** အဖိုး သခင်ကိုယ်တော်မှိုင်း **
*** အဖိုး သခင်ကိုယ်တော်မှိုင်း ***
မငြိမ်းမချမ်း
စိတ်ဝမ်းမငြိမ် ၊ နှလုံးအိမ်မှ
အကြိမ်တရာ ၊ ကန်တော့ပါသည်
ချစ်စွာလေသော အို အဖိုး ။
တိုင်ရေးပြည်ရေး
ပေါက်နှင်ကျေးသို ့။
ကြက်ဥသဖွယ်
တိတ်တောင်နှယ်သို ့ ။
အမယ်ဘုတ်ချည်ငင် ၊ ရှုပ်ထွေးအင်သို ့
မြင်ရကြုံတွေ ့၊ မချမ်းမြေ ့လည်း ။
ရှေ ့မှီ နောက်မှီ ၊ ခေတ်ကိုမှီမို ့
ရှေ ့ဆီမျှော်မှန်း ၊ သူကြိုးပမ်းခဲ ့
စိတ်ဝမ်းညီညီ ၊ မြဲခိုင်ကျည်ပြီး
ညီနှင့်အကို ၊ ချစ်စေလို၏
တော်ကိုလည်းချဉ်း ၊ မြို ့ဆီဆင်း၍
မကင်းမပြတ် ၊ ဆွေမျိုစပ်သို ့
အရပ်တကာ ၊ သူရောက်ပါသည်
ကဗျာစာဆို ဘဘမှိုင်း ။
ဆင်းရဲချမ်းသာ မခွဲပါပြီ
ပြည်ရွာငြိမ်းချမ်း ၊ သူကြိုးပမ်းစဉ်
ပန်းဖောက်ရထား ၊ ဆိုက်ခံငြားမို ့
တိုင်းသားပြည်သူ ၊ ဝှန်းဝှန်းဆူမျှ
ပြည်သူငိုပွဲ ၊ ခြိမ် ့ခြိမ် ့သဲခဲ ့ ။
အို – အဖိုး
မျှော်ကိုးခဲ ့ရာ ၊ ဖြစ်မလာလည်း
သစ္စတရား ၊ဆုပ်ကိုင်ထားသည် ့
သားတို ့ခေတ်တွင်း ၊ တိုက်ပွဲခင်း၍
ပြင်းထန်လှုပ်ရှားနေပါသည် ။
မငြိမ်းမချမ်း
စိတ်ဝမ်းမငြိ်မ် ၊ နှလုံးအိမ်မှ
အကြိမ်တရာ ၊ ကန်တော့ပါသည်
” ချစ်စွာလေသော အို – အဖိုး ”
…..။ ။ ……
မောင်ပြုပြင် ( ကျုံပျော် )
စာ – ( ၈၄ – ၈၅ )
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသို ့သတိရခြင်းအမှတ်တရ ပြန်လည်မျှဝေပါသည်။
အားလုံး ချမ်းမြေ ့ပါစေ ။
3 comments
SkyHeart WinKo
July 13, 2012 at 9:56 pm
ယခုအချိန်မှာ အဖိုးလိုလမ်းပြသင်ပေးမဲ့သူတွေကို မျှော်နေမိပါတယ်အဖိုးရယ်။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 13, 2012 at 10:17 pm
ကဗျာလေးကို ပုံနှိပ်ဖော်ပြခဲ့တဲ့ စာအုပ်ရှိတယ်ထင်ပါ၏။
အမုန်း လုလင်
July 14, 2012 at 5:08 pm
၁၉၆၉ ခုနှစ် ၊ ဒီဇင်ဘာ မှာထုတ်ဝေခဲ ့တဲ ့
တော်လှန်ကဗျာ စာအုပ်ပါ ။