Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အယ်ဒီတာ့သင်ပုန်း – ဇန်နဝါရီ ၂၀၁၈

kaiDecember 30, 20171min7228

၂၀၁၈ရောက်၍တဆောင်းသစ်သွားပြန်ပြီ။
ဒီဆောင်းကတော့ ကယ်လီဖိုးနီးယားမှာ သမိုင်းစံချိန်တင် တောမီးတွေလောင် အပူချိန်တွေတက် လေရူးသရမ်းပြီးခြောက်သွေ့သလောက် ဝါရှင်တန်-နယူးယောက်အရှေ့မြောက်ဒေသတွင် အနုတ်၃၄ဖာရင်ဟိုက်အထိသွားတွေ့ကာ မှတ်တမ်းသစ်တင်၍ ကျန်တပြည်လုံးမတော့ စံချိန်တင်အောင်အေးသည်တဲ့။ ကျွန်ုပ်တို့၏ချစ်လှစွာသောသမ္မတကြီးကတော့ “good old global warming,” ဟုဆိုကာ ကမ္ဘာရာသီအပြောင်းကို ပျက်ရယ်ပြုပါသည်။
၂၀၁ရကို လည်ပြန်ကြည့်လျှင် နည်းပညာနှင့်ငွေကြေးလောက(သွား)ပေါင်းစည်း၍ အပြောင်းအလဲကြီးတခု သိသာထင်ရှားသည်။ တို့ထိမရ ငွေကြေးဖြစ်သည့် Bitcoin ခေါ် Cryptocurrency တည်း။

 

အသည်းလေးကျန်ခဲ့

ပြောင်းခိုသူများဖြစ်သော မြန်မာ-အမေရိကန်တို့သည် နေ့တဓူဝ လုပ်ရင်းကိုင်ရင်း နေထိုင်ရင်းနှင့်ပင် မိမိငယ်ဘဝကျန်ခဲ့ရာ အဖမြန်မာပြည်အတွက်လည်း အမြဲထည့်စဉ်းစားကြရသည်။ လူခန္ဓာသည်သာ ဤမြေမှာတည်လျှက် အသည်းလေးကား ဟိုမှာကျန်ခဲ့သည်မဟုတ်ပါလား။
မဟာမြန်မာရွေ့ပြောင်းမှုကြီးဖြစ်သော ၁၉၉ဝ နောက်ပိုင်း မွေးရာမြေမှစွန့်ခွာထွက်ကြရာ ယခုအနှစ်၃ဝကပ်ခဲ့ပြီ။ ရောက်ရာနိုင်ငံတို့တွင် ၁ဝနှစ်မက အခြေကျလာသူတို့ပင်ရှိကြကုန်ရာ အခြေကျယုံမက ဖင်ထိုင်ပင်ကျ၍ သက်ကြီးတန်းလှမ်းခဲ့ကြပေသည်။ မိမိတို့ ခြံခုန်ထွက်ခဲ့ရာ အဖမြန်မာပြည်သို့ပင် လှမ်း၍ မျှော်ကာ သွားကြလည်ကြ ပြန်ကြနှင့်ရှိကြသည်မှာတနှစ်ထက်တနှစ်တိုးလာသော နှစ်ကုန်ခွင့်ရ ပြည်တော်ပြန်များ၏ လေယာဉ်ပြည့်ခုံများနှင့် ဗီဇာလျှောက်သူများကပြသည်။
တကယ်တော့ အဖမြေသည် မိမိတို့ကို မွေးသာမွေးထုတ်ခဲ့ငြား ကြိုဆိုရန်အဆင်သင့်မဖြစ်သေး။ ပြည်တော်ပြန်များဆီမှ မည်သို့နှိုက်ယူရမည်လည်းမသိသေး။ ငြိမ်းချမ်းရေး၊ စစ်ရေး၊ဘာသာရေး အမျိုးသားရေးတို့နှင့် ရှုပ်ယှက်ခတ်ကာ မအားနိုင်ရှိကြကုန်၏။

