ပြနေသလဲဆိုရင် တောင့်တင်းခိုင်မာတဲ့ တပ်မတော်တစ်ခုကို ပိုင်ဆိုင်ထားနိုင်ခြင်း မရှိတဲ့ သင်္ကေတကို ပြနေပါတယ် လက်ရှိ မြန်မာ့တပ်မတော်မှာ အင်အားဘယ်လောက်ရှိသလဲဆိုတာ တရားဝင်စာရင်းဇယားတွေ မရှိလို့ မသိနိုင်ပေမယ့် အရေးကြုံလာရင် နိုင်ငံကို လုံလောက်စွာ ကာကွယ်နိုင်မယ့် အင်အားတစ်ခုအနေနဲ့တော့ ရှိမနေဘူးလို့ ထင်ပါတယ် အင်အားတောင့်တင်းတဲ့ တပ်မတော် မဟုတ်သေးဘူးဆိုရင် ခေတ်မီတပ်မတော်ကော ဖြစ်ပြီလားဆိုတာ ဆက်တွေးကြည့်ရအောင် ကျွန်တော့်အမြင်တော့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနဲ့တောင် မယှဉ်သေးနဲ့ဦး အရှေ့တောင်အာရှမှာတောင် ထိပ်တန်း စစ်လက်နက်တွေ ပိုင်ဆိုင်ထားမှုမှာ အဆင့် ၃ အတွင်းလောက်တောင် ဝင်ပါ့မလားဆိုတာ မသေချာပါဘူး ဒါဟာ ကျွန်တော့်ရဲ့ အမြင်ပါ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထဲက မဟုတ်တဲ့အတွက် သေသေချာချာတော့ မသိနိုင်ပါဘူး တကယ်တမ်းပြောရမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံလို အရွယ်ရောက်သူတိုင်း နှစ်နှစ်စစ်မှုထမ်းစေတဲ့ အလေ့အထ တစ်ခုကိုတောင် ထားရှိစေလိုပါတယ် အဲဒါမှ ပြည်သူနဲ့ တပ်မတော် မပြတ်တမ်းထိတွေ့မှုရှိနေပြီး ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ဒါဟာလဲ ကျွန်တော့်ရဲ့ ဆန္ဒမျှသာ ဖြစ်ပါတယ် ဒီအချက်ကို ကန့်ကွက်လိုသူတွေလဲ များစွာရှိကြပါလိမ့်မယ် လက်ရှိအချိန်မှာ တပ်မတော်မှ တပ်သားများဟာ အန္တရာယ်ရှိနိုင်သော နေရာဒေသများရှိ လမ်းဖောက်ခြင်းလုပ်ငန်းတွေ တံတားဆောက်ခြင်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ပေးနေကြရတာကို တွေ့နေရပါတယ် နောက်ပြီး လစာနှင့် ရိက္ခာ မလောက်ငှမှုကို ကာမိစေရန်အတွက် တပ်မတော်ဝန်းအတွင်း စုပေါင်းစိုက်ခင်းလေးများ စိုက်ပျိုးခြင်းလုပ်ငန်းတွေမှာ သင်ရောက်ဆောင်ရွက်နေကြရတဲ့ အတွက် တပ်မတော်သားများကြောင့် မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းတယ်ဆိုတာကို ကန့်ကွက်လိုပါတယ် နိုင်ငံတိုင်းမှာလဲ စစ်တပ်ဆိုတာ ရှိပါတယ် သူတို့တွေဟာ အရေးကြုံလာရင် နိုင်ငံအတွက် အသက်ပေးကြရမယ့်သူတွေ ဖြစ်ကြပါတယ် ဒါ့ကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် တောင့်တင်းခိုင်မာတဲ့ တပ်မတော်တစ်ခု ရှိကို ရှိရပါမယ်လို့ ယူဆမိကြောင်းပါ
ဟုတ်ကဲ့ နောက်တစ်ချက်ဖြစ်တဲ့ ဘုန်းကြီးအရေအတွက်အကြောင်း ပြောကြည့်ကြရအောင် သံဃာများ စာပေကျမ်းဂန် သင်ကြားမှုအတွက် အနယ်နယ်အရပ်ရပ်မှ သံဃာတွေဟာ မန်းလေးမြို့နဲ့ ရန်ကုန်မြို့ကို သွားရောက်ကြရပါတယ် အထူးသဖြင့်တော့ မန်းလေးမြို့ပေါ့ အဲဒါကြောင့် မန်းလေးမြို့နဲ့ ရန်ကုန်မြို့မှာ သံဃာတွေ များနေရခြင်းဖြစ်ပါတယ် ဒေသအသီးသီးကနေလာကြတဲ့အတွက် သူတို့တွေဟာလဲ ပုထုဇဉ်များသာ ဖြစ်ကြသေးတဲ့တာကြောင့် စရိုက်စုံလင်လှတဲ့ သံဃာတော်တွေကို ထိုမြို့များမှာ တွေ့မြင်နေကြရခြင်း ဖြစ်ပါတယ် သက်တော် ၁၈ နှစ်နဲ့ ၂၃ ကြားခန့်ရှိကြသေးတဲ့ သ့ဃာတော်များဟာ ကိုယ့်ရဲ့ရပ်ရွာတွေကနေ ပရိယတ္တိစာပေများ သင်ကြားနိုင်စေဖို့ ရန်ကုန် ၊ မန်းလေး စတဲ့ မြို့များကို ရောက်ရှိလာကြခြင်းဟာ လူလိုဆိုရင်တော့ တက္ကသိုလ်တက်ကြတဲ့ ကျောင်းသားလေးတွေလိုပါပဲ တက္ကသိုလ်ကျောင်းသားအများစု ကျောင်းသားဘဝ ပျော်ကြ ၊ ပါးကြသလိုမျိုး သူတို့တွေမှာလဲ အထိုက်အလျောက်တော့ စာသင်သားဘဝမှာ ပျော်ပျော်နေတတ်သူတွေ ရှိကောင်းရှိကြပါတယ် အဲဒါက လူငယ်တို့ သဘာဝပါ နောက်တစ်ခုက ရန်ကုန်မြို့တော့ ကျွန်တော်မသိပေမယ့် မန်းလေးမှာ ရှိကြတဲ့ စာသင်သား သံဃာတော်များမှာတော့ အစားအသောက် ချို့တဲ့ကြပါတယ် ဖြစ်သလို စားသောက်ပြီး ချို့ချို့ငဲ့ငဲ့နဲ့ ပညာကို ကြိုးစားနေကြရတဲ့ သံဃာတော်တွေ အများကြီးပါ သူတို့တွေမှာ နေ့ကောင်းရက်မြတ်များမှာပဲ ကောင်းကောင်းမွန်မွန် ဘုဉ်းပေး သုံးဆောင်ကြရပေမယ့် အခြားနေ့များဆိုရင်တော့ အတော့်ကို ဆိုးဆိုးဝါးဝါးနေ့ရက်တွေကို ဖြတ်သန်းကြရတာတွေ ရှိပါတယ် သူတို့တွေရဲ့ ပညာသင်စရိတ် ကျမ်းဂန်စာအုပ်ဖိုးလေးတွေကို သူတို့ရဲ့ မယ်တော်တို့ ခမည်းတော်တို့ အခြားအခြားသော ဆွေမျိုး ဒါယကာ ဒါယိကာမများထံမှ အလှူခံကြရပါတယ် ခက်ခဲ ပင်ပန်းဆင်းရဲသလို ကျဉ်းကျပ်လှတဲ့ ဝိနည်းတော်တွေကိုလဲ လုံအောင်ထိန်းသိမ်းကြရပါသေးတယ် ဝိနည်းတွေ မလုံခဲ့လို့ ချိုးဖောက်ဖြစ်ခဲ့ရင်လဲ သူတို့တွေအနေနဲ့ အပြစ်ပိုကြီးကြရပါသေးတယ် အာပတ်ဖြေခြင်းဆိုတာ ရှိပေမယ့် တစ်ချို့အပြစ်တွေကတော့ အာပတ်ဖြေလို့ မရပါဘူး အတော့်ကို ကိုယ်ချင်းစာဖို့ကောင်းတဲ့ အနေအထားပါ
ကိုဘုန်းကျော်ရဲ့ပို့စ်မှာ ကိုမောင်မောင် မန့်ထားတာလေးကို ပြန်ဆွဲထုတ်ပြချင်ပါတယ်
စာသင်တိုက်တွေထောင်ပြီး စာသင်၊ စာကျက်၊ စာကျက်၊ စာသင်နေတာတွေနဲ့ အချိန်တွေ ကုန်နေဖို့ မဟုတ်ပါ။
ငုတ်တုတ်ထိုင် ကမ္မဋ္ဌာန်းရိပ်သာတွေဖွင့်ပြီး ဘာအလုပ်မှ မလုပ်ချင်တော့တဲ့ သူတွေကို မွေးထုတ်ပေးဖို့လည်းမဟုတ်ပါ။
စာသင်ကျောင်းတွေဖွင့်၊ ဆေးရုံတွေဖွင့်ကာ လူအလုပ်တွေလုပ်ပြီး လူလိုနေရမှာမျိုးလည်းမဟုတ်ပါ။
