Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပိုက်ဆံ မသစ်ရင် လက်မခံတဲ့ ရိုးမဘဏ်

ဆူးNovember 16, 20102min92730

အခုမြင်ရတဲ့ ဘဏ်ကြီးပေါ့ကွယ်.. မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသစ်များသာ လက်ခံနေပါတယ်။ အခုပါတဲ့ ပုံမှာ ရှိတဲ့ ပိုက်ဆံကို သေချာ လေ့လာကြည့်ပါ။ လူအချင်းချင်း ဈေးဝယ်ရင်တောင် ဒါလေးတွေ ပေးရင် လက်ခံရတယ်။ ဘဏ်မှာ ပိုက်ဆံ ထုတ်ရင်တောင် အသစ် မပေးနိုင်ဘဲ ဘဏ်မှာ ငွေအပ်တော့ ဟောင်းလို့ လက်မခံဘူး ကြည့်ကြပါအုန်း။ ခက်တာက ပိုက်ဆံ အသစ် ပေးရအောင် ပိုက်ဆံ ထုတ်တဲ့ စက်မှ မရှိတာ.. အဟောင်းလက်ထဲ ရောက်မှ တော့ အဟောင်းဘဲ သုံးရမှာပေါ့

30 comments

  • nyeinwailwin

    November 16, 2010 at 8:29 am

    ဒဲဟာကတော့ကြုံတွေ့နေရတာကြာပါပြီ . သူတို့က ပိုက်ဆံ ဟောင်းရင်သာ လက်မခံတာပါ ရိုးမဘဏ်က ထုတ်ပေးတဲ့ ပိုက်ဆံ အုပ်တွေထဲမှာ တစ်ခါတစ်လေ ဒီထက်တောင် စုတ်တဲ့ ပိုက်ဆံတွေတောင် ပါလာတက် ပါသေးတယ် (ကိုယ်တွေ့နော်)

    • အာဖျံ ကွီး

      November 16, 2010 at 10:45 am

      အဲဒါဟုတ်တရ် … မှိုတွေများတက်နေလိုက်တာ ပြန်ရေရတာအရမ်းခက်တရ်၊ အထူးသဖြင့် ၅၀ဝ တန်တွေလေ။

  • ဆူး

    November 16, 2010 at 8:34 am

    အဲဒါကြောင့် စိတ်တိုတာပေါ့.. သူတို့ ထုတ်ပေးနေတာ အသစ် ဆိုရင် ပြောဖွယ်ရာ မရှိ။

  • hsu hsu

    November 16, 2010 at 8:59 am

    ပေါချောင်မကောင်းထုတ်ထားတဲ့ ပိုက်ဆံတွေကိုး…..စုတ်ပြဲလွယ်တာပေါ့

  • draungkyawkyawoo

    November 16, 2010 at 9:26 am

    သူတို့ဘဏ်မှာမအပ်ရုံပေါ့ ။

  • char too lan

    November 16, 2010 at 9:48 am

    သင်္ဃန်းကျွန်းအဲဒီဘဏ်ကနေ နယ်ကငွေလွဲလို့သွားထုတ်တော့ ထောင်တန်မဟုတ်တဲ့ထောင်တန် ၂ရွက်ပါလာတယ် လက်ဝယ်ကိုင်ဆောင်ထားသူသာအပြစ်မို့ ပြန်မပြောဖြစ်တော့ပါ
    ကဲဆြာဆူးရေ ဘယ်လိုလုပ်ကြမတုန်း~~

    • ဆူး

      November 16, 2010 at 10:51 am

      နောက်တခါ ပါလာရင် ဒီလိုဘဲ တင်လိုက်ပေါ့.. အော်လို့ရတဲ့ နေရာလိုက်အော်ကြရအောင်.. နည်းပညာ ကို အဆင်ပြေသလို အသုံးချတာပေါ့.. အတုကလည်း ကိုယ်လုပ်တာ မဟုတ်.. အစုပ်ကလည်း ကိုယ်ပိုင် စက်ရုံက ထုတ်တာ မဟုတ်.. ကိုင်း ဘယ်လို လုပ်ရမလဲ..

