မြန်မာတို့ အဆင့် နှစ်ရောက်လာပြီ
ဒီနေ့ မနက် ရုံးသွားရင်း ရထားပေါ် သတင်းစာလေး ကောက်လှန်လိုက်တော့ ရွှေမြန်မာတို့က ကူညီပေးကမ်းမှူ့ အညွန်းမှာ နံပါတ် ၂ ရသွားတယ်ဆိုပါတယ်ခင်ဗျ။
အမှတ်ပေးဆုံးဖြတ်တာကတော့ မေးခွန်း ၃ ခုပေါ် အခြေခံထားတယ်ဆိုပါတယ်။
၁။ လွန်ခဲ့တဲ့လ တုန်းက တစ်ခုခု ပေးလှူခဲ့ ဘူးသလား။
၂။ လွန်ခဲ့တဲ့လ က အဖွဲ့အစည်းတစ်ခုခု အတွက် လုပ်အားပေးလုပ်ခဲ့သလား။
၃။ ကိုယ်နဲ့ မသိတဲ့ အကူအညီလိုနေသူ သူစိမ်းတစ်ယောက်အား ကူညီပေးခဲ့သလား တို့ ဖြစ်ပါတယ်။
မြန်မာတို့ အမှတ်များသွားစေတာကတော့ ဖြေဆိုသူ ၈၅ ရာနှူန်းဟာ ပေးကမ်းမှူ့ တစ်ခုခု လုပ်ခဲ့ကြလို့ပါ။ ဒါဟာ ကမာ္ဘမှာ နံပါတ် ၁ ပါ။
လုပ်အားပေးလုပ်တဲ့နှူန်းဟာ ၄၃ ရာနှူန်းရှိပြီး ဒါဟာ နံပါတ် ၄ အဆင့်ဖြစ်ပါတယ်။
သူစိမ်းတစ်ယောက်ကို ကူညီတာကတော့ ၄၆ ရာနှူန်းဖြစ်ပြီး အဆင့် ၇၁ ဖြစ်ပါတယ်။
ပျမ်းမျှအားဖြင့် မြန်မာဟာ နံပါတ် ၂ ဖြစ်သွားပြီးကနေဒါ၊ နယူးဇီလန်၊ အိုင်ယာလန်တို့နဲ့ အတူ ရပ်တည်နေပါတယ်။
သဂျီးရဲ့ အမေရိကား ကတော့ ဒီနှစ် နံပါတ် ၁ ပါဗျ။
ကျန်တာကတော့ ဆက်ပွားချင်သလို ပွားကြပါ။
Link ကတော့ https://www.cafonline.org/PDF/WorldGivingIndex2013_1374AWEB.pdf
5 comments
KZ
December 5, 2013 at 9:58 am
အမေလိကားမှာ ရောက်နေတဲ့ ရွှေတွေ ရဲ့ ဒါနတွေကြောင့်နေမယ်။
အဟွတ်။
:kwi:
ဦးကြောင်ကြီး
December 5, 2013 at 11:29 am
သဂျီးက အိမ်မှာရှိဒဲ့ ပွန်းဒီဗွီဒီတွေ သူစိမ်းတရံ လာငှားလည်း ပေးကြည့်ဆိုဗဲ..
TNA
December 5, 2013 at 4:56 pm
ရွာထဲကလူတွေလာမေးရင် ဒို့မြန်မာတွေနံပါတ် တစ်တောင်ဖြစ်သွားအုံးမယ်။ ဒို့ရွာထဲလောက်တက်ညီလက်ညီ လှုဒါန်းကူညီတာ ဘယ်မှာမှမရှိနိုင်ဘူး ( ဘာပဲဖြစ်ဖြစ်ကိုယ့် ငါးချဉ်ကိုယ်ချဉ်သွားသီ 😀 )
alinsett
December 5, 2013 at 5:58 pm
ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား
မိသိန်းကြည်
:kwi:
padonmar
December 6, 2013 at 12:05 am
သည်းနုအေးကိုထောက်ခံပါတယ်။
ဒို့ရွာသားတွေသာဆို ၁ ဖြစ်မှာ။
၃ခုလုံး အမှတ်ပြည့်။