ချစ်ချစ်ချစ်- အပိုင်း ၁ – အခန်း ( ၆ )
အခန်း ( ၆ )
” ကဲ လုပ်မယ်ဆိုတော့လဲ စကြတာပေါ့ကွာ။ ဂျာနူးရေ မင်း အမျိုးတွေကိုအသင့်ပြင်ခိုင်း
ထားပြီး ပြီ လား”
” ၂ ရက်လောက်ကတည်းက ပြောပြီးသာပါ။သူတို့ရွာကနေအသင့်စောင့်နေမယ်တဲ့။”
” ဒါဆိုတို့ဘက်ကပဲလိုတာပေါ့။ မနက်ထွက်နိုင်မလားသူငယ်ချင်း”
” ကောင်းတယ်။ မြန်မြန်ပြီးလေ အားလုံးအတွက်အဆင်ပြေလေပဲ။ ငါ့အတွက် ဘာတွေ
ပြင်ထားလဲ။ ငါမလာခင်ထဲက ကြိုပြောပြီးသားနော်။”
” အေး ပါကွာ။ ဒို့ဆီမှာအခွင့်မရှိတော့ ရောက်ရာနေရာကပဲ ရှာသုံးရတာပေါ့။
ရော့ ဒီမှာမင်းအတွက်”
” ဟားးးး တယ်မိုက်ပါလားကွ။ ဘယ်ကရှာထားတာလဲ”
မောင်ထွန်းလတ် လက်ထဲရောက်လာသောသေနတ် ကိုကိုင်တွယ်ရင်း ကျေနပ်မူ့အပြည်ဖြင့် တအံ့တဩ မေးနေလေသည်။
” ပြောရမှာတော့ တမျိုးဖြစ်မယ်ကွာ။ဟိုဘက် (တရုတ်နယ်စပ်) သွားလေ့ရှိတဲ့ အသိတယောက် ကိုအကူအညီတောင်းထားတာပါ။ ဒီကောင်က အဝေးတော့သိပ်မပြေး
ဘူးတဲ့။ ဒါပေမဲ့ အနီးကပ်အတွက်တော့ ဘယ်လောက်အရေထူထူ ပေါက်ထွက်နိုင်တယ်
တဲ့။”
” အင်းးးထင်တော့ထင်ပါတယ်။ ပြောင်းက လိုတာထက်ပိုတိုနေတာရယ်။ ကျည်က သာမန်
ထက် နှစ်ဆ ကြီးနေတာရယ် ကြောင့် အနီးပစ်အမျိုးအစားဖြစ်မယ်တော့ထင်မိသား”
” ကဲစကားကောင်းနေလို့ မဖြစ်ဘူး။ မနက်အတွက် အားမွေးဖို့ စောစောအိပ်ကြစို့”
” အေးကွာ မနက်ဘယ်အချိန်ထွက်မလဲ”
” မနက် ၅ နာရီ လောက်ထွက်မယ်ကွာ ။ မင်းအတွက်လမ်းပြဒေသခံ မုဆိုး တွေဆီကို
ရင နာရီ လောက်ရောက်မယ်။ အဲဒီမှာ မနက်စာစားပြီး မင်းသူတို့နဲ့ ဆက်ဆွေးနွေးပြီး
နေခဲ့ရတော့မှာ။ ဒီအထိပဲ ငါ့အပိုင်း။ ကျန်တာမင်းဟာမင်းဆက်လှုပ်ရှားရမှာ”
မောင်ထွန်းလတ် တို့ အိပ်ရာအသီးသီးဝင်ခဲ့ကြလေတော့သည်။ ဆောင်းအအေးကသိသိ
သာသာပိုလာသည်မို့ ဂွမ်းကပ်ထူထူကို ခေါင်းထိအောင်ခြုံလိုက်သည်။ အော်အညာသား
ပေမို့အချမ်းကိုတော့နဲနမှဲ မခံချင်။ တောထဲတောင်ထဲတွင်လည်း ခံရပေအုံးမည်။ခုတော့
ဇိမ်ရှိရှိ တော့အိပ်လိုက်အုံးမည်။ သင်္ဘောပေါ်ကလိုအိမ်မက်မျိုးတော့ထပ်မမက်စေချင်။
အတွေးများကို ကြာကြာတွေးခွင့်မရ။ မြန်မြန်ဆန်ဆန် အိပ်ပျော်သွားလေတော့သည်။
