ကဗျာ စာစု
သို့
မေ
မေသိပါလေစ
အချစ်ဆိုတဲ့စာသားက နူးညံ့ခြင်းသဘောပါ
အပြစ်မမြင်အောင် မောင့်ရင်ထဲက ချစ်ခြင်းတရားတွေက
မေ့ဘဝအတွက် ထာဝရ အမိုးလေးပါ
မေသိလေမလား အေးချမ်းတဲ့ဆောင်းတစ်နေ့ပေါ့
မောင်နောက်ကျမိလိ်ု့ မျှော်နေတဲ့ မေ့မျက်နှာလေးကို
မောင်ကြိုတွေးရင်း စိတ်မကောင်းဖြစ်ရပါတယ်မေ
အချစ်စစ်မှာ မာနတို့ ဂုဏ်ပကာသဏတို့ဆိုတာ
တစ်ပါးသူအတွက် အလင်္ကာဖြစ်ချင်ဖြစ်မယ်
မောင့်အတွက်တော့ မေကအေးချမ်းတဲ့
စမ်းချောင်းငယ်လေးဆို ရေကန်အလည်က
ငါးလေးတစ်ကောင်ဖြစ်တည်နေမယ်ဆိုတာ
မေသိရင်လေ မောင့်အချစ်တွေကို
မငြင်းပယ်လိုက်ပါနဲ့နော်
မေနဲ့ဝေးရမှာ တွေးကြောက်မလို့ပါ
ကာရံ 31.1.2014
အေးမြစေသား
အခါလွန်မိုး
ရွာသွန်းဖြိုးလို့
ငါ၏ရင်မှာ နိုးမထခင်
နှလုံးသားက စိုစွပ်ပြီ
မျက်ရည်တွေလား မိုးလေလား
မသိလိုက်ခင် ပါးပြင်ထက် စီးဆင်းခဲ့ပြီ
ချစ်သူကအဝေး အပြစ်မယူသူကငေးလို့
မိုးစက်လေးတွေ ကျဆင်းတဲ့တစ်နေ့
မင်းရင်မှာအခါလွန်မှ ရွာမယ့်မိုးလို
နှလုံးသားလေး မနွမ်းရအောင်
ငါ့မျက်ရည်ဖြင့် အေးမြစေသား
ကာရံ 5.2.2014
3 comments
ဒညင်းဝက်
February 6, 2014 at 8:39 pm
သူငယ်ချင်းရေ. . .
အရာရာ အဆင်ပြေပါစေနော်
ကြားရတဲ့ သတင်းလေးတွေ အရ
ကိုယ်လည်း စိတ်မကောင်းမိပါဘူး
အဆင်ပြေစေချင်တာပဲ လောလောဆယ် ပြောတတ်တယ်. . .
မီ မီ
February 7, 2014 at 10:29 am
ချစ်တတ်လိုက်တာ
ခင် ခ
September 15, 2014 at 8:29 pm
ရင်ကိုအေးမြစေသမို့
မျက်ရည်ပူတော့မဟုတ်ဘူးပေါ့