ဟုတ်ကဲ့ ကျွန်တော် ပြောပါမယ် ပရိယတ္တိ သာသနာ ၊ ပရိပတ္တိ သာသနာ ၊ ပရိဝေဒ သာသနာဆိုပြီး သာသနာသုံးရပ်ရှိပါတယ် ။ စာပေ ကျမ်းဂန်တွေကို သင်ကြား ခြင်း ၊ သင်ယူခြင်းကို ပရိယတ္တိ သာသနာပြုတယ်လို့ ခေါ်ပါတယ်။ မိမိကိုယ်တိုင် သံသရာရဲ့ အဆုံး တစ်ဖက်ကမ်းကို ရောက်ရှိအောင် ကျင့်ကြံကျိုးကုတ် အားထုတ်ခြင်းကို ပရိပတ္တိ သာသနာလို့ ခေါ်ပါတယ် ။ ဒါယကာ ဒါယိကာမများကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်စေလိုတဲ့ တရားများကို ဟောပြောပို့ချပေးခြင်းကို ပရိဝေဒ သာသနာလို့ ခေါ်ပါတယ်။ သံဃာရယ်လို့ ဖြစ်လာပြီဆိုရင် သာသနာသုံးရပ်ထဲက တစ်ပါးပါးကိုတော့ အနည်းဆုံး ထမ်းဆောင်ရပါလိမ့်မယ် ပြောင်းပြန်အနေနဲ့ ပြန်ပြောရရင် သာသနာ သုံးရပ်ထဲက တစ်ခုခုကို ထမ်းဆောင်နေရင်ပဲ သံဃာရဲ့ တာဝန်ကျေပွန်ပါတယ် အဲဒါကြောင့် စာသင်တိုက်တွေထောင်ပြီး စာသင် စာကျက်နေတာဟာ သာသနာပြုနေတာပါပဲဗျာ ဘာစာမှ မသင်ကြရင် ဘာမှမသိတော့တဲ့အတွက် ဘယ်လိုလုပ်ပြီး တရားတွေ ဟောလို့ ပြောလို့ ရတော့မလဲဗျ တဖြည်းဖြည်း သာသနာကွယ်သွားတော့မှာပေါ့ ဟုတ်ကဲ့ နောက်တစ်ချက် ကမ္မဌါန်းရိပ်သာတွေ ဖွင့်ပြီး ဒါယကာ ဒါယကာမများကို သံသရာ တစ်ဖက်ကမ်း လွတ်မြောက်စေနိုင်တဲ့ တရားဘာဝနာတွေ ရှုမှတ်ပွားများခိုင်းတာဟာလဲ သာသနာပြုတာပါပဲဗျာ လက်ရှိဘဝမှာ ချက်ချင်း လွတ်မြောက်ကြောင်းတရားကို မရနိုင်ကြသေးရင်တောင် သူတို့တွေအတွက် ပါရမီ အခံကို ရရှိစေပါတယ် နောက်တစ်ချက် စာသင်ကျောင်းတွေ ဆေးရုံတွေ ဖွင့်ပြီး လူမှုရေးအလုပ်တွေ လုပ်တာမျိုးကျတော့ သံဃာအလုပ်လုပ်တာ မဟုတ်ဘူးဆိုတာ မှန်ပေမယ့် အဲဒီလုပ်ငန်းတွေကရော မလုပ်သင့်ကြဘူးလားဗျာ သံဃာတော်တွေ အဲဒီအလုပ်တွေ လုပ်လို့ဆိုပြီး ရှုံ့ချသင့်ကြရဲ့လား လူထု ကောင်းကျိုး အများရဲ့ ကောင်းကျိုး လုပ်နေတာပဲ မဟုတ်ဘူးလား နောက်ပြီး ဟိုတယ်တွေ ၊ တည်းခိုခန်းခတွေ မတတ်နိုင်ကြတဲ့ မရှိဆင်းရဲသူတွေအနေနဲ့ ခရီးသွားလာရာမှာ ဘုန်းကြီးကျောင်းတွေကသာ မှီခိုအားထားရာ နေရာတွေမဟုတ်ဘူးလားဗျာ တည်းခိုရုံတင်မက အမှန်တကယ် စရိတ်ပြတ်ရင် စားသောက်မှုအတွက်ပါ ထောက်ပံ့ပေးနိုင်ကြပါသေးတယ် နောက်တစ်ချက်က ကျွန်တော်သိတဲ့ ဦးဇင်းတစ်ပါးဆိုရင် သူ့ရဲ့ကျောင်းသင်္ခမ်းဟာ အဆောင်အယောင် ဘာမှမရှိပေမယ့် နှစ်စဉ် သူ့ရဲ့ ရွာက ကျောင်းသား ၊ ကျောင်းသူတွေ မြို့တက်ပြီး ပညာသင်ကြားခွင့်ရရှိနိုင်စေရေးမှာ သေချာတာကတော့ နေစရာ ရှိသွားပြီဗျာ ဆွမ်း ကွမ်းလေးတွေ ပိုတဲ့ နေ့တွေဆို စားစရာပါ မကုန်တော့ဘူးဗျာ ဒီကြားထဲ အလှူအတန်းလေးတွေ တရားပွဲလေးတွေနဲ့ ကြုံလို့ ဝတ္ထုငွေလေးရှိခဲ့ ရခဲ့ရင် ကိုယ်ကျိုးအတွက် မသုံးပဲ ကျောင်းစရိတ်သော်လည်းကောင်း ၊ မုန့်ဖိုးသော်လည်းကောင်း ပြန်စွန့်ပေးပါသေးတယ် အဲဒီနည်းနဲ့ နှစ်စဉ် နှစ်တိုင်း ကိုယ့်ရပ် ကိုယ့်ရွာ ကောင်းကျိုးအတွက် သယ်ပိုးဆောင်ရွက်နေပါတယ် အဲဒီလို ဘုန်းကြီးတွေလဲ မြန်မာပြည်အနှံ့ အများကြီး ရှိပါတယ်
အဲဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေထဲမှာ သံဃာတော်များရဲ့ ပူးပေါင်းပါဝင်နေမှုပါပဲ လက်ရှိအချိန်မှာ သံဃာတော်တွေကို အင်တာနက်ဆိုင်တွေမှာတွေ့နေကြရပါတယ် သူတို့တွေ ချက်တင်းတွေ ထိုင်ကြပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့လဲ ထိုနည်းလည်းကောင်းပါပဲ ငယ်ရွယ်စဉ်အချိန် ကွန်ပျူတာလေးတစ်လုံးတောင် မရှိသေးချိန် အင်တာနက်ကို ဘယ်လိုစသုံးရမှန်း မသိသေးချိန်မှာ ချက်တင်းလေးတွေနဲ့ပဲ စခဲ့ရတာပါ အပျော်တမ်း အခြေအနေကနေ တဖြည်းဖြည်းချင်း မြှင့်ယူခဲ့ကြရတာပါ သံဃာတော်တွေကို အင်တာနက်ဆိုင်ပေးမဝင်စေနဲ့ဆိုတဲ့ ဥပဒေမျိုးသာ ထုတ်ဖြစ်ခဲ့ရင် သူတို့တွေ အင်တာနက် သုံးတတ်ကြတော့မှာမဟုတ်ပါဘူး နောက်ပိုင်းမှာ ခေတ်မှီစွာ သာသနာ ပြုနိုင်ဖို့ ၊ အင်တာနက်ကနေ တရား ဓမ္မပိုင်းဆိုင်ရာ မေးခွန်းတွေ ၊ အယူအဆတွေ ပြောဆိုဆွေးနွေးသွားကြဖို့ဆိုတာ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး တလောက ပို့စ်တစ်ခုမှာ ဖတ်လိုက်ရပါတယ် ကျွန်တော်တို့ ဘာသာကို ကမ္ဘာက သိအောင် စွမ်းဆောင်နေတာဟာ ယိုးဒယား ဘုန်းတော်ကြီးများနဲ့ တိဘက်ဘုန်းကြီး ဒလိုင်းလားမားကြောင့်လို့ ရေးထားတာကို တွေ့ခဲ့ရပါတယ် စာရေးသူရေးသွားတာက မြန်မာ ဘုန်းကြီးတွေအနေနဲ့ နိုင်ငံတွင်းမှာပဲ အချင်းချင်း မညီညွတ်မှုတွေ ၊ အမြင်မတူမှုတွေကြားမှာပဲ အချိန်ကုန်နေကြရပြီး ကမာ္ဘအလယ်မှာတော့ ကျွန်တော်တို့သာသနာ အကြောင်းကို ဘာမှ ထုတ်မပြနိုင်ကြဘူးလို့ ရေးထားပါတယ် ကျွန်တေ်တို့ မြန်မာနိုင်ငံက လယ်တီဆရာတော် ဘုရားကြီးအကြောင်းကိုလဲ ကမာ္ဘက သိခဲ့ကြပါတယ်လို့ ပြောလိုက်ပါရစေ ကျွန်တော်တို့ မြန်မာဘုန်းကြီးတွေ ကမာ္ဘနဲ့ ယှဉ်ရင် ရင်ဘောင်မတန်းနီုင်ကြတာက Language ပိုင်း အားနည်းကြလို့ပါ Language ပိုင်းကောင်းကောင်းနိုင်တဲ့ သံဃာတော်တွေ ပေါ်ထွန်းလာတဲ့အခါ မြန်မာဘုန်းကြီးတွေလဲ ကမာ္ဘနဲ့ ယှဉ်ပြီး ရင်ဘောင်တန်းနိုင်လာကြပါလိမ့်မယ်လို့ ထင်မြင်မိပါကြောင်း
ထို ထိုသော အချက်တွေကြောင့် မြန်မာနိုင်ငံမှာ စစ်သားနဲ့ ဘုန်းကြီးအရေအတွက် လျှော့ချသင့်ပြီဆိုတဲ့ အချက်ကို ကန့်ကွက်ပါကြောင်း
အားလုံးကို လေးစားလျက်
အရှုံးတွေနဲ့ ကျွန်တော်
24 comments
အရှုံးတွေနဲ့ ကျွန်တော်
April 17, 2012 at 1:56 pm
ရွာသူားများ ဒီပို့စ်လေးကို ဖတ်ပြီး ဝင်ရောက်ဆွေးနွေးပေးကြပါဦး
နှစ်သစ်မှာ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ
ဗိုက်ကလေး
April 17, 2012 at 2:07 pm
ခင်ဗျားဗျာ..
