Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

2012 ထဲက အမှတ်တရ သမိုင်းစာမျက်နှာများ

အရင် ၂၀၁၁ နှစ်ကုန်ခါနီးတုန်းကပေါ့ ခင်ဗျာ ….။

ကျုပ် မန်းဂဇက် ရွာသားအဖြစ် မသစ်တသစ် အချိန်တုန်း ဆီကပေါ့ …..။

စိတ်ကူးပေါက်တာနဲ့ ၂၀၁၁ အတွက် Listing လုပ်ချင်လို့ပါ … ဆိုပြီး …

ရွာသူားတွေရဲ့ ၂၀၁၁ ခုနှစ် အတွင်းက အမှတ်ရစရာ အဖြစ်အပျက်အချို့ကို အမှတ်တရ အနေနဲ့ ရေးသားပေးကြဖို့ ဖိတ်ခေါ်ခဲ့ဖူးပါတယ် …။

အခုလည်း ၂၀၁၂ တစ်နှစ် ကုန်ခါနီးပြီ ဆိုတော့ ဒီလိုပေါ့ဗျာ … အဟဲ … :mrgreen:

 

2012 ခုနှစ် အတွင်းမှာ ကမ္ဘာတစ်ဝန်းမှာ ကြီးကျယ်တဲ့ အဖြစ်သနစ်တွေ အများကြီး ဖြစ်ပျက်ခဲ့ပါတယ် ….။

ဥပမာအားဖြင့် .. ကျုပ်တို့ မြန်မာပြည် အနေနဲ့ ပြောရရင် အမေရိကန် သမ္မတ အိုဘားမား သမိုင်းဝင် ခရီးစဉ်အဖြစ် လာရောက်ပြီး မိန့်ခွန်း ပြောသွားခဲ့တယ် ဆိုတာပေါ့ဗျာ …။

ဒီလိုပါပဲ ….။

ဟိုထဲကဟာကို ခုနှစ်လေး ပြောင်းပြီးတော့ ကော်ပီ ပြန်ယူရရင် …..

 

2012 ခုနှစ်အတွင်း ကမ္ဘာကျော်ခဲ့တဲ့၊ သမိုင်းတွင် သမိုင်းဝင်သွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ကိုယ့်သမိုင်း ကိုယ်ရေးနေကြတဲ့ ကျုပ်တို့တွေမှာရော 2012 ခုနှစ်အတွင်း စိတ်ကျေနပ်စရာ ကောင်းလောက်တဲ့ ကိုယ့်ရဲ့ သမိုင်းမှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ကြပါသလား … ?

လူတိုင်းလူတိုင်းမှာ 2012 ခုနှစ်အတွင်း ကိုယ့်အတွက် သမိုင်းတစ်ခု မဟုတ်တောင်မှ ကျေနပ်စရာ ကောင်းလောက်တဲ့၊ တစ်သက်တာအတွက် အမှတ်တရ ဖြစ်စေလောက်တဲ့ အဖြစ်အပျက်၊ အကြောင်းအရာတွေ ကိုယ်စီ ရှိကြမှာပါပဲ။

 

ဒီတော့ကာ …။

အထက်က ဆိုခဲ့သလိုပေါ့ ခင်ဗျာ ….။

ကိုယ့်ရဲ့ အမှတ်တရ မှတ်တိုင်လေးတွေကို ဟောဒီ မန်းဂဇက် ရွာကြီးရဲ့ ကျောက်စာတိုင်မှာ ကိုယ်တိုင် ထွင်းထုပေးဖို့အတွက်

ဖိတ်ခေါ်ပါတယ် ….။

ဖိတ်ခေါ်ပါလျက်ကယ်နဲ့ ရေးမပေးတဲ့လူတွေကို အိမ်တိုင်ရာရောက် လေးခွနဲ့ လိုက်ထုပါမယ် .. :mrgreen:

နောက်တာပါ ….။ တတ်နိုင်ရင် ရေးသားပေးကြစေလိုပါကြောင်း ….။

ဝါသနာအရ အမှတ်တရ အဖြစ်အပျက် အကြောင်းအရာတွေကို Collect လုပ်ခြင်းဖြစ်ပါကြောင်း …။

 

+++++++++++++++++++++++++++++++++++++++

၂၀၁၁ အတွင်းက အမှတ်တရများကို ပြန်လည် ဖတ်ရှုလိုသူများအတွက်

အောက်တွင် တစ်ပါတည်း ဖော်ပြ ပေးလိုက်ပါကြောင်း ………….။

+++++++++++++++++++++++++++++++++++++++

 

2011 အတွင်း ကိုယ့်သမိုင်း ကိုယ်ရေးခဲ့သူများ

 

ကျွန်တော် အံစာတုံး အတွက် ၂၀၁၁ ခုနှစ်အတွင်း အမှတ်တရ ဖြစ်စရာကတော့ …….

ကျွန်တော် အံစာတုံး အနေနဲ့ ပြောရမယ်ဆိုရင် – လွန်ခဲ့တဲ့ (၂) နှစ်လောက်က Gmail, Gtalk, Account ဆိုတဲ့ စကားလုံးတွေ သူငယ်ချင်းတွေကြားမှာ ခေတ်စားနေပေမယ့် ကျွန်တော်မှာတော့ ဘာမှန်း မသိခဲ့လောက်အောင်ပဲ ‘အ’ ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ 2011 အတွင်းမှာတော့ ကိုစောစံ (http://sawsan23.com/) ရဲ့ ကျေးဇူးကြောင့် hosting, domain name, wordpress တွဲဖက်ပြီး ကိုယ်ပိုင် Blog တစ်ခု တည်ဆောက် နိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ဒါကတော့ ကျွန်တော့်အတွက် 2011 ခုနှစ်အတွင်း IT ဘက်မှာ အားရလောက်တဲ့ တိုးတက်မှုတစ်ခုကို ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။
_______________________________________________________________

မပွတ်ရှ် ကလည်း ၂၀၁၁ ခုနှစ်အတွင်း သူ့ရဲ့ ထူးခြားမှုလေးကို အခုလို ပြောပြခဲ့ပါတယ် …..

ကျမအနေနဲ့ကတော့ ၂၀၁၁ ရဲ့ နှစ်ဝက်လောက်မှာ ရွာထဲ ရောက်လာပြီးတော့ အသိအမြင်တွေ ဗဟုသုတတွေ ရခဲ့ပြီး စာမဖြစ်ပေမဖြစ်မတတ်တခေါက်များကို စာစီတတ်လာပြီး ကျမဘဝရဲ့ ပထမဆုံးစာစုလေးကို ဒီရွာမှာ ရေးဖြစ်ခဲ့တာရယ် ရွာကမိတ်ဆွေများနဲ့ ခင်မင်သိကျွမ်းခွင့်ခဲ့ရတာပါပဲ…..

ဒါလေးကတော့ ကျမရဲ့ ၂၀၁၁ အတွက် ထူးခြားမှုလေးပါပဲ
_______________________________________________________________

ကိုဂီ ကတော့ အခုလို ပြောခဲ့ပါတယ် …..

၂၀၁၁ မှာ ဒါ့ပုံဆြာ စဖြစ်လာတယ်ဗျ….
ပုံ၂သောင်းခွဲကျော်ရိုက်ဖြစ်ခဲ့တယ်…

အောက်တိုဘာလောက်ကစလို့ ..ပိုစ့် ပေါင်း ၈ဝလောက် ဂေဇက်ထဲမှာရေးဖြစ်ခဲ့သပေါ့ဗျာ…
မှတ်မှတ်ရရရှိနေမယ့် နှစ် ၁နှစ်ပါ
_______________________________________________________________

Small Cat ကတော့ ၂၀၁၁ ခုနှစ်အတွင်း အင်တာနက်ကြီး အိမ်ပေါ်တက်လာတဲ့ အကြောင်းကို အခုလို ပြောသွားခဲ့ပါတယ် …..

၂၀၁၁မှာ အင်တာနက်ဆိုတာကြီးအိမ်ပေါ်တက်လာပါတယ်။
မျက်မှန် မဖြစ်မနေတတ်လိုက်ရပါတယ်။
အကြောမတက်တတ်တဲ့သူ ဇက်ကြောတွေတက်လာပါတယ်။
အူကြောင်ကြောင် စာတွေ ရေးဖြစ်ခဲ့ပါတယ်။
ကျိန်းသေပေါက် လစဉ်ပုံမှန်ထွက်ငွေတစ်ခု ရရှိခဲ့ပါတယ်။
_______________________________________________________________

ကိုသက်နိုင်ဦး ကလည်း သူ့မျက်လုံး ပုလင်းဖင် ဖြစ်သွားခဲတဲ့ နှစ်တစ်နှစ် ဆိုတာကို …..

နားမလည်
ပါးမလည်း
အွန်လိုင်းပေါ်ရောက်တယ်
ချက်မယ် ပြုပ်မယ် ကြူမယ် ဖွမယ်
နောက်တော ့
ရေးတယ် ကဗျာတွေ ရူးတယ် ထူးရှယ်
နောက်တော ့
ကလိတယ် ကလိတယ်
ဟတ်မယ် ဖျက်မယ် ဆိုးလာတယ်
ပြီးတော ့ မျက်လုံးက
ပုလင်းဖင်ဖြစ်တယ်
ဂွမ်းတယ် ဂွမ်းတယ် …………….
_______________________________________________________________

မမှီ ကလည်း သက်သေခံလေးတစ်ယောက် ထပ်တိုးခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ် ဆိုတဲ့အကြောင်းကို …..

