ဒို့အရေး ဆိုပေမဲ့ Evolution
ဒီပို့စ်ကို ရေးထားတာတော့ ကြာပါပြီ၊ အရင် တပတ်ကို နှစ်ပိုဒ် သုံးပိုဒ်လောက်ပဲတင်ပြီး သူများတင်တာကို မှတ်ချက်ပြုပါတယ်။ မနေ့ကပဲ သူများကို ဝေဖန်သမှုပြုထားတော့ ကိုယ့်အလှည့်မှာ မျက်စိနောက်တယ်လို့ ပြန်အဆော်ခံရမှာစိုးလို့ ဆက်တိုက်တင်ဖို့ ချင့်ချိန်ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ မြန်မာပြည်မှာ အင်တာနက် ကွန်နက်ရှင်တွေနှေးအောင် လုပ်ထားတာကြောင့် ပို့စ်တင်သူ နည်းနေလို့ တတ်နိုင်တဲ့ဖက်က ပါဝင်အားဖြည့် ပို့စ်တင်လိုက်ပါတယ်။
လွတ်လပ်ခွင့် ပတ်သက်လို့ မိတ်ဆွေတွေနဲ့ တိုက်ရိုက်တမျိုး၊ သွယ်ဝိုက်လို့တဖုံ ဆွေးနွေး ဖူးပါတယ်။ အားလုံးလိုလိုက ဒီမိုကရေစီ လိုချင်ကြသူတွေပါ။ လွတ်လပ်ခွင့် မရှိသ၍ တိုင်းပြည်လည်း မကြီးပွား၊ ပြည်ပရောက် မြန်မာတွေလည်း ကိုယ့်ကိုယ်ကို ဘာလူမျိုးလို့ မပြောရဲ။ ဒီတော့ ဒီမိုကရေစီ ကို ကြိုက်တာ အဆန်းတော့မဟုတ်။ ဆန်းတာက ဒီမိုကရေစီသမားလို့ ဆိုသူတွေဟာ လွတ်လပ်ခွင့်နဲ့ တကယ် ပတ်သက်လာရင် သီးခံနိုင်စွမ်း မရှိတာပါ။ ဒါတွေကိုမြင်လို့ အမုန်းခံပြီး ပို့စ်တခု တင်လိုက် ပါတယ်။
ဒီမိုကရေစီဆိုတာ လွတ်လပ်ခွင့်၊ တရားမျှတမှု၊ ကိုယ်ချင်းစာတရား စတဲ့ တန်ဖိုးတွေနဲ့ လူကို လူလိုအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်လို့ ဆိုပါရစေ။ လောကမှာ ဘာမှ အလကား မရလို့ တခုခုကို လိုရင် သူနဲ့တန်တာကို ပေးရစမြဲပါ။ လူတွေက ဒီမိုကရေစီ လို့ဆိုရင် နိုင်ငံရေးကိုပဲ သွားမြင်တယ်။ ကိုယ်တိုင် ပေးရမဲ့ အရင်းနှီး တွေကိုတော့ မသိချင်ကျိုးကျွံ ပြုတတ်ကြတယ်။ လွတ်လပ်ခွင့်ကို ချစ်တယ် ဆိုရင် ဘယ်လောက်ထိ လွတ်လပ်မှုကို တန်ဖိုးထားပါသလဲ။ တရားမျှတမှုဟာ အခြေခံ ရပိုင်ခွင့် ဆိုရင် လူမျိုး၊ ဘာသာ မခွဲဘဲ အားလုံးကို တန်းတူထား နိုင်ပါပြီလား။ ကိုယ်ချင်းစာစိတ် နဲ့ တဖက်သားကို ဆက်ဆံ ဖို့ကော အဆင်သင့် ဖြစ်ကြပြီလား။ ဒါတွေတော့ ပြင်မထားဘဲ လူ့အခွင့်အရေးတို့၊ လွတ်လပ်မှုတို့ ဆိုတာ ရနိုင်မှာလား။ လွတ်လပ်ကာစ တိုင်းပြည်ရဲ့ အတွေ့အကြုံဆိုး တွေကိုပဲ ပြန်ကြည့် ကြစမ်းပါ။ အဲတုန်းက စိတ်ထား နဲ့ ဒီနေ့စိတ်ဓာတ် ရင့်ကြက်မှု အတူတူပဲလား၊ ပြောင်းလာသလားလို့။ စိတ်ဓါတ် တွေက ရင့်ကြက်နဲ့ ကြက်ရင့်လို့ ရှေ့နောက်ပဲ ကွဲနေသေးရင် နအဖက စိတ်ရူးပေါက်လို့ ခုချက်ခြင်း ဒီမိုကရေစီပေးမယ် ဆိုတာတောင် ခဏဆိုင်းပါအုံး လို့ တောင်းပန် နေရလိမ့်မယ်။