သဂျီးတို ့ ဖုတ်ကျော်တို ့ ကျုပ်တို ့ပြည်တွင်းကလူတွေလောက် ဘုမသိ ဘမသိနဲ ့ လေသံကြား ဖမ်းတရားနာပြီး
ဟိုလိုလုပ်ပါ ဒီလိုလုပ်သင့်တယ်ဆိုပြီး ရမ်းအော်နေတာကို ရေးကြီးဂွင်ကျယ်လုပ်ပြီး နားယောင်နေသေးတယ်ဗျာ..
ဘယ်ဘက်မျက်စိက ဖတ်ပြီး ညာဘက်မျက်စိက ထုတ်ပလိုက်စမ်းဘာဗျာ..ဒီဘဲကြီးတွေ ဘာမှသိတာမဟုတ်ဘူးရယ်
(သဂျီးနော် ချိတ်ချိုးရဘူးနော်..မတူအောင်ရေးဆိုလို ့ ရေးတာနော်.ဟီး.ဟီး..ဟီး..)
😀
phone_kyaw
April 17, 2012 at 3:41 pm
စာနဲ ့ပက်သက်ပြီး ဘာမှတော့ ကန် ့ကွက်စရာမရှိပါဘူး။ စဉ်းစားပုံထောင့်ချင်းမတူလို ့ပဲ သတ်မှတ်ပါတယ်။ ကျနော်စဉ်းစားတဲ့ပုံက စစ်သား နှစ်သိန်းလောက်ကိုလျှော ့ချပြီး ကျန်တဲ့စစ်သားနှစ်သိန်းကို ခေတ်မှီပညာနဲ ့လစာကောင်းကောင်းလက်နက်ကောင်းကောင်းဆင်ဖို ့အတွက်ပါ။ ဘုန်းကြီးတွေလည်း ဒီအတိုင်းပါပဲ။ ဒါဆိုရင်ကုန်ထုတ်လုပ်မှု ့ပိုထွက်လာမယ်။ အပိုတွေများနေသလားလို ့ပါ။ ဒီလို တုန် ့ပြန်တာကို အထူးကျေးဇူးတင်ပါတယ်။ နောင်လည်းရေးပါအုံးဗျာ။
Aung Myae
April 17, 2012 at 5:06 pm
စာထဲမှာ အမှားပါရင်တော့ ခွင့်လွတ်ကြပါ။
ဘုန်းကြီးတွေထဲမှာလဲ ဘုန်းကြီးကျင့်ဝတ်နဲ့မညီတဲ့ ဘုန်းကြီးတွေအများကြီးရှိပါတယ်၊
စစ်သားတွေထဲမှာလည်း စစ်သားကျင့်ဝတ်နဲ့မညီတာတွေရှိပါတယ်၊
ဒီတော့ ကျင့်ဝတ်နဲ့ မညီတဲ့ ဘုန်းကြီးတွေကိုလျော့ချရမှာဖြစ်သလို
စစ်သား ကျင့်ဝတ်နဲ့ မညီတဲ့ စစ်သားတွေကိုလဲ ထုပ်ပယ်တာပဲဖြစ်ဖြစ်၊
အပြစ်ဒဏ်ပေးတာပဲဖြစ်၂ လုပ်ရပါမယ်လို့ ပြောချင်ပါတယ်။
char too lan
April 18, 2012 at 3:10 pm
ဒါဆိုရင်တော့ ကျင့်ဝတ်နဲ့မညီတဲ့ ခေါင်းဆောင်ကြီး ခေါင်းဆောင်လေး ခေါင်းဆောင်ပုစိညှောင့်တောင့်
ခေါင်းဆောင်အမြှောင်လေးတွေ ကို အရင်ဦးဆုံး ထုပ်ပယ်တာပဲဖြစ်ဖြစ်၊
အပြစ်ဒဏ်ပေးတာပဲဖြစ်၂ လုပ်ရပါမယ်လို့ ….
ဝင်လျှာရှည်သွားပါတယ်
ဟဲ့နွား .. !!