အရှေ့ကအိ၊ အနောက်ကဖိ၊ ရှိသည့်ဗမာ နိုင်ငံခြားမှာ

ငြိမ်းချမ်းရေးလုပ်ရင်း အမျိုးသားရေးကကြွ၊ အမျိုးသားရေးဖိပြန်တော့ ဘာသာရေးကထ၊ ဘာသာရေးထိမ်းပြန်တော့ နိုင်ငံရေးကပွက်။ ပွက်သည်ကိုနှက်ပြန်တော့ လူမျိုးရေးအော်ကြပြန်ကာပတ်လည်ရိုက်နေသေးရကား ရှိသည့်မြန်မာများမှာ အိမ်နီးချင်းနိုင်ငံ ချိုင်းနား၊ ယိုဒယား၊ ဘင်္ဂလားဆီသို့ပင်ပြေးထွက်ကြ၊ သက်မွေးဝမ်းကြောင်းအလုပ်လုပ်ကြရဆဲရှိသည်တွေ့ရ၏။
ထိုထိုခေတ်ကာလတွင် တပါးသူတို့နိုင်ငံကြီးများ လူမျိုးကြီးများက အသစ်အသစ်တို့ထွင်ကြ၊ အပျော်အပျော်တို့ငြိကြနှင် လူသား၏စည်းစိမ်ကို ရနိုင်သလောက်ဆွဲစိရင်းဖြင့် ဘဝကိုအရသာရှိရှိစားရင်းဖြတ်သူကဖြတ်၊ တကမ္ဘာလုံးမြေကြောရှုံ ့ကာ လည်သူကလည်။ ဝါသနာပါရာကိုထွင်သူကထွင်ရင်း ကမ္ဘာ့လူယဉ်ကျေးမှု၏အကောင်းဆုံးနှင့်အငြိမ်းချမ်းဆုံးနှစ်များကိုဖြတ်လျှက်ရှိကြပါ၏။

လွန်ခဲ့သော ဆယ်စု၅ခုက ယူအက်စ်အာမီ မိုးနတ်မင်းကြီးမှ အင်တာနက်ဆိုသည်ကို ကမ္ဘာ့လူသားများသုံးရန်ချပေးခဲ့ပေရာ ထိုခေတ်ပြောင်းတော်လှန်ရေးအား နောင်အနှစ်၁၀ဝရောက်မှလှမ်းကြည့်လျှင် ၁၈ရာစုစက်မှုတော်လှန်ရေးခေတ် ထက်များစွာ တာသွားထားသည်ကို တွေ့ကြရမည်။ အရှိန်ကတန့်မသွား၊ မတန့်သည့်အပြင်ယခုနှစ်ပိုင်းတွင်မှအသစ်ထောင်ကြသော SNAP, AIRBNB, UBER, SPOTIFY အစရှိသည်တို့ ဘီလီယံချီသည့် နိုင်ငံတကာ ကော်ပိုရေးရှင်းကြီးများ ပေါ်လာမစဲတဖွဲဖွဲပင်။ ဆိုလိုသည်မှာ အိုင်ဒီယာအသစ်စွန့်ဦးတီထွင်ရဲသာရှိပါစေလေ အိုင်တီလှိုင်းနှင့်ဘီလီယံနာဖြစ်သူအဖြစ် တက်၍မဝေးသေချာသတည်း။

ချမ်းချမ်းသာသာ ၂၀၁၇

၂၀၁ရသည် လူအများကို ချမ်းသာကျန်းမာစေရန်များစွာ မြေခံ ကျောခင်းပေးခဲ့သည်။ ဇိမ်ခံပစ္စည်းအသုံးအဆောင်အရောင်းအားသည် တကမ္ဘာလုံးတွင် ၅% တက်၏။ S&P 500 Indexသည်၂၀%တက်ခဲ့ကာ Dow Jones Industrial Average ၂၅%မြင့်ခဲ့ပြန်သည်။ နှစ်အကုန်လေးတွင်ကား သူဌေးများကို ချမ်းသာမှုမြှင့်ပေးမည့် အခွန်ငွေဖြုတ်ပြင်ဆင်မှုဥပဒေပင်ပြုပေရာ၂၀၁၈သည် ဖြုန်း၍သုံးသောသူများနှင့် ငွေရွှင်လူရွှင်ကြမည်မှာသေချာနေသည်။
ဤသို့နှယ်ကာလတွင်ကယ်လီဖိုးနီးယားအပါအဝင် ပြည်နယ်၈ခုသည် ဆေးခြောက်ကို အပျော်သုံးတရားဝင်ခွင့်ပြုလိုက်ရာ ဘာတွေဖြစ်မည်လည်း မည်သူမှသေချာမသိ။ သေချာသိသည်ကမြေအောက်ရောင်းဝယ်ဖေါက်ကားရာတွင်သုံးသော အင်တာနက်ပိုက်ဆံ Bitcoin လည်းရှိပြီ။ ယခင်မူးယစ်ဆေးသမုတ်ခံရသော ဆေးခြောက်လည်းတရားဝင်ဖြစ်ပြီတည်း။
သို့ဆိုလျှင် ယခုရှိနေသည့် ၂၁ရာစု၏ ပထမလေးပိုင်းအတွက် စုနမိလှိုင်းသည် အစိမ်းကြက်ခြေလော။ ဘစ်ကွိုင်ရွှေဝါလော။ အေအိုင်စက်ရုပ်အသိဉာဏ်လော။

