Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကမ္ဘာ့လူငယ်တွေထဲက မြန်မာလူငယ်ကိုယ်စားလှယ် တစ်ဦး

notsyntheticsFebruary 26, 20103min2955

pg1groupflag.jpg

လန်ဒန်မြို ့မှာ ကျင်းကပြုလုပ်ခဲ့တဲ့ One Young World Youth Summit ဆိုတဲ့ ကမ္ဘာ့လူငယ် ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တင်မြတ်ထက် နဲ့ လောကအလှတို့ စကားပြောဖြစ်ခဲ့ပါတယ်။

badge.jpg

ဘယ်ကနေ ဘယ်လိုစပြီးတော့ One Young World Summit မှာရွေးချယ်ခံရတယ်ဆိုတာ ပြောပြပေးပါဦး။
ဒီအကြောင်းပြောရမှာကတော့ နည်းနည်းလေးလဲ ရှည်သလို အတိုချုပ်ပြီးပြောရရင်လည်း မပြည့်စုံမှာ စိုးတဲ့အတွက် အစအဆုံးပဲ ပြောပြလိုက်ပါတော့မယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းလောက်တုန်းက သူငယ်ချင်းတစ်ယောက်ကနေပြီးတော့ One Young World Youth Summit ရှိတဲ့အကြောင်းကို ပြောပြပါတယ်။ သူက ပထမဦးဆုံးအကြိမ် ကမ္ဘာ့အကြီးဆုံး လူငယ်တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး Global Issue ခြောက်ခုကို ဆွေးနွေးကြမှာ.. တက်ဖို့စိတ်ဝင်စားလာတဲ့။ ကျွန်မကလည်း အရမ်းစိတ်ဝင်စားတယ်ဆိုတော့ သူတို့တွေက Facebook ၊ Twitter ၊ Wyan ၊ Youtube ကနေတစ်ဆင့် Social Media သုံးပြီးတော့ လျှောက်ဖို့ခေါ်နေတယ်လို့ ပြောပါတယ်။ လျှောက်ဖို့ခေါ်တယ်ဆိုတာထက် အဓိက ဒီပွဲကိုတက်ဖို့ကို မဲစနစ်နဲ့ ရွေးချယ်တာပါ။ ကိုယ်ရဲ့ Profile နဲ့ Extracurricular Work တွေကို ကောင်းကောင်းလေးရေးပြီး Facebook ရဲ့ One Young World Application မှာ တင်ပေးရပါတယ်။ ကိုယ့်အကြောင်းကို ဖတ်မိလို့ ကြိုက်တဲ့သူတွေက မဲပေးနိုင်ပါတယ်။ ပြီးတော့ ဒီပွဲကို သွားတက်ဖို့ ကိုယ့်ကို Pledge ပေးချင်တယ်ဆိုရင်လည်း ကိုယ်ပေးချင်တဲ့ ပမာဏကို ထည့်ပေးနိုင်ခဲ့ပါတယ်။ One Young World က ကျွန်မတို့ကို ဒီအတိုင်းလာဖို့ မခေါ်ပါဘူး။ ကိုယ့်စပွန်စာကိုယ်ရှာပြီး သွားရမှာပါ။ Sponsor Amount က Euro 3000 ပါ။ ဒီငွေကို Multinational, Local Organization တွေဆီမှာ ကိုယ်တိုင် စပွန်စာတောင်းရင်လည်းဖြစ်တယ်၊ ကိုယ့်မှာ ပိုက်ဆံရှိတယ်ဆိုရင် ကိုယ့်ဟာကိုယ်သွားလို့လည်းရတယ်၊ သူငယ်ချင်းတွေက စုပေါင်းပြီး Euro 3000 ပေးလို့လည်း ဖြစ်ပါတယ်။ ပိုက်ဆံကတော့ ကိုယ့်လက်ထဲကို ရောက်လာတာ မဟုတ်ပါဘူး။ One Young World Account ထဲကို Paypal ကနေတစ်ဆင့် စပွန်စာလုပ်မယ့်သူတွေက လွှဲပေးရတာပါ။ ပြီးတော့မှ အရွေးခံရတဲ့ Delegate တွေကို သူတို့က ခရီးသွားဖို့ ၊ နေထိုင်ဖို့၊ စားသောက်ဖို့တွေ စီစဉ်ပေးတာပါ။ ဒီတော့ ကျွန်မလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်လုပ်နေတဲ့ Community Work တွေအကြောင်းကို ရေးပြီး အရွေးခံခဲ့ပါတယ်။ ကျွန်မ သူငယ်ချင်းတွေလည်း ကျွန်မကို မဲပေးခဲ့သလို နိုင်ငံခြားကသူတွေလည်း ဝင်ရောက်မဲပေးခဲ့တာ တွေ့ရပါတယ်။ စုစုပေါင်း မဲ 250 ကျော်တော့ ကျွန်မကို Delegate အဖြစ်ရွေးလိုက်ပြီဆိုတဲ့အကြောင်းနဲ့ စပွန်စာကို ကိုယ်တိုင်ရှာဖို့ Recommendation Letter တွေ Sponsor Letter Format တွေ ပို့ပေးပါတယ်။ သူတို့အဖွဲ့ကလည်း ကျွန်မတို့ Application Form တွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကို ပို့ပေးပြီး စပွန်စာလိုက်တောင်းနေတဲ့ အကြောင်းလည်း ပြောပါတယ်။ One Young World Forum မှာလည်း ဝင်ရောက်ဆွေးနွေးဖို့ Code တွေ ပို့ပေးပါတယ်။ ပြီးတော့ သူတို့ဆီမှာ Application ထပ်ဖြည့်ရပါသေးတယ်။ ကိုယ့်အလုပ်မှာ အခက်ခဲဆုံးက ဘာလဲ ဘယ်လိုဖြေရှင်းခဲ့လဲ၊ ကိုယ်လုပ်ခဲ့တဲ့ လူမှုရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ရှိခဲ့လား၊ ဘယ်လိုဖြေရှင်းခဲ့လဲ၊ အလုပ်ထဲမှာပဲ ဖြစ်ဖြစ် လူမှုရေးလုပ်ငန်းမှာပဲ ဖြစ်ဖြစ် ကိုယ်ခေါင်းဆောင်မှုလုပ်ခဲ့လို့ အောင်မြင်သွားခဲ့တဲ့အရာက ဘာတွေလဲ အစရှိတဲ့ Essay သုံးပုဒ်ကိုလည်း ရေးခိုင်းခဲ့ပါတယ်။ ကျွန်မလည်း အတတ်နိုင်ဆုံးတော့ အီးမေလ်းတွေပို့ပြီး စပွန်စာတောင်းခဲ့တာပါပဲ။ ဘယ်သူမှ စပွန်စာမပေးကြပါဘူး။ ဖိုရမ်ထဲမှာလည်း စပွန်စာမရလို့ အော်နေကြတဲ့သူတွေ မနည်းမနောပါပဲ။ အထူးသဖြင့် ကျွန်မတို့လို့ Developing Country က လူငယ်တွေပေါ့။ One Young World ကလည်း ကိုယ်တိုင်ကြိုးစားရှာဖို့အကြောင်းနဲ့ သူတို့လည်း ကူပြီး ရှာပေးနေကြောင်း စာတွေ ထပ်ပို့လာပါတယ်။ Deadline ကလည်း တစ်ဖြည်းဖြည်းနီးလာပြီး ကျွန်မလည်း နောက်ဆုံး Summit တက်ဖို့ လက်လျှော့လိုက်တော့မယ်ဆိုပြီး စဉ်းစားနေတုန်းမှာပဲ ဇန်နဝါရီ (၈) ရက်နေ့မှာ One Young World က ကျွန်မကို မေလ်းပို့ပါတယ်။ ကျွန်မကို American Express ကနေ စပွန်စာပေးဖို့ ရွေးလိုက်တယ်တဲ့။ ကျွန်မမှာ ပျော်လွန်းလို့ ဘာပြောရမှန်းတောင် မသိခဲ့ပါဘူး။ ကျွန်မကံကောင်းလို့ပဲလား၊ ကျွန်မတော်လို့ပဲလားဆိုတာကို စဉ်းစားလို့တောင် မရခဲ့ပါဘူး။ ဘာပဲပြောပြော စိတ်လှုပ်ရှားမှုတွေ၊ အခက်အခဲတွေကြားထဲကနေ အရွေးခံခဲ့ရတာ ကျွန်မ တစ်ကယ်ပျော်ပါတယ်။ Summit တက်ရဖို့အရေးကိုလည်း စိတ်ထဲကြိုတွေးပြီး ပျော်နေခဲ့တာ ပြောပြလို့တောင် မတတ်ပါဘူးရှင်။

