Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝက်သားဒုံးဂျီး ဒူးလောက်ပေါင်လောက် pork

အစားများများစား စဂါးနဲနဲပြော

ဒုသမဒ ဦးတင်အောင်မြင့်ဦး နှုတ်ထွက်သွားဂျောင်း၊ စစ်တပိုင်းအစိုးမရအဖွဲ့အတွင်း တယူသန် ဂေါင်းမာဂိုဏ်းနဲ့ ပျော့ပျော့လေးနံဒဲ့ ကြောင်ချီးဂိုဏ်း အာပြိုင်နေဂျောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး နောက်တဆင့်ဂို အစိုးမရဘက်မှ ဒုတိယသမဒ ဦးဆောင်ရန်ရှိကြောင်း၊ အစိုးမရဝံကျီးအဖွဲ့ အပြောင်းအလဲလည်းရှိနိုင်ဂျောင်း အတည်မပြုနိုင်ဒဲ့ သတင်းများထွက်နေဒယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာမရှိ လုပ်ကြံမှုသာရှိတတ်လို့ ဦးသိန်းစိန်အစိုးမရ၏ နိုင်ငံရေးအကွက်ရွှေ့မှုအဖြစ် သုံးသပ်ကြည့်ဘာမယ်။
နိုင်ငံတဂါမှပေးမည့် အကူအညီများရဖို့ဆိုရင် စစ်တပိုင်းအစိုးမရအတွင်း ဝံကျီးနေရာ အပြောင်းအလဲလုပ်ရမှာ သေဂျာသလောက် ရှိပါဒယ်။ ဦးသိန်းစိန်နဲ့ဒေါ်စု ဘယ်နည်းဘယ်ပုံ အပေးအယူလုပ်မှာလည်းအပေါ် မူတည်ပြီး လာမည့်အစိုးမရအဖွဲ့ရဲ့ ပုံသဏ္ဍာန်ဂို မြင်ရပါလိမ့်မည်။ ဒေါ်စုကိုယ်တိုင်ရော အစိုးမရအဖွဲ့ တာဝန်ပေးဂဲ့ရင် ယူမှာလား၊ ဘယ်အဆင့်ဆိုရင် ယူသင့်သလဲ။ ဒီလိုအချိန်မျိုးမှာ ဒုတိယသမဒသတင်း ထွက်လာဒါ တိုက်ဆိုင်မှု တခုထက် ပိုဂေါင်းပိုနိုင်ဒယ်။ ဒုတိယသမဒဂျီး ဒေါ်အောင်ဆန်းစုကြည်များ ဖြစ်လေမလား။ ဟုတ်ခဲ့ရင် ဒေါ်စု ယူမည့်တာဝန်တွေဂ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတကာ အကူအညီ ရင်းနှီးမြှုပ်နှံမှုများ စဒါတွေ ဖြစ်နိုင်ဒယ်။ ပေးမယ့်ပေး ဝံကျီးချုပ်လို အစိုးရအဖွဲ့တာဝန်ခံလိုမျိုးထက် သီးခြားတာဝန်ယူရဒဲ့ ဒုတိယသမဒလို ရာထူးမျိုး ဖြစ်နိုင်စရာ ပိုများဒယ်။
