ရွှေရောင်လွှမ်းတဲ့ ပြည်မြန်မာ

Kyi LwinMay 7, 20131min3278

မင်္ဂလာပါ ။

မန္တလေးဂေဇက်မှ သူကြီးမှ စ ရွာသားအပေါင်း ကျန်းမာတော်မူကြပါစ။  မတွေ့တာကြာလို့ တို့များကို မေ့နေတော်မူကြရော့ထင့်။

သူကြီးတို့ရွာကို လူမလာ စာမရောက်သော်လည်း စိတ်ကတော့ ရောက်သပေါ့။ ပြောချင် ရေးချင်တဲ့ အကြောင်းများက ရေးလို့ရယ်တဲ့ဘယ်မကုန်၊ ပြောမဆုံးပေါင် တော သုံးတောင် ဆိုသလိုပ။

သို့ပေမင့် လက်က ကီးဘုတ်ပေါ် မရောက်လေတော့ စာတစ်စောင် ပေတစ်ဖွဲ့ဖြစ်ဖို့ နီးလျှက်နဲ့ ဝေးခဲ့သပေါ့။

ဒီအတောအတွင်း တို့များရွှေမြန်မာလည်း ရွှေရောင်တွေ လွှမ်းနေပါသကော။ တကယ့် ရွှေလား။ ယိုးဒယားရွှေလား။  သုတ်ဆေး ရွှေလား ဆိုတာတော့ သေချာကြည့်ရင် တွေ့နိုင်ပေလိမ့်မယ်။

မြန်မာပြည်ကြီး မျက်နှာပွင့်လာလေပြီ။

လွှတ်တော်ကြီးလည်း စည်ကားပါပေ၏။

ရွှေမန်းတို့ လေငန်းတို့ လေသရမ်းတို့လည်း စုံစုံ ညီညီချီတက်လျှက်ပါပေ။

ရခိုင်ပြည်နယ် ရာဇဝတ်မှုတခုကို အရေးယူခြင်း  ညံ့ဖျင်း လေးကန်၍ ရာဇဝတ်မှုမှသည် ဆူပူမှုဖြစ်ခဲ့ရ၏။

ရခိုင်တိုင်းရင်းသားတို့ကား ခံလည်းခံရ၏။ နာလည်းနာရ၏။ မြန်မာနို်င်ငံအမည်လည်း နာမည်ပျက်၏။

တာဝန်ယူရမှာကြောက်သော တရားဥပဒေနှင့် အာဏာပိုင်များ ကြောင့်ဖြစ်၏။

ဒုက္ခသည် စခန်းများ၌ မွေးမြူရေးလုပ်ငန်းများအောင်မြင်၏။

တရားမဝင် နိုင်ငံသားမှတ်ပုံတင်၍နေသူများ ဘိုးဘိုးအောင် ဝ လုံးများပေတည်း။ ( တစ်လုံးဖျက်ရင် နှစ်လုံးပေါ်တယ်။)

လူဦးရေ ၁၅ ယောက်ရှိသော ဘင်္ဂါလီ အိမ်ထောင်စု တစ်စု သည် ဒုက္ခသည် စခန်းတွင်းနေရင်း တစ်နှစ်မပြည့်ခင် လူဦးရေ ၁ဝ ယောက် ထပ်တိုး၏။

ဘင်္ဂါလီမယား ၃ ယောက်၊ ချွေးမ ၃ ယောက်၊ သမက် ၃ ယောက်တို့ ၏ တိုးပွါးခြင်းပေတည်း။

မုဒိတာပွါးပါက ရခိုင်ပြည် ပျောက်ပေလိမ့်မည်။

ဦးပိုင်နှင့် ဝမ်ပေါင်ကောင်းမှုကြောင့် ရေလောင်း၍ မီးလောင်ဗုံး အစမ်းသပ်ခံလိုက်ရသော သံဃာတော်များကား ဟိုးလေးတကြော်ကြော်ပါပေ။ အမိန့်ပေးစေခိုင်းသူကား ကိုယ်ပျောက် ဝိဇ္ဖာပေတည်း။

မလက်တို ရွာသားများလည်း အင်တာနက် စာမျက်နှာပေါ်အလည်ရောက်၏။ ပြည်သူ့ရဲများက  သွေးထွက်သံယို ဖြစ်အောင် ကူညီလိုက်ကြပေသည်။ အားကိုးရလောက်သည့် ပြည်သူ့ရဲများပါတကား။