လွတ်လပ်ပါတယ်ဆိုတဲ့ အမေရိကမှာတောင် ရှေးရိုးစွဲ အစဉ်အလာသမား ကွန်ဆားဗေးတစ် တွေက အနည်းဆုံးတော့ ၅ဝ ရာခိုင်နှုန်းဆိုတော့ လွတ်လပ်မှုဆိုတာနဲ့ ဝေးနေတဲ့ ကျွန်နော်တို့အမိ မြန်မာနိုင်ငံမှာ ရင့်ကြက်ကြဖို့ ဆိုတာ တော်တော်ခက်ပါတယ်။ လူနည်းစုတွေက ဘာသာရေးကိုးကွယ် လွတ်လပ်ခွင့်လို့ ပြောကြပြန်တော့ သူတို့ကိုယ်နှိုက်က ဘာသာရေးနဲ့ ခွဲထွက်ခွင့်လိုကိစ္စ ကြုံလာရင် ဟိုလိုလိုဒီလိုလို ဇဝေဇဝါ။ သူ့ကိုကိုယ်ချောင်း ကိုယ့်ကိုသူချောင်းနဲ့ အချင်းချင်း ရန်စောင် နေကြတာ နဲ့ပဲ အချိန်ကုန် လူပမ်း။ လူများစုကလည်း လူနည်းစုက ခံနေရရင် ကိုယ်နဲ့မဆိုင်သလို သာမန်လျှံကာ၊ လူနည်းစုကလည်း သူတို့ရဲ့ အကျိုးနဲ့ ဘာသာတရားကို ကာကွယ်စောင့်ရှောက်တဲ့ အစိုးရမဟုတ် လို့သာ ဆန့်ကျင်နေကြတာ၊ နို့မဟုတ်ရင် ဒီမိုကရေစီရေး နင့်အရေး ဖြစ်ကုန်တာပဲ။
ပေးဆပ်မှုတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် အသီးသီး ေပေးဆပ်ကြရမှာပါ။ ကိုယ်ကပဲ အရ မဖြစ်နိုင်တော့။ လူတယောက်က ဒီမိုကရေစီ မရတာ မင်းတို့နဲ့ မတန်လို့ ဆိုပြီး အပြစ်ဖို့တယ်။ သူ့ကြတော့ မိသားစုအပေါ် နိုင်လိုမင်းထက် ဆက်ဆံတယ်။ ငါ့ကြောင့် မင်းတို့ ဒီလိုဘဝမျိုးးဖြစ်တာ၊ ဒါမလုပ်ရ၊ ဟိုဟာမလုပ်ရ ဆိုတာတွေဟာ အရှေ့တိုင်း အမြင်အရ မှန်နိုင်ပေမဲ့ လွတ်လပ်ပွင့်လင်းတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူတွေ အဖို့ကတော့ ဖိနှိပ်မှုပါပဲ။ ယဉ်ကျေးမှု စရိုက်ကို လက်မခံနိုင်လို့ ကန့်သတ်တယ်ဆိုတာ လွတ်လပ်ခွင့် တန်ဖိုးနဲ့ကြည့်ရင် မှားယွင်းနေပါတယ်။ ကိုယ့်ယဉ်ကျေးမှုနဲ့ ဘောင်မဝင်လို့ တင်းကျပ်ပါတယ် ဆိုတဲ့ အကြောင်းပြချက်ဟာ စနစ်တခုရဲ့ ကောင်းချက်တွေကိုသာ ယူမယ် မကောင်းတာကို ပယ်မယ်လို့ စိတ်ကူးယဉ်ဆန်ဆန် ပြောသလိုပါပဲ။ ဘယ်အရာမဆို ရှောင်မရ အကောင်းအဆိုး ဒွန်တွဲနေစမြဲမို့ အတတ်နိုင်ဆုံးကောင်းပြီး အဆိုးနဲနိုင်သမျှ လုပ်ဖို့ပဲရှိပါတယ်။ ဒါတွေ အတွက် မိမိတို့ရဲ့ ခလေးတွေကို ငယ်စဉ်ကထဲက လိမ္မာပါးနပ်စွာနဲ့ မစည်းရုံးနိုင်ခဲ့ရင် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ဖို့သာ ရှိပါတော့တယ်။
