စဉ်းစားကြစေလိုပါတယ် ( ၅၉ ) ဩဇီ Menu နှင့် ကံစေရာ သွားနေရတဲ့ ဘဝတွေ ။
စဉ်းစားကြစေလိုပါတယ် ( ၅၉ )
ဩဇီ Menu နှင့် ကံစေရာ
သွားနေရတဲ့ ဘဝတွေ ။
အ ဟီး ဟီး ဟီး ။
ခုတစ်လော ၊
ဟင်းချက် Post တွေမှာ ၊
တင်ထားတဲ့ ၊
Menu လေးတွေ ၊
မြင်မိတော့ ၊
အဘ လဲ ၊
အဘ ရဲ့ Menu လေးကို ၊
တင်ပြချင်စိတ် ၊
ပေါက်လာပါတယ် ။
၁ ။
အဘ ရဲ့ Menu ကတော့ ဦးကျောက်ရဲ့ Menu လို ၊ နေ့ / Day နှင့် မခွဲပါဘူးကွယ် ။
ကြိုက်တဲ့ အချိန်မှာ ၊ ကြိုက်တဲ့ ဟင်းကို ၊ Independent လွတ်လပ်စွာ စားနိုင်တဲ့ ၊
စိတ်ကြိုက် ရာစား A la carte Menu ပါ ။
အဘ ဩဇီ ရောက်မှ ထွင်ထားတဲ့ Menu ဖြစ်လို့ ဩဇီ Menu လို့တော့ ခေါ်နိုင်ပါတယ် ။
အဘ ရဲ့ ရှယ် ဩဇီ Menu ။
ဟဲ ဟဲ ၊ အဘ ရဲ့ ရှယ် ဩဇီ Menu ကို တွေ့ကြပြီ မဟုတ်လား ။
အဘ အစာစားရမယ့် အချိန် ရောက်လာရင် ၊
အဘ ရဲ့ ရေခဲသေတ္တာ နံရံမှာ Magnet နှင့် ကပ်ထားတဲ့ ၊
အဲဒီ အဘ ရဲ့ ရှယ် ဩဇီ Menu ထဲက တစ်မျိုးမျိုး ကို ရွေး စားလိုက်တာပဲ ။
၂ ။
ဟဲ ဟဲ ၊ အဲဒီ Menu က အဘ ဩဇီ ရောက်ကာစ က ဆွဲထားတဲ့ Menu ပါ ။
ဟုတ်တယ်လေ ၊ ဒီ Menu ရှိနေတော့ တော်သေးတယ် ။
နို့မို့ရင် ၊ အစာစားရမယ့် အချိန် ရောက်ရင် ၊
ဘာစားရရင် ကောင်းမလဲ စဉ်းစားရတာ ခေါင်းနောက်တယ် ။
အခုလို ၊ Menu / Guide Line လေးနှင့် ဆိုတော့ စဉ်းစားရတာ လွယ်တာပေါ့ ။
အ ဟဲ ဟဲ ဟဲ ။
အခုတော့ ၊ အဘ လဲ ဩဇီ ရောက်တာ ကြာပြီဆိုတော့ ၊
ဒီ Menu ထက် နဲနဲလေးတော့ ပိုတိုးလာပါပြီ ။
ဥပမာ ။ ။
မီး နှင့် နဲနဲ ကင်ပြီး စားလို့ ရတဲ့ ပလာတာ နှင့် သကြား တို့ ( Paratha & Sugar ) ။
သံဗူး ဖေါက်ပြီး စားလို့ရတဲ့ ခပ်ချိုချို ယိုးဒယား မျှစ် တို့ ( Rice & Bamboo Shoot ) ။
၃ ။
အင်းးးး ။ အဘ အဲလို ရေခဲသေတ္တာ နံရံမှာ Menu ကြီး ကပ်ပြီး စားနေရှာတာကို ၊
အဘ ဘဝ ရဲ့ ပဲ့ကိုင်ရှင် ( ဇနီး ) ကတွေ့တော့ စိတ် မကောင်းရှာပါဘူး ။
သူ့ ခမျာမှာလဲ ၊ တစ်ပတ်ကို ၆ ရက် ၊ တစ်ရက်ကို ၁ဝ နာရီ ၊ အလုပ်လုပ်ရရှာတာ ဆိုတော့ ။
( တစ်ချို့ အပါတ်တွေဆို တစ်ပတ်ကို ရ ရက် တောင် လုပ်ရရှာတာ )
( အဘ ရေးခဲ့တဲ့ စဉ်းစားကြစေလိုပါတယ် ( ၅၆ ) (14.6 Billion ) Post ထဲမှာ ၊
သူ ကြည့်တဲ့ လူနာ အရေအတွက် က ၊ သာမာန် အဖြူ ဆရာဝန်တွေ ကြည့်တဲ့ လူနာ အရေအတွက် ထက် ၊
၃ ဆ / ၄ ဆ ပိုများတယ် ဆိုတာ ၊ Medicare က စာရင်း နှင့်တကွ ပါပါတယ် လေ )
( ၃ ဆ / ၄ ဆ နော် ၊ အဲသဟာ ဆိုရင် ၊ သူ ဘယ်လောက် အလုပ်လုပ်နေရရှာလဲ သိသာပါတယ်လေ )
