Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာပြည် သတင်းဒိုင်ယာရီ November 2024

သင့်အေးရိပ်December 24, 20248min2990


သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Nov 27 ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းကို ပြန်လာကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည် အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဥ်တွေကို ထောက်ပံ့ကူညီဖို့နဲ့ ဆွေးနွေးပွဲတွေဖြစ်လာအောင် ချိုင်းနားအနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက်နေကြောင်း ချိုင်းနားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက နိုဝင်ဘာ ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။

Nov 26 ။ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ အရပ်သားပြည်သူတွေ စံချိန်တင် များပြားလာနေပြီး မြန်မာပြည်ရဲ့ နေရပ်စွန့်ခွာသူ ဦးရေဟာ ၃ ဒသမ ၄ သန်းရှိလာကြောင်း UNOCHA က သတင်းထုတ်ပြန်ခဲ့ပါတယ်။


အမ်းမြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စစ်ကူသွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရခိုင်ရိုးမတောင်ကြောထဲက အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် အနည်းဆုံးကျေးရွာ ၃ ရွာခန့် တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက
မီးရှို့ဖျက်ဆီးတာတွေ ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Nov 25 ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်ထဲက ‌ကျေးရွာတချို့မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အလင်းဝင်ဖို့ စစ်ကောင်စီတပ်တွေက ဟောပြောပွဲလုပ်တာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် ပါတဲ့ ကြော်ငြာဆိုင်းဘုတ်ကပ်တာတွေ လုပ်ဆောင်နေပါတယ်။


ချိုင်းနားရဲ့ ကြိုးပမ်းမှုနဲ့ စစ်ဘေးဒဏ်သင့် ပြည်သူတွေကို ငဲ့ညှာမှုတွေကြောင့် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်ရေး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့်ရှိကြောင်း တအာင်းအဖွဲ့ TNLA က သတင်းထုတ်ပြန်ပါတယ်။

Nov 24 ။ တပတ်အတွင်း မြန်မာစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် အရပ်သား ၈ ဦသေဆုံးခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတချို့ဆီမှာ ပါလာတဲ့ အဖိုးတန်ပစ္စည်းတွေကိုပါ စစ်တပ်ဘက်က သိမ်းဆည်း၊ ခြိမ်းခြောက်ငွေညှစ်ပြီးမှ ပြန်လွှတ်လိုက်တာတွေရှိသလို အများစုကိုတော့ ပြန်မလွှတ်ပေးဘဲ စစ်မှုထမ်းခိုင်းဖို့ ရည်ရွည်နေကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ
(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


ရန်ကုန်မြို့က ရပ်ကွက်များမှာ စားအုန်းဆီ မှောင်ခိုဈေးကွက် တဖြည်းဖြည်း ကြီးထွားလာနေပြီး တပိဿာကို ကျပ် ၁၀,၀၀၀ နဲ့ ပြန်ရောင်းနေကြကြောင်း မြို့ခံတွေက ပြောပါတယ်။

Nov 23 ။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျပ် ဘီလျံ ၄၁,၀၀၀ ကျော်ထိသုံးစွဲဖို့ စစ်ကောင်စီက လျာထားကြောင်း သိရပြီး သမိုင်းတလျှောက် စံချိန်တင် ဘတ်ဂျတ်သုံးစွဲမှုဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်က ဘီလျံ သုံးသောင်းကျော် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။


ဖိလစ်ပိုင်နိုင်ငံမှာကျင်းပပြီး အာဆီယံနိုင်ငံအလိုက် ကြည်းတပ်တွေ ပါဝင်ခဲ့တဲ့ ၃၂ ကြိမ်မြောက် သေနတ်ပစ်ပြိုင်ပွဲမှာ မြန်မာက နိုင်ငံအလိုက် တတိယအဆင့် ရခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Nov 22 ။ မြန်မာပြည်မှာ ဥစားကြက် မွေးမြူရေးလုပ်ငန်းတွေအတွက် အစာကုန်ကြမ်း ဝယ်ရခက်၊ ထုတ်လုပ်မှုစရိတ် တက်လာတာတွေ၊ ဆေးဝါးတင်သွင်းခွင့် အခက်အခဲတွေကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြက်ဥထုတ်လုပ်မှု ကျဆင်းပြီး ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။