ဘွားဒေါ် အဲဒီကဏ္ဍတွေမှာ ဂေါင်းမဖော်အောင် အလုပ်များနေရင် ပြောနေဒဲ့ တရားဥပဒေ စိုးမိုးရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး စဒဲ့ ပြည်သူ့ဆန္ဒဆိုဒါတွေ နောက်ရောက်သွားမယ်။ အစိုးမရ အဖွဲ့အတွင်းဂို အန်အယ်လ်ဒီ ရောက်လာဂဲ့သည့်တိုင် ပြုပြင်စရာဒွေ ထောင်သောင်းချီလို့ အုပ်ချုပ်စီမံရေး ပြသနာ ရှေ့ဒန်းရောက်လာမယ်။ အတိုက်အခံနဲ့ မညှိနှိုင်းရမူအသေ ဆုပ်ကိုင်ထားတုန်းသာ ဒီလိုစဉ်းစားမှုမျိုးဟာ ကိုယ့်သေတွင်းကိုယ်တူးခြင်း ဖြစ်ပေမဲ့ အကိုဂျီး ညီမယေး လုပ်နေဂျိန်မှာဒေါ့ ပေးရမည့်အတူတူ ကိုယ့်ဖက်ကျန်နိုင်သလောက်ကျန်အောင် စဉ်းစားဆုံးဖြတ်တယ်။ တနည်း… ဦးသိန်းစိန်အစိုးရအတွက် နိုင်ငံရေးထွက်ပေါက်ရဖို့ ထိုးကျွေးပျော်ဒယ်လို့ မြင်နိုင်ဒယ်။
အန်အယ်လ်ဒီဂရော ကိုယ့်အစွမ်းအစနဲ့မှ ရအောင်မယူနိုင်ဒါ အနောက်ဖိအားနဲ့ရဒုံး နိုင်သလောက်လှီးထား၊ ကိုယ်ရမည့်အချိန်မှာ မတောင်းဆိုတတ်ရင် နောင်ရဖို့မရှိဘာ။ တဖက်က ဝေသန္တရာဇာတ် ကနေဒါမဟုတ်ဘူး၊ လက်နက်ကြီးနဲ့ အပစ်ခံရလို ခွာစစ်ဆင်နေဒါ..ကိုယ့်ဖက်က ယူတတ်၊ ယူရဲရမယ်။ ထိပ်ပိုင်းရာထူးများနဲ့ထပ်တူ အရေးကြီးတာ အောက်ခြေပိုင်းမှာပါ နေရာယူဖို့ဖြစ်တယ်။ ဝန်ထမ်းအဖွဲ့အစည်းအတွင်း ဝင်ဖို့မလွယ်တာမို့ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ မိမိလူများ သို့မဟုတ် အနည်းဆုံးတော့ ပြည်သူလူထု အစစ်အမှန်များ နေရာရထားမှဖြစ်မယ်။ ထိပ်ပိုင်းမှာ ထိုင်နေပြီး ထိန်းချုပ်ကွပ်ကဲဖို့ ခြေတံလက်တံမရှိရင် အလဂါးပဲ၊ နာမည် ပျက်တာပဲ အဖတ်တင်မယ်။ ရက်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်ဂေါင်းတွေကို ပြည်သူလူထုမှ တိုက်ရိုက် ရွေးချယ်ခန့်အပ်ဖို့ ဥပဒေရှိပြီးသားမို့ အဲဒီဂနေ စသင့်ဒယ်။ နောက်တခါ စည်ပင်သာယာအဖွဲ့နေရာတွေဂို တိုက်ရိုက်ရွေးချယ် တင်မြောက်တဲ့စနစ် ပြောင်းလဲပစ်ရမယ်။ လူတန်းစား အဖွဲ့သီးသီး ဘုရားဂေါပကပါမကျန် ပြည်သူအစစ်အမှန်များ ပါဝင်ပတ်သက်နေဖို့လိုဒယ်။ အဲဒါတွေ ဖြည့်ဆည်းပေးထားနိုင်ရင်ဒေါ့ ၂၀၁၅ခုနှစ်အမှီ ပြည်သူ့ဆန္ဒ ပြည့်ဝဖို့ဆိုဒဲ့ ရည်မှန်းဂျက် ယောင်ယောင်လေး နီးစပ်ပါလိမ့်မည်။