aungmyintmyat
April 17, 2012 at 5:24 pm
ကောင်းလိုက်တဲ့ စိတ်ကူးပါ။ ကျေးဇူးလည်းတင်တယ်။ တော်တော်လေးကို အကြိုက်တွေ့သွားတာ အမှန်ပါ။ တကယ်တော့ ကျွန်တော်တို့ဆီမှာ စစ်တပ်ဆိုတဲ့ စကားလုံးသုံးရင် ဟိုသုံးမရတဲ့ လူတချို့ကြောင့် နာမည်ပျက်နေတဲ့ သုံးစားမရတဲ့ အရာတခုလို့ ထင်နေကြတာပဲဗျ။ သူတို့အနေနဲ့လည်း မမှားပါဘူးဗျာ။ ဒါပေမယ့် အခု ကျွန်တော်တို့ နိုင်ငံမှာ စစ်ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။ စဉ်းစားကြနော်။ တကယ်ကို အရေးကြီးတယ်နော့။ ပါတီတွေက ဝင်ရှင်းကြမှာလား။ သူတောင်းစားလို ဘာမှလုပ်မပေးနိုင်တဲ့ နိုင်ငံတကာကိုပဲ သံကုန်ဟစ်ပြီး အကူအညီတောင်းကြမှာလား။ဘယ်သူကိုမှ မရည်ရွယ်တာ အမှန်ပါနော်။ ပြန်တိုတ်ဖို့လိုပြီဆိုကတည်းက အကုန်လုံး တက်ညီလက်ညီ ပြန်ဆော်ရတော့မှာနော်။ အဲဒီအချိန်မှာ ဘယ်သူတွေက ပိုအသုံးကျမည်နည်း။ တိုတ်ရည်ခိုက်ရည်ရှိတဲ့ သူနဲ့ စီပွားရေးလုပ်ငန်းလုပ်ငန်းပဲလုပ်တက်တဲ့သူနဲ့ ဘယ်သူကို ကျွန်တော်တို့ အားကိုးရနိုင်မည်နည်း။ အကယ်၍ ကျွန်တော်တို့ အမှန်တကယ် အားကိုးရမည့် စစ်တပ်က ချိနဲ့ပြီး သုံးမရရင် ကျွန်တော်တို့ လည်စင်းရုံမှတပါး အခြားရှိမည် မဟုတ်။ အဲဒီပြောလို့ ကျွန်တော်က စစ်တပ်ကို အားကိုးလွန်းသည်ပဲ မဟုတ်။ သမိုင်းမှာလည်း ကျွန်တော်တို့အားလုံး လယ်သမားတွေ၊ ယာသမားတွေ လက်လုပ်လက်စားတွေ မျိုးချစ်စိတ် အပြည့်နဲ့ ရရာ လက်နက်ဆွဲ တိုတ်ပွဲဝင်ခဲ့ကြတာကိုလည်း သိပါတယ်။ ကျွန်တော်ဆိုလိုတာက စွမ်းရည်ပြည့်ဝတဲ့ စစ်တပ်ရှိတာက မရှိတာထက်တော့ ပိုကောင်းတယ် ဆိုချင်ယုံပါ။ နားလည်ပေးကြမယ်လို့တော့ ထင်တာပဲ။ ကျွန်တော်တို့ လွတ်လပ်ရေး ပြန်လည် ရရှိတာကို သုံးသပ်ကြည့်ပါဦး။ မြန်မာ့တပ်မတော်ဆိုတာကြီး ပေါ်ပေါက်လာပြီးမှ ရတာပါဗျာ။ တပ်မတော်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်ပါဗျာ။ အိမ်တအိမ်မှာ ဖခင်ရှိတာနဲ့ မရှိတာနဲ့ ကွာသလိုကို ကွာပါတယ်။” ဟေ့ ငါတို့အိမ်မှာ အဖေ မရှိဘူးကွ။ ဒါပေမယ့် ငါတို့ ဘာမှ မဖြစ်ဘူးလို့” ငြင်းချင်တဲ့သူရှိရင် ကျွန်တော်မေးချင်ပါတယ်။ အဲဒီလူရဲ့မိခင်မှာ သူတယောက်မရှိလို့ ခံစားနေရတဲ့ ခံစားချက်ကိုရော သိရဲ့လား လို့ပေါ့။ ဟဲဟဲ စစ်တပ်နဲ့ ပက်သက်ပြီးပြောလိုက်တာ များသွားလို့ ဆောရီးပါနော်။ ဘာလို့လည်းဆိုတော့ သံဃာအကြောင်း ကျန်သေးတယ်နော်။ သည်းခံပေးကြပါလို့။
ဗုဒ္ဓဘာသာလူမျိုးတွေမှာ ရတနာသုံးပါးပဲ ရှိပါတယ်။ ဘာသာမတူတဲ့သူတွေလည်း ဆက်ဖတ်ချင်မှ ဖတ်ပါနော်။ ဆက်ဖတ်လို့လည်း ရပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်က ဗုဒ္ဓဘာသာ အကြောင်းချည်းပဲ ပြောသွားမှာ မဟုတ်လို့ပါ။ ကဲကဲ စကားလမ်းကြောင်းက နဲနဲ ကွေ့သွားတယ် ဆောရီးပါ။
ကျွန်တော်တို့ ပိုက်ဆံ၊ရွှေ၊ငွေ၊ကျောက်သံပတ္တမြားစသည်တို့ ရမည်ဆိုပါက နည်းနည်းလေး လိုချင်လား၊ များများလိုချင်လား။ အဲဒီလိုပဲ ကျွန်တော်တို့ ကိုးကွယ်နေတဲ့ ရတနာသုံးပါးကိုရော ဘယ်လိုလဲ။ သံဃာဆိုတာကိုက ကျွန်တော်တို့ ဘာသာသာသနာ ကို တကယ်တမ်း စောင့်ရှောက်ပေးနေတဲ့ ရတနာ တပါးပါ။ တခြားဘာသာမှာလည်း သူတို့ ဘာသာသာသနာကို စောင့်ရှောက်တဲ့ ရဟန်း ဘာညာ ရှိကြပါတယ်။ သူတို့ကိုလည်း ကိုဖုန်းကျော် ဆန္ဒရှိရင် မေးကြည့်ပါ။ သူတို့ရော နည်းလေးကောင်းလေလို့ ပြောမှာလား၊ များလေ ကောင်းလေလို့ ပြောမှာလား။ ကျွန်တော် ထင်တာ ကတော့ ဘယ်သူမဆို (ချွင်းချက် ကိုဖုန်းကျော်မှလွဲ၍) အားလုံးကတော့ များလေ ကောင်းလေ လို့ ထင်ကြမှာပါ။ ခင်ဗျား မန့်သွားတာက “အပိုတွေ များသလားလို့” ဆိုတာပါတယ်နော်။ ခင်ဗျား ဆိုလိုတာကို နားလည်ပါတယ်ဗျာ။ ဒါပေမယ့် နည်းနည်းတော့ စဉ်းစားကြည့်ပါဦးနော်။ ခင်ဗျားတို ့ကျွန်တော် တို့ အား
လုံး နေ့တိုင်း နေ့တိုင်း ငါးပါးသီလ မြဲကြပါသလား။ ငါးပါးသီလလေးတောင် မမြဲကြရင် ဗုဒ္ဓဘာသာ မလုပ် ကြနဲ့လို့ မြတ်စွာဘုရားက ဟောသွားတာ ကြားဖူး၊ မြင်ဖူးလား။ သံဃာတော်တွေ စောင့်ထိန်းရတာက ၂၂ရ သွယ်သော သိက္ခာပုဒ်တွေ။ ခင်ဗျားတို့ ကျွန်တော်တို့လို ငါးပါးထဲ မဟုတ်ဘူးနော်။ တကယ်တမ်း စဉ်းစားကြည့်ရင် သံဃာလို့သာဆိုတာ ပုထုဇဉ်တွေပါဗျာ။ နည်းနည်းလေးတော့ နားလည်မှု့တော့ လိုပါတယ်ဗျာ။ ကဲ သံဃာတွေကို ခင်ဗျားပြောသလို မလုပ်နိုင်ရင် မနေနဲ့ဆို ကျွန်တော်တို့တွေ ဘယ်မှာ ဒါန၊ သီလ၊ ဘာဝနာ လုပ်ကြမလဲ။ ကဲဗျာ အများကြီး ပြောနေရင် ပေရှည်ပါတယ်။ ခု နှစ်သစ်ရောက်ပြီ။ အန္တရာယ်ကင်း ပရိတ်တရားနာ လုပ်ချင်ရင် ခင်ဗျား လာရွတ်မှာလား။ ပြောလေ။ ခင်ဗျားဆိုရင် ပရိတ်ကြီး (၁၁)သုတ်ကို ခေါင်းစဉ်တောင် ရရဲ့လား မသိဘူး။ မင်းတုန်းမင်းတရားကြီး ပြောသွားတဲ့ သံဃာနဲ့ ပက်သက်တဲ့ စကားလေးကို ကျွန်တော်ကြိုက်လွန်းလို့ သက်ဆိုင်နေတုန်း ခင်ဗျားကိုလက်ဆောင် ပေးမယ်
