အတ္တမိုးတိမ်
အတ္တမိုးတိမ်
ဖြူ ချင်လျှက်နဲ့မဲ ငိုပြန်တော့လည်းသည်း
အုံ့စိုင်းတဲ့ ထက်ကောင်းကင်
မုန်းဟန်ပြင် ရွာနေစဲ
မျှောင်လင့်ချက် မြူ တစ်မှုံ
အို သူသူတို့ မသိချေဘူး
ချစ်မိသူရင်မှာတော့ လွမ်းလို့သာရူး
ကြင်သူကအဝေး
တိမ်တိုက်လေးအပြေးမှာ
ချစ်မိုးလည်းအေး
မေရယ် ဖြူ ပါလျှက်ကယ်နဲ့
မိုးသားလိုမဲပြန်တော့
ဝေးရဦးမယ်ပေါ့
တိမ်အကွယ် မေရယ်နေပုံက
ကိုယ့်ရင်ကိုအေးမြဖူးတယ်
မာနကင်းလို့ သူဖြူ ပြီပေါ့
ကိုယ်သိပ်ချစ်တာ သိတယ်ထင်ပ
ခုတော့ အတ္တမိုးတိမ်လည်း
ဖြူ ခဲ့ပါပြီ
ကာရံ ၁၉ ့၁၁ ့၂၀၁၅
2 comments
အီးမြောက်မြောက်
December 7, 2015 at 8:50 pm
တစ်နေ့ကြရင် ဒီအတိုကြီးလိုပဲနေမယ်
ဘီအီးလေးသောက်လိုက် ကဗျာလေးစပ်လိုက် အေးဆေးပဲ
Alinsett @ Maung Thura
December 8, 2015 at 8:24 am
စာလုံး အကျအပျောက်လေးတွေ ဂုစိုက်ပါ သယ်ရင်းးး
ကဗျာ ရသ ပါ ကျပျောက်ခဲ့မှာစိုးလို့ သတိပေးတာပါ၊