Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖွတာလဲ မဟုတ်…မွ တာလဲ မဟုတ်…တို့ တာလဲ မဟုတ်…ရှို့တာလဲ မဟုတ်….ဝေဖန်တာလဲ မဟုတ်…လေကန်တာလဲ မဟုတ်….ကိုယ့်ဘက်ကပဲ မြင်ရတဲ့ တခြမ်းပဲ့ အမြင်လေးပေါ့….

johnnydeerMarch 27, 20131min117045

ကျွန်တော်တို့က ဗုဒ္ဒဘာသာတွေပါ….

စောင့်ထိန်းရတဲ့ ငါးပါးသီလထဲမှာ ဘာမစောင့်ထိန်းနိုင်နိုင် ကာမေသုတော့ ထိန်းနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်…ဒုသနသော ဆိုတာလဲ တအားကြောက်ပါတယ်…
မုဒိန်းမှုဆိုတာ အရွံရှာဆုံး ပြစ်မှု တစ်ခုပါ….
ကျေးဇူးပြုပြီး အဲ့ဒီ ပြစ်မှုကို မကျုးလွန်ကြပါနဲ့….

မကျေနပ်လို့ ပေါက်ကွဲထွက်ချင်နေပါသလား….ဒေါသထွက်လို့ လူသတ်ချင်နေသလား….
ဒါးနဲ့ ထိုးသတ်ပစ်လိုက်…
ခေါင်းကို ဒုတ်နဲ့ ရိုက်ခွဲပစ်လိုက်….ဘာမှ ဖြစ်မသွားဘူး…
လည်လှီးတော့ မသတ်ပါနဲ့….
လည်လှီးသတ်တယ်ဆိုတာ ကျွန်တော်တို့ အရွံရှာ အစက်ဆုတ်ဆုံး လုပ်ရပ်ပါ…
မုဒိန်းမှု ကျုးလွန် လည်လှီးသတ်ဆိုတာကတော့ ပြောဖွယ်ရာမရှိပေါ့….ဘယ်လောက်စက်ဆုတ်လိုက်သလဲဆိုတာ…

နောက်ပြီး….
သတ္တဝါတွေ အမျိုးမျိုး ရှိတဲ့အထဲ လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုတော့ စားဖို့ စပါးကို နွားနဲ့ပဲ ဒိုးတူဘောင်ဖက် လုပ်နေကြရတာပါ….
လယ်ထွန်ရင်တောင် ဖေ့သားကြီး နေမမြင့်ခင်လေး ရုန်းထားဦးဆိုပြီး ချစ်စဖွယ် ပြောခိုင်းတတ်တာပါ…
နွားဆိုတာကို တိရ စ္ဆန်လို့တောင် မြင်တတ်တဲ့ လူမျိုး မဟုတ်ကြပါဘူး…မိသားစုဝင်တစ်ယောက်လို သဘောထားတဲ့ လူမျိုးပါ….
မဖြစ်မနေ သတ်ရလို့ ထွက်လာတဲ့ အသားကိုတောင် နွားသားလို့ မခေါ်ရက်လို့ အမဲသားလို့ ပြောင်းခေါ်ခဲ့တဲ့လူမျိုးတွေပါ….
ကျွန်တော်တို့ သိပ်ချစ်တဲ့ …ထမင်းရှင်လို့ ယူဆထားတဲ့ နွားတွေကို ကျွန်တော်တို့ ရှေ့မှာ ကျေးဇူးပြုပြီး ပျော်ပျော်ပါးပါးကြီး သတ်မပြကြပါနဲ့….

နောက်ပြီး ယောက်ကျား နဲ့ မိန်းမ ချစ်ကြမလား….ယူကြမလား…ချစ်လေ…ယူလေ…
ရပါတယ်…ဘာမှ မဖြစ်ပါဘူး…
ဗုဒ္ဒဘာသာနဲ့ ယူလို့ ဗုဒ္ဒဘာသာထဲ ဝင်ရမယ်လို့ ဘယ်ဥပဒေမှ ပြဌာန်းမထားပါဘူး…
ဘယ်သူမှလဲ အတင်း မဝင်ခိုင်းပါဘူး…
မဝင်လဲ ရိုက်နှက်ပြီး ဇွတ်မဝင်ခိုင်းပါဘူး…ကိုယ် ယုံကြည်ရာပေါ့…
ဒါပေမယ့်…ယူတဲ့ သူတိုင်းကို သူများဘာသာထဲ ဇွတ်ဆွဲသွင်းသွားတာကိုတော့ မှန်တာပြော ဘယ်လိုမှ လက်ခံလို့မရပါဘူး…ကျေးဇူးပြုပြီး ဒီလိုလဲ မလုပ်ပါနဲ့…

သည်းခံတတ်ပါတယ်…
မြတ်စွာဘုရားကလဲ သည်းခံဖို့ချည်း ဟောထားလို့ သည်းခံတတ်အောင် အကုန်လုံး လေ့ကျင့်နေတဲ့ လူစားမျိုးတွေပါ…
ဒါပေမယ့်….ဒါပေမယ့်ပေါ့လေ….
အပေါ်က ပြောထားတာတွေ…ကျွန်တော်တို့ မကြိုက်တဲ့ဟာတွေ မလုပ်ပဲ နေကြည့်ကြပါလား…
ဘာသာတွေ အကုန်လုံးချစ်ခင်စည်းလုံးနေလို့ရတယ်…
လည်ပင်းဖက် ပေါင်းလို့ရတယ်…
ထာဝရ ငြိမ်းချမ်းစွာ နေလို့ရတယ်…
ငြိမ်းချမ်းရေးတရားတွေပေါ့…

(လက်တခု ဖြစ်လာဖို့အတွက် လက်ဝါးဖက်က ကြည့်ဖို့ လိုသလို …လက်ဖမိုးဖက်ကလဲ ကြည့်ဖို့ လိုပါတယ်…ဒီတင်ပဲလား…မကသေးပါဘူး…လက်ချောင်းလေးတွေ ထိပ် အပေါ် ဗျုးကနေ ကြည့်ဖို့လဲ လိုအပ်ပါတယ်…အမြင်တွေ အားလုံးပေါင်းစပ်လိုက်မှ လက် ဆိုတာကို အမှန်အတိုင်း ပုံသဏန် ပေါ်လာမှာပါ….ဒါကတော့ လက်ဖဝါး တခြမ်းထဲ မြင်တဲ့ အမြင်တခုထဲနဲ့ ရေးထာတာပါ…ကျန်တဲ့ အမြင်တွေ ထွက်လာစေချင်တဲ့ စိတ်နဲ့ ရေးထားတာပါ…ဒါမှ ငြိမ်းချမ်းရေးဆိုတဲ့ ပုံစံအစစ်အမှန်ပေါ်လာမှာပါ….)

(အရင်တုန်းကတော့ ဘာသာရေးနဲ့ ပတ်သက်လို့ တော်ယုံတန်ယုံ ဆွေးနွေးခဲပါတယ်…အမုန်းများမယ်…ရန်ဖြစ်မယ်ဆိုပြီးတော့လေ…အဲ့ဒီလို မဆွေးနွေးခြင်းဟာလဲ ပြသနာကို ပိုမိုကြီးထွားစေတယ် လို့ ပဲ ကျွန်တော် တော့ မြင်တာပါပဲ….ကျွန်တော့်အမြင်ပေါ့…ရည်ရွယ်ချက်ကတော့ ငြိမ်းချမ်းရေးအတွက် ရေးတာပါ…လိုရင်းမရောက်လို့ကတော့ ရေးသားသူရဲ့ ချွတ်ယွင်း အားနည်းမှု သက်သက်သာ ဖြစ်ပါတော့တယ်)

(ကျောင်းတုန်းက Drawing သင်တော့ ခွက်တလုံး ဆွဲတယ် ဆိုပါတော့…Front View သမားက လေးထောင့်ဆွဲတယ်….TOP View သမားက အဝိုင်းဆွဲတယ်…Side View သမားက သူ့အမြင် ထပ်ဆွဲတယ်…အားလုံးပေါင်းမှ ခွက်တလုံး ဖြစ်လာတာပဲ မဟုတ်လား….တခါတလေတော့လဲ Missing View ကို မြင်ကြည့်လို့မရတာတော့ ဘယ်တတ်နိုင်မလဲနော)

45 comments

  • kai

    March 27, 2013 at 4:55 am

    Chile Passes Hate Crime Law After Anti-Gay Killing | Fox News Latino
    latino.foxnews.com/…/chile-passes-hate-crime-law-after-anti-gay-killi…
    Jul 12, 2012 – Chile’s president signed an anti-discrimination bill into law on … Chile to pass legislation against hate crimes and discrimination after the killing.

    သူများနိုင်ငံတွေက.. လုပ်နေကြပြီ..လုပ်ခဲ့ကြပြီ..
    Anti-discrimination law, Hate Crime Law တဲ့..။
    လူလူချင်းခွဲခြားနှိမ့်ချမှုတိုက်ဖျက်ရေးဥပဒေပါ..။ အဲဒါ.. မြန်မာပြည်မှာ.. မြန်မြန်ပြဌာန်းသင့်နေပြီဖြစ်ပါကြောင်း..။

    ==
    ဆိုတော့…
    သူက.. အခြောက်မို့လို့.. အလှပြင်တာ.. ဆီလီကွန်ထည့်တာ.. ငါကရွံ့ရှာတယ်လုပ်ပြီး. တားမြစ်ရန်အခွင့်မရှိ..။
    သူမက.. မိန်းမမို့.. လမ်းလျှောက်တာ အိတုံအိညက်လျှာက်တာ.. လူသွားလမ်းပိတ်တယ်ဆိုပြီး.. လမ်းဘေးတွန်းချခွင့်မရှိ…။
    ဟိုလူအုပ်က.. အာဖရိကတိုက်မှာမွေးတာမို့.. အသားမည်းကြတာ..။ အသားမည်းတာငါ့ကလေးကြောက်တတ်လို့ဆိုပြီး.. အသားဖြူမှ. .ငါ့တို့ဆီလာခဲ့လုပ်လို့မရ..။

    အခုတော့.. ဒီလောက်ပဲ..။ ကျန်တဲ့ရေးလာသူတွေ အခြေအနေကြည့်ပြီး.. အားနည်းတယ်ထင်တဲ့ဖက်က ခံရေးပေးမယ်..။
    ငြင်းခုန်ခြင်းအနုပညာနဲ့ပေါ့.. :kwi:

    • တိမ်မည်း

      March 27, 2013 at 9:13 am

      သဂျီးရေ ငြင်းခုန်းခြင်းအနုပညာဆိုလို ့ ဝင်ငြင်းမယ်ဗျာ……

      သဂျီးပြောတဲ့ Anti-discrimination Law, Hate Crime Law ကို မြန်မြန်ပြဌာန်းသင့်တယ်လို ့ ပြောတာကိုး အကြွင်းမဲ့ထောက်ခံပါတယ်….