မှတ်မှတ်ရရ ၂၀၁၁ အစမှာ ဂေဇက်ရွာသူ ဖြစ်လာပြီး တသက်လုံးစိတ်ကူးယဉ်ခဲ့ရတဲ့ စာရေးတဲ့သူ ဖြစ်လာဖို့ စပြီး အကောင်အထည်ဖော်ခွင့်ရတာ၊ ရွာကနေတဆင့် တခါမှတောင် မမြင်ဖူးပဲနဲ့ ငယ်ပေါင်းကြီးဖော်တွေလို စိတ်ထဲမှာ ခံစားခဲ့ရတဲ့ သူငယ်ချင်းတွေ ရလာတာ၊ အခုနှစ်ကုန်ခါနီးမှာ လူ့လောကမှာ မှီဆိုတဲ့ ကျွန်မရှိခဲ့ပါလားလို့ သက်သေပြမဲ့ သက်သေခံလေး နောက်တယောက် ထပ်ရတာ ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေပါပဲ။
_______________________________________________________________

Rain Pricess ကလည်း ဂေဇက်ကို ရှာတွေ့ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တဲ့ အကြောင်းကို …..

မှတ်မှတ်ရရ 5.6.2011 မှာအင်တာနက်သင်တန်းကိုစတက်ဖြစ်ခဲ.တာပါ
အွန်လိုင်းသူငယ်ချင်းဆိုတာအင်မတန်ရှားပါတယ် မသိတာတွေလည်းအများကြီးရှိပါတယ်
ဂေဇက်ဆိုတာ ကိုရှာတွေ.ခဲ.တာမန်ဘာဝင်တစ်ယောက်ကပြောလို.
အစကသိပ်စိတ်မဝင်စားခဲ.ပေမယ်.အခုတော. ဂေဇက်ရဲ.ညှို.ငင်မှုကိုမလွန်ဆန်နိုင်တော.ပါဘူး
စာပေကိုမြတ်နိုးပေမယ်.စာရေးဖို.ပါရမီမပါလေတော.စာဖတ်သူစစ်စစ်တစ်ယောက်သာ
ဖြစ်လာပါတော.တယ်
ဒီတော. ဂေဇက်မန်ဘာတစ်ယောက်ဖြစ်ခွင်.ရတာအရမ်းဂုဏ်ယူမိပါကြောင်း…….
_______________________________________________________________

ကိုပေ ကလည်း အခုလိုလေး ပြောခဲ့တယ် …..

၂၀၁၁ ရေ ဂွတ်ဘိုင်
၂၀၁၂ မှာ အပီလန်းမယ် ဗျာ
_______________________________________________________________

မသဲနုအေး ကလည်း ဂေဇက် ရောဂါ ရခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်းကို …..

2011 မှာ မန်းဂေဇက်ကိုဘယ်လိုကနေဘယ်လိုရှာတွေ့မှန်းမသိပဲရောက်ခဲ့ရတာပါ။ မသိတာတွေအများ ကြီးသိလာရပြီး အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ်။ မန်းဂေဇက်တရက် မဖတ်ရရင်မနေနိုင်တော့တာ 2011 ရဲ့အမှတ်တရပါ။
_______________________________________________________________

ကိုပေါက်ဖော် (စိန်ဗိုက်ဗိုက်) ကလည်း …..

အနော်
စာတွေချစ်သွားတဲ့ နှစ်ပါ
_______________________________________________________________

ဂျော်နီအောင်ပု ကလည်း …..

မကျေနပ်တဲ့ကောင်ကို ကီးဘုတ်နဲ့ ကောင်းကောင်းဆဲတတ်သွားဘီ 😀 😀 😀
_______________________________________________________________

တောတွင်းပျော် ကလည်း ကံကောင်းနဲ့ ကံဆိုး တစ်ရက်တည်း ကြုံခဲ့ရတဲ့ မှတ်မှတ်ရရ နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်းကို …..

၂၀၁၁၊၉လပိုင်း၊၃ ရက်နေ ့ ၄လုံးထီ ဆုသေးတစ်ဆု ပေါက်တယ်။
အဲဒီနေ ့မှာပဲ ဟိုင်းလပ်ကားနဲ ့တောင်ပေါ်ကမောင်းဆင်းရင်း ဘရိတ်ပေါက်
ကားရော လူပါ တစ်ပတ်ဂျွမ်းထိုးလိုက်တယ်။
အဲ..အဲ..
၂၀၁၁ ရဲ ့ဒီဇင်ဘာနောက်ဆုံး ၃၁ ရက်နေ ့မှာ ဒီရွာထဲ ပိုစ်လေးတစ်ခု
ပထမဦးဆုံးအကြိမ် တင်လိုက်တယ်…….။
_______________________________________________________________

အရီးလတ် ကတော့ အခုလို ပြောသွားခဲ့ပါတယ် …..

၂၀၁၁ ကုန်ခါနီး တစ်ဖက်သတ် အပုတ်ချ နေတဲ့ အကြောင်းလေးတစ်ခု ကို ရင်ဖွင့်ချင်လို့ ဂေဇက်ကို ဝင်ခဲ့တယ်။
ပထမ က “အပျော်ကြံ” တာပါ။ အတည်တကျ နေဖို့ အစီအစဉ် မရှိပါဘူး။
ဒါပေမဲ့ ရွာထဲကို လည် ကြည့်လိုက်တော့ အရမ်းကိုဘဲ ချစ်စရာကောင်းတဲ့ ရွာသူ/သား တွေကို တွေ့ခဲ့တယ်။
အတိတ်ရေစက် ပါလို့လားမသိ။ တစ်ချို့ ဆို မမြင်ဘူးဘဲ၊ သူဘယ်သူမှန်းကို မသိဘဲ ရက်တိုတို လေးအတွင်း ခင်သွားမိတယ်။
ဒါနဲ့ဘဲ ကျွန်မ ရွာမှာ အခြေချ ဖြစ်သွားပါတယ်။
နောက်ဆက်တွဲ က
– သူများကိုလဲ ဆရာလုပ်ချင်၊ ကိုယ်လဲကောင်းကောင်း မသိတော့ စာပိုဖတ်ဖြစ်လာတယ်။
– မိတ်ဆွေ တွေတိုးလာတယ်။ သူတို့ ဆီက ဗဟုသုတတွေ အများကြီး ရလာတယ်။
– Facebook နဲ့ အခြား Website တွေ ကို မသုံးဖြစ်တော့ သလောက်ဖြစ်လာတယ်။
ဒီတော့ကာ ….. လက်ရှိမှာတော့
သူကြီးက ရွာက နှင်ထုတ်ရင်တောင်မှ သူ့ကို မိုက်ကြေး(ဆက်ကြေး) ပေးပြီး နေဖို့ ဆုံးဖြတ်ထားပါ၏။
ဒီလို Listing လုပ်ပေးတာ ကျေးဇူးပါဘဲ – ခြောက်မျက်နှာ ရေ ( Oppps … sorry) အန်စာတုန်း ရေ 🙂
_______________________________________________________________

နီကီတာ ကလည်း အခုလို ပြောသွားခဲ့တယ် …..

၂၀၁၁ မှာ

* ဂေဇတ်ထဲ စတင်ဝင်ရောက်ခဲ့တယ်…
* ပို့စ်တွေ မတောက်တခေါက်စရေးခဲ့တယ်…
* facebook သုံးခြင်းကို စွန့်လွှတ်ခဲ့တယ်…
* ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ခြေလှမ်းတွေ စလှမ်းခဲ့တယ်…
_______________________________________________________________

သဂျီးဦးခိုင် ကလည်း ကဗျာဆန်ဆန်လေး ပြောသွားခဲ့သေးတယ် …..

မနှစ်ကကျုပ် ဒီနှစ်ငါက အနိုင်ရခဲ့
သူတထူး ဒိုင်လုပ်တာမဟုတ်
ကိုယ်စောင့်နတ် မင်းဖြစ်တဲ့ငါ
နောင်အစဉ်နှစ်တို့ ဖြစ်စေ…။ ။
_______________________________________________________________

မိုးဇက် ကလည်း အခုလိုလေး ပြောသွားခဲ့တယ် …..


သေချာတာကတော့ မနှစ်ကထက် ဒီနှစ်အသက် ၁နှစ်ကြီးသွားတယ်ဆိုတာပဲ သဂျီးနဲ့အမြင်မတူဘူးနော 😛
_______________________________________________________________

ကိုပေါက် (မန္တလေး) ကလည်း နဂို ရှိပြီးသားပိုး ထက်ပြီး ဝါရင့်သွားတဲ့ အကြောင်းကို အခုလို …..