သွားတော့ရော ဗီဇာတွေ ဘာတွေလွယ်ကူပါသလား။
တစ်ကယ်တမ်း စပွန်စာရလို့ သွားဖို့စီစဉ်တဲ့ အချိန်မှာ ကျွန်မလက်ထဲမှာ ပတ်စပို့တောင် မရှိသေးပါဘူး။ လျှောက်ထားတုန်းပဲ ရှိပါသေးတယ်။ ဒါနဲ့ ကျွန်မလည်း လုပ်စရာရှိတာကို အမြန်လုပ်ပြီး ဗီဇာလျှောက်ဖို့ လုပ်ရပါတယ်။ OYW ကလည်း Official Invitation Letter ပို့ပေးပါတယ်။ သံရုံးမှာ လျှောက်တော့လည်း အဓိကလိုအပ်တဲ့ စာရွက်တွေဖြစ်တဲ့ Passport, NRC, Household Registration List တွေအပြင် ဒီ Invitation Letter တစ်စောင်ပဲ အပိုတင်ပေးပြီး လျှောက်ခဲ့တာပါ။ အရမ်းမြန်ပါတယ်။ Counselor နဲ့တောင် တွေ့စရာမလိုပါဘူး။ တင်ပြီး တစ်ပတ်နေတော့ ကျလာတာပါပဲ။

ဘယ်လိုလူငယ်မျိုးကို သူတို့ရွေးချယ်တာလဲ။
ကျွန်မ ခုနက အတော်များများပြောပြခဲ့ပြီးပါပြီ။ သူတို့က 1984 ခုနှစ်ကနေစပြီး မွေးတဲ့ လူငယ်တွေကို ခေါ်တာပါ။ 25 Today and leading the world tomorrow ဆိုတဲ့ သူတို့ရဲ့ ဆောင်ပုဒ်အတိုင်း အသက် 25 နည်းနည်းကျော်နေတဲ့ သူတွေကနေစပြီး 25 နှစ်အောက်တွေကို ရွေးချယ်ခေါ်ယူခဲ့တာပါ။ တစ်ကယ်တမ်း Summit မှာတွေ့တော့ 25 နှစ်ဆိုတာထက် အဓိက က 30 နှစ်အောက်ကို ရွေးတာပါ။ 1983 မှာမွေးတဲ့သူတွေလည်း  ပါပါတယ်။ လက်ရှိမှာလည်း Community Development အတွက် လှုပ်ရှားနေတဲ့သူမျိုးကို ရွေးချယ်ခေါ်ယူခဲ့ပါတယ်။ ဘာ Activities တွေကိုလုပ်ခဲ့ရလဲ။ Activities ရယ်လို့တော့ သီးသန့်ကြီးမရှိပါဘူး။ Global Issues ခြောက်ခုဖြစ်တဲ့ Developing Political Leadership, Media, its changing power and identity, Interfaith Dialogue, Global Business and its role in shaping society, Global Health, Environment and its protection အစရှိတဲ့ Resolution တွေကို ဝိုင်းဝန်းဆွေးနွေးရပါတယ်။ Topic တစ်ခုစီရဲ့ Plenary Session တစ်ခုစီမှာ Delegate Speakers ခြောက်ယောက်စီနဲ့ Counsellor တွေရှိပါတယ်။ ကိုယ်စကားပြောချင်တဲ့ Plenary Session အတွက်လည်း ကိုယ်ပြောချင်တဲ့အကြောင်းအရာတွေကို တင်ရပါတယ်။ အဲ့ထဲကမှ သူတို့က ခြောက်ယောက်ပြန်ရွေးတာပါ။ ကျွန်မက Environment Session အတွက် တင်ပေးခဲ့ပေမယ့် အရွေးမခံခဲ့ရပါဘူး။ အရွေးမခံရတဲ့ သူတွေက Floor Speech ပြောခွင့်ရှိပါတယ်။ Floor Speech ကတော့ Session တိုင်းမှာ ပြောခွင့်ရှိပါတယ်။ အချိန်အကန့်အသတ်ရှိတဲ့အတွက် လူတိုင်းတော့ ပြောခွင့်မရကြပါဘူး။ မိုက်ရှေ့ကို ဦးအောင်ရောက်တဲ့သူက ပြောခွင့်ကြုံတာပါပဲ။ မိုက်အနောက်မှာ တန်းစီရပါတယ်။ အချိန်ပြည့်သွားရင်တော့ တန်းစီထားပေမယ့် ပြောလို့မရတော့ဘူးပေါ့။

