Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ဂဇက် အယ်ဒီတာ့ သင်ပုန်း – ဧပြီ ၂၀၂၁

kaiApril 15, 20212min13420

“သမိုင်းဘီးကြီး ချာချာလည်”


၁၈၇၈ခုနှစ် မင်းတုန်းမင်းနတ်ရွာစံသောအခါ ဆင်ဖြူမရှင်ကြိုးကိုင်မှုဖြင့် ဘုန်းကြီးဝတ်နေသောမောင်ရေစက်အား သင်္ကန်းဆွဲချွတ်၍ သီပေါမင်းအဖြစ်နန်းတင်သည်။ ၁၈၇၉ ဖေ‌ဖော်ဝါရီလတွင် နန်းတွင်းအာဏာလုပွဲများဖြင့် မင်းညီမင်းသားအယောက်၄၀ကျော်ကို (သွေးမြေမကျရအောင်ဆိုကာ)လည်မြိုတုတ်နှင့်ရိုက်သတ်ခဲ့ကြဖူးသည်။ နန်းတွင်းအာဏာလုပွဲများ တခြိမ်းခြိမ်းချနေချိန်တွင် တိုင်းရေးပြည်ရေး စစ်ရေးမငြိမ်သက်။ သူပုန်စုံထလျှက် အာဏာစက်လည်း ကျယ်ပြန့်မသက်ရောက်။ ၁၈၈၄တွင် မင်းသွေးပါသူ အယောက်၄၀၀ကျော်ကို နောက်တကြိမ်မျိုးဖြုတ်သတ်ဖြတ်ပြန်သည်။ ထိုအချိန်‌အောက်မြန်မာနိုင်ငံမှာ အင်္ဂလိပ်ကိုလိုနီအဖြစ် စီးပွားဖြစ်ထွန်း နိုင်ငံရေးတည်ငြိမ်ရကား ‌အောက်ပြည်အောက်ရွာသို့ ထွက်ပြေးခိုလှုံကြသူ မြန်မာလူမျိုးသိန်းချီခဲ့ဖူးသည်။
သို့နှင့် အင်္ဂလိပ်စစ်သင်္ဘောများ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာပြီး ၁၈၈၅ နိုဝင်ဘာလတွင် သီပေါမင်းအားကြက်/ငှက်ကလေးလိုဖမ်း၍ အိန္ဒိယသို့ပို့ပေးလိုက်ပါလေသတည်း။ လူထုမှာ တိုင်းရေးပြည်ရေးစိတ်ပျက်လွန်းနေချိန်ဖြစ်ရကား လက်ခုတ်များတီး၍ အရောက်ပို့ပေးလိုက်လေသလောပင်မပြောတတ်။ ယခုလည်း မျှော်ကြရပြန်သည်။ ဘင်္ဂလားပင်လယ်ဖက်မှ စကြဝတေးမင်းတပ်ကြီးကားပေါ်မလာ။