နောက်တမျိုးကတော့ ဒီမိုကရေစီသမား ဘာသာခြား မြန်မာမိတ်ဆွေတွေပါ။ လူနည်းစုတွေ ဆိုတော့ ခံစားချက် ပိုနိုင်တာပေါ့။ အီရန်မှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မဲလိမ်လို့ အာဏာပိုင် ဘာသာရေး အစွန်းရောက်တွေကို လစ်ဘရယ်နဲ့ အလယ်လတ် အတိုက်အခံတွေက ဆန္ဒပြပါတယ်။ အစိမ်းရောင် လှုပ်ရှားမှုလို့ ကမာ္ဘကျော်ခဲ့ပါတယ်။ အသတ်ခံရ၊ ဖိနှိပ်ခံ ရတာတွေကတော့ မြန်မာပြည်ထက် မသာရင် သာရှိမယ်၊ မနိမ့်ခဲ့ပါ။ အဲဒီ မိတ်ဆွေတွေက ဖိနှိပ်သူ အီရန်အစိုးရ ကို အပြစ်မတင်တဲ့အပြင် အမရိကန် ထောက်လှမ်းရေး စီအိုင်အေ လက်ချက်လို့တောင် သံယောင် လိုက်ကြပါတယ်။ ဘာသာရေးက ပိုပြီး အရေးကြီး တယ်လို့ တွက်ပုံရပါတယ်။ မိမိတို့နဲ့ ခံယူချက်ခြင်းတူ၊ ခံနေရပုံချင်းလည်း တူနေတဲ့ အီရန် အတိုက်အခံ တွေအပေါ် စာနာစိတ် မထားနိုင်ကြ။
ဒီမိုကရေစီဆိုတာ မိမိကနေ စတာပါ။ မိမိအပြုအမူ၊ အတွေးအခေါ်တွေဟာ ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်ကို ဘယ်လိုဘယ်ပုံ သက်ရောက်သလဲဆိုတာ ကနေစတာပါ။ သူတော်စင် ဖြစ်ရမယ်လို့ မဆိုလို၊ ဒါပေမဲ့ လွတ်လပ်ခွင့်၊ တန်းတူရည်တူရှိမှု၊ အများကိုလေးစား အနည်းကိုညှာတာ ဆိုတဲ့အခြေခံ တရားတွေကို လက်တွေ့ ကျင့်သုံးနိုင်ရပါမယ်။ နှစ်ဦးနှစ်ဖက် အပေးအယူ အလျော့အတင်း လုပ်နိုင်မဲ့ အခွင့်အလမ်းတွေကို ဖန်တီးအသုံးချတတ် ရပါမယ်။ နိုင်ငံရေးဆိုပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေမှာ လှစ်လျူရှု၍ မရ။ ဒီမိုကရေစီကို လက်တွေ့ဘဝတွေမှာ မကျင့်သုံးခဲ့မိလို့ ၁၉၆၂ ဦးနေဝင်း စစ်တပ်က အာဏာာသိမ်းတဲ့အခါ ရေရှည် ကို မကြည့်ဘဲ ဝင်ဆွမ်းကြီးလောင်းသူ၊ လက်ခုပ်တီး အားပေးသူ၊ ငါနဲ့မဆိုင်ဆိုပြီး ဘေးထွက် ထိုင်သူ နဲ့ နောက်ဆုံးတော့ ငဝက်တို့ပဲ ကျွန်ခံကြရတာပါ။ အခုလည်း ဒီမိုကရေစီ ထွန်ုးကားနေတဲ့ နိုင်ငံတွေရဲ့ သူတို့ ဖြတ်သန်းပေးဆပ် လာခဲ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာ မယနိုင်ူပဲ ငါတို့ရဲ့ နေ့စဉ်ဓူဝ လုပ်ငန်းတွေ နဲ့မဆိုင်၊ နိုင်ငံရေးသမားတွေဖောတဲ့ အများကြိုက် စကားလုံးတွေလို့ ယူဆ နေကြတုန်း ဆိုရင်ဖြင့် ကံပေးလို့ ဒီမိုကရေစီရခဲ့ရင်တောင် မြန်မာပြည်ဟာ နောင်တချိန် စစ်ဗိုလ်ချုပ်လုပ် ကြအုံးမဲ့ စစ်ဗိုလ်အလောင်းအလျာတွေ အတွက်သာ ဖြစ်ပါလိမ့်မယ်။
9 comments
kai
October 29, 2010 at 4:14 am
လွတ်လပ်ပါတယ်ဆိုတဲ့ အမေရိကမှာတောင် ရှေးရိုးစွဲ အစဉ်အလာသမား ကွန်ဆားဗေးတစ် တွေက အနည်းဆုံးတော့ ၅ဝ ရာခိုင်နှုန်းဆိုတော့ လွတ်လပ်မှုဆိုတာနဲ့ ဝေးနေတဲ့ ကျွန်နော်တို့အမိ မြန်မာနိုင်ငံမှာ ရင့်ကြက်ကြဖို့ ဆိုတာ တော်တော်ခက်ပါတယ်။
