Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂဇက်အယ်ဒီတာ့သင်ပုန်း – အောက်တိုဘာ ၂၀၂၀

kaiOctober 12, 20203min3810

နိုဝင်ဘာ ၃ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအတွက် မြန်မာ-အမေရိကန်တို့မဲပေးကြရမည်။ ဆုံးဖြတ်ပြီးသူ/မဲပေးပြီးသူတို့ရှိပြီးဖြစ်ပါလိမ့်မည်။ မဆုံးဖြတ်ရသေးသူတို့အတွက် အခြေအနေအရပ်ရပ်ကိုခြုံသုံးသပ်နိုင်ရန်နှင့် မိမိရောင်စဥ်ကိုပုံဖေါ်သိနိုင်ရန် မီဒီယာအနေနှင့် မြန်မာဆန်ဆန်အချက်အလက်ထုတ်ပြခြင်းပါ။
အမေရိကား၏နိုင်ငံရေးစနစ်တွင် ပါတီကြီး၂ခု ဘယ်-ညာ၊ လစ်ဘရယ်နှင့်ကွန်ဆာဗေးတစ်၊ လွတ်ပြန့်စွဲနှင့်ရှေးရိုးစွဲသာ ထင်ရှားရှိသည်။
လစ်ဘရယ်ပါတီမှာ ဆိတ်တံဆိပ် အပြာရောင် ဒီမိုကရက်တစ်ပါတီဖြစ်ပြီး ကွန်ဆာဗေးတစ်ပါတီမှာ ဆင်တံဆိ အနီရောင် ရီပါ့ဗလစ်ကန်ပါတီတည်း။

Are You Liberal or Conservative?
ခြုံပြောရလျှင် လစ်ဘရယ်တို့သည် လူနေမှုဘဝ၊လူ့အခွင့်အရေး၊ခွင့်တူညီမျှမှုတို့ကိုထိမ်းကြောင်းညှိနှိုင်းပေးရန် အဖွဲ့အစည်းတရပ်/အစိုးရမှ တာဝန်ယူစေသည်။ နိုင်ငံရေးရောင်စဥ်အရ ဘယ်ဖက်။
ကွန်ဆာဗေးတစ်ဟူသည် လူတဦးချင်းကိုတန်ဖိုးထား၍ ဘာသာရေးယုံကြည်ကိုင်စွဲကာ အမေရိကန်မူလတန်ဖိုးယူ၏။ ညာဖက်။
၁၇၈၉ခုနှစ် ပြင်သစ်တော်လှန်ရေးကာလတွင် အမျိုးသားညီလာခံ၌ ဘယ်-ညာခွဲထိုင်ကြ၍ နိုင်ငံရေးရောင်စဥ်ဖြာ၌မြင်လွယ်အောင် ဘယ်-ညာဟုပေးထားခြင်းရယ်ပါ။
အမေရိကန်ဖြစ်ပြီး သင့်နိုင်ငံရေးရောင်စဥ် ဘယ်သို့ဖြာသည် တိတိကျကျသိလိုလျှင် အောက်ပါအမှတ်ပေးစနစ်နှင့်သွားပါလေ။

၁)သေဒဏ် L.မပေးသင့်။ R.ရှိသင့်/ပေးသင့်

၂) ကိုယ်ဝန်ဖျက်ချ L.အမျိုးသမီးသည်သူ့ခန္ဓာသူပိုင်၍ သူ့စိတ်ကြိုက်ဆုံးဖြတ်နိုင်သည်။ R.ကိုယ်ဝန်အားမည်သည့်အကြောင်းနှင့်မျှ ဖျက်ချခွင့်မရှိ။ လူသတ်မှုဖြစ်သည်။

၃) လူမျိုး/အသားအရောင်ခွဲခြားမှု L.အသားအရောင်ရှိသူများသည် အများစုလူဖြူနှင့်အချိုးကျ အခွင့်အရေးရှိရမည်။ အုပ်ချုပ်သူမှ ဥပဒေနှင့်အကာအကွယ်ပေးရမည်။ R.ကျောင်းဝင်ခွင့်/အလုပ်အကိုင်အခွင့်အရေးစသည်တို့တွင် (မည်သည့်အသားအရောင်/လူမျိုးဖြစ်စေ)ဆိုင်ရာသူ၏အရည်အချင်းနှင့်သာခွင့်ပြုရမည်။