ထိမရငွေ – Cryptocurrency

ပြီးခဲ့သော ၄လမှစ၍ ထိမရငွေဆောင်းပါး၂ခုဖေါ်ပြခဲ့သည်။ အိုင်တီနည်းပညာနှင့် ငွေကြေးနယ်ပယ်ဆောင်းပါးဖြစ်သောကြောင့်ဖတ်သောသူနည်းမည်ထင်ပါသည်။ သတင်းစာကိုင်ကာစာဖတ်သူအများစုမှာ Baby Boomers (1946-1964)အများစုမဟုတ်ပါလား။ Generation X(1965-1980) စာဖတ်နည်းကာ ဆိုရှယ်မီဒီယာကို အသုံးများကုန်သည်ခန့်မှန်းပါသည်။
Millennials(1981-1997) များမှာကား ပုံနှိပ်သတင်းစာကိုယောင်၍ပင်ကြည့်မည်မထင်။ သို့သော် အင်တာနက်နှင့် ပုံရိပ်ယောင်လောကကို အထင်ကြီးစီးမျောသူများပါလေ။
တကယ်တော့ ယခုခေတ်သည် ဘေဘီဘုမ်မာနှင့်ဂျင်နရေးရှင်းအိပ်စ်သမားတို့က အုပ်ချုပ်မင်းလုပ် အစိုးရ၊ပုဂ္ဂလိကရာထူးကြီးများနှင့် အကြီးအကဲနေရာများတွင်ရှိနေသည်မို့အုပ်ချုပ်ခံများ၏စိတ်ဝင်စားရာတို့ကို သိသင့်သည်ဟုထင်သည် တမုံ့။
ပြန်လှည့်ပြောရလျှင် ဤခေတ်သည် ပလပ်စတစ်(အကြွေးဝယ်ကဒ်ပြား) တို့၏ ငွေကြေးခေတ်မှသည် အင်တာနက်ပိုက်ဆံ တို့ထိမရငွေဆီ စလုံးရေးစ ရွေ့ယူနေသောခေတ်ဖြစ်သည်။ ဘဏ်နှင့်အစိုးရမင်းတို့လက်မှ ငွေကြေးဈေးကွက်ကြီးလက်လွတ်ထွက်ရန်အစပြုသောခေတ်ဖြစ်သည်။ ထိုထိုငွေကြေးကို Cryptocurrency ဟုခေါ်သည်။ ၂၀၀၉ တွင် Satoshi Nakamoto အမည်နှင်စထွင်ခဲ့သော Bitcoin သည် ၂၀၁ရ ဆန်းတွင် တပြားဒေါ်လာ၁၀၀ဝခန့်မှ ဒီဇင်ဘာလဆန်းတွင် ၁၈၀၀ဝ အထိမြောက်ခဲ့သည်။
JPMorgan Chase CEO Jamie Dimon မှ ဘစ်ကွိုင်ကို “fraud” ဟပြောကာ ဝယ်ယူသူများကို “stupid.” ဟုဆိုသည်။ Warren Buffett မှ bitcoin ကို “mirage” ဆိုကာရင်းနှီးမြုတ်နှံသူများကို “stay away.”ဟုသတိပေးခဲ့ရင်းမှ ထိမရငွေသည် ထောင်ဆဲတက်ဆဲတည်း။

