Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စဉ်းစားကြစေလိုပါတယ် ( ၇၃ ) ( စုငွေ နှင့် အခွန် )

Foreign ResidentApril 3, 20145min82728

စဉ်းစားကြစေလိုပါတယ် ( ၇၃ ) ( စုငွေ နှင့် အခွန် )

 

ဘာရယ် မဟုတ်ပါဘူး မနေ့က ကေဇီ ရဲ့ ၊

” စုဆောင်းမိဖို့ ဆုတောင်းကြည့်သည် ” Post ထဲမှာ ၊

ရေးထားတဲ့ Comment လေးတွေ ဖတ်မိပြီး ၊

နိုင်ငံရပ်ခြား မှာလည်း သိပ်မစုမိဘူး ဆိုတဲ့အကြောင်း ဆက်စဉ်းစားမိတာလေးတွေပါ ။

 

ကေဇီ says:

” ဒီမှာ အလုပ်လုပ်ရတာက ပိုက်ပိုက် မစုမိဘူး လုံလုံ ။ မျှတရုံရှိတာ ။

အဲဒီတော့ မမဂျီး မစုမိတဲ့ ထဲမှာ ပိုက်ပိုက်က ထိပ်ဆုံးက “

( ကေဇီ လေး သနားပါတယ် ၊ အဟင့် ၊ အဟင့် )

 

Shwe Ei says:

” သများလဲ တလ တလ ရသမျှ လခလေးတွေ စုဆောင်းပီး ၊

တိုက်ခန်း ငှားနေနိုင်ဖို့ ဆုတောင်းကျိတာ “

( Shwe Ei လေးလဲ သနားပါတယ် ၊ ငှားနေဖို့ကိုတောင် စုနေရသေးတယ် ဆိုတော့ )

 

လုံမလေးမွန်မွန် says:

” အနော်လည်း တိုက်ခန်းလေးတစ်ခန်းလောက် ဝယ်ချင်နေတဲ့အချိန်ဆိုတော့

ပိုက်ပိုက်စုဖို့ ပြောထားတဲ့ ပို့စ်လားလို့ “

( မွန်မွန် ကတော့ တိုက်ခန်း ဝယ်ဖို့တောင် စဉ်းစားနေပြီ ဆိုတော့ကာ ၊

လက်ထဲမှာ အနဲဆုံး သိန်း ရာဂဏန်းတော့ ရှိနေပြီ ထင်တယ် ။ ဟီ ဟိ )

 

တိုက်ခန်းငှားနေနိုင်ဖို့ / တိုက်ခန်းဝယ်ဖို ့စုဆောင်းနေတယ်ဆိုလို့ ၊ စိတ်ထဲပေါ်လာတာ တစ်ခုပြောချင်လို့ ။

 

ဩဇီ က အဘတို့အိမ်ရှေ့က လူတွေလေ ၊ နေတော့သာ သူများအိမ် ငှားနေကြတာ ( ပိုင်ရှင်က ကိုရီးယား ) ။

ဘူတာရုံနှင့် ၁၅ မိနစ်လောက် လမ်းလျှောက်ခရီး ရှိတာကို Taxi က တဝီဝီ နှင့် ။

ပြီးတော့ အိမ်ရှေ့က မြက် ကို ကိုယ်တိုင်မရိတ်ဘူး ၊ လူငှားနှင့် ရိတ်တယ် ။

 

တကယ် ၊ ဒီက ဩဇီ လူနေမှု စတိုင် ကို သိပ် အံ့ဩတာဘဲ ။

ပင်စင်ယူရမယ် အချိန်မှာ ကွက်တိ တစ်ပြားမှ မကျန်အောင် ဖြုန်းနေကြသလိုဘဲ ။

ငါတို့ အသက်ကြီးရင် ပင်စင်ယူရင် အစိုးရက ထောက်ပံ့ရမယ် ဆိုတဲ့စတိုင်နှင့် ။

 

Darling Harbour ဘက် ဈေးကြီးတဲ့ စားသောက်ဆိုင်တွေဘက်မှာလဲ တရုန်းရုန်းနှင့် ။

ကြည့်လိုက်တော့ Teenager အဖြူ တွေက အများစု ။

 

ဒီလိုပြောလို့ အဘ တို့ကို သိပ် ကပ်စေးနဲတယ်လို့ မထင်ကြနှင့်ဦး ။

အဘတို့လင်မယားလဲ တစ်ပါတ်ကို အနဲဆုံး ၁ ခါ ၂ ခါ လောက် အမြဲ ဆိုင်သွားစားနေတာပါ ။

 

ဩဇီလို နေရာမှာ ဆိုင်သွားစားတာ အိမ်မှာချက်စားတာထက် အနဲဆုံး ၃ ဆ မကဈေးကြီးတယ် ။

တစ်ချို့ နွမ်းပါးရှာတဲ့ မြန်မာ မိသားစုတွေ ၄ / ၅ / ၆ လနေမှ တစ်ခါလောက် ဆိုင်မှာစားကြတာ ။

ဆိုလိုတာ / ပြောချင်တာက ၊ အဘတို့က သိပ် ကပ်စေးနဲတဲ့ အထဲမှာ မပါပါဘူး ။

အဲဒါတောင် ၊ အဘတို့ ကိုယ်တိုင်က လက်ဖျားခါရလောက်အောင် ၊

ဒီက ဩဇီ တွေ / ဩဇီ လူနေမှု စတိုင်တွေ အသုံးအဖြုန်းကြီးကြတာကို ဆိုလိုတာပါ ။

 

ဟို တစ်နေ့ကဘဲ ၊ TV ကနေ Current Affair ကနေ ပြသွားတယ် ။

 

ဒီက Average ဩဇီ တွေ ၊ ပင်စင်ယူတဲ့ အချိန် ( ၆ရ နှစ် ) ကနေ ၊ ကွယ်လွန်တဲ့အချိန် အထိ ၊

( ဒီက အဖိုး / အဖွား ကြီးတွေက ပျမ်းမျှ ၉ဝ လောက်အထိ အသက်ရှည်ကြတယ်လေ ) ၊

ဩဇီ တစ်ယောက်ကို ပျမ်းမျှ ဒေါ်လှ တစ်သန်း ကျော်ကျော် လိုတယ်တဲ့လေ ။

( စားစရိတ် ၊ ဆေးကုသ စရိတ် စသဖြင့် အထွေထွေ အကုန်လုံး ပေါ့လေ )

 

ဒါပေမယ့် ၊ ဩဇီတွေ ပင်စင်ယူတဲ့အချိန် ( အကြမ်းဖျင်း ၆ရ နှစ် လောက် ) မှာ ၊

သူတို့လက်ထဲမှာ ပျမ်းမျှ ဒေါ်လှ တစ်သိန်းခွဲ နီးပါးလောက်စီဘဲ စုမိကြသတဲ့ ။

ဆိုလိုတာက ၊ ဩဇီ အဖိုး / အဖွား ကြီး တစ်ယောက်တိုင်းအတွက် ၊

ဩဇီ အစိုးရက ၊ ဒေါ်လှ တစ်သန်း လောက်စီ ၊ စိုက်ပေးနေရတယ်ပေါ့ ။

 

ဒီလောက် အသုံး အဖြုန်းကြီးတဲ့ ဩဇီ အဖြူ တွေ ၊

ဒီလောက် မစုတတ် မဆောင်းတတ်တဲ့ ဩဇီ အဖြူ တွေ ၊

ဒီလိုသာ ကျပ်ကျပ်လုပ် ၊ ဒီအတိုင်းသာ ဆက်သွား နေရင် ၊

သိပ်မကြာခင် ၊ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ်နေပြီး တရုတ် ကျွန် ဖြစ်တော့မယ် ။

 

ရပ်ကွက် Shopping Centre ထဲက Pork Roll ဆိုင်က ဆိုင်ရှင် တရုတ်ကိုမေးကြည့်တာ ၊

သူ့ ဆိုင်ကို မနက် ၄ နာရီကနေ ည ရ နာရီလောက်အထိ နေ့တိုင်းဖွင့်တယ်တဲ့ ။

တစ်နေ့ကို ၁၆ နာရီ ပုံမှန် အလုပ်လုပ်တာ ၊ မိသားစုတွေ ချည်းဘဲ လုပ်တာတဲ့ ။

 

