ဘယ်တော့မှမမေ့ဘူး နာဂစ် ၂.၅.၀၈
နံနက်ခင်း လတ်ဆတ်တဲ့လေ မျက်နှာတပြင်လုံးကို လာထိတော့ အားပါးပါး လန်းဆန်းသွားတာပဲ
သူငါကိုယ်စီ အလုပ်လုပ်နေလိုက်တာ မြန်လို့ ဒီနေ့ထမင်းစားဖို့နဲ့ မျိုးဆက်သစ်များအတွက်လေ
ကောင်းပြီ ငါလည်းငါ့ဘဝတိုးတက်အောင် လုပ်ရဦးမည်။ ဒီနေ့ခြေလှမ်းသစ်တွေနဲ့ တာဝန်ရှိရာဦးတည်
ပြီ။ခြေလှမ်းများအတော် လျှောက်မိချိန် အရှေ့မှတစ်စုံတရာတွန်းထားသလို ခံစားလိုက်ရသည်။ဟာ
ဘယ်လိုဖြစ်တာလဲ လွန်ခဲ့သည့်(၅)နာရီလောက်က ကျွန်တော့မျက်နှာကို လာထိသည့်လေညှင်လေး
အခု ရှေ့တည့်တည့်မှ အင်အားကြီးစွာ တိုက်ခိုက်နေလေပြီ။ အပြောင်းအလဲ မြန်လှချည်လား။
ဘယ်လိုပဲဖြစ်ဖြစ် အလုပ်ရှိရာ ရောက်အောင်သွားမည်။စိတ်ပင်ရှိသော်ငြားလည်း ခန္ဒာကိုယ်က မနဲရွေ့
နေရသည်။တဖြေးဖြေး မျက်နှာပြင်သို့သစ်ရွက်များနှင့် ဓနိဖက်၊သစ်ကိုင်းစများနှင့်သာထိတွေရတော့
သည်။မျက်လုံးကိုစုံကန် ဖွင့်လိုက်တော့တသက်လုံး မပြုပြင်ပဲထားတဲ့ အိမ်တွေလို အမိုးမရှိ၊အကာတွေ
ပြုတ်ကျ ငါ အိပ်မက်နေတာလား စဉ်းစားနေချိန် ခြေထောက်မှ ဆစ်ခနဲ နာကျင်မှု့ကိုခံစားလိုက်ရ
သည်။ငုံကြည့်လိုက်တော ့ သံတန်းလန်းနှင့်သစ်သားကို တက်နင်းမိခြင်း ။ကျွန်တော်သိလိုက်ပြီ အိပ်
မက်မဟုတ် တကယ်ပင်ဖြစ်နေသည်ပင်။အားတင်ပြီးရှေ့သို့ဆယ်လှမ်း၊ဆယ်ငါးလှမ်းသို့အရောက်
မျက်နှာကိုသံပတက်နှင့်တိုက်လိုက်သလို ခံစားလိုက်ရသည်။ လေပြင်းများနှင့်ပါလာသော မိုးများပင်
ဖြစ်သည်။တဖြေးဖြေးနဲ့ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းက လေးနေပြီ အောက်ငုံ့ကြည့်တော့မှ တဟုန်
တိုး စီးနေတဲ့ ဒီရေတွေ သူတို့ငါ့ကို ခါးကနေကိုင်ပြီး စွဲချနေကြပြီ။ကျွန်တော့ နားထဲမှာ ဝုန်းဒိုင်းကျဲနေ
တဲ့ လေသံ ရေသံများသာ ကြားနေရသည်။ငါ့မိဘ၊ငါ့သူငယ်ချင်း တွေကော ဘယ်ရောက်ကုန်ကြပြီလဲ။
အတွေးမဆုံးသေးဘူး ဝုန်းခနဲအသံနှင့်အတူ ကျွန်တော့ကိုယ်လည်း လှိုင်းလုံးကြီးများခေါ်ဆောင်သွား
လေပြီ။အသက်ရှူ ကျပ်လိုက်တာ အားတင်းထားဆိုပြီး ကိုယ့်ကိုကိုယ် သတ်ိပေးရင်း မာခနဲစမ်းမိလို့
ကိုင်လိုက်တော့ သစ်ပင် ဟာငါမသေတော့ဘူး။ ဘုရားသတပည့်တော်ကို ကယ်ပါ။ သစ်ပင်ကို ကိုင်
ရင်း အသံကုန်ဟစ်ခေါ်တော့ ပြန်ထူးတဲ့သူမရှိ။ဆူညံနေတဲ့ အသံများကြားမှ ယူပါ ကယ်ပါ အော်သံ
များသာကြားရသည်။လျပ်စီးလျပ်သည့်အလင်းများကြားမှ မြင်လိုက်တာတွေကတော့ မဲမဲများသာ။
