Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အစရှိအနောင်နောင်…. R.I.P ဦးကိုနီ

အန်အယ်လ်ဒီ ရှေ့နေကြီး ဦးကိုနီ ရန်ကုန်လေဆိပ်မှာ လုပ်ကြံသတ်ဖြတ် ခံလိုက်ရပါပြီ။ သူဟာ အခြေခံဥပဒေ ပြင်ဆင်ရေး၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ လူနဲစုမူဆလင်အရေးတို့နဲ့ ပတ်သက်လ ျင် ပွင့်ပွင့်လင်းလင်းပြောလေ့ရှိသူပါ။ သူနဲ့ကိုမြအေး ဒီမိုအင်အားစုဖက်မှာရှိတာ စည်းလုံးညီညွတ်ရေး ပြယုဂ်ဖြစ်သလို တန်ဖိုးရှိတဲ့ ခေါင်းဆောင်များ ဖြစ်ပါတယ်။ ခုတော့ ဦးကိုနီကို ဆုံးရှုံးလိုက်ရပြီ။ နောက်ဘယ်သူအလှဲ့ လာဦးမည်လဲ။ အများရှေ့ အနီးကပ်ပစ်ခတ် လုပ်ကြံတာမို့ ဒီပုံအတိုင်းဆို အစိုးရ။ အတိုက်ခံ နဲ့ အာဏာရပါတီ ခေါင်းဆောင်များကို လုပ်ကြံဖို့ မခဲယဉ်းလှ။ သူ့ကိုရွေးတာ ဘင်္ဂါလီပြသနာ၊ ခြေဥပြင်ရေး သဘောထား တင်းမာသူလို့ ယူဆလို့ ဗွေဆော်ဦး အတီးခံလိုက်ရပုံပဲ။ လုပ်ကြံသူကို ရွေးထားပုံကလဲ သင်းတယ်၊ မန်းလေးက အသက်ငါးဆယ်အရွယ် လူလတ်ပိုင်း တရုတ်တဲ့။ တရားခံလို့ ထင်ရန်မလွယ်သူမ ျ ိုးပေါ့။ အဲဒီလူ မူရင်းဇစ်မြစ်ကို စုံစမ်းပါ။ နယ်ခြားဒေသမှ လာသူ (သို့) ရွှေ့ပြောင်းလာသူ ဖြစ်နိုင်တယ်။ အခင်းဖြစ်ရာ နေရာမှာ ကားနဲ့စောင့် တင်ခါ်မည့်သူကတော့ လွတ်သွားပြီ။ safe house ခေါ်တဲ့ လွတ်ရာမရောက်မည် ပုန်းဖွက်ပေးမည့် အိမ်၊နေရာများ ရှာဖွေရမည်။

ဘယ်သူခိုင်းတာ ဖြစ်မည်လဲ။ လက်နက်ကိုင် အဖွဲ့အစည်း တခုခု (သို့) ရာဇဝတ်ဂိုဏ်းတခုနှင့် ပတ်သက်နိုင်ပါသည်။ ပြည်တွင်း အမျိုးသားရေး အစွန်းရောက် ဘဲဥကြော ်နှင့် ကွမ်းရွက်ပုံများကို သိပ်မထင်၊ သူတို့က လေဥတွေ။ ငွေပေးပြီး ကြေးစားသတ်ခိုင်းတာ ဖြစ်လေ့ဖြစ်ထရှိသည်။ နို်င်ငံတကာမှာပင် လုံခြုံရေး၊ ထောက်လှမ်းရေး အဖွဲ့များ ခြေရာလက်ရာမက ျန်ရန် ကြေးစားလူသတ်သမား ဈေးကြီးပေးငှားသတ်ခိုင်းသည်။ မိတဲ့အခါ အဲဒီလူက လူဆိုး၊ သတ်ခိုင်းသူနှင့် လုံးဝကင်းသည်၊ ဘယ်လိုမှ သက်သေပြလို့မရ။