၄) စီးပွားရေး L.အစိုးရစည်းကမ်းချစွက်ဖက်ထိန်းချုပ်ရမည်။ အရင်းရှင်များထံမှ ကာကွယ်ပေးရမည်။ R.လွတ်လပ်စွာကုန်သွယ်ရောင်းဝယ်ဖေါက်ကားနိုင်ရမည်။ ပုဂ္ဂလိကပိုင်ဆိုင်မှုဦးစားပေးမည်။ အရင်းရှင်များ၊ တဦးချင်းချမ်းသာကြွယ်ဝမှုကိုအားပေးထောက်ပံ့သည်။

၅) စွမ်းအင် L.ရေနံကျောက်မီးသွေးတို့၏ခေတ်ကုန်ပြီ။ အခြားစွမ်းအင်အရင်းအမြစ်တို့ကိုရှာဖွေရမည်။ R.ရေနံ၊ကျောက်မီးသွေး၊ဓာတ်ငွေ့၊ နှုကလီးယားတို့သည်သာ တိုင်းပြည်အဓိကစီးပွားရေးနှင့်စွမ်းအင်ဖြစ်သည်။ တိုးတက်ထုတ်လုပ်၍ တွင်းသစ်များရှာဖွေတူးဖေါ်ရမည်။

၆) သဘာဝဂေဟထိန်းသိမ်းရေး L.လူသားကြောင့်ကမ္ဘာ့ရာသီဥတုဖေါက်ပြန်ပြောင်းလဲသည်။ ကန့်သတ်စည်းကမ်းထုတ်ရမည်။ R.ကမ္ဘာပူနွေးလာခြင်းမှာ သဘာဝဖြစ်သည်။ ထိမ်းချုပ်ခြင်းဖြင့်စီးပွားရေးထိခိုက်စေသည်။

၇) လက်နက် L.အခြေခံဥပဒေကပေးသောအခွင့်အရေးဖြစ်သည်။ သို့သော် တဦးချင်းပိုင်ဆိုင်မှုကိုထိန်းချုပ်ရမည်။သေနတ်ကြောင့်လူသေစေသည်။ R.အခြေခံဥပဒေအရ လူတိုင်းကိုင်ဆောင်ကာကွယ်ခွင့်ရှိသည်။ သေနတ်ကိုင်အကြမ်းဖက်သမားများကိုသေနတ်နှင့်သာပြန်ဖြေရှင်းနိုင်သည်။

၈) ကျန်းမာရေးစောင့်ရှောက်မှု L.အစိုးရကကြီးကြပ်၍လူတိုင်းကျန်းမာရေးစောင့်ရှောက်မှုရသင့်သည်။ R.ငွေကြေးထည့်ဝင်မှုဖြင့်သာဆုံးဖြတ်သင့်သည်။ငွေပိုပေးနိုင်သူပိုကောင်းသောကျန်းမာရေးစောင့်ရှောက်မှုရကြရမည်။

၉) လူဝင်မှုကြီးကြပ်ရေး L.တရားဝင်ပြောင်းရွေ့ခိုလှုံသူများကိုတိုးလက်ခံမည်။ ခိုးဝင်ပြီးသူများကို ဥပဒေအရစောင့်ရှောက်၍ လိုအပ်သောအခြေခံအခွင့်အရေးများပေးမည်။ R.တရားဝင်ပြောင်းရွေ့ခိုလှုံသူများကို လျှော့လက်ခံမည်။ ခိုးဝင်များကိုနှင်ထုတ်မည်။ ဥပဒေချိုးဖေါက်သူ တရားဝင်နိုင်ငံသားဖြစ်မည့်လမ်းပေါ်၌မရှိစေရ။

၁၀) ဘာသာရေး L.ဘာသာရေးနှင့်နိုင်ငံရေး စွက်ဖက်မှုမရှိအောင်ခွဲခြားရမည်။ ဘုရားသခင်နှင့်နှင့်သက်ဆိုင်သည်များ အများပြည်သူနှင့်အစိုးရအဖွဲ့အစည်းများတွင်မရှိစေရ။ R.GOD ဘုရားသခင်၏နိုင်ငံတော်ဖြစ်သည်။ GOD နှင့်သက်ဆိုင်သည်များ အများပြည်သူနှင့်အစိုးရအဖွဲ့အစည်းများတွင်ထားခွင့်ရှိသည်။ ဘာသာရေးလွတ်လပ်မှုနှင့် ကိုကွယ်မှုအား အစိုးရမှဝင်ရောက်စွက်ဖက်ခြင်းမပြုရ။

