အမေ ့ အလွမ်းပြေ
ဒီအချိန်ဆို
အမေရယ် အနေဝေးတဲ့သားကို
မျော်နေရော့မယ်
အိမ်အဝင် တံခါးဝက
အချိန်ရှိတိုင်း သားကို
ကြိုလင့်စောင့်နေတဲ့ အမေအို
လွမ်းမျက်ရည်စိုနေပြီလား အမေ……………အမေ……….အမေ
ဒီအချိန်ဆို
အမေရယ် အနေဝေးတဲ့သားကို
မျော်နေရော့မယ်
အိမ်အဝင် တံခါးဝက
အချိန်ရှိတိုင်း သားကို
ကြိုလင့်စောင့်နေတဲ့ အမေအို
လွမ်းမျက်ရည်စိုနေပြီလား အမေ……………အမေ……….အမေ
8 comments
ဗိုက်ကလေး
May 5, 2012 at 11:48 am
မျက်ရည်လဲစို ငွေလဲလို
င့ါသားပုံမှန် ငွေပို ့ပါ
ဘီအီးရှော့ပါ သားလိမ္မာ
ဆေးဘိုးရောဂါ ဆေးကြီးတာ
ရွာပြန်လာရင် မိန်းမတောင်း
င့ါသား သူဋ္ဌေးလောင်း
ကျွဲတွေနွားတွေရောင်း
နှစ်သစ်မကူးခင် အမေဒီကန်ဂျောင်း
😀 (နောက်ဒါနော် အူးလေး..ချိတ်ချိုးနဲ ့ဝ
water-melon
May 5, 2012 at 12:08 pm
အမေဆိုပြတဲ့ တေးသံချိုချို
အမေပြောပြတဲ့ အိပ်ရာဝင်ပုံပြင်
အမေခွံကျွေးတဲ့ ထမင်းတလုတ်
အမေလိမ်းပေးတဲ့ သနပ်ခါး
အို အမေ အမေ
ဘယ်တော့မှ အစားထိုးမရနိုင်တဲ့ အမေ
ကျန်းမာပါစေ စိတ်ဆင်းရဲခြင်းကင်းပါစေ အမေ…..
😥 😥 😥
မဟာရာဇာ အံစာတုံး
May 5, 2012 at 12:44 pm
အမေ … အမေ .. အမေ ..
အဝေးက ချစ်မေမေ
အသစ်တွေ ဘယ်လိုပဲ ဖြစ်လာစေ
အမေ့ရဲ့ မေတ္တာရိပ်ကတော့
အမြဲတမ်း အေးချမ်းလျက်ပါပဲလေ …
aye.kk
May 5, 2012 at 2:29 pm
လောက၌ အစားထိုး မရသော..
အရာသည်ကား “ မိ ဘ ” နှင့် “ အ ချိန် ” ပင်ဖြစ်သည်။
TTNU
May 5, 2012 at 7:08 pm
အရင့်ရောင်ရယ်
အမေ့ကို ဒီထက်ပိုလွမ်းပေးပါကွယ်။
ငိုချမလားစိတ်ကူးတာ
ငါလည်းသားလေးကိုလွမ်းလို့ပါ။
မေတ္တာဖြင့်
တီချာနု
အတိသဉ္ဖာ နာဂရချစ်သူ
May 5, 2012 at 8:22 pm
နိဗ္ဗာန်သည် အမေ့ခြေဖဝါး အောက်တွင်ရှိ၏ တဲ့ဗျ။
ကြားဖူးတာလေးပါ။တကယ်တော့ ကျနော်တို ့ဘဝ
တွေ ့အတွက် ထာဝရ အမေလို ့ဘဲ ပြောပါရစေ
FattyCat
May 5, 2012 at 10:01 pm
ဒီနေ့ပဲ-
မိန်းမရပြီး လူကြီးဖြစ်မှ…
အမေဆူတာခံရတယ်…
အမေမသေခင်အဆူခံရတာ…
ဆူပါအမေရယ်…
အမေ့ရဲ့သား-
ကြောင်ဝတုတ်
အရင့်ရောင်
May 6, 2012 at 11:40 am
ဗိုက်ကလေး@ဘီအီးတော့ တားတားက မတောက်ပါဘူးထည ….
Black တို့ Red တို့ပါပဲ ဟဲဟဲ……
water-melon@ နို့ ရည်ချိုကို အမေ ကတိုက်ကျွေးခဲ့တာ တော့မေ့နေပါလား ဖရဲမ….
မဟာရာဇာ အံစာတုံး@အမေ့ ရင်ခွင်ပြေဝင်ပြီး ဟြေပြချင်တယ်ဗျာ……
aye.kk@အစားထိုး၍ မရသလို တဖန်ပြန်၍လည်း မရနိုင်တာ မိဘ နဲ့ အချိန် ပါပဲ
TTNU@ဒီပို့စ် လေးရေးနေရင် တကယ်မျက်ရည်ကျခဲ့ရပါတယ် တီချာနု
အတိသဉ္ဖာ နာဂရချစ်သူ@အမေ ဆိုတာ အမေပါပဲဗျာ…….
FattyCat @အမေ ကသားကို ချစ်လို့ဆူတာပါ သားလေးရယ်
မိဘဆိုတာ အဲလိုပဲကွ…..သားလေးရ….
ခွိခွိခွိ