Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းကလေးတွေကို ဘာတွေ့တာနဲ့ ဖမ်းမယ်ဆိုပဲ

mr.dark bloodAugust 11, 20101min48814

အောက်ဖော်ပြပါစာများသည် ကျွန်တော်ကိုယ်တိုင်ဖန်တီးရေးသားထားသည့် စာများမဟုတ်ကြောင်း၊

မေးလ်ထဲသို့ရောက်လာသည့် စာတစ်စောင်ဖြစ်ပြီး မြန်မာအမျိုးသမီးထုအနေဖြင့် သိသင့်သိထိုက်သည်ဟု

ယူဆမိခြင်းကြောင့် ထပ်ဆင့်တစ်ဖန် ဖော်ပြရခြင်းဖြစ်ကြောင်း သိစေသောဝ်…….။

သွေးနက်

{……ကျွန်တော်တို့ အဖွဲ့အနေနဲ့ အိတ်ချ်အိုင်ဗွီ ကူးစက်မှု လျှော့ချရေး စီမံချက်အနေနဲ့ ကွန်ဒုံးတွေကို အခမဲ့ ဖြန့်ဝေလျှက် ရှိပါတယ်။ အထူးသဖြင့် ကာမဈေးကွက် တည်ရှိနေတဲ့ သီရီမင်္ဂလာဈေး ပါတ်ဝန်းကျင်က ပြည့်တန်ဆာများ၊ ဇိမ်ခေါင်းများ၊ အဆွယ်များ၊ သုံးစွဲသူများကို အဓိက ရည်ရွယ်ပြီး ဖြန့်ဝေ ပေးနေပါတယ်။ သို့ပေမယ့်လည်း အခက်အခဲတွေက ရှိနေဆဲပါ။ ခေါင်းနဲ့ အဆွယ်တွေက ယူကြပါတယ်။ သူတို့ ကိုယ်တိုင်လည်း သုံးကြပါတယ်။ ကစားစရာ ပူဖေါင်းတစ်ခုလို သဘောထားပြီး လေမှုတ်သွင်းပြီးလည်း ဆော့ကြ ပါသေးတယ်။

သုံးစွဲသူ လူတန်းစားကို နှစ်မျိုး ခွဲနိုင်ပါတယ်။ အိမ်ထောင် မရှိသူများကတော့ လိုလိုလားလား ယူဆောင် သွားကြပါတယ်။ တကယ် သုံးကြမယ်လို့ ယူဆလို့ ရပါတယ်။ အိမ်ထောင် ရှိသူများကတော့ အိမ်သူသက်ထား ဇနီးမယားတွေ ငြိုငြင်မှာကို တော်တော်လေး စိုးထိတ်ကြပြီး လက်မခံ တတ်ကြပါဘူး။ သူတို့တွေက ကွန်ဒုံး မသုံးဘဲ ဆက်ဆံတော့ သူတို့ကနေ တဆင့် ဇနီးသည်တွေကို ကူးစက်ပျံ့နှံ့ နိုင်ပါတယ်။ ပြည့်တန်ဆာတွေ ကြတော့ တချို့က ယူသွား ကြပါတယ်။ တောင်းကြပါတယ်။ တချို့ကတော့ သက်သေခံပစ္စည်း ဖြစ်မှာစိုးလို့ အကြောက်အကန် ငြင်းကြ ပါတယ်။ မယူရဲ့ ကြပါဘူး။ ရဲက ကွန်ဒုံးတွေ့ရင် ဖမ်းလို့ ပါဆိုပဲ။ အခုဆို မိန်းခလေး တစ်ဦးကို ကွန်ဒုံးတွေ့တိုင်း ပြည့်တန်ဆာ ပါလို့ စွပ်စွဲပြီး ဖမ်းလို့ မရဘူး ဆိုတာကို ညွှန်ကြားချက်တွေ အသီးသီး ထုတ်ပြန် ထားပါတယ်။ မြို့နယ် အတွင်းက ရယက ရုံးတွေကိုပါ ညွှန်ကြား ထားပါတယ်။