      ဒါပေမယ့် အခုကိစ္စနဲ ့ ဖြစ်နေတာနဲ ့ အဲ့ လောတွေနဲ ့က သွယ်ဝိုက်သောနည်းနဲ ့ဆိုင်ပေမယ့် တကယ်တမ်းတော့ ဒဲ့ မဆိုင်လှဖူးဗျ……

      တခု အခုထက်ထိ ဘယ်လိုစဉ်းစားမရတဲ့ ကိစ္စက…..

      မွတ်စလင် ယောကျာင်္းလေးတယောက်နဲ ့ ဗုဒ္ဒဘာသာ မိန်းကလေးတယောက် လက်ထပ်ရင် များသောအားဖြင့် မိန်းကလေးကို မွတ်စလင် မဖြစ်ဖြစ်အောင် သိမ်းသွင်းတာချည်းပဲ……
      ဗုဒ္ဒဘာသာ ယောကျာင်္းလေးတယောက်နဲ ့ မွတ်စလင် မိန်းကလေးတယောက် လက်ထပ်ရင် များသောအားဖြင့် မိန်းကလေးကို ဗုဒ္ဒဘာသာ မဖြစ်ဖြစ်အောင် မသိမ်းသွင်းပါဖူးဗျာ….
      ဒါကို လက်ခံချင်ချင် မခံချင်ချင် အမှန်တရားတခုပါ……

      နောက်တခုက အရင် စသုံးလုံး လက်ထပ်တုန်းက ကိစ္စတခုက ဗလီတွေကနေဦးစီးပီး တခြားဘာသာဝင် မိန်းကလေးတွေကို လက်ထပ်နိုင်ရင် ဘယ်အဆင့်ဆို ဘယ်လောက်ထောက်ပံ့မယ်ဆိုတဲ့ မက်လုံးမျိုးနဲ ့ လူမျိုးရေနယ်ချဲ ့ခဲ့တာဟာ မွတ်စလင် တွေမှာပဲရှိပါတယ်…..

      ကျွန်တော် အခုထိစဉ်းစားလို ့မရတာက အဲ့လိုမျိုး အကြံတွေကို ဘယ်လိုမျိုးဥပဒေနဲ ့ တားမလဲဆိုတာပေါ့ သဂျီး ရှင်းပြပေးစေချင်ပါတယ်……

    • သိပ်မှန်တာပေါ့ ကိုခိုင်ရေ
      သူကြိုက်လို့လုပ်တာ ကို တားမြစ်ပိုင်ခွင့်မရှိပါဘူး။
      သို့သော်အများနဲ့ပေါင်းစည်းပြီးအတူတကွနေကြတဲ့အခါမှာ
      သူသိပ်မကြိုက်တာကိုလည်း ကိုယ်သိပ်ကြိုက်ပါတယ်လုပ်ပြလို့မရပါဘူး။
      ကိုယ်ကြိုက်လို့ ကိုယ်လုပ်တယ်ဆိုပေမယ့်လဲ “အများနှင့်လိုက်လျောညီထွေ”ဆိုတဲ့စကားရပ်ကလေးကတော့
      မမေ့သင့်ပါဘူး။
      ဒါက အားနည်းတာနဲ့လဲမဆိုင် အားကြိးတာနဲ့လဲမဆိုင်ဘူး။
      အများနဲ့ သင့်တင့်အောင် အတူတကွပေါင်းစည်းနေထို်င်တတ်ခြင်းနဲ့ဘဲဆိုင်ပါမယ်။
      သူ့ဘက်နည်းနည်းလျော့ ကိုယ့်ဘက်နည်းနည်းလျော့ ဒါဆိုရင် အမြဲတမ်းအိုကေပါတယ်။

      • အဂျစ်

        March 27, 2013 at 1:22 pm

        xxx “အများနှင့်လိုက်လျောညီထွေ”ဆိုတဲ့စကားရပ်ကလေးကတော့” xxxx သင်္ကြန်ပြီမှာပြောပါ လေးပေါက်ရယ်…. “ရေအသက် တမနက်” ဆိုတေ့ာ သင်္ကြန်မှာ ရေတွေ ဖြုန်းနေပါတယ်ဆိုပြီး မလေး NGO တွေအော်နေမှ “အများနှင့်လိုက်လျောညီထွေ” နေနေရပါအုန်းမယ်… (အမှန်က မအော်ကြ (သေး)ပါ) ဆိုတော့ တခါတလေ ဘာသာရဲ့ ရည်ရွယ်ချက်နဲ့ ဘာသာဝင်တွေရဲ့ လုပ်ရပ် လွဲနေတဲ့ခါ (ဒီခေတ်ကြီးထဲ အားလုံးလွဲနေပါတယ်) ….။ အရက်ဆိုတာ ၅ပါးသီလပါ သောက်ရင် အပြစ်ပါ ၊ သင်္ကြန် ဆိုတာ နှစ်ဟောင်းရဲ့ အကုသိုလ်တွေကို အတာရေနဲ့ ဆေးတာပါ (ဘုရားဆူးလို့ မလေးလို Sumpah လို့ကြိမ်ပြောနေရတယ်) 🙂 ဆိုတော့ ….ဘုရားသာသနာရဲ့ အနှစ်သာရကို သာသနာဝင်တွေရဲ့ လုပ်ရပ်နဲ့တော့ သိမှာမဟူတ်ဟုထသ်ကြောင်း…. (သင်္ကြန် ၅ ရက်ခွင့်ရသည့်တွက် date ရင်း လေဖန်းဒန်းစီးသွားကြောင်း…)

        • အဂျစ်

          March 27, 2013 at 5:01 pm

          မလေးက ဆိုတော့ မလေးအကြောင်းပြောတာနော်… 🙂

        • သင်္ကြန်ရေပက်တယ်ဆိုတာ ဘာသာရေးနဲ့မဆိုင်ဘူးဗျ ။
          လူမျိုးတစ်မျုးိရဲ့ဓလေ့ထုံးစံ နိုင်ငံတစ်နိုင်ငံလုံးပါဝင်တဲ့ပွဲတစ်ခု။
          သင်္ကြန်ရေကစားကြတာလူမျိုးမရွေး ဘာသာမရွေး အားလုံးပါတယ်။
          အားလုံးအတူတကွပျော်ကြတာ။
          ကျနော်ပြောတဲ့ အများနဲ့လိုက်လျောညီထွေဆိုတဲ့စကားလုံးက ပါးပါးလေးပြောထားတာပါ။
          သေချာဖတ်ရင်းစဉ်းစားလိုက်ရင် ဘာဆိုလိုတယ်ဆိုတာသိလာနို်င်ပါတယ်။
          အရက် အကြောင်းပြောရမယ်ဆိုရင်တော့ ပြောစရာတွေအများကြီး။
          ဒါပေမယ့် မပြောတော့ပါဘူး ။
          လေကုန် အချိန်ကုန်ပါဘဲ။
          လောကကြီးမှာ ကိုယ့်သဘောကိုယ်ဆောင်ပါဘဲ။
          ဒီပိုစ်မှာကော်မင်းဝင်ရေးဖြစ်တာကတော့သူကြီးကအားနည်းတဲ့ဘက်က ခံရေးပေးမယ်ဆိုလို့ဝင်ရေးပေးတာပါ။
          အားနည်းတိုင်းမမှန် အားများတိုင်းလဲ မမှန်။
          အမှန်တရားဆိုတာ နည်းတာများတာနဲ့မဆိုင်ဘူးလို့ ယုံကြည်လို့ပါ။
          အများဘက်ကိုလိုက်တဲ့ဒီမိုကရေစီ ဆိုုတာ အမှန်တရားမဟုတ်ပါဘူး။
          အားလုံးသဘောတူတယ်ဆိုတာကို ပြတဲ့ ညွှန်းကိန်းတစ်ခုပါဘဲ။