အဲဒီ Pork Roll ( Take Away ) က ဈေးပေါ ( ဒေါ်လှ ၃.၅ဝ ) ပြီး စားကောင်းလို့ ၊

သူ့ ဆိုင်မှာ လူပြတ်တယ် ဆိုတာ သိပ်မရှိလောက်အောင်ကို ရောင်းရတယ် ။

သူတို့ ဝင်ငွေကို မှန်းကြည့်တာ ၊ မနဲလောက်ဘူး ။

 

အခုကိုဘဲ ၊ သတင်းစာတွေထဲမှာ ၊

အိမ်ခြံမြေ အချက်အလက်တွေက ပြောနေ / ကြေငြာနေပြီ ။

ဩဇီ မှာ အိမ်ခြံမြေ ဝယ်တာတွေရဲ့ ၂ဝ % က ၊

ပြည်တွင်း / ပြည်ပ တရုတ် နှင့် တရုတ် အဆက်အနွယ်တွေချည်းဘဲ တဲ့ ။

 

ဒီက ဩဇီ အများစုကြီးက အလုပ်ကြမ်းတွေ ၊ အစိုးရ အလုပ်တွေ လုပ်ကြတာ များတယ် ။

ဟိုတစ်နေ့ကလည်း အိမ်ရှေ့နားက လမ်းဘေး ပလက်ဖေါင်းနေရာမှာ ၊

မြောင်းလာတူးကြတာကို ကြည့်နေတာ ( Fiber Optic Cable လာထည့်ကြတာလေ ) ။

 

သူတို့ အဖွဲ့ လူ ၄ ယောက် ရှိတဲ့ အထဲမှာ ၊

 

တကယ့် တကယ် အလုပ်လုပ်တဲ့သူက တစ်ယောက် ( တစ်ယောက် ) ထဲရယ် ။

 

နောက် တစ်ယောက်က ဘေးကနေ ကြီးကြပ်တယ် ။

( ဒီမှာက အလုပ်ကြမ်းလုပ်ရင် First Aid လက်မှတ်ရထားတဲ့သူ အနဲဆုံး တစ်ယောက် ရှိရပြီး ၊

အဲဒီ First Aid လက်မှတ်ရထားတဲ့သူက ကိုယ်တိုင်လုပ်တဲ့အထဲ ပါမနေရဘူး ၊

များသောအားဖြင့် Supervisor / Foreman တွေက First Aid လက်မှတ် ရှိတတ်တယ် )

 

ကျန်တဲ့ ၂ ယောက်က ၊ ၁ဝ မိနစ်လောက်ကိုမှ ကား တစ်စီးလောက်ဖြတ်တဲ့ လမ်းမှာ ၊

ဟိုဘက် ပေ ၁၀ဝ ၊ ဒီဘက် ပေ ၁၀ဝ လောက်ဆီမှာ ၊

Slow နှင့် Stop ဆိုတဲ့ ဆိုင်းဘုတ်တိုင်လေးတွေ ကိုင်ပြီး ရပ်နေကြတယ်လေ ။

 

အင်းးး ၊ အဲဒီလို ကြိုးစားနေပုံမျိုးနှင့်တော့ ၊ ဩဇီတွေ ချမ်းသာအုံးမယ် ။

 

ဒီမှာ ၊ အလုပ်သမားခ ဈေးကြီး ၊ အလုပ်သမား အခွင့်အရေး အရမ်းမျာတော့ ၊

အခုဆို ဩဇီမှာ ဖွင့်ထားတဲ့ Holden, Toyota နှင့် Ford ကားစက်ရုံတွေ ၊

ရှိရှိသမျှ ကားစက်ရုံတွေ ၊ အကုန်လုံး ပိတ်ပြီး ၊ တခြား နိုင်ငံကို ပြောင်းကုန်ပြီ ။

 

အခုဘဲ Fashion Chain ဆိုင်ကြီး H & M က ဩဇီ အဝတ်အထည်လောကကို ဝင်သိမ်းနေပြီ ။

ဩဇီ ရဲ အကြီးဆုံး Fashion Chain ဆိုင် ကြီး ၊ Myer နှင့် David Jones ၂ ခုပေါင်းထက်ကို ၊

နိုင်ငံခြားက ဝင်လာတဲ့ H & M က ၁ဝ ဆ ပို အင်အားကြီးသေးတယ်တဲ့ ။

 

ဩဇီတွေ အလုပ်ကို သေချာ ကြိုးစား ၊ စွန့်စား ၊ အနစ်နာခံ လုပ်ရမယ့် အချိန်ကို ရောက်နေပြီ ။

နို့မို့ရင် ၊ ဩဇီ မှာ သယံဇာတ တူးရောင်းတဲ့ လုပ်ငန်းကလွဲပြီး ကျန်တာ အကုန် ပြုတ်သွားမယ် ။

 

ကဲ ၊ ဩဇီတွေ ငွေ မစုတဲ့ အကြောင်းကနေ ၊ ဘယ်တွေ ရောက်ကုန်ပါလိမ့် ။

 

ငွေစုတဲ့ ကိစ္စ နှင့် နဲနဲ သက်ဆိုင်တဲ့ အခွန် ကိစ္စလေး နဲနဲဆက် ပြောရအောင် ။

အခုတလော တော်တော် Hot နေတဲ့ မြန်မာ့ ဝင်ငွေခွန် ဥပဒေ အကြောင်းပါ ။

 

Face Book မှာ Share နေကြတဲ့ ဝင်ငွေခွန် ဥပဒေ အခြေခံ ဇယားလေးတွေပါ ။

 

3 ဝင်ငွေခွန် သက်သာခွင့်

3 ဝင်ငွေခွန် သက်သာခွင့်
3 ဝင်ငွေခွန် သက်သာခွင့်

 

 

4 သက်သာခွင့်များ ခုနှိမ်ပြီး ကျန် အခွန်ထမ်းဆောင်ရမည့် ဝင်ငွေ

4 သက်သာခွင့်များ ခုနှိမ်ပြီး ကျန် အခွန်ထမ်းဆောင်ရမည့် ဝင်ငွေ
4 သက်သာခွင့်များ ခုနှိမ်ပြီး ကျန် အခွန်ထမ်းဆောင်ရမည့် ဝင်ငွေ

 

 

အဲဒီ ဝင်ငွေခွန် ဥပဒေ အခြေခံ ဇယားလေးတွေ အတိုင်း တွက်ကြည့်မယ် ဆိုရင် ၊

 

ဥပမာ ( အဖေ ၁ + အမေ ၁ + သား ၁ + သမီး ၁ + ယောက္ခမ ၁ ) ရှိတဲ့ မိသားစု တစ်ခု မှာ ၊

အဖေ ၁ ယောက်ဘဲ အလုပ်လုပ်ပြီး ၊ တစ်နှစ်ကို ဝင်ငွေ သိန်း ၁၀ဝ ရတယ် ဆိုပါစို့ ။

 

အခြေခံ သက်သာခွင့် ( တစ်နှစ် ဝင်ငွေ သိန်း ၁၀ဝ ရဲ့ ၂ဝ % )  =  ၂ ဝ၀ဝ ဝ၀၀

အိမ်ထောင်ဘက် အတွက် သက်သာခွင့်  =  ၅၀ဝ ဝ၀၀

သားသမီး အတွက် သက်သာခွင့် ( သားသမီး ၂ ဦး x ၃၀ဝ ဝ၀ဝ )  =  ၆၀ဝ ဝ၀၀

 

စုစုပေါင်း သက်သာခွင့်  =  ၃ ၁၀ဝ ဝ၀၀

 

သက်သာခွင့်များ ခုနှိမ်ပြီး ကျန် အခွန်ထမ်းဆောင်ရမည့် ဝင်ငွေ  =  ၆ ၉၀ဝ ဝ၀၀

 