2011 အတွင်းမှာ စာရေးသူထက် လက်ဆော့သူအဖြစ်ပိုပြီးရွာထဲက အသိများပါတယ်။
နဂိုရ်အခံရှိတဲ့ဓါတ်ပုံ ပိုး ပိုရင့်သွားတဲ့နှစ်လို့ဆိုနိုင်ပါတယ်။
ကျန်တဲ့ဆိုက်တွေမှာ တော့ စာဘဲရေးတယ် ဓါတ်ပုံမတင်ပါ။
အချိန်အများကြီးပေးရလို့ဖြစ်ပါတယ်။
2011 ထဲမှာ လူကြိုက်အများဆုံးလို့ ထင်ရတာကတော့
(1)အတိတ်သို့အလွမ်း(ကဗျာ)
(2)ရွာကိုပြန်လာကြပါဗျုးိ(ကဗျာ)
(3) တစ်စေ့တစ်ဆုပ် တစ်မူတ်တစ်ခွက်( shade journal တွင်ပုံနှိပ်ပြီး)
(4)နွေးသီး (ဝတ္တု)
(5)ထမီချွတ်၏ မချွတ်၏ ( shade journal တွင်ပုံနှိပ်ပြီး)
ဒီပိုစ်လေးက ဆိုက်ပေါင်းစုံမှာလူကြိုက်များခဲ့ပါတယ် စုစုပေါင်း ဝင်ကြည့်သူအရေအတွက်
(4000)ရှိပါတယ်။
ဖတ်မဖတ်တော့ မသိပါဘူးခင်ဗျာ။

2011 အတွင်းကျနော့်အတွက်လုံးဝအထူးခြားဆုံးသောပိုစ်ကတော့
(31-12-2011)နေ့မှာတင်တဲ့
လက်သီးပုန်းအနီ တူညီခြင်းအစိမ်း …………………ပိုစ်ပါဘဲ။
လက်မအောက်စိုက်တာ 8ခုတိတိလက်ခံရပြီး ကျနော်အတွက်ပေးသမျှကော်မင်းအားလုံးလောက်
အနီပေးခံရပါတယ်။
တစ်နှစ်လုံးရေးတဲ့အထဲမှာ လူမုန်းအများဆုံးပိုစ်လို့ ကျနော်က မှတ်တမ်းတင်ပါတယ်။
ဒါပေမယ့် 2010ခုနှစ်မေလက စလို့ အခုအချိန်အထိ ရွာထဲမှာနေရ တာကိုလုံးဝကျေနပ်နှစ်သက်ပါတယ်။
ပိုထူးခြားတယ်လို့ပြောရရင် 2011 ခုနှစ်အတွင်းမှာ ရွာသူရွာသားအတော်များများနဲ့ ရန်ကုန်မှာရော မန်းလေးမှာပါ လူချင်းခင်မင်ရင်းနှီးခွင့်ရပါတယ်။
မန်းလေးမှာ (ပေါက်ပေပု) အသင်းဖွဲ့စည်းပြီးပါကြောင်း။
မောင်းခတ်လိုက်ပါတယ်။
_______________________________________________________________

ကိုကင်း (မိုးသောက်ချိန်) ကလည်း …..

နောင်တတွေရခဲ့တယ် …… 😛
မတူအောင် ရေးခဲ့တယ်နော့ … 😀
_______________________________________________________________

Nature ကလည်း ပြောသွားခဲ့ပါတယ် …..

ကျွန်တော် ကဒီနှစ်ဦးပိုင်းကမှ ရွာထဲဝင်လာတာပါ။ ဝင်ဝင်ချင်း nigimi77 နဲ့ မိုးပြာနဲ့ ချဲရသေးတယ်။ ကျွန်တော်မန့်ရင်တော့ လူကိုသိပ်မကြည့်ဘူး။ ချဲပေမဲ့လည်း nigimi77 ရဲ့ သူတို့ဆီကအမဲဂိုဏ်းများ ပိုစ့်မှာ မန့်သူတယောက်မှ မရှိပေမဲ့ ရေးတာကြိုက်လို့ ဝင်မန့်ခဲ့တယ်။ ခုတော့လည်းရွာထဲမှာ သူကြီးကအစ ရွာသားအားလုံး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းပါတယ်။
_______________________________________________________________

KoAung ကလည်း အခုလိုလေး ပြောသွားခဲ့သေးတယ် …..

၂၀၁၁ မှာမှဘားဂလစ်စပြီးသုံးတတ်လာလို့ ပျော်လို့မဆုံးပါ 😀
_______________________________________________________________

ရှုံးနိမ့်မှုများနဲ့ လူ (ရွာသား အသစ်စက်စက်လေး)  ဆိုသူကလည်း ၂၀၁၁ အတွင်း သူ ရေးတတ်၊ ချစ်တတ်သွားတဲ့ အကြောင်းကို

တစ်ချိန်က…

ပညာမတတ်၊ အလုပ်အကိုင်မရှိ
ကြင်သူမရှိ၊ ဘာဆိုဘာမှမရှိတဲ့သူ

ထိုသူ…

၂၀၁၁ မှာမှ
စာရေးဖြစ်တယ်
ချစ်တတ်ခဲ့တယ်
အောင်မြင်ခဲ့တယ်

ဒါပေမယ့်..

ဒီနာမည်မြင်တိုင်း
နောက်ထပ်မကျရှူံးအောင်လို့
ရှူံးနိမ့်မှုများနဲ့.. လူ ဖြစ်နေဆဲပဲ။
_______________________________________________________________

မောင်သန်းထွဋ်ဦး ကလည်း အခုလို …..

အော်….၂၀၁၁မှာ မန်းတလေးဂေဇက်ကနေ စာရေးဖို ့တွန်းအားပေးတဲ့အခွင့်လေးတစ်ခုရခဲ့ပါပီ။
ရေးတတ်ဖို ့နဲ ့အတွေးကောင်းတွေရဖို ့လေ့ကျင့်နေရဆဲပါဗျာ။
_______________________________________________________________

အန်တီ ပဒုမ္မာ ကလည်း မိတ်သစ်၊ ဆွေသစ်တွေနဲ့ ပေါင်းဆုံခွင့်ရခဲ့တဲ့ ထူးခြားတဲ့ နှစ်တစ်နှစ်ဟာ ၂၀၁၁ ပါတဲ့ …..

2010 ထဲမှာ မိတ်ဆွေတစ်ယောက် forward လုပ်တဲ့ ရတနာနတ်မယ် အကြောင်း post လေး ဖတ်မိရာက မန်းဂေဇက်ဆိုတာသိလာပါတယ်။
၂၀၁၁ ဇန်နဝါရီထဲမှာ သူငယ်ချင်းမမရဲ့ လမ်းညွှန်မှုခံယူပြီး member ဖြစ်ခဲ့ပါတယ်။
ကျွန်မအသက် ၁နှစ်ပြည့်ပါပြီ။
၂၀၁၁ ဖေဖော်ဝါရီ ၃ရက်မှာ မြူနှင်းမှုန်မှုန်ရွှေတိဂုံ ဆိုပြီး ကိုယ်လက်ဆော့ထားတဲ့ မှုန်ဝါးဝါးဒါ့ပုံ ကိုယ့်ဖာသာ အဟုတ်ထင်ပြီး post တစ်ခုစတင်ခဲ့ပါတယ်။ပထမဆုံးမန့်တာကတော့ ဆူးပါဘဲ။
သူကြီးနဲ့ ရွာသူရွာသားတွေ လက်တွဲခေါ်လို့ ရွာထဲကို တစ်လှမ်းပြီးတစ်လှမ်း ဝင်လာမိပါတယ်။
ဇော်ဂျီနဲ့ မြန်မာ font ကိုလည်း အဲဒီတော့မှ စမ်းတဝါးဝါးစသုံးကြည့်ပြီး ကြိုက်သွားပါတယ်။
စိတ်ထဲကနာကျည်းချက်လေး ပေါက်ကွဲမိတဲ့ နိုင်ငံကိုတစ်ကယ်မချစ်လို့ စွန့်ရစ်လေရော့သလား ကို ၂၀၁၁ ဩဂုတ်လ ၁၅ရက်မှာ တင်ခဲ့တာကို အားပေးခဲ့ကြတော့ ကိုယ့်ကိုကိုယ် ငယ်ငယ်ကရူးခဲ့ရတဲ့ စာရေးဆရာဘဝရတော့မလားတောင် စိတ်ကြီးဝင်ခဲ့ပါတယ်။ဦးကြောင်ကြီးကလည်း မြှောက်မြှောက်ပေးတယ်လေ။
၂၀၁၁ ဇူလိုင် ၂ ရက် ကိုပေါက် ရန်ကုန်လာတာကစလို့ ရွာသူရွာသားတွေကို မျက်ဝါးထင်ထင်သိခဲ့ရတာ
ငယ်ပေါင်းကြီးဖော်တွေလို ခင်ခဲ့ရတာ ဝမ်းသာမဆုံးပါဘဲ။
လိုရင်းချုပ်ရရင်တော့ ၂၀၁၁ ဟာ မန်းဂေဇက်၊ဇော်ဂျီ၊ရွာသူရွာသားများ စတဲ့ မိတ်သစ်မိတ်ကောင်းများနဲ့ပေါင်းဆုံရတဲ့နှစ်ဖြစ်လို့ အထူးခြားဆုံးနှစ်လို့ ပြောပါရစေ အန်စာတုံးရေ။
_______________________________________________________________

Aungnng87 ကလည်း အခုလို ပြောပြခဲ့ပါတယ် …..