( ဪ ၊ မိန်းမ တစ်ယောက် ဖြစ်လာမှတော့လဲ ၊ ယောက်ျား တစ်ယောက်ကို ယူထားမိပြီးမှတော့ ၊
တင့်တောင်း တင့်တယ် ထားပြီး ၊ လုပ်ကိုင် ရှာဖွေကျွေးမွေးရမှာက မိန်းကလေးရဲ့ တာဝန်ပဲလေ ၊ ဟီ ဟိ )
အဲ ၊ ထားပါတော့လေ ၊ ဘယ်တွေရောက်ကုန်ပါလိမ့် ။
အဲဒီလို ၊ အလုပ်များ ၊ အချိန် မရှိရှာတော့ ၊
သူ့ခမျာလဲ ၊ တစ်ပါတ်မှာ တစ်ရက်လောက်ပဲ ဟင်းချက်နိုင်ရှာတာပါ ။
အဲဒီ တစ်ပါတ် တစ်ရက် မှာလည်း ဟင်းကလဲ တစ်မျိုး နှစ်မျိုး လောက်ပဲ ချက်နိုင်သပေါ့ ။
အဲဒီရက်မှာ သူ အများကြီး ချက်ထားတဲ့ ဟင်းကိုပဲ Freezer ထဲထည့်ပြီး ၊
စားချင်တဲ့အခါ Microwave Oven နှင့် နွှေးပြီး ၊ အဲဒီ တစ်ပါတ်လုံး စားရတာပေါ့လေ ။
၄ ။
အမှန်ကတော့ ၊ အဘ ကိုယ်တိုင်ကလည်း အပျင်းတစ်လွန်းတာပါ ။
အဘတို့အိမ်နှင့် ၁၅ မိနစ်လောက် မြောက်ဖက်ကို လမ်းလျှောက်လိုက်ရင် ၊
တကယ့် Shopping Mall အကြီးကြီးကို ရောက်သွားပါတယ် ။
အဲဒီမှာ စားသောက်ဆိုင်တွေမှ တကယ့် လူမျိုးစုံ ဘာသာစုံ ရှိတယ် ။
Mc Donald တို့ ၊ KFC တို့ ၊ Oriental Express တို့ ၊ Nando Chicken တို့ ။
စားပါလေ့ ။ ၅ ဒေါ်လာ ၊ ၆ ဒေါ်လာ လောက်ဆိုရင် ၊ တစ်နပ် ပြီးတာပါဘဲ ။
အဘတို့အိမ်နှင့် ၁၅ မိနစ်လောက် အရှေ့ဖက်ကို လမ်းလျှောက်လိုက်ရင်လည်း ၊
အဘ Member ဝင်ထားတဲ့ RSL Club ရှိတယ် ၊ အဲဒီ ထဲမှာ Buffet ဆိုင်ရှိတယ် ။
၁၂ ဒေါ်လာ ပေးလိုက်ရင် ဟင်းပွဲ ၂ဝ / ၃ဝ လောက် ရှိမယ် ၊ အဝစားပဲ ၊ စားပါလေ့ ။
အဘ အိမ်ကနေ ၅ မိနစ် လောက် ရပ်ကွက်ထဲ လမ်းလျှောက်လိုက်ရင်လည်း ၊
ယိုဒယား ၊ တရုတ် နှင့် ပီဇာ ဆိုင်လေးတွေ ရှိပါတယ် ။
သူတို့ကတော့ နဲနဲ ပိုဈေးကြီးတယ် ၊ ဟင်းတစ်ပွဲ ဒေါ်လာ ၂ဝ လောက် ရှိတယ် ။
တစ်ခါတစ်လေကျရင် အဘ မိန်းမ က ၊ အလုပ်ကပြန်ခါနီး ၊ အဘ ကို ကြို ဖုန်းဆက်ပြီး ၊
အဲဒီ ဆိုင်တွေကနေ ဟင်းဝယ်ပေးထားဖို့ ပြောလေ့ရှိပါတယ် ။
ခက်တာက ၊ အဘ က ဩဇီ ရောက်ရင် ၊
အချိန်တိုင်းလိုလိုမှာ ၊ အင်တာနက်လေးကြည့်လိုက် ၊ စာလေး ဖတ်လိုက် နှင့် ၊
ဗိုက်ဆာလာတော့မှပဲ ၊ ထမင်းစားချိန် ရောက်ပြန်ပဟ ဆိုပြီး သတိထားမိတာ များတယ် ။
အဲဒီ အချိန်ကျတော့လည်း ၊ ဘယ်မှလဲ ထပ်မသွားချင်တော့ပြီ ဆိုတော့ ၊
လွယ်လွယ်ရတဲ့ အပေါ်က ဩဇီ Menu ထဲက တစ်မျိုးမျိုးကိုဘဲ စားလိုက်တော့တာပါဘဲ ။
၅ ။
အင်းးးး ။ အမှန်ကတော့ ၊ အဘ ကိုယ်တိုင်ကလည်း ဟင်းစား ဂျီးများ လွန်းတာလဲပါပါတယ်လေ ။
အဘ မိန်းမ လက်ရာ ဟင်းတွေထဲကလဲ ကြေးအိုး နှင့် နန်းကြီးသုတ် ကလွဲပြီး ၊
ကျန်တာတွေကို ၊ စားလို့တော့ဖြစ်ပေမယ့် ၊ အဘ သိပ်မကြိုက်လှပါဘူးလေ ။
