လိုအပ်ချက်

la won ngeSeptember 5, 20101min2151

ရင်မဆိုင်ပါရစေနဲ့

အားငယ်စိတ်တွေကို……

လက်မခံပါရစေနဲ့

တိုးဝင်လာမယ့်အားနည်းချက်တွေကို…….

ပြုံးနေပေမယ့်

အားနာမယ့်သူမဟုတ်ပါ……….

ကျရှုံးမှုမျက်ရည်တွေကို လက်မခံတာ

မာနကြီးသူရဲ့ ပြယုဂ်တစ်ခုမဟုတ်ပါ…………

လိုတရဘဝမဟုတ်ခဲ့ပါ

နောက်တလှမ်းဆုတ်လိုက်ရင်

အသူရာချောက်ကမ်းပါးက ဆီးကြိုနေတဲ့သူပါ…….

တကယ်တော့

ရဲရင့်ပြတ်သားတဲ့သူ မဟုတ်သလို

တွေဝေမိန်းမောနေတတ်သူလဲ မလုပ်လိုပါဘူး

“ဘဝအမော” တွေကိုရင်ဆိုင်ဖို့

တည်ငြိမ်ရင့်ကျက်မှုဆိုတဲ့

အတောင်ပံတစ်စုံ ကို ရချင်နေတဲ့သူပါ……………….။

One comment

  • kopauk mandalay

    September 5, 2010 at 4:49 pm

    လောကမှာ အမှန်တကယ်ကိုယ်ဒူးကိုယ်ချွန်ကြိုးစားချင်သူတွေအတွက်
    ကွက်လပ်တွေအများကြီးချန်ထားပါတယ်တဲ့

Leave a Reply