2011 နှစ်ကတော့ ကိုယ့်အတွက် မရေရာမသေချာနေသောနှစ်၊ ဖောက်ထွက်၍ မရသေးသောနှစ်ဖြစ်နေတုန်းပါ။ ၂၀၁၂ အတွက် ကို တိကျရှင်းလင်းသောနှစ်(ကိုယ့်အတွက်) ဖြစ်ပါစေလို့ဆုတောင်းရင်း….
_______________________________________________________________

တီချာကြီး TTNU ကလည်း ၂၀၁၁ ခုနှစ်အတွင်းက အမှတ်တရ အဖြစ်လေးတွေကို အခုလို ပြောပြသွားခဲ့ပါတယ် …..

၂၀၁၁ ဇန္နဝါရီ
ပုဂံဘုရားဖူး (၅)ခေါက်မြောက်။ လကုန်ခါနီးမှာပဲ စာသင်နေတုန်း
နောက်ဖေးကပ်ရက်အိမ်မီးလောင်၍ သေကောင်ပေါင်းလဲ ပြေးရ။
၂၀၁၁ ဖေဖေါ်ဝါရီ
ဖခင်သဖွယ်လေးစားရသော ဆရာကြီးတစ်ဦးကွယ်လွန်၊ နာရေးလိုက်ပို့ရင်း
စိတ်မကောင်းဖြစ်ခဲ့ရ။
မြောက်ဦးဆရာတော်တရားစခန်းဝင်ပြီး ဆရာတော်ရဲ ့ မြောက်ဦးပညာရေး
ဖောင်ဒေးရှင်းအတွက် လှူနှိုင်ခဲ့။
၂၀၁၁ မတ်
(၆၁)နှစ်ပြည့်မွေးနေ့အလှူ
ဦးသုနန္ဒတရားစခန်းဝင်ခဲ့။
၂၀၁၁ ဧပြီ
ကျီးပေါင်းမသက်သာ၍ တိုင်းရင်ဆေး အပ်စိုက်ကု။ မြန်မာတိုင်းရင်းဆေးကို အထင်
ပိုကြီးလာမိ။
၂၀၁၁ မေ (မထူးခြား)
၂၀၁၁ ဇွန်
မန ္တလေးဈေးချိုနားဗုံးပေါက်၍ ချောက်ချားမိ။
၂၀၁၁ ဇူလိုင်
ဝါဆိုသင်္ကန်းကပ်။
၂၀၁၁ ဩဂုတ်
မန ္တလေး ပညာရေးကောလိပ် ဆရာဆရာမများ အတွက် English Proficiency Course
တစ်ခု မေတ္တာဖြင့် သွားရောက်ဖွင့်လှစ်သင်ကြားပေးခဲ့။
ချစ်တပည့် (Pooch) က သူရေးထားတာလေးတွေ ဖတ်စေချင်လို့ ဖိတ်တာနဲ့
MG ရွာထဲသို့ ရောက်ခဲ့။ မြန်မာလို သိပ်မရသေးလို့ ဘိုလိုရိုက်မိရာ တစ်စုံတစ်ယောက်၏
အကောခံခဲ့ရ။ (အမည်မဖော်ပြချင်ပါ)( ထို Comment ကို သိမ်းထားပါသည်။)
ရွာထဲဆက်နေရကောင်းမလား၊ ပြန်ရကောင်းမလား တွေးခဲ့မိသေး။
၂၀၁၁ စက်တင်ဘာ
အိုလို့နာခဲ့ပြီ။ သွားနှုတ်ရတယ်။ ဝါးစရာသိပ်မရှိတော့ဘူးပေါ့။
၂၀၁၁ အောက်တိုဘာ
သီတင်းကျွတ်မို့လို့ ဆရာမအိုကြီးကို လာကန်တော့ကြတဲ့ ကျောင်းသူကျောင်းသားတွေ
နဲ့ အမေ့အိမ် လူစည်နေလေရဲ ့။
၂၀၁၁ နိုဝင်ဘာ
မန္တလေးရှိ ဂဇက်ရွာသားများဖြစ်ကြတဲ့ မောင်ပေါက်၊ မောင်ဝင်းထောလခါ၊ Pooch တို့
အိမ်အလည်လာကြပြီး စကားဝိုင်းတစ်ဝိုင်းဖြစ် ခင်မင်မှုတွေ သိုင်းရစ်ခဲ့ကြ။
ကထိန်သင်္ကန်းကပ်။
ဦးသုနန္ဒ တရားစခန်းဝင်။ နိဗဒ္ဓစုဗူး (တစ်နှစ်လုံး စုရန်ကြို ယူထား) ဖောက်ရာ (၂)သိန်းလှူနှိုင်ခဲ့။
နေ့တိုင်းနည်းနည်းချင်းစုငွေဖြစ်လို့ ပို ဝမ်းသာရ။
၂၀၁၁ ဒီဇင်ဘာ
MG မှာ တော်တော်ရေးလာပြီ၊ အခြားနေရာလေးတွေမှာရေးရင်း…ရေးရင်း…
I have been surfing the internet when 2012 comes in.

_______________________________________________________________

 

+++++++++++++++++++++++++++++++++

 

by – မဟာရာဇာ အံစာတုံး

33 comments

  • ရေးချင်ပါလျက်ကယ်နဲ့ မရေးလိုက်ရ၊ မမှီလိုက်ရ မရှိရလေအောင်
    စောစော တင်လိုက်ပါတယ် ….။

    လာမယ့် ၂၀၁၃ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့ကျရင်…
    ရွာသူားများရဲ့ အမှတ်တရများကို ပေါင်းစုလို့ မှတ်တမ်းပြုမယ်လို့လည်း
    ရည်ရွယ်ထားပါတယ် …။

  • Mobile

    December 28, 2012 at 10:09 pm

    ကိုအံစာဂျီးရေ ဝင်ရောက်အားပေးသွားပါဂျောင်းးးးးးးးးးးး

    • Mobile

      December 28, 2012 at 11:46 pm

      အခုမှတ်တမ်း ကွန်မန်းကျောက်စာ ကိုတော့ဖြင့် ကိုအန်ကြီး အနိုင်ကျင့်ပြီး ရေးခိုင်းလို့
      ရေးရတာဖြစ်ပါတယ် …………..
      အရင်က မုံရွာမှာ နေကတည်းက ဒီရွာထဲကို ဝင်ဖတ်ဖူးတယ်ဗျ ကွန်မန်းတွေကိုလဲ
      တွေ့တယ်။ ဒါပေမယ့် မန်ဘာဘယ်လိုဝင်ရမှန်းသိဝူးရယ် အခု ထိုင်းနယ်စပ်ကို
      ရောက်ခါမှ အချိန်ပြည့်နီးပါး လိုင်းပေါ်ရောက်နေဒေါ့ လျှောက်ကလိရင်းနဲ့
      ဒီရွာရဲ့ မန်ဘာဖြစ်လာခဲ့တာဗျ။ ကျုပ်က အရင်ကတည်းက စာရေးရတာကို
      ဝါသနာပါတယ်။ ဟုက်ပတ်တိဒေါ့ရေးတတ်ဖူးရယ်။ ဒီရွာလေးထဲမှာ ကျုပ်အတွက်
      အသိပညာ ဗဟုသုတတွေ အင်မတန် တိုးပွားခဲ့ပါတယ်။ ပျော်ရွင်စရာတွေ
      ဗဟုသုတရစရာတွေ မိမိရေးသားချင်တဲ့ အကြောင်းအရာတွေ အတွက်လည်
      ဖတ်ရှု့အားပေးမယ့် ရွာသူား တွေရှိနေတော့ သဘောတွေ့မိပါတယ်။
      ကျနော်အတွက် ၂၀၁၂ အမှတ်တရကတော့ တစ်နှစ်လုံးနီးပါ ဆိုးခဲ့မိုက်ခဲ့တာကိုပါပဲ။
      ၂၀၁ဝ လောက်ကတည်းက အရှိန်တွေ ခုချိန်ထိ အတောမသတ်နိုင်သေးတာပါ။
      အခုတော့ ဒီကျောက်စာလေးရေးရင်နဲ့ပဲ နောင်တရမိသလို လာမယ့် ၂၀၁၃ မှာ
      အကောင်းဆုံး လုပ်ဆောင်မှုတွေ အကောင်းဆုံး တွေးခေါ်မျှော်မြင်ကြံဆမှုတွေနဲ့
      ဆက်လက်ချီတက် ခရီးဆက်နိုင်ဖို့ ကြိုးစားနေပါတယ်။ အမှန်တော့ ၂၀၁၃ ကိုကျနော်
      အမြန်ဆုံး ရောက်စေချင်နေခဲ့တာ ကြာပါပြီ။ ကျနော် ရဲ့ လပ်ကီးဂဏန်းက ၁၃ ဗျ။
      ခန္ဓာကိုယ်ပေါ်မှာလဲ တတ်တူးနဲ့ မှတ်တမ်းတင်ထားပါတယ်။ ကျနော် အသက် ၂၁ နှစ်
      ပြည့်တဲ့ နှစ် ကျနော်ရဲ့ လပ်ကီး ၂၀၁၃ ခုနှစ် သက္ကရာဇ် ထဲမှာ ကျနော်မှာရှိနေတဲ့
      အမျိုးမျိုးသော တာဝန်တွေကို အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်ဖို့ အသိတရားတွေ
      ခွန်အားတွေ အတော်အတန် ပြည့်နေခဲ့ပြီး ဖြစ်ပါတယ်။ ၂၀၁ဝ – ၂၀၁၁- ၂၀၁၂
      ဒီသုံးနှစ်အတွင်းမှာ ကျနော် တာဝန်တွေ ဝတ်တရားတွေ အမျိုးမျိုး ပျက်ကွက်တာက
      များခဲ့ပါတယ်။ ဒီသုံးနှစ်အတွင်းမှာ ကျနော် ပျက်ကွက်ခဲ့တဲ့ တာဝန် ဝတ်တရား
      အလုပ်အကြွေးတွေ အားလုံးကို ၂၀၁၃ ဆိုတဲ့နှစ်မှာ ပြန်လည် ချေပနိုင်ဖို့ ကြိုးစားရပါမယ်။
      အခြားသောသူများက ၂၀၁၃ အတွက် အလုပ်တွေကိုပဲ လုပ်ကြတဲ့ အချိန်မှာ ကျနော်
      အတွက်ကတော့ အရင် တင်ရှိနေတဲ့ ၃ နှစ်စာ တာဝန်အကြွေးတွေကိုပါ ကျေပွန်အောင်
      ဆောင်ရွက်နိုင်ဖို့ လိုအပ်နေပါတယ်။ ဒါမှသာလျှင် ကျနော်သည်လဲ တာဝန်သိတဲ့
      ယောကျာ်ကောင်းတစ်ယောက် အဖြစ်ခံယူနိုင်မှာပါ။
      ဆောင်ရွက်နိုင်ဖို့အတွက် စိတ်ဓာတ်ခွန်အားများ အပြည့်အဝ ရရှိနေပြီဖြစ်ပါကြောင်း
      ၂၀၁၃ ကိုမှန်းမျှော်လို့ စိန်ခေါ်လိုက်ရပါကြောင်းးးးးးး မှတ်တမ်းတင်လိုက်ရပါတယ်။