အိမ်မက်ထဲတွင်ဝက်ဝံခေါင်းဖြူကိုမတွေ့ရ။ မေသူ၏ အမေဖြစ်သူကိုသာတွေ့ရသည်။
သာမာန်ပုံစံတော့မဟုတ် နမိတ်ဖတ်သည့် အနောက်တိုင်း နတ်ဝင်သည်ပုံစံနှင့်ဖြစ်သည်။
တခုခုကိုပြောဆိုနေဟန်ရှိသည်။ ဘာပြောသည်ကိုတော့သဲသဲကွဲကွဲ မကြားရ။ ပြောဟန်
ကပြုံးပြုံါ်နဲ့မို့ မကောင်းတာတော့မဖြစ်နိုင်ဟုတွေးမိသေးသည်။
သည်လိုနှင့် မနက်စောစောထသည်။ အထုပ်အပိုးများပြင်ပြီး နှစ်ရောက်သားဂျစ်ကားတစီး
ဖြင့် ထွက်လာခဲ့ကြလေသည်။ မနက်စောစောမို့အချမ်းကပိုသည်။နှင်းများကျနေ၍ ခရီးသိပ်မတွင်လှ။ မောင်မြသာကားကိုဂရုတစိုက်မောင်းနှင်နေရသည်။ မြို့ပြင်ရောက်ပြီး
မကြာခင် အလင်းရောင်များလာသည်။ အိမ်ခြေယာခြေများအတော်ကျဲ သွားသည်။ ကားလမ်းမှာကွေ့လိုက် ဖြောင့်လိုက် တက်လိုက်ဆင်းလိုက် ။ ကျောက်ခင်းလမ်းဖြစ်လိုက်
မြေသားလမ်းဖြစ်လိုက်။ ဂျစ်ကားမို့ တော်သေးသည်။မိမိနှင့်စိမ်းသည့်နယ်မြေမို့ ပါတ်ဝန်း
ကျင် ရေ မြေ အခြေအနေကို စူးစမ်းနေမိသည်။ တောင်များ တောများ တွင် ဝါးရုံတောများ
လက်ညိုးထိုးမလွဲတွေ့ရသည်။ တွေးရင်းတောရင်မှ မိမိအကြောင်ကိုပြန်တွေးမိပြန်သည်။
မိမိအား မုဆိုးအလုပ်ကို လုပ်နိုင်အောင်အဓိကတွန်းပို့သည်မှာ မိမိဖခင်ဖြစ်နေသည်။
မြို့ပေါ်နေသောမိမိ ခေတ်ပညာတတ်သောမိမိ တောတောင် သားရဲ များနှင့်အလှမ်းဝေး
လွန်းသောမိမိ ။ ဖခင်ဖြစ်သူကလည်း မှတ်မှတ်ရရ မိမိအထက်တန်းကျောင်းသားဘဝ
မိခင်ဖြစ်သူ ဆုံးပါးသွားပြီးနောက်တွင် ရိုူးမဘက်သို့တခေါက်သွားသည်။ အိမ်သို့ ကရင်လူမျိုးအမျိုးသားကြီးတဦးပါလာသည်။ နောက်တွင်တော့ အမဲလိုက်ပညာများ
လက်နက်များသုံးစွဲ ပုံ အစ မုဆိုးပညာကိုသင်ယူနေခြင်းပင်။ငွေရေးကြေးရေးကလည်းမပူ
ရချေ။လုပ်သမျှဖြစ်နေပုံရသည်။ မိမိမှာကျောင်းတတ်နေရ၍ သိပ်နားမလည်။နားလည်သည်ကား ဖခင်ဖြစ်သူနှင့်သူ၏ဆရာတို့ တောလိုက်တခေါက်
ပြန်လာတိုင်း တခေါက်နှင့်တခေါက် မရိုးရအောင်ပြောနေကြသော တောတွင်း အတွေ့
အကြုံ များပင်။ သူတို့ဤကဲ့သို့ပြောပြီဆိုလျင် မောင်ထွန်းလတ်စာကျက်၍ မရတက်တော့။ သူတို့စကားဝိုင်းထဲနစ်မြောနေတတ်သည်။ ဖခင်ဖြစ်သူကလည်း လိုလို
