အပြစ်မဲံ့တဲ့လရောင်
ပင်လယ်ကြီးကိုနှုတ်ဆက်ခဲ့
ကျရှုူံးမှုနဲ့အတူ
လူတစ်ယောက်လဲကျပြီ
ကူကယ်ရာမဲ့တဲ့ဘဝ
ကမ်းမမြင်လမ်းမမြင်ပေါ့
နာကျည်းမှုတွေနဲ့အတူ
အတ္တခါးခါးတစ်ခွက်သောက်ရင်း
ချည့်နဲ့စွာပြုံးလေရဲ့
ထိုအပြုံးကြောင့်ထင်ရဲ့
ကြယ်လေးတွေပုန်းကွယ်ကုန်လေပြီ။
Post Views: 198
10 comments
ahnyartamar
September 22, 2012 at 9:28 am
အတ္တခါးခါးသောက်ပြီး ပြုံးတဲ့ အပြုံးဆိုတော့ ကြယ်တွေပြေးတာပေါ့၊ ဒါကြောင့် athwe lay ရေ.. ‘ပရ’ လေးထဲ့ထားတဲ့ ရေအေးအေးတခွက် သောက်ပြီးပြုံးရင်ဖြင့် ကြယ်လေးတွေပြန်ထွက်လာပြီး ရီမောကာ လက်ခုပ်ဘြဘာပေးလောက်ပါရဲ့………..
athwe lay
September 22, 2012 at 6:35 pm
ဟုတ်ကဲ့ပါ ခင်ဗျာနောက်ဆိုရင် တော့ ပရလေးထည့်နိုင်အောင်ကြိုးစားပေးပါ့မယ် ။comment အတွက်ကျေးဇူးပါ။
kyeemite
September 22, 2012 at 9:36 am
အတ္တခါးခါးတစ်ခွက်သောက်ရင်း…
အခါးသောက်တာကောင်းပါတယ်…သွေးသန့်တယ်ဆိုပဲ..
ဒါပေမဲ့ :ahnyartamar: ပြောသလို “ပရ” ခါးခါးဆိုပိုဆေးဖက်ဝင်လိမ့်မယ်…
etone
September 22, 2012 at 11:49 am
ဘဝမောသူ
ခဏဖောကြူ
ကြုံရာမြို့သူ
ဂွင်ရှာပွားယူ
ရတာတောသူ … ခွိခွိ :kwi:
( အပျော်ရေးပြီး …နောက်တာပါနော် .. ကျွန်မ ဒီရက်ပိုင်း … စိတ်ကစဉ့်ကလျားရောဂါဖြစ်နေလို့ … နောက်တီးနောက်တောက်တွေပဲ … ရေးမိနေတယ် …. ဟီး ဟီး …. :harr: )
athwe lay
September 23, 2012 at 10:24 am
ရပါတယ် commentပေးတာကိုပဲကျေးဇူးတင်မိပါတယခင်ဗျာ
ကိုပေါက်(မန္တလေး)
September 22, 2012 at 12:39 pm
အပြစ်မဲ့တဲ့လရောင်က
ပင်လယ်ကြီးကိုနုတ်ဆက်နေချိန်
ကျရှုံးမှု့များနဲ့အတူ
လူတစ်ယောက်ကတော့လဲကျ
အဲသဟာကတော့ ငါ ပါဘဲ။
အဝေးကိုလှမ်းကြည့်တော့…………..
ကူကယ်ရာမဲ့တဲ့ဘဝက
ကမ်းမမြင်လမ်းမမြင်။
နာကျည်းမှု့တွေပျော်ဝင်နေတဲ့
အတ္တခါးခါးတစ်ခွက်သောက်ရင်း
မျက်နှာပေါ်တင်ကျန်နေတဲ့မချိပြုံး
ကြယ်ကလေးတွေတောင်ပုန်းလို့အိပ်ပြီ
ငါ့ကိုသနားတဲ့စိတ်ကြောင့်ထင်ပါ့……………….
အော်းးးးးးးးးးးးးးးးဘဝ
(ဆရာလုပ်တာမဟုတ်ဘူးနော် အတွေးပွားကြည့်တာပါ)
athwe lay
September 22, 2012 at 7:31 pm
ကျေးဇူးအများကကြီးတင်ပါတယ် ခင်ဗျာ အသစ်လေး မို့အမှားပါရင် ခွင့်လွှတ်စေချင်ပါတယ။
mayjuly
September 22, 2012 at 4:54 pm
ငါပြုံးလို့ သူပုန်းတယ် ..
နောက်ပြုံးတော့ဘူးးး
သူပုန်းနေမှာ ဆိုးလို့ … :hee:
ကိုခင်ခ
September 22, 2012 at 9:50 pm
ဟင် အဲဒါဆို ပြုံးတာမမြင်ရတော့ဘူးပေါ့နော်။
ဒါဆို အပြုံးလေးကိုတော့ လွမ်းရတော့မပေါ့နော်။
မောင်ပေ
September 23, 2012 at 9:58 am
ဘဝမောသူ
မရပြောယူ
အလှပေါမူ
ခဏစောကူ
ပရသဘောပူ