အဲဒီအပြင် ၊ ဟင်းတစ်ခု ချက်ပြီးရင် တစ်ပါတ်လုံး ဒါကြီးပဲ ဆက်စားရမှာ ဆိုတော့ ၊
ပိုဆိုးတာပေါ့ ၊ အဲဒီဟင်းကို ငြီးငွေ့သွားတာပေါ့လေ ။
ဟင်းကို ငြီးငွေ့သွားပေမယ့်လဲ ၊ အပင်ပန်းခံ ချက်ပေးတဲ့ မိန်းမ စိတ်ကျေနပ်ရလေအောင် ၊
ကောင်းပါတယ်လို့လည်းပြောပေးရတယ် ၊ ကုန်အောင်လဲ စားပေးရတယ်လေ ။
အဲဒါနှင့်ပဲ ၊ အဘ ကိုယ်တိုင်က မိန်းမ ကို ကိုယ်တိုင် ဟင်းမချက်ပါ နှင့် ။
မင်း အရမ်း ပင်ပန်းပါတယ် ဆိုပြီးကို တားနေရတယ် ။
အဘ မိန်းမ ခမျာလည်း ၊ အဘတို့နား ပါတ်လည်က ၊ ရှိရှိသမျှ ၊
အိန္ဒိယ ၊ သီရိလင်္ကာ ၊ တရုတ် ၊ ဗီယက်နမ် ၊ ထိုင်း ၊ မြန်မာ Take Away ဆိုင်တွေက ၊
ဟင်းပွဲတွေကို Take Away ဘူးလေးတွေနှင့် ဝယ်ပြီး Freezer ထဲ ထည့် စားကြတာပါပဲ ။
( အဘ အိမ်မှာ လူ တစ်ရပ် ကျော်တဲ့ ရေခဲသေတ္တာ ၂ လုံး နှင့် Freezer ၁ လုံး ရှိတယ် ။
အဲဒီ ၃ လုံးထဲမှာ ဆိုရင် ၊ အဲဒီ Take Away ဟင်းဘူးလေးတွေနှင့်ပဲ ပြည့်နေတာပဲ )
အဘ ကိုယ်တိုင်ကလည်း ဘာ အစာမှ သိပ်ကို မက်မက် စက်စက် မရှိတော့တာပါ ။
မြန်မာဆိုင်တွေ က ဆိုရင်လည်း ဒန်ပေါက် ၊ ခေါက်ဆွဲသုပ် ၊ ပဲကုလားဟင်း နှင့် ၊
ငဖယ်ဟင်း လောက်ကလွဲရင် ၊ တခြားဟင်းတွေ ၊ သိပ် ဖီလင် မလာလှပါဘူး ။
( ငဖယ်ဟင်း က ဈေးကြီးတယ် သိလား ၊ ငဖယ် ခပ်ပါးပါးလေး ၆ ဖတ် ပါတာကို ၆ ဒေါ်လာ တဲ့ )
ရွာသူားတို့ သတိထားမိမလား မသိဘူး ။ ရွာထဲက တင်ထားတဲ့ ဘယ် ဟင်းချက် Post မှာမှ ၊
အဘ ဟင်းတစ်ခုခုကို စားချင်လှပါတယ်လို့ ( အားနာပါးနာတောင် ) မပြောခဲ့ဖူးပါဘူး ။
အဘ က ( ၁ ) ဟင်းစား ဂျီးများတယ် ( ၂ ) မြန်မာ ဟင်းတွေဆို သိပ်မကြိုက်တာ များတယ် ။
၆ ။
အဲဒါနှင့်ပဲ ။ အဘ မိန်းမ က အဘ ကို ၊
အခု သင်္ဘောပေါ်က Chef / Chief Cook ဆီကနေ ဟင်းချက်နည်းတွေ သင်ခဲ့ပါလားတဲ့ ။
ခက်တာက ၊ အဘ ကိုယ်တိုင်က ၊ အခု သင်္ဘောပေါ်က Chef / Chief Cook ရဲ့ ဟင်းတွေကို မကြိုက်ဘူး ရယ် ။
သူချက်တဲ့နည်းကလဲ ၊ အိုးကြီးချက် အများစာ ချက်တဲ့နည်းကြီးရယ် ၊ မတူဘူး ။
နောက်ပြီး ၊ တော်ကြာ Chief Cook က သူ ဟင်းချက် နေတာကို ၊
သူကြီးက ဘေးကနေ တစ်ချိန်လုံး ထိုင်ကြည့်နေရင် ၊
အလုပ်လုပ်ရတာ စိတ် ကျဉ်းကျပ်လွန်းပြီး ၊ ရေထဲခုန်ချ / ဆင်းပြေးသွားဦးမယ် ။
ရ ။
ဒါနှင့်ပဲ ၊ လောလောဆယ်တော့ ၊ အဘ လည်း ၊ စာအုပ်ဆိုင်ကနေ ၊
” Yan can cook ” ဆိုတဲ့ တရုတ်စာ ဟင်းချက်နည်း စာအုပ် ဝယ်ထားလိုက်တယ် ။
ဩဇီ ကျမှ ၊ တစ်ပါတ်ကို ဟင်းတစ်မျိုး ချက်စမ်းပစ်လိုက်မယ် ။ တွေ့ကြပြီပေါ့ကွာ ။
