Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အိမ်ထောင်ကျခြင်း (၂)

ashinindakaDecember 16, 20101min2997

အိမ်ထောင်ကျခြင်းဆိုတဲ့ပို့စ်တစ်ခု တင်ဖြစ်တယ်။
အိမ်ထောင်မပြုဘဲ ရဟန်း (သို့) သီလရှင်ဝတ်ပြီးကျင့်ကြံမှ
ဗုဒ္ဓဘာသာတို့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်ကို ရနိုင်ပါသလား ဆိုတဲ့
မေးခွန်းကို ဖြေကြားတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။

ရေးပြီး ဖတ်ကြည့်လိုက်တော့ ငါရေးတဲ့ပို့စ် ကျဉ်းများကျဉ်းလွန်းနေသလား၊
တိုများတိုလွန်းနေသလား၊ ဒီပို့စ်ကို ဖတ်ပြီး လူတွေဇဝေဇဝါများဖြစ်နေမလားလို့
စိတ်စနိုးစိတ်နှောင့်ဖြစ်နေမိတယ်။

ထင်ထားတဲ့အတိုင်းပဲ။ ဒကာလေး ကိုပြည့်စုံအောင်က
ဒီပို့စ်နဲ့ပတ်သက်ပြီး ဒီလိုနိဒါန်းခံပြီး မေးထားပါတယ်။
ဘုန်းဘုန်း၊ သိချင်တာလေးတွေနဲ့ အမြင်လေးတွေ ရေးလိုက်တယ် ဘုရား၊
တစ်မျိုးမထင်ပါနဲ့.. သိချင်ရုံသက်သက်ပါပဲဘုရား။

ဒကာလေးကိုပြည့်စုံအောင်ရေ။
ဒကာလေးမေးတာကို တစ်မျိုးမထင်ပါဘူး။
ဒကာလေးမေးတာကို ကျေးဇူးတောင်တင်မိတယ်။
ဒါ့ကြောင့် ဒီလိုမေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်လို့ တင်ကြိုပြောပါရစေ။

ဒါက ပို့စ်ထဲမှာ ဘုန်းဘုန်းရေးထားတဲ့စကားလေး။

{ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ
လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။}

အောက်ကဟာက ဒကာလေး ကိုပြည့်စုံအောင်ရေးထားတာ။ မေးထားတာ။
ဒီစာကြောင်းအရဆိုရင်
လူသားတိုင်း အိမ်ထောင်ပြုတာ မရှိမဖြစ်လိုတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေတယ် ဘုန်းဘုန်း..။
ဘုန်းဘုန်း ဆိုလိုတာက တစ်လင်၊ တစ်မယား စနစ်ကို ဆိုလိုတာ ဆိုရင်
(လူသားတစ်ယောက် အိမ်ထောင်ပြုတော့မယ် ဆိုရင်
သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်း ဆက်ဆံခြင်းဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်)
အဲလို အဓိပ္ပါယ်မျိုးပါတဲ့ စာကြောင်းပုံစံ ရေးသင့်တယ် ထင်ပါတယ် ဘုန်းဘုန်း။

ရှင်းလင်းချက်။
ဒီလိုပါဒကာလေးရေ။ ဒကာလေးကောက်နှုတ်တင်ပြလိုက်တဲ့ ဝါကျလေးကိုသာ
ကွက်ပြီး ပြောဆိုရေးသားမယ်ဆိုရင် ဒကာလေးပြောတာ မှန်ပါတယ်။
ဒါပေမဲ့ နောက်တစ်ပိုဒ်မှာ ဘုန်းဘုန်း ဒီလိုရေးထားပါတယ်။
{လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ
ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။}

ဒါ့ကြောင့် ဒကာလေးကောက်နှုတ်တင်ပြတဲ့ဝါကျနဲ့ ဒီဝါကျလေးကို ပေါင်းစပ်ကြည့်ရအောင်။

ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့
သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ
လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။
လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ
ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။
အခုဖော်ပြလိုက်တဲ့ စာနှစ်ပိုဒ်ကို ဆက်တိုက်ဖတ်လိုက်တယ်ဆိုရင်
ဒကာလေး ဘုန်းဘုန်းဘာပြောချင်တယ်ဆိုတာ သဘောပေါက်မှာပါ။

