Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – နိုဝင်ဘာ ၂၀၁၄

kaiOctober 11, 20141min86920

လူ၂မျိုးသာလျှင်ရှိ၏။
မိခင်သဘာဝအတိုင်းသည်းခံနေထိုင်သူနှင့် သဘာဝကိုအံတုသူ။
လူ့ယဉ်ကျေးမှုသည် အံတုအာခံသူများကြောင့်သာ တိုးတက်လာသည်ဟုဆိုချင်သည်။

ရှိသင့်နတ်ဆိုး

ရှေးယခင်ကာလက လူသားအသိုက်အဝန်းတို့၌ “ထိုသို့လုပ်လျှင်ဤနှယ်”တခု အကြိမ်ကြိမ်အခါခါဖြစ်ခဲ့သော် ရဟန်းပညာရှိလူကဝိတို့က အကျယ်အကျဉ်းမရှင်းလိုမူ၍ “ဤသို့လုပ်လျှင်ထိုနှယ်’ဖြစ်မည်ဟု ဝင်္ကဝုတ္တိအလင်္ကာမြောက် စကားပုံတဘောင်ဆိုရိုးထားခဲ့ကြသည်။
ထိုခေတ်က ထိုနည်းသည်သာ လူအပြားတို့အားအသိပေးထိမ်းချုပ်ရန် အထိရောက်ဆုံးအမြန်ဆုံးဖြစ်ပေလိမ့်မည်။
သတင်းပြောစကားတို့ ယခုခေတ်လိုလွယ်ကူသက်ရောက်ခြင်းမရှိချိန်ကမူ “ငရဲနဲ့ခြောက်ဘုံနဲ့မြှောက်”၊ “ဒယ်အိုးနှင့်ကြော် နတ်သမီးနှင့်လှော်”ပေးခြင်းသည် Necessary  Evil “ရှိသင့်နတ်ဆိုး” ပင်တည်း။

သတင်းတို့ အရှိလွန်ခေတ်ဝယ် ပစ္စည်းအရာဝတ္တုတို့သက်တမ်းကို ကာဗွန်နည်းဖြင့်တွက်ချက်သိနိုင်သည်။ ဒီအန်အေနှင့် မည်သူမည်ဝါဆိုသည်ကို အတတ်ပြောနိုင်သည်။ မျိုးရိုးဗီဇစစ်ပြီး အသင်လူသည်မည်သည့်ဇာတိနွယ်ကလာသည်ကို သေချာမိနိုင်သည်။ ဝင်ငွေထွက်ငွေ၊ဘဏ်စာရင်း၊ ပညာအရည်အချင်း၊အကြွေးသမိုင်း(Credit History)၊ အိုင်ဒီမှတ်တမ်းတို့ဖြင့် ပုဂ္ဂလိကတဦးချင်းစီ၏အရည်အချင်းနှင့် စိတ်ဓါတ်ကိုခန့်မှန်းတွက်ချက်နိုင်သည်။ အမှန်တရားသစ္စာတရားနှင့်နီးစပ်လာကြပြီ။ သဘာဝတရားကိုလည်း လှစ်ဟဖွင့်လှစ်နားလည်လာကြပြီ၊ လျှိုဝှက်ခြင်းတို့ပွင့်ကုန်ပေပြီ၊
ဂမ္ဘီရတို့ ဖျော်ဖြေရန်ပုံပြင်နှင့်ရုပ်ရှင်ဖြစ်ကြပြီ။
ဥပဒေသက်ရောက်ခြင်းရှိ၍ ဥပဒေအားဖြင့်ကတိသစ္စာတည်ကြရသော ယခုခေတ်တွင် ဘာသာတရားနှင့်ခြောက်ခြင်းမြှောက်ခြင်းကို လျှော့ချရတော့မည့်ခေတ်ကာလကြီးဟုဆိုချင်သည်။

ရှေးထုံးပယ်သင့်မပယ်သင့်

“ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့” ဟူသော မြန်မာ့ဆိုရိုးတခုရှိသည်။
ရှေးထုံးတမ်း၊ဓလေ့များကို ပယ်ချခြင်းမပြုပါနှင့်ဟုဆိုလိုပေသည်။
ယဉ်ကျေးမှုဟူသည် ခေတ်ကာလလိုက်အလိုက်ရွေ့လျှားပြောင်းလဲနေရမည်ဖြစ်၍ ရှေးထုံးဆိုရာ၌ မည်သည့်ကာလနည်းဟု၍ုမေးခွန်းထွက်လာမည်ဖြစ်ပေရာ လူ့ယဉ်ကျေးမှုရှေးရှေ့သို့သာ အမိဖမ်းရပါမူ လူအများအဝတ်အစားချွတ်ကာသာနေကြရမည့်သဘောရှိသည်။
ဤအချက်အရကောက်၍ လူ့ယဉ်ကျေးမှု၏ နေရာဒေသ၊ရာသီလူမျိုးအလိုက် မြစ်ရေအလျှင်နယ်တသွင်သွင်စီးမျောနေရခြင်းသဘောကိုဖမ်းမိနိုင်ပါသည်။
ထို့ကြောင့် ရှေးရိုးထုံးတမ်းတို့ဟူသည် ခေတ်ကာလနှင့်ညှိကာ ရှေးရိုးစွဲများနှင့် လွတ်ပြန့်စွဲသူများ အကျိုးကျေးဇူးရှိသည်/မရှိသည်ကို ညှိနှိုင်းရင်း ပြင်ဆင်ခြင်း စဉ်ဆက်မပြတ်ပြုကိုပြုနေကြရသည်ကိုမြင်သာမည်။