ကချင်ပြည်နယ်တိုက်ပွဲများကား တစ်နှစ်ပတ်လည် ကျော်ခဲ့ပေပြီ။ ပန်းများမပွင့်နိုင်ပဲ လောင်ချာ ကျည်ဆံများ သာလှိုင်လှိုင်ပွင့်၍ ဘုရားပန်းအိုး လုပ်ရောင်းကာ ရံပုံငွေရှာကြကုန်၏။

သမတ ၏ အထက်တွင် လက်နက်ကိုင် အာဏာပိုင်များရှိနေ၏။

မိတ္ထီလာမြို့သည် မီးလောင်ပြင်ဖြစ်သွား၏။ မြန်မာပြည်၏လုံခြုံရေးတာဝန်ယူသူတို့၏အစွမ်းကား   ကြောက် စရာကောင်းလောက်အောင် လုံခြုံပါပေသည်။

နောက်ဆက်တွဲ ဖြစ်ပျက်သည့် ပဲခူးတိုင်းအတွင်းမှ မြို့တချို့ကား ပြည်သူ့ရဲများ၏ ကြိုတင်ကာကွယ်မှုကြောင့် လည်းကောင်း အာဏာပိုင်များ၏ စောင့်ရှောက်မှုကြောင့်လည်း   ကောင်း နေအိမ်များ ဈေးဆိုင်များ ပျက်စီး ဆုံးရှုံးရလေ၏။

အာဆီယံတွင်ပါဝင်သည့် မွတ်နိုင်ငံ ခေါင်းဆောင်များလာ၍ မြန်မာ့သမတ ကြီး၏ မဟာနဖူးအား ခေါက်ကြ ကုန်၏။ ၊ နားရွက်အား တံတွေးစွတ်ကြ ခြင်းများလုပ်ကြကုန်၏။

မဟာနဖူးနှင့် သမတကြီးကား ဥပတိရုပ်အတော်ပြောင်၍ ခံနိုင်ရည်ရှိလှပါ၏။

ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန်လှပေ၏။

SSA နှင့်လည်း အပွဲပွဲ နွဲ လျှက်၊ KIA နှင့်လည်း အပစ်ခတ်မရပ်သေး KNU နှင့်လည်း တခြိမ်းခြိမ်းတိုက်ပွဲဝင်လျှက်ပါပေ။ နိုင်ငံတော် စီမံကိန်းအမည်တပ်၍ မတရားသိမ်းပိုက်ထားသော လယ်ယာမြေများအရေးမှာလည်း မသေးလှပေ၊ လယ်လုပ်သူ လယ်သမားများကလည်း တပူပူ တညံညံနှင့် တောင်းဆိုသံတွေ မြန်မာတပြည်လုံးပြန့်လျှက်ပါပေ။

ဆွေမျိုးပေါက်ဖေါ် ကျေးဇူးတော်အရှင်များအတွက် ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် လယ်ယာမြေဆုံးရှုံးမှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကိုကန့်ကွက် ဆန္ဒပြနေသည့်အသံ  များမှာလည်း ရခိုင်ကမ်းရိုးတန်းမှ စ၍ မြန်မာပြည်အလယ်ပိုင်းအညာမြေကိုဖြတ်ခါ ရှမ်းတောင်တန်း ရှမ်းရိုးမ အထိ တမျှော်တခေါ် တနံ တလျှား ရှည်လျှားကျယ်လောင်နေဆဲပေ။

ဝန်ကြီးဌာနများ မဟုတ်မတရားလုပ်ရပ်များ ဂျာနယ်တွေထဲတခန်းတနား ဝေဝေဆာဆာ ဖေါ်ပြ ထည့်သွင်း တင်ပြသော်လည်း အရေးယူသည့်ကိစ္စမရှိသည့်အတွက် မဟုတ်မမှန်လုပ်ထားသည့်   ဝန်ကြီးများကတော့ အလံတလူလူနဲ့ အသနက်မကြီး အောင်လံထူနေသပေါ့။

မြန်မာပြည်ကြီး အတော် မျက်နှာပွင့်လာပါပြီ။ နိုင်ငံအဝှမ်း ဦးပိုင်နှင့်  ကြံ့ဖွတ်အစွမ်းကြောင့်  ဆန္ဒပြပွဲများ ခြိမ့်ခြိမ့်သဲ စည်ကားနေ၏။ တိုင်းနဲ့ပြည်နယ်များတွင် တပူတူ တဆူဆူ ၊တဝုန်းဝုန်း တဒိုင်းဒိုင်းဖြစ်      နေသော်လည်း ဒါပေမယ့် ပြည်တော်သာပါသည်။