လှိုင်းရွှေဝါ စီးကြစို့

ကိုယ်တိုင်ထုတ်ကာ။ ကိုယ်တိုင်ကိုင်နိုင်သော တို့ထိမရငွေကို ရွှေမြန်မာတို့ ထုတ်ယူကြစေချင်သည်။ ထိုလှိုင်းကိုမြန်မာတို့စီးကြစေချင်သည်။ ဥရောပသည်လည်းကောင်း၊ ချိုင်းနား၊ဂျပန်၊ကိုရီးယားတို့သည်လည်းကောင်း တိတ်တိတ်ကလေးခိုစီးရင်းမှ မီလီယံတို့နာကုန်ကြပြီ။ မြန်မာတို့အတွက်အခွင့်အလန်းရှိသည်ထင်ပါသည်။ မြန်မာပြည်လျှပ်စစ်ဖိုးသည် တယူနစ် ၃၅ကျပ်မျှသာဖြစ်ပေရာ လျှပ်စစ်အားနှင့်ချိန်စက်လုပ်စားရသော ထိမရငွေကို ထုတ်ပါက အကျိုးအမြတ်ကျန်မည်။ြ မန်မာ့စီးပွားရေးမှာ ခိုးလုပ်-မှောင်ခိုဈေးကွက်ကြီးလှသည်ဖြစ်၍ နိုင်ငံကြီး-လေးအစိုးရများက ထိန်းချုပ်နိုင်သည့် ဒေါ်လာ၊ယူရိုငွေများမှ ကင်းလွတ်သည့် ငွေကြေးသည် မြန်မာတို့အတွက်သဘာဝပေးအရ အထူးလိုသည်။
အရှေ့တောင်အာရှတွင် ဦးဆောင်တန်းရခဲ့သောမြန်မာတို့၏ခေတ် ပြန်ရောက်သင့်ပြီ။ ငွေကိုလျှပ်စစ်နှင့်ရင်း လူအင်အားအသိဉာဏ်နှင်ပင်းကာ ထုတ်သင့်ပြီ။ တကယ်တော့ ငွေဟူသည်တခုနှင်တခု လဲလှယ်ရာတွင် သုံးရသောကြားခံတခုသာဖြစ်ချေသည်။ ထိုကြားခံကို အာမခံသူများ၊ စုဆောင်ပေးသူများ၊ထုတ်လုပ်သုများသည် ငွေကြေးအဖွဲ့အစည်းတွင်ပါကာအာဏာနှင်ပါဝါရှိကြသည်။ ထိုခေတ်ကုန်ခြင်း၏အစ တို့လာပါပြီ။
ငွေနှင့် ကျန်းမာရေးကို ဝယ်နိုင်သည်။ အသည်း၊ နှလုံး၊ ကျောက်ကပ်စသည့် ခန္ဓာအစိတ်အပိုင်းများဖြုတ်ထုတ်ပြင်တတ်နိုင်သည်။ ကမ္ဘာအလှဆုံးဖြစ်မှုကို ခွဲစိတ်ပြုပြင်ယူနိုင်သည်။ အဆီပြင်ကိုထုတ်နိုင်သည်။ အရိုးကို တိုက်တေနီယံတပ်နိုင်သည်။ စိန်ကိုသွားလုပ်နိုင်သည်။မကြာမတင်ကာလတွင် ကျန်းမာသောခန္ဓာကိုယ်ပေါ်သို့ မိမိဦးခေါင်းကိုဖြုတ်တပ်နိုင်တော့မည်။