ရန်ကုန်မြို့က မြို့နယ်တွေမှာ ဆေးစွဲသူတွေနဲ့ အိမ်ခြေမဲ့အမျိုးသားတွေကို စစ်မှုထမ်းဖို့ စာရင်းပေးသွင်းနေပြီး စစ်သားစုဆောင်းရေးကို ပို့နေကြောင်း မြို့ခံတွေက ပြောပါတယ်။

Nov 21 ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ဟာ မြေမြှုပ်မိုင်းကြောင့် လူသေဆုံးသူ စံချိန်သစ်နဲ့ ကမ္ဘာမှာ ထိပ်ဆုံးနိုင်ငံဖြစ်လာပြီး မြေမြှုပ်မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ အများဆုံးနေရာမှာ ၃ နှစ်ဆက်တိုက် ရပ်တည်ခဲ့တဲ့ ဆီးရီးယားကို မြန်မာက ကျော်တက်သွားတာဖြစ်ပါတယ်။


မြန်မာပြည်မှာ ပြည်တွင်းစစ်ပဋိပက္ခတိုက်ပွဲတွေနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ လူဦးရေ ၃ ဒသမ ၄ သန်းကျော်ထဲက ၄၀ % ဖြစ်တဲ့ (၁ ဒသမ ၃၆ သန်းကျော်)ဟာ ကလေးသူငယ်တွေ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က သတင်း ထုတ်ခဲ့ပါတယ်။

Nov 20 ။ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့(ICBL)က စာမျက်နှာပေါင်း ၁၄၂ မျက်နှာပါဝင်တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ရေး ၂၀၂၄ အစီရင်ခံစာကို ထုတ်ပြန်ရာမှာ မြန်မာပြည်ဟာ မြေမြှုပ်မိုင်းအသုံးပြုမှု စောင့်ကြည့်ခံနိုင်ငံများစာရင်းမှာ ထိပ်ဆုံးထိ ရောက်နေကာ ၊ ၂၀၂၃ အတွင်း လူသတ်မိုင်းတွေကြောင့် မြန်မာပြည်မှာ ထိခိုက်သေဆုံးခဲ့ရသူဦးရေ ၁,၀၀၃ ယောက်ထိ ရှိနေခဲ့ပါတယ်။


နိုင်ငံ့လူဦးရေရဲ့ ၆၃ % ကျော်ကို သန်းခေါင်စာရင်း ကောက်ယူနိုင်ခဲ့ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။ စာရင်းကောက်ကွက်ပေါင်း စာရင်းစစ်၊ စာရင်းကောက်အင်အား ၄သောင်း ၂ထောင်နဲ့ တွေ့ရှိရာအရပ်မှာ ကောက်ယူတဲ့နည်းလမ်း ဒီဖက်တို(De Facto) စနစ်နဲ့ အောက်တိုဘာ ၁ရက်ကနေ ၁၅ရက်နေ့ထိ ကောက်ယူခဲ့ကြောင်း စကစဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။

Nov 19 ။ ပြည်ပရောက် မြန်မာအလုပ်သမားတွေအပေါ် စစ်ကောင်စီက ဝင်ငွေခွန် ၂ % ဆောင်ခိုင်းတာ ၊ လစာရဲ့ ၂၅ % ဘဏ်ကနေ လွှဲခိုင်းတာတွေအပြင် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ တောင်းခံတာတွေကြောင့် ပြည်ပရောက် မြန်မာအလုပ်သမားတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေရပါတယ်။


မြန်မာ – ထိုင်းနယ်စပ်ကနေ ကုန်သွယ်ရာမှာ နိုင်ငံခြား ပို့ကုန်ရငွေ ၂၅ % စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကို ပေးသွင်းနေရရာ အပြင်သတ်မှတ်ပေါက်ဈေးထက် ဈေးကွာခြားတာတွေကြောင့် အရှုံးများစွာ ရင်ဆိုင်နေရကြောင်း ဒေသခံကုန်သည်တွေက ပြောပါတယ်။