ဒီလိုလေ။
လူဆိုတာ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
တိရိစ္ဆာန်ဆိုတာကတော့ အသိဉာဏ်ရှိတာမဟုတ်ဘူး။ ယဉ်ကျေးမှုရှိတာမဟုတ်ဘူး။
လူဖြစ်ရင် လက်ထပ်ပြီးမှ ပေါင်းသင်းနေထိုင်ရမယ်။ လိင်ကိစ္စပြုကျင့်ရမယ်။
တိရိစ္ဆာန်တွေကတော့ ဒီလိုမဟုတ်ဘူး။ တွေ့ကရာနဲ့ အတူနေနေကြတာ။
ဒါ့ကြောင့် လူသားမှာ အိမ်ထောင်ပြုခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။
အိမ်ထောင်မပြုဘဲ ပေါင်းသင်းနေလို့ကတော့
တိရိစ္ဆာန်နဲ့မခြားနားတော့ဘူး။

ဆိုတော့ ဒီအိမ်ထောင်ပြုခြင်းဟာ လူသားနဲ့ တိရိစ္ဆာခြားနားချက်လို့ ဘုန်းဘုန်းက ပြောတာပါ။
လူသားတိုင်း မဖြစ်မနေ အိမ်ထောင်ပြုကို ပြုရမယ်လို့ပြောတာမဟုတ်ပါဘူး။
ဒါ့ကြောင့် ဒကာလေးကိုပြည့်စုံအောင်၊ အိမ်ထောင်မပြုဘဲနေလိုက နေနိုင်ပါတယ်ဗျာ။

ဘုန်းဘုန်း ပို့စ်မှာ ဒီလိုလေးပါပါတယ်။

{လူတစ်ဦးတစ်ယောက်အိမ်ထောင်ပြုတာဟာ ကုသိုလ်၊ အကုသိုလ်နဲ့ မဆိုင်ပါဘူး}

ဒီဝါကျကို အခြေခံပြီး မေးခွန်းတစ်ခုမေးထားပါသေးတယ်။
ကုသိုလ် အကုသိုလ်နဲ့ မဆိုင်ဘူး ဆိုရင်
အိမ်ထောင်မပြုဘဲ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ
ဒါမှမဟုတ် အိမ်ထောင်ပြုလိုက်သော်လည်း အဗြဟ္မစရိယ သိက္ခာပုဒ်ကို စောင့်ထိန်းနေသူ၊ စောင့်ထိန်းလိုသူတွေအတွက် ကုသိုလ် အကုသိုလ်ကို ဘယ်လိုသဘောမျိုး သတ်မှတ်နိုင်သလဲ ဘုန်းဘုန်း။

အိမ်း။ ဒကာလေးထင်သလို ထင်နိုင်တာပ။
ဒါပေမဲ့ ဘုန်းဘုန်းက ဒီနေရာမှာ အိမ်ထောင်ပြု မပြုဆိုတာပြောနေတာနော်။

ဘုရားရှင်က
အိမ်ထောင်ပြုလို့ကတော့ မင်းတို့ ငရဲပြည်ရောက်မယ်။
အိမ်ထောင်မပြုလို့ကတော့ နတ်ပြည်ရောက်မယ်လို့ မဟောပါဘူး။
ဒါပေမဲ့ အိမ်ထောင်ပြုတဲ့သူတွေ ဆိုင်ရာဆိုင်ရာကျင့်ဝတ်ကိုတော့
ကျေပြွန်အောင်ထမ်းဆောင်ရမယ်လို့ဟောပါတယ်။
လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်လိုဟာမျိုးတွေ ကျင့်သုံးရမယ်ပေါ့။

လင်ဖြစ်တဲ့သူက လင့်ကျင့်ဝတ်နဲ့အညီကျင့်သုံးရင်
မယားဖြစ်တဲ့သူက မယားကျင့်ဝတ်နဲ့အညီ ကျင့်သုံးရင်
ကောင်းတယ်။ ကောင်းတဲ့ဘုံဘဝကို ရောက်နိုင်တယ်၊ ကောင်းကျိုးပေးမယ်ပေါ့။
မကျင့်သုံးရင် မကောင်းဘူး။ ကောင်းတဲ့ဘုံဘဝကို မရောက်နိုင်ဘူး။ ကောင်းကျိုးမပေးဘူး။

ဒါ့ကြောင့် ဘုန်းဘုန်းက အိမ်ထောင်ပြုတာဟာ
ကုသိုလ် အကုသိုလ်နဲ့မဆိုင်ဘူးလို့ ရေးခဲ့တာပါ။

ဒီနေရာမှာ ဘုန်းဘုန်းပြောခဲ့တာက သီလနဲ့မဆိုင်သေးပါဘူး။
အိမ်ထောင်ပြု မပြုသာပြောတာပါ။