  • padonmar

    December 28, 2012 at 10:15 pm

    ခြောက်မျက်နှာမောင်မောင်အံရေ
    ၂၀၁၁ ထဲ အထူးခြားဆုံးကတော့ မန်းဂဇက်ချစ်သူများ စာပေဆုပေးဖို့ လုပ်ဖြစ်တာပေါ့။
    ရုန်းရင်းကန်ရင်း ရင်ဆိုင်ရင်းနဲ့ပဲ တစ်နှစ်တော့ ကျော်ခဲ့ပြီ၊
    ဂဇက်က မိတ်ဆွေ တော်တော်များများကိုလည်း မြင်ဖူးပြီ၊ခင်ဖူးပြီ။
    ကိုယ့်ကိုလည်း မြင်ဖူးသွားကြပြီ၊(ဟိုစပ်စပ်ဒီစပ်စပ် ပါလေရာရွှေမိဆိုတော့လေ )(ဦးပါလေရာနာမည် ခဏငှားသုံးပါကြောင်း)
    သွေးသောက်ညီအမတွေလည်းရလိုက်ပြီ။အကိုတွေ၊မောင်တွေ၊တူတူမတွေလည်း အများကြီးရလိုက်ပြီ။
    ဒီနှစ်ထဲ တစ်ယောက်ပြီးတစ်ယာက်(ပန်းဝင်ကုန်ကြတာ) စွံကြတာလည်း အမှတ်တရပါပဲ။

  • လုံမလေးမွန်မွန်

    December 28, 2012 at 10:41 pm

    2012 အစပိုင်းမှာ အလုပ်ပြောင်းဖြစ်ပြီး
    အလယ်ပိုင်းလောက်မှာ ရွာထဲမှာ ခြေတွေရှုပ်ဖြစ်ပါတယ်..
    နှစ်ကုန်ပိုင်းလောက်ကျတော့ ရွာပြင်ကပဲ လာချောင်းနိုင်ပါတော့တယ်…

    ကဗျာရေးရတာကိုပဲ ကြိုက်နေတဲ့ လုံမက 2012 မှာ ပို့စ်တွေကို ကြိုးစားပြီးရေးဖြစ်ခဲ့ပါတယ်…
    ရွာသူရွာသားတွေနဲ့လည်း ပိုရင်းနှီးခဲ့ပြီး ရွာကိုလည်း ပိုချစ်သွားခဲ့ပါတယ်…
    စာတွေအများကြီးလည်း ပိုဖတ်ဖြစ်ခဲ့ပြီး စာပေဆုကိုလည်း ရင်ခုန်တတ်ခဲ့ပါတယ်.(ကိုယ်မှန်းတာတော့ မဟုတ်ပါဝူး..သူများအစား ရင်ခုန်ပေးတာပါ..)

    နိဂုံးချုပ်အနေနဲ့ကတော့ အခုလိုမှတ်တမ်းတင်ခွင့်ပေးတဲ့ မဟာရာဇာကို ကျေးဇူးအကြီးကြီးပါလို့…

  • အရီးခင်လတ်

    December 28, 2012 at 10:46 pm

    မနှစ်က ရွာရဲ့ အဝင်ဝ ကနေ ရေးခဲ့တာ။

    ၂၀၁၂ ထဲ မှာတော့ ရွာ ထဲဝင်ပြီး –
    ချစ်စဖွယ် မင်းသမီးလေး က (၄)
    ခင်စရာ လ္ဘက်ရည်အဖျော်ကောင်း က (၁)
    ဖမ်းမမိနိုင်အောင် ချောတဲ့ မှင်စာလေး က (၁)
    တို့ကို ကိုယ်တိုင်တွေ့ဖူး သွားပါကြောင်း။
    မပဒုမ္မာပြောသလို သွေးသောက်ညီအမများ နှင့်တစ်ကွ (လူမမြင်ဖူးပေမဲ့) ခင်စရာကောင်းလှ တဲ့(ပုံစံရှိမဲ့) အကိုတွေ၊မောင်တွေ၊တူတူမတွေလည်း အများကြီးရခဲ့ပါကြောင်း။
    ရွာထဲ ဝင်မိလိုက်ရင် တစ်ခြား စာဖတ်ဖို့ အချိန်နဲသွားတာ နဲ့ တစ်ခြားခင်မင်သူ များနဲ့ အဆက်အသွယ် ပြတ်သွားပါတာလေးကတော့ နဲနဲ ဆိုးသွားသည်လို့ ထင်မိကြောင်း။
    မှတ်တမ်းတင်သွားပါတယ်။
    :hee:

    နောက်ပြီး ၂၀၁၂မှာ ယနေ့ပို့စ် ဆိုတာ ရှိလာတာ ရွာထဲမှာ အင်မတန်တန်ဖိုးရှိပါတယ်။
    ဒါတင်မက ၂၀၁၂ ထဲမှာ ပျောက်နေခဲ့ကြတဲ့ သူတွေ ကိုလဲ ၂၀၁၃ မှာ ပြန်လာစေဖို့ ဆုတောင်းပါတယ်။

  • မင်းနန္ဓာ

    December 29, 2012 at 12:13 am

    ရွာသားအဖြစ် မင်ဘာဝင်ဖြစ်တဲ့အချိန်ကိုတော့ မှတ်မှတ်ရရ မရှိတော့ပါ
    အိမ်က ကွန်ပျူတာမှာ ဟုမ်းပေ့ဂျ်ကို ဂေဇက်ပေးထားခဲ့
    အမြဲ ဝင်ဖတ်နေပေမယ့် ၂၀၁၁ မှာ ကွန်မင့်တောင် ပေးဖြစ်ခဲ့ရဲ့လား မသေချာဘူး ထင်ပါရဲ့
    ၂၀၁၂ မှာတော့ တကယ့်အမှတ်တရတွေနဲ့ ဂေဇတ်ရွာသား လုံးလုံးဖြစ်ခဲ့
    အစုကြီးဆေးရုံအတွက် အလှူငွေထည့်တဲ့အကြောင်း ပြောရင်း ပို့စ် စ တင်ဖြစ်ခဲ့
    အလှူခရီးကို မိသားစုနဲ့အတူသွား ရွာသူားတွေနဲ့ တစ်သားတည်းဖြစ်ခဲ့
    ပို့စ်တွေလည်း ဆက်ရေးခဲ့ လက်သွေးခဲ့
    ကွန်မင့်တွေနဲ့ မပျက်ပေးခဲ့
    ရွာသားအဖြစ်က ဘယ်တော့မှ မထွက်ချင်ခဲ့
    အို့ အို.. အရူးအမူးပဲ (မိုက်ထှာ စိုင်းစိုင်း သီချင်းအတိုင်းပဲ)
    ၂၀၁၂ မှာလည်း ရွာသားဖြစ်ခဲ့
    ၂၀၁၃ မှာလည်း ရွာထဲမှာ ပျော်အုံးမယ်
    အိုဗျာ.. ဂေဇက်ဟာ ကျုပ်ရဲ့ ဒုတိယ မိသားစု ဘဝလို့သာ ပြောလိုက်တော့မယ်..