ဈေးသုံးကြွယ်သင့်မကြွယ်သင့်

ယခုခေတ်ကြီးတွင် ဈေးအသုံး(ဝါ) ဈေးဝယ်သူတို့သုံးဖြုန်းနိုင်စွမ်းအားသည် နိုင်ငံ့စီးပွားရေးတွင်အလွန်အရေးပါသော ညွှန်းကိန်းသာလျှင်ဖြစ်၏။
ပြည်သူလူထုက သုံးအားကောင်းပါမှ ငွေလည်ပါတ်မှုများ၍ အလုပ်အကိုင်အခွင့်အလန်းသစ်တို့ထွက်လာမည်။
ထုတ်ကုန်သွင်းကုန် ပစ္စည်းအရောင်းအဝယ်ဈေးကွက်တို့မှာ စီးပွားရေးစနစ်သာလျှင်ဖြစ်သည်။ စီးပွားရေးနှင့်ငွေကြေးစီမံခန့်ခွဲတတ်သူများ၏ လက်မှီဘောင်အတွင်း၌သာ သီအိုရီထား၍တည်သင့်ပါသည်။
သို့ဖြစ်ပါသဖြင့် လူထု၏ဈေးသုံးကြွယ်ကိုကြွယ်ရမည်။
သို့သော်… ငွေကြေးကို ငွေကြေးဘဏ္ဍာ မကျွမ်းကျင်သူများလက်သို့ကား ဝကွက်မအပ်စကောင်း။ လှူတန်းခြင်းမပြုသင့်။
ထိုသည်သာလျှင် ဖြုန်းတီးလွှင့်ပစ်ခြင်းထက် အန္တရာယ်များသောအခြေအနေဆိုက်သွားနိုင်သည်ဟုဆိုမည်။

အနန္တောအနန္တငါးပါး

အနန္တောအနန္တငါးပါးသည် ဗုဒ္ဓဘုရားဟောမဟုတ်မူပဲ ဗုဒ္ဓလွန်ပြီးနောက်နောင်နှစ်များတွင်မှ ဆရာတို့က မိဘနှင့်အညီနေ၍ ရတနာသုံးပါးနှင့်တန်းညှိယူခြင်းသာဖြစ်ပါသည်။
တန်းတူညီမျှ မရှိသင့်။ သို့ဆိုသော် မိဘနှင့်ဆရာသည် မမြင့်မြတ်သည်လောမဟုတ်ချေ။ ကြီးမြတ်ပါ၏။
တိုးတက်ပြီးနိုင်ငံတို့တွင်မူ ဆရာဟူသည် ပညာသင်ကြားရေးအလုပ်လုပ်နေသူသာလျှင်ဖြစ်ပေသည်။ ကျောင်းသားတို့သည်သာ ဆရာ၏အလုပ်ရှင်ဖြစ်ပေသတည်း၊ ဆရာနှင့်ကျောင်းသားကြား၌ “အလုပ်သဘော”ဟူသည် လွန်စွာအရေးကြီးသည်။ သို့မှသာ ခွင့်တူညီမျှစွာဆွေးနွေးငြင်းခုန်နိုင်ရင်းမှ မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်ရှိသော လူတော်လူကောင်းများထွက်လာမည်ဖြစ်သောကြောင့်ပင်။
အဖြူမဟုတ်လျှင်အမဲဟုမဆိုလင့်။
အဖြုနှင့်အမဲကြားတွင် သက်တံ့ရောင်စုံဟူသည်ထင်ရှားရှိနေ၏။ အလိုရှိရာရွေးချယ်နိုင်ပါသည်။
အလယ်အလတ်ကိုဖမ်းဆုတ်သင့်သည်။ ရောင်စုံသက်တံ့သည် အလှတရားနှင့်ပြည်စုံပါပေသည်။