။ မင်းတုန်းမင်းတရာကြီး သံဃာကို ကြည်ညိုတာက ၂၂ရသွယ်သော သိက္ခာပုဒ်တွေကို အသာထား ညစာမစားတာနဲ့ မိန်းမ မယူပဲ နေနိုင်တာကိုပဲ ကြည်ညိုလှပါပြီတဲ့။ အဲဒီမှာ ခင်ဗျား စကားကပ်တော့မယ် ဆိုတာကို ကျွန်တော်သိတယ်။ ညစာစားပြီး မိန်းမ ယူတဲ့ ဘုန်းကြီးလည်း ရှိတယ်လို့ ခင်ဗျား ပြောလိမ့်မယ်။ ဒါကတော့ နေရာတိုင်းမှာ ချွင်းချက်တော့ ရှိတက်ကြတာပဲ။ ကျွန်တော်တို့ရော၊ အားလုံးမှာပါ ရှိကြပါတယ်။ အဲဒါကလည်း သူ့ကံနဲ့ သူပါ။ ဒါပေမယ့် သံဃာဦးရေ လျော့ချင်တယ် ဆိုတာကတော့ ကိုယ့်စကားကို ပြန်သုံးသပ်စေချင်ပါတယ်။ မြတ်စွာဘုရားတောင်မှ ဆဒ္ဒန်ဆင်မင်း ဘဝ တုန်းက သူ့ကို သတ်တဲ့သူကိုတောင်မှ သင်္ကန်းကို မြင်လိုက်လို့ ခွင့်လွှတ်ပြီး အသက်ချမ်းသာပေးလိုက် တာကို ခင်ဗျားလည်း သိပါတယ်။ နောက်ပြီး ဘုရားရှင်လက်ထက်မှာကိုပဲ ဒေဝဒတ်လို သံဃာပါတာကို မြတ်စွာဘုရားရှင်က ဘယ်လို အောက်မေ့တယ်လို့ ခင်ဗျား ထင်သလဲ။ ဘယ်အရာမှာမ ဆို အဖျက်အဆီး အနှောင့်အယှက်ဆိုတာ ရှိတယ်လို့ပဲ မိန့်ကြားသွားတယ်နော်။ သံဃားစာရင်းက ထုတ်လိုက်ပါလို့ မမိန့်ကြားဘူးနော်။ ကဲဗျား ကျွန်တော့် မန့်တာ တော်တော်လေး ရှည်သွားပြီ။ ပြောပြချင်တာတွေလည်း ရှိသေးလို့ ဆက်ရေးလိုက်ဦးမယ်နော်။ မြတ်စွာဘုရား ဟောသွား တဲ့ ဒေသနာထဲက တခုကို ဆက်ပြောမယ်နော်။ လူ့ဘဝဆိုတာ ရခဲတယ်။ အဲဒီထက် ရဟန်း ဘဝဆိုတာ ပိုရခဲတယ်။ အဲဒီထက် သာသနာမှာ ရဟန်းဘဝနဲ့ ပျော်နိုင်ဖို့ရာ ပိုခက်ခဲတယ်။ အဲဒီထက် အမြိုက်တရား (နိဗ္ဗန်) ရဖို့က ပိုခက်ခဲတယ်တဲ့။ ဟဲဟဲ ဘုန်းကြီးတောင်မှ ဝတ်ချင်လာပြီး။ ဒါလောက်ပါပဲနော်။
လွန်တာရှိ ဝန္ဒမိ………………………………………………………..အောင်မြင့်မြတ်
DEPARKO DEPARKO
April 17, 2012 at 6:32 pm
ကိုယ်ချင်းစာစိတ်နဲ့ စစ်သားတွေရဲ့ဘဝကို နားလည်မှုပေးတဲ့အတွက် တပ်မတော်တစ်ခုလုံးမှာရှိတဲ့ တပ်မတော်သားတွေကိုယ်စားပြု ကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ဟာ ဘွဲ့ရအကြပ်ကြီးတစ်ဦးပါ အရာရှိမဟုတ်ပါဘူး ကျွန်တော့်လို ပညာတတ် အရာရှိမဟုတ်တဲ့ အခြားအဆင့် စစ်သည်တွေ အများကြီးပါ နားလည်မှုမပေးတဲ့သူတွေကြောင့် ခံစားရတာလဲများပါပြီ စစ်သက်၂၃နှစ်ကျော်မှာ ကျွန်တော်တို့ အများကြီးအနစ်နာခံတာဝန်ထမ်းဆောင်ခဲ့ပြီးပါပြီ ထွက်စာတင်ထားတာလဲ ၁၃နှစ်ကျော်ပါပြီ ထွက်ခွင့်မရပေမဲ့ တာဝန်ကိုကျေပွန်အောင်ထမ်းဆောင်ခဲ့ပါတယ် နောက်လူတွေကျွန်တော်တို့ကိုယ်စား တာဝန်ထမ်းဆောင်ဘို့ တပ်မတော်ကိုအလည်တစ်ခေါက်လာရောက်စေလိုပါတယ် ကျွန်တော်တို့ထွက်စာမကျတာ လက်ရှိတပ်မတော်ဟာ ဆယ်ယောက်စာကိုတစ်ယောက်တာဝန်ထမ်းနေရလို့ပါ ကျွန်တော်တို့လည်း စစ်မှုမထမ်းမနေရအမိန့်ကိုမျော်နေပါတယ် ပင်ပန်းလွန်းလှပါပြီ
အးလုံးကိုလေးစားစွာဖြင့်
ဒီပါကို
အရှုံးတွေနဲ့ ကျွန်တော်
April 17, 2012 at 6:36 pm
ကိုဘုန်းကျော်ရေ ကွန်မန့်လေးကို ကျေးဇူးတင်ပါတယ် ကိုဖုန်းကျော်ရဲ့ အမြင်ကိုလဲ လက်ခံပါတယ် မြန်မာပြည်မှာ စစ်သားဦးရေ အရမ်းကို များနေခဲ့မယ်ဆိုရင်ပေါ့ အခုဟာက မြန်မာပြည်မှာ စစ်သားဦးရေ ခန့်မှန်း ၄ သိန်းလောက်ရှိတယ်ဆိုတော့ အဲဒီ ၄ သိန်းကို တစ်ဝက်ခွဲ စစ်သားဦးရေ ၂ သိန်းခန့်ဟာ လူဦးရေ သန်း ၆ဝ နီးပါးကို ကာကွယ်ဖို့ လုံလောက်ပြီလားဆိုတာလေး တစ်ချက်တော့ တွေးကြည့်စေချင်ပါတယ် အရေးကြုံလာပြီဆိုမှ ဖုတ်ပူမီးတိုက် ပြည်သူတွေထဲက အရွယ်ရောက်ပြီးသူတိုင်း စစ်မှုမထမ်းမနေရဆိုပြီး အင်အားဖြည့်တင်းမှာလား အဲဒီအခါ ဘယ်မလဲ လေ့ကျင့်ချိန် ၊ လုံလောက်တဲ့ စစ်ရေးလေ့ကျင့်ထားရှိမှု မရှိပဲ တိုက်ပွဲဝင်ရပြီဆိုရင်တော့ သွားရှာပြီပေါ့ဗျာ မြန်မာပြည်မှာ စစ်သားဦးရေ ၄ သိန်းနဲ့ ၅ သိန်းကြားပမာဏဟာ ဖြစ်သင့်တဲ့ ပမာဏလို့ထင်ပါတယ် အရမ်းကို များနေခဲ့မယ်ဆိုရင်တော့ ကိုဖုန်းကျော် ပြောသလို လုပ်သင့်ပါတယ်
အရှုံးတွေနဲ့ ကျွန်တော်
April 17, 2012 at 6:50 pm
ကို အောင်မြေ့ရေ
မြန်မာပြည်မှာ စည်းကမ်းပျက် စစ်သားများနဲ့ ဘုန်းကြီးများရှိတယ်လို့ ဆိုလိုချင်တာပေါ့နော် ဟုတ်ကဲ့ အဲဒီအဆိုကို ကျွန်တော်လဲ လက်ခံပါတယ် ဒါပေမယ့် သူတို့တွေကို တစ်ခါတည်းထုတ်ပယ်ပစ်လိုက်တော့မှာလားဗျာ ဟုတ်ကဲ့ ပထမဆုံး စစ်တပ်အကြောင်း ပြောရအောင် နဂိုကမှ စစ်သားဦးရေ နည်းရတဲ့ ကြားထဲ (ကျွန်တော့်အထင် ) အဲဒီလို ထုတ်ပယ်မှုတွေ လုပ်လို့ကတော့ စစ်တပ်က ထွက်ချင်သူတွေလဲ အဲဒီလမ်းစဉ်ကို လိုက်လာကြပါလိမ့်မယ် အဲဒီအခါမှ မြန်မာပြည်ရဲ့ စစ်တပ်ကြီး ပိုပြီး ဗရမ်းဗတာ ဖြစ်သွားနိုင်ပါတယ် စစ်တပ်မှာ ဗိုလ်တွေမပါ လက်ရှိတာဝန် ထမ်းဆောင်နေသူတွေကို လိုက်မေးကြည့်ပါ ထွက်ချင်တဲ့သူနဲ့ ဆက်ရှိနေချင်သူ ဘယ်အရေအတွက်က များမလဲဆိုတာ ဒါပေမယ့် အပြစ်ပေးမယ်ဆိုတဲ့ အယူအဆကိုတော့ လက်ခံပါတယ် ဒါကတော့ သူ့ရဲ့ အပြစ်အလျေက် ခံရတာပါပဲ