၈ ။
အင်းးးးး ။ နောက်ဆုံး Conclusion ဆွဲရရင်တော့ ၊
တစ်ချို့က ပြောကြတယ် ။
အဘ ဘဝ တစ်သက်တာကို တာဝန်ယူပြီး လုပ်ကျွေးမယ့် ၊
အဘကိုလည်း တကယ်ချစ်တဲ့ ၊ ဩဇီက ဆရာဝန်မ ကို ရတာ ၊
နိုင်ငံခြား Tour တွေ ဂဒီး ဂဒီး သွား နေရတဲ့ ၊ အဘ ကို ကံကောင်းတယ်ပေါ့ ။
အဘ ဘဝ ကို ( ဒဲ့ ပြောရရင် ) အားကျ ကြတဲ့ သူတွေလဲ အများကြီးပေါ့လေ ။
၉ ။
ဒါပေမယ့် ၊ On the other hand တခြား တစ်ဖက် ကနေ ကြည့်ပြန်ရင်တော့ ။
တခြား သင်္ဘော ကပ္ပတိန်တွေ ၊ သင်္ဘော ကဆင်းရင် ၊ မြန်မာပြည်မှာ အေးဆေး နားရုံပဲ ။
အဘ မှာတော့ ၊ သင်္ဘော ကဆင်းရင် မြန်မာပြည်မှာ မ နားနိုင်ဘူး ။
ဖင် ကျိန်းလောက်အောင် လေယာဉ်စီးပြီး ၊ ဩဇီ ကို ပြန်သွားရတယ် ။
အဘ လဲ ၊ ကိုယ့် မွေးဇာတိ ၊ သူငယ်ချင်းတွေ ရှိတဲ့ ၊ မြန်မာပြည်မှာ နေချင်တာပေါ့ကွယ် ။
တခြား သင်္ဘော ကပ္ပတိန်တွေ ၊ အိမ်မှာ အိမ်ဖေါ် ၊ မာလီ ၊ ဒရိုင်ဘာ နှင့် ၊
ခြေမွေး မီးမလောင် ၊ လက်မွေး မီးမလောင် ၊ အချိန်တန် လက်ဆေးစားရုံဘဲ ။
အဘ မှာတော့ ကိုယ်ဘဲ အိမ်ဖေါ် ၊ ကိုယ်ဘဲ မာလီ ၊ ကိုယ်ဘဲ ဒရိုင်ဘာ ။
အဘ တစ်ခါ တစ်ခါ စဉ်းစားမိတယ် ။
ဩဇီ ရောက်သွားတာ ၊ ငါ့ ဘဝ ဆိုးလာတာလား ၊ ကောင်းလာတာလား လို့ ။
စင်ပေါ်ရောက် ၊ ဇိမ်ခံရတော့မယ့် သင်္ဘော ကပ္ပတိန် ဘဝ / အချိန် ရောက်တာတောင် မှဘဲ ၊
အရင် ဘဝတွေက ဝဋ် မကုန်သေးလို့ ၊ အိမ်ဖေါ် ၊ မာလီ ၊ ဒရိုင်ဘာ ဘဲ ပြန်ဖြစ်ရလေတယ် လို့ ။
ဆိုးလာတာလား ၊ ကောင်းလာတာလား ၊ မ ဝေခွဲ တတ် ၊ မ ဝေခွဲ ချင်တော့ပါဘူး ။
၁ဝ ။
အင်းးးးးးးး ။ ဆက်တွေးရင်း ၊ သံဝေဂ လဲ ရမိပါရဲ့ ။
၁ ။ ရတာ မလို ၊ လိုတာ မရ ၊ အလို ဘယ်တော့မှ မပြည့်နိုင်မယ့် ၊ လူ့စိတ် ။
၂ ။ သဗ္ဗေ သတ္တာ ကမ္မသကာ ၊ ကံ ပြစ်ချရာ ကျရာ ဇတ်ကောင်ဘဝမှာ ကနေရတဲ့ ဘဝ တွေ ။
တော်သေးဘီ ။
အဘ ဖေါ ( F R ) ။
24 comments
Myo Thant
October 3, 2013 at 11:26 am
နောက်တစ်ခါလာရင် ကချင်ဟင်းချက်ကျွေးမယ်ဗျာ ၊
လျှာလည်သွားရစေ့မယ် အဘဖောရယ် ၊ 🙂
KZ
October 3, 2013 at 11:26 am
၁။ အဘရဲ့ မီနူးလေးက ပေါင်မုန့်ရယ်၊ ခေါက်ဆွဲရယ်၊ ထမင်းရယ် လည်နေတာပါလားဟင်။
နောက်ဆို ကျနော် ချက်လွယ်ပြီး စားကောင်းတဲ့ ခေါက်ဆွဲနည်း ရှယ်ပါ့မယ်ရယ်
၂။ ကျနော့ လည်း အရင်က မီးနူးဆွဲပြီး ချက်ခိုင်းတာ၊ နို့မို့ အဒေါ်က ဈေးသွားခါနီး ဘာဝယ်ရမတုန်း ဘာချက်ရမတုန်း နှိုးပြီး မေးလွန်းလို့……..
၃။ မြန်မာဟင်းကတော့ ဆီများများနဲ့ချက်/ကြော်ပြီး ခဲထားပြီး ပြန်နွှေးစားကြတာ၊ ကျနော်တို့ကတော့……..