ခြေထောက်နှင့်ခေါင်း

ခြေထေက်နှင့်ခေါင်း မည်သည်ကကြီးမြတ်သနည်း? ဘုန်းကံကြီး/ဘုန်းတန်ခိုးနိမ့်တို့သည် မြန်မာတို့၏ မူလယဉ်ကျေးမှုကောက်ယူခဲ့ရာ အိန္ဒိယ ဟိန္ဒူတို့၏ ရှေးခေတ်ဇတ်ခွဲခြင်းမှ လာသည်ဟုမြင်ပါသည်။
တချိန်တခါက မိန်းမဟူသည် ကလေးမွေးသော သတ္တဝါမျှအထိ သတ်မှတ်ခံရဖူးသည်။ နတ်သားကို ကာမဆန္ဒဖြည့်စည်းပေးရန် နတ်သမီးရာပေါင်းများစွာ ဆက်သပူဇော်ကြရသည့်ဆိုရိုးစကားတို့၌ “မ”ကို”ကျား”နှင့်အချိုးညီမျှချင်းထားသည့် သဘောမြင်နိုင်သည်။ “နတ်သမီးတဖက်ငါးရာ”၊ “ယောက်ျားကောင်း မောင်းမတထောင်” စသည့်ဆိုရိုးရှိသည်မဟုတ်လော။ မိန်းမမွေးမှ လူဖြစ်သောယောကျင်္ားတွင် မည်သည်ကပိုသာလွန်မြတ်နေပါသနည်း?
အဆင့်ဇတ်ခွဲခြင်းမှသည် မိမိကိုယ်ခန္ဓာတခုအတွင်းမှာပင် ခေါင်းနှင့်ခြေထောက် မြင့်မြတ်နိမ့်ကျခြင်းတို့ပါဖြစ်လာသည်ကို မြန်မာတိုင်းမျက်ဝါးထင်ထင်မြင်ကြသိကြရမည်။
ရှေးယခင်က ဖိနပ်မရှိ၊ ဖုန်သဲများနှင့် ခရီးသွားလှုပ်ရှားရသူများအတွက် ခြေသည်ညစ်ပတ်၍ အညစ်အကြေးစွန့်ရာဒွာရတို့ မသန့်ရှင်းသည်မှ ပွတ်သပ်ထိတွေ့လျှင် ရောဂါဘယကူးစက်မည်စိုး၍ထားခဲ့သော ပညက်ချက်တို့အား စိစစ်မမူ ခြေထောက်ခြေဖဝါး နိမ့်ကျသည်ပြောဆိုနှလုံးသွင်း အစွန်းနင်းသည်မှာ ယခုခေတ်နှင့်မဆီလျှော်ပါ။ အအေးပိုင်းအနောက်နိုင်ငံများအတွက်မူ ခြေအိပ်စွပ်၍ရှုးဖိနပ်ထဲထည့်ထားသော ခြေဖဝါးသည် ပစ္စည်းဝတ္တုများထိတွေ့ကိုင်တွယ်နေရသော လက်ဖဝါးထက် သန့်ရှင်းပါသတည်း။

သားကြီး၊ငါးကြီး၊သစ်ကြီးဝါးကြီး

သားကြီးငါးကြီးမသတ်ကောင်းမစားကောင်း၊ သစ်ကြီးဝါးကြီး မခုတ်ကောင်းဟုဆိုကြသည်။
နှစ်ဆယ်၊ရာချီမှဖြစ်သောသစ်ပင်ကြီးများအား ခဏတာထင်းမီးသုံးအတွက်လုံးဝမခုတ်သင့်ပါ။ “သစ်မခုတ်ရ နတ်မကြိုက်”ဆိုကြကာ နတ်နှင့်ခြောက်မည့်အစား ဥပဒေဖြင့်ထိထိရောက်ရောက်တားသင့်သည်။
အသိပညာပေးသင့်သည်။ အကြောင်းအကျိုးတို့ကို ပွင့်လင်းမြင်သာချပြသင့်သည်။
သားကြီးငါးကြီးမှာ စားသင့် မွေးသင့် သုံးစွဲသင့်ပြီဟု ထင်သည်။
သတ္တဝါအသက်တချောင်းသေစေရန် အားထုတ်လုံ့လပြုရမှုနှင့်အကုသိုလ်ကို ချိန်စက်ရပေရာ သားကြီးငါးကြီးသေစေရန် များစွာလုံ့လစိုက်ရသဖြင့် အကုသိုလ်မများစေရန်တားခဲ့သည်ဟုဆိုစေ ယခုခေတ်မတော့ နွားတကောင်သတ်ရန် လူမှထိတွေ့ရန်ပင်မလို စက္ကန့်ပိုင်းပင်ဖြစ်သွားနိုင်ပေရာ အကုသိုလ်နှင့်ချိန်စက်ပြခြင်းမှာ မလိုအပ်တော့ချေ။ လူသား၏ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အဟာရပြည့်မှီစေရန် ကလေးလူငယ်ယူရွယ်များ သားကြီးငါးကြီး(သာ)တွန်းစားသင့်လှသည်ဟူလို။