လားလားနားထောင်စေသည်။
သည်လိုနှင့်ကျောင်းပြီးသွားတော့ မောင်ထွန်းလတ် ယောင်ချာချာ ။ သူငယ်ချင်းများ
လုပ်ငန်းခွင်အသီးသီး ဝင်ရောက်သွားကြသည်။ ဖခင်ဖြစ်သူကလည်း အသက်အရွယ်ရ
လာပြီ။
တရက် သူ၏ဆရာ ကရင်လူမျိုးကြီး က တောဝက်သားပေါက်ချိန် အသိုက်တခုတွေ့ ၍
လာခေါ်သည်။ မောင်ထွန်းလတ် ယောင်ချာချာမို့ အတော်ဖြစ်နေသည်။ဖခင်ဖြစ်သူက
လည်း ပွဲရုံ လုပ်ငန်းစလုပ်နေ၍ မလိုက်ချင်။ ဖခင်ကလည်း နားရည်ဝနေသော
မောင်ထွန်းလတ် ကိုလိုက်ခွင့်ပြုလေသည်။ ကရင် ဖထီး ကြီးနှင့် ပထမဆုံးလိုက်ရသည်။
ခဏဟုထင်မိသော်လည်း နွေတရာသီလုံးကြာခဲ့ရသည်။တောလိုက်နည်းမျိုးစုံသင်ကြားခဲ့
ရသည်။ဘာတောဝက်မှမမြင်လိုက်ရ။ ဖထီးကြီး၏အိမ်မှာရိုးမ တောတွင်းတနေရာသူ၏
ငှက်ပျောခြံအလယ်တွင်ရှိသည်။ လူသူမမြင်ရ။ အစားအသောက် မရှိ ။ လိုအပ်လျှင်တော
တောင်ထဲဝင်၍ ရှာတတ်အောင် သင်ပေးသည်။ ထိခိုက်ဒဏ်ရာ ဖျားနာလျှင် တောတောင်မှ
အသုံးဝင်သောအရာများကို သင်ပေးသည်။ တောမှောက်ခြင်း ကို အမြန်ရုန်းထွက်နည်းသင်
ပေးသည်။ တောတွင်း သားကောင်များအလေ့ကိုသင်ပေးသည်။ ကိုယ်ကာယ ကြံ့ခိုင်စေရန်
လေ့ကျင့်ပေးသည်။လက်နက်များကိုယ်တိုင်ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရန်သင်ပေးသည်။ မုဆိုးတယောက်၏ ကျွမ်းကျင်မှု့ လိုအပ်ချက်မှန်သမျှသင်ပေးသည်။
မောင်ထွန်းလတ် စစ်သားလေ့ကျင့်ရေးသင်တန်းပင်ဤမျှလောက်ပင်ပန်းမည်ဟုမထင်မိ။
နားရည်ဝနေ၍လား သည်အရာကပဲ မိမိ၏ ပါရမီ ဖြစ်နေ၍လားမပြောတတ် ဤသုံးလခန့်
နှင့် အတော် မုဆိုးပါးဝနေလေပြီ။ သည်လိုနှင့်မန္တလေးပြန်တော့ မေသူ သူ့ကိုကြည့်ပြီး
အားပါးတရ ရယ်လေသည်။ ဘာကြောင့်ရယ်သလဲမေးတော့ ပသိုင်းမွှေး နှင့် အတန်ကြာ
မရိပ်ပဲရှိနေသော နုတ်ခမ်းမွှေး များကြောင့်တောပုန်ကြီးနဲ့တူသတဲ့ဟုဆိုလေသည်။ ကား
ဂိတ်မှ အိမ်သို့အပြန် မျက်နှာဘယ်ထားရမှန်မသိ။ တွေးမိတိုင်းပြုံးမိခဲ့ရသည်။
အိမ်ပြန်ရောက်၍မှ တလပင်မပြည့် တတ် သစ်တောမှသူငယ်ချင်းက သူတို့ သစ်စခန်းကို