၁၁) လိင်တူလက်ထပ်ခြင်း L.လူတိုင်းလိင်အခြေအနေနှင့်ကင်းလွတ်စွာတရား၀င်လက်ထပ်ခွင့်ရှိသည်။ R.ကျားနှင့်မသာတရားဝင်လက်ထပ်ခွင့်ရှိသည်။

၁၂) အခွန် L.လူတိုင်းအချိုးကျအခွန်ဆောင်ရမည်။ ချမ်းသာဝင်ငွေများသူများပိုဆောင်ရမည်။ အခွန်ငွေဖြင့် အစိုးရတရပ်အင်အားကြီးထွားလာပြီး ထိန်းချုပ်နိုင်မည်။ R.လူတိုင်းအခွန်ငွေလျော့နည်းဆောင်ရမည်။ အစိုးရအဖွဲ့အစည်းသည် အသုံးစရိပ်နည်း၍ အုပ်ချုပ်သူအင်အားနည်း/လူနည်းရမည်။

၁၃) လူမှုဖူလုံရေးနှင့်Social Security L.လိုအပ်၍ရှိရမည်။ ဆင်းရဲသူများကို မျှဝေထောက်ပံ့ရမည်။ R.Social Securityသည်ငွေကြေးစျေးကွက်အတွက် အန္တရာယ်ဖြစ်စေသည်။ အတိုင်းအတာတခုထိသာထောက်ပံ့ရမည်။ ကိုယ်တိုင်ကြိုးစားရပ်တည်နိုင်အောင်လမ်းဖေါ်ပေးရမည်။

၁၄) စစ်ရေး L.နိုင်ငံခြားရေးရာပေါ်လစီအမှားကြောင့် အကြမ်းဖက်မှု/သမားများဖြစ်တည်လာသည်။ R.အစ္စလမ်မစ်အစွန်းရောက်များနှင့်အနောက်ခရစ်ယန်နိုင်ငံများအတူယှဥ်တွဲနေရန်မဖြစ်နိုင်။ အမြစ်ပြတ်ချေမှုန်းရမည်။ စစ်အင်အားနှင့်စစ်ကိုယုံသည်။

၁၅) ကုလသမဂ္ဂ L.နိုင်ငံတကာအဖွဲ့အစည်းမျိုးလိုအပ်သည်။ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးကိုရှေ့ရှုကြရမည်။ R.မလိုအပ်။ အမေရိကနိုင်ငံသည်သာ ကမ္ဘာ့ဒီမိုကရေစီရေးကိုထိရောက်စွာစွမ်းဆောင်နိုင်သည်။

ကြိုက်သင့်ရာကို ၁မှတ်ဆီပေးပြီးအမှတ်ပေါင်းလျှင် သင်သည် ဘယ်လော ညာလော သိသာပါပြီ။
အလယ်အလတ် ခြံစည်းရိုးပေါ်ရှိနေဆဲနှင့် Center Left/Right သိပ်မသေချာသေးပါသလား။ အောက်ပါဖြစ်ခဲ့ပြီးသော အချက်အလက်များကို ဖတ်ကြည့်ဆုံးဖြတ်ပါလေ။

