Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရင်ကို ထိမှန်သော …

မြစပဲရိုးNovember 2, 20151min86116

တစ်စုံတစ်ခု သော အနာဂါတ် အတွက် မျှော်လင့်ချက် တွေ ဝေ နေ တဲ့ နွမ်းပါးသူ မိသားစုလေး တွေ ရွှေပြည်ကြီး ထဲ မှာ အများကြီးပါ။
နွမ်းနွမ်းပါးပါး လေးမို့ “သနားစရာဟယ်” ဆိုပြီး ပေးကမ်း လဲ သူတို့ ဆွေစဉ်မျိုးဆက် လိုက် ထောက်ပံ့လို့ မှ မရတာလေ။
ဒီသားလေး ပညာတတ်ကြီး ဖြစ်လာပြီး တင့်တောင့်တင့်တယ် နေနိုင်ဖို့ ဒီ အဖေ အမေတွေ မှာ အိမ်မက် တွေ ရှိနေမှာပါ။
အဲဒီ သူများ နေရာမှာ ကိုယ်တိုင် ဝင်ကြည့်မိပါတယ်။
ချမ်းသာသူများလို သူတို့ လဲ နေချင်မှာပါဘဲ။

အလုပ်လုပ်ဖို့ အခွင့်အရေးရပြီး မလိုချင်ရင် သူတို့ တာဝန်ထား။
သူတို့ မှာ ပညာ ကို ဖြောင့်ဖြောင့်မသင်နိုင်တာ အတွက် ကတော့ အစိုးရမှာ တာဝန်ရှိပါတယ်။
.နိုင်ငံ ထဲ က လူတွေ အတွက် အခြေခံပြည့်စုံ အောင် ထားရမှာ အစိုးရ တာဝန်ပါ။
ကိုယ့် ရဲ့ တာဝန်ယူရ တဲ့ နိုင်ငံသားတွေ ထဲ ပျင်းတဲ့ ဖျင်းတဲ့ လူတွေ ကို မပျင်း မဖျင်း ရ အောင် ပြူပြင်ပေးဖို့ အစိုးရ မှာ စိတ်စေတနာ နဲ့ စွမ်းရည် ရှိရပါမယ်။
အဲဒါတွေ ကို တောင် မလုပ်နိုင်လို့ လုပ်နိုင်စွမ်းရှိသူများ ကို ပြောင်းလဲ ချင်တာပါ။

စိတ်ဓာတ်ရေးရာ မြင့်မားပြီး ချမစား တဲ့ အစိုးရ အုပ်ချုပ်နိုင်တဲ့ နိုင်ငံတွေ မှာ က အလုပ်လုပ်နိုင်သူ မှန်သမျှ မီး ရေ မှန် တဲ့ အမိုး အကာ ရှိ လုံခြုံ တဲ့ အိမ်မှာ နေရပါတယ်။ ကလေး များ စိတ်အေးချမ်းစွာ ပညာသင်ခွင့် ရပါတယ်။ ထမင်းနပ်မှန် ရုံမက အနည်းဆုံး လူလူသူသူ တန်ရာလေးတော့ လိုရာ သုံးနိုင် ပါတယ်။
အဲဒီလို ဘဝ လေးတွေ ရွှေပြည်ထဲ မှာလဲဖြစ်ဖို့ တတ်နိုင်သမျှ ဝိုင်းဝန်းလိုက်ကြရအောင်ပါ။

ကိုယ်ကချမ်းသာ နေပြီး ကိုယ့်ကို မထိသ၍ ကိုယ်ချင်းစာစိတ် မထား တတ်ကြ ရင်လဲ နဲနဲလေး မြင့်အောင် တွေးပြီး အပြောင်းအလဲလေး ကို အားပေးစေချင်ပါတယ်။

(Facebook  Page “Tun Tun Oo” ထံမှ အောက်ပါ ပုံများ ကို ရယူခဲ့ ပါသည်။ ခွင့်မတောင်း ဘဲ မျှ မိပါသည်။ ခွင့်ပြုမည် မှန်းပါသည်)

“https://www.facebook.com/photo.php?fbid=1001625596557606&set=pcb.1001625686557597&type=3&theater”

 

Vote01

Vote02

Vote03

 