လောကပါလ ဓမ္မတရား

လူသားတို့အတွက်အကျိုးမရှိ အမြင်ဝေမူးမှောက်မှားတတ် ပျက်စီးတတ်နိုင်သည်များကို (တမန်တော်တို့နှင့် ဗုဒ္ဓလွန်ပြီးနောက်ပိုင်းတွင်လည်း )ဆိုင်ရာဘာသာရေးခေါင်းဆောင်များက တာဝန်ယူကာ ထိရောက်စွာပြောဆိုပြုပြင်ဆုံးမပေးသင့်သည်။
လူသားသန်းတစ်ထောင့်နှစ်ရာ၏ဘာသာရေးခေါင်းဆောင်ရိုမန်ကက်သလစ်ပုပ်ရဟန်းမင်း၏ “ထာဝရဘုရားသခင်ကိုမယုံကြည်သူများသည်လည်း ကောင်းတာလုပ်လျှင်ငရဲမလား” ဟူသော မိန့်ကြားမှုမျိုးသည် လောကအတွက် လိုအပ်၏။
လွန်ခဲ့သောလများက ရန်ကုန်တွင်ဖြစ်သွားသော ဓမ္မစေတီခေါင်းလောင်းရှာပုံတော်၌ “ရွှေရောင်နဂါးမင်းကြီး ဆီမီးနှင့်ပူဇော်နေ”ဆိုသည်မျိုးကို ထေရာဝါဒဘာသာရေးခေါင်းဆောင်တို့မှ ထောက်ပြကန့်ကွက်ခြင်းမပြုသင့်သလော?
ချစ်သူတို့ ရေမွှေးပေးလျှင်ကွဲတတ်သည်။ အရေအတွက် ၉ယောက်ဖြင့်ခရီးသွားလျှင် အန္တရာယ်ရှိတတ်သည်။  အိမ်ထောင်ဖက်ရွေးရာတွင် ဓမ္မသောက အင်းဝရာဇာ။ ဥဿာစိန်ပန်း ဒန်းလှကိုရှာ ဖြင့်ကန့်သတ်လိုက်သည်များ၊ ပြဿဒါး၊ရက်ရာဇာဖြင့် ရက်နေ့ထိန်းချုပ်နေသည်များ၊ စသည့်အယူသည်းမှုများ ရှေးရိုးစွန်းစွဲနေခြင်းများကို ပြင်ဆင်ဖြေလျှော့ပေးခြင်းမပြုသင့်ပါသလော?

“ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”ဟူသည် မိမိကိုယ်ကိုပင်ဖြတ်တောက် အတန်းခွဲနေခြင်းဖြစ်သည်။
တန်တူညီမျှမှုကို မိမိခန္ဓာမှစသင့်လှပါသည်။
သို့သော်လူသားနှင့် တိရိစ္ဆာန်ကိုမူ တန်းတူညီမျှ မထားသင့်။ အဟိတ်တရိစ္ဆာန်ကို တိရိစ္ဆာန်အဖြစ်သာမြင်ကြစေလိုသည်။
အစွန်းမရောက်ကြလင့်၊ သဘာဝတရားနှင့်လူသား ဂေဟစနစ်ဖြင့်အပြန်အလှန်ဆက်သွယ်သော ကြိုးတို့အားလည်း မဖြတ်သင့်ပါချေ။

မဇ္ဈိမပဋိပဒါ

နိုင်ငံရေးသမားတွင်  လူသတ္တဝါ၂စားသာလျှင်ရှိသည်။ ကွန်ဆာဗေးတစ်(ရှေးရိုးစွဲ)နှင့် လစ်ဘရယ်(လွတ်ပြန့်စွဲ)ဟုဆိုမည်။ ညာစွန်းရောက်လွန်းသူကို “ရှေးစွန်းစွဲ”ဟုခေါ်၍ ဘယ်စွန်းနင်းသူကို “လွတ်စွန်းစွဲ”ဟုခေါ်မည်။
အစွန်းစွဲသူတို့၏သဘာဝတာဝန်တရားသည် ဟိုမှာဖက်အစွန်းနင်းသူများကို ဆွဲယူထိမ်းညှိရန်ဖြစ်ပေသည်။
ဘယ်စွန်း၊ညာစွန်းအပြန်အလှန် တွန်းတိုက်ရင်း ထိမ်းညှိရင်း မှန်ကန်သင့်လျှော်သော လမ်းကြောင်းမှန်ပေါ် ပြည်သူားတို့လျှောက်နိုင်မည့် ဥပဒေတို့ပြုနိုင်ခဲ့ကြသည်။
ဤလမ်းစဉ်သည် အမေရိကပြည်ထောင်စု၏ လက်တွေ့နိုင်ငံရေးလမ်းစဉ်ဖြစ်တော့သည်။

20 comments

  • Yae Myae Tha Ninn

    October 11, 2014 at 4:28 pm

    ဒီတခေါက်တော့ ကြိုက်သဗျိုးးးးးး….
    အဖြူမဟုတ်လျှင်အမဲဟုမဆိုလင့်။
    အဖြုနှင့်အမဲကြားတွင် သက်တံ့ရောင်စုံဟူသည်ထင်ရှားရှိနေ၏။ အလိုရှိရာရွေးချယ်နိုင်ပါသည်။
    အလယ်အလတ်ကိုဖမ်းဆုတ်သင့်သည်။ ရောင်စုံသက်တံ့သည် အလှတရားနှင့်ပြည်စုံပါပေသည်။ 🙂

  • kai

    October 11, 2014 at 4:37 pm

    “Pope Francis Says Atheists Who Do Good Are Redeemed, Not Just Catholics”.
    အဲဒီစကားလေးအတွက်.. အရီးလတ်ကို.. ခရက်ဒစ်ဗျို့..။
    သူကရှာရှာဖွေဖွေ ရှာယူလာတာ..။

