ဒီပုံလေးကတော့ နေဝင်မိုးချုပ်စ အလင်းရောက်ပျောက်ကွယ်ခါနီး အချိန်လေးမှာ ဝင်လုဆဲနေရောင်လေးက ရဲရဲတောက်နေတာက မီးတောက်လေးလိုထင်ရပါတယ်။ အနက်ရောင်ကောင်းကင်မှာ လက်လက်ထနေတဲ့ အနီရောင်လေးကို သဘောကျလို့ အမိအရ ရိုက်ထားတာပါ။ လုံးဝပြုပြင်ခြင်းကင်းသော သဘာဝပုံလေးပါ။ နှစ်သက်ကြမယ်လို့ ထင်ပါတယ်။
Post Views: 241
14 comments
ဆူး
November 7, 2010 at 3:37 pm
လေးပေါက်…….. ဘယ်နားက ရိုက်ထားတာလဲ.. မဲမှောင်နေတာဘဲ… မဲမဲကြီး..
kopauk mandalay
November 7, 2010 at 3:47 pm
အဲဒါမန်းလေးကန်တော်ကြီးလို့ခေါ်တဲ့ တက်သေးအင်းရဲ့အနောက်ဖက်ခြမ်းမှာ ညနေ(7)နာရီမထိုးခင်လောက်မှာ စက်တင်ဘာလ ထဲကတစ်ရက်မှာရို်က်ထားတာ။မိုးကတစ်ပေါက်နှစ်ပေါက်ကျနေတာ။
မှန်ဘီလူးကိုတောင် ရေစင်လို့ အစက်အပြောက်တွေထင်နေသေးတာ။
ဆိုင်ကယ်နဲ့အပြင်ကပြန်လာတုံး ဒီရူ့ခင်းကိုတွေ့လို့ အိမ်ပြန်ကင်မရာယူပြီးရို်က်ထားလိုက်တာပါ။
စိတ်ထဲမှာ ကြောက်ရွှံ့သလိုခံစားမူ့ကိုပေးပါတယ်။
ဆူး
November 7, 2010 at 3:52 pm
အစပ် အဝိုင်းလေးတွေကို အချို့က ပြောတယ်.. တရဲတွေ ကင်မရာမှာ ပါတာတဲ့.. လေးပေါက် ကြောက်တာ တရဲ ရှိလို့ နေမှာပေါ့.. ပြောရင်းနဲ့ ကင်မရာ နောက်က လေးပေါက်.. လေးပေါက်နောက်က.. အဒူလဲတော့ သိဘူး.. ပြန်လှည့်ကြည့်လိုက်အုန်း
weiwei
November 7, 2010 at 3:49 pm
ငယ်ငယ်ကသုံးခဲ့ရတဲ့ မီးသွေးမီးဖိုကို သတိရမိတယ် … (ဆိုင် မဆိုင်တော့ မသိဘူး ..)
saunghnin@gmail.com
November 8, 2010 at 4:49 am
ကိုပေါက်……နေဝင်ချိန်နဲ့မတူဘူး။လောကကြိီးအမှောင်ကျနေသလိုပဲ။
naywoonni
November 8, 2010 at 12:28 pm
နေဝင်စဆိုပေမဲ့မိုးအုံနေလို့လား
ပိုမှောင်နေသလိုပဲ
kopauk mandalay
November 8, 2010 at 3:11 pm
ဟုတ်တယ်မိုးနည်းနည်းလေးကျလို့ မှန်ဘီလူးမှာ မိုးစက်တင်တာကို မသုတ်မိတော့ အဖြူစက်တွေတွေ့နေရတာ။
နောက်က ကွက်ကွက်လေးဖြူနေတာက တိ်မ်တောင်တွေ။
အောက်ကရေပြင်။
မဲနေတာက သစ်ပင်တွေ။
ရဲနေတာက ဝင်ခါနီးနေရောင်က တောင်အောက်ကထွက်နေတဲ့နေရာင်၊
ဒေါင့်နားလေးက လင်းနေတာ လျှပ်စီးမီးရောင်။
လေးပေါက်နောက်မှာ ရောက်နေတာက မဒမ်ပေါက်။
မှောင်ကြီးမဲမဲထဲမှာ လာချိန်းတဲ့ အတွဲ ကို မကြီးမငယ်နဲ့ ဓါတ်ပုံချောင်းရိုက်မယ်ထင်လို့ နောက်ကလိုက်လာတာ။
phone
November 10, 2010 at 10:58 am
အရမ်းလွမ်းဖို့ကောင်းပါတယ်
စိတ်ဝင်စားဖို့ကောင်းတယ်
naywoonni
November 10, 2010 at 4:02 pm
ကိုပေါက်ကမဆိုးဘူးနော်
ကိုယ့်ဓါတ်ပုံကိုယ်သေသေချာချာရှင်းပြနိုင်အောင်မှတ်မိတယ်
ကျွန်တော်တို့ဆိုမေ့ပြီ
သေချာပြန်မပြောနိုင်တော့ဘူး
kopauk mandalay
November 10, 2010 at 4:36 pm
ဟုတ်ပါတယ်။
ကျနော်က သတိရချင်တာကို အသေးစိတ်သတိရပြီး
သတိမရချင်ရင်တော့မေ့လိုက်တာဘဲ။
ဥပမာ ကိုယ်ပြန်ဆပ်ရမယ့် အကြွေးဆိုရင်မေ့ထားလိုက်ပြီး ရစရာရှိတာကိုတော့ နေ့စွဲနဲ့ အတိအကျမှတ်မိတာကိုပေါ့။
ဆူး
November 11, 2010 at 5:44 am
လေးပေါက် ဟိုနှစ်က ချေးသွားတဲ့ ဆန် တအိတ်.. ဘယ်တော့ ပြန်ရမှာလဲ..
Tommy
November 11, 2010 at 1:39 am
Lord of the Ring ဇာတ်ကားထဲက လိုကြီးနော် …ကြောက်စရာကောင်းတယ်ဗျ ။
kopauk mandalay
November 11, 2010 at 11:40 am
အဲဒီဆန်တအိ်တ်က ချေးထားတာ ပြန်ဆပ်မလို့ ထမ်းလာရင်းရေဘေးဒုက္ခသည်တွေ့တော် လှူလိုက်ပြီ.
ဆန်မယူနဲ့တော့ သာဓုဘဲယူလိုက်တော ့နော်
ဆူး
November 11, 2010 at 11:52 am
သ..သ.. သာ…. ဓု…… ပါ ရှင်…
သ..သ.. သာ…ဓု ပါ
နောက်လည်း ပြန်ဆပ်နိုင်ပါစေ.. အဲ.. နောက်လည်း လှူနိုင်ပါစေ