    • garuda

      March 27, 2013 at 7:40 pm

      အင်း…anti-gay killing တဲ့လား? မြန်မာပြည်မှာ..ဖြစ်နေတယ်ထင်လို့လား? ခင်စန်းဝင်းကြီး ကြား လို့ကတော့..ရွာဆူအောင် လုပ်မှုနဲ့ သဂျီးကို ကျိန်ဆဲမှာ သေချာတယ်။ ဟိုမှာ..သူ့ဟာသူ..နတ်သားလေးတွေ တဖက်လေး၅၀ဝနဲ့ ပျော်နေတဲ့ ဟာကို :harr:
      အဲ..ဒါမှမဟုတ်…ကိုယ့်အတွက် ကိုယ်ပြောတာဆိုရင် တော့… ကျုပ်လိုလူမျိုးက…အဲဒီလိုနှိမ်တဲ့ထဲပါဘူး…အဲဒီတော့..သူကြီးအားငယ်..နေရင်ပြောနော်
      ကျုပ်က ကိုယ်ဖိရင်ဖိ…အားပေးနှစ်သိမ့်ပေးမှာ။ :kwi: မြန်မာပြည်မှာ…ayအဲ ဗမာပြည်မှာက ယိုးဒယားလောက် လွပ်လပ်မှုမရှိပေမဲ့..အများစုက..gayဆို လက်ခံပါတယ်။လွန်ခဲ့တဲ့ နှစ်၃ဝ လောက်ကလိုကိုမဟုတ်တော့ဘူး။ အောက်တန်းကျတဲ့ ယောက်ျားတွေမှ မဟုတ်တာ။ သူ့ဟာသူ မိန်းမဖြစ်ချင်တာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ယောက်ျားတွေ အောက်တန်းကျရင်သာ ရှက်ဖို့ကောင်းတာ။ အသားဖြူတာ မဲတာတော့ ဘယ်လိုပြောမလဲ…အရှေ့တိုင်းနိုင်ငံတွေမှာ whitening cream ဆိုတာရှိတယ်..
      အနောက်နိုင်ငံတွေမှာ အလွန်ရှားတယ်။ အဲဒီအစား suntan lotion တွေပဲပေါမယ်ထင်တယ်။ သူ့နေရာနဲ့သူပေါ့ဗျာ။ အသားအရောင်ခွဲတာတော့ ဗမာပြည်မှ မဟုတ်…အာရှတစ်ခွင်ပြဲပြဲစင်အောင်ပဲ။ ဒါပေမဲ့ asian တွေက အသားလေးဖြူတာကြိုက်တာနဲ့..ဖြူချင်တာသက်သက်ပါ…ချစ်တာမချစ်တာတွေကြတော့ အထူးသဖြင့် မိန်းကလေးအများစုက
      အဲဒါကို ဂရုမစိုက်ဘူးဗျ။ ချစ်ခြင်ရင်ချစ်လိုက်တာပဲ။ အဲဒီတော့…အသားအရောင်ခွဲတယ် ဆိုတာလည်း ပြောရခက်တယ်။ အနောက်နိုင်ငံမှာ လူတစ်ချို့ အသားအရောင်ခွဲတယ်ဆိုတာ အဲသလိုမဟုတ်ဘူးဗျ။ သူတို့ကို သူတို့မြင့်မြတ်သူလို့ ကိုးကို သတ်မှတ်တာ။ ဒါနဲ့ စကားမစပ် ဒီ Anit-gay killing Hate Crime ဆိုတဲ့ comment ကို ကျုပ်ပို့စ်မှာ လာတင်ထားတာ ဘာဖြစ်လို့တုန်းဗျ..ကျုပ်က ဘယ်အားနည်းတဲ့ ဖက်ကိုနှိပ်ကွပ်နေလို့ တင်ထားတာလဲ။ မဖြစ်သင့်တာတွေ မဖြစ်အောင်လို့ စိတ်လိုလက်ရ မလုပ်မိကြအောင် သတိပေးနေတာ။ အခုဒီမှာဖတ်မိတော့မှ အားနည်းတယ်ထင်တဲ့ ဖက်က ခံရေးပေးမယ် ဆိုပဲ။ :chee: .

  • ရာမည

    March 27, 2013 at 11:37 am

    ဒီပြဿနာဆိုက်ထဲရောက်လာပြီပေါ ့?????
    လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသလို ဖြစ်ပေါ်လာတဲ ့အမှုကိစ္စကိုလည်း
    ထိထိရောက်ရောက်အရေးယူသင့်တယ်
    စည်းလုံးတယ်ဆိုတာ စုပေါင်းပြီး ဖျက်ဆီးလူသတ်တာမဟုတ်ဖူးဆိုတာ
    သိထားသင် ့တယ် ။ ဥပဒေ နဲ ့ ဥပဒေသမားများရဲ ့ချို ့ယွင်းမှုကြောင် ့
    ဘက်လိုက်ခြင်း ရေပါ အရာရောက်ခြင်းတွေကြောင့် အမြင်မကြည်စရာတွေများလာတယ် ။
    ကိုင်း —-ဘာဖြစ်ချင်ကြပါသလဲ တိုင်းပြည်ပျက်စေချင်သလား ?????
    ယခုတောင်မှ ညည မထွက်ရဲတာ
    ဒါမှမဟုတ် မောင်းထုတ်ဖို ့များစဉ်းစားနေရော ့သလားကွယ်တို ့ ။
    မျိုးချစ်တယ်ဆိုတာ —-
    သီချင်းဆိုတာမဟုတ်ဘူး
    ဂုဏ်ပြုဇတ်လမ်း ကပြတာမဟုတ်ဘူး
    ညာသံပေး လှုံ ့ဆော်လို ့မရဘူး
    အနိုင်အရှုံးနဲ ့ တိုင်းထွာလို ့မရဘူး
    တကယ်ချစ်ရင် အပြစ်နဲအောင်နေပါ
    ဗုဒ္နဘာသာ စစ်စစ် ဘုရားကိုချစ်ရင် ကိုယ် ့တရားကိုယ်ကျင် ့
    အပြစ်မြင်တာကိုလျော ့ ပြီး စိတ်ကောင်းလေးမွေးကြည် ့ပါဦး ။
    ဘုရားလက်ထက်မှာလည်း အယူမတူတဲ ့ဘာသာတွေကြားမှာ
    သာသနာပြုရတာပါ ။ ဗုဒ္ဓဘာသာဘုရင်တွေရှိ ခဲ ့သလို အခြားဘာသာဘုရင်တွေလည်း
    ရှိနေခဲ ့တာပါပဲ ။
    ဒီလိုဝါဒ ရေးရာနဲ ့ လူမျိုးရေးကို ပြိုင်ဆိုင်ဆူပူပြဿနာလုပ်တာမျိုး ဘုရားလည်းကြိုက်မည်မထင်ပါ ။
    အချုပ်ပြောရရင် ကိုယ် ့စည်းကိုယ်လုံအောင်တားဖို ့သာရှိပါတယ် ။
    (ကျွန်တော်နဲ ့ အယူအဆကွဲနိုင်ပါတယ် ။ပြန်လည်ဖြေရှင်းမည်မဟုတ်ပါ)

  • JUDGEMENT

    March 27, 2013 at 11:58 am

    ဘယ်သူတွေဘာပြောပြော အရမ်းကိုကောင်းတဲ့ လူတိုင်းဖတ်သင့်တဲ့ Post လေးတစ်ခုပါ။
    ကျွန်တော်အရမ်းတန်ဖိုးထားလို့ Print ထုတ်ပြီးကပ်ထားမယ်ဗျာ
    ခွင့်ပြုပေးပါ။

    • johnnydeer

      March 27, 2013 at 2:54 pm

      ကပ်ထားပါခင်ဗျား…ကျေးဇူးပါ..အခုလို ကောမန့်ပေးတဲ့ အတွက်လဲ….

  • အဂျစ်

    March 27, 2013 at 12:01 pm

    xxxx နောက်တခုက အရင် စသုံးလုံး လက်ထပ်တုန်းက ကိစ္စတခုက ဗလီတွေကနေဦးစီးပီး တခြားဘာသာဝင် မိန်းကလေးတွေကို လက်ထပ်နိုင်ရင် ဘယ်အဆင့်ဆို ဘယ်လောက်ထောက်ပံ့မယ်ဆိုတဲ့ မက်လုံးမျိုးနဲ ့ လူမျိုးရေနယ်ချဲ ့ခဲ့တာဟာ မွတ်စလင် တွေမှာပဲရှိပါတယ်….. xxx FB ပေါ်မှာကြားကြားနေတာတော့ ကြာပြီ…. အထောက်ထားရှာပြီ တရားဝင်ရှင်းလိုက်ပေါ့ဗျာ….မီဒီယာတွေ အစိုးရတွေ ဟိုဘက် ဒီဘက် လူကြီးတွေ နိုင်ငံတော်ဆင့် တရားဝင်ရှင်းလိုက်ရင် ပိုမကောင်းဘူးလား….(သခင်တော့ မဖြစ်ချင်ဘူး ကိုယ်တိုင်ကတေ့ာ ကျွန်ဘဝကို မနှစ်သက်ဘူးဆိုတော့ ကိုယ်လဲသခင်လုပ်ပြီသူများကို ကျွန်ဘဝမှာ မနေစေချင်လို့…. 🙂 (ကျွန်ဖြစ်နေသေးသော သခင်မျိုး ) ———–? လူမျိုးဟေ့ ဒို့ဘားမန်း

    • တိမ်မည်း

      March 27, 2013 at 12:08 pm

      နိုင်ငံတော်အဆင့် တရားဝင်ရှင်းတော့ ကောင်းတာပေါ့ကွယ်…..
      အဲ့သတင်းမှားရင်တော့ သတင်းမှား ကောလဟာလ တခုအနေနဲ ့ ပြီးသွားမယ်……
      ဒါပေမယ့် အဲ့သတင်းမှန်နေရင် ဘာလုပ်မလဲဟင်…………. 🙂

  • အဂျစ်

    March 27, 2013 at 12:19 pm

    မှားနေရင် ကောလဟာလ ဖြစ်လောက်နဲ့ မပြီးပဲ ခုလို ဟိုနားဆူဒီနားဆူဖြစ်နေမှာ…. ဆိုတော့ အမှု မစစ်ရသေးခင်ကြိုးမိန့်တော့ပေးလို့မရသေးဘူးပေါ့ လေ… တရားလို တရားခံနှစ်ဖက် တရားဝင် လိမ်ကြ အဲ… ငြင်းခုန်းခြင်းအနုပညာ ကိုပြကြပါစေသတည်း……. (ကျွန်ဖြစ်နေသေးသော သခင်မျိုး ) 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 27, 2013 at 1:53 pm