၀  မှ  ၂ ဝ၀ဝ ဝ၀ဝ ( အခွန် ဝ % )  =  ၂ ဝ၀ဝ ဝ၀ဝ @ ဝ %  = ဝ

၂ ဝ၀ဝ ဝ၀ဝ မှ  ၅ ဝ၀ဝ ဝ၀၀  ( အခွန် ၅ % )  =  ၃ ဝ၀ဝ ဝ၀ဝ @ ၅ %  =  ၁၅ဝ ဝ၀၀

၅ ဝ၀ဝ ဝ၀၀  မှ  ၆ ၉၀ဝ ဝ၀၀  ( အခွန် ၁ဝ % )  =  ၁ ၉၀ဝ ဝ၀ဝ @ ၁ဝ %  =  ၁၉ဝ ဝ၀၀

 

စုစုပေါင်း ဝင်ငွေခွန်  =  ဝ  +  ၁၅ဝ ဝ၀ဝ  +  ၁၉ဝ ဝ၀ဝ  =  ၃၄ဝ ဝ၀၀

 

အဲဒီတော့ တစ်နှစ် ဝင်ငွေ သိန်း ၁၀ဝ ရတဲ့ အဲဒီ မိသားစုဟာ ၊

တစ်နှစ် ကို ဝင်ငွေခွန်  =  ၃၄ဝ ဝ၀ဝ ( သုံးသိန်း လေးသောင်း ) ဆောင်ရမယ်ပေါ့ ။

 

အဘ လဲ သိပ်မသိလို့ ၊ ပိုသိတဲ့လူတွေ ရှင်းပြကြပါအုန်း ။

 

အောက်ကပုံကတော့ ငွေမည်း တွေကို ငွေဖြူ ဖြစ်စေချင်ရင် ၃ဝ % ဆောင်ရမယ့် သဘောပါ ။

 

7 ငွေမည်း တွေကို ငွေဖြူ ဖြစ်စေချင်ရင် ၃ဝ % ဆောင်ရမယ့် သဘောပါ ။

7

 

 

9 နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ရဲ့ လစာငွေတွေ အတွက်

9 နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ရဲ့ လစာငွေတွေ အတွက်
9 နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ရဲ့ လစာငွေတွေ အတွက်

 

 

အောက်ဆုံးက ပုံမှာ ရေးထားပုံ အတိုင်း ဆိုရင်တော့ ၊

နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ ရဲ့ လစာငွေတွေ အတွက် ၊

ဝင်ငွေခွန် ဆောင်စရာ မလိုဘူးလို့ ထင်ရတယ် ။

 

တကယ့် တကယ်ကလည်း ၊ နိုင်ငံတကာ က အခွန် ရဲ့ အခြေခံ သဘောတရားတွေ အရ ၊

မိမိ အလုပ်လုပ်တဲ့ နေရာ ဒေသ မှာသာ ဝင်ငွေခွန် ဆောင်ရတာပါ ။

 

ဥပမာ ။ ။ မြန်မာ နိုင်ငံသားက စင်္ကာပူ နိုင်ငံမှာ အလုပ်လုပ် ရင် ၊

စင်္ကာပူ နိုင်ငံ အစိုးရ ကို ဝင်ငွေခွန် ဆောင်ရပါမယ် ။

မြန်မာ နိုင်ငံ အစိုးရ ကို ဝင်ငွေခွန် ဆောင်စရာ မလိုပါဘူး ။

 

သင်္ဘောသား ဟာ နိုင်ငံတကာ ရေပြင်ပေါ်မှာ အလုပ်လုပ်ရတဲ့ အတွက် ၊

သင်္ဘောသား မှာ ဝင်ငွေခွန် ဆောင်ရမယ့် အစိုးရ မရှိပါဘူး ။

အဲဒါကြောင့် နိုင်ငံတကာမှာ သင်္ဘောသား ကို ဝင်ငွေခွန် မကောက်ပါဘူး ။

 

အဲဒီတော့ကာ ၊

နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ မြန်မာနိုင်ငံသားတွေ နှင့် ၊

သင်္ဘောသားတွေ ကို ဝင်ငွေခွန် ကောက်ရင်တော့ ၊

အဲဒါဟာ အခွန် ရဲ့ အခြေခံ သဘောတရားကို မလိုက်နာမှု ၊ မ တရားမှု ပါဘဲ ။

 

ဒါတွေကတော့ အခု လာမယ့် ဝင်ငွေခွန် ဥပဒေ အကြောင်း ၊ အဘ သိသမျှ အကုန်ပါဘဲ ။

အဘ ထက် ပိုသိတဲ့လူတွေ ရှင်းပြကြပါအုန်း ။ အဘ မှားရင်လည်း ပြင်ပေးကြပါ ။

 

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

28 comments

  • Mr. MarGa

    April 3, 2014 at 9:13 am

    အပေါ်တစ်ပိုင်း (စုငွေ) ကိုဖတ်ပြီး
    ဘာပြောရမည်မသိ……. (သူတို့ကိုရင်လေးဖို့တွေးပေမယ့် ကိုယ်တွေက ပိုဆိုးမယ့်ကိန်းဆိုက်နေလို့)
    အောက်တစ်ပိုင်း (အခွန်) ကို ဖတ်ပြီးတော့
    မောင်မာဃလဲ ချာချာလည်သွားပါကြောင်း
    အခွန်ကို ဒီထက် နားလည်အောင် ရှင်းပြကြပါဦး လို့
    :mrgreen:

  • ကေဇီ

    April 3, 2014 at 9:22 am

    ၁) အချက်က ကေဇီက ပင်ကိုကကို စုစုဆောင်းဆောင်း (ပိုက်ဆံကို ပြောပါတယ်) မရှိလို့ မစုဖြစ်တာ။
    ၂) ဒီရောက်တော့ အိမ်ကို အကုန်နီးပါးပြန်ပို့တာရယ်၊ လိုချင်သမျှ ဝယ်တာရယ်နဲ့ မစုမိဘူးးး
    ၃) စလုံး ပါမင့်နန့် ရီစီးဒန့် (PR) ဖြစ်တော့ Central Provident Fund ဆိုတဲ့ CPF ပေးရတော့ အသက်ကြီးရင် ဒါမှ မဟုတ် မြန်မာပြည် အပြီးပြန်ရင် CPF Amount ထုတ်သွားလို့ ရလို့ ဘဏ်ထဲမှာ လက်ကျန်ကောင်းကောင်းမရှိဘူးးး ။ တမင် စုမနေဖြစ်ဘူးပေါ့ အဘရယ်…
    CPF အကြောင်း နည်းနည်းဆက်ပွါးရရင် ကျနော်သေရင် MY CPF Amount ရမဲ့လူရဲ့ နာမည်ကိုပါပေးထားရတယ်။ အဲဒီတော့ အဲဒီ နာမည်ထဲ မပါတဲ့ သူတွေ (ဥပမာ၊ အလှူတွေ၊ တခြား လိုအပ်သူတွေ အတွက် ပိုသုံးဖြစ်တယ်၊ အေးရောပဲ)
    CPF Amount/month က အလုပ်က ဝင်ငွေရဲ့ ၁၅ရာနှုံး စုပေးရတယ်၊ ကိုယ့်ဝင်ငွေထဲက ၂ဝ ရာနှုံး မစုမနေရ ပေးရတယ်။ PR ပေမဲ့ ကျနော့အလုပ်က စလုံး စီတီဇင် နှုံး အတိုင်း စု ပေးထားပါတယ်။
    အဲဒီ ၃၅ ရာနှုံးထဲမမှ ၃ မျိုးခွဲပြီး ပြန်စုပေးတယ်။
    ၁) Ordinary
    ၂) Medi Save
    ၃) Special Account ဆိုပြီးးး၊
    အဟီးးး ဒါက ဘဖော ဆီမှာ မန့်မှာမို့ ပြန်ဖတ်ရတာ။ အမှန်ဆို မဖတ်ဘူးးး၊ ပေးဆို ပေးလိုက်တာ။ ပြန်ရမယ် ဆို ပြီးတာပဲ ဆိုပြီးးးး
    စုငွေတွေကို Age ၅၅ နှစ်မှာ ထုတ်ပေးပါတယ်။