ပထမမျိုးဆက် မြန်မာ-အမေရိကန်
မြန်မာနိုင်ငံမှ အမေရိကားသို့ပြောင်းခိုလာသူပထမအသုတ်မှာ ၁၉၆၂စစ်တပ်မှအာဏာသိမ်းပြည်သူပိုင်လုပ်ကြသည့် စစ်အစိုးရတော်လှန်ရေးကောင်စီခေတ်မှသည် ၁၉၇၄ မြန်မာဆိုရှယ်လစ်လမ်းစဥ်ပါတီဟူသော ဘယ်နှင့်ညာနှင့်ရောချထားသည့် မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စနစ်(ဘယ်)အောက်တွင်လည်းနေဖူး/ကြီးပြင်းသူများဖြစ်ရကား အများစုကြီးမှာ ဘယ်မုန်းသူများတည်း။
အယူဝါဒရှေးရိုးစွဲပြင်းထန်သော ထေရဝါဒဗုဒ္ဓဘာသာရေးကို ယုံကြည်ကိုးကွယ်ကြသလို ရိုမန်ကက်တလစ်ခရစ်ယန်တိုင်းရင်းသားများလည်း များလှပါသည်။
သို့နှင့် ညာယိမ်း မွေးရာပါကွန်ဆာဗေးတစ်များရယ်ပါ။
မြန်မာနိုင်ငံ၏ တိုင်းရင်းသား၁၃၅မျိုး (၁၉၇၃က မြန်မာ-တရုတ်အပါအဝင် ၁၄၄မျိုး) ဖြင့်အတူတူယှဥ်တွဲနေထိုင်ဖူး။ ကမ္ဘာလူဦးရေအများဆုံး အန္ဒိယနိုင်ငံနှင့် ချိုင်းနားနိုင်ငံကြားမှ တိုင်းပြည်လည်းဖြစ်ရကား လူမျိုးရေးလည်း အစွန်းနားနင်းမိကြသည်အထိ စွဲကြပါသည်။
အမေရိကားတွင် အခြေချထားနေထိုင်ကြသူ ပထမမြန်မာ-အမေရိကန်မျိုးဆက်သည် ဦးနေဝင်းလက်ထက် အာဏာသိမ်း/ပြည်သူပိုင်သိမ်းခေတ် ထွက်လာကြသော မြန်မာ-တရုတ်နှင့် ဟန်ချိုင်းနီးစ်အနွယ်များကြသည့်အပြင် ထိုစဥ်က သမ္မတရစ်ချက်နစ်ဆင်(၁၉၆၉-၇၄)။ သမ္မတရော်နယ်ရီဂင်(၁၉၈၁-၈၉)တို့၏ ကွန်ဆာဗေးတစ်ပြည်နယ်ကယ်လီဖိုးနီးယားသို့ စတင်အခြေချခဲ့သူများဖြစ်သည်။ ထိုသူများကအဆင့်ဆင့် ဆွေစဥ်မျိုးဆက်ခေါ်ယူ၍ အမေရိကားသို့အခြေချလာကြသော ဆွေမျိုးအစဥ်တန်းကြီးသည်လည်း ရှေးရိုးစွဲကြသည်သာ။ ရောက်ပြီး ရီပါဗလစ်ကန်ပါတီဝင်များဖြစ်ကုန်သူလည်းမနည်းပါ။
၁၉၈၈နောက်ပိုင်း စစ်အာဏာရှင်ခေတ်တွင် မြန်မာနိုင်ငံသမိုင်းတွင် အများဆုံးမဟာမြန်မာရွေ့ပြောင်းမှုကြီးစတင်သည်။ ပြောင်းခိုသူတို့သည် ကွန်ဆာဗေးတစ်ပြည်နယ်များဖြစ်သော သမ္မတဘုရှ်တို့၏တက်ဆပ်စ်။ ဒုသမ္မတမိုက်ခ်ပန်င်စ်၏အင်ဒီယားနား။ မြောက်ကယ်လိုရိုင်းနား။ ဂျော့ဂျီယာ သို့တန်းအခြေချကြရာ မူလခရစ်ယန်/အစ္စလမ်ဘာသာရေးနှင့်ရောနှောပြီး ကွန်ဆာဗေးတစ်စစ်စစ်များဖြစ်လာသည်။ စစ်ကြောင့်ဒုက္ခရောက်ခဲ့သူများဖြစ်ရကား စစ်အင်အားကြီးထွားရမှုကိုယုံသည်။
Reagan Republican
သမ္မတရော်နယ်ရီဂင်၏ ကွန်ဆာဗေးတစ်သည် ယခုသမ္မတထရမ့်နှင့် လုံးဝခြားနားသည်ဆိုရမည်။ ခိုးဝင်နေထိုင်ထားသူ ၃သန်းမျှကို တရားဝင်နေခွင့်လမ်းပေါ်တင်ပေးခဲ့သော ရော်နယ်ရီဂင်လက်ထက် Immigration Reform and Control Act of 1986သည် ရီပါ့ဗလစ်ကန်များကြားတွင်လွန်စွာအောင်မြင်ခဲ့ဖူးသည်။ ဘာလင်တံတိုင်းကို ဖြိုလှဲချကာ ဆိုဗီယက်ယူနီယံကို တစစီဖြိုခွဲစေနိုင်သော သူ၏နိုင်ငံခြားရေးပေါ်လစီသည်လည်း ကမ္ဘာသမိုင်းတွင်ကျန်ရစ်သည်။
နောက်ပိုင်းအခြေချလာသူများသည် သမဂ္ဂအားကောင်းလာမှု၊ အသင်းအဖွဲ့စုစည်းလုပ်ဆောင်မှု၊ ဆေး/စက်မှုသိပ္ပံသမား၊ ကွန်ပြူတာအိုင်တီကြားချကြသဖြင့် မူလကွန်ဆာဗေးတစ်မြန်မာများနှင့် ရောထွေးကြကာ နိုင်ငံရေးရောင်စဥ် ဖြာ၍ဘက်ပြောင်းကုန်သည်ရှိသလို Center Right, Left ခေါ်သော အလယ်ဖက်နီးသမားများ။ ရောင်စဥ်မကြည့် အဆင်ပြေသလိုယိမ်းသည့် Independent အဖြစ်တို့ရှိလာပုံရသည်။
သို့သော် အာရှသားနှင့် လက်တီနို/နာ ပြောင်းခိုလာသူအများစုတို့၏ ကယ်လီဖိုးနီးယန်းသည် လစ်ဘရယ်ဆန်လာကြသည်ကားအသေအချာ။

ရိုဟင်ဂျာအရေး
သမ္မတထရမ့်လက်ထက်တွင် မြန်မာနိုင်ငံ၏ရိုဟင်ဂျာအရေး၌ မြန်မာအစိုးရကိုဖိအားပေးမှု များစွာပြုလုပ်ခဲ့၏။ Rep. Steve Chabot, R-Ohio က ဂျီနိုဆိုက်ခေါင်းစဥ်တပ် ဦးဆောင်တင်သွင်းသော ဆုံးဖြတ်ချက်မူကြမ်းကို ထိုစဥ်က နိုင်ငံခြားရေးရာကော်မတီဥက္ကဌ Rep. Ed Royce,R-CAနှင့် Rep. Eliot Engel, D-NY တို့မှ ဟောက်စ်၏ဆုံးဖြတ်ချက်ပြုခဲ့ကြသည်။ စိနိတ်တွင် စိနိတ်တာ Mitch McConnell R-KY နှင့်သမ္မတထရမ့်ထံမှ မည်သည့်အသံမှ ထပ်မံကြားခဲ့ကြရခြင်းမရှိခဲ့။

ယခုလပိုင်း အခြေအနေသို့ဆွဲယူ ချိန်ဆကြည့်ပါအံ့
SCOTUS တရားရေးရုံးချုပ်
တရားသူကြီးချုပ်တဦးဖြစ်သည့် RBGကွယ်လွန်သွားရကား တရားရေးရုံးချုပ်တွင် ကွန်ဆာဗေးတစ်(တစ်)တရားသူကြီးချုပ် ၅ဦး + ကွယ်လွန် ၁ဦး+ လစ်ဘရယ်(လစ်)၃ဦး =၉ဦးအခြေအနေဖြင့် ချိန်ခွင်လျှာယိုင်နေပါသည်။ ယခုလတွင်လစ်လပ်နေရာသို့ ကွန်ဆာဗေးတစ်တရားသူကြီးချုပ် တဦးကိုရွေးတင်ဦးမည်ဖြစ်ပေရာ ရာထူးသက်တမ်းမရှိသော တရားသူကြီးချုပ်ခုံနေရာတွက် တစ်၆+လစ်၃ ဖြစ်သွားပါလိမ့်မည်။
လစ်ဘရယ်တို့၏ မူလအယူအဆဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု(Affordable Care Act)၊ ကိုယ်ဝန်ဆောင်ဖျက်ချမှု (Roe v. Wade)နှင့် LGBTQ အခွင့်အရေးများ တရားရေးအရပြောင်းပြန်လှန်ခံရဖွယ်ဆိုက်နေပါသည်။

US-China
လက်တွေ့ခန့်မှန်းရသည်မှာ သမ္မတထရမ့်သည် ချိုင်းနားနှင့်လက်နက်စစ်တကယ်တိုက်မည့်သမ္မတမဟုတ်ချေ။ ဤသည်ကို အင်တာဗျူးများတွက် ပြောခဲ့ပြီးဖြစ်သည်။ စီးပွားရေးသမားဖြစ်သည့်အားလျှော်စွာစစ်ကိုမိုက်မူပဲ တိုက်မည့်တဲ့ဟန်ပြုရင်း သိမ်းသွင်းစည်းရုံးမည့်သဘောကိုလည်း ပြီးခဲ့သောသက်တမ်း၃နှစ်ကျော်တွင်ပြပြီးဖြစ်သလို စစ်မဖြစ်စေပဲ ကစားနိုင်ခြင်းကြောင့် အသက်များစွာသေကြေပျက်ဆီးမှုရှောင်ရှားနိုင်သဖြင့် ငြိမ်းချမ်းရေနိုဗယ်ဆုကိုလိုချင်ကြောင်းလည်း အကြိမ်ကြိမ်ပြောပြီးဖြစ်ပါ၏။
သို့ဆိုလျှင် ချိုင်းနားနှင့်စစ်ဆိုင်ထားဟန်ရှိသော တောင်ချိုင်းနားပင်လယ်မှစစ်ရေးလှုပ်ရှားမှုများ မူလရည်ရွယ်ချက်ဘယ်/ဘာနည်း။
စူပါပါဝါသည် ချိုင်းနား၏နယ်နမိတ်ကပ်ရက်နိုင်ငံများဖြစ်သော ထိုင်ဝမ်၊ ကိုရီးယား။ ဗီယက်နမ်နှင့် အိန္ဒိယ မြန်မာတို့ဆီချည်းကပ် သိမ်းသွင်း ဒေသန္တရအပေါ်စီးယူ စီးပွားရေးလုပ်စားကစားနေခြင်းသာရယ်ပါ။
သို့နှင့် အန္ဒိယမှသည် ဂျပန် တောင်ကိုရီးယား။ ထိုင်ဝမ် ချမ်းသာသည့်နိုင်ငံတို့အားလည်း လေယာဥ် သင်္ဘော စစ်လက်နက်ဒုံးများရောင်းထားနိုင်သည့် စီးပွားရေးလုပ်နည်းမျိုးပါပေ။

Presidential Proclamation 9645 and 9983
မြန်မာတို့နှင့်တိုက်ရိုက်ဆိုင်သည်မှာ မြန်မာနိုင်ငံသားများကို အမေရိကနိုင်ငံသို့အမြဲတန်းအခြေချနေထိုင်ခွင့်အတွက် ဗီဇာထုတ်ပေးခြင်းအား တိုက်ရိုက်ပိတ်ပင်လိုက်သော သမ္မတ၏အမိန့်ဖြစ်သည်။
ကမ္ဘာရှိ ၁၉၅နိုင်ငံတွင်မှ အခြားနိုင်ငံ၅ခုနှင့်အတူ မြန်မာနိုင်ငံကိုထည့်သွင်းရွေးပိတ်ထားသောအမိန့်မှာ ယနေ့ထိတိုင်သက်ရောက်နေဆဲဖြစ်သဖြင့် DV-19 မဲပေါက်ထားသူအချို့မှသည် ယခုအသစ်ထုတ်ထားသော DV 2022 အထိ မဲပေါက်သူများလည်း အမေရိကားသို့ပြောင်းရွေ့ခိုလှုံခွင့်မရှိပါ။ မြန်မာနိုင်ငံမှ နိုင်ငံသားတဦး အမေရိကန်နှင့်လက်ထပ်၍ အမေရိကားသို့အမြဲတန်းနေထိုင်ရန် ဗီဇာလျှောက်ခွင့်မရှိပါချေ။

Climate change
ရာသီဥတုပြောင်းမှုဒဏ်ကို အမေရိကအနောက်ဖက်ကမ်းရိုးတမ်းနှင့်အရှေ့တောင်ဖက် ပြည်နယ်တို့သိသာစွာခံစားကြရသည်။
ကယ်လီဖိုးနီးယားမှာ ယခုနွေရာသီက သမိုင်းမကြုံဖူးအောင် အပူချိန်စံချိန်တင်တက်မှုနှင့်အတူ တောမီးဧက၄သန်းကျော်လောင်ကျွမ်းပြာကျပြီးလေပြီ။ အရှေ့တောင်ဖက်ပြည်နယ်များသည်လည်း အတ္တလန္တိတ်သမုဒ္ဒရာတွင်း စံချိန်တင်မုန်တိုင်းအလုံးအရေအတွက်ပေါင်း၂၆လုံးဖြစ်တည် ရိုက်ခတ်ခြင်းကို အပြင်းထန်ဆုံးကြုံနေရသည်။ ယခုထိ သမိုင်း၁၀၄နှစ်စံချိန်ကိုချိုးထားဆဲပါ။

Covid-19
ကိုဗစ်ရောဂါဖြင့် (ယနေ့ ၁၀၁၂၂၀၂၀) ၇.၇၉Mကူး/၂၁၅Kသေပြီးလေပြီ။ ကမ္ဘာ့နိုင်ငံများအားလုံးတွင် အများဆုံးဖြစ်ပါ၏။ ထိုအထဲတွင် အမေရိကနေ မြန်မာတို့လည်းရာဂဏန်းပါဝင်နေသည်။
ပြီးခဲ့သော ၄နှစ်က စ၍တောက်လျှောက်တက်ခဲ့သော စတော့ရှယ်ရာစျေးနှုန်းကြောင့်လည်း အမြတ်ကျန်ချမ်းသာနေသူတို့ရှိမည်။ အလုပ်လက်မဲ့နှုန်းမကြုံဖူးအောင်ကျခဲ့၍ အကျိုးခံစားရသူတို့ရှိပါဦးမည်။ ယခုကျန်ပါသေး၏လား။
ကူး/သေ နှင့် အလုပ်လက်မဲ့နှုန်းက ဒေတာအချက်အလက်များဖြစ်ပါသည်။ နောင်လမည်မျှကြာဦးမည်နည်း။ ဘာဖြစ်ကြဦးမည်နည်း။ သို့သော် အလုပ်လက်မဲ့နှုန်းတက်နေမှုနှင့်စီးပွားရေးထိုးဆင်းနေခြင်းမှာ ကိုဗစ်ကြောင့်သာဖြစ်သဖြင့် ကိုဗစ်ပျောက်လျှင် ကောင်းလာမည့်ဟန်ရှိပါ၏။

I Vote, One Million Strong
အမေရိကားတွင် အခြေချနေထိုင်နေသော မြန်မာ-အမေရိကန်များ တတိယမျိုးဆက်ပင် ထင်ရှားမြင်ကြရပါပြီ။ အားလုံးပေါင်းလျှင်သန်းဂဏန်းရှိပြီယူဆပါ၏။
ဘယ်-ညာ အလယ်နီး အချက်အလက်များဆက်ကြည့်၍ရောင်စဥ်ကိုရွေးပြီးပါက သမ္မတရွေးမဲပေးကြရန်ဖြစ်ပါသည်။ ဖြစ်နိုင်လျှင် သမ္မတနှင့် စိနိတ်တာကို ပါတီမတူရွေးပါလေ။
သို့နှင့်မောင်းနှင်အားကောင်းသော အတိုက်အခံနှင့်နိုင်ငံရေးကိုမွေးဖွားပေးနိုင်သည်။ နိုင်ငံရေးဟူသည် အတိုက်အခံနှင့်မှ တိုးတက်သည်မဟုတ်လော။

ကိုယ့်အကျိုးစီးပွား။ ကိုယ့်မိသားစု-ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်း-ကိုယ့်မြို့/ပြည်နယ်အကျိုးစီးပွားကြည့်ပါ။ ထိုမှ ကိုယ့်မူလမွေးဖွားခဲ့ရာနိုင်ငံအကျိုးစီးပွားထည့်တွက်ပါ။
ရာစုနှစ်အတွက်အရေးအကြီးဆုံးသော ရွေးကောက်ပွဲဖြစ်ပါသည်။ သင့်အပေါ်တွင် ပြောင်းလဲခြင်းတည်နေသည်။ /