    လါ့ နှစ်ချောင်းကိုင် လူ ရှေ့ကပေါက်သေး နောက်ကပေါက် အီးးးးးးးးးးးးးးးးး
    ဒါဂ လူ့သဘောအကျမ်းဖျင်းပုံသေနည်း
    သဂျီးမင်း အမိန့်ရှိတဲ့ လူနဲ့လူတူရေက ဘာသာရေးဖက် မတွက်ရင် ဟုတ်ပေမယ့်
    ယနေ့ လူ ပြဿနာတွေက ဘာသာရေးဖက်ခေါင်းတည်နေတယ်ဆိုတာလေး သတိချပ်ဘို့ပါ
    ဆိုခြင်တာကတော့ ဘာသာရေးရှု့ထောင့်ထဲက မဟုတ်ဘူးဆိုရင်တော့ အင်မတန်လျှော်ကန်လှပါတယ်
    ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိမ်းကြုံးလိုက်ရင်
    ဘုန်းကြီးလည်းလူ မိန်းမလည်းလူ ကျွန်တော်ကျွန်မ တူတူနေလို့ရတယ်ဆိုတဲ့
    သဂျီးမင်းရဲ့ အာဘော်ကြီးကို တော့ ကြိုကန်ထားလိုက်ဘါဒယ် :mrgreen:
    ဆိုတော့ကာ
    ကိုယ်လည်းလေလောကီသားပေမို့ ယနေ့ပြဿနာများရဲ့ သဘောက
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ကလားထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ဗမာထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ကရင်ထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ မွန်ထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ရခိုင်ထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ကယားထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ချင်းထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ရှမ်းထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ဟိုသောက်မျိုး ဒီသောက်မျိုးထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ တရုပ်ထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ပန်ချာပီထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ကပ္ပလီထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ဘာထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ညာထင်တယ်
    ကိုယ့်ကိုယ်ကိုယ်လူလို့မထင်ဘဲ ဘာညာကွိကွထင်တယ်
    အဲ့သည်လို ကိုယ့်ကိုယ်ကိုယ်လူလို့မထင်မှတော့ သတ်ကြတာပေါ့ မဆန်းပါဘူး
    ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် လူလို့ထင်ဂျဇေဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ဒါပေမယ့်ကျုပ်ကတော့ ခင်ဗျားတို့လို လူမဟုတ်ဘူး
    ပုံ
    ဘိုးဒေါ်မိုက်ကယ်ဂျော်နီအောင်ပု

  • johnnydeer

    March 27, 2013 at 2:51 pm

    မှန်တာပြော သစ္စာပါ…ဗုဒ္ဒဘာသာ ရယ်မှ မဟုတ်ပါဘူး…ကျွန်တော်ပြောတဲ့ အချက်တွေဟာ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကပါ လက်မခံတဲ့ ကိစ္စပါ…မပြောချင်ရင်သာရှိမယ်…စိတ်ထဲ အမှန်တကယ်တော့ ဘယ်လိုမှ နှစ်သက်လက်ခံလို့ မရတာ အမှန်တရားပါ…ကျွန်တော့်ပို့စ်ကို…လက်မခံဘူး…ထားပါတော့…
    လက်မခံစရာတော့ ရှိမယ်မထင်ဘူး…မုဒိန်းမကျင့်ပါနဲ့လို့…မကြိုက်ပါဘူးလို့ ကျွန်တော်က ရေးတယ်…လက်မခံဘူးဆိုရင် လက်မခံတဲ့သူက ကိုယ့်လွတ်လပ်ခွင့်…ကျင့်ချင်ကျင့်မယ် ဆိုတဲ့သဘောသက်ရောက်သွားမှာပေါ့…မကြိုက်တဲ့သူက မှန်သလား…ရေးတဲ့သူက မှန်သလား…ရှင်းရှင်းလေးပါ…ဒီလိုပါပဲ…လည်လှီးမသတ်ပါနဲ့…နွားတွေကို သတ်ခဲ့ရင်တောင် ပျော်ပျော်ပါးပါး အောင်ပွဲခံ မသတ်ပါနဲ့…ယုံကြည်ရာ ကိုးကွယ်ပါစေ…ကိုယ့်ဘာသာထဲ ဇွတ်ဆွဲမထည့်ပါနဲ့…ဒီလိုရေးတာလဲ မမှားဘူးလို့ထင်တာပါပဲ…ကိုယ် မြင်တဲ့ အမြင်ဘက်ကပဲ ကြည့်ရေးတယ်ဆိုပေမယ့် ဘယ်လိုမှ မမှားနိုင်ဘူးလို့ ရဲရဲ ယုံကြည်လို့ ရေးတာပါ…လက်မခံတဲ့သူ ကြိုက်သလို ပြန်လည်ရှင်းလင်းနိုင်ပါတယ်…ဘာသာရေးအကြောင်း မရှင်းခင် ကျွန်တော် ရေးတဲ့ အချက် ၄ ချက်ကို အရင်ရှင်းကြပါ…နို့မို့ဆို လိုရင်းမရောက်ပဲ ဝေ့..ဝေ့ သွားလို့ပါ…ဒီ ၄ ချက်ကို လက်ခံရင် ခံတယ်…မခံရင် မခံဘူး က စရှင်းမှ လိုရင်းရောက်မှာပါ….ဒီလို လုပ်တာတွေကို မနှစ်သက်တဲ့ စိတ်ဟာ အမြုံစိတ်အနေနဲ့ ဖြစ်တည်သွားပြီး ထစ်ကနဲရှိ ဘာသာရေး အဓိကရုန်းတွေဖြစ်ကုန်တာပါ…တို့မီး ရှို့မီး လုပ်တယ်လို့ ဘယ်လိုပြောပြော နိုင်ငံရေးပရိယာရ် လို့ ဘယ်လိုဆိုဆို…ဒီ မကျေနပ်တဲ့ အမြုံစိတ် မရှိပဲ သံသယ ရှင်းနေရင် ဘယ်သူ ဘာလုပ်လုပ် ဘယ်လို သွေးထိုးထိုး မရနိုင်ပါဘူး…ဒါမှလဲ တကယ့် ငြိမ်းချမ်းရေး ဆိုတာ ရနို်င်မှာပါ….စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ရရှိဖို့ဆိုတာ အဓိက ကတော့ ဒီ သံသယ ဆိုတာ ဖျောက်ဖျက်နိုင်မှ ရမှာပါ…

  • ရာမည

    March 27, 2013 at 3:10 pm

    ကုလားမှ မုဒိန်းကျင် ့သလားကွယ်
    မုဒိန်းကျင် ့တယ်ဆိုတာ နိုင်ငံတိုင်းလူမျိုးတိုင်းမှာရှိနိုင်ပါတယ်
    ဟာသအနေနဲ ့ပြောရင် ကမ္ဘာဦးက ပထမဆုံးအမှုဟာ မုဒိန်းမှုတောင်ဖြစ်နိုင်ပါသေးတယ်
    ကျွန်တော်ငယ်ငယ်က ဝက်သတ်တာတွေ ့ဖူးတယ်
    ဘယ်လိုသတ်သတ်
    ဘယ်သူ ့ကိုသတ်သတ်
    သတ်ဖြစ်မှုက မကောင်းတာပါပဲ

  • johnnydeer

    March 27, 2013 at 3:44 pm

    ကုလားလို့ စာထဲ တလုံးမှ မပါသလို…မွတ်စ်…အစ္စလာမ် တလုံးတပါဒမှ မပါပါဘူး…ဒါပေမယ့် ဒါတွေ လုပ်တဲ့သူတိုင်း လူ့ အသိုင်းအဝိုင်း…မြန်မာ့ အသိုင်းအဝိုင်း…ဗုဒ္ဒဘာသာ အသိုင်းအဝိုင်း ဘယ်အသိုင်းအဝိုင်းမှ လက်မခံနိုင်ဘူးလို့ရေးတာပါ…ဒါပေမယ့် ဒါတွေအားလုံးကို သူတို့ပဲ အများဆုံးလုပ်နေတော့လဲ သူတို့ပဲ ဦးတည်သလို ဖြစ်သွားတာပေါ့….ဒါပေမယ့် ဝက်တစ်ကောင်ကို သတ်တာမြင်လိုက်ရတဲ့ ဗုဒ္ဒဘာသာမြန်မာလူမျိုးတစ်ယောက်ရဲ့ စိတ်မကောင်းဖြစ်မှုထက် နွားတစ်ကောင်ကို သတ်လိုက်တာမြင်ရတဲ့ စိတ်မကောင်းမှု ၁ဝ ဆမက ပိုတယ်ဆိုတာကတော့ အသေအချာပါပဲ…နွား ဋီကာလေးတော့ ဖတ်ကြည့်လိုက်ပါဦး…

  • kai

    March 27, 2013 at 4:02 pm

    ကျုပ်ဖတ်ဖူးသလောက်တော့.. ကမ္ဘာ့ဘာသာကြီးတွေအားလုံး လူသတ်တာအားမပေးပါ..။
    လူသားဟာ.. လူသားကိုသတ်တာအားပေးနေရင်.. လူသားဆိုတာတောင်ဖြစ်လာမှာမဟုတ်..
    Neanderthal တွေအနိုင်ရပြီး.. အခုကမ္ဘာမှာ.. Neanderthal ချည်းနေမှာပေါ့..