ဘာခေါင်းစဉ်နဲ့ မြန်မာနိုင်ငံကိုယ်စားပြု Presentation တွေ လုပ်ခဲ့လဲ။
ကျွန်မတို့ Summit က နိုင်ငံအလိုက် Issue တွေကို ဆွေးနွေးတာ မဟုတ်ပါဘူး Global Issue ကို နိုင်ငံတိုင်းက လူငယ်တွေ ဆွေးနွေးကြတာပါ။ ဒီ issue တွေကို သက်ဆိုင်ရာ နိုင်ငံကို ကိုယ်စားပြုပြီးတက်တဲ့ လူငယ်တွေက ကိုယ့်နိုင်ငံကို ပြန်ရောက်ရင် ကိုယ်တိုင်ဦးဆောင်ပြီး ဆောင်ရွက်စေချင်တဲ့ သဘောပါပဲ။ ကျွန်မက Delegate Speaker လည်း မဟုတ်တဲ့အတွက် မြန်မာနိုင်ငံကိုယ်စားပြုတက်ခဲ့ပြီး Informal ဆွေးနွေးတဲ့ သဘောကလွဲရင် Presentation မလုပ်ခဲ့ပါဘူး။ ဘယ်သူမှလည်း နိုင်ငံကိုယ်စားပြု Presentation မလုပ်ကြပါဘူး။ ဘယ်နိုင်ငံကလာတယ်၊ ဘာအကြောင်းကို ဆွေးနွေးတယ် ဒီလောက်ပါပဲ။
presentation အတွက် ကြိုတင်ပြင်ဆင်ခဲ့တာတွေ ပြောပြပေးပါဦး
ရှေ့မှာပြောခဲ့တဲ့ အတိုင်းပါပဲ။ Presentation လုပ်ဖို့ဆိုတာထက် အများနည်းတူ ဝင်ရောက်ဆွေးနွေးနိုင်ဖို့ စာတွေများများ ဖတ်သွားပါတယ်။ ကျွန်မက Environment ရယ် Global Business ရယ်ကို စိတ်ဝင်စားတော့ အဲ့ဒါနဲ့ ပတ်သက်တဲ့အကြောင်းတွေ Poverty Reduction နဲ့ ပတ်သက်တဲ့အကြောင်းတွေကို များများလေ့လာသွားပါတယ်။ အင်တာနက်ကနေပဲ ရှာပြီး ဖတ်သွားခဲ့တာပါ။