ကိန်းဂဏန်းတို့ခေတ်

အမေရိကား၏ငွေကြေးစနစ်သည် လူသား(အမေရိကန်)ကို ကိန်းဂဏန်းဖြင့်ပြဆိုထိန်းချုပ်သည်။ အကြင်သူသည် မည်မျှယုံကြည်ရသနည်း။ ငွေကြေးစိတ်ချရသနည်းကို ထိုသူ၏ FICO Credit Score အကြွေးဝယ်ယူပြန်ဆပ်မှတ်တမ်းအား နှစ်ရှည်လများစောင့်ကြည့်ကာ အမှတ်ပေးစနစ်ထားပါသည်။ သို့နှင့် ထိုအမေရိကန်တွင်၃၀ဝလော။ ၄၀ဝလော။ ၈၀ဝလောနှင့်နံပါတ်ထွက်လာသည်။ ထိုနံပါတ်များလျှင်အိမ်ဝယ်နိုင်သည်။ ကားဝယ်နိုင်သည်။ အကြွေးများများယူနိုင်သည်။ အမေရိကားတွင် အမေရိကန်များအတွက်သတ်မှတ်ပေးထားသောရာဇဝတ်မှုအမှတ်ပေးစနစ်။ စားသုံးသူအမှတ်ပေးစနစ်။ အလုပ်တည်မြဲမှုအမှတ်ပေးစနစ်။ကျန်းမာရေးအမှတ်ပေးစနစ်။ အလှူရှင်အမှတ်ပေးစနစ်စသည့်လျှို့ဝှက်အမှတ်ပေးစနစ်များလည်းရှိပါ၏။
သို့ဆိုသော် ဂျပန်နှင်အာရှတွင် လူ၏ငွေကြေးကိုတင်မက ထိုထိုသူ၏ ဆိုရှယ်မီဒီယာမှ မိတ်ဆွေအရေအတွက်။ အသုံးပြုနှုန်းတို့နှင့်ချိန်ဆကာ ကိန်းဂဏန်းထုတ်ကြပေပြီ။ ထိုလူသား၌မိတ်ဆွေမည်မျှ၊ ကျမ်းမာရေးအညွှန်းကိန်းဘယ်လောက်။ ပညာရေးစံချိန် အမှတ်ထား ဆုံးဖြတ်သည်။ ဂျပန်တို့သည် လူသားကိုအမှတ်ပေး၍ပင် ထိုကိန်းကိုစတော့ရှယ်ယာကဲ့သို့ရောင်းဝယ်နေကြသည်လည်းရှိ၏။ အမှတ်တကယ်လည်း မမြင်ရသော နာမ်ဓာတ် စာရိတ္တ၊ အကျင့်စရိုက်တို့ကို ခန့်မှန်းတွက်ချက်၍ လူသားအချင်းချင်းဆက်ဆံ၊အရောင်းအဝယ်လုပ် ယုံကြည်ချက်ထားနေကြမည်အစား မြင်သာထင်သာအောင် ကိန်းဂဏန်းပေါ်တင် အချက်အလက်ပြခြင်းသည် ဖြစ်သင့်ပါ၏။
၂၀၁၈မှသည် လူတို့အားစံသတ်မှတ်သည့် အရည်အချင်းပြကိန်ဂဏန်းတို့ခေတ်ဖြစ်သွားနိုင်သည်။ Cryptocurrency သည်ကိန်းနှင့်ငွေကို ပေါင်းစပ်ထားသောစက္ကောမထွက်ရပ်ပေါက်တခုသာလျှင်ဖြစ်သည်။

ရုပ်-နာမ် ကြားခံကို ကိုးကွယ်ခြင်း

ငွေကြေးချမ်းသာ၍စီးပွားအဆင်ပြေပါလျှင် ငြိမ်ချမ်းရေးလည်းလာပါသည်။ ကျန်းမာရေးလည်းသာပါသည်။ ပညာလည်းပြည့်ပါသည်။ လိုရာဆန္ဒအားလုံးလည်း ဝ,ပါသည်။
နိုင်ငံသည်လည်းကောင်း၊ ပြည်နယ်သည်လည်းကောင်း၊ မြို့ရွာသည်လည်းကောင်း၊ အိမ်ထောင်စုသည်လည်းကောင်း စီးပွားတောင့်လျှင် အော်ဟစ်သံတိတ်ပါသည်။
ကမ္ဘာတွင်ဗုဒ္ဓဘာသာဝင်ဦးရေ ဒုတိယအများဆုံးဖြစ်သော ဂျပန်ပြည်တွင် ဂျပန်တို့သည် လွန်စွာအလုပ်လုပ်ကြသည်။ သို့သော် နေ့စဉ်လစဉ် အချို့နှစ်စဉ်ပင် ဘာသာရေးနှင်ပတ်သက်၍ တခုတလေဆွေးနွေးကြံဆလုပ်နေခြင်းမရှိ။ နေ့စဉ်ယုံကြည်ကိုးကွယ်နေရာမရှိ။ မေးကြည့်ပါသော် ငွေနောက်လိုက်ကာ ငွေကိုသာကိုးကွယ်သည်ဟုဆိုသူဆိုသည်။
တနိုင်ငံလုံး ငွေနောက်လိုက်၍အလုပ်လုပ်ကြသော် တိုင်းပြည်ချမ်းသာလာကာ လောက၏အကောင်းဆုံးများ ဂျပန်ပြည်ဆီရောက်ကုန်သည်။ ချိုင်းနားပြည်မှ ချိုင်းနီးစ်တို့ လိုက်၍လုပ်သော်ချိုင်းနားပြည်ကြီးတိုးတက်လာသည်။ ချိုင်းနီးစ်တို့သည် ကမ္ဘာ့အကောင်းဆုံးဇိမ်ခံပစ္စည်းများကို အဝယ်ဆုံးသူများဖြစ်ကြပြီ။
ငွေကြေးဥစ္စာကြွယ်ဝကာ အကောင်းဆုံးပစ္စည်းများသုံးလျှက် စိတ်လက်မချမ်းမသာဖြစ်ရပါသည်ဆို်ခြင်းနှင့် မရှိလျှက်မသုံးရသည့် ရောင့်ရဲပါသည်ဆိုသောလူဆင်းရဲဘဝ မည်သူသာသနည်း။ မည်သူလူဖြစ်ကျိုးနပ်ပါသနည်း။
တကယ့်ဘဝတွင်တော့ ငွေသည်သာ ကိုးကွယ်ရာ..
ဥစ္စာဓန ရှာဖွေကြ။
ကိန်းဂဏန်းကို ကိုးကွယ်ကြ။ ။