    ဆိုတော့..
    မုဒိန်းကတော့.. အပေါ်မှာကိုရင်ရာမညပြောလို့.. ရှင်းလောက်မှာပါ..။
    ထပ်ဆင့်.. တိုတိုပြောရရင်.. ကုလားမှမဟုတ်..တရုတ်မှမဟုတ်.. ဗမာမှမဟုတ်.. လူသားဟာ.. အဖိုနဲ့အမရှိတာမို့.. အဖိုကအင်အားနဲ့အမကို ကာမဆက်ဆံတယ်ဆိုတာ.. လူသားပေါ်ကတည်းကရှိတာပါပဲ..။
    ဒါကို ခွင့်လွတ်ခဲ့ဖူးတဲ့.. ယဉ်ကျေးမှုတွေအများကြီးဖြတ်ခဲ့ပြီးမှ.. အခုအခြေအနေမှာ.. ဥပဒေအရအတည်ထားတာ.. အတည်ပေါ့..။ ဟေ့.. ဒါမုဒိန်းမှုလို့.. တရားရေးကဖြတ်ရင်.. မုဒိန်းမှုပေါ့..
    ပြောရရင်.. မြန်မာပြည်က.. ကမ္ဘာတန်းကြည့်ရင်.. မုဒိန်းမှုဖြစ်တာ.. သိပ်နိမ့်တဲ့ထဲတေ့ာရှိမယ်.. မထင်ရေးချမထင်..။
    နော.. :kwi:

    ကျုပ်နားလည်သလောက်.. ယူအက်စ်အပါအဝင်ကမ္ဘာ့နိုင်ငံကြီးတွေအားလုံးလိုလို.. လူစားဖို့အသားတွေထုတ်လုပ်ကြရာမှာ.. အစားအများဆုံးဖြစ်တဲ့.. နွား၊ဝက်၊ကြက်တွေကို.. လယ်လှီးသတ်ရတယ်..။ ပြီးရင်.. သွားနေတဲ့.. စက်ကြိုးပေါ်မှာ.. ဇောက်ထိုးတွဲလောင်းဆွဲလိုက်ကြရတာပဲ..။( ကြုံလို့ပြောရရင်.. ယူအက်စ်ရောက်နေတဲ့.. မြန်မာတိုင်းရင်းသား ရာထောင်ချီ.. သားသတ်စက်ရုံတွေမှာ.. အလုပ်လုပ်ကြပါတယ်..။)
    လယ်ပင်းမှာရှိတဲ့..သွေပြန်ကြောပြတ်မှ.. ခန္ဓာထဲကသွေးတွေထွက်ပြီးမှ.. အသားဟာ.. အရသာရှိ.. ကြာရှည်ခံ..အနံ့အသက်ထွက်တာနည်းတာမို့ပါ..။ အသားစားတဲ့.. လူတွေကျမ်းမာရေးရှုထောင့်ကအတွက်.. လိုအပ်ပါတယ်..။
    ဂျပန်တွေဆို.. ငါးကြီးတွေဆိုလည်း.. လယ်လှီး..ဇောက်ထိုးဆွဲသွေးထုတ်ပြီးမှ.. ဆာရှိမိအတွက်လုပ်ကြရတာပေါ့..
    အပူပိုင်းဖြစ်တဲ့.. အာရပ်နိုင်ငံတွေမှာ.. သွေးပါနေရင်..အကောင်ဘလောင်တွေ ပုတ်သိုးကုန်တာမြန်သမို့.. အလဟသမဖြစ်အောင်.. သွေးထုတ်ရတဲ့.. အဲဒီအလေ့အကျင့်တည်စေလိုလို့.. တခုချင်း ပြောနေလည်းမပြီးမယ့်အတူတူ.. လယ်လှီးသတ်စေ.. လို့.. တမန်တော်ကြီးက.. အမိန့်ထုတ်လိုက်တယ်ပဲမှတ်ပါတယ်..။
    တကယ်..ကိုရမ်ကျမ်းထဲမှာကျ.. နွားမဟုတ်ပါဘူး..။ သိုးဖြစ်ပါတယ်..။
    အခုခေတ်ကာလမှာ.. ဆော်ဒီနိုင်ငံမှာအစ်နေ့လုပ်ရင်.. ကုလားအုပ်တွေလည်လှီးတယ်လို့.. ဖတ်ဖူးတယ်..။
    စားတဲ့ပရိသတ်များတာကိုး..။ သိုး..ဆိတ်နဲ့..သိပ်မှအလုပ်မဖြစ်နိုင်တာနော..။

    မြန်မာပြည်မှာ.. ဘာလို့နွားကို လည်လှီးသလည်းဆိုတော့.. နွားမှ အသားထွက်နှုန်းများ.. တွက်ခြေကိုက်လို့ဖြစ်ပါလိမ့်မယ်..။
    နောက်တခုက.. ဟိန္ဒူနဲ့.. အိန္ဒိယပြည်မှာ.. တိုင်းပြည်ကွဲထွက်လောက်အောင်.. နောင်ဂျိန်ချထားတဲ့ စိတ်နှလုံးလည်း.. ပါချင်ပါမပေါ့..။
    ဒါကို.. မြန်မာဘာသာရေးအရ.. အမြင်စိတ်နှလုံးညိုးနွမ်းနေရင်.. အနီးအနားက.. အစ္စလမ်ဘာသာရေးခေါင်းဆောင်တွေနဲ့ညှိယူရင် ..သေချာပေါက်ရတယ်လို့.. ပြောရဲပါတယ်..။
    သူတို့အဲဒီအသားသတ်တာကလည်း.. အိမ်နီးနားချင်းတွေလှူဖို့ဖြစ်တာမို့.. ကျုပ်ကတော့.. အမဲသားကြီုက်တာမို့.. ငယ်ငယ်ကတည်းက..အစ်နေ့အမဲသားဆို.. တွယ်သလားမမေးနဲ့..

    ဒီနေ့တော့ ..ဒီအထိပဲ..
    ရှလွတ်.. :kwi:

    • garuda

      March 27, 2013 at 6:52 pm

      သူကြီးရေ..ကျုပ်လည်း..ဒီနိုင်ငံမှာ..အမဲသား..စားသလားမမေးနဲ့..အခုတော့ ပြန်လျော့နေပြီ..red meat က အသက်ကြီးယောက်ျားများနဲ့ သိပ်မတဲ့ပါ…ဒါပေမဲ့ ကျုပ်တို့ နိုင်ငံမှာ စီးပွားဖြစ်
      စားဖို့အတွက်..နွားထုတ်တာ အရမ်းရှားပါတယ်။ များသောအားဖြင့်က လယ်ယာ..လူသုံး နွားတွေသာများပါတယ်။တစ်ခြား ဆိတ်တို့…ကြက်တို့ ကို သတ်တာသိပ် မပြောကြပေမဲ့..
      နွားဆိုရင်တော့ မချိအောင်နာကြပါတယ်။ တစ်ချို့ဆို နွားကို ကိုယ့်သားသမီးလို သဘောထားတဲ့ သူတွေတောင်ရှိတယ်။ ဥပမာ..ခွေးကိုတန်ဖိုးထားတဲ့…အနောက်နိုင်ငံသားတွေကို
      ..ငါ ခွေးသားစားတယ်လို့ သွားပြောရင် သူတို့က ရွှံ့မုန်းတဲ့ မျက်နှာနဲ့ သူကြီးကို ကြည့်ပါလိမ့်မယ်။ ဗမာပြည်မှာတော့ ခွေးဆိုတာ…လမ်းမပေါ်မှာ မမြင်ချင်မှ အဆုံး..။
      အဲဒီတော့ စားချင်တဲ့လူက သတ်စားလိမ့်မယ်။စည်ပင်က အဆိပ်တုံးပစ် လို့တောင်မလောက်ဘူး..ပွားတဲ့နှုန်းက။ ကာလံဒေသံဆိုတာ ရှိတယ်ထင်ပါတယ်ဗျာ။
      အဲ…တစ်နေ့ ဗမာပြည်မှာ အသားစားနွားတွေ ပေါများလာ လို့…ဘာသာရေး အတွက် သတ်ကြမယ်ဆိုရင်တော့ ပြောချင်မှပြောကြမယ်။
      ဟုတ်တယ် သူကြီးလည်း ဂရုမစိုက်ဘူးစားတယ်။ ကျုပ်လည်း
      ဂရုမစိုက်ဘူး စားတယ်။ ဒါပေမဲ့…သူများတွေရဲ့ခံစားချက်ကိုလည်း..နားလည်ဖို့လိုတယ်။ ဒါပေမဲ့ အဲဒီ ဘာသာခြားလူမျိုးတိုင်း အဲသလိုမဟုတ်ပါဘူး။ တစ်ချို့ဆို အလှူလုပ်ဖို့ အဲသလောက် သတ်တာဖြတ်တာမလုပ်ကြဘူးထင်ပါတယ်။
      တစ်ချို့ ဗမာတွေတောင် အလှူအတွက် ဝက်တွေဘာတွေပေါ်တာ ကြားဘူးတယ်။ အလှူအတွက် ဝက်သတ်ကြက်သတ် :harr:

  • အဂျစ်

    March 27, 2013 at 4:54 pm

    တမိလ် မီးနင်းပွဲ တွေတော့ ငှက်ပျော်ရွက်ခင်း သက်သတ်လွတ်ကြွေးကြတယ်…. ကျန်ပွဲတွေ တော့ နွား (ဆိတ်၊သိုး) သတ်ပွဲ ၊ငါးသလောက် ငါးခူ သတ်ပွဲ ၊ ကြက်ဆင်သတ်ပွဲ (ကျေးဇူးတေယ်နေ့ဆိုလား) လို့ပြောင်းခေါ်တော့မယ်…:) လူစုံသူငယ်ချင်းတွေရှိတော့ ငယ်ငယ်က ဘယ်ပွဲမှ မလွတ်ဘူး …ဆွဲထာှ…..