ကျူပ်မှန်းသလောက်တော့ အမိမြေမှာ ကွန်ဆာဗေးတစ်က ၉၀%လောက်အသာလေးရှိမယ်..။ အဲဒီထဲမှ ညာဖက်အစွန်းထပ်ရောက်နေသူတွေက ၅၀% ပေါ့။
အင်တာနက်နေ့တိုင်းတက်နေတဲ့ ခေတ်လူငယ်တွေပါ လစ်ဘရယ်မဖြစ်နိုင်ဘူးဖြစ်နေတာတော့ ဆန်းတယ်..။ အဲဒါက တိုင်းပြည်ကို ဆွဲချသွားတာလို့ ပြောမယ်ဗျာ..။
weiwei
October 29, 2010 at 4:30 am
ကိုခိုင်တို့ ကိုကြောင်ကြီးတို့က နိုင်ငံခြားမှာအနေကြာပြီး လွတ်လပ်တယ့်နိုင်ငံရေးဟောပြောမှုတွေကြားနေမြင်နေရတော့ နိုင်ငံရေးဗဟုသုတ (ဒီမိုကရေစီ) အကြောင်း ကောင်းကောင်းသိနိုင်ပြောနိုင်ကြမှာပေါ့။ ကျွန်မတို့ မြန်မာပြည်မှာက နိုင်ငံရေးဆိုတာ ဘာလဲဆိုတာသိနိုင်တယ့် education မျိုးမရှိခဲ့တာကြာပါပြီ။ ကလေးဘဝကထဲက တွေးခေါ်စဉ်းစားရမယ့် ပညာရပ်မျိုးလဲ ဘွဲ့ရသည်အထိ မသင်ကြားခဲ့ရတော့ ဒီမိုကရေစီလို့အော်နေတယ့်လူတွေလဲ အဲဒါဘာလဲလို့မေးလိုက်ရင် ဖြေနိုင်မှာမဟုတ်ပါဘူး။ ခေတ်လူငယ်တွေအနေနဲ့ အင်တာနက်ကနေ လေ့လာနိုင်ဖို့ကလဲ အင်္ဂလိပ်စာမှ ကောင်းကောင်းမဖတ်တတ်တော့ အလှမ်းဝေးနေပြန်သေးတယ်။ ကိုယ်နဲ့အလှမ်းဝေးတယ့်အကြောင်းအရာတွေကို နောက်ဆုံးတော့လဲ စိတ်မဝင်စားကြတော့ဘူး။ လက်တွေ့ဘဝအတွက်ပဲ ရုန်းကန်ရင်းနဲ့ပဲ ….
narziparty2009
October 29, 2010 at 5:46 am
Wei Wei ပြောတာမှန်ပါတယ်ဗျာ။
ဒီမိုကရေစီ ဆိုတာကိုကျယ်ကျယ်ပြန်.ပြန်.မသိပါဘူး
လေ.လာရအောင်ကလည်းအင်္ဂလိပ်စာကအားနည်းနေသေးတယ်လူတိုင်းကိုတော.မပြောပါဘူး
ကျွန်တော်ကိုယ်တိုင်လည်း Wei Wei ပြောတာနဲ.တူနေပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
October 29, 2010 at 6:12 am
ဒီမိုကရေစီမှ မဟုတ်ပါဘူး
နားမလည်လည်းဘာမှမဖြစ်သေးပါဘူး
ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်တော့ မဟုတ်ပါဘူး
မြန်မာပြည်သားတွေဟာ ဒီလောက်လည်းအသိခေါက်ခက်အဝင်နက်တွေမဟုတ်ပါဘူး
၈၈ အရေးခင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ ့ထောက်ခံမှု ့နဲ ့ သူရဲခေါင်းဆန်ဆန် စီးချင်းထိုးခဲ့တာဘဲ
အဲ့သည်လုပ်ရပ်က သူမကို ကျဆုံးသွားစေတယ်လေ(ဒါကိုညံ့တယ်လို ့ပြောရင်လဲရတာဘဲ)
ဟိုလူတွေက စစ်တပ်ကို အိုးမဲသုတ်ပြီး ပြည်သူတွေနဲ ့ချခိုင်းခဲ့တာလေ
အရပ်စကားနဲ ့ပြောရင် အချစ်နဲ ့စစ်မှာ မတရားတာမရှိဘူး