“မင်းမှာသစ္စာ လူမှာကတိ စစ်သားမှာမသိ”
ဗိုလ်ချုပ်ကြီးနေဝင်းအား ထိုစဥ်ကဝန်ကြီးချုပ်ဦးနုမှ ၁၉၅၈ အောက်တိုဘာမှ ၁၉၆၀ ဧပြီအထိ မြန်မာ့နိုင်ငံရေး/စစ်ရေးမငြိမ်မသက်မှုများအကြောင်းပြုခေတ္တအာဏာအပ်ဖူးသည်။ ယခုဧပြီလ ၉ရက်နေ့က ကွယ်လွန်သွားသော ဖိလစ်မင်းသားကြီး မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ၁၉၅၉ မတ်လအချိန်က တိုင်းပြည်အားအုပ်ချုပ်နေသူမှာ ဗိုလ်ချုပ်ကြီးနေဝင်းဖြစ်ကာ သူကပင်လေဆိပ်၌ကြိုဆိုခဲ့ပါ၏။ ၁၉၆၂ မတ်လ ၂ရက်နေ့တွင် ရွေးကောက်ခံအစိုးရကို သစ္စာဖောက်၍ ရွေးကောက်ခံဝန်ကြီးချုပ်ဦးနုကို “လောက်ကောင်မိပြီ”ဟုဆိုကာဖမ်းဆီးချုပ်နှောင် အပြီးတိုင်အာဏာသိမ်းဖူးသည်။ ဘယ်သောအခါမှအာဏာပြန်မလွှဲခဲ့။
၁၉၈၈ တွင်လည်း မဆလအစိုးရကိုဖျက်သိမ်း၍ အာဏာသိမ်းစစ်အစိုးရက ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်ပေးမည်ကတိပေးဖူးသည်။ ၁၉၉၀တွင်ရွေးကောက်ပွဲလည်းလုပ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လည်း သောင်ပြိုကမ်းပြိုနိုင်ဖူးပါ၏၊ ထိုစဥ်ကအနိုင်ရပါတီကို အာဏာမလွဲခဲ့သလို ကတိပေးထားသည့် ထိုစဥ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးစောမောင်ကိုလည်း စိတ်ဝေဒနာခံစားရသည်လုပ်ပစ်၍ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတက်ပါလေသတည်း။ ယခုလာပြန်ချေပြီ။ ၁နှစ်အာဏာထိန်းသည်တဲ့။ သိမ်းသည်မဟုတ်ပါတဲ့။ ထိုမှ ၂၀၀၈ခြေဥအရ ၆လသက်တမ်း၂ခါတိုးခွင့်ရှိသော ပေါင်း ၂နှစ်အလွန်ဆုံးအတွင်း ရွေးကောက်ပွဲလုပ်ပေးပါမည်တဲ့။
လက်တွေ့တွင်ကား ရွေးကောက်ခံရပြီးသူကိုယ်စားလှယ်များနှင့်အစိုးရကို ပုဒ်မဆန်းမျိုးစုံတပ် အမှုများတိုးလျှက်သား။
တိုင်းပြည်၏အနာဂတ်နှင့် စစ်အုပ်စုအခြေအနေကို ရိပ်မိနေသောလူထုကြီးသည် နောက်မဆုတ်တိုး၍ဆန္ဒပြလာသည်ကိုပင် ခဲနှင့်ထုအကြမ်းဖက်ကြ၍ စက်သေနတ်နှင့်ပစ်သတ်ရပါသည်ဟု ငါးဖယ်ကပြောင်းပြန်တေရဲသော စစ်သားကြီးများရယ်ပါ။

“David & Goliath Contest”
အနှစ် ၆၀တိုင်းပြည်၏အညွှန့်အဦးများပေါ်ထိုင်၍ တည်ထောင်ထားသည့် ASEANတွင်အဆင့်၄ရှိ တပ်မတော်၏စစ်အင်အား/ပါဝါအား EAOs များအားလုံးပေါင်းလျှင်လည်း လူ/လက်နက်အင်အားချင်းမယှဥ်နိုင်။ David and Goliath Contest ဟု စစ်ဖက်ရေးရာကျွမ်းကျင်သူ အန်တိုနီ‌ဒေးဗစ်ကရှင်းပြထားသည်။ တပ်မတော်သည် Deep State ဖြစ်နေပြီး စားဝတ်နေရေးလူမှုရေးအလုံးစုံ၊ မူလတန်းကျောင်းမှသည် အင်ဂျင်နီယာစစ်တက္ကသိုလ်/သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်အထိ တည်ထောင်ရှိပြီးဖြစ်သည်။ ဒုံးလက်နက်အသေးစားထုတ်လုပ်နိုင်သောအဆင့်တွင်ရှိနေယုံမက နိုင်ငံအချို့သို့ လက်နက်စစ်ပစ္စည်းထုတ်ရောင်းနေနိုင်သော ကျည်း/ရေ/လေ စနစ်တကျဖွဲ့ထားသည့်စစ်တပ်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ထိုစစ်အင်အားစုကြီးကို “ဘုရားသား”ဟုခေါ်သော သံယာအများစုနှင့် ထေမထားပေရာ ဘာသာရေးအစွန်းရောက်အမျိုးသားရေးအင်အားစုများနှင့် ပြည်ခိုင်ဖြိုးအမာခံများအားလုံးပေါင်းလျှင်သန်း(၂၀)ဝန်းကျင် တိုင်းပြည်၏၃ပုံ၁ပုံရှိနေနိုင်သည်။ ပြည်တွင်းစစ်အားဖြင့်သော်၄င်း ပြည်ပအင်အားကျုးကျော်မှုဖြင့်သော်၄င်း နှစ်တိုအတွင်းမပြီးပြတ်ရာ။ အနီးစပ်ဆုံး ဆီးရီးယား(လူဦးရေ ၁၇သန်း)နှင့်ဆင်ဆင်သွားလျှင်ပင် ၁၀နှစ်ကျော်ကြာသည်အထိမပြီးပြတ်သေးသော ဆီးရီးယား၏ပြည်တွင်းစစ်- သေသူ၄သိန်းကျော်နှင့် စစ်ပြေးဒုက္ခသည် ၅.၆သန်းကိုမြင်ကြရမည်။

“ယားသုံးယားနှင့် ကွယ်လုလုပေါ်မှာ”
ဒေါက်တာသန့်မြင့်ဦး၏ ဇူလိုင် ၈၊ ၂၀၁၈ ခုနှစ်တွင်ဆွေးနွေးတင်ပြချက်အရ ကမ္ဘာ့ဥတုရာသီအပြောင်းကြောင့် “လူတွေရဲ့သက်တမ်းအတွင်းမှာပဲ နိုင်ငံက ပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်ပါတယ်။” ဟူသော မြန်မာနိုင်ငံ၏ အခြေအနေလည်းထည့်စဥ်းစားရမည်ဖြစ်ပါသည်။ မြန်မာသည် Global Climate Risk Index 2020 အရပြီးခဲ့သည့်ဆယ်စုနှစ်၂ခုတွင် ကမ္ဘာဥတုကြမ်းဒဏ်ခံရသောနိုင်ငံများစာရင်း၌ ထိခိုက်ခံရဆုံး ၃နိုင်ငံထဲပါသည်။ သို့နှင့် မြန်မာနိုင်ငံမှ ဆယ်စုနှစ် ၃ခုအတွင်းခုန်ထွက်လာကြတော့မည့် သန်းချီ Climate Migrant ဥတုဘေးကပ်ရှောင်သူများလည်းရှိလာမည်ဖြစ်ပေရာ မည်သည့်နိုင်ငံကြီးကမှ ထဲထဲဝင်ဝင်ပါဝင်ပါတ်သက်မှုမရှိချင်။

မြန်မာနိုင်ငံတွင်အာဏာလုကာလကနေထိုင်ရှိနေခဲ့သည့်ဝါရှင်တန်တက္ကသိုလ်ပါမောက္ခမာရီကလဟန်င်ကမူ ပြည်တွင်းစစ်ကြီးနှင့်ကျရှုံးနိုင်ငံဖြစ်ပြီးခဲ့ပြီဆိုပါသည်။
UN human rights မှလည်း မြန်မာနိုင်ငံသည်မကြာမီ ဆီးရီးယားကဲ့သို့ အပြင်းထန်ဆုံးပြည်တွင်းစစ်ကြီး “full-blown conflict”ဆိုက်သွားနိုင်သည်ဆိုလိုက်ပေပြီ။
လူထုထံပြန့်နေသည့် တဘောင်မှာမူ လူထု-ရှုံးလျှင်မြောက်ကိုရီးယား၊ မညီလျှင်ဆီးရီးယားနှင့် နိုင်လျှင်တောင်ကိုရီးယားပါတဲ့။
World Bank ၏ခန့်မှန်းချက်အရ ကိုဗစ်ရောဂါကပ်အတွင်း ကျဆင်းခဲ့သည့်နိုင်ငံစီးပွားရေးများအား နိုင်ငံအများကဆွဲတင်နေကြရတွင်‌အပေါင်း ၄-၅-၇ဖြင့်အောင်မြင်ကြသလောက် မြန်မာနိုင်ငံမှာစစ်အာဏာလုအုပ်စုလက်ချက်ဖြင့် ၂၀၂၁တွင် နောက်ပြန်ဆွဲ ကျုံ့ဝင်အနှုတ်၁၀ပါ။

“ဒီမိုကရေစီအတွက် အော်တော့ခရေစီ”
ဒီမိုကရေစီအမေရိကား/ဥရောပမှ စစ်အာဏာလုအုပ်စုနှင့်တိုက်ရိုက်သက်ဆိုင်နေသူများနှင့် MEHL,MEC ကဲ့သို့စစ်လုပ်ငန်းစုကြီးများကိုချိန်ဆ စီးပွား/ဘဏ္ဏာပိတ်စို့အရေးယူနေပေရာ နိုင်ငံခြားငွေဒေါ်လာနှင့်ယူရိုသုံးသည့် စီးပွားရေးလုပ်ငန်းများထိခိုက်ကုန်သည်။ ယခုနောက်ဆုံးထိ MECဆီမှမြေငှား၍ ဆိပ်ကမ်းတည်ဆောက်နေသော ဘီလီယံနာအိန္ဒိယပြည်သားပိုင်ကုမ္ပဏီကိုပင် S&P Dow Jones index မှထုတ်ပစ်သည်အထိဖြစ်လာသည်။
ဂယ်ပေါက်တို့ကားကျန်သေး၏။ မြန်မာပြည်နှင့်တိုက်ရိုက်ကုန်သွယ်မှုနည်းပါးပြီး စစ်လက်နက်သာအဓိကရောင်းနေသည် ရုရှားဆီမှ မည်သည်မှ ထူးခြားရယူရန်မရှိ။
အိန္ဒိယမှာမူ ချိုင်းနားသို့ပူးပေါင်းဖိအားပေးရန် အမေရိကားဦးဆောင်သောQuad တွင်ပါဝင်နေပြီးဖြစ်နေရာ မြန်မာအရေးကို တိုက်ရိုက်ကြီးဝင်စွက်ဖက်မည်မဟုတ်။
ဂျပန်မှာလည်း ထိုနည်းတူဖြစ်သော်လည်း လုပ်လက်စစီးပွားရေး/ရင်းနှီးမြုတ်နှံမှုများအပေါ် သိသာသော ငွေထိုးထည့်မြှင့်တင်မည်ကားမထင်ပါ။
ASEAN နိုင်ငံများမှာ အမေရိကား၏ဖိအားကြောင့် ဆောင်ချင်ဟန်ပြုသော်လည်းရှောင်နေကြသည့်သဘောရှိသည်။

သို့ဆိုလျှင် အော်တော့ခရေစီ ချိုင်းနားသာ ထီးထီးကျန်သည်။ ချိုင်းနားကသာ စစ်အာဏာလုအုပ်စုဖက်မှ လုံးဝရပ်တည်လိုက်လျှင် အနောက်နိုင်ငံများ၏ စီးပွားပိတ်ဆို့အရေးယူမှုတို့အပါအဝင် စစ်ရေးပြင်ထားသည်များပင် အလဟသဖြစ်ကုန်နိုင်သည်။ ချိုင်းနားသည် မြန်မာနိုင်ငံနှင့် နယ်နမိတ်၁၃၅၀မိုင်ထိစပ်နေသော ရွေ့ပြေးမရသည့်အိမ်နီးချင်းနိုင်ငံ စီးပွားရေးတိုးတက်တောင့်တင်းလာသော နိုင်ငံကြီးပါတည်း။
ချိုင်းနားသည် ငွေကြေးစက္ကူအသစ်ထုတ်ရန်လည်းကူနိုင်သလို စစ်လက်နက်လေယာဥ်ဒုံး၊ဒရုန်းတို့လည်းကူနိုင်သည်ကို မမေ့သင့်။ အတိုးနှုန်းတင်၍ ငွေထုတ်ချေးကာ အကြွေးထောင်ချောက်ထဲပစ်ထည့်နိုင်သည်ကိုလည်း သိသင့်။
ယခုအခြေအနေခြုံငုံသုံးသပ်လျှင် ချိုင်းနား၏ပေါ်လစီမှာ မသေချာဝေဝါးနေသေးဟန်ရှိသည်။ အချိန်ကြာစောင့်မည်တော့ကားမထင်။
စစ်အာဏာလုခံရပြီးနောက် အထိခိုက်ဆုံးပြည်ပနိုင်ငံမှာ ချိုင်းနားဖြစ်သည်။ တနှစ်အပြန်အလှန်ကုန်သွယ်မှု $၂၂.၅ဘီလီယံ(၂၀၁၄)အထိရောက်တတ်သည့်နယ်စပ်ကုန်သွယ်မှုများမှာ နေ့စဥ်နှင့်အမျှ နစ်နာနေသလို $ဘီလီယံ ၂၀ကျော်ရင်းနှီးမြုတ်နှံထားသည့် လုပ်ငန်းများမှလည်း ငွေပြန်မလည်လာ။ လာလတံ့သော BRI ကဲ့သို့စီမံကိန်းများအတွက်လည်း ချထားသည့်လုပ်ငန်းစဥ်များ ငွေကြေးများ၏ အနာဂတ်မသေချာ။

“အိုဘားမား၏သားလုခန်း”
ထိုအခြေအနေကို အမိဖမ်း၍ ရွေးကောက်ခံကိုယ်စားလှယ်များကို ကိုယ်စားပြုသည့် CRPH နှင့်အစိုးရသည် နိုင်ငံရေးကစားရမည့်အချိန်ဖြစ်ပါသည်။ ကိုယ်မကျွမ်းကျင်သောစစ်ရေးကို ကစားရန်အချိန်မဟုတ်ဟုမြင်ပါသည်။
ချိုင်းနား၏ကွန်မြူနစ်ပါတီနှင့်တိုက်ရိုက်ဆွေးနွေး ပေးသင့်သည်တို့ပေး ယူသင့်သည်တို့ယူရမည်။ မူလကူညီနေသူ မိတ်ရင်းအမေရိကားဆီမှလည်း အကြံဥာဏ်များတိုက်ရိုက်ယူရမည်။
သတ္တိရှိရှိနှင့် အလယ်တွင်ထိုင်ကစားရဲရမည်။
ဒေါ်အောင်ဆန်းစုကြည်အစိုးရ လက်မှတ်ထိုးထားသော စီမံကိန်းများကို ဆက်အာမခံပါ။ ရင်းနှီးမြုတ်နှံမှုများ၏ လုံခြုံစိတ်ချရမှုကို တာဝန်ယူပါ။
ချိုင်းနားပြီးလျှင် စင်္ကာပူ၊ အိန္ဒိယ။ ထိုင်း၊ ဂျပန်၊ ဗီယက်နမ်နိုင်ငံများနှင့်လည်း စကားပြော၍စီမံကိန်း/ရင်းနှီးမြုတ်နှံမှုများကို အာမခံပါ။
အစိုးရတရပ်သည်အစိုးရလိုကျင့်ကြံရပါမည်။ စစ်အာဏာလုအုပ်စု ချနင်းခဲ့သည်များကို တာဝန်ယူတာဝန်ခံပါ။ မြန်မာ့ဂုဏ်ရည်ကိုပြန်မြှင့်တင်ပါ။

ဒေါ်အောင်ဆန်းစုကြည်အားလွှတ်ပေးလိုက်သည်နှင့် ညှိနှိုင်းရေးလမ်းကြောင်းပေါ်တက်နိုင်လျှက်မှ အသာစီးရနေသည်ထင်‌တော်မူသည်လားမသိ။ စစ်အာဏာလုအုပ်စုမှ ဒိုင်ယာလော့ရည်ရွယ်ပုံပင်မပြ။ အောက်ခြေသတင်းပို့သူများ ချွတ်ချော်ပို့နေသည်လည်းဖြစ်နိုင်သည်။ ရွေးကောက်ပွဲအပြီးက အကြိမ်ကြိမ်ညှိနှိုင်းရန်ပြောခဲ့ပြီးပြီမူ၍ စိတ်တော်ကောက်နေသည်လည်းဖြစ်နိုင်သည်။
မဟော်သဓာ၏ သားလုခန်းအရ ဘီလူးမနှင့် မိခင်ရင်းနှစ်ဦးသားဆွဲလုကြရာတွင် သားမနာစေလိုသူမိခင်ရင်းမှလွှတ်ပေးလိုက်ရသည်။ တိုင်းပြည်မနာစေရန် မိဘရင်းလူထုမှ လွှတ်ချပေးရပေဦးမည်။
နောက်ဆုံးတနေ့ စစ်အုပ်စုနှင့်ဆွေးနွေးပွဲရှိခဲ့ပါလျှင် အမေရိကသမ္မတဟောင်းတဦးကို မဟော်သဓာနေရာထားသည်မှာကားအကောင်းဆုံးပါပေ။ သမ္မတကြီးအိုဘားမားဆိုလျှင် မြန်မာစစ်တပ်နှင့်လူထုရွေးကောက်ခံအစိုးရကြား များစွာသင့်လျှော်သည်မြင်ပါ၏။

နိုင်ငံရေးကိုအနုပညာထည့် ငြိမ်းချမ်းစစ်ဆင်နွှဲကြပါ။ လက်နက်စစ်ကိုရှောင်ပါ။ လူချင်းတွေ့ကြပါ။ ညှိကြပါ။
စားပွဲပေါ်တွင် ညှိနှိုင်းကြခြင်းသည် အရှုံးပေးခြင်းမဟုတ်။ မေ့ပစ်ခွင့်လွတ်ရန်လည်းမလို၊ အနိုင်ယူခြင်းတည်း။