အိမ်ထောင်ပြုတာ ဘာသာရေးနိုင်မဆိုင်ဘူးဆိုတာလဲ အတူတူပါဘဲ။
ဗုဒ္ဓဘာသာကတော့ အိမ်ထောင်ပြုတာကို လက်မခံဘူးလို့ မယူဆစေလိုပါဘူး။

သီလဆိုတာကတော့
အိမ်ထောင်ပြုပြု မပြုပြု၊ ငါးပါးသီလကို ခါးဝတ်ပုဆိုးလို မြဲဘို့ပါဘဲ။
မမြဲရင် အိမ်ထောင်ပြုသူရော မပြုသူပါ မကောင်းကျိုးပေးမှာ အမှန်ပါ။
ရှစ်းပါးသီလလဲ အတူတူပါဘဲ။

ဒါပေမဲ့ ရှစ်ပါးသီလကိုတော့ စွမ်းနိုင်ရင် ဆောက်တည်။
မစွမ်းနိုင်ရင် မဆောက်တည်နဲ့။
ငါးပါးသီလကိုတော့ စွမ်းနိုင်နိုင်၊ မနိုင်နိုင် ဆောက်တည်ရမှာ။

ဒါနဲ့စပ်လို့ တစ်လက်စတည်း သတိရတာလေး ပြောလိုက်အုံးမယ်။
ရှင်းအောင်သာ ထပ်ပြောရတာ၊ ဒကာလေးသိပြီးသားပါ။

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က
ဇနီးမောင်နှံနှစ်ဦးက ဘုရားရှင်ကို လျှောက်တယ်။

ဒီဘဝမှာလဲ ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့
သက်ဆုံးတိုင် အိုအောင်မင်းအောင် ပေါင်းလိုလှတယ်။
နောင်ဘဝမှာလဲ ပြန်လည်ဆုံဆည်းလိုလှတယ်။
ဒီအတွက်ကျင့်ဆောင်ရမဲ့နည်းလမ်းလေးရှိရင် ညွှန်ပြစမ်းပါတဲ့။

ဒီတော့ ဘုရားရှင်က
ဒီအတွက် လိုက်နာရမဲ့အချက်က
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။

သမသီလဆိုတာ
သီလ က အလေ့အကျင့်၊ ဝါသနာ၊ သမ – တူညီတာ။
ဆိုတော့ သမသီလ ဆိုတာ အလေ့အကျင့် ဝါသနာတူညီတာ။

လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းဆုံဘို့ အရေးအကြီးဆုံးအချက်က
သမသီလ – လင်မယား အလေ့အကျင့်၊ ဝါသနာတူညီဘို့ပါဘဲ။

သမသီလဆိုတာကိုဘဲ
သီလ ကို သီလလို့ဘာသာပြန်ပြီး သမကို တူညီတာလို့ ဘာသာပြန်ရင်
သမသီလ ဆိုတာ တူညီသောသီလ လို့ အဓိပ္ပါယ်ရပါတယ်။

ဆိုတော လင်မယားဖြစ်ပြီဆိုရင်
သမသီလ – တူညီတဲ့သီလကို ဆောက်တည်ကျင့်သုံးရပါတယ်။

လင်ယောက်ကျားက ငါးပါးသီလဆောက်တည်တယ်ဆိုရင်
ဇနီးမယားကလဲ ငါးပါးသီလပဲ ဆောက်တည်ရပါတယ်။
ဒီလိုဘဲ၊ တစ်ယောက်က ရှစ်ပါးသီလဆို နောက်တစ်ယောက်က
ရှစ်ပါးသီလ ဆောက်တည်ရပါတယ်။
ဒါကို သမသီလ – တူညီတဲ့သီလ လို့ပြောတာ။

ဒီလို တူညီတဲ့သီလကို ဆောက်တည်မှသာ
ဒီဘဝမှာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်ဘဝပိုင်ရှင်တွေဖြစ်လာမှာ ဖြစ်ပြီး
အိုအောင်မင်းအောင် ပေါင်းဆုံရမှာပါ။

အဲ့လိုမဟုတ်ဘဲ တစ်ယောက်က ငါးပါးသီလကိုစောင့်သုံးပြီး
တစ်ယောက်က ရှစ်ပါးသီလကို စောင့်သုံးတယ်ဆိုရင်
သမသီလ – လင်မယားတူညီတဲ့သီလ မရှိတော့ပါဘူး။
ဒါ့ကြောင့် ညနေစာစားဘို့ကိစ္စတွေလဲ မတူညီတော့ဘူးပေါ့။
မတူညီတော့ ပျော်ရွှင်မှု အပြည့်အဝ မရနိုင်တော့ဘူးပေါ့။