16 comments

  • ဇီဇီခင်ဇော်

    November 3, 2015 at 8:32 am

    စိတ်ထဲ အမျိုးမျိုးခံစားလိုက်ရတယ်။
    အတော် တာ သွား တဲ့ ပုံ တွေ။

  • Kaung Kin Pyar

    November 3, 2015 at 11:21 am

    အဲ… ဓာတ်ပုံထည့်လို့မရနေလို့…။ ဖဘမယ် အကျီင်္ကျောကွဲနဲ့ အဖွားအိုတစ်ယောက် NLD အလံလေးကိုင်ပြီး ဆောင့်ကြောင့်ထိုင်နေတဲ့ပုံလေးလဲ မြင်လိုက်သေးတယ်…

  • Alinsett @ Maung Thura

    November 3, 2015 at 12:10 pm

    ကျနော်ကတော့….
    NLD အောင်နိုင်ရေးပွဲ (သုဝဏ္ဏ) အသွားမှာ…
    ကားတွေ…ကားတွေပေါ်…
    ကလေးငယ်တွေရော…အဖွားအို အဖိုးအိုတွေရော… လူဖြူ လူမည်း..အစုံအစုံက…
    အနီရောင် NLD အမှတ်အသား ဝတ်စုံတွေ ဝတ်….လို့…
    လမ်းတလျှောက်… တစ်ဖွဲ့ကိုတစ်ဖွဲ့… လက်တွေ ပြပြီး…မျှော်လင့်ချက်မျက်ဝန်းတွေ…
    အားတင်းထားတဲ့ အသံတွေကို ထပ်ခါထပ်ခါ ပြန် မြင်ယောင်နေမိတယ်…။

    NLD သာ အစိုးရ ဖြစ်လာခဲ့ရင်….
    ကျနော်တို့တွေ အခုလို နှာခေါင်းတစ်ဖက်ပိတ်ပြီး အသက်ရှူနေရသလို ဘဝမျိုးကနေ…
    သက်သာတန်ကောင်းပါရဲ့လို့တော့… အတော်များများက တွေးနေကြတာပဲ မဟုတ်လားလေ…

  • Mike

    November 3, 2015 at 2:43 pm

    .လူတွေရဲ့ပြောင်းလဲလိုစိတ်
    .သမာသမတ်ကျတဲ့ အစိုးရတစ်ရပ်ရလိုစိတ်တွေပေါ့
    .ဈေးရောင်းတဲ့ပိုက်ဆံထဲကဝယ်ပေးပြီးထောက်ခံရှာတယ်
    .ဝတ်ပေးပြီးတော့လည်းပီတိအပြုံးနဲ့….
    .ပြည်သူအားလုံး အဲ့လိုထာဝရပီတိပြုံးပြုံးနိုင်ကြပါစေ

  • naywoon ni

    November 3, 2015 at 3:28 pm

    တစ်​ချို့က ယုံကြည်​ချက်​နဲ့ ​ထောက်​ခံတယ်​ ။
    တစ်​ချို့က တစ်​ဘက်​ပါတီကိုမကြိုက်​လို့ /ရွံလို့ / မုန်​းလို့ / ကြည်​မရလို့ ​ထောက်​ခံတယ်​ ။
    တစ်​ချိုက ဘုမသိဘ မသိ အများက နီလို့ နီလိုက်​တယ်​ ။
    တစ်​ချို့က ……………..
    အင်​း ​ရွှေပြည်​ကြီးမှာ ဖြစ်​ပျက်​​နေပုံ​ပြောကြည်​့တာ​လေ 🙂

    • ဂျက်စပဲရိုး

      November 3, 2015 at 5:09 pm

      ကျနော်တော့ နံပတ် ၂ ဗျို့။
      တစ်​ဘက်​ပါတီကိုမကြိုက်​လို့ /ရွံလို့ / မုန်​းလို့ / ကြည့်​မရလို့ ​ထောက်​ခံတယ်​ ။