    ဆိုတော့..
    ဒီခေတ်ထဲ.. အရင်ပုပ်ရဟန်းမင်းက.. ရာဇဝင်မရှိစဖူး.. ပျံလွန်မမူပဲ..နှုတ်ထွက်ရာထူးဖယ်ပေးတယ်..။
    အသစ်တက်လာတဲ့ပုပ်ရဟန်းမင်းက.. သမိုင်းတွင်မယ့်.. စကားတွေတော်တော်ပြောပစ်တယ်..။
    ဂေးကိစ္စတွေ..။ ချချ်ဆရာတော်တွေ လိင်ကိစ္စတွေ.. စသဖြင့်ပဲ..။

    ဘာသာတရားနဲ့ ကမ္ဘာအတွက်.. အလွန်တန်ဖိုးရှိ..။ :k:

    • မြစပဲရိုး

      October 11, 2014 at 4:54 pm

      သူကြီးမင်း ရဲ့ ဒါ အိပ်ချိန်ရှင့်။ အိပ်တော့။ lol:-))

    • ဦးကြောင်ကြီး

      October 12, 2014 at 2:00 am

      အဲလိုမှမလုပ် သူရို့ဂိုဏ်း မျိုးပြုတ်တော့မယ် လကွယ်…

      • kai

        October 13, 2014 at 5:53 am

        Stephen Hawking makes it clear: There is no God – CNET
        http://www.cnet.com/…/stephen-hawking-makes-it-clear-there-is-no-god...
        CNET
        Sep 26, 2014 – For a time, it was thought that astrophysicist Stephen Hawking had also left … moment in which science overtook the deistic explanation of existence. …. Christianity is not alone in stating that belief in the wrong god will lead to …
        ==
        အခုဖြစ်နေတဲ့.. ဘာသာရေးနွယ်စစ်တွေ ရပ်ပစ်ဖို့.. တခုတည်းလမ်းကတော့.. ထာဝရဘုရားသခင်.. ရှိ/မရှိ အဖြေတခုတည်းမို့…
        အဲဒါကို.. သိပ္ပံပညာရှင်တွေ.. အာရုံကျ..၊ နိုင်ငံရေးသမား.. ဥပဒေပြုသူတွေက..လူထုကို..အသိပေး ရှင်းပြ ပြောနိုင်ပြီလို့ယူဆတဲ့တနေ့.….
        ဆယ်စုနှစ်.. ၂ခု..၃ခု..
        အင်း.. သိပ်မလိုတော့… ဟု.. ထင်…။ :k:

  • Yae Myae Tha Ninn

    October 11, 2014 at 4:47 pm

    တခါတလေ တဂျီးတင်တဲ့ပို့စ်က လိုက်မမှီဘူးဗျ… အဲကြောင့် မန့်ဘူး.. အခုဟာတော့ အကုန်နီးပါး သဘောခွေ့တယ်… ပို့စ်မော်ဒန်ဆန်တယ်လို့ ယူဆတယ်… 🙂

  • ကေဇီ

    October 12, 2014 at 7:49 am

    ချစ်သူ ကို ရေမွှေးး မပေးးးဘူးးး တဂျီးးး
    အယူသည်းးး လို့ ဟုတ်ဘူးးး
    ဈေးးးကြီးးးလို့…!!!

    :kwi:

    • kai

      October 13, 2014 at 5:46 am

      ဂျူးတွေပိုင်တဲ့.. ဒီဘီးယားစိန်ကုမ္ပဏီက.. “A Diamond Is Forever” လုပ်ထည့်လိုက်တာ…
      ကမ္ဘာကမင်္ဂလာဆောင်သူ..စေ့စပ်လက်ထပ်သူတွေ.. သည်းသည်းကိုလှုပ်သွားတာပဲ..
      စိန်မပေးရင်ပဲ.. မေတ္တာမစစ်သလိုလို… :i:

      ရေးမွေးက.. ဘယ်သကောင့်သားလုပ်ထည့်လိုက်သလဲမသိ..
      တွေးကြည့်တာက.. သီပေါမင်းရဲ့မိဘုရားစုဘုရားလတ်ကို.. ပြင်သစ်ကရေမွေးပေးဖူးတယ်..။ အဲဒါအစောဆုံးလောက်ပဲ..။
      အဲဒါ တော်ဝင်သုံးမို့.. တခြားသူတွေမသုံးရဲအောင်.. မင်းဆရာတော်ကို အမိန့်ပေး..လုပ်ထည့်လိုက်သလားပဲ..

      အနှုတ်မြင် Negative views တော်တဲ့ ပုဂ္ဂိုလ်တွေ…

  • အလင်းဆက်

    October 12, 2014 at 1:34 pm

    နငယ်လေး အမြီး ထပ် ဆွဲလိုက်ပါဦးမယ်။

    လူ့ယဉ်ကျေးမှု၏ နေရာဒေသ၊ရာသီလူမျိုးအလိုက် မြစ်ရေအလျှင်နယ်တသွင်သွင်

    ဆိုတဲ့ စာသားမှာ… အလျှင် အစား…အလျဉ် လို့…ရေးရမယ် ထင်ပါ့… ။

    —————

    အဖြုနှင့်အမဲကြားတွင် သက်တံ့ရောင်စုံဟူသည်ထင်ရှားရှိနေ၏။ အလိုရှိရာရွေးချယ်နိုင်ပါသည်။
    အလယ်အလတ်ကိုဖမ်းဆုတ်သင့်သည်။

    ဆိုတဲ့ ဝါကျမှာလည်း… ဖမ်းဆုတ် အစား… ဖမ်းဆုပ် လို့…ရေးရင် ပိုကောင်းမယ် ထင်ပါ့… ။

    —————

    လူသား၏ဦးနှောက်ဖွံ့ဖြိုးမှုနှင့် အဟာရ ပြည့်မှီစေရန် ကလေးလူငယ်ယူရွယ်များ….ဆိုတဲ ဝါကျမှာရော…

    အဟာရအစား….
    အာဟာရ လို့ ရေးရင်…ပိုကောင်းမယ် ထင်ပါ့….