အလည်ခေါ်သည်။ ရောက်ရောက်ချင်းစောက်နှင့်ထွင်းသလို သူတို့ စခန်းမှ သစ်လုံးဆွဲသောဆင်တကောင် ဘာအကြောင်း ကြောင့်မသိ မုန်ဝင်ပြီးသူ၏ဦးစီးကိုနင်းသည်။ နောက်စခန်းတခုလုံးကို မွှေသည်။မောင်ထွန်းလတ်တို့
အထုပ်ချရန်နေရာပင်မရှိတော့။ မည်သူမှလည်းမလိုက်ရဲ။ နှစ်ရက်ခန့်တောထဲ တဝဲလည်လည်ဖြစ်နေတုန်း သူတို့ရုံးချုပ်မှ ဤဆင်ကို သတ်မိန့်ပေးလာသည်။
မောင်ထွန်းလတ် သူငယ်ချင်းအား ဤဆင်ကိုလိုက်ခွင့်ပြုပေးဖို့ သူ၏ အထက်အရာရှိကို
ခွင့်တောင်းခိုင်းလေသည်။ လိုက်ရဲသူမရှိသောကြောင့် အလွယ်တကူလိုက်ခွင့်ပေးသော်
လည်း သူငယ်ချင်းဖြစ်သူက စိုးရိမ်စွာတားသေးသည်။ တားမရမှန်းသိတော့ တခုခုဖြစ်လျှင်
ဖိတ်ခေါ်သောမိမိလည်းတာဝန်မကင်းဖြစ်မည်။သည်တော့ဖြစ်လျှင်လည်းဖြစ်စေတော့
မိမိလည်းအနားကမခွာတမ်းလိုက်မည် ဆိုလာသည်။ နောက်ဆုံး ဆင်ဆိုးကြီးကို အရလိုက်နိုင်ချိန်တွင် သူငယ်ချင်းဖြစ်သူ သာမက ရိုးမတကြောလုံး အံ့အားသင့်လျက်။
ဤသို့နှင့် မောင်ထွန်းလတ် နာမည်ရလာသည်။ ကျော်ကြားလာသည်။ ဖခင်ခြေရာအတိအကျနင်းသောသားဟူ၍။
” ရှေ့က မြို့လေးဆိုရောက်ပြီကွ”
ရုတ်တရက် ပြောကြားလာသော မောင်မြသာစကားကြောင့် အတွေးများမှ လက်ရှိအချိန်သို့
ပြန်လည် နိုးထလာခဲ့ရလေသည်။ မြို့ဟုဆိုသော်လည်း ရွာသာသာ ကလေးရှိသောမြို့ငယ်
လေးတခုမျှသာ။ ကားလမ်းပေါက်ခြင်း။ အနီးအနား ရွာ အများအပြား၏အချက်အခြာနေရာ
၌တည်သောကြောင့် ထွက်ကုန်များ ရောင်းဝယ်ရာ စုစည်းရာ ဈေးကြောင့်မြို့ အဆင့် သတ်မှတ်ထားခြင်းဖြစ်လေသည်။ မြို့တွင်းအတိုင်းဝင်လာပြီး ဈေး တန်းကိုအနည်းငယ်
ကျော်လာသည်။ ဈေးလည်းဆုံး မြို့လည်းဆုံး ကားလမ်းလည်းဆုံး သောနေရာရှိ ဆိုင်တ
ဆိုင်ရှေ့ တွင်မောင်မြသာ ဂျစ်ကားကိုရပ်လိုက်သည်။ မနက် ၈ နာရီ ထိုးတော့မည်။
ဈေးလဲ အတော်ပါးနေပြီ။ ဆိုင်အတွင်းမှ အသက်အတော်ရနေသော လူကြီးတယောက်ထွက်လာသည်။
“အဲဒါ ဂျာနုုး ရဲ့ အဖေပဲ” မောင်မြသာတချက်လှမ်းပြောလိုက်သည်။
နောက်-
” အဖေ ကြီး ဒါ ကျတော်ပြောတဲ့ ထွန်းလတ် ဆိုတာပဲ” မောင်မြသာ ဦးဇော်ရိန်းနှင့်မိတ်ဆက်ပေးသည်။