  • koyinmaung

    November 16, 2010 at 9:50 am

    တရုတ်ပြည်မှာတော့ပိုက်ဆံအတုအရမ်းပေါ အတုမဟုတ်ယင်တော့ထက်ပိုင်းပြတ်တောင်သုံးလို့ရတယ်….

  • လင်းဝေကျော်

    November 16, 2010 at 10:07 am

    ဟုတ်တယ်။
    ဘဏ်က လက်မခံတဲ့ ငါးရာတန်တွေ ကို ဆီဆိုင်မှာ သုံးပစ်နေရတာကြာပေါ့

  • အာဖျံ ကွီး

    November 16, 2010 at 10:42 am

    ပိုက်ဆံစုတ်ရင် မယူချင်ကြတာထုံးစံပဲ။ ဒါပေမဲ့ ဒီလိုတော့ မလုပ်သင့်ဘူး။ ပိုက်ဆံစုတ်သွားရင် ကိုယ့်ဟာကိုယ်ဖြဲပစ်ပီး အသစ်ပြန်ထုတ်လို.ရတဲ့ ငွေထုတ်စက် အများပြည်သူမှာ ရှိတာလဲမဟုတ်ဘူး။ တစ်ကယ်ဆို ပိုက်ဆံစုတ်ရင်လဲ လက်ခံပီးတော့ အစိုးရဆီမှာ ပြန်လဲတဲ့ အပို Service လေးတော့လုပ်ပေးသင့်တရ်။

  • winkhant

    November 16, 2010 at 10:47 am

    အာဖျံကွီး မှန်တယ်…ဝင်စေဗျား

  • ဆူး

    November 16, 2010 at 10:53 am

    ကွီးလေး ပြောသလို လုပ်ပေးရင်တော့ ဒီက လူတွေ ကျန်းမာပြီး ဥပါတ် မဖြစ်ဘူးပေါ့။ အစုပ်တွေ ကိုင်ရလို့ စိတ်ညစ်တဲ့ ဘေးကလည်း ကင်းဝေးတာပေါ့

  • Khine Htoo

    November 16, 2010 at 12:06 pm

    ””တစ်ကယ်ဆို ပိုက်ဆံစုတ်ရင်လဲ လက်ခံပီးတော့ အစိုးရဆီမှာ ပြန်လဲတဲ့ အပို Service လေးတော့လုပ်ပေးသင့်တရ်။””ဟုတ်ပဗျာ၊ဘဏ်တွေက အကျိုးဆောင်ခ၊ ဆောင်ရွက်ခ၊ဘာခညာခနဲ့တောင်း နေ ပြီး ဒီလောက်တောင် မလုပ်ပေးကြဘူး။ ဘာဘဏ်တွေလဲ။

  • ကြယ်လေး

    November 16, 2010 at 12:14 pm

    ကိုရီးရားနိုင်ငံက ဘဏ် တွေမှာ တနေ့ စာ တနေ့စာဝင်လာတဲ့ ငွေစက္ကူ တွေကို လျှော်တဲ့စက်ရှိပါတယ် ပိုးပါသတ်သေး အကြွေစိကအစနော်

    • ဆူး

      November 16, 2010 at 12:18 pm

      အဲဒီ စက်ကလေး ဒီပို့လိုက်ပါ.. ၂၄နာရီ အလုပ် အနားတမ်း ခိုင်းပေးလိုက်မယ်။

  • The Reds

    November 16, 2010 at 3:00 pm

    အော် ဘဏ် က ဒီ ပိုက် ဆံ တွေ မ မြင် ဖူး လို. နေ မှာ ပါ …. 😛

  • kopauk mandalay

    November 16, 2010 at 3:57 pm

    ကျနော်ကတော့ ဘဏ်ကလက်မခံတဲ့ ပိုက်ဆံအစုတ်တွေကို ရှိမှန်းမသိ မရှိမှန်းမသိ ဇွတ်အကြွေးလာတောင်းသူများကို စေတနာရှေ့ထားလို့ ပိုက်ဆံအုပ်ရဲ့အလယ်မှာ ညှပ်လို့ ခပ်တည်တည်ပေးလိုက်ပါတယ်။
    မယူချင်နေ ဒါပဲရှိတယ်လို့ မျက်နှာထားခပ်တင်းတင်းလေးနဲ့ ပေးလိုက်တော့ အစုတ်တွေကုန်သွားပါတယ်။