    —————-

    အယူအဆ ပိုင်းကို…ဘာမှ မပြောလိုခြင်းကြောင့်….

    ဂွစ်ဂွစ်…

    😆

    • kai

      October 13, 2014 at 5:34 am

      အန်တီမမအစား.. ခုလိုကူညီတာ..
      ♩ ♪ ♬ ♮ ♯♭♫ ကျေးဇူးအများကြီးတင်ပါတယ်.. ♩ ♪ ♬ ♮ ♯♭♫

  • ခင် ခ

    October 12, 2014 at 6:35 pm

    ရှေးရိုးစွဲ အယူအဆကို ခဝါချဖို့ အလွန်ကောင်းတဲ့ပိုစ့်ဘဲဗျာ
    Good.

  • မြစပဲရိုး

    October 12, 2014 at 9:35 pm

    ထုံးစံ အတိုင်း သူကြီး ကို ကန့်လန့်တိုက်ချင် စိတ်နဲ့ ဒီလ သင်ပုန်း ကို အကြိမ်ကြိမ်ဖတ်ပါတယ်။
    စကားလုံး ထောက်ပြဖို့ ရှာပါတယ်။
    မတွေ့တာကြောင့် လက်လျှော့ပြီး ဒီလ မှာဖြင့် သူပြောတာကို ပယ်မဲမရှိ လက်ခံလိုက်ရပါကြောင်း။
    ဘရာဗို ပါ သူကြီးမင်း။ :))

    သို့ပေမဲ့ အကျင့် က ဖျောက်ရခက်လေတော့ တစ်ချက်တော့ ဝင် လိုက်ပါရစေဦး။
    {“ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”ဟူသည် မိမိကိုယ်ကိုပင်ဖြတ်တောက် အတန်းခွဲနေခြင်းဖြစ်သည်။
    တန်တူညီမျှမှုကို မိမိခန္ဓာမှစသင့်လှပါသည်။ }
    အဲဂလိုတော့ တန်းမညှိပါရစေနဲ့ သူကြီးမင်း ရယ်။
    အတန်းအစားခွဲသူကြီး လို့ သာ စွပ်စွဲလိုက်ပါတော့။
    ဝတ်ထားတဲ့ အတွင်းခံ ဘောင်းဘီ ကိုတော့ နှာခေါင်း နဲ့ တန်းတူညီမျှ မထားပါရစေနဲ့။
    lol:-)))

    • kai

      October 13, 2014 at 5:30 am

      အံ့ဩစရာတခုပြောပြရရင်.. တချို့လူတွေမယ်.. မိန်းမအတွင်းခံကိုချည်း..သီးသန့်လိုက်ခိုးတဲ့သူဆိုတာမျိုးလည်းရှိသတဲ့..။
      (နားနဲ့မနာ..ဖဝါးနဲ့နာ)သူထွက်လာတဲ့ဒွာရ. သံယောဇဉ်ရှိလို့လားတော့မသိ…။ :k:

      Thai Man Collects 11000 Pairs of Women’s Underwear in 30 …
      http://www.odditycentral.com/…/hang-on-to-your-panties-thai-man-collects-11...
      Feb 20, 2012 – … over 10000 pairs of women’s underwear over a period of 30 years. … We’ve featured some pretty odd collectors here on Oddity Central, like …
      =======
      Obsessed with women’s underwear, man steals over 5000

      http://www.emirates247.com/…/crazy-world-obsessed-with-wom...
      Emirates 24/7
      Nov 16, 2012 – “He confessed that he obsesses over underwear and uses it for … on that occasion after admitting stealing and collecting women’s underwear ..
      ======

      တကယ်တော့.. အတွင်းခံစပယ်ရှယ်လစ်.. ဗစ်တိုရီးယားစိကရက်က…. အတွင်းခံတွေကို..မျက်လုံးနဲ့တတန်းထဲထား.. အပြင်ခံတွေဖြစ်အောင်လုပ်ပစ်တာ…
      မီလီယံ… အဲ.. အဲ.. ဘီလီယံဘစ်ဇနက်… :k:
      မြန်မာတပြည်လုံးဂျီဒီပီ တဝက်ကျော်တယ်..။

      မြန်မာတွေလည်း.. အတွင်းပစ္စည်းတွေအပြင်ထုတ်ပြ.. တန်ဆာဆင်.. ဈေးကွက်စီးပွား..ဖေါ်သင့်.. :i:

      Underwear Industry Market Research & Statistics

      http://www.reportlinker.com › … › Clothing and Textile
      Rating: 4 – ‎28 votes
      Download all the latest Underwear market reports you need, instantly, in one place. … The global underwear industry is estimated to be worth over $30 billion.