      • naywoon ni

        November 3, 2015 at 8:45 pm

        ကျ​နော်​လဲ ၂ ပဲဗျ ခုထိ ​ရွှေပြည်​ကြီးထဲမှာသာ ​နေတာ ပါတီဝင်​မဖြစ်​​သေး ပါတီရုံး​ရှေ့ကပဲ ဖြတ်​ဖူးတယ်​ ။ ရုံးထဲမ​ရောက်​ဖူး​သေး ။ ကိုယ်​စားလှယ်​​လောင်​း​တွေလဲ သိ​တော့သိတယ်​ ။ စကား မ​ပြောဖူး​သေး ။ (သိတယ်​ ဆိုတာလဲ ကိုယ်​က သူ့ကို သိတယ်​ ဆိုတာပဲ ရှိတာ​နော်​ သူက ကိုယ်​ မသိဖို့က များတယ်​ )

  • အမေစု ဟောပြောပွဲနေ့မှာ အနုပညာရှင်တွေလည်း လာဖျော်ဖြေကြတယ်လေ… သူတို့ကို ကြည့်ပြီး အတွေးဝင်မိတယ်… သူတို့တွေလည်း NLD တီရှပ်တွေ ဝတ်ထားကြတာ.. စိတ်ထဲမှာ တူညီတယ် ဆိုတဲ့ သဘောတရား ဝင်လာတယ်… သူတို့တွေဟာ အပြင်မှာဆိုရင် ကိုယ့်ထက်အများကြီး ဝတ်ကြစားကြတဲ့ အနုပညာရှင်တွေ .. အခု NLD တီင်္ရှပ်ဝတ်လိုက်တဲ့အခါမှာ.. သူတို့လည်း ဒီအကျီ.. ကိုယ်တွေလည်း ဒီအကျီ… တစ်ကွင်းလုံးလည်း ဒီအကျီ.. အားလုံး တစ်သွေးတစ်သားတည်းဆိုတာ ခံစားလိုက်ရတယ်… ရင်ထဲမှာ တစ်မျိုးပဲ…

  • Mike

    November 4, 2015 at 11:25 am

    Nyi Htun
    October 31 at 9:09am • Edited •
    အမှန်တကယ်ပြောင်းလဲ့မှုဆိုသည့် အဓိပ္ပါယ်ကို နားမလည်သူ တစ်ဦးသို့။
    ================
    *
    လူတိုင်း ဖုန်းကိုင်နိုင်လာတယ်။
    ဆိုက်ကား သမားက ကို ဖုန်းဆက်ခေါ်နိုင်တာ၊
    ကာရာအိုကေဖုန်းဆက် နေရာဦးနိုင်တာ၊
    ပြည်တံဆာကို ဖုန်းဆက်ချိန်းလာနိုင်တာကလွဲလို့၊
    သူတို့ ဘဝတွေ တိုးတက်မလာဘူး။
    *
    လူတော်တော်များများ ကားစီးလာနိုင်တယ်၊
    လမ်းပန်းဆက်သွယ်ရေး ကောင်းမလာဘူး။
    *
    ဘွဲရတွေများလာတယ်၊
    ဒီရတဲ့ဘွဲနဲ့လုပ်စားမရလို့ နိုင်ငံခြားသွားပြီး အိမ်ဖေါ်နဲ့ တခြားအလုပ်ကြမ်းလုပ်ကြတုန်း။
    *
    ဆရာဝန်တွေများလာတယ်၊
    တနိုင်ငံလုံး ကျန်းမာရေးက နိုင်ငံတကာ နောက်ဆုံးရောက်နေတုန်း။
    *
    ဘီလျှံနာတွေ ပိုများလာတယ်၊
    နိုင်ငံက အဆင်းရဲဆုံးနိုင်ငံ စာရင်းမှာထိပ် ရောက်နေတယ်။
    *
    အချုပ်အချာ အာဏာပိုင်တယ်ပြောတယ်၊
    ကုလားပြည်က မြန်မာပြည်ထဲ ဝင်ပြီး စစ်လာတိုက်တယ်၊
    သစ်ခိူးထုပ်တဲ့ တရုတ်တွေကို တောင်းပန်ပြီးပြန်လွှတ်ပေး ရတယ်၊
    *
    မီးအားတွေ ပိုလျှံလို့ ရောင်းစားတယ်ပြောတယ်၊
    တနိုင်ငံလုံး အမှောင်ကျနေတယ်။
    *
    စစ်အသုံးစရိတ်က အရှေ့တောင်အာရှမှာ အမြင့်ဆုံး၊
    တိုင်းပြည်ဝင်စော်ကားတဲ့ တရုပ်လက်အောက်ခံ သောင်းကျန်းသူ ၁,၀၀ဝ ကိုနိုင်အောင် မတိုက်နိုင်ဘူး။
    *
    တကမာ္ဘလုံး လေးစားတဲ့ခေါင်းဆောင်တစ်ဦး ရှိ့တယ်၊
    သူအုပ်ချုပ်ရင် တိုင်းပြည်တိုးတက်သွားမယ်ဆိုတာသိတယ်၊
    တနိုင်ငံလုံးကလဲ လိုလားကြတယ်၊
    ဒါပေမယ့် အခွင့်အရေး မပေးဘူး။
    *
    အမှန်တကယ်ပြောင်းလဲဖို့ကို
    တကယ်မသိတာလား
    မသိချင်ယောင်ဆောင်တာလား။