အန်အယ်ယ်ဒီနှင့် ဒေါ်စုတွင် အပြစ်မကင်းပါ။ အစိုးရနှင့် အာဏာရပါတီ လုပ်ပြီး နိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍ ထိန်းချုပ်ခွင့် မရှိမှတော့၊ ရှိအောင် တွန်းတွန်းတိုက်တိုက် မကြိုးပမ်း၊ စစ်တပ်မ ျက်နှာချိုသွေးလွန်းတဲ့ ကိုယ့်ကိုယ်ကိုသာ ဆန်းစစ်ရမည်။ စစ်တပ် ထိန်းချုပ်ခွင့် မဖြစ်နိုင်ထား ရဲနှင့်ပြည်ထဲရေးကို လွှတ်ထားခြင်းသည် ဘယ်လိုမှ လက်တွေ့မက ျ ။ တချိန်ထဲမှာ ပြည်တွင်း မဘသလို ၉၆၉လို မ ျ ိုးခြစ်မျက်ကန်း အယာင်ဆောင်များကို ထိရောက်စွာ မနှိမ်နင်းဘူး။ အဲဒီလူအများစု နောက်ခံစစ်ကြည့်ပါ၊ ခွက်ပျောက်များ၊ စစ်ထာက်လှမ်းရးဟာင်းများ၊ ဖွတ်များ၊ စစ်ခွေးများသာ ဖြစ်သည် (ခြွင်းချက်။ ရခိုင်မှာတော့ တယူသန်၊ တစောက်ကန်းများ ပါသည်။) လက်ရှိ တိုင်းပြည်ကို အန်အယ်လ်ဒီ အစိုးရ ထိန်းချုပ်နိုင်သယောင် ဖြစ်နေခြင်းသည် စစ်တပ်မှ ကိုယ်ထိလက်ရောက် ကလန်ကဆန် မပြုနေခြင်းကြောင့်သာ ဖြစ်သည်။ ခြင်းထဲကကြက်ဘဝ ရောက်နေပါ၏။ ခြေဥကို ပြင်ရန် ကတိပေးလိုက် နောက်တော့ ငြိမ်းချမ်းရေး အရင်ရမှ ဖြစ်မည် ပြောလိုက်။ ဒေါ်စုတွင် ရေရာသည့် လမ်းပြမြေပုံ ရှိဟန်မတူ။ အကယ်ရွေ့ မလွန်ဆန်နိုင်သော ဖိအားကြောင့် ခြေပြင်ရေး နောက်ဆုတ်ပါက ပြည်ထဲရေးဝန်ကြီးဌာနနှင့် အလဲအထပ် လုပ်ရမည်။ ယခုတော့ လေသာများ၏ ငှက်မရှိ…။

ပိုလို့ဝမ်းနည်းစရာ ကောင်းသည်က အစရှိအနောင်နောင်.. မြန်တြံ့နိုင်ငံရေး ခေတ်သစ်သမိုင်း တနှစ်မပြည့်ခင် သွေးစွန်းရပြီ။ ဒီမိုး ဒီရေ ဒီလေနှင့် ဒီလိုအဖြစ်မ ျ ိုး ထပ်မဖြစ်ပါစေနှင့် ဆုတောင်းရုံမှတပါး… မတတ်နိုင်ပြီ။ မိမိမွေးဖွားရာနိုင်ငံနှင့် ဒီမိုကရေစီရေးအတွက် တာဝန်ကေ ျသော ရှေ့နေကြီးဦးကိုနီ၊ တရားဥပဒေစိုးမိုးရေးအတွက် လူသတ်တရားခံကို အသက်သေခံ ဖမ်းဆီးသွားသော ယာဉ်မောင်းဦးနေဝင်းနှင့် အခြားယာဉ်မောင်းတို့အား ဦးညွှတ်လ ျက်….

 

C.I.Dဘိုးအေ Cat.I.D ကြောင်ကြီး

 

14 comments

  • Thint Aye Yeik

    January 30, 2017 at 9:35 am

    သေနတ်ကိုင်ထားတဲ့ အကြမ်းဖက်သမားကို အုတ်နီခဲနဲ့ လိုက်ထုပြီး ဖမ်းရတဲ့ နိုင်ငံဟာ…
    စစ်တပ်က… အုပ်ချုပ်ရေး အာဏာထဲ အတင်း ဇွတ်ဝင် ယူထားတဲ့ နိုင်ငံတဲ့….
    ရှက်ဖို့တောင် ကောင်းတယ်ဗျာ…

  • kai

    January 30, 2017 at 2:48 pm

    မြန်မာပြည်မယ်.. ဒီချုပ်ရော…။ စစ်တပ်ရော.. ထောက်လှမ်းရေးစနစ်အားနည်းလွန်းနေတယ်လို့.. အရင်ကရေးဖူးတယ်..။
    ဦးကိုနီအသက်နဲ့ပေးသွားရပြီ..။ အမေရိကားလို.. အတွေး/အလုပ်ဆို
    ဘာကြောင့်ဖြစ်သလဲ.. ဘယ်လိုဖြစ်သလဲ.. နောက်မဖြစ်အောင်ဘယ်လိုလုပ်မလဲ… ဒါကို ဦးစားပေးသင့်တယ်..။
    ဆိုတော့.. မကြာမတင်.. ဝမ်းနည်းကြောင်းစတိတ်မန့်တွေလာမယ်..။
    ဆိုတော့..
    တရားခံအစစ်မိချင်လည်းမိမယ်.. ။မမိချင်လည်းမမိ..။
    နောက်ဆက်ဖြစ်ဦးမှာဖြစ်လို့.. မဖြစ်အောင် ဘယ်လိုကာကွယ်.. လုပ်ရမယ်.. ပြင်ဆင်ထားရမယ်ဦးစားပေးသင့်.. လို့.. ထင်..။