ဘယ်လိုအတွေ့အကြုံတွေ ရခဲ့တယ်ဆိုတာ ပြောပြပေးပါဦး။
အတွေ့အကြုံတွေကတော့ ပြောပြလို့ မတတ်အောင်ပါပဲ။ တခြားနိုင်ငံက လူငယ်တွေနဲ့လည်း သူငယ်ချင်းတွေ ဖြစ်ခွင့်ရတယ်။ Kofi Annan, Desmond Tu Tu , Professor Mohammad Yunus အစရှိတဲ့ နိုဘယ်ဆုရှင်တွေနဲ့လည်း တွေ့ခွင့်ရတယ်။ Global Issue တွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း အများကြီးရပါတယ်။ ကိုယ့်နိုင်ငံအတွက် ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ရမယ်ဆိုတဲ့ အသိကလေးလည်း ဝင်လာတာပေါ့။ Professor Yunus ပြောသလိုပါပဲ “ဒီခေတ်ကြီးမှာ အမြတ်ရဖို့ စီးပွားရေးလုပ်တာထက် Social Business ကို ပိုပြီးတော့ အာရုံစိုက်သင့်တယ်၊ ကိုယ့်လုပ်ငန်းကရတဲ့ အမြတ်နဲ့ လူတွေအတွက် အကျိုးပြုလုပ်ငန်းတွေ အများကြီး လုပ်ပေးရမယ်။ စီးပွားရေး လုပ်ငန်းရှင်တွေဟာ CSR များများလုပ်ပေးရမယ်” ဆိုသလိုပါပဲ ကိုယ့်နိုင်ငံကို ပြန်ရောက်တဲ့အခါ ဒါတွေကို လုပ်ဖို့ တိုက်တွန်းရမယ်ဆိုတဲ့ အသိကလေးလည်း ဝင်ခဲ့ပါတယ်။ နောက်ထပ် Guest Speaker တစ်ယောက်ဖြစ်တဲ့ Haiti အတွက် Fundraising လုပ်နေတဲ့ Musician Wycliff Jean ပြောသလိုပေါ့ “ဟေတီအတွက် Fundraising လုပ်တယ်ဆိုတာထက် လူငယ်တွေကို ဟေတီအတွက် အလုပ်လုပ်ဖို့ကို ပိုမျှော်လင့်ပါတယ်။ ကျွန်တော်တို့လိုချင်တာ တက်ကြွနေတဲ့ လူငယ်တွေရဲ့ ဦးနှောက်ကိုပါ။ ဒီဦးနှောက်တွေကို ကျွန်တော်တို့ ရတာဟာ Fund ရသလိုပါပဲ” ဆိုတာမျိုးတွေအပြင် အခြား ဗဟုသုတတွေလည်း အများကြီးရခဲ့ပါတယ်။ ” Yes, I can” ဆိုတဲ့ စိတ်လည်း အများကြီးဝင်ခဲ့ပါတယ်။

နောက်ထပ် ဘာအစီအစဉ်တွေ ရှိသေးလဲ။
ကျွန်မအခု One Young World ကနေရခဲ့တဲ့ Resolution တွေကို ပြန်လည်မျှဝေတဲ့ ပွဲလေးတစ်ခု လုပ်ဖို့ပြင်နေပါတယ်။ မတ်လ အစောပိုင်းလောက်ကို လုပ်ဖို့ မှန်းထားပါတယ်။ အဲ့ဒီမှာ Team လေးဖွဲ့ပြီ One Young World Myanmar အထိ လုပ်ချင်ပါတယ်။ Facebook မှာလည်း One Young World, ASEAN Network ဖွဲ့ထားပြီး ဒေသဆိုင်ရာတိုးတက်ရေးတွေကို ပူးပေါင်းလုပ်ကြမယ်လို့ ရည်ရွယ်ထားပါတယ်။ ဖြစ်လာ မဖြစ်လာတော့ မပြောတတ်သေးပါဘူး။ ကျွန်မတို့ကို Desmond Tu Tu ပြောသလို့ “You dream, dream, dream about ah…. something.. ” ဆိုသလိုပါပဲ ကျွန်မလည်း အိပ်မက်လေးတော့ မက်ချင်ပါသေးတယ်။ ကျွန်မနဲ့ ပူးပေါင်းပါဝင်ကြဖို့လည်း လူငယ်တွေကို ပြောချင်ပါတယ်။ One Young World 2011 မှာ မြန်မာပြည်က Delegate တွေ များများတက်နိုင်ဖို့လည်း ကြိုးစားပေးချင်ပါသေးတယ်။