8 comments

  • aye.kk

    December 31, 2017 at 3:57 pm

    ကံ,ဉာဏ်,ဝီရိယ
    ကံ=ပြုလုပ်သည့်အလုပ်ကောင်းခြင်း
    ဉာဏ်=မှန်ကန်သောအသိဉာဏ်ရှိခြင်း
    ဝီရိယ-=အချိန်နှင်အမျှကြိုးစားအားထုတ်နိုင်ခြင်းမှု
    ဤသုံးပါးညီညွတ်ပါလျင် ချမ်းသာပါသည်။
    ချမ်းသာမှု၏အကြောင်းရင်းများလည်းဖြစ်သည်။
    ဂျပန်,တရုတ်မှ အစရှိသဖြင့်ချမ်းသာရသည့် အကြောင်းရင်းကို ကြည့်လျင်
    ကံ,ဉာဏ်,ဝီရိယများကြောင့်သာလျင် ချမ်းသာလာသည်ကို သိနိုင်ပါသည်။
    ကံ,ဉာဏ်,ဝီရိယ သုံးပါးစလုံးပြည့်စုံမှသာ
    ချမ်းသာကြောင်း ရှင်တော်ဗုဒ္ဓ ဟောဆိုပြထားပါသည်။
    ဗုဒ္ဓ၏တရားဓမ္မအတိုင်း လိုက်နာကျင့်သုံးသူတို ့သာလျင် လောကီချမ်းသာမှုတို ့ဖြင့်ပြည့်စုံကုန်ပါ၏။
    အလုပ်ကောင်းမှဝင်ငွေကောင်းပါမည်။ ငွေနောက်ကို လိုက်ခြင်းဖြင့် မချမ်းသာနိုင်ပါ။
    အလုပ်ဆိုသည်ကား လူတို ့၏ကြိုးစားအားထုတ်မှုပင်ဖြစ်သည်။
    ကျွန်မ၏အဖိုးအဖွားကို နမူထား၍ ပြောပြချင်ပါသည်။
    သူတို ့သည် တရုတ်များဖြစ်ပြီး ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကပင်
    ဗမာပြည်သို ့ပြောင်းရွေ ့ရောက်ရှိနေထိုင်လာခဲ့ကြပါသည်။
    သူတို ့စဉ်းစားသည်။ဉာဏ်ရှိသည်။ ဗမာလူမျိုးမှန်သမျှ ငါးပိစားသုံးသည်ကို လေ့လာသိရှိကြသည်။
    သူတို ့တိုင်းပြည်မှာ ငါးပိမရှိပါ။ ငါးပိမည်သို ့လုပ်ရမည်ကိုပင် နားမလည်ကြပါ။
    အလုပ်လုပ်နိုင်မှ ငွေရမည်ကို သိရှိကြသည်။ ဗမာလူမျိုးတို ့ဆီမှ ငါးပိလုပ်နည်းကို လေ့လာကြသည်။
    ဗမာလူမျိုးတို ့စားသုံးကြသည့် ငါးပိကို ပြုလုပ်ရောင်းချကြပါလျင် ရောင်းချရမည်ကို သေချာပေါက်သိ၏။
    သိတော့ပြုလုပ်၏။ပြုလုပ်ခြင်းသည် ကံအကြောင်းတရားဖြစ်သည်။
    မိမိ၏ စိတ်စေတနာသည် ကံ,ဉာဏ်သည်အကြောင်းတရားဖြစ်လာသည်။
    ှုဝီရိယထားပြီး အလုပ်ကိုလုပ်သည်။ လုပ်နိုင်သလောက် ငွေရရှိသည်။
    ဝီရိယမရှိပါက ကြိုးစားအားထုတ်မှု မရှိပါက ငွေမရနိုင်ပါ။ လူက အလုပ်လုပ်နိုူင်မှုအတိုင်းအတာအရသာ
    ငွေရပါမည်။
    ကံသာလျင်ကိုးကွယ်ရာ
    ဉာဏ်သာလျင် ကိုးကွယ်ရာ
    ဝီရိယသာလျင် ကိုးကွယ်ရာဖြစ်ပါသည်။
    ငွေဆိုသောအရာကို ကိုးကွယ်အားထား၍မရပါ။
    ငွေနောက်လိုက်သူတို ့သည် နည်းမျိုးစုံဖြင့်ရှာကြံကြသည်။
    ဥပမာ
    ဘိန်း,ရာမ(စိတ်ကြွဆေးပြား),လောင်းကစား အလုပ်တို ့သည်
    ငွေကိုကိုးကွယ်သူများဖြစ်သည်။ ခဏသာလျင် ချမ်းသာမည်။ လူကိုအကြံတုံး၊ဉာစ်တုံးသာလျင်ဖြစ်စေမည်။
    တိုးတက်ကြီးပွားမည်တော့ မဟုတ်ပါ။
    ရှင်တော်ဗုဒ္ဓဟောဖော် ညွှန်ကြားပြသထားသည့်
    ကံ,ဉာဏ်.ဝီရိယသာလျင် ကိုးကွယ်ရာ အစစ်ဖြစ်ပါသည်။
    ငွေသည်ကိုးကွယ်ရာ မဟုတ်ကြောင်း ပြောပြပါရစေ။