6 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 5, 2012 at 9:19 am

    လူ့သက်တန်းကိုလည်းတွက်ရမှာဘဲ 😀
    မှီသလောက်ဘဲတွေးရမယ်ဆိုရင်ဒေါ့
    မြန်မာပြည်ဂျီးဂို ဆေးရောင်လှလှချယ်ဂျမဲ့ကိစ္စမှာ
    အဖွားဂျီးဂ အလွန်ခိုင်မာဒဲ့ငြမ်းဘဲ လို့ပြေရမှာဘဲ ဆိုဒါဂ သူဂအနင်းခံထားဒါ
    သူ့ဂိုနင်းပျီး ကျုပ်တို့ဂ ဆေးသုတ်ဆေးမှုတ်ဂျမှာ
    အနီးစပ်ဆုံးဥပမာအနေနဲ့
    အဖွားဂျီးလွှတ်တော်ထဲဝင်မယ်ဖြစ်လာဒါနဲ့ နီပွန်းမာစတာဂျီးဒွေက
    အကြွေးတွေလျှော့ပေးလိုက်ဒါ
    မောင်သိန်းစိန်လုပ်လို့ဘာလို့လုပ်မနေနဲ့
    အဖွားဂျီးဂေါင်းကိုနင်းပြီးရဒဲ့အကျိုးအမြတ်ဒွေလို့ မြင်အောင်ကြည့်ဂျဘာ
    ဒါ့ကြောင့် လွှတ်တော်ထဲမှာ အဖွားဂျီး ဖင်တစ်ထိုင်စာနေရာရဒါနဲ့
    လုပ်နည်းလုပ်ထုံးလေးဒွေပြောင်းလာမှာဘဲ
    လွယ်လွယ်လေးတွေးဂျဇမ်းဘာ
    သူ့ကိုလုပ်ခွင့်တွေရပါစေအုန်း

  • ဗိုက်ကလေး

    May 5, 2012 at 11:01 am

    အူးကြောင်ဂျီးပြောဒါလဲ ဟုတ်ဒယ်..
    အောက်က ပုတ်ဂို ငခြောက်(ခ)ငပု(ခ)မောင်ပု(ခ)အူးပု(ခ)ဂျော်နီအောင်ဘု ထောက်ပြတာလဲ ဟုတ်ဒယ်..
    ကျုပ်ဂဒေါ့ လွှတ်တော်ထဲမှာ ဘွားဒေါ်ကြီး ဖင်ထိုင်ခုံကျယ်ကျယ်၊မြင့်မြင့်၊ကြီးကြီး ရစေချင်ဘာဒယ်
    ဘွားဒေါ်ကိုလဲ ချစ်ဒယ်..အူးပြောင်စိန်ကိုလဲ ကျေးဇူးတင်ဒယ်..နှစ်ဦးစလုံးက ပြည်သူ ့အသံနားစွင့်ပြီး လှုပ်ရှားခဲ့ကြ၊ လှုပ်ရှားနေဆဲလို ့ ့လဲ ယုံကြည်ပါဒယ်.
    ကျန်ဒါ အူးလေးတို ့ ဆက်ငြင်းကြပါ..

  • ဦးဦးပါလေရာ

    May 5, 2012 at 3:37 pm

    NLD က အောက်ခြေက သိမ်းရမယ်ဆိုတာတော့ အားပါးတရ ထောက်ခံတယ်။
    ခက်တာက ရှိနှင့်ပြီးသား ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကို ဘယ်လိုလဲ လို့ရမလဲမသိ..။
    ဖြစ်နိုင်သမျှသော လူတန်းစားအဖွဲ့အသီးသီးမှာ NLD က ဝင်ပါနိုင်အောင်ကြိုးစားသင့်တယ်။ သူ့အဆင့်နဲ့သူပေါ့လေ။

    ဒါမှ နောင်၂နှစ် ၂၀၁၄ မှာ NLD တွေလက်ညှိုးထိုးမလွဲ ဖြစ်နေမှာ..။
    အဲသည်အရှိန်ဟာ ၂၀၁၅ ပွဲ ကို သိပ်မတရားကြီးမဖြစ်အောင် ထိန်းပေးလိမ့်မယ်..။

  • TTNU

    May 5, 2012 at 7:33 pm

    ကိုကြီးကြောင်ရေ…
    ဖတ်ကောင်းပေမဲ့ စာလုံပေါင်းတွေကြောင့်
    ခေါင်းမူးတယ်ကွာ။ :mrgreen:

  • Foreign Resident

    May 6, 2012 at 8:37 am

    အမေစုက ဒုသမ္မတ လုပ်လို့ ရလို့လား ။

    လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရဆိုရင် ၊
    နိုင်ငံခြားသား ကိုယူထားတဲ့သူ တို့ ။
    နိုင်ငံခြားသား သားသမီး ရှိတဲ့သူ တို့ ဆိုရင် ။
    သမ္မတ ၊ ဒုသမ္မတ လုပ်လို့ မရဘူးလို့ ကြားထားသလားလို့ ။

    အဲဒါကြောင့် အဘ လည်း
    ” အင်း ငါဒီတစ်သက်တော့ နိုင်ငံတော် သမ္မတကြီး မဖြစ်တော့ပါဘူးလေ ”
    ဆိုပြီး နိုင်ငံရေးကို စိတ်လျှော့ ထားတာ ။ နောက်ထှာ ။ 😛

    ( ၁ )
    နောက်ပြီး ဒုသမ္မတ ဖြစ်သွားရင်
    NLD ကထွက်ရမယ် ၊ ပါတီ နိုင်ငံရေး မလုပ်ရတော့ဘူး ။
    NLD အတွက် မဲဆွယ်ပွဲ / မိန့်ခွန်း ပြောပေးလို့ မရတော့ဘူး ။
    ဒါဆို NLD ဟာ အရမ်း အားနည်းသွားလိမ့်မယ် ။
    အဲဒါဆို ၂၀၁၅ အတွက် တွေးတောင် မတွေးရဲဘူး ။

    ( ၂ )
    နောက်တစ်ခုက အခု ဦးသိန်းစိန် အစိုးရကို
    အပြည့်အဝ Legitimate လုပ်ပေး ထောက်ခံပေးသလို ဖြစ်သွားမယ် ။
    လက်ရှိ အစိုးရ နှင့် သဘောမညီနိုင်တာတွေ အများကြီး ရှိသေးတဲ့ အချိန်မှာ
    အဲလောက် ပြစ်ဝင် လိုက်ဖို့ မဖြစ်သေးဘူး နော် ။
    ပြီးမှ နောက်ပြန်ဆုတ်လို့ မရ ဖြစ်နေမယ် ။

    ( ၃ )
    အဆိုးဆုံး အချက်က
    ရပ်ကွက် အုပ်ချုပ်ရေးမှုး အဆင့်လောက်ကနေစပြီး
    ဟိုး အပေါ်ဆုံး ဝန်ထမ်း ဦးဆောင်ညွှန်ကြားရေးမှုး အဆင့် အထိ
    ကိုယ့်လူ တစ်ယောက်မှလည်း လောက်လောက်လားလား မရှိပဲနှင့်
    ကိုယ့်မှာလည်း Power မယ်မယ်ရရ မရထား ပဲနှင့်
    ဂုဏ်ထူးဆောင် အဆင့်လောက် နှင့် ဒုသမ္မတ တက်လုပ်ရရင်တော့ ၊
    အဲဒီ အောက်ကလူတွေ မဟုတ်တာ လုပ်သမျှကို
    လူတကာ ယိုတဲ့ချေး ပုဇွန်စိတ် ခေါင်း လာစုသလို
    နာမည်ပျက်ခံဖို့ သက်သက် ရာထူးယူသလို ဖြစ်နေမှာပေါ့ ။

    လိုရင်း ပြန်ချုပ်ရရင် ၊
    အမေစု ဒုသမ္မတ လုပ်မယ် ဆိုရင် ၊ အားမပေး ပါဘူး ။

  • windtalker

    May 6, 2012 at 9:40 am

    ခစ်ခစ် ခိခိ ။ ကိုကြောင်ကြီး ပြန်လာမယ် ဆိုရင် , အမေစုက NLD ရဲ့ CEO ရာထူးပေးမှာတဲ့။

Leave a Reply