မတရားတာက ဘာမှမဖြစ်သေးဘူး
ခွေးမသားတွေ အာဏာရလာပြီး တိုင်းပြည်ကိုဘာတစ်ခုမှ ကောင်းအောင်မလုပ်တော့ဘူး
ကိုယ့်ဘာသာ ဘုရင်ရူးရူးရင်လည်းဘာမှမဖြစ်ပါဘူး
အနှစ်နှစ်ဆယ်ကျော် တိုင်းပြည်ကို လှည့်စားနိုင်တာ နည်းတဲ့ဉာဏ်ပညာမဟုတ်ဘူး
အဲ့သည်အချိန်ထဲမှာ တိုင်းပြည်ကို အထိုက်အလျှောက်ဘဲ ကောင်းအောင်လုပ်
ပြည်သူတစ်ဝက်လောက်က သူ ့ကို ရှိခိုးဘို ့ဝန်လေးမှာမဟုတ်ပါဘူး
ဒါပေမယ့် သူ ့စီမှာ အကြင်နာတရားဆိုတာ နည်းနည်းမှ မရှိဘူး
အမဲလိုက် မုဆိုးဟာ သားကောင်ကို တစ်ခါတစ်လေ အလှမွေးဘို ့စိတ်ကူးရတတ်တယ်
တံငါသည်မှာ သားကောင်ကို ကြင်နာရိုးထုံးစံမရှိဘူး
ဆက်ပြောရရင်တော့ပေါက်ကွဲလိမ့်မယ်
မကျေနပ်ဆုံးက ဘယ်လိုမှ တရားမမျှတတာကိုသိရဲ ့သားနဲ ့ရွေးကောက်ပွဲကို ဝင်ပြိုင်တဲ့ မအေလိုးတွေ ဘဲ
ဆဲတယ်ကွာ မကျေနပ်ရင် ဖျက်ပြစ်
timothy
October 29, 2010 at 9:49 am
ကို big cat ရေ။ ဒီမိုကရေစီရဘို့ကျိုးစားပြီးရေးသားတတ်သလောက်တင်ပြရနဲ့၊ ခင်ဗျားပြောသလိုလူတွေကလွတ်လပ်ရေးရခဲ့ရင်တောင်မှဒီမိုကရေစီကိုထိန်းသိမ်းနိုင်ပါ့မလား၊ ဗိုလ်ခုျုပ်အောင်ဆ်န်းပြောသွားတဲ့ ငါတော့လွတ်လပ်ရေးရလို့လမ်းမကိုပိတ်ပြီးဆေးရိုးတွေလှမ်းမယ်၊ ငါ့လှေငါထိုးပဲခူးရောက်ရောက်ထင်ရာစိုင်းကြမလား။ လားပေါင်းများစွာနဲ့လက်ပေါာနှဖူးတင်၊နှဖူးပေါာလက်တင်နဲ့စိတ်ပူမိတာဘဲ။
အခုတောင်မှပြည်သူလူထုကိုတကိုယ်ကောင်းမဆံဘို့၊နိုင်ငံ့မျက်နှာ တော်လှန်ရေးမှာကျဆုံးသွားတဲ့အာဇါနည်များရဲ့မျက်နှာ ထောင်တမ်းကျနေတဲ့နိုင်ငံခေါင်းဆောင်များရဲ့မျက်နှာများကိုမြင်ရောင်ပြီး ကိုယ်ကျိုးစွန့်လို့ ရွေးကောက်ပွဲကိုတညီတညွတ်နဲ့သပိတ်မှောက်ဘို့အဆက်မပြတ်နှိုးဆော်နေရတယ်။
ခက်တာက အကျင့်ပျက်အာဏာရှင်လက်အောက်မှာနှစ်ပေါင်းများစွာနေလာရတော့အကျင့်ပျက်လာပ်စားလိမ်လည်အစရှိတဲ့မကောင်းဉာဏ်တွေနဲ့နေ့တာဒူဝအဖေါ်ာပြုရတော့တာဘဲ။
ကျနော်ထင်ပါတယ်၊ လွတ်လပ်ရေးရခဲ့ရင် ကျောင်းတွေမှာခလေးတွေကို လူမှုကျင့်ဝတ္တရားများ၊ ူလူုမှုဆှုက်ဆံရေး၊ကိုယ်ကျင့်တရားကောင်းမွန်ရေး၊မိမိကိုယ်ကိုရိုသေလေးစားပြီးသူတပါးကိုလဲလေးစားအရေးပေးရေး အစရှိသဖြင့်အခြေခံကစပြင်ရမယ်။စက်ရုံလုပ်ငန်းခွင်များမှာလဲအဲဒီပြုပြင်ပြောင်းလဲမှုတွေစရမယ်။ အကျင့်ပျက်လာပ်စားမှုဟာ လူကိုအသေသတ်တဲ့ ကင်ဆာ cancer ဘဲ၊ စစ်အာဏာရှင်အစ လာပ်စားအကျင့်ပျက်မှုကအစ ဆိုတာကိူခေါင်းထဲမှာစွဲမြဲအောင်လုပ်ရမယ်။ မိသားစုများမှာလဲလူကြီးပြောလုပ်တာဆိုအကုန်မှန်ဆိုတဲ့မှားတဲ့အယူအဆတွေကိုအမြစ်က်တော်လှန်ပြစ်ရမယ်။ ၁၉၆၂မှာဒီမိုကရေစီကိုဆုံးရှုံးခဲ့တာလဲအကျင့်ပျက်ချစားမှုတွေကြောင့်ဘဲ။ ကျတော်တို့တတွေဒါတွေကိုနှစ်ပေါင်းများစွာချွေးသွေးမျက်ရည်ဆင်းရဲကြီးငယ်ပေးဆပ်ပြီးမှသင်္ခါန်းစါရသင့်ပါပြီ။ရနိုင်ကြပါစေ။ ဒါနဲ့တပါထဲ ရွေးကောက်ပွဲနေ့မှာ အကြောက်တရားနဲ့တကိုယ်ကောင်းဆံတဲ့အကျင့်ဆိုးများကိုဖယ်ရှားပြီးညီညီညွတ်ညွတ်နဲ့သပိတ်မှောက်ကြပါစို့လို့နှိုးဆော်လိုက်ပါတယ်။ဲ့
မှော်ဆရာ
October 30, 2010 at 6:26 am
လွပ်လပ်စွာ သဘောထား ကွဲလွဲကြည့်မယ်နော်။ကျွန်တော့်အမြင်ပြောရရင် လက်ရှိလူထုဟာ ဒီမိုကရေစီနဲ့ စိမ်းနေသေးတယ်လို့ ပြောရမယ်ထင်တယ်။
ကျွန်တော်တို့ သင်ခဲ့ရတဲ့ ဒီမိုကရေစီဆိုတာ ကိုယ့်ကို အုပ်ချုပ်မယ့်သူကို ကို ကိုယ်တိုင် ရွေးချယ်ရတာပါ။ နောက် အာဏာသုံးရပ်(အုပ်ချုပ်ရေး ၊တရားစီရင်ရေး ၊ ဥပဒေ ပြုရေး ) ဟာ ဘက်ညီပြီး သီးခြားစီလွပ်လပ်ကာ အခြင်းခြင်း ပြန်လည်ထိမ်းညှိပေးသော စနစ် ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင် အုပ်ချုပ်ရေးပိုင်းကလူတွေဟာ တရားသူကြီးတွေကို မလွမ်းမိုးနှိုင်ပါဘူး။ ဒါအပြင် တရားသူကြီးတွေကလဲ ဥပဒေပြုရေး အဖွဲ့( လွှတ်တော်) ကဆွဲထားတဲ့ ဥပဒေအတိုင်းပဲ စီရင်ရပြန်ပါတယ်။မတရား အပြစ်ဒဏ်ပေးလို့မရပါ။ လွှတ်တော်ကလဲ အများစု သဘောတူညီချက်မရှိပဲ ဥပဒေကို ပြင်ဆင်ခြင်း ၊ အုပ်ချုပ်ရေး ကိုပြင်ဆင်ခြင်း မလုပ်နှိုင်ပါဘူး ။
တဦးတစ်ယောက်က အာဏာသုံးရပ်စလုံးကို လက်ကိုင်ထားတယ်။ လွှတ်တော်အပေါ်မှာ ၊ တရားသူကြီးတွေအပေါ်မှာ ၊ အုပ်ချုပ်ရေး အဆင့်ဆင့်ပေါ်မှာ ဩဇာရှိနေတယ်ဆိုရင် ဒါဟာ ဒီမိုကရေစီ မရှိတာပါပဲ။
ကျွန်တော့်အမြင်ပြောရရင် တိုက်ယူလို့မရတာ။ တောင်းယူလို့မရတာ၊ တွေ့ခဲ့ရပါတယ်။ပြည်သူတစ်ရပ်လုံးမပါဝင်လို့လို့ မပြောပါနဲ့၊ ပြည်သူတွေ တာဝန်ကျေခဲ့ပါပြီ။ အသက်စတေးခဲ့ရတဲ့သူတွေ။ထောင်ထဲမှာ ဘဝပျက်ခဲ့ရတဲ့သူတွေ ၊ရေခြားမြေခြားမှာ ရှောင်ပုန်းနေရတဲ့သူတွေ အများကြီးပါ။ကျဆုံးခဲ့ရတဲ့ အရေးအခင်းကြီးတွေကို ပြန်ကြည့်ပါ။ဘယ်လောက်တောင်အင်အားကောင်းခဲ့သလဲလို့။
ဘာကြောင့်မအောင်မြင်ခဲ့သလဲဆိုရင် ၁- ဦးဆောင်မယ့်သူ မရှိလို့။၂- ပြည်သူများ အသိအမြင် ပွင့်လင်းမှုမရှိလို့ ဖြစ်ပါတယ်။