” ဟေးး ဟုတ်လား လာကွာ အထဲ မှာစောင့်နေကြတယ်။ မင်းတို့ကလည်းနောက်ကျလိုက်တာ”
” ဟုတ်တယ် အဖေကြီး လမ်းကကောင်းကောင်းမရှင်းလို့ ဖြေးဖြေး မောင်းလာရလို့ပါ”
” ငါတို့ကတော့တော်တော်ကိုစိတ်ပျက်နေပြီကွာ။ စိုက်ခင်းတွေလည်းသိမ်းချိန်ရောက်နေပြီ
ညကလည်းရွာနားမှာအော်သံကြားရသေးတယ်။ ဘယ်သူမှအပြင်မထွက်ရဲကြဘူးဖြစ်
နေတယ်။ ဒီကိုတောင် လူမနဲစုပြီးမှလာရတာ။”
မောင်ထွန်းလတ် စားရတာတောင် စိတ်မဖြောင့်တော့။ စားလက်စကို လက်စသတ်သည်။
စိတ်ကလည်း အတော်ကိုနိုးကြွလာသည်။ သားကောင်နယ် ရောက်တောမည် ဆိုသော
အသိကလည်း လူကိုတတ်ကြွစေသည်။
” ဟေ့ မြသာ သူငယ်ချင်း မင်းပြန်ချင်ပြန်တော့လေ။ ငါ သူတို့နဲ့နေခဲ့တော့မယ်။”
” အေး အေး ဒါဆိုလည်းငါပြန်တော့မယ်။ ဒီနေ့စခန်းမှာ တာဝန်မှုး ကျတယ်ကွ။”ဟုပြောပြီး
တလက်စတည်း သူ၏ယောက်ခထီး ကြီးအားနုတ်ဆက်၍ ပြန်သွားလေသည်။ ထို့နောက်မောင်ထွန်းလတ်တို့သည်လည်း ဆိုင်မှ ထကာ တောလမ်းအတိုင်း ဦးဇော်ရိန်းခေါ်ဆောင်ရာသို့ ထွက်ခွါခဲ့ကြလေသည်။အစပိုင်းလူအုပ်နဲ့မို့ စကားသံ တို့ မှာ ဆူဆူညံညံ
တသောသောနှင့် ။တဖြည်းဖြည်း မြို့နှင့်အလှမ်းဝေးလာချိန်တွင်မတော့ အားလုံးစကားမပြောနိုင်ကြတော့။ခြေလှမ်းခပ်သုတ်သုတ်။ ဘေးဘီ တောင်ကြည့်မြောက်
ကြည့်နှင့်။
ခြေလျှင်ခပ်သုတ်သုတ်နှင့် နေ့လည် ၁ နာရီ ခန့်တွင် ဦးဇော်ရိန်တို့ရွာသို့
ရောက်လေသည်။ ရွာအတွင်း၌ လူမတွေ့ရ။ မောင်ထွန်းလတ်ထိတ်ကနဲ့ဖြစ်သွားလေသည်။ဤသည်ကိုရိပ်စားမိသော ဦးဇော်ရိန်းက
” အင်းတယောက်တော့ မိပြန်ပြီင်္ ထင်တယ်။လာကွာ သွားကြည့်ရအောင်။မင်းလည်းမြင်
ဘူးသွားတာပေါ့။”
ဆိုကာဦးဇော်ရိန်း ပြောလိုက်ကာ ရှေ့မှ ထွက်သွားလေရာ မောင်ထွန်းလတ်လည်း နောက်
မှ အမြန်လိုက်ရလေသည်။ ဟိုဝင်သည်ထွက် ဟိုကွေ့ဒီကွေ့ နှင့် လှည်း တစီးရပ်ထားသော
အိမ်တလုံးရှေ့ ရောက်လာသည်။ လှည်းမှာ နွားဖြုတ်ထားသည်။ လှည်းပေါ်မှာတော့သွေး
ကွက်များမြင်မကောင်းအောင် ရဲတောက်နေသည်။ လှည်းပေါ်ပါလာသူကတော့ အသက်ပင်
ကျန်ပါ့မလားမောင်ထွန်းလတ်တွေးမိသည်။
” ဒါဆေးဆရာကြီးတည်းနေတဲ့အိမ်ပဲ” ဦးဇော်ရိန်း တချက်လှမ်းပြောပြီး အိမ်ပေါ်တတ်သွား