အဲဒါကို မသိရှာတဲ့ သူတို့ လေးတွေခင်မျာ ရဲတွေ ဖမ်းသမျှ နုရတဲ့ ဘဝကို ရောက်နေ ရရှာပါတယ်။ ရဲတွေက အခုထိ ကွန်ဒုံးတွေ့တိုင်း ဖမ်းနေဆဲပါတဲ့။ တော်တော် ဆိုးတာက ညကြီး မိုးချုပ် မိန်းခလေး တစ်ဦး အဖေါ်အပေါင်း မပါဘဲ လမ်းလျှောက် ပြန်လာလို့ ရဲက စစ်တဲ့အခါ ပိုက်ဆံအိတ်ထဲမှာ ငွေတစ်သောင်းကျပ် အထက်၊ နှုတ်ခမ်းနီ၊ ပါးနီမိတ်ကပ်တွေ ပါလာရင် ပြည့်တန်ဆာ ဆိုပြီး ဖမ်းဆီးတာ တွေလဲ ရှိပါတယ်တဲ့။ အမျိုးကောင်း သမီးတွေ အတွက်တော့ ရင်လေးစရာပါပဲ။ ဒီလောက် ညွှန်ကြားချက်တွေ ထုတ်ထားတဲ့ အကြားက လက်တစ်လုံးခြား (သို့) ပေါ်ပေါ်တင်တင် လုပ်ချင်သလို လုပ်နေတာတွေက ရောဂါ ဆိုးကြီးကို တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ လူမှုရေး လုပ်ငန်းတွေ အောင်မြင်ဖို့မှာ တံတိုင်းကြီးတစ်ခု ကာထားသလို ဖြစ်နေတော့မှာပါပဲ ခင်ဗျာ။

အိတ်ချ်အိုင်ဗွီကို တိုက်ဖျက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ သင်လည်း တာဝန်ရှိပါတယ်။ ကြိုးစား ပေးကြပါ။

RAVEN Blood Donor Club

January 21, 2007

Ravenbdc – Harm Reduction

ဟင်း[မ်] မြန်မာပိုင်းသို့ အိတ်ချ်အိုင်ဗီ ကျန်းမာရေး ပညာပေးနှင့် သက်ဆိုင်လျှင် ဆက်သွယ်နိုင်ပါသည်။ ကျနော်/ ကျမတို့ထံမှ အိတ်ချ်အိုင်ဗီနှင့် ပတ်သက်သော သတင်း အချက်၊ အလက်များ ရယူလိုပါက himburmese[at]gmail [dot] comကို ဆက်သွယ်နိုင်ပြီး၊ မိမိတို့ရဲ့ အီးမေးလ်လိပ်စာများအား အခြားသူများထံ မပေါက်ကြား စေရန် တာဝန်ယူပါသည်။ အိတ်ချ်အိုင်ဗီဖြင့် ပတ်သက်သော မိမိတို့ကိုယ်တိုင်ရေး အတွေ့အကြုံများ၊ အခြားအတွေ့အကြုံများ၊ သတင်း အချက်အလက်များကိုလည်း အထက်ပါ လိပ်စာသို့ ပေးပို့နိုင်ပါသည်။……}

14 comments

  • Soe Thu

    August 11, 2010 at 5:12 am

    သတင်း အချက်အလက်များကို ပို့ပေးပါမယ်

  • Yin Nyine Nway

    August 11, 2010 at 8:48 am

    သူတို့ လုပ်တာနဲ့ အားလုံး လည်း မကောင်းတဲ့ လူဖြစ်တော့မယ်

  • bluerose

    October 5, 2011 at 2:56 pm

    ငွေတစ်သောင်းကျပ် အထက်၊ နှုတ်ခမ်းနီ၊ ပါးနီမိတ်ကပ်တွေ ပါလာရင် ပြည့်တန်ဆာ ဆိုပြီး ဖမ်းဆီးတာ တွေလဲ ရှိပါတယ်
    🙁
    အဲလိုသာဆိုရင်မြန်မာအမျိုးသမီးလေးတွေတော်တော်ဒုက္ခရောက်ကျမှာပဲ
    ကိုယ့်ဘာသာကိုအမြဲတမ်းအိတ်ထဲမှာနှုတ်ခမ်းနီပါးနီဆောင်တတ်လာကြတဲ့ခေတ်မှာ
    ဒီလိုသာပြောပြီးဖမ်းရင်တော့မိန်းကလေးတွေကျန်တောင်ကျန်ပါတော့မလားမသိဘူးနော်
    ဒီသတင်းသာအမှန်ဆိုရင်တော်တော်လေးစိတ်ပျက်ဖို့ကောင်းပါတယ်နော်

  • နွယ်ပင်

    October 5, 2011 at 3:07 pm

    ငွေတစ်သောင်းကျပ် အထက်၊ နှုတ်ခမ်းနီ၊ ပါးနီမိတ်ကပ်တွေ ပါလာရင် ပြည့်တန်ဆာ ဆိုပြီး ဖမ်းဆီးတာ တွေလဲ ရှိပါတယ်
    ———————
    မိန်းကလေးအများစုက နှုတ်ခမ်းနီ၊ နဲ့ မိတ်ကပ်ကိုတော့ သူတို့အိတ်ထဲမှာ အမြဲလိုလို ဆောင်ထားတက်ကြပါတယ်
    ပိုက်ဆံ (1) သောင်းကျော်ဆိုတာကလည်း ဒီခေတ်မှာ ဘာရှိလို့လဲ တော်တော်များများမှာ ပါနိုင်လောက်တဲ့
    ငွေကြေးအနေအထားပါပဲ . ဒီလိုမျိုးတာ ဆိုရင်တော့ မလွယ်ဘူးပဲ ……..
    ဒီလိုဖမ်းနေကြ ရဲတွကို ပြန်တိုင်လို့ မရဘူးလား .