ဒီထက်ဆိုးတာက ဒကာလေးပြောတဲ့
ဗြဟ္မစရိယ၊ အဗြဟ္မစရိယကိစ္စတွေ။

ဆိုတော့ ဘုရားရှင်ဟောကြားခဲ့တဲ့ လင်မယားကြား
သမသီလ – တူညီတဲ့သီလရှိရမယ်ဆိုတာ အတော်ခရီးရောက်တယ်နော့။

ဒါတင်မကသေးဘူး ဒကာလေးရေ၊
နောင်ဘဝမှာလဲ ဒီဇနီးမောင်နှံက ပြန်လည်ဆုံဆည်းချင်တာဆိုတော့
ဒီသမသီလ – တူညီတဲ့သီလစောင့်ထိန်းမှုက အရေးပါနေပြန်ရော။

ကိုယ်တို့ဗုဒ္ဓဘာသာမှာ နတ်ပြည်က ခြောက်ထပ်ရှိတာမို့လား။
ဒီလင်ဒီမယား တူညီတဲ့သီလစောင့်ထိန်းမှု သမသီလရှိမှသာ
နောင်ဘဝမှာ နတ်ပြည်များရောက်ခဲ့ရင် နတ်ပြည်တစ်ထပ်တည်းမှာ
နတ်သားနတ်သမီးဖြစ်မှာမို့လား။

အဲ၊ တစ်ယောက်က ငါးပါးသီလစောင့်ထိန်းပြီး
တစ်ယောက်က ရှစ်ပါးသီလစောင့်ထိန်းတယ်ဆိုရင်နတ်ပြည်ခြောက်ထပ်မှာ
ငါးပါးသီလစောင့်ထိန်းသူက အဆင်းနိမ့်တဲ့နတ်ပြည်မှာ နတ် သွားဖြစ်ပြီး
ရှစ်ပါးသီလစောင့်ထိန်းသူက အဆင့်မြင့်တဲ့ နတ်ပြည်မှာ နတ် သွားဖြစ်မှာပေါ့။
ဒီတော့ ဘယ်လိုလုပ် နောင်ဘဝမှာ ပြန်လည်ဆုံဆည်းနိုင်မလဲ။

ဒါ့ကြောင့် ဒီဘဝမှာတင်မက နောင်ဘဝမှာပြန်လည်ဆုံဆည်းလိုရင်
သမသီလရှိရမယ်လို့ ဘုရားရှင်ဟောခဲ့တာပေါ့ ဒကာလေးရေ။

ကျန်နေတဲ့မေးခွန်းအတွက် မနက်ဖန် (သို့) သဘက်ခါ ပို့စ်မှာ စောင့်ဖတ်ပါလို့ ပြောပါရစေ။
အလုပ်လေးနည်းနည်းရှိနေလို့ပါ။

7 comments

  • search123

    December 16, 2010 at 2:46 am

    ဆက်လက်ပြီးဒီလို Post လေးတွေများများတင်ပေးပါ။
    အရမ်း အကျိုးရှိပါတယ်။

    • ashinindaka

      December 16, 2010 at 3:07 am

      အရမ်းအကျိုးရှိတယ်ပြောလို့ တင်ရကျိုးနပ်တယ်။ ဆက်လက်တင်ပါမည်ဖြစ်ကြောင်း ကြေငြာမောင်းခတ်လိုက်ပရစေ။

  • bigcat

    December 16, 2010 at 4:47 am

    စကားမစပ် အရှင်ဘုရား၊ ၃၈ဖြာမင်္ဂလသုတ်သည် ဘုရားဟောမဟုတ် (သို့မဟုတ်) မူလမင်္ဂလာ တရားတော်သည် နတ်သားများအား ဟောခဲ့ခြင်းဖြစ်သည်ဆိုသည်မှာ ဟုတ်ပါသလားဘုရား။

    • ashinindaka

      December 16, 2010 at 2:17 pm

      စာပေလာအရတော့ ၃၈ ဖြာမင်္ဂလာတရားတော်ကို နတ်သားများအား ဟောခဲ့တာ ဟုတ်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 16, 2010 at 6:31 am

    စားခြင်း၊ အိပ်ခြင်း၊ လိင်ဆက်ဆံခြင်း ထိုသုံးမျိုးကိုသာသိ၍ တိရိစ္ဆန် ခေါ်၏ ဟူသော၌
    မည်သည်ကို ကိုးကား၍ ဆိုသည်မသိ သော်လည်း
    ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမကို မှီငြမ်းရပါလျှင်
    အပယ်ဘုံသားတို ့မည်သည် မည်သို ့ဆိုစေ သော်ငြား သစ္စာတရားတော်ကို နားလည်နိုင်မည်မဟုတ်ဟု ဆိုရပေမည်တည့်
    (လူဆိုတာ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
    တိရိစ္ဆာန်ဆိုတာကတော့ အသိဉာဏ်ရှိတာမဟုတ်ဘူး။ ယဉ်ကျေးမှုရှိတာမဟုတ်ဘူး။
    လူဖြစ်ရင် လက်ထပ်ပြီးမှ ပေါင်းသင်းနေထိုင်ရမယ်။ လိင်ကိစ္စပြုကျင့်ရမယ်။
    တိရိစ္ဆာန်တွေကတော့ ဒီလိုမဟုတ်ဘူး။ တွေ့ကရာနဲ့ အတူနေနေကြတာ။
    ဒါ့ကြောင့် လူသားမှာ အိမ်ထောင်ပြုခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။
    အိမ်ထောင်မပြုဘဲ ပေါင်းသင်းနေလို့ကတော့
    တိရိစ္ဆာန်နဲ့မခြားနားတော့ဘူး။)
    အဲ့သည်မှာ ပြန်ကြည့်ရင် အိမ်ထောင်မှု မပြုဘဲ ကာမဆက်ဆံခြင်းတွင်
    ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမအရ ထိုပြုမူခြင်းတွင် သက်ဆိုင်ရာပုဂ္ဂိုလ်၏ စိတ်သဏ္ဍန်(ကြံစည်မှု ့) တည်ရှိခြင်းတွင်မူတည်၍
    အကျိုး အပြစ် အရာထင်ခြင်း မထင်ခြင်းကို ဖြစ်စေမည်ထင်ပါသည်
    ဆိုခြင်သည်မှာ ဘာသာရေးအယူအစကို တစ်ဖက်ထားပြီး လောကီ အယူအစများနှင့် စေ့စပ်ကြည့်လျှင် ခေတ်ကာလ အခြေနေရ
    ယ္ခု အများလက္ခံလာကြကုန်သော လစ်ဗင်းတူဂဲသား ကိစ္စတွင် သက်ဆိုင်သူနှစ်ဦးတို ့၏ အနေထား (အိမ်ထောင် သက်ဆိုင်သူရှိပါလျှက်ဖောက်ပြန်ခြင်း)
    (တစ်ယောက်သောသူမှ (သို ့) နှစ်သီးစလုံး မှ သာယာမှု ့တွက် ကြံစည်ခြင်း)
    ထိုသို ့သောအကြောင်းများ မှသာ အပြစ် ကို ဖြစ်ပေါ်စေလိမ့်မည်ဟူ၍ မှတ်ချက်ချမိပါသည်။
    ရိုးရာဓလေ့များအရ မင်္ဂလာမဆောင်ဘဲ အတူတူနေခြင်းများသည် ရွံရှာစက်စုတ်ဖွယ်ဖြစ်သည်ကိုလည်း သတိချပ်ရပါလိမ့်မည်ထင့်
    ဘုမသိဘမသိဘဲ အချိန်တန်အရွယ်ရောက်၍ လင်ယူသားမွေးကြကုန်ပြီး မလိုလားအပ်သော လူမှု ့ကိစ္စဆိုးကျိုးများလည်းရှိကုန်ပြန်၏
    သို ့ပါ၍ အတူမနေဘဲ မြေစမ်း၍ ခရမ်းပျိုးခြင်း ဖယုံစိုက်ခြင်း ဘူးပင်စိုက်ခြင်း မှသည် ဘူးသီးကို အလုံးလိုက် မျိုခြခြင်းများထိ
    အကောင်းအဆိုး တို ့ဒွန်တွဲတည်ရှိနေကြပါကုန်သဖြင့် မိမိလိုရာဘက်မှ လွယ်လွယ်ပြောလျှင်
    ရှုပ်ထွေးစေလိမ့်မည် ထင်ပါကြောင်း
    ( အရိယာ ၏ အဟန် ့အတားကို ဖြစ်စေခြင်းတွင် တဏှာရာဂ ကိုသာ ကြံစည်နေခြင်းသည်လည်း အကြောင်းတစ်ပါ အပါဝင် ဖြစ်ပါသည် )
    ဟု ရိုသေစွာ
    လျှောက်တင်အပ်ပါသည် ဘန္ဒေ

    • ashinindaka

      December 16, 2010 at 2:19 pm

      ဒါက ဒီလိုရှိတယ်၊ ဟိုဟာက ဟိုလိုရှိတယ်။ နောက်မှာရှင်းတာပေါ့ ဒကာ မိုက်ဂျော်ပုရေ။

Leave a Reply