Nov 18 ။ ချိုင်းနားရဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း ရှိနေတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၁၅ ရက်ကစပြီး ပုဂ္ဂလိကဘဏ်တွေ အားလုံးရပ်ဆိုင်းသွားပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျောက်ဖြူမြို့နဲ့ အနီးဆုံးဖြစ်တဲ့ ရမ်းဗြဲမြို့၊ စနဲ့မြို့နဲ့ မအီမြို့တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး တောင်ကုတ်၊ ဂွ၊ အမ်းမြို့တို့ကို AA က ထိုးစစ်ဆင် နေတာကြောင့် ကျောက်ဖြူကို တိုက်ပွဲတွေ မကူးစက်ခင်မှာ ပုဂ္ဂလိကဘဏ်တွေ ရပ်ဆိုင်းလိုက်ရတာဖြစ်ပါတယ်။


စစ်ကောင်စီက ပြည်ပထွက်ခွာခွင့်တွေ ပိုမိုတင်းကျပ်လာတာကြောင့် ပြည်ပရောက် လုပ်သားတချို့ မိသားစုဆီကို ခွင့်နဲ့ အလည်ပြန်တာတွေပါ နည်းလာကြောင်း သက်ဆိုင်ရာအလုပ်သမားတွေဆီက သိရပါတယ်။

Nov 17 ။ မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို G to G အစီအစဉ်နဲ့ ဆန်တန်ချိန် ၂ သိန်း ထပ်မံတင်ပို့နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေတယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်း၊ဝန်ကြီးဌာနက သတင်းထုတ်ပါတယ်။ မြန်မာပြည်က ဆန်တွေကို ဥရောပနိုင်ငံတွေဆီ အများဆုံးတင်ပို့ပြီး ချိုင်းနား၊ ဖိလစ်ပိုင်နဲ့ ဒေသတွင်းနိုင်ငံတွေဆီ တင်ပို့နေတာပါ။


ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၁၀ လအတွင်း လူနေအိမ် အလုံး ၁၅၀ ထက် မနည်း ချိပ်ပိတ်သိမ်းဆည်းခံရကြောင်း ဒေသခံတွေ၊ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Nov 16 ။ အရပ်သားပြည်သူတွေ ထိခိုက်တဲ့ လေကြောင်းစစ်ဆင်ရေးတွေပါ အသုံးပြုနေတဲ့ စစ်ခေါင်းဆောင်ဟာ နေပြည်တော်မှာလုပ်တဲ့ မီးပုံးပျံပွဲမှာ ‘လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ’ ဆိုတဲ့ စာတန်းချိတ်ဆွဲထားတဲ့ မီးပုံးပျံကို လွှတ်တင်ခဲ့ပါတယ်။ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်က ရေပန်းရင်ပြင်မှာ တန်ဆောင်တိုင်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှား၊ ဘူရားတီးရားပြည်နယ်အကြီးအကဲလည်း တက်ရောက်ခဲ့လို့ ” BURYATIA ” စာတန်းပါ မီးပုံးပျံ တလုံးလည်း လွှတ်တင်ခဲ့ပါတယ်။

ကမ္ဘာ့ရှေးဟောင်းအမွေနှစ်ဒေသ "ပုဂံ"မှာ ခရီးသည်တွေ အလာနည်းလို့ မြင်းလှည်းသမားတွေကအစ ဝင်ငွေ ထိခိုက်ပြီး စားဝတ်နေရေး ကျပ်တည်းနေခဲ့ပါတယ်။ 

Nov 15 ။ မြန်မာပြည်ရဲ့ တန်ဆောင်မုန်းလ ရာသီမှာ ကထိန်အတွက် အလှူခံထွက်ချိန် အသံချဲ့စက် လော်စပီကာ အလွန်အကျွံ သုံးလာတာ၊ နိဗ္ဗာန်ဈေးပွဲတော်၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် စတာတွေ ဆက်တိုက် ရှိလာတာကြောင့် နောက်ဆက်တွဲ လူမှုရေး၊ ကျန်းမာရေး သက်ရောက်ကြတဲ့ထိ ဖြစ်လာမှာကို ဒေသခံတွေ
စိုးရိမ်နေခဲ့ရပါတယ်။


ချိုင်းနား – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတည်ထောင်ဖို့အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ကော်မတီကို စစ်ကောင်စီက ဖွဲ့စည်းလိုက်ပါတယ်။