  • နေဝန်းနီ

    March 27, 2013 at 8:05 pm

    ဖွတော့လည်း ပွတာပေါ့
    မွတော့လည်း စားမှာပေါ့
    တို့တော့လည်း တွန့်မှာပေါ့
    ရှို့တယ်ဆိုတော့လည်း ယို့ ယို့ (ခုခေတ်သီးချင်း)
    ဝေဖန်တော့လည်း ဝေဖန်ပေါ့
    လေကန်ချင်ရင်တော့ လ္ဘက်ရည်ဆိုင်နဲ့ ဘီယာဆိုင်မှာ ရွာသားတွေရှိလိမ့်မယ်
    တစ်ခြမ်းပဲ့ အမြင်ကတော့မကောင်းပါဘူး
    တစ်ခြမ်းပဲ့ ပန်းသီးဆိုလည်း တော်သေး
    အသားဆိုတာ လူတွေအတွက်အဟာရ လို့သာသဘောထားလိုက် ကြိုက်ရင်စား မကြိုက်ရင်နေပါစေပေါ့
    အဲ ဟိုဘက်ရွာမှာ ဘာသာခြားနဲ့လက်ထပ်တာကို အပြစ်လုပ်ပြောနေတာတွေ့လို့ ရင်မောတယ်….။ တစ်ကယ်က အဲဒိလိုမိန်းကလေးမျိုးတွေကို ဘာသာခြားနဲ့လက်မထပ်အောင် အရင်က ကိုယ်တွေဘာလုပ်ပေးခဲ့ဖူးလဲ …။ ဘာသာခြားနဲ့ လက်မထပ်ရအောင် စည်းရုံးဖူးသလား ဖြောင့်ဖြပြောဆိုခဲ့ဖူးတာရှိသလား အထောက်အပံ့လိုတာထောက်ပံ့ပေးဖူးလား ဘာလုပ်ပေးဖူးလို့လည်း ဘာမှ လုပ်မပေးဖူးပဲနဲ့ အပြစ်ပြောနေတာ တော်တော်ဆိုးတဲ့ကိစ္စပဲ….။ ဟိုဘက်မှာပြောရင်အဆဲခံရမှာ စိုးလို့ ဒီဘက်မှာ လာဖွတာ :harr:

    • johnnydeer

      March 28, 2013 at 7:17 am

      ~~~~~~တစ်ကယ်က အဲဒိလိုမိန်းကလေးမျိုးတွေကို ဘာသာခြားနဲ့လက်မထပ်အောင် အရင်က ကိုယ်တွေဘာလုပ်ပေးခဲ့ဖူးလဲ …။ ဘာသာခြားနဲ့ လက်မထပ်ရအောင် စည်းရုံးဖူးသလား ဖြောင့်ဖြပြောဆိုခဲ့ဖူးတာရှိသလား အထောက်အပံ့လိုတာထောက်ပံ့ပေးဖူးလား ဘာလုပ်ပေးဖူးလို့လည်း ဘာမှ လုပ်မပေးဖူးပဲနဲ့ အပြစ်ပြောနေတာ တော်တော်ဆိုးတဲ့ကိစ္စပဲ….။ ~~~~~~

      ရည်ရွယ်ချက်ရှိရှိ ကျုးလွန်တဲ့ ကိစ္စကို ဘယ်လို တားဆီးရမှာလဲ…ထောက်ပံ့ရမှာလဲ…အသိဉာဏ်ပေးယုံကလွဲ ဘာလုပ်ပေးရမှာလဲ….အခု ဒီလိုစာတွေ ရေးနေတယ်ဆိုတာကလဲ အသိဉာဏ် ပွင့်လင်းလာအောင် ရေးနေရတာပဲ…အရင်ယူခဲ့တဲ့ သူတွေ ဘယ်လို ဒုက္ခတွေ ရောက်ခဲ့တယ်ဆိုတာ ပြောပြယုံကလွဲ ဘာလုပ်လို့ရမှာလဲ…အဲ့တော့ လက်ခံတာ မခံတာကတော့ ကာယကံရှင်ရဲ့ အပိုင်း…ပြောနေရမှာတော့ ဘာသာ ..သာသနာ …လူမျိုး ရဲ့ နောင် အနာဂတ်ကို ကြိုမြင်တတ်တဲ့ သူတိုင်းရဲ့ သမိုင်းပေးတာဝန်ပဲ…သမိုင်းဆိုတာ မအအောင် သင်နေရတာပါ…ဒီလို အ ခဲ့လို့ …လုပ်ချင်တာ အလုပ်ခံခဲ့လို့ အင်ဒို…အာဖဂန် ဘာဖြစ်သွားကြပြီလဲ…အပြစ်ပြောနေတာလား…အသိဉာဏ်ပေးနေတာလား ခွဲခြားသိပါ….

  • မောင် ပေ

    March 27, 2013 at 8:20 pm

    ကမ်ဘာနဲ ့ချီပြီး ပြောလိုက်ကြရအောင်
    ဒီနေ ့ ကမ်ဘာကြီးမှာ
    ဘယ်ကောင်တွေက ပတ်ရမ်းနေလဲ
    မုဒိန်းမှု အများဆုံး ကျူးလွန်တာ ဘယ်ကောင်တွေလဲ
    ဟိုနေ ့က ဖေ့ဘုတ်မှာ ကာတွန်းတစ်ကွက် ဖတ်ရတယ်
    မြန်မာနိုင်ငံသားတွေ အနေနဲ ့ မြန်မာနိုင်ငံသားအခွင့်အရေးကို အပြည့်အဝ မရသေးတာဗျာ
    ဘယ်ကနေ ဘယ်လို ဘာအကြောင်းကြောင့်မို ့ ၊ လဝကနဲ ့၂ပေါက်၁ပေါက် ရိုက်ထားတဲ့ ဟာတွေကို အခွင့်အရေးအပြည့်ပေးနေရမှာတုန်း
    ဟူးမန်းရိုက် ဆိုတာ ဒုတ်နဲ ့ရိုက်ရမလိုပဲ

  • garuda

    March 27, 2013 at 10:27 pm

    သူကြီး..ရာမည နှင့် နေဝန်းနီ ခင်ဗျား..ပြောပရစေ…မုဒိမ်းမှုဟာ..ကမာ္ဘမှာရော..မြန်မာမှာပါဖြစ်နေတာ မဆန်းပါဘူး။ ကျုးလွန်သူများဟာလည်း ဘာသာပေါင်းစုံက
    အဲဒီ..ဘာသာဝင်များလို့ ခံယူထားသူများရော..ဘာသာမဲ့များပါ ပါဘာတယ်။ ဆန်းတာကတော့ မြန်မာပြည်မှာ မြန်မာအမျိုးသမီးပေါင်းစုံကို မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်
    တတ်တဲ့ဟိုးလေးကျော် အမှုများဟာ ဘာသာတစ်မျိုး လူတစ်မျိုးကနေ ဖြစ်လေ့ရှိတယ် လို့ထင်ပါတယ်။ရခိုင်ဖက်မှာ အဖြစ်များမယ်ထင်ပါတယ်။
    တာဝန်ရှိသူများက အကျယ်အကျယ်မဖြစ်အောင် နဲ့ တစ်ခြားနိုင်ငံတွေကိုလည်း ကြောက်လို့သာသိုသို သိပ်သိပ်ပြီးသွားတာပါ။
    ဘုန်းကြီးတွေအဖြတ်ခံ ရတာလည်း ဘယ်နှစ်ခေါက်လောက်ရှိပြီလဲ စုံစမ်းကြည့်ပါ(ဆံပင်ပြောတာနော်)။ ဘာသာပြောင်းတာ/ဘာသာခြားနဲ့ယူတာထားတော့..
    လူတစ်ယောက် စိတ်ကစိုးမိုးခံရလို့..ဖြစ်သွားတာမျိုးတွေရှိတယ်။ အဆိုးဆုံးက…သူတပါး ကိုးကွယ်တဲ့ ဘာသာကို တက်နင်းခိုင်းတာ…စော်ကားတာဗျ..ကြားဖူးတဲ့အထဲက…
    အဖြစ်အပျက်တစ်ခု..မုံရွာက..ကောင်မလေး အဲဒီလူကိုယူတယ်..ဘာသာပြောင်းခိုင်းတယ်..အဲဒီထိ..အိုကေတယ်ထား..ပုံတော်ကို…ခြေဖဝါးအောက်မှာ ထားပြီးနင်းခိုင်းတယ်
    အိိုကေသေးတယ်..တစ်နေ့ဈေးသွားတယ်…အကျင့်က..ပါနေတော့..ဗေဒင်ဝင်မေး..ဆရာက..ဘုရားပန်းတင်..ယယ်တြာ ခြေခိုင်း..ဘာသာခြားဖြစ်ကြောင်းပြော..စတိလုပ်ဖို့သာ ဆရာကပြော..
    အိမ်ရောက်..စတိအနေနဲ့..ခွက်ထဲရေထည့်..ပန်းထည့်..စားပွဲပေါ်တင်ထား..ကျားပြန်လာ..တွေ့..ဘာသာ စော်ကားတယ်ဆိုပြီး..အမိ..ညီတို့နှင့်ပေါင်း..လည်လှီး..နေမကောင်း၍..သေဟု..သတင်းလွှင့်..
    ထုံးစံဟုဆိုကာ..နေ့ခြင်းမြုတ်..တဖက် မိသားစု..မသင်္ကာ..တာဝန်ရှိသူများခေါ်..ပြန်ဖော်ကြည့်..အဖြစ်မှန်ပေါ်..(တကယ်ဟုတ်မဟုတ်ကတော့ မုံရွာ သားတွေ..မေးကြည့်ကြ)
    အဲသလိုမျိုးတွေ..ရှိလို့..လူတွေက..ဘာသာခြား..လက်မထပ်ရဖြစ်ကုန်တာ…ကိစ္စတွေက ဘာသာခြားကို လက်ထပ်လိုက်ပြီးဘာသာပြောင်းရုံနဲ့..အေးအေးဆေးဆေးပြီးသွားတာ..မဟုတ်ပါဘူး..
    တောက်လျှောက်ကြွက်မီးခိုးလျှောက် လိုက်တာမို့လို့ပါ။..လွယ်လွယ်လေး မပြောနဲ့ လက်မထပ်ဖို့ စည်းရုံးဖို့ကိစ္စကို။…စည်းရုံးစရာကိုမလိုသင့်ဘူး..တဖက်က..အဲဒီလို..ရက်ရက်စက်စက်တွေ..မလုပ်ခဲ့ရင်။
    စိတ်တူကိုယ်တူ ပျော်ရွှင်ချမ်းမြေ့ နေရင်..ဘာ..ဘာသာကိုးကွယ်..ကိုးကွယ်..အကြောင်းမဟုတ်ဘူး။ မြန်မာ..လူမျိုးထဲက..အဲသလို ဘာသာမျိုးထဲက လူမျိုးကို မုဒိမ်းကျင့်ဖူးတယ်ဆိုတာ…ဘယ်နှစ်
    မှုများကြားဖူးလဲ?..အုပ်စုလိုက်မုဒိမ်းကျင့်ပြီး ရက်ရက်စက်စက် သတ်တယ် ဆိုတာတော့ ဝေးရော..။ ရှိရင်လည်း အမှု၂ဝမှာ ၁မှု ပဲဖြစ်မယ်။အပြင်မှာလည်း ဖွလိုက်တာ..စစ်တပ်တို့၊ ရဲတို့က ရခိုင်ကျုးကျော်သူတွေကို
    မုဒိမ်းကျင့်တယ်ဆိုပဲ။ စဉ်းစဉ်းစားစား လဲပြောကြပါ..သူတို့လုပ်ချင်ရင်..မြန်မာမတွေနဲ့ တစ်ခြားတိုင်းရင်းသားတွေကိုပဲ..လုပ်မှာပေါ့။ အဲဒီတော့ မရှင်းရင်မေး မစင်ရင်စား… :harr: မတူကွဲပြားတဲ့ မုဒိမ်းမှု
    နဲ့ အိမ်ထောင်ပြုခြင်းများ အကြောင်း။ ဒါပေသိ..ဒါဟာ လူတိုင်းကို မဆိုလိုပါဘူး။ အဲဒီမတူတဲ့..ဘာသာနှစ်ခုပဲ အေးချမ်းစွာ ပေါင်းစပ်နေထိုင် နေကြတာတွေ အများကြီးပါ။ အထူးသဖြင့် နယ်ဖက်တွေမှာ
    များမယ်ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စုန်းပြူးတွေကတော့ ဘယ်တာကထွက် တတ်လည်းစဉ်းစားကြည့်ပေါ့။ ကျွန်တော်ပြောသွားတာတွေ…ချင့်ချိန်ယုံပါ…ကိုယ်တိုင်လည်း…သူများပြောလို့..သိရ
    တာ။ အဖြစ်မှန် ဟုတ်မဟုတ်တော့…ကိုယ်တိုင် စုံစမ်းပြီးမှ ယုံကြပါ။

