အဆာပြေတို့ဟူးချဉ်သုပ်
## ပျဉ်မးနား တို့ဟူးချဉ်သုပ် ##
တို့ဟူးသုပ်လို့ဆိုလိုက်တာနဲ့အများသတိပြု မှတ်သားမိတာကတော့ ကုလားပဲမှုန့်ကိုကြိုပြီးခဲထားတဲ့တို့ဟူးသုပ်ပါ ။
နောက်ထပ် တို့ဟူးသုပ်တစ်မျိုးကတော့ ရှမ်းတို့ဟူးသုပ်ပဲဖြစ်ပါတယ် ။
အခုပြောတဲ့တို့ဟူးချဉ်သုပ်ကတော့ ဒေသတစ်ခုအတွင်းမှာသာ စားလေ့ရှိတဲ့လူသိနဲတဲ့ တို့ဟူးချဉ်သုပ်ဘြဲဖစ်ပါတယ် ။
ပျဉ်းမနားတို့ဟူးချဉ်လို့ ဆိုပေမယ့် အခုချိန်မှာတော့ ရေတာရှည်နဲ့ ဆွာမြို့တွေမှာပါ ရောင်းချ စားသုံးကြတာတွေ့နေရပါပြီ ။
မူလတို့ဟူးရဲ့ အရသာကိုက အချဉ်ဓတ်ပါပြီးဖြစ်လို့ မကျီးရည် စတဲ့အချဉ်ရေတွေမထည့်တော့ဘဲ သုပ်ကြလေ့ရှိပါတယ် ။
တို့ဟူးကို မထူမပါးအချောင်းလေးတွေဖြစ်အောင်လှီးပြီး ခရမ်းချဉ်သီးပါးပါးလှီး ၊ ကြက်သွန်နီပါးပါးလှီးထားတာန့ ဲ့ရောလို့သုပ်ကြပါတယ် ။
ကြက်သွန်ဖြူဆီချက်ကိုမသုံးဘဲ ဆီစိမ်းမွှေးမွှေးလေးနဲ့ ပုဇွန်ငံပြာရည်လေးအနေတော်ဆမ်းပြီး ငရုပ်သီးစိမ်းလေးတွေလည်းပါးပါးလှီးထည့်တတ်ကြပါတယ် ။ကြိုက်တတ်ရင်တော့ နံနံပင်တို့ ကြက်သွန်မြိတ်တို့ထည့်သုပ်တာလည်းတွေ့ရမှာပါ ။
ထမင်းနဲ့စားတဲ့ ဟင်းလျာတစ်ခုအဖြစ်သာမက သွားရည်စာအဖြစ်ရေနွေးကြမ်းနဲ့လည်း လိုက်ဖက်တဲ့အမြည်းတစ်ခုပါ ။
လူသိနည်းတဲ့ဒေသတွင်းအစာအစာတစ်ခုအဖြစ်တင်ပြရင်း တမူထူးခြားတဲ့ ချဉ်ချဉ်ဆိမ့်ဆိမ့် အရသာလေးကို လမ်းကြုံရင်မြည်းစမ်းကြည့်ကြပါလို့ ဆန္ဒပြုလိုက်ပါကြောင်းးးးးးးးး …….. ။

13 comments
မြစပဲရိုး
November 29, 2015 at 4:12 pm
ရေနွေးခြမ်း ခွက် က နှစ်ခွက်။
ဓာတ်သေရိုက်တာကို စိတ်ရှည်ရှည်စောင့် နေ သူ အဖော် တစ်ယောက် ပါတယ် မှတ်တယ်။ 😉
စားချင်ဖွယ်။
ဒီမှာ ပဲမှုန့်အစိမ်းကောင်းကောင်း ရတယ် လို့တို့ဟူးကျိုဖို့ ဝယ်ထားတာ လချီ နေပြီ။
အခုထိ လက်က မရောက်နိုင်သေး။
ဒီနေ့ဘဲ လုပ်ငန်း ကို အကောင်အထည်ဖော်ရမလား ဘဲ။
အလုပ်ဖြစ်ပါက အကြောင်းကြားပါ့မည်။ :-)))
surmi
November 29, 2015 at 9:13 pm
အရီးလက်ရာလေးရရင် တင်ပေးပါဗျို့ …
တို့ဟူးကို ကိုယ်တိုင်ကျိုမယ်ဆိုရင်တော့ လက်ရှည်အကျင်္ ီလေးတော့ဝတ်ထားပါခင်ဗျ ။
Ko Two
November 29, 2015 at 7:18 pm
မဆာမိခင်ဗျား
လျှောက်ရွက် အနုလေးတွေ ပါးပါးလှီးပြီး
ထည့်သုပ်ရင်ကော စားကောင်းလောက်ပါသလား ခင်ဗျား
စိတ်မရှိလျင်..