Nov 14 ။ ပုဂံ၊ ညောင်ဦးဒေသမှာ အလုပ်အကိုင် ရှားပါး၊ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် တဝမ်းတခါးအတွက် တောပျား ရှာဖွေတဲ့ အလုပ် လုပ်ကိုင်သူတွေ များလာလို့ ပျားရှာရတာ ခက်လာကြောင်း ဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင် ရန်အောင် ရဲ့ နေအိမ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒီဖောက်ခွဲမှုကို ရန်ကုန်တော်လှန်ရေးတပ်ဖွဲ့ တဖွဲ့ဖြစ်တဲ့ Dark Shadow က အားပျော့မိုင်း ၁ လုံး သုံးကာ သတိပေးတဲ့အနေနဲ့ စီစဉ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ သရုပ်ဆောင် ရန်အောင်ဟာ စစ်တပ် ထောက်ခံ‌ဝါဒဖြန့်ချိရေးရုပ်ရှင် “စောင်နီလေး တစ်ထည်”မှာ ကချင်တိုင်းရင်းသား အဖိုးအို နေရာက သရုပ်ဆောင်ပြီး အကယ်ဒမီဆုလည်း ရရှိခဲ့သူပါ။

Nov 13 ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချိုင်းနားပြည်ခရီးစဉ်ကနေ ပြန်လာပြီးနောက်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပိုတိုးမြှင့်လာကြောင်း စစ်ရေး အကဲခတ်တွေက ပြောကြပါတယ်။


ရခိုင် တကျော့ပြန် တိုက်ပွဲဟာ ဒီနေ့မှာ ၁နှစ်ပြည့်မြောက်ခဲ့ရာ ၁နှစ်အတွင်း ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ ခုထဲက ၁၀ ခု အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကိုပါ စစ်ကောင်စီက လက်လွှတ်ခဲ့ရပါတယ်။

Nov 12 ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နိုင်ငံရေးစိစစ်ရေးကတ်လို့ ခေါ်တဲ့ မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေကျပ်၂ သိန်းကျော်အထိပေးပြီး ပြုလုပ်နေကြရကြောင်း မှတ်ပုံတင်ပြုလုပ်သူတွေထံက သိရပါတယ်။


ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်တွေအကြား ပြင်းထန်နေတဲ့ တိုက်ပွဲတွေဟာ တောင်ကုတ်မြို့တွင်းထိ နီးကပ်လာပြီး စစ်ကောင်စီဘက်ကလည်း ခံစစ်ပြင်နေသလို အမ်း-ပဒါန်းလမ်းမှာ ကင်းစခန်းတွေ တိုက်ခိုက်ခံရလို့ အင်အားဖြည့် စစ်ကြောင်းထိုးနေခဲ့ပါတယ်။

Nov 11 ။ ချိုင်းနား – မြန်မာနယ်စပ်၊ မူဆယ်မြို့နဲ့ ရွှေလီ(ကြယ်ခေါင်)မြို့ကြား တနိုင်တပိုင် နယ်စပ်ကုန်စည် ဖြတ်သန်းတာကိုပါ ချိုင်းနားဘက်က ကန့်သတ်လိုက်ပါတယ်။


ရန်ကုန်မြို့မှာ အိမ်ခြေမဲ့ ကော်ရှူနေတဲ့ ကလေးတချို့ပါ WY စိတ်ကြွမူးယစ်ဆေး သုံးလာတဲ့အထိ ဆေးပြား ပျံ့နှံ့မှုတွေ များလာနေကြောင်း ကိုယ်တိုင်တွေ့မြင်သူ ဒေသခံတွေက ပြောပါတယ်။

Nov 10 ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ထဲမှာ ရေအနည်းငယ် ပြန်ကျသွားလို့ ရေဘေးရှောင် ဒေသခံတွေ အိမ်ပြန်ကြပေမဲ့ အချိန်ကြာစွာ ရေနစ်မြုပ်ခဲ့လို့ အိမ်တွေပျက်စီးပြီး အခက်ကြုံနေသလို သောက်သုံးရေလည်း ခက်ခဲနေခဲ့ပါတယ်။


US အစိုးရသစ်ဆီက ပိုအားကောင်းတဲ့ အကူအညီရအောင် ပူးပေါင်းတောင်းဆိုကြဖို့ ဟာဝိုင်ယီပြည်နယ် အာရှ-ပစိဖိတ်လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန၊ ပါမောက္ခ ဒေါက်တာမီမီဝင်းဘတ်က တိုက်တွန်းပါတယ်။