  • Mike

    November 4, 2015 at 11:56 am

    အိ အိ မွန်
    19 hrs · Edited ·

    ပထမတွေးမိတဲ့အတွေးက တစ်မျိုး။
    ဘွားတော်အနေနဲ့ မဲဆွယ်စည်းရုံးနေမှအစား သေချာပေါက်ကြီး ညစ်မယ့်လိမ်မယ် မဲစာရင်းကိစ္စ မဲခိုးမယ့်ကိစ္စ မဲလိမ်မယ့်ကိစ္စကို နိုင်ငံတကာအကူအညီယူပြီး ဖိအားပေးနေသင့်တယ်လို့ ကြိတ်တွေးနေမိတာ။
    အားမလို အားမရဖြစ်နေမိခဲ့တာ။
    မဲပေးဖို့သာ အော်နေတာရယ်
    မဲခိုးရင် ဘယ်လိုလုပ်မလဲ။
    မဲနိုင်ပြီး အာဏာမလွှဲရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်စိတ်က ကြီးစိုးနေခဲ့တာ။

    အခု စောင့်ကြည့်ရင်း စောင့်ကြည့်ရင်း
    ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအခင်းအကျင်းသာ ကိုယ်ဉာဏ်မှီဖို့ မနည်းလိုက်ရင်း
    ကိုယ်ယူဆမိတာလေး ပြောပြချင်လာတယ်။

    ဒီရွေးကောက်ပွဲအတွက် ဒေါ်စုသိပ်အပင်ပန်းခံခဲ့တာ အားလုံးအသိ။
    မြန်မာပြည်တခွင် ပြဲပြဲစင်အောင် လှည့်လည်စည်းရုံးခဲ့တယ်။
    စည်းရုံးရေးလမ်း တောက်လျောက်မှာလည်း
    ပြည်သူက တခဲနက်။
    သံသယမြူမှုန်တွေကို တိုက်ဖျက်နိုင်ခဲ့ပြီး ရလဒ်က ထင်ထားတာထက် ပိုကောင်းလာခဲ့တယ်။
    ဒီသတင်းတွေ ဒီအနီတွေဟာ မြန်မာ့ဖေ့စ်ဘုတ် မြန်မာ့မီဒီယာပေါ်သာမက ကမာ္ဘ့မီဒီယာတွေမှာပါ ပလူပျံ။
    နိုင်ငံတကာမီဒီယာတွေက ဒေါ်စုကို မြန်မာပြည်သားတွေ ဘယ်လောက်ထောက်ခံနေတယ်ဆိုတာ မှတ်တမ်းတင်ပေးထားခဲ့တယ်။

    ဒီလောက် တခဲနက်ထောက်ခံလျက်သားနဲ့ ရလဒ်ဟာ ပြည်သူ့ဆန္ဒနဲ့ တလွဲဖြစ်ခဲ့ရင် အာဏာရအစိုးရဟာ မဲခိုးပါတယ်ဆိုတာ ကမာ္ဘကို ကြေငြာပြီးသား ဖြစ်သွားမယ်။
    နိုင်ငံတကာက ဖိအားတွေ ဝင်လာမယ်။
    ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ဆုပ်မယ်။
    ချေးငွေတွေ ပြန်တောင်းမယ်။
    အမေရိကန်တို့ ဥရောပတို့နဲ့ ဖက်စပ်လုပ်ကိုင်ထားတဲ့ ဝန်ကြီးသားသမီးကုမ္ပဏီတွေက တင်ထားရတဲ့ Deposite တွေ ဆုံးမယ်။
    ဆန်ရှင်တွေ အရေးယူမှုတွေ ဆက်လာမယ်။
    လူထုအုံကြွမှုတွေကနေ တိုင်းပြည်မတည်ငြိမ်မှုတွေဖြစ်မယ်။
    အေးအေးဆေးဆေး ရောင်းစားလို့ရမှာ မဟုတ်တော့ဘူး။
    ရောင်းစားဖို့ မက်လောက်စရာလည်း မကျန်တော့ဘူး။