၄။ ကျနော် ၁ ယောက်တည်း ဆိုရင်လည်း စားချင်စိတ်ကို အပျင်းစိတ်က နိုင်သွားတာနဲ့ မစားဖြစ်ပါဘူးးးး ဒါကြောင့် လွယ်ကူ/သက်သာ/စားကောင်းနည်းတွေဆို အသေမှတ်ထားတာ။
၅။ မကြိုက်တာများရင်တို့၊ မစားတာများရင်တို့ကတော့ ကောင်းပါရဲ့ အဘရယ်၊ ဘာလေးစားချင်တာ၊ ညာလေး စားချင်တာနဲ့ ဒီ ရသတဏှာနောက်လိုက်ရတာ အဆုံးမရှိပါဘူးလေ။
၆။ ကျနော် သင်္ဘောဟင်း/ထမင်း စားဖူးတယ်၊ များသလောက် အရသာမရှိဘူးးး ဟီးဟီးးးးးးးးး
၇။ ရန်ကန်ကွတ်ဆီက ကျနော် ရခဲ့တဲ့ ပညာတွေလည်း အများကြီးပဲ။ သူ့ကို ရရင် ကောင်းမှာပဲလို့ တွေးဖူးပါတယ်။
၈။ အဘ က ကံကောင်းတဲ့ ဘဝ ရထားတာတော့ မငြင်းလိုပါဘူး ဗျ။
၉။ ဘဝတိုင်း အကောင်းအဆိုး ဒွန်တွဲနေတာမို့ ပျော်သလိုပဲ နေရပါတယ်ဗျ။ ကျနော့ကတော့ ထမင်းနပ်မှန်ရင် အနည်းဆုံးတော့ ဘဝမဆိုးဘူးလို့မှတ်ပါတယ်။ အဟိ
၁၀။ အလိုရှိနေရင် ပြည့်မပြည့် စဉ်းစားနေရမှာမို့ လိုချင်စိတ် နည်းနိုင်အောင် ကြိုးစားနေပါသည် ခင်ညားးးးးးးးးး
Foreign Resident
October 3, 2013 at 1:07 pm
” ကျနော် သင်္ဘောဟင်း/ထမင်း စားဖူးတယ်၊ များသလောက် အရသာမရှိဘူးးး ဟီးဟီးးးးးးးးး ”
မှန်ပါတယ် ။ ခိုင်ဇာရေ ။
၁ ။ ချက်ကြီး ရဲ့ ပစ်ထည့် ရောမွှေ ဟင်း အမျိုးစုံ ပေါ့လေ ။
၂ ။ ချက်ကြီး ဘယ်လောက်တော်တော် ၊ ၂ လ လောက် စားမိပြီးသွားရင် ၊
အဲဒီ ချက်ကြီး ရဲ့ မူသေ လက်ရာ / အရသာ ကို မှတ်မိသွားပြီး ၊
ဟင်းတွေ အားလုံးကို မှတ်မိ ရိုးအီသွားတတ်တယ် ကွယ့် ။
၃ ။ အဆိုးဆုံးကတော့ ဝယ်ထည့်ထားတာ တစ်လကျော်သွားရင် ၊
အသားငါးတွေက ရေခဲနံ့ / Cold Room နံ့ စွဲသွားတာပါ ။
အဲဒီ အနံ့ကို သင်္ဘောသားတွေက သိတယ် ။ မစားချင်တော့ဘူး ။
Foreign Resident
October 3, 2013 at 1:15 pm
” ၁ ယောက်တည်း ဆိုရင်လည်း စားချင်စိတ်ကို အပျင်းစိတ်က နိုင်သွားတာနဲ့ ”
ဟုတ်ပါ့ ။ အဘ မိန်းမ က အိမ်မှာ မစားသလောက်ပဲ ။
နေ့လည်စာတိုင်းကို သူ့အလုပ်မှာ စားတတ်တယ် ။
ညစာ ကျပြန်တော့လည်း တစ်ပါတ်မှာ အနဲဆုံး ၂ ရက်လောက်က ၊
Medical Conference / Seminar တွေမှာ စားနေရတယ် ။
အဲဒီတော့ သူက တစ်ပါတ်လုံးမှ ၅ နပ် လောက်ပဲ အိမ်မှာ စားလေ့ရှိတယ် ။
အဲဒီတော့ ၊ အဘ တစ်ကိုယ်စာ ဆိုတော့ အဘ လဲ ဖြစ်သလိုပဲ စားဖြစ်နေတယ် ။
sorrow weaver
October 3, 2013 at 11:36 am
( ဪ ၊ မိန်းမ တစ်ယောက် ဖြစ်လာမှတော့လဲ ၊ ယောက်ျား တစ်ယောက်ကို ယူထားမိပြီးမှတော့ ၊
တင့်တောင်း တင့်တယ် ထားပြီး ၊ လုပ်ကိုင် ရှာဖွေကျွေးမွေးရမှာက မိန်းကလေးရဲ့ တာဝန်ပဲလေ ၊ ဟီ ဟိ )
ဆိုတော့…… ဪ..အဘကတ်ပတိန်ကြီး လစာက နည်းရှာသကို း…အဟိဟိ
Foreign Resident
October 3, 2013 at 12:32 pm
sorrow weaver says:
” ဪ..အဘကတ်ပတိန်ကြီး လစာက နည်းရှာသကို း…အဟိဟိ ”
ကို sorrow weaver က ရွာသူား အသစ်မို့လို့ မသိသေးတာပါ ။
ကျန်တဲ့ ရွာသူား အဟောင်းတွေက အကုန် သိပြီးသားပါ ။