    မြန်မာ့ထောက်လှမ်းရေးစနစ်တခုကို ပြန်မွေးထုတ်ရမယ်လို့..ထင်..။

  • kai

    January 30, 2017 at 2:53 pm

    အစ,တွေဗလဗွ.. ရှိခဲ့ဖူးပါတယ်..။
    ====================
    ဗိုုလ်ချူပ်ဆောင်ဆန်းရဲ့ အစုိုးရအဖွဲ့မှာ ဘဏ္ဍာရေး ဝန်ကြီး၊ လွတ်လပ်ပြီးစ မြန်မာနိုုင်ငံ အစုိုးရရဲ့ ပထမဆုုံး နုိုင်ငံခြားရေး ဝန်ကြီး ဦးတင်ထွဋ်ဟာ လွတ်လပ်ရေးရပြီး ၉ လအကြာ ရန်ကုုန်မြို့လယ်က ဗိုုလ်အောင်ကျော်လမ်းမှာ ကားဗုုံးခွဲ လုုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။
    Queen’s College ထွက်၊ ရန်ကုုန်တက်ကသုိုလ်ရဲ့ အဓိပတိလဲ ဖြစ်ခဲ့ဘူးတဲ့ ဦးတင်ထွဋ်ဟာ ဗြိတိသ ျှ အင်ပါယာရဲ့ Imeprial Civil Sevice မှာ ပထမဆုုံး မြန်မာ အရာရှိ ဖြစ်ပြီး ဗြိတိသ ျှ အင်ပါယာရဲ့ အမြင့်ဆုုံး ဆုုတံဆိပ်တွေထဲက တခုု ဖြစ်တဲ့ CBE ဘွဲ့ ရခဲ့သူလဲ ဖြစ်တယ်။
    ဗိုုလ်ချူပ်အောင်ဆန်း ယုံကြည်အားထားတဲ့ အကြံပေး အဖြစ်နဲ့ မြန်မာနုိုင်ငံ လွတ်လပ်ရေး ရဖိုု့ ညှိနှိုင်းမှုုတွေ၊ ပင်လုုံစာချူပ်နဲ့ နုု-အက်တလီစာချူပ်တွေအတွက် ညှိနှုိုင်းမှုုတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။

  • ဝင့်ပြုံးမြင့်

    January 30, 2017 at 3:03 pm

    အဖြစ်အပျက်တွေက တရကြမ်းပဲ။ ကမာ္ဘလည်နှုန်းထက်တောင် ပိုမြန်နေသလို။ ၈လောင်းပြိုင်အမှုကို တွေးနေရုံကလေး ရှိသေးတယ်။ သတင်းဆိုးနောက်တစ်ခု တက်လာတော့တာပဲ။

    • Thint Aye Yeik

      January 30, 2017 at 3:32 pm

      ၂၀၁ရ မှာ တိုင်းပြည်ရဲ့ အဓိပတိတစ်ယောက် လုပ်ကြံခံရနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တစ်ခု. . .
      ထွက်ခဲ့ဖူးသလားလို့. . .
      အဲ့ဒီအတွက်လည်း တပ်လှန့်လိုက်သလို ခံစားရတယ် အစ်မရေ
      အဲ့ခန့်မှန်းချက်အကြောင်း အစ်မ သိလား

      • ဝင့်ပြုံးမြင့်

        January 30, 2017 at 6:19 pm

        အခုထွက်တဲ့ သင်္ကြန်စာထဲမှာ ပါတယ်လေ။ အဓိပတိတစ်ယောက် လုပ်ကြံခံရနိုင်တယ်တဲ့။

  • kai

    January 30, 2017 at 3:39 pm

    သတ်သူနေတဲ့ မန္တလေးကအိမ်…တဲ့..။
    ဟုတ်တယ်ဆို.. အဖြေက ပေါ်နေပြီ..။ ဘယ်လိုလုပ်မလဲမသိ..။
    ရဲပုံကြီးပါနေပြီး.. ဟိုက အစားတောင်မပျက်သမို့.. တခုခုတော့မှားနေ..။ 🙁