မျက်နှာတွေ၊ကြောကုန်းတွေကလည်းစပ်လိုက်တာ စမ်းကြည့်တော့မှ ငါ့မှာအင်ကျီမှမရှိတော့တာ။
ချမ်းလည်းချမ်း နာလည်းနာ ငရဲခံရတာ ဒါမျိုးလား ဒီထက်ဆိုးသလား အကြောတွေလည်းသေချင်
နေပြီ။မျက်စိစုံမှိတ်ပြီး နေထွက်ချိန်ကို ဘုရားတပြီးစောင့်နေမိသည်။အချိန်တွေလည်း ကြာလာပြီ
နေရောင်မြင်စပြုချိန် ရှိသမျှ အင်အားတွေစုပြီး အောက်ကိုဆင်း ခြေထောက်အောက်က ပျော့စိစိ
နဲ့ ဘာလည်းဟ ငုံကြည့်လိုက်တော့ ကို့ယို့ကားယားနဲ့ ကျွန်တော် မကြောက်နိုင်တော့ပါ။ ကျွန်တော့
မိဘများနှင့် သူငယ်ချင်များကို တွေ့အောင်ရှာရဦးမည်။ ထိုအချိန် ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်
တော့မနေ့ကကျွန်တော့ရွာလေး ကွင်ပြောင်ကြီး ဖြစ်နေပြီ အိမ်တွေလည်းမရှိ၊ သစ်ပင်တွေလည်းအရိုး
ကျလို့၊မိဘများလည်းမတွေ့၊သူငယ်ချင်းတချို့မရှိတော့ပါ။အဝတ်ဗလာနှင့် ခန္ဒာကိုယ်တွေလည်း
သစ်ပင်များပေါ်မှာ တွဲလောင်းကျလို့။ဘေးကချုံပုတ်မှာ လည်း ခလေးငယ်လေးခေါင်းစိုက်၍ ဘဝ
ဆုံးနေပြီ။ထိုအချိန် ကျွန်တော်လုပ်ဖြစ် လိုက်သည်မှာ ခြုံးမဲချငိုလိုက်ချင်းပင်ဖြစ်သည်။ဪ အခုတော့
လည်း ရင်နင့်စရာ ဒီအဖြစ်အပျက်က ဒီနေ့တင် (ရ)နှစ်ပြည့်ခဲ့ ပါပြီ။ ကွယ်လွန်သူများ ကောင်းရာဘုံ
ကိုရောက်ကြပါစေ။ဘယ်သူတွေမေ့မေ့ သေသိတိုင် ကျွန်တောာ်မမေ့နိုင်တော့ပါဘူး။
ဝမ်းနည်းခြင်းများစွာဖြင့်
ပင်လယ်သား(ပြင်စလူ)
8 comments
ကြောင်လေး
May 3, 2012 at 7:16 am
(၄) နှစ်ပြည့်တာပါကွယ်။
ပြင်စလူမှာ စတိုက်တဲ့အချိန်က မနက်ခင်းမဟုတ်ပါ၊(၂)ရက်နေ့ နေ့လည် ပိုင်းလောက် ရှိမှာပါကွယ်။
စာသဘောအရ အဖွင့်လေး လှအောင် ရေးထားတာကို ချီးကျူးပါတယ်။
နောက်ထပ် ရေးလာမည့် စာများကိုစောင့်မျှော်ဖတ်ရှုနေပါမယ်။
laypai
May 3, 2012 at 11:07 am
သူရေးတာ ဟုတ်ပါတယ်။ ဟိုင်းကြီး၊ ပြင်စလူ မှာ ၁ဝ နာ ရီ ဝန်းကျင် ထဲ က လေ ပြင်း စတာ ပါ။
မုန်းတိုင်း အရှိန် အမြင့် ဆုံးရောက် တော့ မို ချုပ် စ ဝန်းကျင်။
ဘိုကလေး၊ မော် ကျွန်း ရောက်တော့ ညနေ ၅ နာ ရီ လေပြင်း စတာ မုန်တိုင်း အရှိန် အမြင့် ဆုံးရောက်တော့ သန်းခေါင် ဝန်းကျင်။
တွံတေး၊ ရန်ကုန် ရောက်တော့ လေပြင်း စတာ ည ၁ဝ နာရီ ဝန်းကျင်၊ မုန်တိုင်း ရှိန် အမြင့် ဆုံး ရောက် တော့ မိုးလင်း ပြီ၊ နံ နက် ၁ဝ နာရီ ဝန်းကျင် မှ မုန်တိုင်း စဲ သွားတာ။
mocho
May 3, 2012 at 9:54 am
၄နှစ်ပါကွယ်။
