Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဧရာရွှေဝါကုမ္ပဏီမှ လယ်မြေ ဧက ၄၀၀၀ဝ ကျော်အား တောင်သူများသို့ ခွဲဝေပေးနိုင်ရန် တရားဝင်ပြန်အပ်

ကို သာAugust 13, 20121min3006

ဧရာရွှေဝါကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်းရေနက်ကွင်းများအား ပြုပြင်ထားသည့် လယ်မြေ ဧက ၄၀၀၀ဝ ကျော် အား ဒေသခံတောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးပြီး ကုမ္ပဏီ၏မြေ လုပ်ပိုင်ခွင့်များအား နိုင်ငံတော်သို့ တရားဝင်ပြန်လည်အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။
ဇူလိုင်လ ၂၆ ရက်နေ့က ဧရာရွှေဝါကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌဖြစ်သူ ဦးတေဇ မှ လက်မှတ်ရေးထိုးကာ တင်ပြခဲ့ခြင်းဖြစ်ပြီး ဧရာရွှေဝါကုမ္ပဏီအနေဖြင့် တောင်သူများသို့ ခွဲဝေလုပ်ကိုင်ခွင့်ပေးရာတွင် ကုမ္ပဏီနှင့် အတူအကျိုးတူ ပူးပေါင်းကာ လယ်ယာမြေဖော်ထုတ် လုပ်ကိုင်ခဲ့သည့် ဒေသခံတောင်သူများအား လယ်ယာ သမဝါယမ အသင်းများဖွဲ့စည်းကာ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၁၉၉၈ ခုနှစ်မှစ၍ ဧရာရွှေဝါကုမ္ပဏီအား တည်ထောင်ကာ ဧရာဝ တီတိုင်းဒေသကြီး အတွင်းရှိ ရေကြီးကွင်း၊ ရေနက်ကွင်းများမှ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧကစုစုပေါင်း ၄၁၂၀ဝ ကိုစိုက်ပျိုး၍ ရနိုင်သည့် လယ်ယာမြေများအဖြစ် မြေပြုပြင်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဧရာရွှေဝါကုမ္ပဏီ၏ ယခုလုပ်ရပ်ကို ကြိုဆိုပါသည်။ ကျန်သော ကုမ္ပဏီများအနေဖြင့် လည်း ယခုလိုပဲ ပြန်ပေးကြစေချင်ပါသည်။ Crony ပဲဖြစ်ဖြစ်၊ ယခင်က ဘာတွေပဲအခွင့်အရေး ယူခဲ့ယူခဲ့ ယခုလက်ရှိအချိန်မှာ ပြည်သူ့မျက်နှာကို ပြန်ကြည့်ကြစေချင်ပါသည်။ လိုအပ်ချိန်မှာ ပြည်သူ့မျက်နှာပြန်ကြည့်သည့် မည်သူ့ကိုမဆို ကြိုဆိုရမှာပါ။
အကာအကွယ်ယူထားခြင်းဖြစ်စေ၊ နာမည်ကောင်းယူသည်ဖြစ်စေ များများပြန်ပေးနိုင်ရန် တောင်းဆိုချင်ပါသည်။ပြည်သူများ အလုပ်အကိုင်ရစေချင်ပါသည်။

6 comments

  • ကိုရင်မောင်

    August 13, 2012 at 9:25 am

    ပြည်သူ့အကျိုးပြန်လည်ကြည့်ရှု့ခဲ့တဲ့…
    ဦးတေဇရဲ့လုပ်ရပ်ကိုကြိုဆိုပါတယ်……
    ဟို…ထုံပေပေ စောင်းစောင်းတောင်းတောင်း..
    ဒေါက်တာ အင်ကြီးရော အမြင်မှန်ရဘို့ကောင်းပါပြီ….
    ခုလိုပြည်သူတွေလိုအပ်နေချိန် ပြည်သူရဲ့မေတ္တာ ခံယူလို့ရတဲ့အချိန်…
    အချိန်ကောင်းအသုံးမချတတ်လို့ကတော့….
    ဒင်း…တနေ့နောင်တတွေတပွေ့ကြီးရသွားစေရမယ်…..

  • shwe kyi

    August 13, 2012 at 2:05 pm

    ခုလိုကြားသိရတာဝမ်းသာပါတယ်ရှင်။

  • Wow

    August 13, 2012 at 6:16 pm

    သတင်းကောင်းပါပဲ။ လယ်သမားထုကိုယ်စားဝမ်းသာပါတယ်။

  • Neos

    August 13, 2012 at 9:35 pm

    လယ်သမားများအတွက် ဝမ်းသာစရာ သတင်းကောင်းပါ၊

  • Phaung Phaung

    August 14, 2012 at 2:42 pm

    ဒေါက်တုခင်ရွှေပဲကျန်တော့တယ်……. ဦးတေဇကိုတော့ ကျေးဇူးတင်ပါတယ်
    ဒါပေမယ့် ရေနက်ကွင်းတွေက ဘာမှစိုက်လို့ပျိုးလို့မရရင်တော့ ဘာမှမထူးပါဘူးကွယ်…
    ဆန်ရှင်ဖွင့်အောင်များလုပ်နေသလားလို့
    🙂

Leave a Reply