ဦးဆောင်မယ့်သူ မရှိရတာက တကယ်အားကိုးရမယ့် ခေါင်းဆောင်တွေဟာ မြေအောက်ရောက်ရင်ရောက်။မရောက်ရင် ထောင်ထဲမှာ အချုပ်ခံရရင်ခံရ။ဒါမှမဟုတ်ရင် အသက်အရွယ်ကြောင့် ဦးဆောင်နှိုင်စွမ်းမရှိတာကြောင့်ပါ။ ကြားဖြတ်အစိုးရ ဖွဲ့ရမယ့်အချိန်ကောင်း၊တောင်းဆိုချက်တွေ တောင်းဆိုရမယ့် အချိန်ကောင်းတွေကို တွေ့ကြုံရပေမယ့် ထိထိရောက်ရောက်မလုပ်ရှားနှိုင်ခဲ့ပါ။စီတန်းလှည့်လည်ရုံနဲ့ ပဲ ကျေနပ်ခဲ့ရတာပါ။ ဒါကြောင့်မို့လို့လဲ လွယ်လွယ်ကူကူ ဖြိုခွင်းခံခဲ့ရတာပါ။
ပြန်စဉ်းစားကြည့်ပါ။ ကြားဖြတ်အစိုးရဖွဲ့ဖို့ မဆိုထားနဲ့။သပိတ်မှောက်အင်အားစု ဦးဆောင်ရေးဗဟိုကော်မတီ(အစိုးရနဲ့ တိုက်ရိုက်ညှိနှိုင်းဖို့၊လိုလားချက်တွေတောင်းဆိုဖို့)တောင် မဖွဲ့စည်းနှိုင်ခဲ့ပါ။
နောက်တစ်ခုက ပြည်သူတွေကို နိုင်ငံရေးနဲ့ ကြာရှည်စွာ မျက်ခြည်ဖြတ်ထားတဲ့အတွက် နိုင်ငံရေးဗဟုသုတ လုံးဝမရှိတော့လို့ပါ။ထင်ရှားတဲ့ဥပမာ ဝန်ထမ်းဟူသည် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဆိုတဲ့ သဘောပါ။ နိုင်ငံရေးဆိုတာ အစိုးရကို ဆန့်ကျင်တာလို့ကို စိတ်ထဲမှာ စွဲနေတဲ့အထိပါပဲ။ နိုင်ငံရေး စနစ်တွေအကြောင်း ဘာမှ လေ့လာခွင့်မရှိတဲ့အတွက် အခု နားလှည့်ပါးရိုက်ခံနေရတာပါ။ ပြည်သူတွေ မျက်စိပွင့်လာရင် အခုလို သူများဒါဆိုတိုင်း ဒါကို လိုက်နေရတဲ့အဖြစ်တွေ ရှိမှာ မဟုတ်တော့ပါဘူး။
စနစ်တစ်ခု အပြောင်းအလဲဖြစ်သွားရင်တော့ အရင်ထက်တော့ နဲနဲ လွပ်လပ်ခွင့်ရလာမယ် ထင်ပါတယ်။ ဥပမာ ပါတီတွေ ရပ်တည်လာနှိုင်ကြတာ။နိုင်ငံရေးဆိုတာကို ရဲရဲပြောလာနှိုင်တာ ကောင်းကျိုးပါ။
နောက်ငါးနှစ် နောက်ရွေးကောက်ပွဲမတိုင်မှီမှာ ပါတီတွေ ပိုမိုစည်းရုံးခွင့်။နိုင်ငံရေး အကြောင်း ပိုမို တင်ပြပြောဆိုခွင့်လဲ ရှိလာမှာပါ။
ပြီးတော့ လွှတ်တော်ထဲမှာလဲ နိုင်ငံရေးအင်အားစုတွေ တစ်စထက်တစ်စ ပိုမို ပြီးနေရာယူလာမယ်လဲထင်ပါတယ်။
နိုင်ငံရေးပါတီတော်တော်များများပြောကြသလို ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီလမ်းကြောင်းအစပါ။ပန်းတိုင်လို့ မယူဆပါနဲ့။ လွှတ်တော်မှာ ၁နေရာရရ ၂နေရာ ရရ ယူထားရမယ့်အချိန်ပါ။ နောက်ရွေးကောက်ပွဲမှာ ဒီထက်ပို လှုပ်ရှားခွင့် ရလာမှာပါ။ဒီကနေ တစ်ဆင့်ထက်တစ်ဆင့် တိုးယူသွားရမယ်လို့ထင်ပါတယ်။
bigcat
October 30, 2010 at 7:27 am
လေးနှစ်တခါ
တနေရာတိုး
ဒီပုံနဲဆို
နှစ်တထောင်ဗျို့၊