    • မင်းနန္ဓာ

      December 29, 2012 at 12:21 am

      မှားသွားတယ်ထင်လို့ ပြန်ကြည့်တာ ဟုတ်ပ အစုကြီးအလှူမဟုတ်
      မ etone ရဲ့ စုပေါင်းအလှူကို ငွေလွှဲကြောင်းပို့စ်လေး ၂၈-၁-၂၀၁၂ မှာ ပထမဆုံးပို့စ် တင်ဖြစ်ခဲ့တာ

  • Mလုလင်

    December 29, 2012 at 2:43 am

    2012 မှာ ဒါ့ပုံရိုက်တယ် ….. 2013 မှာလဲ ထပ်ရိုက်ဦးမှာပဲ …. ထူးခြား တာကတော့ ချစ်စရာ့ အရွယ်လို မျိုး ခေါင်းစဉ်အတွက် model အထူးတလည် ရှာစရာ မလိုတော့မယ့် 2013 ပဲ … :kwi:

    • ရွှေ ကြည်

      December 29, 2012 at 8:24 am

      ကိုလုင် ဘယ်တော့လဲဗျနီးနေပြီလား မဒမ်ကိုဂရုစိုက်ပါဗျို့ ..။ သားသားလား မီးမီးလား သိရပြီလားဗျ။ ဝမ်းသာဂုဏ်ယူပါကြောင်း။

      • Mလုလင်

        January 2, 2013 at 12:11 am

        ရွှေကြည် ရေ့ .. လာမယ့် မြန်မာ နှစ်ကူး ပတ်လည် ဗျ .. နီးသေးဘူး .. ပြောလို့ ရသလို နီးပြီ လို့ လဲ ပြောလို့ ရတဲ့ အနေအထားဗျ ..။

  • ရွှေ ကြည်

    December 29, 2012 at 8:29 am

    ၁၀၁၂ မှာ နှစ်စပိုင်းလောက်မှာ ရွာသူဖြစ်ခွင့်ရခဲ့ပြီး ရွာကိုခင်မင်ပျော်ရွှင်ခဲရသလို အလှူတွေလည်း စုပေါင်းလုပ်ပေးကြလို့ ကြည်နူးရပါတယ် ခင်မင်ရတဲ့ ရွာသူားတွေနှစ်သစ်မှာပျော်ရွှင်ပါစေ
    တို့တိုင်းပြည်ကြီးလည်းတိုးတက်ပါစေ နှစ်သစ်နဲ့အတူ ခေတ်သစ် စနစ်သစ်တွေပေါ်ထွန်းနိုင်ပါစေ
    ခြင်္သေ့ကျွန်းကိုရုတ်တရက်ကြီးထွက်လာရတာတော့ ခံစားရခက်ခဲ့တဲ့ခံစားချက်ကြီးပါပဲ ကြီးမားတဲ့အပြောင်းအလဲကြီးပေါ့..။

  • Shwe Tike Soe

    December 29, 2012 at 8:54 am

    တားတားဂတော့ ကြင်သူသက်ထားဇနီးမယားလေးတစ်ယောက် အဖတ်တင်လိုက်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး ခိခိခိ..

    ၂၀၁၂ခုနှစ် အတွက် ခွင့်လက်ကျန် ကုန်သွားပါကြောင်း……..အဲဒီအတွက် ခွင့်ပြန်အမ်းငွေ မရတော့ပါကြောင်းးးးးးးး…

    ဒီနှစ် မီးပုံးအရုပ်လုပ်ပြီး တောင်ကြီးတန်ဆောင်တိုင် ကို နွှဲပြီး ရွာထဲ ပတ်ကြွားလိုက်နိုင်ပါကြောင်းးးးးး

  • MaMa

    December 29, 2012 at 9:00 am

    အရင်ကဆိုရင်တော့ မဟာအာပလာ လောက်တော့ ……..
    ပျင်းတောင် ပျင်းသေးတယ်ဆိုပြီး ကြောက်မှာ မဟုတ်ဘူး။

    ခုတော့ ဟိုတလောကမှ ခရီးကပြန်လာပြီး လက်နက်ကြီးငယ်၊ အနီးပစ် အဝေးပစ်တွေ ကိုင်ဆောင်ထားတာ သိနေတော့ မဖြစ်ချေဘူးဆိုပြီး မကြောက်ချင်ဟန်ဆောင်ပြီး ဝင်ရေးလိုက်ရတယ်။ :kwi:

    2011 ပြီးတော့ 2012 ဘာာာာာာာာာ တွေများးးးးးးးးးးးးးးး ထူးခြားကောင်းစား လာမလဲလို့……………. မျှော်လင့်စောင့်ကြိုခဲ့တယ်။

    ခုတော့လည်း ဘာတွေမှ ထူးခြားဆန်းပြားမလာပဲ တာ့တာ ပြရတော့မယ်။ :eee:

    ကဲ-
    နောက်လာမယ့် 2013…….
    ချစ်သူခင်သူ မိတ်ဆွေများအားးးလုံးးးး
    ကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံလို့ ပျော်တပြုံးပြုံး မော်မဆုံးးးး ဖြစ်နိုင်ကြပါစေ။ :hee: :hee: :hee:

    • MaMa

      December 29, 2012 at 9:21 am

      ၂၀၁၂ မှာ မှတ်မှတ်ရရ…..
      ၁။ ကိုယ့်ဘဝအတွက် ဒုတိယမွေးနေ့ ၂၁-၈-၂၀၁ဝ
      (MG ကို Sing In စလုပ်တဲ့နေ့)
      ၂။ စကားစပြောတတ်တဲ့နေ့ ၈-၉-၂၀၁၁
      (MG မှာ Comment စပေးတဲ့နေ့)
      တွေကို သိခွင့်ရခဲ့တယ်။
      :hee:

      ၃။ မန်းဂဇက်ရွာရဲ့ အလှူတစ်ခုအနေနဲ့ အစုကြီးဆေးရုံအလှူဖြစ်မြောက်အောင်ပါဝင်ဆောင်ရွက်နိုင်ခဲ့တယ်။
      ၄။ မန်းဂဇက်ချစ်သူများ စာပေဆု ဖတ်ရွေးအဖွဲ့မှာ ပါဝင်ခွင့်ရခဲ့တယ်။
      ၅။ နိုဝင်ဘာလအတွက် မန်းဂဇက်ချစ်သူများစာပေဆုရှိသူကို ကြေညာပေးခွင့်ရခဲ့တယ်။

  • ခင်ခ

    December 29, 2012 at 10:00 am

    ၂၀၁၂ ခုနှစ် မေလ ၁၈ ရက်နေ့မှာ ဂဇက်ရွာသားအဖြစ်ရောက်ရှိကာ ပထမဆုံးပိုစ့် စတင်ရေးခဲ့ပါတယ်။
    ၂၀၁၂ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ ၄ရ နှစ်ပြည့်မွေးနေ့အတွက် ၄ရ ခုမြောက်ပိုစ့် ရေးတင်ခဲ့ပြီး၊
    ၂၀၁၂ ခုနှစ် အတွင်း ၁၄၅ ပိုစ့်ဘဲ ရေးတင်နိုင်ခဲ့ပါတယ်ဗျာ။
    ခင်ခ အတွက်တော့ ၂၀၁၂ မှာ ဂဇက်ရွာသားအဖြစ် ရင်းနှီးနေခွင့်ရခဲ့တာ အလွန်ဝမ်းသာမိတယ်ဗျ
    ကို မဟာရာဇာ အံဇာတုံး ရေ။ အဲဒါ ခင်ခ နဲ့ ဂဇက်ရဲ့ အမှတ်တရပါဘဲဗျို့။

  • Novy

    December 29, 2012 at 10:10 am

    2011/12/12 မှာ အချိုပွဲလေးစာပါအုံးပိုစ်နဲ့ ဓါတ်ပုံတွေစတင်ဖြစ်တယ်
    မအူမလည်လေးနဲ့ ဓာတ်ပုံတွေမပေါ်ခဲ့ဘူး
    2012 မှာတော့ ရွာသူားတစ်ချို့နဲ့ ခင်ခွင့်ရခဲ့တယ်
    နာရေးကူညီမှု့ အလှူ
    ဧရာဝတီတိုင်း- အစုကြီးအလှူ
    ရခိုင်ပြည်နည်အတွက် အလှူ
    တွံတေးက ဘက အလှူ
    အလှူ၄ခုကို ရွာသူားတွေနဲ့ လက်တွဲပြီးလှူခွင့်ရခဲ့တယ်
    2013ကို ကြိုနေအုံးမယ်လို့

  • ဦး ကျောက်ခဲ

    December 29, 2012 at 10:29 am

    ၂၀၁၁ ဦးကျောက် ရွာ့အပြင်ကနေ စာဖတ်တယ်…….
    ၂၀၁၂ ဂျူလိုင်လ၊ ရွာထဲကို တိတ်တိတ်လေးဝင်ပြီး စာရေးတယ်…..
    ရွာသူ/ရွာသားများနဲ့ ခင်မင်မိတ်ဆွေဖြစ်၊ ဆုံ ဖြစ်ကြတဲ့ အထိပါ။

    ဂဇတ်မှာ စာဖတ်တာ၊ အသိဉာဏ်လဲတိုး မိတ်ဆွေလဲတိုး၊ ဘဝမှာလဲ တူမလေးတစ်ယောက်တိုး…..
    ၂၀၁၃ မှာ ကြင်နာမယ့်သူတိုးပါစေလို့ ကိုယ့်ကိုယ်ကို ဆုတောင်းပါ၏……….