သည်။မောင်ထွန်းလတ်လဲနောက်မှ လိုက်တက်သွားရသည်။ အိမ်ပေါ်မှာ လူအပြည့်။ အိမ်
ကလည်းအတော်ကျယ်သည့် ရွာအိမ်မို့တော်သေးသည်။ လူစိမ်းတဦးကိုမြင်ရ၍ ရွာသားများမိမိကို ဝိုင်းကြည့်ကြသည်။တဖြည်းဖြည်းရှေ့တိုးလိုက်တော့အလိုက်သင့်ဘေး
သို့ဖယ်ပေးကြသည်။ ရှေ့တွင်မြင်ရသည်ကမကောင်းချေ။ အသက် ၆ဝ ဝန်းကျင်အမျိုး
သားကြီးတဦး လဲနေသည်။စောစောက လှည်းပေါ်ကသွေးကွက်ပိုင်ရှင်ဖြစ်ပေမည်။ သတိ
မရှိတော့။ပျော့ခွေနေသည်။ သူ့အနီး၌ ဆေးဆရာဆိုသူဖြစ်မည်ထင်သည်။ ဆေးကျောက်ပြင်မှဆေးကို မျက်စေ့မှိတ်လျက် သွေးနေသည်။ လက်တဖက်ကဆေးသွေး
လျက် တဖက်က ဒဏ်ရာအနာကို စမ်းလျက်တစုံတရာတွေးနေဟန်။
နောက်ဆေးဆရာ လက်တဖက်ကိုမြောက်လိုက်သည်။ ဦးဇော်ရိန်း အပါအဝင်အားလုံး
ထိုင်ချလိုက်လျက်ခေါင်းများကိုငုံ့ထားလိုက်ကြလေသည်။ မောင်ထွန်းလတ်လည်းဘာမသိ
ညာမသိ ရောရောင်၍ ခေါင်းငုံ့မိလေသည်။ ဆေးဆရာ ပါစပ်မှ တစုံတရာရေရွတ်လျက်
ဒဏ်ရာများကိုဆေးလိမ်ပေးနေလေသည်။ဤသို့သောလူနာကိုဆေးဆရာမည်သို့ကုလိုက်
လေမလဲဆိုသည်ကိုမောင်ထွန်းလတ်သိလိုစိတ်ပြင်းပြလာသည်။ သိလို၍လည်းရှေ့သို့
မရောက်အရောက် တိုးခဲ့သည်မဟုတ်ပါလော။ ရှေ့ မှမို့လည်းခေါင်းကိုမသိမသာမော့
၍ ကြည့်လျှင်မည်သူမှမသိနိုင်။ သို့ဖြင့်အသာမော့ကြည်သည်။မော့ကြည့်သည့်အခိုက်
ဆေးဆရာရင်ဘက်အတွင်းသို့ တစုံတရားပြန်သိမ်လိုက်သည်ကိုမြင်လိုက်ရသည်။
ပြန်သိမ်းလိုက်သည့်အရာကိုမောင်ထွန်းလတ်မြင်ဖူးသလိုလိုရှိသည်ဟု တွေးမိသည်။
ဘယ်မှာတွေ့ဖူးပါလိမ့်။ တွေးကြည့်ကြည့်နေတုန်း ဆေးဆရာ မောင်ထွန်းလတ်ကိုတချက်
စောင်းကြည့်သည်။ မျက်လုံးချင်းတချက်ဆုံမိသည်။ မောင်ထွန်လတ် မိမိချောင်းကြည့်သည်
ကို လူမိသွားသလို အနည်းငယ် စိတ်ထဲတချက်ထိတ်သွားရသည်။ မျက်နှာချင်းမဆိုင်ဝံ့၍
မျက်နှာလွဲမည်အပြု ဆေးဆရာမျက်လုံးမှ အစိမ်းရောင်တချက်လက်ကနဲ့ တောက်သွား
သည်ကိုမြင်လိုက်ရသည်။မိမိခေါင်းတခုလုံး ကြီးသွားလျက် တကိုယ်လုံးကြက်သိမ်းမွှေး
ထောင်သွားရသည်။ ဆေးဆရာအံတချက်ကြိတ်လိုက်သလိုလိုမြင်လိုက်ရသော်လည်း