    • kai

      January 30, 2017 at 5:35 pm


      မိဘပြည်သူ ညီအကိုမောင်နှမအားလုံးသောပြည်သူများရှင်
      ယခုFacebook ကွန်ယက်မှာပြန့်နှံ့နေသော ဦးကိုနီကိုသတ်သွားသည့်လူသတ်တရားခံ အိမ်ကိုသွားရောက်စစ်ဆေးရင်း တာဝန်ရှိသူတချိူ့က ကျွန်မတို့အဒေါ်ဖြစ်သူ၏ ဆိုင်နာမည် ယန်ဆန်းဖက်ထုပ်ဆိုင်တွင် ခေတ္တခဏဝင်ရောက်နားလို၍ အဒေါ်ဖြစ်သူမှ နားလို့ရနိုင်ပါကြောင်း ပြောကြားပြီး တာဝန်ရှိသူတချိူ့ကခေတ္တခဏဝင်ရောက်နားကြပါတယ်ရှင့်
      ဆိုင်အပြင်တွင်ရပ်ကွက်ထဲမှလူအများက ဓါတ်ပုံရိုက်ကြရမှ ကျွန်မအကိုအရင်းဖြစ်သူ၏ ဗိုလ်သင်တန်းဆင်းဓါတ်ပုံ(ပုံပါ)ကိုရိုက်ယူ၍ လူသတ်တရားခံဟုထင်ယောင်ထင်မှားဖြစ်အောင် ရေးဆိုပြောဆိုထားကြပါသည်
      ကျွန်မအကိုဖြစ်သူမှ ကျန်းမာရေးမကောင်းသောကြောင့်
      စစ်တပ်မှဆေးပင်စင်ဖြင့် အနားယူထားသူတဦးလဲဖြစ်ပါသည်
      အခင်းဖြစ်နေချိန်တွင်လဲ ကျွန်မ၏အကိုမှာ အိမ်တွင်ရှိနေပါကြောင်း CCTV နဲ့တကွ သက်သေပြနိုင်ပါကြောင်း
      မန္တလေးရှိ ကျွန်မ၏အဒေါ်အိမ်တွင်လဲ တာဝန်ရှိသူများမှ
      ရေးထားပေးသောစာနှင့်တကွ ရှင်းလင်းထားပါသည်
      မည်သူတဦးတယောက်ကိုမှ အပြစ်မဆိုလိုချင်ပါ
      ကျွန်မတို့မိသားစုမှာလဲ ဦးကိုနီအသတ်ခံရ၍စိတ်မကောင်းဖြစ်ရပါတယ်ရှင့်
      ကျွန်မ၏မိခင်ဖြစ်သူဆိုလျှှင် Taxi ဆရာဦးနေဝင်းကွယ်လွန်သွား၍ သူ့၏မိသားစုအား စိတ်မကောင်းဖြစ်နေပါတယ်ရှင့်
      Facebook ကွန်ယက်ပေါ်တွင်ဆက်လက်စွပ်စွဲပြောဆိုနေကြဦးမည့် အကောင့်ပိုင်ရှင်များကို ဥပဒေအရတိုင်ကြားအရေးယူမည်ဖြစ်ကြောင်းကြိုတင်အသိပေးအပ်ပါသည်
      အားလုံးသောပြည်သူများ နားလည်နိုင်ကြပါစေ

  • သျှားသက်မာန်

    January 30, 2017 at 4:37 pm

    မြန်မာနိုင်ငံကဗုဒ္ဓဘာသာနိုင်ငံမှဟုတ်ရဲ ့လားတွေးမိပါရဲ ့

  • kai

    January 30, 2017 at 5:39 pm

    ဦးကိုနီကို သတ်ခဲ့သည့် တရားခံသည် မန္တလေးသား မဟုတ်ဟုဆို”

    ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခဲ့သည့် တရားခံသည်
    မန္တလေးသား မဟုတ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
    ရဲမှူးကြီးဟန်ထွန်းက ယနေ့ (ဇန်နဝါရီလ၃ဝရက်) နေ့လယ် ၁၂နာရီ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ပြစ်မှုကျူးလွန်ခဲ့သူကို ဖမ်းဆီးခဲ့စဉ်က မှတ်ပုံတင်တစ်ခုကို ရရှိခဲ့ပြီး လိပ်စာသည် မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ် မောဂဂီဝရပ်ကွက်တွင်
    နေထိုင်သည်ဟု ပါရှိသည့်အတွက် သွားရောက်ရှာဖွေသော်လည်း
    တွေ့ရှိခဲ့ခြင်းမရှိကြောင်း၊ မှတ်ပုံတင်သည် ၁၉၉၀၊ ၂၀၀ဝခုနှစ်ခန့်က
    ပြုလုပ်ထားခြင်းဖြစ်ပြီး အဆိုပါရပ်ကွက်တွင် အမှန်တကယ်နေထိုင်ခြင်း
    မရှိကြောင်း ရဲမှူးကြီး ဟန်ထွန်းက ပြောသည်။

    တရားခံမှာ နိုင်ငံရေးအကျဉ်းသား ဟုတ်မဟုတ်ကိုလည်း မပြောနိုင်
    သေးကြောင်း ၎င်းက ပြောသည်။ အဖေနာမည်၊ နေရပ်လိပ်စာ ၊
    မှတ်ပုံတင် အတိအကျပါရှိမှသာ အကျဉ်းသားဟောင်း၏
    ပြစ်မှု ကျူးလွန်ခဲ့သည့်နှစ်နှင့် လွတ်မြောက်ခဲ့သည့်နှစ်တို့ကို ရှာဖွေပေးနိုင်မည်ဖြစ်ပြီး လတ်တလောတွင် မည့်သည့်ဌာနမှ အကြောင်းကြား ရှာဖွေခိုင်းခြင်းမရှိကြောင်း အကျဉ်းဦးစီးဌာန
    (နေပြည်တော်) ဒုညွှန်ကြားရေးမှူးချုပ် ဦးမင်းထွန်းစိုးကပြောသည်။

  • kai

    January 30, 2017 at 5:57 pm

    A monk holds the portrait photo of U Ko Ni before sending of his funeral in 42nd street, Botahtaung township, Yangon on January 30, 2017.

    Photo – Aung Khant for The Myanmar Times.

  • kai

    January 30, 2017 at 6:00 pm

    ကိုနီကို ဘယ်သူသတ်သလဲ ….

    ကျွန်မ ဦးကိုနီကို လူပုဂ္ဂိုလ်အရ မသိပါ။ လွတ်လပ်တဲ့အာရှအသံက ကိုခင်မောင်စိုးစီစဉ်တဲ့ တနင်္ဂနွေစကားဝိုင်းတခုမှာ ဖုန်း ပေါ်မှာ ဆုံဖူးပါတယ်။ ကျွန်မက သူရဲ့ ဥပဒေရေးရာများအပေါ် မိမိကိုယ်တိုင် ကျွမ်းကျင်ရုံမက တခြားလူများနားလည်သ ဘောပေါက်အောင်ရှင်းလင်းပြောဆိုနိုင်မှုများအပေါ် အတော်လေးစားနေတာပါ။ ဒါကြောင့်ဘဲ စကားဝိုင်းအသံသွင်းအပြီး နုတ်ဆက်ချိန်မှာ ကျွန်မက ဆရာဦးကိုနီကို ဒီလိုနှုတ်ဆက်စကားပြောခဲ့ဖူးပါတယ်။

    “ဆရာရယ် … ဆရာလို ဥပဒေပညာ အလွန်ကျွမ်းကျင်သူတယောက် ပြည်သူဘက်ကရပ်တည်လာတာအပေါ် ကျွန်မဖြင့် ဝမ်းလည်းသာ အားလည်းရှိလိုက်တာ ဆရာရယ်” လို့။

    အခုတော့ ဒီလိုပုဂ္ဂိုလ်မျိုးတယောက်ကို လူမြင်ကွင်း နေ့ခင်းကြောင်တောင် လုပ်ကြံခံလိုက်ရပါတယ်။ ဘာ့ကြောင့်လဲ။ ဘယ် သူတွေက လုပ်ကြံတာလဲ။ဘာရည်ရွယ်ချက်တွေရှိသလဲ။ တကယ့်ပစ်မှတ်က ဘာလဲ။

    ၁။ ပထမ လူပုဂ္ဂိုလ်ကိုကြည့်ရအောင်ပါ။
    စစ်အာဏာရှင်တွေရဲ့အသက်ဗူး ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ဖို့ကြိုးပန်းနေသူ။ (လုံးဝတောင်ဖျက်သိမ်းချင်သူ)
    အတတ်ပညာအရလည်း ပြင်နိုင်စွမ်းရှိသူ။
    အတွေးအခေါ်အရလည်း ခိုင်မာပြတ်သားသူ။

    ၂။ ဒုတိယ အချိန်ကာလအရ။
    ပြည်သူတရပ်လုံးအနေနဲ့ကလည်း နိုးကြားတက်ကြွလာနေပြီး ၂၀၀၈ ဖွဲ့စည်းပုံမပြင်နိုင်ရင် ဘာမှဆက်မလုပ်နိုင်တော့လို့ မြင် လာနေပါပြီ။ အထူးသဖြင့် အခုလုပ်ဆောင်နေတဲ့ ၂၁ရာစုပင်လုံ အစည်းအဝေးပဲကြည့်ပါ။ ဘယ်သူတွေက ဖျက်မျဉ်း ဖြစ်နေသလဲ။

    ဗမာပြည်ရဲ့ပြဿနာအရပ်ရပ်ကိုပဲကြည့်ပါ။ ဘယ်ကိစ္စဘဲ ဆွဲထုတ်လာလာ နောက်ဆုံး ဘယ်ဘူတာပဲဆိုက်သလဲ။ ဥပမာ တလောကပြုလုပ်သွားတဲ့ သတင်းမီဒီယာဌာနများရဲ့တွေ့ဆုံမေးမြန်းခန်းတွေ၊ တိုက်ရိုက်အသံလွှင့်ချက်တွေနားထောင် ကြည့်ပါ။ ကားသမားတွေရိုင်းပြမှုတွေအပေါ် ဆွေးနွေးချက်များ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ်မှာ အားလုံးဘယ်ဘူတာ ဆိုက်သလဲ။ ဦးပိုင် (သို့မဟုတ်) ပြည်ထဲရေးဌာနကိုပဲ ဆိုက်ပါတယ်။ ဒါ့အပြင် ဧပြီလမှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ အားလုံးအတွက် အရေးကြီးပါတယ်။

    (က)။ ဒီချုပ်အစိုးရအတွက် သူတို့အုပ်ချုပ်တဲ့ (၁) နှစ်ခရီးအတွင်းလုပ်ဆောင်ချက်များအပေါ်ပြည်သူလူထုရဲ့သဘောထားဆန္ဒခံယူပွဲဖြစ်ပါတယ်။ ဒီချုပ်အနေနဲ့ မိမိတို့ကိုင်စွဲလာတဲ့မူများနဲ့ပတ်သက်ပြီး ရဲရဲရင့်ရင့် နိဂုံးချုပ်ပြီး ဘယ်ဟာတွေမှာ လိုသေးတယ်ဆိုတာ ပြည်သူကို ပွင့်ပွင့်လင်းလင်းချပြဘို့လိုပါတယ်။ မိမိတို့ရဲ့အားနည်းချက်များကို ရဲရဲကြည့်ပြီး ပြုပြင်မဲ့ နည်းလမ်းများ ပြည်သူလူထု အကူအညီနဲ့ရှာပါ။

    (ခ)။ ပြည်သူလူထုအတွက် မိမိတို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ဘယ်သူအရောက်ပို့ပေးနိုင်မလဲ။ အဲဒီပန်းတိုင်ကို မ ရောက်အောင် ဘယ်သူတွေက တားဆီးနှောက်ယှက်နေသလဲ။ အမြင်ရှင်းနေဖို့လိုပါတယ်။ အနီးလည်းကြည့်ရမယ်။ ရေရှည် အမြင်လည်း ရှိရမယ်။

    (၈)။ စစ်အာဏာရှင်စနစ်ကို (တစိတ်တပိုင်းဘဲဖြစ်ဖြစ်) ဆက်လက်ကိုင်စွဲချင်သူများ။ သူတို့အတွက် အရေးအကြီးဆုံးဖြစ်ပါ တယ်။ အခုတလော ဘယ်သူတွေ အလှုပ်ရှားဆုံးလဲ။ ကြည့်ပါ။ သူတို့အတွက် အခွင့်ကောင်းလို့ သဘောထားပုံရ တယ်။ သူတို့မှာ သူတို့ အသက်ဗူးကိုကာကွယ်ဖို့အတွက် အနုနုည်း (ငွေကြေးလုံလောက်ရုံမက ပိုလျှံနေတယ်။) အကြမ်းနည်း။ (အခုတလောအကြမ်းဘက်မှုများ တမှုမှ တရားခံမပေါ်ပါ။) ဘက်စုံ အလုံအလောက်ရှိပါတယ်။
    တကြိမ်တခါက တည်မြဲနိုင်ငံရေးသမားတွေပြောဘူးတဲ့ နိုင်လည်း နိုင်ရမယ်။ ရှုံလည်း နိုင်ရမယ်ဆိုတဲ့စကားကို သတိရချင် စရာပါ။

    ဗမာပြည်ကြီး စစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ပြီး ဒီမိုကရေစီအပြည့်အဝရသွားရင်၊ ဗမာပြည်ကြီးငြိမ်းချမ်းသွား ရင် ဘယ်အုပ်စုက အနစ်နာဆုံးဖြစ်မလဲ။ ဒါကို ဘယ်အုပ်စုက မလိုလားဆုံးဖြစ်မလဲ။

    ဒါတွေကိုကြည့်ရင် ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူရှိတယ်ဆိုတာ ရှင်းနေပါတယ်။ ဒီနေရာမှာ နိုင်ငံတကာအတွေ့ အကြုံတချို့ကို ပြောပြချင်ပါတယ်။

    ၁။ ၁၉၈၃ ခုနှစ် ဖိလစ်ပိုင်မှာဖြစ်ခဲ့တဲ့အဖြစ်အပျက်။ အာဏာရှင်သမတ မားကိုစ့်ကပြုလုပ်ပေးမဲ့ သမတရွေးကောက်ပွဲကိုဝင် ပြိုင်ဖို့ အမေရိကရောက်နေတဲ့ အတိုက်အခံခေါင်းဆောင် အကွီနိုပြန်အလာ မနီလာလေဆိပ်မှာ (အခု ဦးကိုနီလုပ်ကြံခံရသလို)ဦးခေါင်းကိုသေနတ်နဲ့ပစ်လုပ်ကြံခံခဲ့ရပါတယ်။ ဒီတင် ကျန်ရစ်သူမုဆိုးမ ကိုရီအကွီနိုက လုပ်ကြံခံရသူ ခင်ပွန်းသည်ရဲ့ဈာပန ကို အာဏာရှင်မာကိုစ့်ဆန့်ကျင်ရေးဆန္ဒပြပွဲကြီးဖြစ်အောင်လုပ်ဆောင်ပြီး သမတရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်နိုင် ခဲ့ပါတယ်။ မာကိုစ့်လည်းတိုင်းပြည်က ထွက်ပြေးသွားခဲ့ရပါတယ်။

    ကိစ္စဆိုးတရပ်ကို ပြည်သူလူထုအားနဲ့ ကိစ္စကောင်းတရပ်အဖြစ်သို့ ပြောင်းလဲလိုက်နိုင်ပါတယ်။

    ၂။ ၁၉၄၉ ခုနှစ် တရုတ်ပြည်က စီးပွားရေးအချက်အချာမြို့ကြီး ရှံဟဲလွတ်မြောက်စဉ်က အဖြစ်အပျက်များပါ။ ကူမင်တန် ခေါင်းဆောင် ချန်ကေရှိတ်က ထိုင်ဝမ်ကိုထွက်မပြေးခင် မော်စီတုန်းကို အခွံဘဲချန်ပေးခဲ့မယ်လို့ ကြိမ်းဝါးပြီး စက်ရုံတွေ၊ တံတားတွေစတဲ့ သက်မဲ့များကိုဖျက်ဆီးရုံမက နောင်တရုတ်ကွန်မြူနစ်တွေ တိုင်းပြည်တည်ဆောက်ရာမှာ အားကိုးအားထား ပြုနိုင်မဲ့ တိုင်းချစ်ပြည်ချစ်ပညာရှင်တွေ၊ တိုးတက်တဲ့နိုင်ငံရေးသမားတွေ (သူတို့စစ်တပ်ထဲကသမာသမတ်ရှိတဲ့ စစ်ဗိုလ်ချုပ် တွေတောင်မချန်) အကုန်ဖမ်းဆီးပြီး ထိုင်ဝမ်ခေါ်လို့ရရင်ခေါ် ခေါ်မရရင် သတ်ပစ်ခဲ့ပါတယ်။ ရှံဟဲကို ဆုတ်ပေးရခါနီးမှာ လည်း ချန်ကေရှိတ်ဟာ ထောက်လှမ်းရေးမှုးတိုင်လီအကူအညီနဲ့ တန်ပြန်တော်လှန်ရေးအဖွဲ့ကြီးကိုအင်အားအပြည့်နဲ့ (ငွေ ကြေး-လက်နက်ခဲယမ်းဖေါက်ခွဲရေးပစ္စည်းအပြည့်အစုံ) ထားခဲ့ပါတယ်။ ကွန်မြူနစ်တွေ ဘာစီးပွားရေးမှ လုပ်တတ်တာမ ဟုတ်။ ရက်တရာလောက်တောင့်ခံထားပြီး အဖျက်လုပ်ငန်းတွေလုပ်ကြ။ (ဥပမာ-စက်ရုံတွေဖေါက်ခွဲဖျက်ဆီးပြီး အလုပ် သမားတွေအလုပ်လက်မဲ့သွားအောင်၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ ရှံဟဲမှာမနေရဲတော့အောင်၊ စားနပ်ရိက္ခာတွေခက်ခဲ အောင်၊ ကုန်ဈေးနှုန်းတွေအဆမတန်တက်လာပြီး လူထုမကျေမနပ်အုံကြွလာအောင်) ငါတို့မုချပြန်လာမယ် .. စတဲ့ အားပေး စကားနဲ့အတူ ညွှန်ကြားချက်များ အသေးစိတ်ပေးခဲ့ပါတယ်။

    ရှံဟဲမြို့တော်ဝန်ချင်ယီ (တရုတ်လွတ်မြောက်ရေးစစ်ပွဲအတွင်း အလွန်နာမည်ကျော်ခဲ့တဲ့ ဗိုလ်ချုပ်) ဟာ ပြည်သူလူထုတ ရပ်လုံးကို အခြေအနေအရပ်ရပ်ကိုချပြပြီး ရှံဟဲမြို့တည်ငြိမ်ရေးကို လုပ်ဆောင်ခဲ့ပါတယ်။ ကူမင်တန်သူလျှိုတွေဟာနည်း ပေါင်းစုံနဲ့ အဖျက်လုပ်ငန်းတွေလုပ်ရာမှာ လူအတော်များများ လုပ်ကြံသတ်ဖြတ်ခံရပါတယ်။ အလုပ်သမားသမဂ္ဂခေါင်း ဆောင်တချို့ဆိုရင် မိမိတို့စက်ရုံကြီး ဖေါက်ခွဲဖျက်ဆီးခြင်းမခံရအောင် အသက်နဲ့လဲ ကာကွယ်သွားကြပါတယ်။

    ကူမင်တန်တွေအဖို့ ရှံဟဲမတည်ငြိမ်ရေးဟာ သူတို့အတွက် သေရေးရှင်ရေးဖြစ်သလို ရှံဟဲတည်ငြိမ်ရေး ဆက်လက်ရှင်သန် ရေးဟာလည်း ကျန်အများစုပြည်သူကြီးတရပ်လုံးအနေနဲ့ကလည်း သေရေးရှင်ရေးပါဘဲ။ ဒီတိုက်ပွဲအတွင်းမှာ လူထုကြီး တရပ်လုံးက မိမိတို့အရေးကိစ္စကြီးလို့ သဘောထားလာနိုင်အောင် တရုတ်ကွန်မြူနစ်များက လုပ်နိုင်ခဲ့ပါတယ်။ လူထုအနေနဲ့ မိမိတို့အကျိုးစီးပွားကို ကိုယ်စားပြုသူများလို့ယုံကြည်သွားရင် အသက်ပေးကာကွယ်ပါလိမ့်မယ်။ နောက်ဆုံး ချင်ယီကိုလုပ်ကြံ ဘို့အနီးကပ်ထည့်ထားတဲ့ ကူမင်တန်သူလျှိူ ထမင်းချက်က သူအဆိပ်ခတ်ထားတဲ့ထမင်းစားမယ်လုပ်တဲ့ ချင်ယီကိုမစား ဖို့တားလိုက်ပြီး အဖမ်းခံလိုက်တဲ့အထိပါဘဲ။

    အခုလည်း ဦးကိုနီကီုသေနတ်နဲ့ပစ်ပြေးတဲ့လူကို အုတ်ခဲကျိုးနဲ့ (မိမိအသက်ပေးပြီး) လိုက်ဖမ်းပေးကြတဲ့ပြည်သူတွေကို ကြည့်ပါ။
    ပြည်သူတွေအတွက် (ဦးကိုနီ သမီးစကားယူသုံးရရင်) လုပ်ဘို့လိုတာလုပ်ပေးပြီး သေဘို့လိုတော့လဲ သေသွားပေးတဲ့သူ တွေအပေါ်ထားတဲ့ ပြည်သူတွေရဲ့သဘောထားကို ချီးကြူးဂုဏ်ပြုလိုက်ပါတယ်။

    ဦးကိုနီ အသက်ပေးထမ်းဆောင်ခဲ့တဲ့ မပြီးဆုံးသေးတဲ့အရေးတော်ပုံ အောင်မြင်ပါစေ။ ဒီအရေးတော်ပုံဟာပြည်သူအများစုအတွက် (အားလုံးအတွက်မဟုတ်) သေရေးရှင်ရေးပါ။

    စစ်အာဏာရှင်စနစ်အောက်ပြားပြားဝပ်ခံခဲ့ရတဲ့ (အခုလည်းခံနေရဆဲဖြစ်တဲ့) ပြည်သူတရပ်လုံးမှာ တာဝန်ရှိပါတယ်။ ကိစ္စ ဆိုးတရပ်ကို ကိစ္စကောင်းတရပ်ဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြရအောင်ပါ။

    (ဦးကိုနီ လုပ်ကြံခံရကြောင်းကြားရပြီး ရေးသားမိသည့် မိမိရဲ့အမြင်အတွေးများ။)

    လှကျော်ဇော
    ၃၀၊ ၁၊ ၂၀၁၇။
    နံနက် ၉ း ၄၅

  • ကထူးဆန်း

    January 30, 2017 at 11:36 pm

    အကြို က်ဆုံး comment …. credit to .. Billy H. Mackenzie .. Jan 29,2017 at 8:35pm

    IT IS A CAPITAL MISTAKE TO THEORISE BEFORE ONE HAS DATA,
    by Sir Author Conan Doyle .

    အချက်အလက် အပြည့် အစုံ မရသေးဘဲ ကောက် ချက် ချတာဟာ မဟာ အမှားကြီးပါဘဲ ..
    စုံထောက်ဦးစံရှား ရေးသူ စာရေးဆရာ

    🙂

  • Mr. MarGa

    February 23, 2017 at 1:31 am

    လက်မည်းကြီးတွေ များနေတယ်…. 🙁

Leave a Reply