အဘ မိန်းမ ရဲ့ လစဉ် ဝင်ငွေက ၊ သင်္ဘော ကပ္ပတိန် လစာထက် ၊
အနဲဆုံး ( အနဲဆုံး ) ၅ ဆ / ၆ ဆ ပိုများတယ်ကွယ့် ။
အကြမ်းဖျင်း ပြောရမယ် ဆိုရင် ၊ အခု အဘ ရနေတဲ့ သင်္ဘော ကပ္ပတိန် လစာ ဆိုတာ ၊
မိန်းမ ဘေးနားကနေ ၊ ဘယ်မှ မသွား ၊ ဘာအလုပ်မှ မလုပ်တော့ဘဲ ၊
ဩဇီ က အဘ မိန်းမ ဘေးနားမှာဘဲ ငြိမ်ငြိမ်လေး ထိုင်နေမယ်ဆိုရင် ၊
အဘ မိန်းမ က ၊ အဘ ကို ပေးမယ်ဆိုတဲ့ မုန့်ဖိုး နှင့် သိပ်မကွာလှဘူး လို့ မှတ်ပါကွယ် ။
ဟီ ဟိ ။ အဘ ကိုယ်တိုင်က မြန်မာပြည်ကို ပြန်လာချင်လွန်လွန်းလို့ ၊ မျိုးချစ်စိတ် ရှိလွန်လွန်းလို့ ၊
မြန်မာပြည် ပြန်လာပြီး သင်္ဘော ပြန်လိုက်နေတာပါကွယ် ။ ဟီ ဟိ ။
သိတယ်မှုတ်လား ၊ မြန်မာပြည် မှာက ၊ ဟီ ဟိ ။
( တလွဲ မတွေးလိုက်ပါနှင့် ၊ သူငယ်ချင်းတွေ မိဘ ဆွေမျိုးတွေ ရှိတယ်လို့ ပြောမလို့ပါ ၊ ဟီ ဟိ )
ဦးကျောက်ခဲ
October 3, 2013 at 11:57 am
အဘရယ်… ရသတဏှာထားပြီး လျှာအလိုလိုက်တယ် ဆိုပေမည့်…
ဟင်းချက်ရတာကို စိတ်ဝင်စားရင် အတော်ပျော်ဖို့ကောင်းပါတယ်…
အထူးသဖြင့် ကိုယ်ချက်တာ သူတပါး မိန်ရည်ယှက်ရည်စားရင်…
ဖြစ်ရတဲ့ပီတိက ဘာနဲ့မှ မတူပါဘူး… မယုံရင် ချက်ကျွေးကြည့် ဟီ ဟိ…
ဟီး ဟီး… အဘတို့ကျွန်းမှာ ခဏနေတုန်းက အချိန်အားကို မရှိခဲ့ပါဘူး…
အိမ်ဖေါ် ၊ မာလီ ၊ ဒရိုင်ဘာတင်မက ပန်းရံ လက်သမားပါ လုပ်ခဲ့ရသေးတယ်…
😀
kyeemite
October 3, 2013 at 1:51 pm
“အရင် ဘဝတွေက ဝဋ် မကုန်သေးလို့ ၊ အိမ်ဖေါ် ၊ မာလီ ၊ ဒရိုင်ဘာ ဘဲ ပြန်ဖြစ်ရလေတယ် လို့ ။”
ဟားဟားဟားဟား..
.အော်ကိုရင်ဖေါ …ကိုရင်ဖေါ
ခင်ဗျားလိုလူက အဲလိုပြောတော့ ကျုပ်တို့လိုကောင်တွေက ဘယ်လိုပြောရပါ့ 😀
Foreign Resident
October 3, 2013 at 6:30 pm
kyeemite says:
” ဟားဟားဟားဟား.. .အော် ကိုရင်ဖေါ …ကိုရင်ဖေါ
ခင်ဗျားလိုလူက အဲလိုပြောတော့ ကျုပ်တို့လိုကောင်တွေက ဘယ်လိုပြောရပါ့ 😀 ”
ဟုတ်တယ်လေ ၊ ကို ကြီးမိုက် ရဲ့ ။
ဒါတောင် ရေးတာ တစ်ခု ကျန်သွားတယ် ။
အိမ်ဖေါ် ၊ မာလီ ၊ ဒရိုင်ဘာ တင် မကဘူး ။ ပေါ်တာပါ ဖြစ်လိုက်ရသေးတယ် ။
အခုလည်း ၊ အဘ တောင် ဩဇီ ပြန် မရောက်သေးဘူး ။
အဘ ရဲ့ ပဲ့ကိုင်ရှင်က ပေါ်တာ ခရီးစဉ်တွေ အတွက် လက်မှတ်တောင် ကြိုဝယ်ထားပြီးပြီတဲ့ ။
နယူး ဇီလန် ကျွန်းပါတ် Cruise သင်္ဘော ခရီးစဉ် ရယ် ။
အမေရိကန် East Coast ခရီးစဉ် ရယ် ဆိုဘဲ ။ ၂ ခုတောင်မှ တဲ့ ။
ပေါ်တာ ထမ်းရမယ့် အဘ ဘဝ တော့ ခါးကျိုးတော့မှာပဲ ။
Crystalline
October 3, 2013 at 3:25 pm
Bread + Baked Bean + Fried Egg ကတော့လိုက်ဖက်လို့လားအဘ.. တခါမှအဲဒါမျိုးမတွဲဖူးဘူး…
Migorang အရသာကိုကြိုက်တယ်.. အဲဒါမျိုးအတွဲအစပ်တွေရှိရင်.. ထမင်းမစားပဲလဲနေနိုင်တယ်.. :))
KZ
October 3, 2013 at 3:38 pm
Bread + Baked Bean + Half-fried Egg + Grill sausage + boiled potato
အဲလို တွဲပြီး စားကြည့်ပါ ခရစ်(စ) ရေ။
:sar:
Foreign Resident