ယနေ့ခေတ်မြန်မာလူငယ်များအပေါ် ဘယ်လိုမြင်လဲ။
အရမ်းတော်ကြပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေကိုလည်း ကောင်းကောင်း အသုံးချတတ်ကြပါတယ်။ မဟုတ်တဲ့နည်းနဲ့လည်း အသုံးချတတ်ကြသလို၊ ဟုတ်တဲ့နည်းနဲ့လည်း အသုံးချတတ်ပါတယ်။ ကျွန်မပြောတာ လွန်မယ်လို့တော့ မထင်ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေကြောင့်ရော ၊ ဖြစ်ပေါ်လာတဲ့ အနေအထားကြောင့်ရော လူငယ်တော်တော်များများမှာ နိုင်ငံခြားထွက်မယ်ဆိုတဲ့ စိတ်က ကြီးစိုးနေတာ များပါတယ်။ ကျွန်မလည်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံမှာ လူဖြစ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာပဲ နေထိုင်ပြီး မြန်မာနိုင်ငံတိုးတက်ဖို့ကိုပဲ ရတဲ့နည်းလမ်းလေးနဲ့ လုပ်ပေးကြစေချင်ပါတယ်။ တိုင်းတပါးကနေ လုပ်ပေးလို့လည်း ရပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေတွေအရ ကိုယ်တိုးတက်ဖို့ကိုပဲ အာရုံစိုက်နေကြတာကလည်း မမှားပါဘူး။ ကျွန်မဆိုလည်း ကျွန်မတိုးတက်မှ ကျွန်မတော်နေ ထက်နေမှ ကျွန်မနိုင်ငံအတွက်ဆိုတာ စဉ်းစားလို့ ရမှာပါ။ ကိုယ်ဘာမှ မဟုတ်ပဲနဲ့ လေကျယ်နေလို့လည်း အလကားပါပဲ။ ဒါကြောင့် ကိုယ်အရင်တော်အောင် ကြိုးစားနေကြသူများကို လေးစားပါတယ်။ ဆက်လက်ပြီးတော့လည်း ကိုယ်သာမက Community ကြီးကိုလည်း ကိုယ့်လိုတော်အောင် ၊ ကိုယ့်လိုကောင်းအောင် လုပ်ပေးကြဖို့ မျှော်လင့်ပါတယ်။

လူငယ်တွေကို ဘာအမှာစကားပြောချင်ပါသလဲ။
အထွေအထူးတော့ ပြောစရာ မရှိပါဘူး။ Kofi Annan က ကျွန်မတို့ကို ပြောခဲ့တဲ့ စကားကိုပဲ ပြန်ပြီး Quote လုပ်ချင်ပါတယ်။ “My young friends, don’t forget, you are the leaders of tomorrow” ဆိုတာပဲ ဖြစ်ပါတယ်ရှင်။

အခုလို ဖြေကြားပေးတဲ့ တင်မြတ်ထက်ကို လောကအလှမှ ကျေးဇူးတင်ပါတယ်။

youtube  မှာသူမပြောခဲ့တာလေးတွေကိုသိချင်ရင်ဒီလင့်ခ် http://youtu.be/JHCW58DhWmI

တကယ်ကိုဘဲ လေးစားဂုဏ်ယူမိပါတယ် ကိုယ်တိုင်မလုပ်နိုင်ပေမဲ့ တော်တဲ့တတ်တဲ့သူတွေကိုတော့အမြဲလေးစားနေပါတယ်..။

source     http://www.lawka-ahla.com/news.php?item.941

အသေးစိတ်ကိုတော့ဒီမှာဖတ်ရှု့နိုင်ပါတယ် http://pinkgold.wordpress.com/

5 comments

  • susunosuki

    April 19, 2010 at 9:57 am

    အားကျဂုဏ်ယူပါတယ်
    ဝမ်းလည်းသာပါတယ်
    ဘယ်သူဘယ်ဝါဆိုတာထက်
    မြန်မာမလေးဖြစ်နေတယ်ဆိုတဲ့အချက်နဲ့တင်ပြည့်စုံပါပြီ

  • shwe

    February 13, 2011 at 2:30 pm

    သိသလောက် Pinkgold ကနိုင်ငံတော်တော်များများရောက်ဘူးပါတယ် နော Interview မှာ ပတ်စပို့တောင် မရှိသေးပါဘူးဆိုတာ တစ်နေရာရာမှာ မှားများနေလား
    ” ကျွန်မလက်ထဲမှာ ပတ်စပို့တောင် မရှိသေးပါဘူး။ လျှောက်ထားတုန်းပဲ ရှိပါသေးတယ်။ ဒါနဲ့ ကျွန်မလည်း လုပ်စရာရှိတာကို အမြန်လုပ်ပြီး ဗီဇာလျှောက်ဖို့ လုပ်ရပါတယ်။ “

  • shwepyithu

    February 13, 2011 at 4:20 pm

    ကိုယ့်မြန်မာလူငယ် တစ်ယောက် ဒီလို ကျိုးစားအောင်မြင်ခဲ့တာကို ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ အခြားလူငယ်တွေကိုလဲ အောင်မြင်စေချင်ပါတယ်။ နီးစပ်ရာလူငယ်လေးတွေကို ပြန်ဖောက်သည်ချလိုက်ဦးမယ်။
    ကျေးဇူးတင်ပါတယ်။

Leave a Reply