    တခါတလေ အစိုးရ ကောင်းရင် မိဘကောင်းသလိုပဲ၊။
    မိဘကောင်းလွန်းရင် အလိုလိုက်လွန်းရင် သားသမီးက လူစွမ်းလူစ တုံးသွားတတ်တယ်။
    စံနစ်ကျတဲ့ အစိုးရအောက်မှာ နေရတဲ့ ပြည်သူက သတိလက်လွတ်ဖြစ်တတ်ပါတယ် အဘရယ်။
    ဟီးဟီးးး :mrgreenn:

    ဘရိတ်ကာကျပြီး မီး၁ မိနစ်လောက်ပျက်ရင်ကို ဒီမှာ ကဘာပျက်သလိုပါပဲ။
    လက်နှိပ်ဓာတ်မီး မရှိဘူးလေ။ဟိ။ ဆောင်မထားဘူးးး :mrgreenn:

    ကျနော်တို့ နိုင်ငံတွေလို့ ဖယောင်းတိုင် လေးဆောင်ထားတာတို့၊ မီးစက်ဓာတ်ဆီလှောင်ထားတာတို့၊ဘူဒိုဇာ အရေး အထုတ်ပြင်ထားရတာတို့ မရှိပါဘူးးး
    :hint:

    ကျနော် မိဘတွေဆို တို့ဆို “အစိုးမရ” (not အစိုးရ) နဲ့
    နေခဲ့ရတာဆိုတော့ ဂယ်ပေါက်တို့၊ အသက်ရှူပေါက်တို့၊ အိုစာ မင်းစာတို့ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ စုတတ်ကြပါတယ်။
    😀

    အခွန်ကတော့ ဘဘကြီးတို့ ထမီ မဝတ်ခင်ကာလ အထိ ၂ နိုင်ငံပေးရတာပါ။
    မြန်မာသံရုံးမှ အဟောက်လည်း ခံရသေးးး တစ်လဝင်ငွေရဲ့ ၁ဝ ရာခိုင်နှုံး ဆိုပြီး မညှာမတာ ယူခဲ့ကြတာပါ။
    သူတို့ အတွက်ပါ ပိုရှာခဲ့ရတဲ့ ဘဝပါ။
    :hint:

    စလုံး အချိုးကတော့ ၂၀၁၂ က စ။ (၂၀၁၁ထိက ၃ ဒသမ ၅ ရာနှုံးက စပါတယ်)
    ဝင်ငွေ တနှစ် စာ ဒေါ်လှ ၂၀၀၀ဝ အထက်ကို ၁၀၀၀ဝ တိုးရင် ၂ ရာခိုင်နှုံးးး
    ၃ သောင်း အထက် ၁၀၀၀ဝ တိုးရင် ၃ ဒသမ ၅ ရာခိုင်နှုံး စသည်ဖြင့် တိုးတိုးသွားတာပါ။
    ဒီကြားထဲ မိဘ ခေါ်ထားရင်တို့ ကလေးရှိရင်တို့ ဘာတို့ အကြောင်းပြပြီး လျှော့ခိုင်းလို့ရပါတယ်။

    • kyeemite

      April 3, 2014 at 2:32 pm

      “CPF Amount/month က အလုပ်က ဝင်ငွေရဲ့ ၁၅ရာနှုံး စုပေးရတယ်၊ ကိုယ့်ဝင်ငွေထဲက ၂ဝ ရာနှုံး မစုမနေရ ပေးရတယ်။ PR ပေမဲ့ ကျနော့အလုပ်က စလုံး စီတီဇင် နှုံး အတိုင်း စု ပေးထားပါတယ်။”

      မနဲပါလားနော်…ကေဇီက ရနှစ်လောက်ရှိပီဆိုတော့ CPF တော်တော်ပွားနေလောက်ပြီ…အားကျထှာ

      ဒီမှာတော့ ဝင်ငွေအခွန်ပေးရတဲ့အထဲ
      လူမှုဖူလုံရေး(SSB) ကြေးတွေ ဧပြီလကနေစလို့ လစာပေါ်မူတည်ပြီးတိုးကောက်တော့မယ်ဆိုပဲဗျ….သေဘီဆြာ..
      လစာရဲ့ ၂% ကွန်ထရီဗျူးရှင်းထည့်ရမတဲ့..အလုပ်ရှင်က ၃% ထည့်ပေးရမတဲ့
      CPF စံနစ်လို ပြန်ရမှာလည်းမဟုတ်တော့…တားတားအားရီးနှမျောတသဝမ်းနဲမိတာ လွန်တလားဟင် 🙁

      • ကေဇီ

        April 3, 2014 at 2:37 pm

        ဖတ်နေတာပဲ ဗျာ။
        ကျနော်တို့ နိုင်ငံ အခွန်စံနစ်ကို နားမလည်ဘူးဗျ။

        ဝင်ငွေ တွေ ထည့်တဲ့ စာအိပ် အခွံ ကျန်တဲ့ထိကောက်မှာမို့ အခွံကောက်တယ်လို့ ပြောရမှာလားမသိဘူးးး
        :hint:

        စလုံးမှာ အိမ်ဝယ်ရင် နှစ် ၃ဝ အင်စတောမန့် ကို အဲဒီ ထဲက ပေးလို့ရတယ် ဆာဆာ။

        ပြန်ထုတ်မှာကနောက်မှပေါ့။ (မထုတ်ခင်မှာ လူဆိုတာ ဘာမဆိုဖြစ်သွားနိုင်တယ်လေ)
        နောက်ပြီး စလုံးက အစိုးရက အကုန်ထိမ်းချုပ်ထားသလိုမို့ ဘာအခြေအနေမဆိုဖြစ်သွားနိုင်တယ်။

        အဲဒီတော့ ကျနော်က သုံးရတာ မှ ကျနော့ ပိုက်ဆံလို့ ယူဆပါတယ်။ အာ့ကြောင့် သုံးပါတယ်။
        :mrgreenn:

      • Foreign Resident

        April 4, 2014 at 7:42 am

        kyeemite says:
        ” လူမှုဖူလုံရေး (SSB) ကြေးတွေ ဧပြီလ ကနေ စလို့
        လစာပေါ်မူတည်ပြီး တိုးကောက်တော့မယ် ဆိုပဲဗျ….သေဘီ ဆြာ..
        လစာ ရဲ့ ၂ % ကွန်ထရီဗျူးရှင်းထည့်ရမတဲ့..အလုပ်ရှင်က ၃ % ထည့်ပေးရမတဲ့
        CPF စံနစ်လို ပြန်ရမှာလည်းမဟုတ်တော့…တားတားအားရီးနှမျောတသဝမ်းနဲမိတာ ”

        ကိုကြီးမိုက် ။
        လူမှုဖူလုံရေး (SSB) က လူမှုဖူလုံရေး (SSB) သပ်သပ်လေ ။
        အခွန် က အခွန် သပ်သပ်လေ ။ မတူဘူးလေ ။

        စလုံး မှာလည်း ၊
        ၁ ။ ဝင်ငွေခွန် သပ်သပ် ကောက်တယ်လေ ။
        ၂ ။ လူမှုဖူလုံရေး (SSB) ကြေးလည်း သပ်သပ် ကောက်မှာလေ ။
        ၃ ။ အဲဒီ ၂ မျိုး ကောက်တဲ့အပြင် ၊ CPF ကြေးကိုပါ သပ်သပ်ကို ထပ်ကောက်တာပါ ။

        မြန်မာပြည်မှာလည်း ၊ ပြန်ရမယ့် CPF စံနစ် လိုမျိုး လုုပ်ချင်ရင် ၊
        ကိုကြီးမိုက် ရဲ့ လစာရဲ့ ၂ဝ % ကို ထပ်ပေး ရမယ်လေ ။
        အဲဒါကိုမှ အစိုးရ က စုထားပေးပြီး ၊ ကြီးရင် ပြန်ပေးမှာလေ ။

        kyeemite says:
        ” တားတား အားရီး နှမျောတသ ဝမ်းနဲ မိတာ လွန်တလားဟင် ”