နောက်ထပ် သံဃာများအရေးမှာဆိုလဲ လူတွေအနေနဲ့ သံဃာ့အရေးမှာ ထဲထဲဝင်ဝင် မပါဝင်သင့်ဘူးလို့ ထင်ပါတယ် ကျွန်တော့်တို့ လုပ်ဖို့ လိုအပ်တာက အမှန်တကယ် သာသနာကို ချစ်မြတ်နိုးပြီး စာပေကျမ်းဂန်တတ်မြောက်တဲ့ အများရဲ့ ကြည်ညိုလေးစားမှုကို ရရှိတဲ့ ဆရာတော်ကိုပဲ သာသနာပိုင် အဖြစ် အပ်နှင်းပေးဖို့ပါပဲ အဲဒီအခါ အရာအားလုံးကို သာသနာပိုင်ကပဲ ထိန်းကျောင်းပဲ့ပြင်သွားကါလိမ့်မယ် ဆိုဆုံးမရုံနဲ့ အဆင်ပြေမယ့်သူကို ဆိုဆုံးမရုံ လူဝတ်လဲစေဖို့ လိုတဲ့သူကို လူဝတ်လဲစေဖို့ကို သူကိုယ်တိုင်ပဲ ဆောင်ရွက်သွားပါလိမ့်မယ် ကျွန်တော်တို့က ဝိုင်းဝန်းကူညီပေးတာမျိုးပဲ လုပ်သင့်ပါတယ်
အရှုံးတွေနဲ့ ကျွန်တော်
April 17, 2012 at 6:53 pm
ကိုအောင်မြင့်မြတ်ကတော့ ကျွန်တော်နဲ့ အတွေးအမြင် တူသမို့ ဘာမှ ထပ်မပြောလိုတော့ပါဘူး အခုလို ကျွန်တော့်ရဲ့ ပို့စ်မှာ အကျယ်တဝင့် လေးလေးနက်နက် အကြောင်းအချက်ပြည့်ပြည့်စုံစုံဖြင့် လာရောက် ဆွေးနွေးသွားတဲ့အတွက် ကျေးဇူးပါနော်
နောက်လဲ ဝင်ရောက် ဆွေးနွေးပေးပါဦး
အရှုံးတွေနဲ့ ကျွန်တော်
April 17, 2012 at 7:20 pm
ကို ဒီပါကိုရေ
ဟုတ်ပါတယ်ဗျာ ကျွန်တော့်ရဲ့ ဆွေမျိုးများထဲမှာတော့ စစ်တပ်အသိုင်းကလူတွေ တစ်ဦးတစ်ယောက်မှ မရှိပေမယ့် အပေါင်းအသင်းတစ်ချို့ရဲ့ ဆွေမျိုးတွေထဲမှာ စစ်တပ်က ထွက်ချင်နေကြသူတွေ ဒုနဲ့ဒေးပါပဲ သူတို့တွေမှာ ထွက်ချင်ပါလျက်နဲ့ ထွက်ခွင့် မရကြပါဘူး အဲဒါဟာ ဘာ့ကြောင့်လဲဆိုတော့ မြန်မယပြည်မှာ စစ်သားအဝင်ဟာ လက်ရှိအချိန်မှာ မရှိသလောက်နီးပါး ရှားလာလို့ပါ ဒီနှုန်းနဲ့သာ ဆက်သွားမယ်ဆိုရင် နောက် ၁ဝ နှစ် ၁၅ နှစ်လောက်အတွင်းမှာ အလှည့်ကျ စစ်မှုထမ်းခြင်းဥပဒေ လုံးဝပေါ်ပေါက်လာနိုင်ပါတယ် အဲဒီဥပဒေ ပေါ်ပေါက်ခဲ့ရင် တိုင်းပြည်ရဲ့ အမျိုးသားအများစုကို စစ်သင်တန်းများ သင်ကြားပေးပြီး ဖြစ်တဲ့အတွက် အရေးကြုံလာခဲ့ရင် အဆင်သင့်သုံးနိုင်လောက်တဲ့ အနေအထားမှာ ရှိတဲ့အတွက် စစ်တပ်အင်အားကို လျှော့ချင်တယ်ဆိုရင် လျှော့ချနိုင်လာမှာပါ စစ်တပ်နဲ့ ပြည်သူ အမြဲမပြတ် ထိတွေ့ ဆက်ဆံရမှုတွေ ရှိလာတဲ့အခါ အခုလို အမြင်မကြည်မှုတွေ ဖြစ်ပေါ်မလာနိုင်တော့ပဲ နွေးထွေးတဲ့ ဆက်ဆံရေးတစ်ရပ် ပေါ်ထွန်းလာနိုင်ပါတယ် အဲဒီစနစ် ပေါ်ထွန်းခဲ့ရင် ကျွန်တော် တွေးမိသလောက်တော့ အကောင်းတွေပဲ ပေါ်ပေါက်လာတဲ့ အတွက် အဆိုးတွေ ရှိလာနိုင်တဲ့ အချက်တွေကို မြင်မိတဲ့သူများမှလဲ ဝင်ရောက်ဆွေးနွေးပေးပါဦး
ဦးဦးပါလေရာ
April 17, 2012 at 8:29 pm
ဝင်ပြောချင်လိုက်တာနော်..
ကျုပ်ကွန်ပျုတာက အသားကင်နံ့ထွက်နေလို့ ပြန်ပိတ်ရဦးမယ်။
ဒီအကြောင်းအရာလေးတော့ ရေထမ်းသမား အကြွေးမှတ်သလို မှတ်ထားလိုက်ပါတယ်။ 😀
အရှုံးတွေနဲ့ ကျွန်တော်
April 17, 2012 at 10:25 pm
ဟုတ်ကဲ့ပါ ဦးပါ ၊ ဥိးပါတို့လို အတွေ့အကြုံ များသူတွေက ပါဝင်ဆွေးနွေးကြလျှင်ဖြင့် ပိုလို့ပင် ကောင်းမွန်မှာပါ ဦးပါရဲ့ ဝင်ဆွေးနွေးမယ့် အကြောင်းအရာကို ကျွန်တော် သိချင် ဖတ်ချင်မိပေမယ့် မနင်ဖြန်ဆိုရင်ပဲ ကျွန်တော်ဟာ connection လိုင်းနဲ့ ဝေးရာကို သွားရပါတော့မယ် နောက်များမှ ပြန်တွေ့ကြတာပေါ့
အားလုံးကို လေးစားလျက်
အရှုံးတွေနဲ့ ကျွန်တော်
Swal Taw Ywet
April 17, 2012 at 11:28 pm
In my point of view on Military –
YES,
Need to be qualified Quantity.
I also was born from Myanmar army soldier.
At least 20 years since born, I was stay in army camp.
Our Myanmar military need to change its dignity by taking the loves from the people.
Without people’s loves and understanding, the military could not be proud / success.
I also don’t want our Myanmar soldiers in torn uniform , poor facility and lower income.
BUT….. Now our country is poorer because of Military junta.
Therefore…please try to pay back what military take from people.
One is sure- uncountable tear drops of the people- as much as a sea.
Sorry, …..but must do.
With respect,
Swal Taw Ywet.