  • kai

    October 13, 2014 at 5:37 am

    သို့သော်… ငွေကြေးကို ငွေကြေးဘဏ္ဍာ မကျွမ်းကျင်သူများလက်သို့ကား ဝကွက်မအပ်စကောင်း။ လှူတန်းခြင်းမပြုသင့်။
    ထိုသည်သာလျှင် ဖြုန်းတီးလွှင့်ပစ်ခြင်းထက် အန္တရာယ်များသောအခြေအနေဆိုက်သွားနိုင်သည်ဟုဆိုမည်။

    အဲဒါကိုအထူး(အထူး) တကယ်ပြုလိုတာ…
    ပညာရေးလည်း ဒီအတိုင်း… နိုင်ငံရေးလည်းဒီအတိုင်း..။
    ပညာရေးနဲ့ဆက်စပ်ပြီး.. ကလေးငယ်ပညာရေးဆို.. ပိုပိုပို.. ဆိုးသေး..
    ဟုတ်ပ.. တိုက်ဆိုင်မှုရှိလျှင်.. တည့်တည့်ပြောနေခြင်းဖြစ်သည်။

    ပညာရှင်မဟုတ်ပဲ..
    အဆာက်အဦးဆောက်… ။ ကလေးကျောင်းဆောက်..။ ဆေးရုံဆောက်..။ ငွေတွေကိုစီမံခန့်ခွဲ..။
    အလိုမရှိ.. အလိုမရှိ..။

  • ဝင့်ပြုံးမြင့်

    October 13, 2014 at 6:08 am

    .နှစ်ဖက် အစွန်းမရောက်ဖို့ ပြောတာတော့ ဟုတ်ပါပြီလေ။ ဒါပေမယ့် အဲလိုလုပ်ရုံနဲ့ တစ်ပါတီအာဏာရှင်စနစ်က လွတ်မလား။ ဒီကြားထဲမှာ အီကွေးရှင်းလိုတယ်လေ သဂျီး။
    သဂျီး မဖြေချင်လည်း မျှစ်ကြော် ဖြေမယ်။ အဲဒီလို နှစ်ဖက် စွန်းမရောက်ရုံနဲ့ကို တစ်ပါတီအာဏာရှင်စနစ်က လွတ်ပါတယ်။ လူတွေရဲ့ ဦးနှောက်ကို မထိန်းချုပ်နိုင်တော့ဘူးဆိုတာနဲ့ တင်လွတ်တယ်။ ဒါပေမယ့် ဒီပို့စ်ထဲမှာ တလွဲဘာသာရေးကို ဇောင်းပေးပြောထားတယ်။ အစစ်ဘာသာရေး မပါဘူး။ အစစ်ဘာသာရေးကလည်း တစ်မျိ ုး ပဲ သဂျီးရေ။ တစ်ပါတီအာဏာရှင်စနစ်ဖြစ်တည်လာဖို့ သူကလည်း factor တစ်ခုပဲ။

    မျှစ်ကြော် အခု မြောက်ကိုရီးယားကို လေ့လာနေတယ်။ လောလောဆယ် ကမာ္ဘပေါ်မှာ အတိကျဆုံး တစ်ပါတီအာဏာရှင်နိုင်ငံပါ။ နည်းနည်းကလေးပဲ နှိုက်ထုတ်ပြီး ပြောပြချင်ပါတယ်။ မြောက်ကိုရီးယားမှာ ဘာသာရေး မရှိဘူး။ ဘာမှ မကိုးကွယ်ရဘူး။ ကိုးကွယ်ရင် အကျဉ်းစခန်းပို့တယ်။ လက်ထဲမှာ bible လေးတစ်အုပ်တွေ့ရုံနဲ့ သေဒဏ်ပဲ။ နိုင်ငံသားတွေကို ခေါင်းဆောင်ကြီးတွေက ဘရိန်းဝပ် ဘယ်လိုလုပ်သလဲဆိုတော့ အဆိုအမိန့်တွေနဲ့ပေါ့။ တစ်နိုင်ငံလုံး ဦးထိပ်ထားတဲ့ လောကပါလတရားလိုမျိုး ပေါ့။ အဲဒါမျိုး ရှိတယ်။ ဂျူ ရှဲ လို့ခေါ်တယ်။ ဂျူ ရှဲ ဆိုတာ မြန်မာလို မိမိကိုယ်သာကိုးကွယ်ရာ တဲ့။ တိတိကျကျ ပြောရရင် အတ္တဟိအတ္တနော နာထော ဆိုတာပါ။ နောက်တစ်ခုက တစ်ပါတီအာဏာရှင်စနစ်ရဲ့ အသက်သွေးကြောဟာ အတုပြုလုပ်ခြင်းနဲ့ အတိတ်နဲ့ အနာဂတ် မရှိစေဘဲ ပစ္စုပ္ပန် တစ်ခုပဲ ရှိစေတဲ့နည်းပါ။ ဒါဟာ တစ်ပါတီအာဏာရှင်စနစ်ရဲ့ အသက်သွေးကြော။ အဲဒါမျိုးကျတော့လည်း မြန်မာပြည်က ပစ္စု ပ္ပန် တည့်တည့်ရှု ဆိုတဲ့ သဘောသွားနဲ့ သွားတူနေတယ်။ အဲဒီလို မြန်မာပြည်မှာ လုံးဝဥသုံ မှန်တယ်လို့ လက်ခံထားတဲ့ သဘောတရားတွေဟာ မြောက်ကိုရီးယားရဲ့ သဘောသွားနဲ့ တူနေတာ။ အတုပြုလုပ်ခြင်းကတော့ ရှင်းပါတယ်။ တလွဲဘာသာရေးလောက်နဲ့ဖြစ်တယ်။ မျှစ်ကြော် ပြောချင်တဲ့လိုရင်းက အစစ်ဘာသာရေးကိုယ်တိုင်ကလည်း တစ်ပါတီအာဏာရှင်စနစ်ကို ဖြစ်ထွန်းစေပါတယ်။ လူတွေရဲ့ ဦးနှောက်ကို ဆေးထားနိုင်တယ်။ ကြော် အဖြစ်ချင်ဆုံးက မြန်မာတွေ ဘာသာရေး သိပ်မလုပ်ဖို့ပါပဲ။