        သိပ် ဝမ်းမနည်းပါနှင့်ဗျာ ။
        မြန်မာပြည်မှာ ကောက်နေတဲ့ အခွန်နှုန်းထားတွေက သိပ်မများလှပါဘူးဗျာ ။
        ဒီမို နိုင်ငံတွေမှာ ၊ ဒီလောက်ကတော့ အခွန် ကောက်ရမှာဘဲဗျ ။

        ဩဇီ မှာ ကျနော့ မဟေသီ ဝင်ငွေခွန် တစ်မျိုးတည်းကို 46.5 % ဆောင်နေရတာ ။
        ( ကောင်စီကြေး ( စည်ပင်ခွန် ) ၊ မြေခွန် ( Land Tax ) ၊ စတာတွေ မပါသေးဘူးနော် )
        တစ်နှစ် တစ်နှစ်ကို ဝင်ငွေခွန် တစ်မျိုးတည်းတင် ဒေါ်လှ သိန်းကျော် ဆောင်နေရတယ် ။

        • kyeemite

          April 4, 2014 at 9:54 am

          ကိုရင်ဖေါရေ..ဝင်ငွေခွန် နှုံးထားကိုတော့ကျေနပ်ပါတယ်ဗျာ..အလုပ်စလုပ်ကတည်းက
          လစာအမှန်အတိုင်းနဲ့ တွက်ဆောင်ခဲ့တာပါ…ကိုရင်ဖေါ အာတီဒုံကိုပြောသလို
          “တစ်ခုဘဲ ရှိတယ် ၊ ကိုယ်ဆောင်လိုက်တဲ့ အခွန်ငွေ တွေကို ၊
          တိုင်းပြည် နှင့် ပြည်သူလူထု အကျိုး အတွက် ၊ ပွင့်လင်း မြင်သာစွာ သုံးစေချင်တယ် ။
          ဒါလေးပါဘဲ ။”

          လူမှုဖူလုံရေး (SSB) ကြေးတွေ ကအရင်စံနစ်ဟောင်းတုန်းက အမြင့်ဆုံးလစာနှုံးထားမှ
          အလုပ်သမားက ၄၆၅ကျပ်+အလုပ်ရှင် ၇၇၅ကျပ်=စုစုပေါင်း ၁၂၄ဝကျပ်ပဲဆောင်ရတာ
          အခုက လစာဝင်ငွေရဲ့ ၂% တဲ့…တွက်ပုံကလည်း
          အနိမ့်ဆုံးလုပ်ခလစာရဲ့ ၆ဆ အထိတွက်ပါမယ်တဲ့
          ဥပမာ..အနိမ့်ဆုံးလုပ်ခက ၈၀၀၀ဝကျပ်ဆိုပါတော့..
          အဲဒါရဲ့၂% ဆိုတော့
          အနိမ့်ဆုံးလုပ်သားက အလုပ်သမားက ၁၆၀၀+အလုပ်ရှင်က ၂၄၀၀=၄၀၀ဝကျပ်
          ဒါဆို အမြင့်ဆုံးက ၄၈၀၀၀ဝပေါ့
          အဲဒါရဲ့၂% ဆိုတော့ လစာအမြင့်ဆုံးအလုပ်သမားက ၉၆၀၀+အလုပ်ရှင်က ၁၄၄၀ဝကျပ်
          စုစုပေါင်း ၂၄၀၀ဝကျပ်ဆောင်ရမယ်…
          ဆိုတော့…ကျုပ်က များတယ်ထင်တာပါ…
          အလုပ်ရှင်တွေလည်း တော်တော်ကုန်ကျစရိတ်တက်သွားမယ်..
          ဒါပေမဲ့..ဥပဒေလည်းအတည်ဖြစ်ပြီးပီ…ဒီဧပြီ (၁)ရက်ကစမယ်ဆိုတော့လည်း
          ဆောင်ရုံပါပဲလေ…ဥပဒေအသစ်မို့ အားလုံးဗဟုသုတအတွက် တင်ပြတာပါဗျာ…
          အကျိုးခံစားခွင့်တွေလည်းမြင့်လာပါတယ်…အဲဒါတွေကတော့ ရှည်လို့မရေးတော့ဘူးဗျာ
          အကျယ်သိချင်ရင်တော့ ၂၀၁၂ခုနှစ်လူမှုဖူလုံရေးအက်ဥပဒေကိုဝယ်ဖတ်ကြပါလို့….

    • ကေဇီ

      April 3, 2014 at 3:09 pm

      အီးးးးးး
      မိုက်မိုက်နဲ့ ဆာဆာ မှားမန့်နေပြီ။
      ခွိခွိခွိ။
      ဆောဒီး မိုက်မိုက်။
      ယောက်ခမ ဆာနဲ့ မှားသွားလို့။

      😀

    • Foreign Resident

      April 4, 2014 at 5:48 am

      ကေဇီ says:
      ” CPF Amount/month က အလုပ်က ဝင်ငွေရဲ့ ၁၅ ရာနှုံး စုပေးရတယ်၊
      ကိုယ့်ဝင်ငွေထဲက ၂ဝ ရာနှုံး မစုမနေရ ပေးရတယ်။ ”

      ကေဇီ တို့ Singapore CPF မှာက ၊
      အလုပ်ရှင် က ၁၅ ရာနှုံး + အလုပ်သမား က ၂ဝ ရာနှုံး ၊
      စုစုပေါင်း ၃၅ ရာနှုံး စုတယ် ဆိုတော့ ၊
      စုတဲ့ ရာနှုံး တော်တော်များတာဘဲ ။

      အဘ တို့ ဩဇီ မှာတော့ အဲဒါကို Superannuation လို့ခေါ်တယ် ။
      အလုပ်ရှင် က ၁ဝ ရာနှုံး Compulsory စုပေးရတယ် ။
      အလုပ်သမား က စု ချင်စု ၊ မစုချင်နေ ဘဲ ။
      အဲ အလုပ်သမား က စု ရင်တော့ ၊ အဲဒီ ပိုက်ဆံ အခွန် သက်သာခွင့် ပေးတယ် ။
      ဩဇီမှာက အလုပ်သမား က Compulsory စုစရာမလိုတော့ ၊
      တစ်ချို့တွေက မစုကြဘူး ၊ နောင်ခါလာ နောင်ခါဈေး ၊ သုံးပစ်ကြတယ် ။

      အမှန်ကတော့ Superannuation ခေါ်ခေါ် CPF ခေါ်ခေါ် ၊
      အဲဒါဟာ ( ဆိုရှယ်လစ် စံနစ် ရဲ့ ) Pension ပင်စင် နှင့် သဘောအတူတူ ပါဘဲ ။
      အရင်းရှင် စံနစ်မှာ ကုမ္မဏီ တွေက မကြာခဏပြိုလဲတော့ ၊
      ပင်စင် ပေးမယ့် ကုမ္မဏီ ကိုယ်တိုင်က ဒေဝါလီ ခံသွားတာတို့ ဖြစ်လာလို့ ၊
      ဒီ CPF / Superannuation စံနစ်ကြီး ဖေါ်ဆောင်ထားရတာပါ ။

      သူ့လည်း လျော့မတွက်နှင့် ၊ နည်းတဲ့ အင်အား မဟုတ်ဘူး ။
      ဩဇီ ရဲ့ Superannuation စုစုပေါင်းက 1.3 Trillion ဒေါ်လာ ရှိတယ် ။

  • Ma Ma

    April 3, 2014 at 9:34 am

    ဒီမှာတော့ အိုစာမင်းစာ လို့ ဆိုတယ် မဟုတ်လား။
    အိုစာရော မင်းစာရော ကျခံနိုင်အောင် ပေးနိုင်အောင် ကြိုးစားဖို့လိုတယ်။
    ပင်စင်စားကြီးတစ်ယောက် ကျောက်ကပ်ဆေးရတာ အကြိမ်ပေါင်းများလာတော့
    သားသမီးတွေရဲ့ တိုက်ခန်း၂ခန်း ရောင်းချကုသရင်း ခုရက်ပိုင်း သေသွားတဲ့ သတင်းကို ကြားလိုက်ရတယ်။