October 3, 2013 at 4:24 pm
Crystalline says:
” Bread + Baked Bean + Fried Egg ကတော့လိုက်ဖက်လို့လားအဘ ”
KZ says:
” Bread + Baked Bean + Half-fried Egg + Grill sausage + boiled potato
အဲလို တွဲပြီး စားကြည့်ပါ ခရစ်(စ) ရေ ”
Crystalline ရေ ။
အချိန် ရှိလို့ တကယ် အပြည့်အစုံစားမယ်ဆိုရင်တော့ ။
Tea + Bread + Baked Bean + Half-fried Egg +
Sausage or Bacon ( ဝက်သားလွှာ ) + Hash browns ( အာလူး ချေကျော် ) ။
British Breakfast လို့ ခေါ်တယ် ထင်တယ် ။
TNA
October 3, 2013 at 5:34 pm
Bread + Baked Bean + Fried Egg ကတော့အရမ်းကြိုက်တယ်အဘရေ။ အဘကလဲ ချင်ကျားပူတွား ပီးကေဇီကိုချက်ခိုင်းရင်ခိုင်း ကျောက်စ်စီသွားပြီးကပ်စားရင်စား။ နောက်အပြန်ကို တလစာချက်ခိုင်းပြီး ပါဆယ်ဆွဲသွားပါလားး။
Foreign Resident
October 3, 2013 at 6:16 pm
အင်း ၊ ကြုံတုန်း ၊ ပြောရဦးမယ် ။
အမှန်ကတော့ ၊ ဘာ အသား ၊ အာလူး ၊ ပဲ မှ မလိုဘူး ။
Garlic Bread အချောင်းရှည် ကြီးကို သင့်ရုံ အပိုင်းလေးတွေ ပိုင်း ။
Garlic Butter တွေကို နေရာနှံ့သွားအောင် ဖြန့်သုတ်ပေး ။
Microwave Oven မဟုတ် ( လုံးဝ မဟုတ် ) တဲ့ ၊
Conventional / Electric Oven ထဲမှာ ၊
အပြင်ခွံလေး နီညိုနေပြီး ၊ အသားလေး ရွလာအောင် ကင်ပြီး ။
လတ်လတ် ဆပ်ဆပ် မွှေးမွှေးလေးကို ၊ Oven ဘေးမှာတင် ထုတ်ပြီးစား ။
တစ်ချိန်ထဲမှာ Nes Cafe Gold Blend ကို ၊
( Coffee Mate နှင့် မဟုတ်ပဲ ) နို့ဆီ နှင့် ပူပူလေး ဖျော် သောက် ။
ကိုယ်က ချစ်ခင်ရသူလေးကို ဘေးမှာထားပြီး ၊
မနက် စောစော အိမ်ဘေးက ရှုခင်း စိမ်းစိုလေးကို ကြည့် ။
Garlic Bread ကင် ကလည်း မွှေး ၊ Nes Cafe Gold Blend ကလဲ မွှေး နှင့် ။
အဲဒီလို Break Fast မျိုး ကတော့ ၊
( အသား ၊ အာလူး ၊ ပဲ ၊ ဥ မပါပေမယ့်လဲ ) အဘ ရဲ့ စိတ်ကြိုက်ပါပဲ ။
( P S : အဘ က အသားတွေ သိပ် မ ကြိုက်လှဘူးရယ် )
sorrow weaver
October 4, 2013 at 10:28 am
garlic bread အရှည်ကြီးဆိုတာ baguette ကိုပြောတာလား အဘဖော …
ကိုယ်က ချစ်ခင်ရသူလေးကို ဘေးမှာထားပြီး ၊
မနက် စောစော အိမ်ဘေးက ရှုခင်း စိမ်းစိုလေးကို ကြည့် ရတာတော့ မနာလိုစရာပါဗျာ …အဟိဟိ
Foreign Resident
October 4, 2013 at 1:41 pm
ဟုတ်တယ် sorrow weaver ရေ ။
အဲဒီ baguette လို ပါမုန့်ရှည်ကို အလယ်က မြှောင်ထားပြီး ၊
Garlic Butter ထည့်ပြီးသား Ready Made တွေ Super Market တွေမှာ ရောင်းသကွဲ့ ။
Ma Ma
October 4, 2013 at 9:33 am
လမင်းကြီးဘဖောရဲ့ အမှောင်ဖက်တစ်ခြမ်းကို ကိုယ်တိုင် လှစ်ဟပြလိုက်တာလားးးးးးးးးးးးးး 😀
ဒါပေမယ့် ဘဖောရဲ့ အမှောင်တခြမ်းဟာအခြားအခြားသောသူတွေရဲ့ အလင်းတစ်ခြမ်းနဲ့ ဘာမှမဆိုင်အောင် သာနေတယ်ဆိုတော့……….. 😉
surmi
October 4, 2013 at 9:55 am
ဟင်းချက်တယ် ဆိုတာအနုပညာတစ်မျိူးလို့ထင်မိတာဘဲ….