    က

    ဗမာလူမျိုး မှန်သမျှ ငါးပိစားသုံးကြသည်။

    • kai

      January 2, 2018 at 4:43 am

      ကံ,ဉာဏ်,ဝီရိယ သုံးပြီး… (စာရင်းချုပ်တော့) ငွေရှာတာပဲ.. အရီးအေးရေ..။
      ကွေ့ကောက်မနေပဲ.. တည့်တည့်ပဲ.. “ချ”လိုက်ပါတော့လား..။

      ဆိုတော့..
      ငွေကိုကိုးကွယ်တဲ့.. လူ… နိုင်ငံတွေက.. ချမ်းသာတာကတော့ .. မျက်မြင်..။
      ကံ,ဉာဏ်,ဝီရိယ လုပ်နေတဲ့ နိုင်ငံတွေများ… ချ.. ချာ… လို့..။ :i:

      အဲ.. ပြောရရင်..
      ဒီသင်ပုန်းဆိုလိုရင်းကတော့…. အဲဒါလည်းမဟုတ်..။ သေသေချာချာပြန်ဖတ်ပါလေ..။

      • aye.kk

        January 2, 2018 at 9:56 pm

        သူဂျီး
        အားလုံးဖတ်ပါတယ်။
        အားလုံးကောင်းပါတယ်။
        တကယ့်ဘဝတွင်ငွေသည်သာကိုးကွယ်ရာ
        ဆိုတဲ့အချက်လေးတစ်ခုပါနေလို ့အမြင်လေးမတူလို ့ရေးမိတာပါ။
        သူဂျီးရေးတာဖတ်ပြီးဗဟုသုတရလို ့ကျေးဇူးတင်တယ်။
        ကံ,ဉာဏ်,ဝီရိယ လုပ်နေတဲ့နိုင်ငံတွေများ..ချ..ချာ…လို ့။
        သူဂျီးပြောတာမှန်ပါတယ်။
        Aကိုပုတ်လောက်ကြီးရေးပြလည်းAမှန်းမသိပါ။
        ကံ,ဉာဏ်,ဝီရိယ
        လုပ်နေပြီးကံဉာဏ်,ဝီရိယကိုမှ နားမလည်ရင် ချာတူးလန်ပြီ။

  • Foreign Resident

    January 1, 2018 at 1:14 pm

    သူကြီး ရွာထဲမှာ Bitcoin အကြောင်းရေးထားတဲ့ Post ရှိလား ။
    ဖါတ်ချင်လို့ ။ Bitcoin Mining ဆိုတာ ၊
    Bitcoin Ledger ကို Record လုပ်ပေးလို့ ရတာလား ။

    • kai

      January 2, 2018 at 4:44 am

      မရှိသေး..။ သတင်းစာမှာတော့.. ဆိုင်တဲ့ဆောင်းပါး.. ၃ပုဒ်ရှိတယ်..။
      ပြန်ရှာတင်ပေးမယ်..။

      မိုင်းနင်းက.. လယ်ဂျာတွေကို.. အပ်ဒိတ်လုပ်ပေးနေတာပါ..။ ဒါပေမယ့်.. စင်ထရယ်ကွန်ထရိုးမရှိ..
      လူတိုင်းက.. ကိုယ်ပိုင်ဘဏ်လေ..။

  • ကထူးဆန်း

    January 1, 2018 at 9:34 pm

    bitcoin တွေ့ တွေ့ နေပေမဲ့ အလိမ်အညာလို့ ဘဲ ထင်မိလို့ ယောင်လို့တောင် လှည့်မကြည့်မိဘူး … စီလုပ်ကြီးမှာလည်း တရားမဝင်ကြေညာထားလေတော့ အဲ့လိုဘဲ ယုံကြည်မိနေတာ ..ခုတော့ လေ့လာရတော့မယ်..

    • kai

      January 2, 2018 at 4:48 am

      မနှစ်က ဒီအချိန်မှာ.. ၁ကွိုင် ၁ထောင်အောက်… အခု.. ၁သောင်း၄ထောင်ကျော်..။
      ကြည့်ရတာ.. ချိုင်းနားက.. ဘစ်ကွိုင်အထုတ်ဆုံးသူပဲ..။ အီသာရီယမ်ဆိုလည်း.. သူပဲအထုတ်ဆုံး..။
      ထုတ်တဲ့စက်(ကွန်ပြူတာ) ထဲက.. လိုတဲ့. GPU တွေလည်း.. ချိုင်းနားကအထုတ်ဆုံး..။ :i:

      နောက်ပိုင်းနှစ်တွေ.. ချိုင်းနီးစ်တွေသိပ်လည်သွားပြီ..။
      အမေရိကန်တွေက.. နည်းပညာသစ်ထွင်.. ဖောင်ဒေးရှင်းအခြေချနေတုံး.. သူတို့ကဖြတ်ဖြတ်အုပ်သွားတာ..။
      ပြန်သုံးရစွမ်းအင်..ဆိုလာ..။ အခုဘစ်ကွိုင်.. အဲလိုဖြစ်နေတယ်..။

  • Thint Aye Yeik

    January 10, 2018 at 9:32 am

    ”စီးပွားတောင့်လျှင် အော်ဟစ်သံတိတ်”မယ်လို့ သူကြီးက ပြောတယ်။

    ကျနော် ထင်တာတော့ အော်ဟစ်သံတွေ အရင် တိတ်ပြီးမှ စီးပွားတောင့်ဖို့တွေ ဖြစ်လာမှာ….လို့ ထင်တယ်။

    ပြည်တွင်းစစ်တွေမရှိတော့မှ … ငြိမ်းချမ်းရေး ရပြီးမှ တိုင်းပြည် စီးပွားရေးကိစ္စ ကောင်းကောင်းမွန်မွန် ဖြစ်လာမယ် ထင်တာပဲ။
    မငြိမ်းချမ်းတဲ့ မြေပေါ်မှာ ဘယ် စီးပွားရေးသမားက ရွှေရင်အေးစွာနဲ့ ရင်းနှီးမြုှပ်နှံရဲမလဲ…
    (စစ်ကို အကြောင်းပြုပြီး စီးပွားရှာတဲ့ မတော်လောဘသားတွေကို ထည့်မတွက်ရင် ဆိုပါတော့)

    တိုင်းပြည် အရင် ငြိမ်းချမ်းပြီး စစ်နံ့ ပျောက်မှ…. ရွှေငွေကျောက်သံပတ္တမြားနံ့တွေ လှိုင်လာမယ် ထင်တာပဲ။
    ဒါကြောင့်ပဲ… အမေစုက ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေး လုပ်နေတာ ထင်ရဲ့။
    ”အနာဂတ်မျိုးဆက်အတွက် ထားခဲ့မယ့် အကောင်းဆုံးအမွေဟာ ပြည်တွင်းငြိမ်းချမ်းရေးပါပဲ” လို့တောင် ပြောထားသေး
    😆

Leave a Reply