    အဖိုးကြီးက သူမဆုံးခင်ကတည်းက သူ့မိသားစုတွေ သူ့ဆေးကုသစရိတ်နဲ့ ခုလိုဖြစ်နေတာကို စိတ်မကောင်းဘူးဆိုတဲ့အကြောင်း မိတ်ဆွေတွေကို ပြောပြသတ့။ 🙁

  • ကေဇီ

    April 3, 2014 at 9:42 am

    BTW ကျ နော် လည်း ခု H&M စွဲလန်းနေတယ်။
    အရမ်း ဝယ်လို့ ကောင်းတယ်။
    ဟီးဟီးးး

    😀

    • kai

      April 4, 2014 at 2:33 am

      H&M ကအရောင်ခတ်မှိုင်းမှိုင်း.. (အမဲများ)တဲ့.. ဖက်ရှင်မဟုတ်လား..
      ယူအက်စ်မှာတော့.. အဲဒီလိုခေတ်စားတာ.. ၄-၅နှစ်လောက်ရှိမယ်ထင်…။

      ကျုပ်ကတော့.. အီးဂဲလ်မှ..အီးဂဲလ်… အမေရိကန်အီးဂဲလ်..။ :mrgreen:

      http://www.ae.com/web/index.jsp

      • ကေဇီ

        April 4, 2014 at 9:23 am

        H&M က US brand လို့ ပြောတာပဲ။
        ကျနော် မရှာကြည့်ရသေးဘူးးးး
        တဂျီး ပြောသလိုပဲ အရောင် မွဲမှိုင်းမှိုင်းတွေ များးး တယ်။
        ရှာတတ်ရင်တော့ အရောင် လှလှ ရပါတယ်။
        ဒီ မှာ ခေတ်စားတာ တော့ ၃ နှစ်လောက်ရှိပြီ။
        ကျနော် စဝယ်ဖူးတာ ဒီနှစ်ပိုင်းထဲမှာ။
        ဈေးသက်သာပြီး လှလို့ ဝတ်ပျော်တယ်ခေါ်မပေါ့။ :mrgreenn:

        ကျနော ရဲ့ အဝတ်အစားနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ အချက်က ၂ ချက်တည်းးးး
        ၁) အထည်များ အယားပြေ
        ၂) အိမ်ပြောင် ပွဲမွဲ

        H&M နဲ့တော့ ကိုက်လို့ပဲ။ :mrgreenn:

      • Foreign Resident

        April 5, 2014 at 2:06 am

        ကေဇီ says:
        ” H&M က US brand လို့ ပြောတာပဲ ”

        ဟုတ်ဖူး ။ H & M က ဆွီဒင် က ။

        ” Swedish retailer to open on Saturday, with six stores to follow nationwide
        amid concern for impact on Myer and David Jones ”
        —http://www.theguardian.com/fashion/2014/apr/04/hm-open-first-australian-store-melbournes-gpo—

  • weiwei

    April 3, 2014 at 9:59 am

    မြန်မာပြည်မှာနေရတာ အိုစာမင်းစာ အတွက် တော်တော်ပူပင်ရတယ် …
    ဘယ်နေ့ ဘယ်ရောဂါနဲ့ ဘယ်လောက်ကုန်မယ်မှန်းမသိလို့ မသုံးရက်ပဲ ကြိုတင်စုဆောင်းထားရတာသေးတယ် ..
    မကြာခင်ကပဲ ပါတ်ဝန်းကျင်ထဲက လူ နှစ်ယောက် (အသက် ၄ဝ ဝန်းကျင်) ရောဂါ ဆင်တူဖြစ်ကြတယ် .. ကျောက်ကပ်လဲမှ အသက်ရှင်နိုင်မယ့် ရောဂါ .. တစ်ယောက်ကတော့ ပိုက်ဆံလုံးဝ မတတ်နိုင်လို့ အသက်ဆုံးသွားတယ် .. နောက်တစ်ယောက်ကတော့ ဘန်ကောက်မှာသွားလဲလိုက်တာ သိန်းငါးရာ (တိုက်ခန်းတစ်ခန်း) ကုန်ပြီး အသက်ဆက်ရှင်သွားတယ် …

  • Myo Thant

    April 3, 2014 at 1:52 pm

    Aerospace giant Boeing says it will cut 300 jobs in Australia, primarily fixed-term contractors, as its aircraft programmes mature in the country.

    “This was always our intention when the company’s aircraft programmes stabilised at full production rates,” said Boeing in a statement.

    It said the job losses were a “natural part of the manufacturing cycle”.

    The cuts come just after other large firms, from Toyota to BP, announced job losses in the country.

    • kai

      April 4, 2014 at 2:25 am

      ပြီးခဲ့တဲ့အပါတ်ကပဲ.. ဘိုးရင်းကိုအင်ဂျင်ပစ္စည်းသွင်းနေတဲ့ဗမာတယောက်တွေ့တာ.. သူ့အပြောအရတော့.. ဂျီအီးတခုထဲတင်.. လေယဉ်အင်ဂျင်အလုံး၄၅၀ဝစာလောက် အကြွေးလုပ်ပေးဖို့ကျန်နေသတဲ့..။
      ဘိုးရင်းရော..အဲယားဘတ်စ်ရော.. အာရှနိုင်ငံတွေစီးပွားတက်လာသမို့.. လေယဉ်တွေစွတ်မှာနေတာ.. ထုတ်လို့မနိုင်…။
      တခြားနိုင်ငံတွေကလည်း.. လေယဉ်ကြီးတွေမလုပ်တတ်..။
      မြန်မာတွေ.. ခမြာလည်း.. သယံဇာတတွေရောင်းပြီး.. အပ်ကနေ..လေယဉ်အထိ.. ကိုယ်တိုင်မလုပ်နိုင်ငံခြားကဝယ်သုံးနေတာ…
      မိတ်အင်ဘားမန်းလေယဉ်တွေမြင်ချင်စမ်းပါဘိ…
      (ဝါးရုပ်..သံပါတ်ပြားနဲ့.. :mrgreen: )

  • padonmar

    April 3, 2014 at 10:24 pm

    သူဌေးသားတွေ ပေါ်ကြော့နေသလိုပဲ
    အောင်္ဇီတွေ လက်ကြောမတင်းဘူးပေါ့နော်။
    ဝင်ငွေခွန်ကတော့ အဘရယ်၊
    အခွန်ဆောင်မှ နိုင်ငံသားကောင်းဆိုတော့ ကြိုးစားတော့ ဆောင်နေပါတယ်။
    ဒါပေမယ့် အဲဒီအခွန်ကနေ ပြန်ရမယ့် ခံစားခွင့်တွေကို ပွင့်လင်းမြင်သာ ပြောပေးရင်ဖြင့် ခံသာမယ်ထင်တာပဲ။
    အခုတော့ ပေးသာပေးနေရတယ်။
    တကယ့် နိုင်ငံတည်ဆောက်ရေးနဲ့ ပြည်သူလူထု သက်သာချောင်ချိရေးကို မြင်မနေရတော့ ပေးရတာ အားမရှိပါဘူး။လျော့နိုင်သလောက် လျော့ဆောင်ရလေ ကြိုက်လေပါပဲ။
    ကေဇီလေးတို့ မွေးစားအဖေ စလုံးအစိုးရကောက်ထားတဲ့ CPF ကမှ တနေ့ ကိုယ်ပြန်ရမယ်လို့ မျှော်လင့်ချက်ရှိသေး။

    • Foreign Resident

      April 4, 2014 at 6:04 am

      padonmar says:
      ” ဝင်ငွေခွန်ကတော့ အဘရယ်၊
      အခွန်ဆောင်မှ နိုင်ငံသားကောင်းဆိုတော့ ကြိုးစားတော့ ဆောင်နေပါတယ်။
      ဒါပေမယ့် အဲဒီအခွန်ကနေ ပြန်ရမယ့် ခံစားခွင့်တွေ ”