Nov 09 ။ NUG သမ္မတရုံး အနေနဲ့ US ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ပ်ကို ဂုဏ်ပြုကြိုဆိုပြီး မြန်မာ့အရေးအတွက် ပိုထိရောက်တဲ့ အကူအညီတွေပေးသွားဖို့ တိုက်တွန်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။


နိုင်ငံခြားငွေကြေးတန်ဖိုး အဆမတန်မြင့်တတ်မှုကို ထိန်းညှိဖို့ စစ်ကောင်စီက နိုင်ငံခြားငွေကြေးတွေ ထုတ်ရောင်းခဲ့တာမှာ ၂၀၂၄ တနှစ်တည်းမှာပဲ ၁၅၈ ကြိမ် ထုတ်ရောင်းခဲ့ပြီး US ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ၊ ချိုင်းနား-ယွမ် ၁၅၆ သန်းနဲ့ ထိုင်းဘတ် ၄ ဒသမ ၅ ဘီလီယံ ထုတ်ရောင်းခဲ့ပါတယ်။

Nov 08 ။ ရန်ကုန်မြို့မှာ အိမ်နဲ့ တိုက်ခန်းငှားရမ်းခတွေ ၁ နှစ်အတွင်း ၂ ဆနီးပါး မြင့်တက်သွားလို့ အခက်တွေ့နေကြကြောင်း အိမ်ငှားနေထိုင်သူတွေက ပြောပါတယ်။

ရန်ကုန်မြစ်၊ မိုးယွန်းကြီးအင်းနဲ့ ကချင်ပြည်နယ် အင်းတော်ကြီးအိုင်တို့ အပါအဝင် နေရာ ၅ ခု ထက်မနည်းက ငါးတွေထဲမှာ မာကျူရီပြဒါးအဆိပ်ပါဝင်မှု မြင့်မားနေကြောင်း ငါးတွေကို ဓာတ်ခွဲကြည့်ခဲ့တဲ့ သုတေသနရလဒ်တွေကို ကိုးကားပြီး ပညာရှင်တွေက BBC ကို ပြောပါတယ်။

Nov 07 ။ ကမ္ဘာ့ကုလသမဂ္ဂ (ယူနက်စကို)အဖွဲ့ရဲ့ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ တင်သွင်းထားတဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ဟာ ပဏာမစာရင်းမှာ ပါဝင်လာကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနထံက သိရပါတယ်။


ကမ္ဘာအနှံ့အပြားက လျှပ်စစ်ကားတွေ၊ စမတ်ဖုန်းတွေမှာ ကုန်ကြမ်းအဖြစ်အသုံးပြုတဲ့ မြေရှားသတ္တုသိုက်ဟာ စင်္ကာပူနိုင်ငံအရွယ်အစားထက်ကြီးမားတဲ့ မြန်မာပြည်မြောက်ဖျားက ကချင်အထူးဒေသ(၁)မှာရှိပြီး ကေအိုင်အေရဲ့ သိမ်းပိုက်မှုနဲ့ ဒေါ်လာဘီလျှံချီတန်တဲ့ နယ်မြေသိမ်းပိုက်မှု ဖြစ်ခဲ့ပါတယ်။

Nov 06 ။ ရခိုင်ပြည်၊ ဂွမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး ဂွမြို့ပေါ် တဖြည်းဖြည်း နီးကပ်လာတာကြောင့် ရခိုင်နဲ့နယ်နမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ရေကြည်၊ ကျုံပျော်၊ ကြံခင်း စတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက လုံခြုံရေး တင်းကျပ်နေပါတယ်။


ပုဂံ ညောင်ဦးဒေသမှာ အလုပ်အကိုင် ရှားပါး၊ စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် တဝမ်းတခါးအတွက် တောပျားရှာဖွေတဲ့ အလုပ် လုပ်ကိုင်သူတွေ များလာလို့ ပျားရှာရတာ ခက်လာကြောင်း ဒေသခံတွေက ပြောပါတယ်။ လတ်တလော ဈေးကွက်ထဲမှာတော့ တောပျားအုံ တပိဿာကို ကျပ် ၂၀,၀၀၀ ပေါက်ဈေးရှိပြီး တပိဿာရဖို့ ပျားအုံ ၁၀ အုံလောက် ပါဝင်ပါတယ်။