  • Thu Wai

    December 29, 2012 at 10:47 am

    ရှိသမျှ အကောင့်တွေ Password တွေကို ဒိုင်ယာယီထဲမှာချရေးခဲ့တယ် ။
    ၂၀၁၃ မှာ မတော်တဆ သေသွားခဲ့ရင် ၂၀၁၂ မှာဘာတွေလုပ်ခဲ့တယ်ဆိုတာ ကျန်ရစ်သူမိသားစုတွေသိနိုင်အောင်လို့

  • မောင်ပေ

    December 29, 2012 at 12:10 pm

    ညီငယ် ကွမ်းသမား အံစာတုံးရေ
    ကွမ်းသမားချင်းချင်း ကွမ်းဘယ်လို စားရတယ်ဆိုတာလေး ငံပြရရင်
    ဘာဓါတုဆေးမှ မသုံးတဲ့ ကွမ်းနုဝါလေး ကို နို ့နဲနဲထည့် အုန်းရေ နဲ ့ဖောက်ထားတဲ့ ထုံးနုနုလေး သုတ်ပြီး
    မုံရွာဘက်ကထွက်တဲ့ သံယောဇဉ် ရှောက်ပေါင်းအရည်လေးထည့်
    ပြီးရင် တောင်ငူ ကွမ်းသီးခြမ်းတွေကို ရေနွေးနဲ ့၂ရည်လောက် စိမ်ပြီး ၊ သေးသေးမှုန်မှုန်လေးတွေဖြစ်အောင် ကတ်ကြေးနဲ ့ကိုက်
    အဲဒါတွေပေါင်းယာပြီး ပါးစပ်ထဲ တစ်ယာသွပ်လိုက်ရလို ့ကတော့
    တစ်မြိန် ့မြိန် ့လေး ဝါးရင်း
    လောကကြီးဟာ တော်တော်သာယာနေပျော်စရာပါလားလို ့ ဖြစ်မိတယ်ကွဲ ့
    ၂၀၁၃ မှာ ပြောဖို ့အတွက်ကတော့
    မောင်ပေ သည် ၂၀၁၂ နှစ်ဆန်းပိုင်းတွင် ဘဝပျက်လုနီးပါးဖြစ်ခဲ့ရာမှ ၂၀၁၂ နှစ်ကုန်ပိုင်းကြမှ အလုပ်လေး နဲနဲပြန်အဆင်ပြေလာသလိုလိုနဲ ့ ဘဝကို ပြန်ရုန်းနေရတယ် ဆိုတာ
    အဲဒါ အဲဒါလေးပါပဲ

  • ဗုံဗုံ

    December 29, 2012 at 2:40 pm

    ၂၀၁၂ မှာကိုယ့်ရဲ့ထူးခြားချက်ကတော့
    (၁) ဇန်နဝါရီလမှာ ကိုယ်နှစ်သက်တဲ့ စာတွေကို သင်ပေးရတဲ့ ဆရာမ တစ်ယောက်ဖြစ်ခဲ့တယ်
    (၂) နိုဝင်ဘာလမှာ ကိုယ်လေးစားတဲ့ ယုံကြည်မှုတွေအများကြီးနဲ့ ချစ်ခဲ့တဲ့ ချစ်သူကို တွေ့ရှိခဲ့တယ်
    (၃) ဒီဇင်ဘာလမှာ ခင်စရာအကောင်းဆုံး သူငယ်ချင်းတစ်ယောက်လည်း ရခဲ့တယ်
    လာမယ့် ၂၀၁၃ မှာတော့ နှစ်လယ်လောက်မှ မြန်မာပြည်ကို ပြန်လာမယ့် ချစ်သူကို လွမ်းနေရင်း စာတွေသင်နေရင်းနဲ့ဘဲ အေးအေးချမ်းချမ်းလေး ဖြတ်ကျော်သွားမှာပါ
    ဒီလိုခံစားချက်တွေကို ရေးဖို့ဖန်တီးပေးတဲ့ အံချာတုံးကိုလည်း ကျေးဇူးအထူးတင်မိပါတယ် 🙂

  • ခိုင်ဇာ

    December 29, 2012 at 2:43 pm

    ၂၀၁၂ ထဲမှာ ထူးခြားတာ…………..

    စက်တင်ဘာလ – ဘာမွေးနေ့ လက်ဆောင်မှ မရတဲ့ နှစ်။ အဟင့်။

    အောက်တိုဘာလ – ရွာထဲ ရောက် မိတ်ဆွေအသစ်တွေရ။

    နိုဝင်ဘာလ – တစ်လလုံး ရွာထဲပျော်နေ။ (ဘယ်နေရာမှ အဲလောက်ကြာကြာ အာရုံမကျဖူးဘူး)

    ဒီဇင်ဘာ – အချစ်ဆုံးမောင်လေး မင်္ဂလာဆောင်သွားပြီး နှမြှောလို့ ငိုရတယ်။ ဟီး။ (သူ တို့ချင်းချင်းချစ်ပြီး အိမ်တွေက သဘောတူလို့ ယူတာကို Drama Queen ဇာတ်လမ်းလုပ်လာတာ။) :kwi:

    ကျန်တဲ့ လတွေက မထူးခြားပါဘူး။ ဒီ “ဘာ လေး ဘာ” ပဲ နည်းနည်းပြောစရာရှိတယ်။ :hee:

  • ကျနော့်အတွက် … ၂၀၁၂ …

    ဟုတ်ကဲ့ …..။
    စိန်ဗိုက် ပြောသလိုပဲ …
    ၂၀၁၁ အတွင်းမှာ တစ်ကိုယ်တော် ဘလော့ဂ်ဂါ အဖြစ် ကျင်လည်နေရာကနေ …
    ၂၀၁၂ အတွင်းမှာတော့ မန်းဂဇက် ရွာသားအဖြစ် ထဲထဲဝင်ဝင် ဖြစ်လာခဲ့တဲ့ နှစ်တစ်နှစ်ပါပဲ ….။
    တစ်နည်းအားဖြင့် ….
    MandalayGazette Social Blogging အတွင်းကို စိတ်ပါလက်ပါ သက်ဆင်းခဲ့တယ်လို့ ဆိုနိုင်လေမလားပဲ …။

    ဒီရွာကြီးအတွင်း ဟိုပြောဒီပြော ရွှတ်နောက်နောက် လျောက်ပြောရင်းက …
    ခင်မင်စရာ မိတ်ဆွေများကိုလည်း ရခဲ့တယ် …
    ဒါပေမယ့် … တစ်ခါတစ်ခါမှာတော့လည်း တွေးမိတယ် …
    ဒီလို ရွှတ်နောက်နောက် လျောက်ပြောနေတာ ကိုယ့်ကိုယ်ကို တန်ဖိုးကျရာ၊ ဈေးပေါရာ ရောက်နေလေသလားပေါ့ …..။
    ဒါပေမယ့်လို့လည်း ဒီစတိုင်ဟာ ဒီစတိုင်ပါပဲ ….။ :mrgreen: :mrgreen: :mrgreen:

    ဒီလိုနဲ့ပဲ ….
    ၂၀၁၂ အတွင်းမှာ ကျနော့်ရဲ့ သမိုင်း စာမျက်နှာမှာ …
    ပြောင်ချော်ချော် အမူအယာတွေနဲ့ပဲ ချယ်သ ရေးဆွဲမိခဲ့တယ် ဆိုပါတော့ …..။

    ဒါလေးကတော့ ဒီ ၂၀၁၂ အတွက် အမှတ်တရ အသွင်ပြောင်းဖြစ်ခဲ့တာလေးပေါ့ ခင်ဗျာ ….။

  • koaung

    December 29, 2012 at 6:09 pm

    မပေါပါဘူးကွယ်ချောပါတယ် :mrgreen:

  • Mr. MarGa

    December 29, 2012 at 8:49 pm

    ကဲ
    တောင်းတောင်းပန်ပန်နဲ့ မန့်ခိုင်းလို့ မန့်မယ်နော်
    ၂၀၁၂ ခုနှစ် နှစ်စပိုင်းမှာ
    ရွာထဲကို မဝင်တချက် ဝင်တချက်ပေါ့ဗျာ
    ရွာသက်သာ ရှည်တာရယ် မဝင်ဖြစ်တာက ပိုများပါတယ်
    နှစ်ကုန်ပိုင်းမှသာ ပုံမှန်လိုလို ဝင်ဖြစ်သွားတယ်
    ဝင်ဖြစ်ပြန်တော့ ရွာသားတစ်ယောက်အဖြစ်နဲ့ ဖတ်ရွေးတစ်လ လုပ်ပေးနိုင်ခဲ့ပါတယ်။
    အဲဒါကတော့ ရွာနဲ့ပတ်သက်သော အမှတ်တရလေးပေါ့
    ကိုယ်တိုင်ကတော့
    တစ်သက်တာအတွက် အမှတ်ထင်ထင် ဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဒီနှစ်အတွင်းမှာ ဖြစ်ခဲ့တယ်
    အဲဒါကတော့ ၂၀၁၂ အမှတ်တရပါပဲ