      မ padonmar ရဲ့ ။
      နိုင်ငံသားကောင်း တစ်ယောက် အနေနှင့်ကတော့ မှန်မှန်ကန်ကန် အခွန်ဆောင်ရမှာပါဘဲ ။
      ” ပြန်ရမယ့် ခံစားခွင့် ” ရယ်လို့တော့ ထပ်ပြီး မမျှော်လင့်ကောင်းပါဘူး ။
      အဲ ၊ တစ်ခုဘဲ ရှိတယ် ၊ ကိုယ်ဆောင်လိုက်တဲ့ အခွန်ငွေ တွေကို ၊
      တိုင်းပြည် နှင့် ပြည်သူလူထု အကျိုး အတွက် ၊ ပွင့်လင်း မြင်သာစွာ သုံးစေချင်တယ် ။
      ဒါလေးပါဘဲ ။

      padonmar says:
      ” ကေဇီလေးတို့ မွေးစားအဖေ စလုံး အစိုးရကောက်ထားတဲ့ CPF ကမှ ၊
      တနေ့ ကိုယ်ပြန်ရမယ်လို့ မျှော်လင့်ချက်ရှိသေး။ ”

      မ padonmar ရဲ့ ။
      ကေဇီလေး ပြောသွားတဲ့ ၊
      စလုံး အစိုးရက ကောက်တဲ့ CPF က ပင်စင် အတွက် ကြိုစုပေးထားတာလေ ။
      တစ်နေ့ / အိုရင် ပြန်ပေးမှာပေါ့ ။ ပြန်ပေးဖို့အတွက်ဘဲ စုထားတာလေ ။

      အခွန် ကောက်သွားတာကတော့ ၊ သုံပစ်ဖို့လေ ၊ ပြန်မပေးဘူးလေ ။ မတူဘူး ။
      ( အပေါ်က Comment မှာ ကျနော် ရှင်းပြထားပါတယ် )

      • padonmar

        April 5, 2014 at 1:19 am

        ကျမပြောတဲ့ ခံစားခွင့်ဆိုတာ အရင်တုံးကဆို(မဆလ လက်ထက်) အခွန်ဘယ်လောက်ဆောင်ထားရင် White money ဘယ်လောက် ၊အခြေပစ္စည်းဘယ်လောက်တန်ဝယ်လို့ရတယ်ဆိုပြီး တွက်ကြရတယ်။
        အခုတော့ အဲသလိုပြရင် အခွန်အရာရှိက အရီခံနေရတယ်။
        အမည်မဖော်ပြနိုင်သော ဝင်ငွေရလမ်းဆိုတာကြီးကိုပဲ ဇောင်းပေး(အခွန်ဝန်ထမ်းရော၊money laundry တွေကပါ)နေကြတော့ မှန်မှန်ကန်ကန် ရွှေပြည်နန်းတွေ နစ်နာနေဆဲပါပဲ။

      • Foreign Resident

        April 5, 2014 at 2:32 am

        အော် မပဒုမ္မာ ပြောချင်တဲ့ အခွင့်အရေး ဆိုတာ ၊
        ” တရားဝင် ငွေဖြူ ” ဖြစ်သွားတာကို ပြောချင်တာကိုး ။
        ( မသိပါဘူး ကျနော်က မြေကွက်တွေ ၊ ဖုန်းတွေ ချပေးတာကို ထင်လို့ )

        ဒီဖက် နိုင်ငံကြီးတွေမှာတော့ အကြမ်းဖျင်း ပြောရရင် ၊
        ဘဏ်ထဲက ကိုယ့် Account ထဲမှာ ရှိသမျှ ပိုက်ဆံအားလုံး တရားဝင် ငွေဖြူ ဘဲ ။
        အမြဲတမ်း Tax Office က ကိုယ့် ဘဏ့်Account ကို Check နေတာလေ ။

        Tax Office မသိဘဲနှင့် ၊ ဘဏ့် Account အသစ်လဲ ဖွင့်လို့ မရဘူး ။
        ဘဏ့် Account အသစ် ဖွင့်တိုင်း ဘဏ်က Tax File Number တောင်းတယ် ။
        ( လူ တစ်ယောက်မှာ Tax File Number တစ်ခုစီဘဲ ရှိတယ် )

        ပြီးရင် ၃လ တစ်ခါ ကိုယ့် ဘဏ့်Account ရဲ့ Activity တွေကို ၊
        Australia Taxation Office ( ATO ) ကို အကြောင်းကြားပေးတယ် ။
        အဲဒီကနေ ATO က ကိုယ့်ရဲ့ ငွေ အဝင် အထွက် ကို စောင့်ကြည့်တယ် ။

        ဒါကြောင့် ကျနော့် ဘဏ့်Account ထဲ ဝင်ပြီးသား ငွေဖြူ ပိုက်ဆံတွေကို ၊
        ကျနော် ဘယ်တော့မှ ထုတ်မသုံးဘူး ။ ငွေဖြူ တွေကို နှမြောလို့ ။

  • ဦးကျောက်ခဲ

    April 4, 2014 at 9:40 am

    ကျောက်စ်တို့ ဟောင်ကောင်မှာတော့ အခွန်စံနစ်က တစ်မျိုးပါ…
    အပေါ်ယံကြည့်ရင် စလုံးနဲ့တူသယောင် ထင်ရပေမည့် စလုံးလောက် မဆိုး….
    တရားဝင် အလုပ်လုပ်သူတိုင်းအတွက် MPF (Mandatory Provident Fund) ရှိပါတယ်…။ လစဉ်ဝင်ငွေကနေ Employee Portion နဲ့ Employer Portion ဆိုပြီး ဖြတ်တယ်ခင်ဗျ…။ နောက်ပြီး အဲသည့်ပိုက်ပိုက်ကို စတော့ခ်ရှယ်ယာ ဝယ်ဖို့ ရွေးပေးရပါတယ်…။ ၃လ တစ်ကြိမ်တော့ Financial Report ပို့ပေးပါတယ်ခင်ဗျ…။ ဆိုတော့… စုငွေကို ပွါးများစေချင်တဲ့ သဘောပါ…။ စလုံးလို Temasek Holdings ကပဲ ချုပ်ထားတာမျိုး မဟုတ်ပါဘူး…။ အဲသည့်စုငွေတွေကို အသက်ကြီးရင် ပင်စင် ၊ ပြည်တော်ပြန်ရင် အကုန် ပြန်ထုတ်ပေးပါတယ်…။

    ဟောင်ကောင်မှာ တခြားအခွန်မရှိပေမည့် ယစ်မျိုးခွန် ၊ စီးကရက်ခွန် ၊ ဝင်ငွေခွန်တော့ရှိပါတယ်…။ ဝင်ငွေခွန်ကတော့ လစာအပေါ်မူတည်ပြီး နှုန်းထားမတူပါဘူး…။ အိမ်ထောင်ရှိရင် ကလေးရှိရင် မိအိုဖအိုရှိရင် သက်သာပါတယ်…။ အိမ်ထောင်မရှိပဲ ဝင်ငွေများရင်တော့ အခွန်က ၂၀% လောက်ဆော်ပါတယ်… (အဲ… ကျောက်စ် အိမ်ထောင်ပြုတာ အခွန်ကြောင့်မဟုတ်… အခွန်ကြောင့်မဟုတ်… ဟုတ် ဟုတ်)

    အခုလည်း ကုမ္ပဏီက Employees own the Corporation ဆိုပြီး ရှယ်ယာတွေ ထုတ်ရောင်းပေးလို့ မဝယ်မဖြစ် ဝယ်ရဦးမယ်…။ ပြောတာတော့ Loyalty Bonds လိုချင်လို့ဆိုပဲ…။

    စကားအတင်းစပ် H&M ဝတ်ရင်သတိထား… မျိုးချစ်တွေ ရန်ရှာနေဦးမယ် ။ ဆွီဒင်ဆိုပေမည့် ဘင်္ဂလားမှာ အချုပ်များသကွဲ့… ဟီ ဟိ
    😀

    • Foreign Resident

      April 5, 2014 at 6:10 am

      ဦးကျောက်ခဲ says:
      ” တရားဝင် အလုပ်လုပ်သူတိုင်းအတွက် MPF (Mandatory Provident Fund) ရှိပါတယ်…။
      အဲသည့်ပိုက်ပိုက်ကို စတော့ခ်ရှယ်ယာ ဝယ်ဖို့ ရွေးပေးရပါတယ်…။ ”

      ဩဇီ က Superannuation နှင့်လည်း ၊
      စတော့ ရှယ်ယာ ဝယ် ၊ အိမ် ဝယ် ၊ ဘဏ်အပ် ၊
      လုပ်လို့ရတယ်ဗျ ။

  • အောင်မြတ်လေး အဘရယ်.. သိန်းကို ရာဂဏန်းမပြောနဲ့ ခုဂဏန်းတောင် ကိုယ်ပိုင်မရှိသေးပါဘူး.. ဟင့်.. ဝမ်းနည်းလာပြီ..

