“Drill baby drill” “close our borders,”

kaiJuly 18, 20242min4560

သမ္မတကြီးဟောင်းထရမ့်.. သမ္မတလောင်းအဖြစ်.. တရားဝင်လက်ခံပွဲမှာပြောလိုက်တာပါ..။ ပထမနေ့မှာလုပ်မှာတဲ့..။

“Drill baby drill” က… ၂၀၀၈ ကနာမည်ကြီးစကားလုံး.. ပြန်သုံးတာဖြစ်ပြီး.. အမေရိကားရဲ့ပိုင်နက်မြေက.. ရေနံတွေ.. အကုန်တူးထုတ်မယ်လို့ဆိုလိုတာဖြစ်ပါတယ်..။

တနည်းအားဖြင့်.. ကမ္ဘာ့ဥတုရာသီအစွန်းရောက်မှုကို.. မယုံ.. ရေနံ/ဂက်စ်ဆီကိုထုတ်နိုင်သမျှ.. ထုတ်ပြီး.. ကမ္ဘာကိုလည်းရောင်း.. အမေရိကားမှာလည်း.. ပေါပေါများများသုံးကြမယ့်သဘော..။

အရင်လိုပဲ.. ပြင်သစ်အကော့သဘောတူညီချက်က.. ထွက်မှာမို့… ကလိုင်းမိတ်ချိန်း … ဂလိုဘယ်ဝမ်းမင်း.. ဘာညာတွေဘေးချိတ်ပါပေါ့..။

နောက်တခု “close our borders,”က.. နယ်စပ်တွေပိတ်ပစ်မယ်… တဲ့ ..။

အမေရိကားရဲ့.. နယ်စပ်တွေကနေ.. တကမ္ဘာလုံးထောင့်‌ပေါင်းစုံက… လူတွေဝင်လာနေတာမှာ.. ရာဇဝတ်သားရော.. စိတ်ရောဂါရှင်ရော.. ဂိုဏ်းသမားတွေရော.. အကုန်ပါနေတာတဲ့..။ အဲဒါကြောင့်.. နယ်စပ်ကို.. တံတိုင်းပြီးအောင်ပြန်ခတ်ပြီးပိတ်မယ်..။ နိုင်ငံရေးခိုလှုံခွင့် A ပေးတာကိုလည်း.. ရပ်ပစ်မယ်ဆိုပါတယ်..။

ရောက်နေပြီးတဲ့သူတွေကိုလည်း.. သမိုင်းမှာရှိဖူးတဲ့.. သမ္မတအိုက်စင်ဟောင်ဝါလက်ထက်ကထက်ပိုပြီး.. အကုန်လာရာနိုင်ငံပြန်ပို့မယ်… တဲ့..။

မြန်မာတွေထဲက.. A တင်ထားစဲသူတွေ.. TPS ရထားသူတွေ.. အကုန်ပြန်ပို့ခံရပါလိမ့်..။ A အောင်ပြီးသူများကတော့… မည်သို့စခန်းသွားမယ်မသိ..။ Project 2025 တွင်အသေးစိတ်ရေးထားပါ၏..။

ကမ္ဘာအနှံ့ဖြစ်နေတဲ့.. စစ်ပွဲတွေလည်း.. သူသာသမ္မတဆို.. မဖြစ်မယ့်စစ်ပွဲတွေဖြစ်ပြီး.. ရပ်ပစ်မယ်ဆိုပါတယ်..။ ဘယ်လိုရပ်မယ်မပြောပေမယ့်…. စစ်ဖြစ်နေတဲ့.. ယူကရိန်းနဲ့.. စစ်ဖြစ်လာနိုင်တဲ့.. ထိုင်ဝမ်ကို.. စစ်လက်နက်/ငွေကြေးထောက်ပံ့တာတွေ.. ရပ်မှာလို့တော့.. အရင်ကထဲကဆိုပြီးသားပါ..။

ဘာကိုမှ.. အလကားမရ.. တန်ရာတန်ကြေးပေးမှရမယ်..၊ နိုင်ငံကို.. အမေရိကစစ်တပ်က.. လာကာကွယ်ပေးစေချင်ရင်.. ကာကွယ်ရေးစစ်စရိပ်ပေးပါ.. ဆိုတဲ့သဘော..။ ဟုတ်ပ..။ ကောင်းသား..။

ခြုံကြည့်ရင်တော့… သမ္မတဟောင်းကြီးမိန့်ခွန်း… အားရစရာ..။ မဲပေးချင်စိတ်ပါ.. ပေါက်သွား..။ 🙂

နားရွက်သေနတ်စာထိထားသမို့… လူထုရဲ့.. သနားညှာတာမှုအမြင့်ဆုံးရောက်နေတဲ့.. ထရမ့်ဟာ.. ရတဲ့အခွင့်အရေး.. အတိအကျ.. ‌ အကောင်းဆုံးသုံးသွားပြီး.. မဲနိုင်ချိန်ခွင်လျှာကြည့်ရင်.. ထရမ့်ဖက်.. ကံကောင်းခြင်း ၁၀၀% ရောက်သွားတဲ့သဘောတောင်ထင်ရ..။

အဲဒီထဲကမှ… ‌ထရမ့်ခန့်ထားတဲ့.. ဖလော်ရီဒါ-ဖက်ဒရယ်တရားသူကြီးက.. နိုင်ငံတော်လျှို့ဝှက်ချက်သိမ်းဆည်းပုံမမှန်ကန်တဲ့အတွက်.. စွဲခံထားရတဲ့.. အမှုကို.. ပလပ်လိုက်တာမို့… ၂၅% တော့.. သုံးထားပြီးဖြစ်ပြီး.. ဘိုင်ဒန်နှုတ်ထွက်မယ်.. သတင်းထွက်နေတာမို့.. နောက် ၁၀% လည်းသုံးပြီးရင်တောင်.. ၆၅% တော့.. ကျန်သေး..။ ကံကောင်းခြင်းကို.. ရာခိုင်နှုန်းနဲ့.. ချိန်ဆရင်ပြောပါတယ်..။

ဆိုတော့..

နောက်တပါတ်ထဲ.. ရွေးကောက်ပွဲလုပ်ဖြစ်ရင်တော့.. ထရမ့်အနိုင်..

https://www.cbsnews.com/live-updates/rnc-2024-day-4