  • koaung

    December 31, 2012 at 10:44 am

    လောလောဆယ် ပြည်ပမှာ ကျင်လည်နေရပေမဲ ့ မြန်မာစကား မြန်မာစာကိုု အကောင်းဆုုံးဖြစ်အောင်
    လေ့လာလေ့ကျင့်နေသလိုု အားလုုံးပေါင်း ဘာသာစကား၅မျို ုုးနဲ ့ပြည်ပမှာ လိမ်စား (အဲလေ)လုုပ်စား
    နေရသလိုု မြန်မာပြည်ဖွားဖြစ်ရတာ ဝမ်းသာဂုုဏ်ယူလျှက်

    ဒေါင်းယောင်ဆောင်နေရရှာသော ကျီးကလေး မောင်အောင်. :mrgreen:

  • Mon Kit

    December 31, 2012 at 11:43 am

    မွန်ကစ် လည်း 2012 ခုနှစ် မေလပိုင်းထဲမှာ ဂေဇတ်ရွာထဲ ဝင်ရောက်ပီး စာတွေ ဖတ်ဖြစ်ခဲ့တယ်..
    စာပေဟင်းလေးအိုးကြီးနဲ့တူတဲ့ မန်းဂဇတ်ကို တစ်စ တစ်စ စွဲလန်းလာလို့ တစ်နေ့ မဝင်ဖတ်ဘဲ မနေနိုင်အောင် ဖြစ်လာခဲ့ပါတယ်လို့..
    ထူးခြားချက်ကတော့ စာကြည့်မျက်မှန်ပါ တပ်ဖြစ်ခဲ့တဲ့ နှစ်လို့ ဆိုရပါမယ်… :hee:

  • ဟေးးးးးးးးးးးးးးးးးးးးးးးးးလာတော့မယ် 2013
    2012 ကတော့ ကျန်ခဲ့တော့မယ်။
    2012 ဓါတ်ပုံအရိုက်များပါတယ်။
    ပို့စ်အရေးနည်းသွားပါတယ်။
    ကြွယ်ရမယ်ဆိုရင်တော့ မော်ဒန်ဂျာနယ်မှအဗျုးခံရပါတယ်။
    ###############################
    ###############################
    မြနန္ဒာဂျာနယ်(မန်းလေးအခြေစိုက်)မှာ မန္တလေးအတွေးဆိုတဲ့ ကဏ္ဍမှာ ပင်တိုင်ရေးဖြစ်ပါတယ်။
    ဝမ်းနည်းစရာကတော့ မိတ်ဆွေအချို့နဲ့ယာယီလမ်းခွဲခဲ့ရပါတယ်။
    (ကျနော်ဆိုးလို့ပါ)

  • Shwe Ei

    December 31, 2012 at 4:22 pm

    ၂၀၁၂ မှာ မန်းဂဇက် ရွာသူရွာသားများနဲ့ အကြိမ်ပေါင်းများစွာ ဆုံဖြစ်တယ်။
    မန်းဂဇက်ကျေးဇူးနဲ့ အလှူရေစက် လက်နဲ့မကွာလှူဖြစ်တယ်။
    ကိုယ်ပိုင်အားလပ်ရပ် ခရီးထွက်ဖြစ်တာတောင် မန်းဂဇက်က
    ရွာသူရွာသားတွေနဲ့ ဆုံရသေးတယ် (တကူးတကန့်လာတွေ့ပေးကြသူများကို
    ကျေးဇူးတင်ပါကြောင်း)။
    တနှစ်လုံးနေမှ ရွာထဲမှာ ပို့စ် နှစ်ပုဒ်ဘဲ တင်ဖြစ်တယ်။ (ရှက်ထှာ)
    မန်းဂဇက်ကရတဲ့ အသိပညာ ဗဟုသုတတွေအတွက် အကျိုးရှိတဲ့နှစ်တခုပိုင်ဆိုင်ခဲ့ရပါတယ်။
    နှစ်သစ်အတွက် အကျင့်ဟောင်း အကျင့်ဆိုးလေးတွေ ပယ်ပြီး
    အကျင့်သစ် အကျင့်ကောင်းလေးတွေ သယ်နိုင်ကျပါစေကြောင်း ဆုတောင်းလိုက်ရပါတယ်။

  • Moe Z

    January 1, 2013 at 10:53 am

    ဒီတစ်ခါ အတည်ရေးမယ် 🙂
    – ရည်မှန်းချက်အတွက် လှေကားတစ်ထစ်တက်ရတဲ့နှစ်ပါ..
    – ကိုယ်ပိုင်အချိန်မရှိသလောက်ရှားပြီး ရွာထဲသိပ်မရောက်ဖြစ်ခဲ့ဘူး …
    – ရတဲ့အချိန်လေးမှာတော့ ဘယ်တော့မှမေ့မရတော့မယ့်ခရီးလေးတစ်ခု ထွက်ဖြစ်တယ်
    – စိတ်တူကိုယ်တူသိပ်မဟုတ်ပေမယ့်၊ ဘဝတစ်ခုလုံးမဟုတ်ပေမယ့် ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် အပြန်အလှန်ယုံကြည်လေးစားရတဲ့သူကို လက်တွဲဖော်အဖြစ်ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့တယ်…

    သဂျီးနဲ့တကွ ရွာသူရွာသားအားလုံး နှစ်သစ်မှာပျော်ရွှင်ပါစေ..ဖြစ်နေတာနဲ့ဖြစ်ချင်တာတွေ ထပ်တူကျပါစေ
    အူးလေး အံချာဒုံးလည်း လူပျိုဂျီး ဘဝက ကျွတ်ပါစေ :mrgreen:

    • ဦးကြောင်ကြီး

      January 2, 2013 at 11:16 am

      စက်ရက်လိုက်တာ မိုးစက်ဂလေးရယ် ဦးခင်မျာတော့ မျှော်လို့ကောင်းတုံး… ဦးကြောင်ကို ရွေးရင်လေ ဘဝတခုလုံးမကဘူး နှစ်ခုသုံးခု အများကြီးရမှာ….။ ခြစ်ညီအမတွေ တပြုံတခေါင်းကြီးနဲ့ ဦးကြောင်အနားမှာ ဘယ်လောက် ပျော်ဖို့ကောင်းလိုက်မလဲ.. ပြန်စဉ်းစားပါ။

  • နွယ်ပင်

    January 1, 2013 at 3:38 pm

    2012 မှာ သိပ်ထူးထူးခြားမရှိခဲ့ပင်မယ့် အရင်တုန်းကတည်း လုပ်ချင်ခဲ့တဲ့
    လူမူရေး လုပ်ငန်းလေးတွေကို ဒီရွာကလေးက ရွာသူားအချို့နဲ့ အတူတူလုပ်ဖြစ်ခဲ့တယ် …
    ဒီအဖွဲ့လေး ရေရှည်တည်တံအောင် လုပ်မယ်လို့လည်း စိတ်ကူးထားတယ် …
    2012 မှာ စဉ်းစားထားမိပြီး အကောင်အထည် မဖော်ဖြစ်တာလေး တစ်ခုလည်း ရှိသွားတယ် …
    ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်မှာ ရွာသူားတွေအားလုံး စိတ်သစ်လူသစ် စိတ်ကူးအသစ်တွေနဲ့ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် ….

  • surmi

    January 1, 2013 at 11:47 pm

    2011 တုန်းက ရေးခွင် ့မကြုံလိုက်ပါဘူး ..။ကျနော်ရွာပြင်ခဏထွက်နေလို့ပါ ….။
    စိတ်ထင် မန်ဘာစဖြစ်တာက ၂၀၁၁ ဂျူလိုင်လကုန်ပိုင်း (သို ့) ဩဂုတ်လ ဆန်းပိုင်းလောက်ထင်ပါရဲ ့ …။
    ပို ့စ် စတင်တော့ ဩဂုတ်လနှောင်းပိုင်းပါ ….။ အောက်တိုဘာ လောက်အထိရွာထဲမှာ နေခဲ့ပြီး
    အသံတိတ်စာဖတ်ပြီး ပို ့စ် (၅) ပုဒ်ရေးဖြစ်ခဲ ့ပါတယ် ။ (၃) လလောက် ရွာထဲထွက်ခဲ ့ပြီး
    မအိတုန်တို့ စလုပ်ခဲ့တဲ့ နာရေးကူညီမှုအသင်းအလှူပို့စ်ကို ဖတ်မိရာက ၂၀၁၂ မှာ ရွာထဲမြဲနေတာပါ …
    ၂၀၁၂ မှာ မထင်မှတ်ပဲ စာတော်တော် ရေးဖြစ်ပါတယ် ( တစ်လသုံးပုဒ်နှုံး ) ။
    မိတ်ဆွေတွေ တိုးခဲ ့တယ် ….။
    ဒီရွာမှာ ပျော်ပိုက်လွန်းလို့ အခြားပျက်ကွက်ခဲ ့တာတွေလည်း ရှိခဲ ့တာပေါ ့ …။
    ၂၀၁၃ …. ဆက်ပျော်ဦးမှာပါ …
    ပိုပြီး ရွာသူားခြင်း နားလည်လာပါတယ် ..။

Leave a Reply