    တကယ်တော့ ရန်ကုန်မှာ တိုက်ခန်းတစ်လုံးပိုင်ဖို့ဆိုတာ အတော်လေး မလွယ်တာ.. မလွယ်မှန်း သိပေမယ့်လည်း ဖြစ်ချင်တဲ့စိတ်ရှိရင် ဖြစ်ရမယ် ဆိုပြီး ရည်မှန်းချက်ထားထားလို့.. 🙂

    အခုချိန်အထိတော့ လုပ်နေရတဲ့အလုပ်က အနာဂတ်အတွက် ဘာအာမခံချက်မှ မရှိသလို ရတဲ့လခကလည်း တစ်ကိုယ်စာသုံးရုံပဲ အဆင်ပြေတာလေ.. မိသားစုပါ ရှိနေတဲ့အခါကျတော့ လိုတောင်လိုနေသေးတယ်.. တစ်ခါတစ်ခါ ၁၀% လောက် စုမလားလို့ စဉ်းစားသေးတယ်.. ဒါပေမယ့် ဖယ်ထားလိုက်ပြန်ရင်လည်း သုံးရတာ အတော်လေး ကျပ်သွားတော့ မဖယ်ဖြစ်တော့ဘူး.. ဒီလိုနဲ့ ဘာမှ မစုမိဘဲ ချာချာလည်.. နေမကောင်းဖြစ်မှာတောင် ကြောက်တယ်.. ဆေးကုစရာ ပိုက်ဆံ မရှိဘူးရယ်.. 🙁

    အခွန်နဲ့ ပတ်သက်လို့ကတော့ ကိုယ်တိုင် မဆောင်ဖူးပေမယ့် ရုံးကတော့ နှစ်တိုင်း စာရင်းအမှန်နဲ့ ဆောင်တယ်.. မတ်လလောက်ဆို သွားဆောင်ပြီ.. ဆောင်တိုင်းလည်း အသံကြားရတယ်.. procedure အဆင်မပြေလို့… ဒါကြောင့် ပြည်သူက လိုလိုလားလားနဲ့ အခွန်ဆောင်ချင်အောင် အချိန်ကုန်သက်သာပြီး အဆင်ပြေချောမွေ့တဲ့ procedure တစ်ခုတော့ ရှိနေမှရမယ်ထင်တယ်..

  • kyeemite

    April 4, 2014 at 11:14 am

    လုံမလေးမွန်မွန် says:
    procedure အဆင်မပြေလို့… ဒါကြောင့် ပြည်သူက လိုလိုလားလားနဲ့ အခွန်ဆောင်ချင်အောင် အချိန်ကုန်သက်သာပြီး အဆင်ပြေချောမွေ့တဲ့ procedure တစ်ခုတော့ ရှိနေမှရမယ်ထင်တယ်..

    အမှန်ပဲမွန်မွန်ရေ…

  • kai

    April 5, 2014 at 3:51 pm

    .. အခွန်ဆောင်ရမှာက အဲဒီတိုင်းပြည်နေလူတွေရဲ့ တာဝန်ဖြစ်ပြီး.. အဲဒီငွေတွေ.. အစိုးရကဘယ်လိုသုံးတယ်မသုံးဖူးဆိုတာက တပိုင်းလို့ထင်မိတယ်..။
    အစိုးရမသုံးတတ်လို့.. ဘုံးလို့… မဆောင်ဘူးဆိုတာမျိုးကတော့မဖြစ်သင့်ဘူး..။
    ဒီမိုကရေစီအစိုးရဆိုရင်.. အသုံးတတ်အောင်..ဘက်ဂျက်ချပေးတဲ့တာဝန်ရှိတဲ့.. အမတ်တွေကို..ရွေးချယ်ပေးရမှာက.. လူထုဆီမှာမဲရှိနေရတာဖြစ်တာမို့.. လူထုက..သွယ်ဝိုက်တာဝန်ရှိနေတာဖြစ်ပါတယ်..။
    Checks and balances နဲ့.. ပါဝါကိုခွဲဝေမှု ပေါ့..။

    ပြောသာပြောသာ..။
    ကျုပ်ဂျပန်မှာနေတုံး.. အခွန်ဆောင်ပေးလိုက်တာ.. ရုံးဝန်ထမ်းအဖေရဲ့တသက်စာလစာငွေကိုကျော်ချင်တိုင်းကျော်နေတာမို့.. စိတ်တိုပြီး.. ယူအက်စ်ရောက်တော့.. ကိုယ်ပြည်သူကိုယ်သတ်တဲ့အစိုးရကို… သေတောင်အခွန်မဆောင်တော့ဘူးဆိုပြီး… လုံးဝကိုအခွန်မဆောင်…။ :mrgreen:

  • TNA

    April 6, 2014 at 3:30 pm

    အခွန်ကိတ်စကတော့ နားမလည်လို့မဆွေးနွေးတော့ဘာဘူး အဘရယ်။ မဆွေးနွေးချင်တော့ပါဘူး။ တကယ်တော့ သဘောင်္သားဘဝဆောင်ခဲ့ရတဲ့အခွန်တွေအတွက် ခုထိနှမျောလို့မဆုံးသေးဘူး အဘရယ်။ သူတို့တွေကျတော့ မတရားရထားတဲ့ပိုက်ဆံတွေကို အခွန်ရှောင်ထားကြပြီး ချွေးနည်းစာတွေကို အခွန် အခွန်နဲ့အော်နေတာ မကြားချင်တော့ပါဘူး။ ဘာခံစားခွင့် ဘာရပိုင်ခွင့်မှမပေးပဲ သက်သက်မဲ့ပေးလိုက်ရတဲ့ ပိုက်ဆံတွေအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲလို့တော့မမေးချင်တော့ပါဘူး။ အပ်ကြောင်းထပ်နေတဲ့ အကြောင်းတွေပဲမို့ သက်ပြင်းချရုံကလွဲလို့ဘာများတတ်နိုင်အုံးမှာလဲရှင်။

  • ပန်း စံပါယ်

    April 21, 2014 at 5:22 pm

    အခုပြဌာန်​းလိုက်​တဲ့ ဥပ​ဒေက သင်္ဘောသား​တွေကို အခွန်​စည်​းကြပ်​လား မကြပ်​လားဆိုတာ​လေး ရှင်​းလင်​း​ပြောကြား​ပေး​စေလိုပါတယ်။

  • ပန်း စံပါယ်

    April 21, 2014 at 6:46 pm

    အိမ်​​ထောင်​ဘက်​အတွက်​ သားသမီးအတွက်​ သက်​သာခွင်​့ပြုသလို မိအိုဖအိုအတွက်​လည်​း သက်​သာခွင်​့ပြူသင်​့တယ်​ထင်​တာပဲ။ မြန်​မာနိုင်​ငံမှာ အ​ခြေအ​နေအရပ်​ရပ်​အရ တစ်​ချို့မိဘ​တွေက သားသမီးကို ပြန်​အားထား​နေရတာ​လေ။

Leave a Reply