    • pooch

      October 13, 2014 at 2:21 pm

      မြန်မာတွေ ဘာသာရေးသိပ်မလုပ်ဖို့
      ဟုတ်ပါ့ အဲ့စကားလုံး မသုံးရဲလို့
      အိမ်မှာကို ပြောမရလို့ ကျမ ငရဲအိုးထဲ ဇောက်ထိုးကျမလိုဖြစ်နေတယ်
      ပြောလည်း ပြောချင် ပြောလို့ကလည်း မထွက် မားသားဆိုတော့ ဗီတိုအာဏာသုံးတယ်လေ
      အဲ့တော့ တယောက်ထဲ အကုသိုလ်တွေများနေရော
      စိတ်ပိန်တယ် 🙁

  • ကေဇီ

    October 13, 2014 at 9:20 am

    တဂျီးး
    စကား မစပ်။
    “နေတစ်စင်း နဲ့ လမင်းရင်ခွင်”ဆိုတဲ့ ပို့(စ) ကျနော် ဖတ်မရဘူးး
    ကော်မန့်တွေ တက်လာတာတော့ မြင်ရတယ်။
    အဲလို တစ်ယောက်ချင်းစီကို ဘလော့ပြီးတင်လို့ရသလားး??

    :a:

    • kai

      October 13, 2014 at 11:44 am

      ပရိုက်ဗိတ်လုပ်ထားတာတွေ့သမို့.. ပြန်ပြင်လိုက်တယ်..။
      တယောက်ချင်းစီ ဘလော့လို့တော့မရ..
      ကိုစိုင်းတယောက်ဘာတွေလုပ်ထားလည်းမသိ…
      .. တခုခုတော့..မှားနေသလိုလို..

  • CharTooLan

    October 14, 2014 at 8:43 am

    ကိုယ်ကပဲ ရှေးရိုးစွဲနဲ့ဝေးလွန်းနေလို့လားမတိပါဝူး 🙁
    ဒီစာတွေဖတ်တော့လဲ ကိုယ့်ခံယူချက်အနေနဲ့ ဘာမှမထူးတလယ်ပြင်စရာမချိဝူး
    သဂျီးမင်းလိုပြောမပြတတ်တာတစ်ခုပဲ…
    ကျနော်လဲအဲ့ဒိရောဂါမို့ အိမ်မှာတော့ကုရာနတ္ထိဆေးမရှိပါတဲ့ ခည 😀

  • kyeemite

    October 14, 2014 at 3:46 pm

    .ပထမဦးဆုံးပြောလိုတာက ဘရာဗိုပါလို့…ရေးခဲ့သမျှအယ်ဒီတာ့သင်ပုန်းထဲအကြိုက်ဆုံးပါပဲ

    သဘာဝတရားကိုလည်း လှစ်ဟဖွင့်လှစ်နားလည်လာကြပြီ၊ လျှိုဝှက်ခြင်းတို့ပွင့်ကုန်ပေပြီ၊
    ဂမ္ဘီရတို့ ဖျော်ဖြေရန်ပုံပြင်နှင့်ရုပ်ရှင်ဖြစ်ကြပြီ။
    ဥပဒေသက်ရောက်ခြင်းရှိ၍ ဥပဒေအားဖြင့်ကတိသစ္စာတည်ကြရသော ယခုခေတ်တွင် ဘာသာတရားနှင့်ခြောက်ခြင်းမြှောက်ခြင်းကို လျှော့ချရတော့မည့်ခေတ်ကာလကြီးဟုဆိုချင်သည်။

    တန်းတူညီမျှမှုကို မိမိခန္ဓာမှစသင့်လှပါသည်။

    သိပ်ကြိုက်လို့ တန်းတူညီမျှမှုကို မိမိခန္ဓာမှစနေတာကြာပေါ့ :k:

Leave a Reply