Nov 05 ။ မြန်မာပြည် စစ်အာဏာသိမ်းမှု ၄ နှစ်နီးပါးအကြာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ချိုင်းနားအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ချိုင်းနားပြည် ကူမင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။


ရန်ကုန်မြို့မှာ လျှပ်စစ်မီးကို တရက် ၄ နာရီအလှည့်ကျစနစ်နဲ့ ပေးရာကနေ ၂ နာရီလောက် ထပ်ဖြတ်လိုက်လို့ တရက် ၂ နာရီလောက်သာ ရတော့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။ လျှပ်စစ်မီး ဆိုးရွားစွာ ပျက်နေပေမဲ့ အာဏာသိမ်းခေါင်းဆောင်ကတော့ လျှပ်စစ်ရထားတွေ ပြေးဆွဲနိုင်အောင် လုပ်မယ်လို့ မကြာခဏ ပြောသလို လျှပ်စစ်ကား(EV)တွေလည်း တင်သွင်းခွင့် ပေးနေပါတယ်။

Nov 04 ။ ပြင်သစ်အခြေစိုက် ကမ္ဘာ့ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)က နာမည်ပျက်စာရင်း သွင်းခံထားရတဲ့ မြန်မာပြည်အနေနဲ့ လိုက်နာရမယ့် အစီအမံတွေကို လာမယ့်နှစ် ဖေဖော်ဝါရီမှာ အကောင်အထည်မဖော်နိုင်ရင် အရေးယူသွားမယ်လို့ ကြေညာလိုက်ပါတယ်။


ကမ္ဘာရွှေဈေးနဲ့ ဒေါ်လာဈေးကျဆင်းနေလို့ ပြည်တွင်း ရွှေရည်ညွှန်းဈေးလည်း လိုက်ပါ ကျဆင်းနေတာကြောင့် ရွှေရည်ညွှန်းဈေးဟာ ၅၆ သိန်း ၄သောင်း၊ ပြင်ပရွှေဈေးကွက်မှာတော့ အခေါက်ရွှေ တကျပ်သားဟာ ကျပ် ၆၄ သိန်းဝန်းကျင် ဈေးပေါက်နေခဲ့ပါတယ်။

Nov 03 ။ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီ လက်အောက်ခံ အကျဉ်းထောင် အာဏာပိုင်တွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေကြောင်း မြန်မာပြည်လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။


ချိုင်းနား – မြန်မာနယ်စပ်မျဉ်းပေါ် အထူးဒေသ(၁)က တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး ဒီဒေသရဲ့ ၆၀ %ကို ထိန်းချုပ်ထားနိုင်တဲ့အကြောင်း KIA ပြန်ကြားရေးတာဝန်ခံက ဘီဘီစီကို ဖြေကြားခဲ့ပါတယ်။

Nov 02 ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီက Nov ၁ ရက် နဲ့ ၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် မီးနေသည် ၁ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး ဆရာတော် ၁ ပါးနဲ့ အရပ်သား ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။


နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်နေတဲ့ ကချင်ဒီမိုကရေစီတပ်မတော်(NDAK) ထိန်းချုပ်ရာ ကချင်အထူးဒေသ ၁ (ချိုင်းနား-မြန်မာနယ်စပ်)ထဲ ဖီမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)နဲ့ ပူးပေါင်းတပ်တွေက သိမ်းနိုင်ခဲ့ကြောင်း ကေအိုင်အေ ပြန်ကြားရေးဘက်က သတင်းထုတ်ပါတယ်။

Nov 01 ။ မြန်မာပြည်တွင်းက လူ ၄ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်းလူဦးရေ ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာ အခက်အခဲ ကြုံနေကြရပြီး လူဦးရေ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာအခက်အခဲ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေကြရကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)နဲ့ ဥရောပသမဂ္ဂ(EU)တို့က ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။