    • ဖျားးး ဖျားးး
      ဘုန်းကြီးတွေ အဖြတ်ခံရတာ .. ဆိုဒါဂျီး ဖတ်ပီး လန့်တွားဒါ …
      ညက်လုံးဒေါင် ပျူးတွားဒယ် .. ဟီးဟီး .. :mrgreen:

      အခြားဟာဒွေဒေါ့ သိဝူးး
      ဂျာနယ်ထဲ ပါတဲ့ မုဒိန်းမှုကတော့ နေပူဒေါ်ဘက်က များဒယ် ထင်ဒါဘဲဂျ …
      ဥလုံဂျီး ပေါထားဒဲ့ထဲက အဖြစ်သာ အမှန်ဆို …
      အတော်ကြီးကို ဆိုးတဲ့ လုပ်ရပ်ပါပဲ ….

      နိုင်ငံတိုင်းမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် …
      လွတ်လပ်စွာ စည်းရုံးခွင့်တွေ ရှိသင့်တယ် … ဆိုပေမယ့် …
      လွတ်လပ်စွာ အစွန်းရောက်ခွင့် …
      လွတ်လပ်စွာ ဗိုလ်ကျခွင့် မပြုသင့်တာတော့ အမှန်ပဲ ….
      အထက်က လွှတ်ထားရင်တော့ အောက်က လူတွေက ဆော်မှာပဲ …
      အခုလို အချိန်မျိုး အရင် အဟောင်းတွေနဲ့ ထပ်ဆင့်လို့ ပိုဆိုးသေးပေါ့ …..

      ဟုတ်လား မဟုတ်လား ..
      ဆိုင်လား မဆိုင်လားတော့ သိဘူး ….
      ကွန်မန့်ဒေါ့ ရှေတွားဒါဘဲ …
      နာလည်း ဝင်ဖွ .. အဲ .. ဝင်ပေါဒယ်တွ … :mrgreen:

    • johnnydeer

      March 28, 2013 at 7:03 am

      မှန်ပါ့…garuda ရေ…

  • garuda

    March 27, 2013 at 10:36 pm

    ဒါနဲ့..စကားမစပ်..ဖွတ်တွေ..တအားငြိမ်နေကြတယ်….အရမ်းထူးဆန်းတယ်..

    • ရာမည

      March 27, 2013 at 10:59 pm

      အထူးမငြင်းလိုပါဘူး နောင်တော်ကြီး garudaj
      ဖွတ်တွေ ငြိမ်နေတာကတော ့နာမည်ကောင်းယူဖို ့ သို ့မဟုတ်
      လှုပ်ရှားဖို ့အားယူနေတာထင်ပါတယ် ။
      လူ ကို လူလို ့မြင်
      နွားကို နွားလို ့မြင်
      ခွေးကိုခွေးလို ့မြင်
      ဝက်ကိုဝက်လို ့မြင် ……..အဲ့ နေ ့ရောက်လာရင် မညှိရဘဲပြေလည်မယ်ထင်တယ်
      သို ့သော် …. ကမ္ဘာ လဆန်း တစ်ရက်နေ ့ :harr:

    • koyinmaung

      March 28, 2013 at 11:50 am

      ဖွတ် တွေငြိမ်နေတာ
      တကယ့်ကိုအံဩစရာပေါ့….
      ဒင်းတို့တွေဖွနေတာသေခြာလောက်တယ်

  • ခင်ခ

    March 28, 2013 at 10:52 am

    ခါတောမှီပိုစ့်တစ်ခု ပီသပါပေတယ်ဗျာ။
    လှုပ်လှုပ်ရှားရှား ရွာသူားများလည်း ဝင်ကာမန့်ပေါ့
    မမန့်သူလည်း ဖတ်ကာပြုံးလို့ နေကြမယ်ထင့်
    သဂျီးကလည်း ဖွင့်လှစ်ပေးခဲ့ ငြင်းခုန်ခြင်းအနုပညာနဲ့ ……………။

  • အဂျစ်

    March 28, 2013 at 1:37 pm

    သဂျီးက စာရင်းလေး ကိန်းလေးနဲ့ ပြတတ်တယ်ဆိုတော့….. နှစ်အလိုက် မုဒိန်းမှုလေးနဲ့ ရာခိုင်နှုန်းလေး မစပါလား မြန်မာကော နိုင်ငံတကာကောပေါ့….နောက် မုဒိန်းမှု အများဆုုံးနဲ့ အနဲ့ဆုံး တိုင်းပြည် (လူမျိုး) လေးသိပါရစေ… (မသွားသည်… xx ါ မဟုတ်ပါ.. 🙂 )

  • မြေ လတ်သား

    March 28, 2013 at 5:48 pm

    သူ့ဘာသူ အမဲသားစားချင် နွားသတ်လိမ့်မယ်
    ဝက်သားစားချင် ဝက်သတ်လိမ့်မယ်
    သူ့ဘာသူခံလိမ့်မယ် အဲဒါ ဘာပုသဒုံး
    ကိုယ့်ရှေ့လာသတ်နေတာမှ မဟုတ်တာ
    မမုဒိန်းမှု ဆိုလို့ အိမ်က နှမတွေ အခန်းထဲ ထည့် သောခတ်ထားရတော့မလိုပဲ
    လှုပ်လို့ ရရင်လှုပ်မှာပဲ လုပ်လို့ရရင်လုပ်မှာပဲ
    ကျောက်ပန်းတောင်းဆို ထိလို့တောင်မရဘူး
    ရေနံချောင်း ချောက်တို့ဆိုလဲ လှုပ်ရဲဘူး အစ ကတည်းက လှုပ်မရအောင်လုပ်ထားတာ စိတ်လေဒယ်

  • uncle gyi

    March 28, 2013 at 10:24 pm

    သင်္ကြန်မှာ ရေတွေ ဖြုန်းနေပါတယ်ဆိုပြီး မလေး NGO တွေအော်နေမှ “အများနှင့်လိုက်လျောညီထွေ” နေနေရပါအုန်းမယ်…

    ကိုယ့်မြေမှာကိုယ့်ရေကိုယ်ဖြုန်းတာဘယ်မလေးကအော်လို့အဲဒီမလေးနဲ့လိုက်လျောညီထွေနေရ
    မှာတုန်းကိုမဂျစ်ရဲ့ ကိုယ်နေတာဘယ်မလေးနဲ့မှအတူနေတာမဟုတ်
    မလေးမှာရောက်နေတဲ့မြန်မာတွေရေဖြုန်းရင်သာပြောလို့အော်လို့ရမှာပေါ့

    အရက်ဆိုတာ ၅ပါးသီလပါ သောက်ရင် အပြစ်ပါ ၊ သင်္ကြန် ဆိုတာ နှစ်ဟောင်းရဲ့ အကုသိုလ်တွေကို အတာရေနဲ့ ဆေးတာပါ
    မှန်လိုက်လေကိုမဂျစ်ရယ်အရက်သောက်ရင်အပြစ်ပေါ့သင်္ကြန်အရက်သောက်လို့အပြစ်
    မဖြစ်ဖူးလို့ဘယ်ဘုန်းကြီးမှဟောပြောတယ်လို့မကြာမိပါဖူးဗျာ
    ခင်ဗျာကောကြားမိရင်ဘုန်းကြီးဘွဲ့နဲ့တကွပြောစမ်းပါအုန်း
    သွားရောက်ဖူးရအောင်လို့

    • အဂျစ်

      March 29, 2013 at 8:23 pm

      မလေးမှာနေလို့ မလေးကြောင်းပြောပါတယ်လို့ရေးထားပါတယ်… ဒီမှာ ထိုင်းတွေလဲ ရေကစားကြပါတယ် 🙂 … ဆိုတော့ …ကွာလာလမ်ပူ နေဖူး ရောက်ဖူးသူတွေ သိကြပါတယ်…. အရက်ကတော့ အပြစ်လို့ပဲဟောကြတာပါ… ကျွန်တော် ဆိုချင်တာက ဘာသာတရားက တားထားပေမဲ့ ဘာသာဝင်တွေ လုပ်နေကြတယ်… ဘာသာဝင်တွေရဲ့ လုပ်ရပ်ဟာ ဘာသာတရားကို ကိုယ်စားမပြုဘူး ဆိုတာပါပဲ… uncle gyi ရေ.. 🙂

  • johnnydeer

    March 29, 2013 at 6:53 am

    မန့်ကြရင်း မန့်ကြရင်းနဲ့ ပဲ မူရင်းပို့စ်ရဲ့ ဆိုလိုရင်းတောင် ဘယ်ချောင်ရောက်သွားလဲ မပြောတတ်တော့ပါဘူး…သေသေချာချာလေးတော့ တစ်လုံးချင်း စေ့စေ့ငင ပြန်ဖတ်ကြည့်ကြပါဦးလို့ တိုက်တွန်းပါတယ်…ငြိမ်းချမ်းစေလိုတဲ့ သဘောနဲ့ ဒါတွေဒါတွေ ကျွန်တော်တို့ မကြိုက်ပါဘူး…လက်မခံနိုင်ပါဘူး ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံတဲ့ သဘော ရေးထားတာပါ….