” ဟော ဟော သတိရလာပြီ ”
ဟူသောအသံနှင့်အတူ လဲလှောင်းနေရာမှလူနာသည် ငုတ်တုတ်ထထိုင်လေသည်။
ဆေးဆရာမှာသူနှင့်ဘာမှမဆိုင်သကဲ့သို့ အနောက်ဘက်လှည့်ကျောခိုင်းလေတော့သည်။
မောင်ထွန်းလတ်မျက်စေ့ထဲတွင်တော့ ဆေးဆရာကြီး ရင်ဘက်အတွင်းထည့်လိုက်သော
အရာကို မြင်ဖူးသလိုလို စိတ်ထဲဝေဝါးလျက် မစဉ်းစားတတ်အောင်ဖြစ်နေလေသည်။
” ဘယ်မှာမြင်ဘူးပါလိမ့်” နုတ်မှတီးတိုးရေရွတ်မိသည်။
ဆေးဆရာကတော့မောင်ထွန်းလတ်ကို မသိမသာအကဲခတ်နေလေပြီ ။
အခန်း ရ ဆက်ရန်–
8 comments
KZ
September 10, 2013 at 9:45 am
ဖတ်သွားပြီ။
အဟွတ်။
တိုင်းရင်း စာ လေး ပါလေး ပါအောင် ရေးပေးပါ အန်ကယ် မင်းမင်းးးးးး
ရိုးရာ အစားအသောက်တို့ဘာတို့ကိုပြောတာနော်။
မင်းခန့်ကျော်
September 11, 2013 at 10:24 am
ဟိုက်! အဲဒါမှ ဒုက္ခ ။
အဲဒီဘက်မှာ ထူးထူးခြားခြား
ဝက်ကောင်လုံးကင်ဆိုတာတွေ့ခဲ့တယ်။
မကြိုက်လို့မစားခဲ့ မမေးခဲ့ရဘူး။
ထင်းမီး ပြာရည်သုတ်ပြီးကင်ထားတာ။
ကျတော်ကတော့အစားဆို ကြည့်ပြီးကောင်းမယ်
ကြိုက်မယ်ထင်ရင်စားပစ်တာပဲ
kyeemite
September 10, 2013 at 4:13 pm
အရေးထဲ မီးပျက်သွားပြန်ပီ…
အစာတောင်းတဲ့လူကလည်းတောင်းနေသေး..ဟေးဟေး 😀
မင်းခန့်ကျော်
September 11, 2013 at 10:29 am
ဦးမိုက်ရေ
ခုတလောမီးကတော့မှန်နေတယ်။
ကွန်နရှင်ပဲ မကောင်းသေးတာ။
ဆိုင်းဘုတ်ပြောင်းသင့်မပြောင်းသင့်
နဲနဲစောင့်နေတာ
ဦးကြောင်ကြီး
September 11, 2013 at 10:13 am
ဂျာနှူးရဲ့အဖေ
နှာဗူးထည့်နေ
စာရူးပဲ့ကြွေ
အာလူးဘွဲ့ရှည်…
မင်းခန့်ကျော်
September 11, 2013 at 10:35 am
အော်ယောက်ကျားတို့မည်သည်
ဖွဲတဆုပ်မနိုင်သရွေ့ ဘာဆိုလားးး
ခင် ခ
September 12, 2013 at 3:49 pm
ညနေ ၃း၄၂
အလင်းဆက်
September 12, 2013 at 5:27 pm
အိမ်းးး
အပိုင်း ၁ မှာ ကို
အခန်း ၆ အပြီး အခန်း ရ ဆက်ဦးမှာ ဆိုတော့. . .
ဆိုတော့. . .
အားရပါးရ ဖတ် ခွင့်ရနေတာကို ဝမ်းသာ ကျေနပ်မိရင်းးး
ရေးအားကောင်းးတွေးအားကောင်း တာကို အားကျမိရင်းးး
ဆက်လက် အားပေးခံစားပါဦးမယ်ဗျို့
ချစ်ခင်လေးစားလျက်