  • bluerose

    October 5, 2011 at 3:19 pm

    မမနွယ်ပင်ရယ်
    အဲဒီရဲတွေကလည်းလေသူတို့ကိုပြန်တိုင်လို့မရလို့လုပ်နေကြတာပေါ့
    ကိုယ့်မျက်မြင်ကိစ္စတခုဆိုရင်ရဲကအရက်တွေမူးနေတာညဆယ်နာရီခွဲလောက်ရှိပြီ
    အပြင်အဝတ်အစားနဲ့ပေါ့မူးနေတာကတော်တော်လေးကိုမူးနေတာ
    အဲဒီအချိန်မှာအရုပ်လေးတွေရောင်းတဲ့ကောင်လေးတယောက်ကအထုတ်ကလေးနဲ့ပြန်လာတာ
    သူ့အရုပ်ကလေးတွေကိုကြွတ်ကြွတ်အိတ်အမဲကြီးနဲ့ထည့်ပြီးထမ်းလာတာ
    အဲဒါကိုရဲ့မေးတာကိုကစပြီးအချိုးမပြေဘူး
    မင်းဟာကဘာတွေလဲတဲ့ဘယ်ကပြန်လာတာလဲတဲ့သူ့ကြည့်တော့ဖြင့်မူးနေတာ
    ဟိုကောင်လေးကလည်းကျွန်တော်အရုပ်ရောင်းတာတဲ့အကိုကြည့်မလို့လားတဲ့ကြည့်ရင်ပြပေးမယ်တဲ့
    အဲဒါကိုသူကသူ့ကိုဟိုကမကောင်းတဲ့ပုံနဲ့ဖြေနေသလိုလိုနဲ့ဘုတောသလားမမေးနဲ့
    တော်တော်စိတ်ပျက်ဖို့ကောင်းတာကံကောင်းလို့အဲဒီကောင်လေးကိုမခေါ်သွားဘူး
    ကိုယ်တွေရှေ့မှာတင်ဖြစ်နေတော့သူမခေါ်သွားရဲတာလည်းပါမှာပေါ့

  • မှော်ဆရာ

    October 5, 2011 at 3:22 pm

    လုပ်ကြပေါ့ ရှင်တို့က ရဲတွေပဲ

  • စုံ စုံ

    October 5, 2011 at 3:27 pm

    အဲ့လိုသာထင်ရာဖမ်းကြေးဆို မိန်းကလေးတော်တော်များများလွတ်မှာမဟုတ်ဘူး
    တကယ်သာ အမျိုးကောင်းသမီးအဖမ်းခံရလို့ကတော့ အဲ့ဒိရဲနာမယ်သာမှတ်
    အသရေဖျက်မှုနဲ့ကိုတရားပြန်စွဲပစ်ရမယ်

  • Shwe Ei

    October 5, 2011 at 3:30 pm

    ဟုတ်ပမလား၊ ယုတ်တိမရှိတဲ့သတင်းကြီး တယောက်ယောက်ကလုပ်ကြံပီး လျှောက်ဖြန့်တာနေမှာပါ။ ကောင်းကောင်း ဆိုးဆိုး ရဲတွေ့တိုင်း ကြောက်နေရမဲ့အဖြစ်မျိုးတော့ လူတိုင်းလက်မခံနိုင်ပါဘူး။

  • မှော်ဆရာ

    October 5, 2011 at 3:49 pm

    လူကောင်းတွေတော့ အဖမ်းခံရမှာ မဟုတ်ပါဘူး …အကွာကြီးပဲဟာကို…
    ဟိုဟာတွေကြတော့ ဒါပါတော့ ပိုသေချာသွားတာပေါ့ဗျာ …..
    ပုံမှန်လူတွေကြတော့ အမြဲတမ်း ဒါကြီးပါမှာမှ မဟုတ်တာ
    သူတို့ကြတော့ ၉ဝ ရာနှုန်းလောက်က ပါမယ်လေ
    ဒါကြောင့် အဲဒီ့အသိုင်းအဝိုင်းက အဲဒါနဲ့ဆို ငြင်းမရတော့လို့ ဒီသတင်းထွက်လာတာ နေမှာပါ …

  • htoosan

    October 5, 2011 at 5:06 pm

    မှော်ဆရာ ပြောသလိုပါဘဲ .. ရဲတွေကလည်း နပ်ပြီးသား ပါ၊ ဘယ်သူကလုပ်စားနေတာ ၊ ဘယ်သူကဘာ ဆို တာ အကြမ်းဖျင်း သိပြီးသားပါ။ အဲ့ဒါလုပ်စားသူများမှ ရဲတွေကို ပြန်သိက္ခာချခြင်တာ နဲ့ သတင်းလွှင့်တယ်လို့ ယူဆပါတယ်။
    တည်းခိုခန်းတွေ ဟိုတယ်တွေမှာ အလွယ်တကူ ဝယ်လို့လဲ ရနေတဲ့ ကိစ္စ မှာ ဝေပေးတာ လက်မခံရဲတာနဲ့
    ရောဂါ ဆိုးကြီးကို တိုက်ဖျက်ဖို့ ကြိုးစားနေတဲ့ လူမှုရေး လုပ်ငန်းတွေ အောင်မြင်ဖို့မှာ တံတိုင်းကြီးတစ်ခု ဖြစ်နေတယ်ဆိုတာ သိပ်သဘာဝ မကျသလို ခံစားရပါတယ်။

  • minmahar

    October 5, 2011 at 10:41 pm

    အခါမဲ့ ညကို သွားရမဲ့ အကြောင်းတွေက အနဲနဲ့ အများရှိတတ်ကြတာပါ ။
    ငွေတစ်သောင်းအထက် ပိုက်ဆံအိပ်ထဲထည့်နိုင်တဲ့ အမျိုးသမီးတွေ ၊ ကိုယ်ပိုင်ကားလဲ
    မစီးနိုင်သေးတဲ့အနေအထားမျိုးဆို …. သတင်းမှန်ရင် တော်တော်ခက်မှာ …. ။ အခြေအနေ ကြောင်းကြောင်းကြောင့် တခါတလေ ဖြစ်သွားတာမျိုးလောက်သာ ဖြစ်နိုင်ပါတယ် ။
    ရဲများက သူ့ဆိုင်ရာ ပိုင်ရာ နယ်မြေတွေမှာ ဘယ်သူဟာ ဘာဆိုတာ တော်တော်များများ
    သိကြပါတယ် .. ။
    ဒါကြောင့် သတင်းမှန်ဖြစ်ဖို့ အင်မတန် နဲပါတယ် ။ တခါတလေ ချွင်းချက်ပေါ့ ။

  • etone

    October 6, 2011 at 8:59 am

    (((ညကြီး မိုးချုပ် မိန်းခလေး တစ်ဦး အဖေါ်အပေါင်း မပါဘဲ လမ်းလျှောက် ပြန်လာလို့ ရဲက စစ်တဲ့အခါ ပိုက်ဆံအိတ်ထဲမှာ ငွေတစ်သောင်းကျပ် အထက်၊ နှုတ်ခမ်းနီ၊ ပါးနီမိတ်ကပ်တွေ ပါလာရင် ပြည့်တန်ဆာ ဆိုပြီး ဖမ်းဆီးတာ တွေလဲ ရှိပါတယ်တဲ့။ ))) တဲ့လား … ။ 😛 အတွေ့ကြုံဆန်းအနေနဲ့ ကြုံဖူးချင်စမ်းပါတယ် … ။
    အဲ့ဒီလို မစစ်ခင်ကတည်းက ပါးကွဲသွားမယ်မှတ် 😛

    ကျွန်မ နေ့တိုင်းလိုလို ညဘက် ဒီလိုပဲ ပြန်နေကြပါ … ဘယ်သူမှလည်း မစစ်ဆေးပါဘူး (ဥပဓိရုပ်ကို ကြည့်ပြီး မစစ်တာလည်း ဖြစ်နိုင်တာပဲ :mrgreen:

  • etone

    October 6, 2011 at 9:03 am

    ဈေးကွက်ထဲမှာ အရောင်းသွက်နေတဲ့ … ကွန်ဒုံးတွေ အခမဲ့ဝေတယ်ဆိုတာတော့ … တည်းခိုခန်းကိုလာသူတွေ ၊ အန်ဂျီအိုတွေနဲ့ … ဆရာဝန်အသင်း ၊ ကျန်းမာရေး ဝန်ထမ်းတွေက လုပ်တဲ့ ပွဲတွေကလွဲလို့ … ကျန်တဲ့နေရာတွေမှာ အလကားပေးတယ်ဆိုတာ မကြားမိဘူး … ။ expire တွေဆိုလျှင်တော့ …. တမျိုးပေါ့ … ။ 🙄

  • twister

    October 6, 2011 at 10:38 am

    သတိထားနိုင်ရင် အကောင်းဆုံးပဲလို့ထင်တယ် …သူတို့လဲ လူကိုကြည့်ပီး မှ ခွင်ရှာတာဖြစ်မယ်..
    ခုအတိုင်း တစ်ကယ် လုပ်တယ်ဆိုရင်တော့ အခံရခက်စရာပဲ ….။

Leave a Reply