    ဒါပဲပေါ့ ဒီလိုဘဲဖြစ်ရမှာပေါ့ ဒါအမှန်ဘဲပေါ့။

  • unclegyi1974

    November 16, 2010 at 4:25 pm

    ထုတ်လိုက်တဲ့ငွေတွေဘဏ်တွေထဲပြန်မရောက်ဘဲ
    အပြင်မှာလည်ပြီးတစတစပျောက်သွားရင်အကောင်းဆုံး
    ပါတဲ့ သူ့ထက်ကောင်းတာတောင်သူ့လောက်မကောင်းဘူး
    လို့ပြောတာဘဲ
    ဘယ်သူတွေပြောသလဲကတော့မပြောတော့ဘူးနော်

  • kai

    November 16, 2010 at 11:15 pm

    သကြားလုံးတို့၊ ချလံစာရွက်တို့နဲ့စာရင် .. ယိုးဒယားဘတ်ငွေတို့..။ တရုတ်ယွမ်တို ့ ရဲ့အကြွေတွေ ယူသုံးလိုက်လို့မရဘူးလား..။
    ခပ်တည်တည်ပေါ့..။
    အလေ့အကျင့်တောင်ဖြစ်သွားဦးမယ်..။ 🙂

  • kopauk mandalay

    November 17, 2010 at 2:24 am

    အဲဒီခင်ဗျားပြောတဲ့ပိုက်ပိုက်တွေက ကို်င်လို့မရဘူးလေ

    • ဆူး

      November 17, 2010 at 3:31 am

      ဟုတ်ပါ့.. ဒါလေးတောင် တိဝူး.. အဲဒါ ကိုင်မိရင်.. လက် အပူလောင်တတ်တယ် ကွဲ့..

  • bigcat

    November 17, 2010 at 4:38 am

    လက်ဝှေ့ကျော် အန်တီဆူးပြောမှ အကြံတခုရတယ်။ ဆူပါမားကက်တွေက သူတို့ပစ္စည်းတွေကို ပိုက်ဆံအစုတ်နဲ့ လဲရင်မကောင်းလား။ သူများနဲ့အပြိုင်ဈေးချစရာမလိုဘဲ ပုံမှန်ဈေးနဲ့ရောင်း၊ ရလာတဲ့ငွေကို သူတို့အဘတွေမျက်နှာနဲ့ ဗဟိုဘဏ်မှာ သွာလဲ။ ၂၀%လောက်ကို ပေးဖို့ကမ်းဖို့ ဖယ်ထားလိုက်ရင် အရောင်းမြှင့်ပြီးသားဖြစ်တဲ့အပြင် မျက်နှာပန်းလဲလှအုံးမယ်ထင်တယ်။

    ဈေးကွက်အကြံပေးအတိုင်ပင်ခံ မဟာကြောင်

  • ဆူး

    November 17, 2010 at 4:56 am

    သူကြတော့ အတိုင်ပင်ခံ မဟာကြောင် တဲ့.. ဆူး ကိုကျတော့ လက်ဝှေ့ကျော် အန်တီဆူး တဲ့.. ရက်ချက်လှချည်လား..