ဘိုးတော်မန်းမှုတ်
ဆယ်နေရာချုပ်လည်း
နှစ်ပေါင်းရာချီသေးသဗျို့
မှော်ဆရာခန့်မှန်း
ဆေးကြိမ်စွမ်းလည်း
တိုးပါလိမ့်မည်
ရောဂါသွေးတိုး။
မိုက်ကယ်ဂျော်နီအောင်ပု
October 30, 2010 at 10:40 pm
(လွှတ်တော်မှာ ၁နေရာရရ ၂နေရာ ရရ ယူထားရမယ့်အချိန်ပါ။ နောက်ရွေးကောက်ပွဲမှာ ဒီထက်ပို လှုပ်ရှားခွင့် ရလာမှာပါ။ဒီကနေ တစ်ဆင့်ထက်တစ်ဆင့် တိုးယူသွားရမယ်လို့ထင်ပါတယ်။)
ဒီနေ ့ထိ နေရာ ထိုင်ခင်းတွေ စားအိုးစားခွက်တွေ လုယူ ဝေစုခွဲနေကြတာ မပြီးဆုံးနိုင်သေးတဲ့ ဒီအုပ်စုကြီးက ဘယ်သူ ့ကို ဘယ်လိုပုံစံနဲ ့ ဘယ်လို ချဉ်းကပ်ခံမယ်ဆိုတာက တော်တော်ထွက်ပေါက် ရှာရခက်တဲ့ အဖြေပါ။
ဦးနေဝင်းအုပ်စုကို နှိပ်ကွတ်နေရတာက တစ်မျိုး သူတို ့တည်တံ့ရေးကို အားထုပ်နေရတာကတစ်မျိုး ကိုယ့်တိုင်းပြည် ကို အတိုးတက်မခံလိုလို ့ ဖျက်ဆီးခံနေရတာက တစ်မျိုးနဲ ့ ပါ
ရေများရေနိုင်သဘောလည်းရှိပါတယ် ချဉ်းကပ်သူတွေကပါ စားတတ်သောက်တတ်ကုန်ရင် ပိုဆိုးရချဉ်ရဲ ့ဗျို ့
ဒီနေရာမှာ အခိုင်အမာပြောလို ့ရတာက နိုင်ငံတော်ရဲ ့ ဖြူးချားပလန် တွေက ဘာတစ်ခုမှ မျှော်မှန်းချက်မရှိပါဘူး
စစ်အုပ်ပုံစံနဲ့ တုန်းက အာဏာရှင် တွေပါ ခု အရပ်ဝတ်နဲ ့ကြတော့ အရင်ရှင်ပုံစံ ဖြစ်လာဦးမှာပါ ဒီတော့ကာ သေမထူး နေမထူးထက်စာရင် ငွေကုန်ကြေးကျ သက်သာပြီး အန္တရယ်ကင်းတဲ့နည်းဖြစ်တဲ့ မဲရုံတွေကို သပိတ်မှောက်ချင်းမှသည် ယှဉ်ပြိုင်ပါတီတွေကို နှုတ်ထွက်စေဘို ့ ရက်ပိုင်းအတွင်း ဖိအားလေးများ တိုးပွားလာမယ်ဆိုရင် ကံကောင်းထောက်မလို ့ ရွေးကောက်ပွဲ ပျက်သွားမယ်ဆိုရင် ရှေ ့ဆက်ပြီး ဘာတွေဆက်ဖြစ်မလဲလို ့ တွေးနေတုန်း ……………….
bigcat
October 31, 2010 at 12:28 am
ဟုတ်ပ ဘကြီးပုရေ။ အမှန်အတိုင်းပြောရရင် မှော်ဆရာပြောတဲ့ တနေရာလေးရရ ဆိုတာကို ဖတ်လိုက်ရတော့ အတော်စိတ်ပျက်သွားမိတယ်။ စစ်သားကို အိညက်အိညက်သွားမြူလို့ကတော့ တန်ရာတန်ကြေးအခ မပြောနဲ့ ဝတ်သွားတာတောင် ချွတ်အယူခံရမှာကို သိဟန်မတူဘူး။ တောင်းစားရင် အရိုးအရင်းတောင်မရ၊ အရွတ်ပဲရမယ်၊ ကိုယ်တိုင်လုပ်ယူ ကြံယူမှရမဲ့ဟာကို အခုတော့ဗျာ။ ပုံစံကြည့်ရတာ တနေရာမှ မရလည်း နိုင်ငံရေးသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ဘေးရှင်းရန်ကွာ ဖြစ်ရတာကိုပဲ ကျေနပ်မဲ့ပုံရှိပါတယ်။ အဲဒီလို လူမျိုးတွေက လွတ်လပ်ခွင့် တကယ်ရရင်ကျတော့ ရှေ့ဆုံးကနေ လုပ်စားတတ်ကြတယ်။