ဆိုတော့… လူတိုင်း မဖြစ်နိုင်ဘူးထင်တယ်….
စာအုပ်ထဲကနည်းရော သင်ယူတာရော.. ဗီဇာ မပါရင်သာမန်ဘဲဖြစ်မှာ…
တကယ်တော့…. ြပြီးပြည်စြုံတယ်ဆိုတာ စိတခံစားမှုနဲ့များဆိုင်လေမလား….
အရီးခင်
October 4, 2013 at 3:32 pm
ဟုတ်ပ ကဆာမိ ရေ။
ဗီဇာ မပါရင် ရယ်ဒီမိတ် ပီဇာ ကတောင် အဝင် လက်မခံဘူး။ 😛
ကိုအဘဖော ရဲ့ ပီတိသံ နဲ့ သံဝေဂ တရားလေး ကို ဝင်နာသွား ပါကြောင်း။ 😉
အဘ မိန်းမ က ဒီ လို အစားဇီဇာမကြောင် တဲ့သူ ရတာ ကံကောင်းလေခြင်း။
အော် နှင်းနှင်း .. နှင်းနှင်း … ငါ့တူမ လေး ခမျာ အဲဒီ မာစတာချက် နဲ့တော့ ခက်တော့မယ်။ 🙄
ဒီ မှတ်ချက် နဲ့ တင် အဝိုင်း တလည်လည် နဲ့ အချိန်ပြည့် ပြီ ထင်ရဲ့။
Crystalline
October 5, 2013 at 1:22 pm
အရီးကလည်း စနိုးရဲ့ပိုင်ရှင်ကပြောပြီးသား.. ပိုက်ပိုက်ရှာ.. ဈေးဝယ်ခြမ်း..ချက်ပြုတ်..အဝတ်လျော်..
အိမ်သန့်ရှင်းရေးလုပ်..ဒရိုင်ဘာ..မာလီ..လက်သမားအကုန်ရတယ်တဲ့.. မီးပူတစ်ခုပဲမတိုက်တတ်တာဆိုပဲ.. အိုက်ဒါကလည်း.. စနိုးလေး ၁ရက် ၂ရက်လောက်သင်ပေးလိုက်ရင်တတ်သွားမှာပါလေ.. 😉
ဦးကျောက်ခဲ
October 5, 2013 at 1:38 pm
ဟီ ဟိ အဲဒါကတော့ ဘယ်လိုမှ အာရုံမရဘူး…
လွယ်လွယ်ကူကူ စပို့ရှပ်ပဲ အဝတ်များတယ်…
ပွဲနေပွဲထိုင်ရှိရင် ပင်မင်းပေးတယ်… အား ဟိ
😀
Foreign Resident
October 4, 2013 at 3:55 pm
အရီးခင် says:
” ဒီ မှတ်ချက် နဲ့ တင် အဝိုင်း တလည်လည် နဲ့ အချိန်ပြည့် ပြီ ထင်ရဲ့ ”
အ ဟိ ဟိ ဟိ ။
ကျနော်က အခု MG ရွာထဲကို ယိုးဒယား ကနေ ဝင်နေတာ ၊
ယိုးဒယား Connection က စုတ်လို့ အဝိုင်း တလည်လည် ဖြစ်နေတယ် ထင်တာ ။
အခု အရီးလတ်တို့ အင်္ဂလန် က ဝင်ရင်လည်း အဝိုင်းလေး တလည်လည် ပဲလား ။
ဟီ ဟိ ။
သူကြီး ရွာက တော်တော် ဝင်ရ ခက်နေတဲ့ပုံပဲ ။
မြန်မာပြည်ထဲက ဝင်တဲ့လူတွေတော့ ၊ ဘယ်လိုများ ဝင်ကြပါလိမ့် ။
ခင် ခ
October 5, 2013 at 7:15 pm
အဘ ဩဇီရောက်ကထဲက ဒီမီနူးဘဲဆိုတော့ ပုံသေနည်းလိုဖြစ်နေပြီ လို့တောင်ပြောလို့ရမယ်နော်။
စားစရာ ပုံသေနည်းများနဲ့ အဘဖော လို့မှတ်ရမလိုဘဲဗျို့။
Foreign Resident
October 5, 2013 at 7:33 pm
ကို ခင်ခ ရဲ့ ။
အဘ ကလည်း အဲဒီ Menu ထဲကဟာတွေနှင့် ၊
စားလို့ အဆင်ပြေနေလို့ လဲ အဲဒါတွေပဲ စားနေတာပါလေ ။
အမှန်က ၊ Freezer ထဲမှာ မြန်မာဟင်းတွေရော ၊ နိုင်ငံခြားဟင်းတွေရော ၊
အများကြီး ၊ အစုံ ရှိနေတာပါပဲ ။ အဘ မှ သိပ် Feeling မလာတာကိုး ။
အဘ ကိုယ်တိုင် ကိုက ဟင်းစား ဂျီးများတာပါကွယ် ။
ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူးလေ ။