Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Red Link ဘာလည်းဘယ်လည်း

chityimhtooMay 5, 20121min2908

red link တွေဈေးချတယ်ဟေ့…၃သိန်း၆သောင်း၊ ဝယ်လိုက်ကျတာအပြေးအလွှား၊တန်းတောင်စီရတယ် နောက်တော့သူငယ်ချင်းတစ်ယောက်က
512 ကိုတစ်ယောက်ထဲသုံးတာ ၁၅ရက်လောက်နဲ့ limit ပြည့်သွားလို့ပိတ်သွားတယ်။ပြီးခဲ့တဲ့ မတ်လ ၂ရရက်က 4သိန်းခွဲနဲ့ရောင်းပြန်ကော မရမှာစိုးလို့ မနက်စောစောစီးစီး
သွားပြီးတော့တောင် ဝယ်ရတယ်။စစချိတ်ချင်းတုန်းကတော့ 3MB လိုင်းကိုအရမ်းမြန် YouTube တောင်မထစ်ဘဲကြည့်လို့ရတယ် တယ်ကောင်းပါလားဟဆိုပြီးလက်မထောင်နေတာဗျာ။
ဟောဗျာခုတော့ကျလိုက်တဲ့လိုင်းတဖုတ်ဖုတ်၊ဂျီတော့တွေကလည်းဝင်လိုက်ထွက်လိုက်။မြန်မာနိုင်ငံမှာ ကုမ္မဏီတွေဒီလိုဘဲလားဗျာ Quality ကိုမထိန်းကျတော့ဘူးလား။
gold ,platinum ,diamond plan တွေနဲ့ ရသလောက်သေလောက်အောင်ရောင်းပြီးတော့ ပေးရတဲ့ ပိုက်ဆံနဲ့ တန်အောင်မသုံးရပါလား။ကုမ္မဏီတွေ
အနေနဲ့ ပိုက်ဆံယူထားပြီးရင်လည်းသုံးတဲ့customer တွေကိုအဆင်ပြေအောင်လုပ်ပေးကျပါဦး။ခုလည်းဒီလောက်လိုင်းမနိုင်ဘဲကျနေတာတောင် ပက်ပက်စက်စက်ထက်ရောင်း
နေပြန်ပြီ။

8 comments

  • water-melon

    May 5, 2012 at 11:29 am

    မြန်မာပြည်က ကုမ္မဏီတွေက အဲလိုဆက်ဆံရေးကောင်းတာ
    အစကတော့ဒီလိုပါဘဲ
    နောက်ပိုင်းကျတော့ ပလုံစွပ်ပါဘဲ
    တော်ပြီအေ့
    ဘယ်မှဝယ်လဲမဝယ်သုံးမလဲ မသုံးတော့ဘူး
    တစ်လ ၁သောင်းခွဲနဲ့ wifi ကို ပါးရိုက်သုံးတော့မယ်
    အဲဒါ စိတ်ချမ်းသာတယ်

  • ဗိုက်ကလေး

    May 5, 2012 at 11:30 am

    ခုလိုပြောလိုက်တော့လဲ ရှောင်လို ့ရှားလို ့ရသပေါ့ဗျာ..
    ဒီတိုင်းဆို ကြာရင် ပိုကြပ်မယ်ထင်တယ်..ရှောင်လော့ ရှားလော့

  • FattyCat

    May 5, 2012 at 9:57 pm

    ချစ်ရင်ထူးရေ-

    Redlink ဘက်ကနေပြီး ရှေ့နေလိုက်တယ်လို့တော့မထင်ပါနဲ့နော်…

    ကျွန်တော်တို့မြန်မာနိုင်ငံမှာ Redlink ပဲဖြစ်ဖြစ် SkyNET ပဲဖြစ်ဖြစ် ရတနာပုံတယ်လီပို့ရဲ့အောက်ကနေပြီး
    Link တစ်ခုနဲ့ Bandwidth တစ်ခုပြန်ပြီးတော့ဝယ်ယူပြီး Sub-ISP (Internet Service Provider) အင်တာနက်တဆင့်အငှားချသူအဖြစ်လုပ်ကိုင်ခွင့်ရပါတယ်…

    ထက်ပြီးတော့ရှင်းရှင်းသိရအောင်ပြောရင် ရတနာပုံတယ်လီပို့မှာ တစ်နိုင်ငံလုံးအတွက် Bandwidth 50MBps (တစ်စက္ကန့်ကို ၅ဝမက်ကာဗိုက်နှုန်း) အမြန်နှုန်းခန့်ရှိတဲ့ ဆီမီဝေး-၃ နဲ့ ဆီမီဝေး-၅ ကလာတဲ့ကော်နတ်ရှင်နဲ့ မြန်မာတစ်နိုင်ငံလုံးကို ပြန်ပေးပါတယ်…
    (အတိအကျတော့ကျွန်တော်လဲသေချာမသိပါဘူး အဲဒီဝန်းကျင်လောက်လို့ပဲသိပါတယ်…)

    အဲဒီတော့ 1Mbps ယူထားတဲ့ လူ (၈)ယောက်ရှိမယ်ဆိုရင် 1MBps ကုန်သွားပါပြီ…
    50Mbps တစ်နိုင်ငံလုံးစာရှမယ်ဆိုရင် လူ ၄၀ဝ နဲ့တင် မြန်မာတစ်နိုင်ငံလုံးရဲ့ Bandwidth ဟာဖြင့် အကုန်လုံးကုန်သွားပြီပေ့ါနော်…
    အဲဒီတော့ Sub-ISP တွေကို ခဏလေးဖယ်ထားပြီး ရတနာပုံတယ်လီပို့တစ်ခုထည်းနဲ့တင် ရောင်းစားထားတဲ့ User တွေဟာ သိန်းသောင်းချီရှိပါတယ်…
    ရတနာပုံတယ်လီပို့အပြင် မြန်မာ့ဆက်သွယ်ရေးကရောင်းထားတဲ့ iPStar တွေနဲ့ ADSL တွေဟာလဲ အဲဒီအပေါ်မှာပဲရှိတာကြောင့်
    Sub-ISP လေးဖြစ်တဲ့ Red Link နဲ့ SkyNET ခမြာမှာတော့ ဘာများတတ်နိုင်ပါ့မလဲနော်…

    နောက်တစ်ခုထပ်ပြောရမယ်ဆိုရင်…
    သူတို့ပြောတဲ့ 3Mbps တို့ 512 Mbps တို့ဆိုတာ ခင်ဗျားရဲ့ကွန်ပျူတာနဲ့ Red Link ရဲ့ Internet Share Server ကြားထဲမှာရှိတဲ့ Link ရဲ့ Bandwidth ကိုပြောတာပါ… အဲဒါတော့ အပြည့်ရမယ်လို့မျှော်လင့်ပါတယ်…

    အဲဒီနေရာမှာ Network သမားပီပီ အခွင့်အရေးလေးရတုန်း လျှာရှည်ပါရစေဗျာ…
    Networking မှာ ပုလင်းလည်ပင်း (Bottle Neck) ဆိုတဲ့စကားလေးရှိတယ်ဗျာ…
    ပုလင်းတစ်လုံးထဲကို ရေလောင်းထည့်ပြီဆိုပါတော့… ပုလင်းအဝကျဉ်းနေရင် ပုလင်းထဲရေဖြည့်ဖို့အချိန်ပိုယူသလိုပဲ…
    အပြင်ကလာတဲ့ ကော်နတ်ရှင်က အတွင်းမှာဝိုင်းဆွဲတဲ့ ကော်နတ်ရှင်တွေထက် နဲနေတဲ့အခါများကျတော့… ပုလင်းလည်ပင်းဟာ ISP ရဲ့ Server မှာပြသနာ ဖြစ်တော့တာပါပဲ… အဲဒီမှာ ပုလင်းထဲမှာရှိတဲ့ ကျုပ်တို့ User တွေက 3Mbps ပဲယူယူ 300Mbps ပဲယူယူ ပုလင်းလည်ပင်းက ကျလာတဲ့ရေကိုပဲရမှာပါ…

    အဲဒါကြောင့် မနက်စောစောတို့၊ ညပိုင်းလူအများအိပ်ချိန်တို့မှာ ကော်နတ်ရှင်ကောင်းတယ်ဆိုတာကို နားလည်သဘောပေါက်လောက်ပြီထင်ပါတယ်…
    သည်းခံကြပါဗျာ… ပြီးခဲ့တဲ့လ (၉)ရက်နေ့ကလို့ထင်ပါတယ်… မြန်မာနိုင်ငံက Bandwidth တွေကိုထပ်တိုးမြှင့်လိုက်တယ်လို့သိရတယ်… အဲဒီနောက်မှာ ကော်နတ်ရှင်တွေကျသွားတော့တာပဲ…
    ကျွန်တော့်အမြင်တော့ ရတနာပုံတယ်လီပို့ရဲ့ DNS Server မှာ ပြသနာတစ်ခုခုရှိနေတာလား၊ Bandwidth Control မှာ ကွိုင်တက်တာလားတော့မသိပါဘူးဗျာ… Your-Freedom ကိုသုံးပြီး Proxy bypass လုပ်ကြည့်ပါလား ကော်နတ်ရှင်သိသိသာသာမြန်လာတာကို တွေ့ရပါလိမ့်မယ်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • chityimhtoo

      May 6, 2012 at 1:10 am

      ဆရာသမားရယ် freedom ဆိုတာကျုပ်တို့တစ်သက်လုံးသုံးလာတာပါ freedom
      သုံးရင် အားလုံးကိုတော့ bypass ဖြစ်တယ်လိုင်းကတော့ ပိုနှေးသွားပါတယ်၊freedom
      account တစ်ခုကို အီးမေးအကောင့်တစ်ခုဘဲရလို့ အီးမေးတွေအများကြီးဖွင့်ပြီးအကောင့်
      လုပ်ခဲ့ရတာပါ။နောက်ဖရီးဒမ်းကိုအစိုးရကဘန်းထားလို့ဒေါင်းချင်ရင် polysolve လိုဆိုဒ်မျိုး
      ကဝင်ပြီးဒေါင်းရတာပါအရင်တုန်းက gmail
      ဘန်းထားတုန်းက freedom ကိုဘဲ အသုံးပြုခဲ့ကျရတာပါ။နောက် ultraserf ကိုသုံးတယ်။
      ခုတော့လူတွေ proxy ဝယ်ပြီးသုံးလာကျတယ်။အင်တာနက်လိုင်းဆိုလည်းကျုပ်တို့မျိုးစုံသုံး
      ဘူးပါတယ်။ပုဂံလိုင်း ၊ MPT လိုင်း၊ MPT မှာတောင် အိနိ္ဒယ လိုင်းနဲ့ ကိုရီးယားလိုင်း ဆိုပြီး
      ပေါင်းစုံသုံးခဲ့ဘူးပါတယ်။မြန်မာပြည်ကလူတော်တော်များများကအင်တာနက်သုံးပြီဆိုထဲက
      ကျော်ပြီးသုံးတတ်ကျပြီးသားပါ။မြန်မာပြည်မှာကကျုပ်တို့အပါအဝင်ခေါင်းညှပ်တတ်ရင် Networking သမားဖြစ်နေတော့ တော်တော်များများကဟိုမရောက်ဒီမရောက်ဖြစ်နေတာ
      အတော်ခက်သား။

  • windtalker

    May 5, 2012 at 11:25 pm

    ဒီပိုစ့် ကို ဖတ်ရတော့ အနီးစခန် တယ်လီပို့မှာ နက်လိုင်းတွေ ရောင်းခဲ့တုန်းက ဖြစ်ပုံတွေနဲ့ တစ်ထပ်ထဲ ဆိုတာ သတိထားမိတယ်ဗျာ။

  • Yin Nyine Nway

    May 6, 2012 at 11:56 am

    ဘာထူးလို့လဲ McWare … အတူတူနဲ့အနူနူ ထဲကပဲ
    သုံးလို့မရလို့ ကွန်ပလိုင်းတက်လဲ
    တက်သလောက်ပဲ
    လိုင်းကိုက ဖြစ်နေတာပဲ ပြောနေတာကို
    တန်ရာတန်ကြေးပေးပြီး သုံးရတာ အဆင်မပြေတာတော့ ရင်အနာဆုံးပဲ 🙁

  • moethidasoe

    May 7, 2012 at 5:32 pm

    သူများထက် ဦးပြီး သုံးချင်ရင် ၁၅ သိန်း ဂျီလိုပဲ ညီးရမှာပေါ့။
    ဒို့တတွေတော့ အင်တာနက် ပေါ်ဦးစ broad band ဆိုတဲ့အချိန်က သိန်း ၂ဝ အကုန်ခံခဲ့တဲ့ လူကို တွေ့ဖူးတယ် .. အဲဒီတုန်းက သိန်း ၂ဝ ဆိုတာ နည်းလားလို့
    နောက် အတွင်း receiver ပျက် သွားလို့ ဆိုလား ADSL နဲ့ လာလဲပေးသွားတယ် .. အဲဒီအချိန်က ADSL က ခြောက်သိန်းပဲ ပေးရတာ .. အလိုက်တောင် ပြန်မပေးဘူး ..
    နောက်တော့ မြန်တယ် ဆိုတဲ့ Redlink ကို FEC 1500 ပေးပြီး တပ်ပြန်တယ် .. အခုတော့ FTTH လာရင် တပ်ဦးမယ် ဆိုပဲ .. ဘယ်လောက်ပဲ တပ်တပ် ရတနာပုံက မလွှတ်ပေးရင် နိုး ပဲ
    ဈေးတွေမှာ တယ်လီဖုန်း လိုင်းခွဲတွေ တပ်တုန်းကလဲ ဒီအတိုင်းပဲလေ .. လိုင်းယူထားတာ ၁ဝ လိုင်း .. လိုင်းခွဲက ၁၀ဝ နှုန်းလေ .. ဒီတော့ ၁ဝ ယောက် ပြောနေရင် ၁၁ ယောက်မြောက်က စောင့်ပေဦးပေါ့ ..
    တယ်လီဖုန်းက စောင့်ရတယ် .. အင်တာနက်ကတော့ လမ်းကျဉ်းကျဉ်းထဲ ကားတွေ စုပြုံသွားသလို လိပ်သွားနှုန်းနဲ့ သွားကို
    .. ဒီမှာနေရင် စိတ်ရှည်ပါ ..
    ယိုးဒယားမှာတောင် ညနေ ၄ နာရီက ၈ နာရီအထိ လိုင်းကျပ်တယ်

Leave a Reply