ချိုင်းနားဘက်က မြန်မာဘက်ခြမ်းကို ကုန်တင်သွင်းမှု ပိတ်ဆို့ထားတာကြောင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွေနဲ့ ကချင်ပြည်နယ်ဘက်မှာ စက်သုံးဆီပြတ်လပ်မှု အဆိုးရွားဆုံး ဖြစ်နေခဲ့ပါတယ်။

Oct 31 ။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံဟာ ဆန်နဲ့ ဆန်ကွဲတန်ချိန် စုစုပေါင်း ၄ သိန်း ၂ သောင်းကျော် တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။


ဂျပန်ကုမ္ပဏီ (၄၃၁) ခုက မြန်မာအလုပ်သမား (၁,၄၀၀)ဝန်းကျင်အတွက် အလုပ်အကိုင်တွေ ကမ်းလှမ်းခေါ်ယူလာကြောင်း တိုကျိုမြို့မှာရှိတဲ့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။

Oct 30 ။ မြန်မာပြည်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့က မြန်မာပြည်ကို လာရောက်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မနေ့က တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။


ရခိုင်ပြည်နယ်ထဲက တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့မှာ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အရပ်သားသေဆုံးမှုတွေ ရှိနေသလို၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးတဲ့ တောင်ကုတ်မြို့နယ်ထဲက ကျေးရွာတွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

Oct 29 ။ မြန်မာ – ချိုင်းနား နယ်စပ်တလျှောက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မူဆယ်နယ်စပ်ဂိတ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ဂိတ်တွေ အပါအဝင် (ဝ)ဒေသမှာရှိနေတဲ့ နယ်စပ်ဂိတ်တွေအားလုံးကို ချိုင်းနားပြည်ဘက်က ပိတ်လိုက်တာကြောင့် ချိုင်းနား-မြန်မာ နယ်စပ်မှာရှိနေတဲ့(ဝ)ဒေသအပါအဝင် မူဆယ်နဲ့ ပန်ဝါမြို့တွေမှာပါ ကုန်ပစ္စည်းစျေးနှုန်းတွေ မြင့်တက်နေပြီး စက်သုံးဆီတွေပါ အခက်အခဲရှိခဲ့ကြပါတယ်။


မြန်မာပြည်က ချိုင်းနားဆီကို မြေရှားသတ္တုအောက်ဆိုဒ် (Heavy Rare Earth Oxides)တင်ပို့မှုဟာ ၂၀၂၄၊ ဇန်နဝါရီကနေ စက်တင်ဘာအထိ ၉ လတာကာလအတွင်း တန်ချိန်ပေါင်း ၃၁,၀၀၀ ကျော်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် USဒေါ်လာ သန်း ၆၈၀ ကျော်ရှိ၊ တကမ္ဘာလုံးက လေးလံမြေရှားသတ္တုလိုအပ်ချက်ရဲ့ ၅၀ % ကျော်ကို မြန်မာပြည်ကနေ ရရှိနေတာပါ။

Oct 28 ။ စစ်အာဏာသိမ်းပြီးတဲ့နောက် လူမြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ မြန်မာဘီလျံနာ သူဌေးကြီး ဦးတေဇ ရဲ့ ထူးဂရု ကုမ္ပဏီက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်က အထင်ကရနေရာ ၁၀ နေရာထက်မနည်းမှာ နှစ်ရှည်စီးပွားရေးလုပ်ပိုင်ခွင့်တွေ ဆက်ရနေတာကို ဘီဘီစီက ရရှိထားတဲ့သစ်တောဦးစီးဌာနရဲ့ အစီရင်ခံစာမှာ တွေ့ရပါတယ်။


ပြည်ပနိုင်ငံတွေကနေ တရားမဝင် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ အပါအဝင် သယ်ယူရာမှာ အသုံးပြုတဲ့ အိမ်စီးကား၊ ကုန်ကားတွေနဲ့ ခရီးသည်တင်ကားတွေကိုပါ စစ်ကောင်စီက ပြည်နယ်နဲ့တိုင်းတွေမှာရှိတဲ့ စစ်ဆေးရေး ဂိတ်တွေမှာ ဖမ်းဆီးအရေးယူမှုတွေ ဆက်တိုက်ပြုလုပ်နေရာ ချိုင်းနား၊ ထိုင်းက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ အနည်းဆုံး ကား ၈ စီးခန့် သိမ်းဆည်းခံခဲ့ရပါတယ်။