‘‘BRAVE Burma Act’’

kaiJuly 10, 20245min3070

‘‘Bringing Real Accountability Via Enforcement in Burma Act’’ ကို ‘‘BRAVE Burma Act’’ လို့ခေါ်တာပါ..။ စာလုံးလေးက.. လှ။

ကွန်ဂရက်အမတ် .. Bill Huizenga (R-MI) က.. အဲဒီဥပဒေကြမ်းကို.. တင်ထားပါတယ်..။

Burma Caucus ရဲ့.. ပထမဆုံးထူးခြားလှုပ်ရှားမှုလို့ခေါ်ရပါမယ်…။

ဘိုင်ပါတစ်ဆန်ခေါ်တဲ့.. ရီပါ့ဗလစ်ကန်/ဒီမိုကရက်.. ၂ပါတီအမတ်တွေပူးပေါင်းအတည်ပြုမှုတခုဖြစ်တာမို့… နည်းနည်းတွန်းပေးလိုက်တာနဲ့.. သမ္မတဆီရောက်ပြီး.. လက်မှတ်ထိုး.. ဥပဒေဖြစ်သွားနိုင်ချေရှိပါတယ်..။

‘‘BRAVE Burma Act’’ အရ.. မြန်မာစစ်တပ်က… လူထုဝယ်ပေးထားတဲ့.. စစ်လေယာဉ်တွေနဲ့… ကိုယ့်လူထုအပေါ်ဗုံးကြဲ.. စက်သေနတ်နဲပစ်နေတာတွေကို.. ကန့်သတ်ပေးမှာပါ..။

ဥပဒေကြမ်းက… ဥပဒေဖြစ်မဖြစ်ကတော့… အမေရိကားရောက်မြန်မာတွေဆီမှာ.. မူတည်ပါတယ်..။ အဲ.. မြန်မာ-အမေရိကန်တွေလက်ထဲမှာပါ..။

ကိုယ့်ဆိုင်ရာအမတ်များဆီ… များများဝိုင်းတွန်းရင်.. မြန်မြန်ဖြစ်…။

ဒီဥပဒေကြမ်း H.R. 8863 ကို.. ဝိုင်းလုပ်ပေးကြသူ… အမတ်တွေ…

Burma Caucus co-chair Rep. Betty McCollum (D-MN) as well as Rep. Brad Sherman (D-CA) and Rep. Ann Wagner (R-MO).

ဆီစာတိုက်ရိုက်ပို့.. ကျေးဇူးတင်ကြောင်းလည်း.. ပြောသင့်ပါတယ်..။ စာတစောင်စီက.. လူ့အသက်ရာချီကယ်လိုက်နိုင်တယ်… ဆိုချင်ဆို..။

ဒီလိုဖြစ်လာအောင်.. ဦးဆောင်နေသူ.. မြန်မာ-အမေရိကန်များကိုလည်း.. ကျေးဇူးတင်ထိုက်သူများအဖြစ်.. မှတ်တမ်းထားပါတယ်..။

လေယာဉ်ပစ်အမြှောက်ဘာညာတွေ.. ရန်ပုံငွေသန်းချီရှာနေဖို့မလို… ဒီဥပဒေအတည်ဖြစ်သွားရင်.. မြန်မာပြည်ဖက်ကစစ်လေယာဉ်တက်လာတာနဲ့.. ဘာလဲ/ဘယ်လဲ… အမေရိကန်ထောက်လှမ်းရေးဂြိုဟ်တုတွေအလုပ်ဖြစ်သွားတာမို့… ကိုယ့်အလုပ်/တာဝန်ကို.. အမေရိကအစိုးရဆီလွှဲပေးလိုက်တဲ့သဘောပါ..။

နိုင်ငံရေးအနုပညာဆိုတာ.. အဲဒါ…။ 🙂

============================

ထပ်ဖြည့်/

မြန်မာ-အမေရိကန်တွေတင်မက.. ကမ္ဘာအနှံ့ကမြန်မာတွေပါ.. လုပ်ပေးနိုင်တာလေးပါ..။

အမေရိကန်နိုင်ငံရေးသမားတွေက.. တွစ်တာ( X )ကိုနေ့စဉ်သုံးပါတယ်..။

ဒါကြောင့်သူတို့အကောင့်ဆီသွားပြီး..

၁) Follow လုပ်ပေးပါ..။

၂) ကျေးဇူးတင်ကြောင်း အောက်က.. စာလေးတကြောင်းကူးရေးပေးပါ..။

“Thank you deeply for inaugurating the inaugural bipartisan Congressional Burma Caucus Event with the introduction of H.R. 8863, the BRAVE Burma Act. Grateful for your dedication to advancing crucial legislation for Burma’s future. #Burma#BRAVEBurmaAct

ကွန်ဆာဗေးတစ်/ရီပါ့ဗလစ်ကန်ပေါ်လစီကြိုက်သူများအတွက်..

ဘားမားကော့ကပ်စ် ဥက္ကဋ္ဌ

==

လစ်ဘရယ်/ဒီမိုကရက်ပေါ်လစီကြိုက်သူများအတွက်..

ဘားမားကော့ကပ်စ် တွဲဖက်ဥက္ကဋ္ဌ