kai
April 18, 2012 at 6:08 am
ကျော်သူဖေ့စ်ဘုတ်…”သာသနာ့ဘောင်အတွင်းသို့” မှ ကောက်နှုတ်ချက်..။
ပေစိ
April 18, 2012 at 8:53 am
ဝင်ပြီး မန့်တော့ဘူးနေတာ မနေနိုင်လို့ မန့်လိုက်ဦးမယ်
ပထမအချက် – အရေးအသား စာသွားစာလာကိုကြည့်ချင်းအားဖြင့် စာရေးသူဟာ ဘယ်လိုပဲငြင်းငြင်း စစ်တပ်အသိုင်းအဝိုင်း(စစ်တပ်ကိုမျက်စိမှိတ် ဥိးစားပေး ယုံကြည်သော)ကဆိုတာ သိသာနေပါတယ်
ဒုတိယအချက် – နိုင်ငံတိုင်းမှာ စစ်တပ်ရှိပါသည် ရှိသင့်ပါသည်။ အင်အားတောင့်တင်းသင့်ပါသည်ဆိုသည် ထက် ခေတ်မီနည်းပညာ ဖွံ့ဖြိုးမှုပိုင်းကပို၍အရေးကြီးသည်ဟုယူဆပါသည်။ ဥပမာ အမေရိကန်တပ်များ အာဖဂန်-ပါကစ္စတန်နယ်စပ် အယ်လ်ကာယီးဒါးတွေကို ယခုလက်ရှိ တပ်အင်အားနှင့်နည်းပညာအင်အား အဓိကဘယ်အရာနှင့်စစ်ဆင်နေပါသနည်း။ စစ်သည်အင်အား ၁ဝ သိန်းရှိလည်း ဘယ်ညာလျှောက်တတ်ရုံ အလေးပြုတတ်ရုံ စစ်သီချင်းသီဆိုတတ်ရုံဖြင့် နိုင်ငံတော်နဲ့ပြည်သူကိုကာကွယ်ဖို့နေနေသာသာ သူကိုယ်တိုင်တောင် အနိုင်နိုင်ထွက်ပြေးရမှာပါ။ AK 47 နဲ့ စစ်သား ၁၀၀ဝ ကို ကလာစတာဗုံး ဘယ်နှလုံးလောက်ပစ်ရမယ်ထင်လဲ။ မောင်းသူမဲ့လေယာဉ် ဘယ်နှစ်စီးလောက်ရောက်လာပြီး ဒုံးကျည် ဘယ်နှစင်းလောက်ပစ်သွားမယ်ထင်လဲ
ဆိုတော့ နိုင်ငံချမ်းသာပြီး ပြည်သူတွေ ခေတ်မီနည်းပညာတွေကို အမီလိုက်နိုင်နေရင် စစ်သည်အရေ အတွက်ဆိုတာသိပ်မလိုပါဘူး အရည်အချင်းပဲလိုလာမှာပါ။ ဆက်ပြီး စဉ်းစားကြည့်ရအောင်။ စင်္ကာပူခေါင်းဆောင် လီကွမ်ယူက သူတို့မလေးကနေခွဲထွက် ပြီးတဲ့ ၁၉၆ရ ခုနှစ် အချိန် မြန်မာနိုင်ငံကို အမီလိုက်ရန် အနှစ် ၅ဝ လောက်ကြိုးစားရဦးမယ်လို့ပြောခဲ့ဘူးတယ် စင်္ကာပူမြို့ကြီးကိုလည်း ရန်ကုန်မြို့နမူနာယူပြီးတည်ထောင်ခဲ့တာနော် အခုဘယ်လိုကွာခြားသွားလဲ အဲဒီလိုကွာခြားသွားအောင် ဘယ်သူတွေကအဓိကတရားခံအနေနဲ့လုပ်ခဲ့ တာလဲ။ မြောက်ကိုရီးယားမှာကြည့်စစ်တပ်အင်အားတော့တောင့်တင်းပါရဲ့ ပြည်သူတွေထမင်းငတ်နေတာ အဲဒီစစ်တပ်ကဖြေရှင်းပေးနေပါသလား။ ပြည်သူတွေသာအမှန်တကယ် လုံခြုံတယ် စိတ်ချတယ် ဝမ်းဝ တယ်ဆိုရင် အဲဒီမြောက်ကိုရီးယားကနေ ထွက်ပြေးနေစရာအကြောင်းမရှိဘူးလို့ထင်တယ်။
တတိယအချက် – တောင်ကိုရီးယားမှာ အနုပညာသည်တွေတောင် စစ်မှုထမ်းတယ်၊ ဗြိတိန်မှာ တော်ဝင် မိသားစုတောင် စစ်မှုထမ်းတယ် ဘာကြောင့်လဲ ဒါသူတို့ရဲ့မျိုးချစ်စိတ်ပဲ သူတို့မှာ ဗိုလ်မှူး-ဗိုလ်မှူးကြီး ဖြစ်ရင် ကောင်းတဲ့အရပ်ဖက်ဌာနတစ်ခုကို အရာရှိကြီးတစ်ဦးအနေနဲ့ လာဘ်ထိုးပြီးပြောင်းမယ် ပြီးရင်ဟောက်စားလုပ်မယ်ဆိုပြီး ဝင်လာတဲ့သူတစ်ယောက်မှမရှိဘူး ဆိုတော့ ဘာကြောင့်မြန်မာပြည်မှာ သာမန်ပြည်သူတွေ စစ်တပ်ထဲဝင်ဖို့တွန့်နေတာလဲ
ဒီနေရာမှာ နည်းနည်းစိတ်ကူးယဉ်ကြည့်ရအောင် အမေစု သမ္မတဖြစ်သွားပြီ စစ်အာဏာရှင်တွေဆိုတာလဲ မရှိတော့ဘူး နိုင်ငံတော်လဲအရမ်းတိုးတက်နေပြီဆိုရင် ခင်ဗျားစစ်တန်းလျား လူတောင်ဆန့်မှာမဟုတ်ဘူး
တတိယအချက် – စစ်သားတွေမကောင်းဘူးဟုမဆိုလိုပါ စစ်သားကောင်းတွေအခုအချိန်ထိ အများကြီး ရှိပါတယ် တိုင်းပြည်နဲ့လူမျိုးအပေါ်မှာတကယ် အနစ်နာခံရဲတဲ့တပ်မတော်သားတွေအများကြီးပါ ဒါပေမယ့် Majority နဲ့ဆုံးဖြတ်လို့ စစ်တပ်မကောင်းဘူးဖြစ်သွားတာပါ ကျနော့်မန့်ရှည်သွားရင်ခွင့်လွှတ်ပါ
စကားမစပ် – ခင်ဗျားလေသံက ကိုအောင်သောင်း(စက်မှု-၁ ဝန်ကြီးဟောင်း) လေသံနဲ့သွားတူနေတယ်
ပေစိ
April 18, 2012 at 8:57 am
ဝင်ပြီး မန့်တော့ဘူးနေတာ မနေနိုင်လို့ မန့်လိုက်ဦးမယ်
ပထမအချက် – အရေးအသား စာသွားစာလာကိုကြည့်ချင်းအားဖြင့် စာရေးသူဟာ ဘယ်လိုပဲငြင်းငြင်း စစ်တပ်အသိုင်းအဝိုင်း(စစ်တပ်ကိုမျက်စိမှိတ် ဥိးစားပေး ယုံကြည်သော)ကဆိုတာ သိသာနေပါတယ်
ဒုတိယအချက် – နိုင်ငံတိုင်းမှာ စစ်တပ်ရှိပါသည် ရှိသင့်ပါသည်။ အင်အားတောင့်တင်းသင့်ပါသည်ဆိုသည် ထက် ခေတ်မီနည်းပညာ ဖွံ့ဖြိုးမှုပိုင်းကပို၍အရေးကြီးသည်ဟုယူဆပါသည်။ ဥပမာ အမေရိကန်တပ်များ အာဖဂန်-ပါကစ္စတန်နယ်စပ် အယ်လ်ကာယီးဒါးတွေကို ယခုလက်ရှိ တပ်အင်အားနှင့်နည်းပညာအင်အား အဓိကဘယ်အရာနှင့်စစ်ဆင်နေပါသနည်း။ စစ်သည်အင်အား ၁ဝ သိန်းရှိလည်း ဘယ်ညာလျှောက်တတ်ရုံ အလေးပြုတတ်ရုံ စစ်သီချင်းသီဆိုတတ်ရုံဖြင့် နိုင်ငံတော်နဲ့ပြည်သူကိုကာကွယ်ဖို့နေနေသာသာ သူကိုယ်တိုင်တောင် အနိုင်နိုင်ထွက်ပြေးရမှာပါ။ AK 47 နဲ့ စစ်သား ၁၀၀ဝ ကို ကလာစတာဗုံး ဘယ်နှလုံးလောက်ပစ်ရမယ်ထင်လဲ။ မောင်းသူမဲ့လေယာဉ် ဘယ်နှစ်စီးလောက်ရောက်လာပြီး ဒုံးကျည် ဘယ်နှစင်းလောက်ပစ်သွားမယ်ထင်လဲ