နာဂစ်မှာ ဆုံး ပါးသွားသူတွေ အတွက် မနေ့ ကတင် ဘုရား ရှစ်ခိုးရင်း မှတ်မှတ် ရရ အမျှဝေမိသေးတယ်။
အရေးသားလေး က စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဆက်ရေးပါအုံး။အားပေး ဖတ်ရှု ့ ပါမယ်။
Thel Nu Aye
May 3, 2012 at 9:55 am
အောင်မယ်လေးအဲ့နေ့ကိုတော့ဘယ်တော့မှမမေ့ဘူး။ ကြောက်လွန်းလို့။ တညလုံးဗြောင်းဆန်နေတာပဲ။ အခုပြန်ပြောအခုကြောက်တယ်။
etone
May 3, 2012 at 11:11 am
မုန်းစရာကောင်းတဲ့ အဲ့နေ့ ….. ကြောက်စရာကောင်းလိုက်တာ ကမာ္ဘပျက်မတတ်ပါပဲ .. ။
ရန်ကုန်ကတော်သေးတယ် … ။ တခြား နေရာတွေ ပိုဆိုးတယ် ဒါပေမယ့်ရန်ကုန်မှာ ဝင်သွားတဲ့ မုန်တိုင်းက .. တစ်နာရီ လေးမိုင်နှုန်းတဲ့ ..ကဲ … လမ်းလျှောက်တာထက်တောင် ပိုနှေးတဲ့ နှုန်းများဖြစ်မလားပဲ … ။
ရန်ကုန်ကို ၂ရက်နေ ့ ညဘက် ဆယ့်တစ်ခွဲလောက်မှာ စဝင်တာပါ … ။ ၃ရက်နေ့ မနက် ဆယ့်နှစ်ခွဲလောက်မှ … မုန်တိုင်း ရွှေ့သွားတာ … ။ တဟီးဟီး မြည်သံကြီးနဲ့ …. သင်္ကြန်ရေပက်ခံရသလို … အဲ့ဒီရက်တွေကို အမုန်းဆုံးပါပဲ … ။ ပြီးတော့ အင်တာနက်တွေပျက် သစ်ပင်ကြီးတွေ လဲပေါ့ … နာဂစ် တိုက်အပြီး သစ်ပင်တွေကို ဓါတ်ပုံလိုက်ရိုက်ဖူးတယ် … စမ်းချောင်းကနေ .. ပန်းဆိုးတန်းကိုလည်း ခြေကျင် သွားခဲ့ရတယ် … မှတ်မှတ်ရရနေ့ပါပဲ … ။
amatmin
May 3, 2012 at 11:13 am
ကျနော်လည်း မမေ့နိုင်ပါဗျာ…
သေသွားတဲ့ လူအရေအတွက်ကလဲ မေဖို့ကို မဖြစ်နို်င်သလို..
ကြိုတင်ကာကွယ်မှု ဆိုတာကို အလေးထားမိစေတဲ့ တန်းဖိုးကြီးတဲ့ သင်ခန်းစာလဲ ဖြစ်နေလို့ပါပဲ..
မှတ်မှတ်ရရ ကျနော့ ချစ်ရတဲ့ တူ..တူမ (၃) ယောက်လည်းပါသွားခဲ့ပါတယ်..
အားလုံး ကောင်းရာမွန်ရာ ရောက်ရှိနိုင် ဖို့ကို လည်းမျှော်လင့်ပါတယ်…
ဆူး
May 3, 2012 at 2:48 pm
နာဂစ်ဆိုတဲ့ နာမည် ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
နှစ်တွေ ဘယ်လောက် ကြာကြာ နှလုံးသား တထောင့် တနေရာရာ ကနေပြီးတော့ တဆတ်ဆတ် နာကျင်ပြီး ဝမ်းနည်းခဲ့ရတဲ့ အမှတ်တရတွေပေါ့။
မိသားစုတွေ ရှင်ကွဲ သေကွဲတွေ ခံစားခဲ့ ရတဲ့ အချိန်အခါကြီး အင်မတန် ကြောက်ရွံ့ တုန်လှုပ်စရာ ကောင်းလှပါတယ်။
ဆူး
May 3, 2012 at 2:50 pm
http://myanmargazette.net/29002/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories
နာဂစ် နဲ့ ပတ်သတ်ပြီး ရေးထားတာလေး တခုပါ။
တိုက်ဆိုင်လို့ ပိုုစ်လင့်လေး ထုတ်ပေးလိုက်တယ်နော်။