    ဒီရွေးကောက်ပွဲဟာ အာဏာရှင်ကို အရှင်ထွက်ခွင့် ပေးနေတာ။
    ထွက်ပေါက်ပေးနေတာ။
    “အာဃာတမရှိတဲ့ နိုင်ငံရေး”ဆိုတဲ့ စကားဟာ
    အာဏာရှင်ကို အရှင်ထွက်ထွက်ဖို့ အခွင့်အရေး ပေးနေတာ။

    မဲမခိုးဘူး မလိမ်ဘူး မညစ်ဘူးပြောနေတာ မဟုတ်ဘူး။
    လုပ်တာက လုပ်မှာပဲ။
    သူတို့လုပ်တဲ့လိမ်မှု ညာမှုထက် မယှဉ်သာအောင်များပြားတဲ့ အနိုင်ရမှုပဲ လိုအပ်တယ်။
    မဲရုံစောင့်ကြည့်သူတွေရဲ့ အရည်အချင်းအပေါ်လည်း အများကြီး မူတည်လိမ့်မယ်။

    အကယ်၍ အစိုးရဟာ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးကို လက်မခံဘဲ ၁၉၉ဝတုန်းကလို မျက်နှာပြောင်တိုက်ဖို့ ၂၀၁၅မှာ ထင်သလောက်မလွယ်ဘူး။
    အာဏာရပါတီမှာ ယုတ်ကွက်တွေအများကြီး ရှိသလို
    အတိုက်အခံတွေမှာလည်း ဖြည်ကွက်တွေရှိတယ်။

    အဲ့တော့ ခင်ဗျားတို့ကျုပ်တို့ လုပ်ရမှာက
    NLDကို တခဲနက် မဲပေးဖို့ပဲ။
    ကျန်တာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDဆက်လုပ်လိမ့်မယ်။

    အားတင်းလိုက်စမ်းပါ
    အားရှိလိုက်ကြစမ်းပါ။
    ဒီတစ်ခါ မဖြစ်မနေကို ပြောင်းလဲမယ်ဆိုတဲ့ ယုံကြည်ချက်လေး ထားကြည့်လိုက်စမ်းပါ။

    ‪#‎VOTE_NLD‬
    ‪#‎ဒေါ်အောင်ဆန်းစုကြည်နိုင်ရမည်‬။

  • လုံမလေးမွန်မွန်

    November 4, 2015 at 12:19 pm

    အခုလောလောဆယ်.. ပါတီဝင်တွေက မဲရုံနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ရှားလို့မရဘူးလို့ ထပ်တွေ့လာရတယ်… ဆိုတော့ ပါတီဝင်မဟုတ်တဲ့ ဗော်လံတီယာတွေက လုပ်ရမှာပဲ…

    လူရေဖို့.. survey ဆင်းဖို့…
    စင်ကာပူကသူတွေ ဘယ်လိုလုပ်တယ်မသိ…

  • မြစပဲရိုး

    November 5, 2015 at 12:40 am

    . နောက်ကြောင်းပြန်ကြည့် ရရင်တော့
    ၁၉၉ဝ ရွေးကောက်ပွဲ တုန်း က ဘယ်ပါတီ ကို မှ မယုံကြည်ပါ။
    အသွင်ပြောင်း တဆည ကို ပြိုင်ဖို့ အားလုံး ဝုန်းက နဲ ပေါက်လာတဲ့ ရွှေကြာပင်တွေ လို့ ထင်လို့ပါ။
    အဲဒီ တုန်း က ကိုယ့်ကိုယ်ကိုလဲ ဟိုက်ပါဘဝင် ဖြစ်နေတဲ့ အခါ မို့ လဲ ပါသပေါ့။
    တိုင်းပြည် ကလမ်းစပွင့် လာပြီမို့ ဘယ်သူတက်တက် တိုးတက်မှာဘဲ လို့ တွေးမိနေတာလဲ ပါသပေါ့။
    အဲဒီအချိန်က လူထုခေါင်းဆောင် အမျိုးသမီးကြီး ရဲ့ စာ တွေ၊ စကား တွေ ကို အသေအချာ မတီးခေါက်မိတာလဲ ပါသပေါ့။
    ဒါနဲ့ဘဲ ဘယ်ပါတီ ကို မှ မဲ မပေးခဲ့ပါ။