ဆိုတော့ နိုင်ငံချမ်းသာပြီး ပြည်သူတွေ ခေတ်မီနည်းပညာတွေကို အမီလိုက်နိုင်နေရင် စစ်သည်အရေ အတွက်ဆိုတာသိပ်မလိုပါဘူး အရည်အချင်းပဲလိုလာမှာပါ။ ဆက်ပြီး စဉ်းစားကြည့်ရအောင်။ စင်္ကာပူခေါင်းဆောင် လီကွမ်ယူက သူတို့မလေးကနေခွဲထွက် ပြီးတဲ့ ၁၉၆ရ ခုနှစ် အချိန် မြန်မာနိုင်ငံကို အမီလိုက်ရန် အနှစ် ၅ဝ လောက်ကြိုးစားရဦးမယ်လို့ပြောခဲ့ဘူးတယ် စင်္ကာပူမြို့ကြီးကိုလည်း ရန်ကုန်မြို့နမူနာယူပြီးတည်ထောင်ခဲ့တာနော် အခုဘယ်လိုကွာခြားသွားလဲ အဲဒီလိုကွာခြားသွားအောင် ဘယ်သူတွေကအဓိကတရားခံအနေနဲ့လုပ်ခဲ့ တာလဲ။
ဆက်မန့်ခွင့်ပေးပါ သူကြီးရယ် နည်းနည်း မာန်တက်လာလို့
ပေစိ
April 18, 2012 at 9:07 am
မြောက်ကိုရီးယားမှာကြည့်စစ်တပ်အင်အားတော့တောင့်တင်းပါရဲ့ ပြည်သူတွေထမင်းငတ်နေတာ အဲဒီစစ်တပ်ကဖြေရှင်းပေးနေပါသလား။ ပြည်သူတွေသာအမှန်တကယ် လုံခြုံတယ် စိတ်ချတယ် ဝမ်းဝ တယ်ဆိုရင် အဲဒီမြောက်ကိုရီးယားကနေ ထွက်ပြေးနေစရာအကြောင်းမရှိဘူးလို့ထင်တယ်။
တတိယအချက် – တောင်ကိုရီးယားမှာ အနုပညာသည်တွေတောင် စစ်မှုထမ်းတယ်၊ ဗြိတိန်မှာ တော်ဝင် မိသားစုတောင် စစ်မှုထမ်းတယ် ဘာကြောင့်လဲ ဒါသူတို့ရဲ့မျိုးချစ်စိတ်ပဲ သူတို့မှာ ဗိုလ်မှူး-ဗိုလ်မှူးကြီး ဖြစ်ရင် ကောင်းတဲ့အရပ်ဖက်ဌာနတစ်ခုကို အရာရှိကြီးတစ်ဦးအနေနဲ့ လာဘ်ထိုးပြီးပြောင်းမယ် ပြီးရင်ဟောက်စားလုပ်မယ်ဆိုပြီး ဝင်လာတဲ့သူတစ်ယောက်မှမရှိဘူး ဆိုတော့ ဘာကြောင့်မြန်မာပြည်မှာ သာမန်ပြည်သူတွေ စစ်တပ်ထဲဝင်ဖို့တွန့်နေတာလဲ
ဒီနေရာမှာ နည်းနည်းစိတ်ကူးယဉ်ကြည့်ရအောင် အမေစု သမ္မတဖြစ်သွားပြီ စစ်အာဏာရှင်တွေဆိုတာလဲ မရှိတော့ဘူး နိုင်ငံတော်လဲအရမ်းတိုးတက်နေပြီဆိုရင် ခင်ဗျားစစ်တန်းလျား လူတောင်ဆန့်မှာမဟုတ်ဘူး
တတိယအချက် – စစ်သားတွေမကောင်းဘူးဟုမဆိုလိုပါ စစ်သားကောင်းတွေအခုအချိန်ထိ အများကြီး ရှိပါတယ် တိုင်းပြည်နဲ့လူမျိုးအပေါ်မှာတကယ် အနစ်နာခံရဲတဲ့တပ်မတော်သားတွေအများကြီးပါ ဒါပေမယ့် Majority နဲ့ဆုံးဖြတ်လို့ စစ်တပ်မကောင်းဘူးဖြစ်သွားတာပါ ကျနော့်မန့်ရှည်သွားရင်ခွင့်လွှတ်ပါ ကျနော်ဆိုလိုတာက သာသနာတော်ကိုတော့ထည့်မပြောဘူး စည်ပင်လေကောင်းလေပဲ
ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်သစ်ကြီးဆီကို စစ်သည်အင်အား သန်းနှစ်ဆယ်နဲ့ ဖယောင်းတိုင်မီးကိုင်ပြီး ချီတက်လို့မရပါဘူး အဲဒီတော့ လေကန်နေမယ့်အစား ကိုယ်စီတာဝန်တွေ ကျေ အောင်လုပ်ကြရအောင် အမေစုရဲ့ခေါင်းဆောင်မှုနောက်ကနေ ကြိုးစားကြရအောင် ကဘုန်းကျော်နဲ့ဖက်ပြီး ရန်ဖြစ်မနေနဲ့ သူက သူလျှို မဗျိုင်း အဆိုးမြင်ဝါဒီ ပွဲဆူအောင် လုပ်နေတာ သဘောပေါက်ရမယ်
စကားမစပ် – ခင်ဗျားလေသံက ကိုအောင်သောင်း(စက်မှု-၁ ဝန်ကြီးဟောင်း) လေသံနဲ့သွားတူနေတယ်
တီတီရေငုံနှုတ်ပိတ်
April 18, 2012 at 9:25 am
စစ်သားလျှော့ မလျှော့ ကတော့ ကျုပ်နဲ့မဆိုင်ပါဘူးတော်။
သူတို့က ကျုပ်ဆီက ပဲပြုတ်ဝယ်စားတာလဲ မဟုတ်ပါဘူး..။
ဒါပေမယ့် ဘုန်းကြီး နှစ်သိန်းကျော်ထဲက တဝက်လောက်လျှော့လိုက်ရင်
အဲဒီ ဘုန်းကြီးလူထွက် တသိန်းကျော်ကို ဘယ်သူနဲ့ အိမ်ထောင်ချပေးကြမှာလဲဟင်… 😀
နေဝန်းနီ
April 18, 2012 at 11:35 am
တီတီ ရေ သူ့ဟာနဲ့သူတန်ရာတန်ရာဖြစ်လာမှာပေါ့ဗျာ …. ကြားထဲက တွေးပူမနေပါနဲ့ …။ သေချာတာက လူဝတ်ကြောင်တွေ များလာလေ…. တီတီ ပဲပြုတ်ပိုရောင်းရလေ ဖြစ်လာဖို့ အဓိက ပဲမဟုတ်လား
alinsett
April 18, 2012 at 10:12 am
စဉ်းစားစရာ..ပါပဲ။
Phaung Phaung
April 18, 2012 at 1:38 pm
အင်း…မောတယ်ကွယ်… မပြောတတ်တော့ပါဘူး
မိုးချမ်းမြေ့
April 18, 2012 at 5:54 pm
ခေါင်းစဉ်ကြည့်ပြီးရေးမိလိုက်တာပါ။
ပြောပါရစေ။ ဘုန်းကြီးအရေအတွက်ဟာ လျှော့မချသင့်တဲ့အပြင် တိုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်
ဘုန်းကြီးတွေဟာ မိသားစုအိမ်ထောင်မရှိတဲ့အတွက် နိုင်ငံရေးလုပ်မယ်၊ နိုင်ငံတော်တိုးတက်ရေးတွေလုပ် မယ်ဆို ဘုန်းကြီးအရေအတွက်ဟာတိုးသင့်ပါတယ်။ နိုင်ငံ့အရေးလုပ်တဲ့ဘုန်းကြီးနဲ့ လူသားအသိဉာဏ် တိုးတက်ရေးလုပ်တဲ့ဘုန်းကြီးတွေကို တိုးတိုးပြီးလာအောင်လုပ်သင့်ပါတယ်။ ပြောရမယ်ဆိုရင် ဒီကနေ့ လွှတ်တော်ထဲမှာတောင် နိုင်ငံ့အရေးလုပ်တဲ့ဘုန်းကြီးတွေကို 10ရာနှုန်းလောက်ပါသင့်ပါတယ်။ (စစ်သား လွှတ်တော်အမတ်တွေလျှော့ပြီးပေါ့လေ)။ နိုင်ငံ့အရေးလုပ်တဲ့ဘုန်းကြီးတွေကိုတော့ နဂိုရ်အတိုင်းပဲ ပြည်သူ တွေကပဲ ထောက်ပံ့သင့်ပါတယ်။ ပြည်သူတွေကအားပေးသင့်ပါတယ်။ နိုင်ငံတကာ မှာ ဘုန်းကြီးတွေ လွှတ်တော်ထဲရှိမရှိ မသိပေမယ့် မြန်မာပြည်မှာ စတင်ပြီးတော့ လွှတ်တော်ထဲမှာ ဘုန်းကြီးတွေပါဝင်ခွင့် ပေးကြည့်လိုက်ပါ။ ဒါမှ ဗုဒ္ဓရဲ့ဓမ္မစွမ်းရည်တွေဟာ နိုင်ငံအတွက် ဘယ်လောက် အကျိုး ရှိတယ်မရှိဘူး သိခွင့်ရကြမှာပါ။ (ဘုန်းကြီးတွေ စွမ်းဆောင်နိုင်ရင်ပေါ့လေ)။
ရဲစည်
April 19, 2012 at 11:22 pm
အရင်ဆုံး မြန်မာပြည်ကို အနူမြူဗုံး သုံးလုံးလောက် ကျဲသင့်ပါတယ် ပီးမှ စကားလုံးတွေရော လက်တွေ့အကြောင်းအရာ တွေပါ အသစ်ကပြန်စရအောင်။အချိန်မှီပါသေးတယ် ၃ဝရာစုမှမရောက်သေးတာ။