သမတကြီးငြိမ်းချမ်းရေးဆု ရသော်လည်း ပြည်သူများ မငြိမ်းချမ်းနိုင်ကြပါ။ သမတကြီး၏ စွမ်းဆောင်မှု အရည်အချင်းများပေလား။

ဤကား ရွှေရောင်လွှမ်းနေသော ယနေ့ မြန်မာပြည်ဖြစ်ပါ၏။

သမတကြီးနှင့် ကြံ့ဖွတ်ဝန်ကြီးများကောင်းမှု  အများသာဓုခေါ်စေသောဝ်။

ကြံ့ဖွတ်အစိုးရ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သောဝ်။

သူကြီးနှင့်တကွရွာသားများ  သည်းခံခွင့်လွှတ်ဖတ်ကြစေကုန်။

မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့

ကြည်လွင်

ရန်ကုန်။

 

 

8 comments

  • KZ

    May 7, 2013 at 4:11 pm

    အဟက်။
    ဒီစာကိုလည်း သဘောကျပြန်ပြီ။
    ဘာကို သဘောကျတာလည်းမမေးနဲ့။
    မပြောရဲဘူး။
    တူညားက နဖောင်မပြူးတော့ ခေါက်တာတွေ ခံနိုင်ရည်မရှိဘူး။
    :kwi:

  • ခင်ခ

    May 7, 2013 at 4:40 pm

    ( သူကြီးနှင့်တကွရွာသားများ သည်းခံခွင့်လွှတ်ဖတ်ကြစေကုန်။)
    သည်းခံကာဖတ်ရင်း မှန်စွာမသွေ ပြန်ပါလေတော့ ပြန်ကြလေကုန်သတည်း…. တာ..တာ့။

  • အလင်းဆက်

    May 7, 2013 at 8:21 pm

    မရောက်ထှာကြာတော့..
    လွမ်းနေတဲ ့ သူတွေကို..
    အလွမ်းပြေစေတဲ ့ ဒဲ့ပိုစ့်နဲ့ ပြန်ရောက်လာတယ်ပေါ့လေ ။

    :kwi:

    ကပေ ပေါသလို……
    အဟွတ် အဟွတ်…ပါပဲ.. ။

  • kai

    May 7, 2013 at 11:43 pm

    ဘာပဲပြောပြောပါလေ…
    လွန်ခဲ့တဲ့ငါးနှစ်က.. အခုအခြေအနေဆိုတာ.. အိပ်မက်… အိပ်မက်..
    အိပ်မက်တောင်မှ.. နွေခင်းကြောင်တောင်.. ထမက်တဲ့..အိပ်မက်.. :kwi:

  • padonmar

    May 25, 2013 at 6:31 am

    ကိုကြည်လွင်ရေ
    ရွာထဲမှာ မကြာမကြာမှန်တာလေးတွေ လာပြောနိုင်ပါစေ။
    သဂျီးမင်းမိန့်သလိုပဲ
    လွန်ခဲ့တဲ့ ၂နှစ်ကတောင် ကျမတို့ ဒီလိုမရေးရဲခဲ့တာတော့ သတိရမိတယ်။
    လူလုံးတောင်မပြရဲခဲ့ဘူးဆိုတော့ ဖန်ခွက်ထဲ ရေတစ်ဝက်တောင်ရှိပါတယ်လေ။
    သောက်ဖြစ်အောင်ယူသောက်လိုက်ပါ။

  • Mr. MarGa

    May 25, 2013 at 11:01 am

    အော်……..
    အင်း အင်း
    နှစ်နှစ်အတွင်း တိုးတက်မှုတွေလဲ ရှိလာခဲ့
    မျက်နှာပျက်လောက်အောင်အထိ ဆုတ်ယုတ်မှုတွေလဲ ရှိလာခဲ့သပေါ့
    နှစ်နှစ်သက်တမ်းအတွင်း
    ဒီရလာဒ်တွေကိုကြည့်လို့
    ချီးကျူးသင့်သလား အပြစ်တင်သင့်သလား ဆိုတာတော့
    တွေးဆဲ…………….. :kwi:

Leave a Reply