    တစ်ခုချင်း ထပ်ရှင်းပါ့မယ်…မုဒိန်းမှု …ဘယ်သူမဆို ဖြစ်တတ်ပါတယ်…ဒါပေမယ့် ဒီဘာသာဝင်တွေရဲ့ တဏှာရာဂ ကြီးမားမှုနဲ့ ပြစ်မှု ကျုးလွန်မှုဟာ အခြားဘာသာဝင်တွေထက် ရာနှုန်းပိုများနေတာတော့ လက်ခံရပါမယ်…ဗုဒ္ဒဘာသာဝင်တွေရဲ့ ဒီဘာသာဝင် မိန်းကလေးတွေ အပေါ် မုဒိန်းမှု ကျုးလွန်မှု အချိုးနဲ့ဒီဘာသာဝင်တွေ ဗုဒ္ဒဘာသာဝင်တွေအပေါ် ကျုးလွန်မှု အချိုး ပဲ နှိုင်းယှဉ်ကြည့်လိုက်ပါ….ဒီကိစ္စဟာ ဘာသာရေးအဓိကရုန်း ဖြစ်တဲ့ အဓိကအချက်ထဲ ပါ ပါတယ်…ဆင်ခြင်နိုင်ဖို့ပါ….

    နောက်တစ်ချက်…ရေးထားတဲ့ အထဲ နွားမသတ်ပါနဲ့…နွားသားလုံးဝ မစားပါနဲ့ လို့ ရေးမထားပါဘူး…

    ကျွန်တော်တို့ သိပ်ချစ်တဲ့ …ထမင်းရှင်လို့ ယူဆထားတဲ့ နွားတွေကို ကျွန်တော်တို့ ရှေ့မှာ ကျေးဇူးပြုပြီး ပျော်ပျော်ပါးပါးကြီး သတ်မပြကြပါနဲ့…

    လို့ ရေးထားတာပါ…ဒီစာကြောင်းရဲ့ သဘောကို ဘယ်အချိန် ကွက်ကွက်ကွင်းကွင်း မြင်ပြီး သဘောပေါက်မလဲ ဆိုရင် အစ်နေ့ မတိုင်ခင် နှစ်ပတ်လောက်အလို မြို့ထဲ တပတ်လိုက်ကြည့်လိုက်ပါ….နွားတွေဆွဲပြီး တဟေးဟေး နဲ့ ပျော်ပွဲဆင်နေကြတာ…သတ်ပါ..မသတ်နဲ့လို့ မပြောပါဘူး…ဒါပေမယ့် သိုသိုသိပ်သိပ် လေးတော့ သတ်ကြပါ…အစ်နေ့မှာ နွားသတ်လို့ ထွက်လာတဲ့ သွေးတွေဟာ ကျွန်တော်တို့မြို့က ချောင်း တစ်ချောင်းလုံး သွေးချောင်း တနေကုန် စီးနေလို့ ကျုပ်တို့ ဗုဒ္ဒဘာသာဝင်တွေ အဲ့ဒီနေ့ဆို စိတ်မကောင်းလို့ မြို့ထဲ သိပ်မထွက်ဖြစ်ကြတော့ပါဘူး…သူတို့ဘာသာဝင်တွေများတဲ့ တိုင်းပြည်မှာ သတ်စမ်းပါ…ကြိုက်သလောက်…ဘာမှမဖြစ်ဘူး…မြန်မာပြည်မှာတော့ အိမ်ရှင် နိုင်ငံသား ဗုဒ္ဒဘာသာဝင်တွေကိုတော့ နည်းနည်းလေးစားဖို့ ကောင်းပါတယ်…(အိမ်ရှင်လို့ ရေးထားလို့ ထပ်အငြင်းပွားချင်ရင်တော့ သီတဂူဆရာတော်ဘုရားကြီးနဲ့သာ သွားငြင်းပါ)

    နောက် မိန်းမ ယောက်ကျားယူတယ်…ယူလေ…ဘာဖြစ်တုန်း…အခုဟာက ယူတဲ့သူတိုင်း ကိုယ့်ဘာသာထဲ ဇွတ်ဆွဲထည့်တာတော့ မကောင်းပါဘူး…ဒီ ဘက်က အမျိုးယုတ်တွေ အသုံးမကျတာလဲ ပါ ပါတယ်…ဒါပေမယ့်လဲ သူတို့ဘက်က ကြီးသော ငယ်သော ပျိုသော အိုသော ဘာမှ မရှောင်တာလဲ ပါ ပါတယ်…ဘာလုပ်ပေးလို့တုန်း လို့ဘာကာကွယ်ပေးလို့တုန်း လို့ အရွဲ့တိုက်ထပ်မေးတော့လဲ ပြောရဦးမယ်…ထိန်းတော့ ထိန်းကြတာပါပဲ မိဘဆွေမျိုး အသိုင်းအဝိုင်း အကုန်…ဒါပေမယ့် လူတစ်ယောက် မွှန်နေတဲ့ အချိန် ဘယ်လောက် ထိန်းရခက်သလဲ အားလုံးပဲ သိကြမှပါ…

    ဆိုလိုရင်းကတော့ မေတ္တာရပ်ခံတာပါ…ဒါလေးတွေ ဒါလေးတွေ မလုပ်ကြပါနဲ့လို့….ဘာမှလဲ အပန်းမကြီးပါဘူး…ဒီလိုလုပ်ရင် ဒီလို ဘာသာရေးအဓိကရုန်းတွေ ဖြစ်လာနိုင်တယ်လို့ …အဲ့ဒီအခါ အပြစ်မဲ့သူတွေ အများကြီး သေကြရလိမ့်မယ်လို့…ရေးတာပါ…

    ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်ဉာဏ်မဲ့မှုကြောင့် အပြစ်မဲ့ ကိုယ့်ဘာသာဝင်တွေ မသေကြေ ကြပါစေနဲ့လို့….

  • johnnydeer

    March 29, 2013 at 7:13 am

    အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာဘယ်လိုမှ မသင့်တော်ကြောင်း သီတဂူဆရာတော်ကြီးက ပြောကြား။

    တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀ဝရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာ ဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။

    အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကို နှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church တွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။ အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။အဲဒါကြောင့် ငြိမ်းချမ်းစွာနေကြပါလို့ တိုက်တွန်းပါတယ်။

  • ဦးကြောင်ကြီး

    March 29, 2013 at 10:58 am

    သဂျီးကို ဖမ်းချုပ်၊ ကိုဘေးနွားဂျီးလို အဖြူအမဲ ကွက်ကြားဆေးသုတ်၊ ခေါင်းမှာ တီဗွီဧရိယာအတံတပ်ပီး အစ်နေ့ လေလံတင်ဈေး သွားရောင်းရအောင်၊ ဒါမှ ဒင်းကိုယ်ဂျင်းစာတတ်မှာ။ :buu:

  • အဂျစ်

    March 29, 2013 at 8:34 pm

    ှဧည့်နိုင်ငံသား..
    ဧည့် ဘာသာ
    ဧည့် စာရင်း…

      • ဦးကြောင်ကြီး

        March 30, 2013 at 11:10 am

        ဧည့်နွား

  • အဂျစ်

    March 30, 2013 at 5:15 pm

    “အိမ်သာ လို့ဧည့်လာ”
    ” တခါလာ ရွှေ ဧည့်သည် ” နှစ်ခါလာ ငွေ ဧည့်သည် …. ဘာလို့မြန်း Toilet ကို အိမ်သာ လို့ခေါ်တာလဲမသိဘူး…. 🙂

  • နေ့စဉ်သုံးစကား တွေမှာ ညစ်ညမ်းတာ ကို ပြောတဲ့အခါ ကြားသူနားမှာ မခါးအောင် ယဉ်ယဉ်ကျေးကျေး
    သုံးတတ်တယ်ဆိုတာ ယဉ်ကျေးမူ့ ပါဘဲ။

    ကိုယ့် ဆီကနေ ထွက်သွားတဲ့ ချီး ကိုမစင်
    ချီးပါတာကို အခင်းကြီး
    သေးပေါက်တာကို အခင်းလေး
    ချီးပါတဲ့ နေရာကို အိမ်သာ
    လို့ စကားလုံးပြောင်းလဲလို့သုံးကြပါတယ်။
    ဒီအတိုင်းမပြောင်းဘဲ ခေါ်ရင် ဘာဖြစ်လဲဆိုတော့ ဘာမှမဖြစ်ပါဘူး။
    ယဉ်ကျေးမူ့ရဲ့အနှစ်သာရဆိုတာ ဒါပါဘဲ။

Leave a Reply