  • naywoonni

    November 17, 2010 at 3:32 pm

    အော်……ဆူးမကလက်ဝှေ့ထိုးတာကို
    ဘယ်ဝိတ်တန်းလဲ?
    ရှောင်ရအောင်မေးတာပါ……
    စိမ်မခေါ်ရဲ ပါ

  • Gong Zhu

    November 17, 2010 at 4:13 pm

    အဲ့ 500 တန်ထက် အဆပေါင်း 100 စုတ်တဲ့ ပိုက်ဆံ သမီးမှာရှိတယ် … 😛

  • meelay

    November 18, 2010 at 3:55 am

    ရိုးမဘဏ်မှာ မယူတာတော့ မပြောနဲ့တော့ – မီးတို့ဆီမှာ ရိုးမဘဏ်ကနေထုတ်ပြီး မြန်မာ့စီးပွားရေးဘဏ်မှာ ပြန်သွင်းတော့ မြန်မာ့စီးပွားရေးဘဏ်က တစ်ရွက်ချင်းပြန်စစ်ပြီး စုတ်နေတဲ့ငွေတွေကို အပေါက်ဖောက်ပြီး ယူထားလိုက်ပါတယ်။ အဲဒီအပေါက်ဖောက်လိုက်တဲ့ ပိုက်ဆံတွေအတွက် ကိုယ်က ပြန်ပေးရပါတယ်။ အဲဒါ မြန်မာ့စီးပွားရေး ဘဏ်နော် – ပုဂ္ဂလိကဘဏ်တောင် မဟုတ်ဘူး။ အရင်က ဘဏ်က ပိုက်ဆံအစုတ်တွေ လဲပေးပါတယ်။ အခုတော့ သူတို့ကိုယ်တိုင်က ဖောက်စက်တွေနဲ့ဖောက်ပစ်လိုက်ပါတယ်။

  • ဆူး

    November 18, 2010 at 4:08 am

    နောက်ဆုံး အဖြေရှာလိုက်တော့ လူတွေ ကိုယ်ပိုင် စက်တွေနဲ့ ပိုက်ဆံ မထုတ်နိုင်လို့ ဘဏ်တွေ ပြုသမျှ နုနေရတာ များလား.. တွေးရင်းနဲ့ စိ်တ်တောင် ညစ်တယ်။ လူလူချင်း ပေးရင်တောင် ယူတယ်။

  • saunghnin@gmail.com

    November 18, 2010 at 8:02 am

    လူလူချင်းပဲ နားလည်မူလုပ်ပြီးယူကြတယ်။ သူတို့ကလူထဲကလူးတွေဆိုတော့ မယူကြတာနေမယ်နော်။ အပြင်မှာကအစုတ်တွေမှမသုံးရင် သုံးစရာမရှ်ိတော့ဘူး။

  • ဟုတ်တယ် ယုတို့ရပ်ကွက်ထဲမှာဆိုရင် ဒီလိုပဲ ဘယ်လောက်ပိုက်ဆံစုတ်စုတ် တစ်ယောက်နဲ့တစ်ယောက်နားလည်မှု့ ပေးပြီးသုံးရတာပဲ ပိုက်ဆံစုတ်လို့ မယူဘူးဆိုတာမရှိဘူး။ ခက်တာက 50တန်၊ 100တန် ရှားတာပဲ၊ ဈေးသည်တွေကလည်း အကြွေမရှိရင် မရောင်းဘူး၊ ဝယ်တဲ့သူက အကြွေဆောင်လာရတယ်၊ ကားစီးရင်လဲ ဒီလိုပဲ၊

  • ဆူး

    November 18, 2010 at 10:13 am

    အကြွေ မအမ်းနိုင်လို့ ၃၅ဝတန် ၅၀ဝ နဲ့ ရောင်းတယ်ကွာ.. ဘာပြောချင်လဲ..

    အကြွေရရင် အမ်းမယ်.. လက်ထဲမှာ အတန်ကြီးဘဲ ရှိတယ်.. ဆင်းတဲ့ အထိ မအမ်းနိုင်မှာ စိုးရင် အတန်ကြီးမပေးနဲ့ပေါ့ကွာ.. ဘာလုပ်ချင်လဲ..

Leave a Reply