    လက်ရှိ ၂၀၁၅ မှာတော့
    တဖြေးဖြေး နိမ့်ကျလာတဲ့ ကိုယ့်ချစ်သော နိုင်ငံ ရဲ့ လူနေမှုဘဝ တွေ ရဲ့ တစ်ဖက် မှာ မတရားချမ်းသာကြွယ်ဝ မှု တွေ ရဲ့ အကြောင်း ကို သိလာချိန်
    ကမ္ဘာ့အလယ် မျက်နှာငယ်လွန်း ရတဲ့ နိုင်ငံဖြစ်လာချိန်
    တိုင်းပြည် ဆုတ်ယုတ်အောင် လုပ်နေသူ များ ကို ကိုယ့်လို အရည်အချင်း နဲ့ ထိဖို့ တို့ဖို့ ကိုတောင် မတတ်နိုင်ချိန်
    လူထုရှေ့က မားမားရပ်နေတဲ့ အမျိုးသမီးကြီး ရဲ့ စစ်မှန်တဲ့ စေတနာ နဲ့ သူ့ရဲ့ အရည်အချင်းတွေ ကို မြင်လာချိန်
    သူမ ရဲ့ မျက်နှာ တစ်ခု ထဲ ကို ဘဲ ကြည့်ပြီး
    သူမ ကို ယုံကြည်စွာ နဲ့ မဲ ပေးပါတယ်။

    သေချာတာ က သူမ လို ခေါင်းဆောင် နောက်ထပ်မရနိုင်တာမို့
    အခွင့်ရနေတုန်း လေး မတရားမှု တွေ နဲ့ ယစ်မူးနေတဲ့ အခွင့်ထူးခံလူတန်းစားတစ်ရပ် ကို ဖယ်ရှားလိုက်နိုင်ဖို့
    လူကို လူ ချင်း လေးစားကြ တဲ့ လူမှုနေဘဝ တွေ ရရှိနိုင်ဖို့
    မျှတ တဲ့ တရားဥပဒေ စိုးမိုးနိုင်စေဖို့
    ကိုယ့် နိုင်ငံသမိုင်း မှာ ကိုယ်တိုင် ပါဝင် ဂုဏ်ယူနေနိုင်ဖို့
    မဲ ပေးကြပါ။
    တစ်ယောက်တည်းသော တန်ဖိုးဖြတ်မရနိုင်တဲ့ ခေါင်းဆောင် ရှိတဲ့ ပါတီ ကို မဲပေးကြပါ။
    .ကြယ်ဖြူ(ဝါ) နဲ့ ခွပ်ဒေါင်း ပါတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကို မဲပေးကြပါ။

  • E.မြောက်မြောက်

    December 20, 2015 at 10:43 pm

    စားချင်စရာပဲ ရှလွတ်ပတွတ်ပြွတ်စ်

    စကားမစပ် တစပ်

    ဖေ့ဘုတ်မှာ ပြောပြောနေကြတဲ့ ဆီးဖတ် ဆိုတာ ဘာကိုဆိုလိုတာလဲ
    လိုက်လုပ်ပြီးရင် ဆီးဖတ်လုပ်ပါတဲ့
    အဲဒါ
    ဘာပြောတာလဲ ခည

    • မြစပဲရိုး

      December 21, 2015 at 2:53 am

      တစ်ချို့ က စာ တွေ မဖတ် ဘဲ လိုက် တာမို့
      SEE ပြီး ဖတ် ပါ လို့ ပြောတာပါ။
      ရှင်းလား … မြောက်လေး။
      ဟုတ် … ရှင်းပါတယ် အရီး။

  • Shar Thet Man

    May 15, 2018 at 4:35 pm

    အလှူတစ်ခုခုလုပ်မယ်ဆိုပြောပါ လှူချင်ပါတယ်

Leave a Reply