ကျေးဇူးပြု၍ အဝါရောင်ပါတဲ့အရည်များ ဆင်ခြင်တင်ပေးပါခင်ဗျား
ကျေးဇူးတင်ပါတယ်
လာထား ၁၅ ကျပ်
surmi
November 29, 2015 at 9:19 pm
အောင်မငေးးးး မဆာမိတဲ့ :mrgreenn:
ကွန်မန့်ပေးထားတာငါးထောင်ကျော်ဆိုတော့ တကယ့်လူေဟာင်းစစ်စစ်ကြီးဘဲ ။
ရှောက်ရွက်လေးထည့်သုပ်တာကတော့မွှေးတာပေါ့ဗျာ ။
ဒါပေမယ့် ရှောက်ရွက်ထည့်သုပ်လေ့ရှိတာကတော့
တို့ဟူးချဉ်မဟုတ်တဲ့ ပုံမှန်တို့ဟူးသုပ်တွေမှာပါ ။
အဝါရောင်အရည်က ရေနွေးကြမ်းသာဖြစ်ပါကြောင်းးးးး
Ko Two
November 29, 2015 at 10:16 pm
ဪ
ထင်တယ်
မဆာမိ အရက်တော့ မသောက်လောက်ဘူးလို့
အဖတ်တွေ ပါတော့ ရေနွေးဖြစ်မယ်လို့..
ဇီဇီခင်ဇော်
November 30, 2015 at 8:10 am
ဒီလို သုပ်စားတာ တော့ မစားဖူးဘူး ဆာဆာရေ။
ကြိုးစားအူးမှ။
တို့ဟူးမှုန့်တွေ အများကြီးရှိတယ်။
စားဖြစ်တာက ရှမ်းသုပ် နဲ့ အညာသုပ်လောက် စားဖြစ်နေတာ
🙂
ဇီဇီခင်ဇော်
November 30, 2015 at 8:11 am
မေ့လို့။
ပဲစိမ်းနံ့ပျောက်အောင် ဆနွင်းမှုန့် မဆိုစလောက်ထည့်ရတယ် ဆိုလားပဲ။
:k:
surmi
November 30, 2015 at 9:38 am
ဒီလိုဗျ
အဲ့ဒီတို့ဟူး အသားကိုက ချဉ်နေတာ ။
ဘယ်လိုကျိုသလဲတော့မသိ ။
ပုံမှန်တို့ဟူးတော့မဟုတ်ပေဘူး ။
ဒါကြောင့်အချဉ်ရည်မထည့်ဘဲသုပ်ကြတာ
အောင် မိုးသူ
November 30, 2015 at 9:32 am
တို့ဟူးသုပ်ဆိုရင်တော့ ဆီချက်ကို ကြက်သွန်နီဆီချက်နဲ့ ပိုစားကောင်းတယ်လို့ ထင်မိတယ်။
surmi
November 30, 2015 at 9:42 am
ပုံမှန်တော့ဆီချက်လေးနဲ့သုပ်ကြတာပါပဲ ။
အဲ့ဒီဒေသစတိုင်က တို့ဟူးချဉ်ကို ဆီစိမ်းလေးနဲ့သုပ်တတ်ကြလို့ပါ
ဦးကျောက်ခဲ
November 30, 2015 at 10:43 am
တို့ဟူးချဉ်တော့ မစားဖူးဘူး ကိုရင်ဆာရဲ့… ဆီတို့ဟူးလည်းမကြိုက်
အဲ… တို့ဟူးတော့ ကောင်းကောင်းကျိုတတ်တယ်… :k:
ဦးကြောင်ကြီး
November 30, 2015 at 12:41 pm
တို့ဟူးကို ခေါက်ဆွဲနဲ့ လေ ျာသုပ်စား.. ကောင်းထှယ်။
Mike
November 30, 2015 at 4:05 pm
.တို့ဟူးသုတ်တောင်မစားဖြစ်တာကြာပေါ့..ရှလွတ်