တာချီလတ် ငလျင်ကြောင့် လူပေါင်း ၅ဝ ကျော် သေဆုံး၊ အဆောက်အအုံ ၁၃ဝ ကျော် ပြိုကျ

naygyiMarch 25, 20112min6955

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ ည ၈ နာ ရီ ၂၉ မိနစ် ၃ဝ စက္ကန့်၊ မန္တလေးမြို့မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၃၀ဝ ခန့်အကွာ၊မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်အကွာ၊ လွိုင်မွေရွာအနီးကိုဗဟိုပြုပြီး အင်အား ရစ်တာစကေး 6.8  အဆင့်ရှိ ငလျင်ကြီးအပါအဝင် ငလျင်ငယ်ပေါင်း ရ ခုခန့် လှုပ်ခတ်ခဲ့ရာ အဆောက်အအုံပေါင်း (၁၃၀)ကျော် ပြိုလဲခဲ့မှုကြောင့်

လူပေါင်း (၅၀)ကျော် သေဆုံးပြီး

၄ဝ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ငလျင်ဗဟိုချက်သည် မြန်မာပြည်နယ်စပ် ချင်းရိုင်မြို့နှင့် ၅၆ မိုင်အကွာတွင်ဖြစ်ကာ ချင်းမိုင်မြို့နှင့် ၁၄၆ မိုင်အကွာတွင်ဖြစ်သည်။ ဘန်ကောက်မြို့တောင်ဘက် မိုင် ၅၀ဝ အကွာတွင်ဖြစ်ပြီး ရန်ကုန်မြို့၏အရှေ့မြောက်ဘက် ၃၆၅ မိုင်အကွာတွင်ဖြစ်သည်ဟုသိရသည်။

Ref: BBC

အခြားသတင်းများအရ ထိုင်းနို်င်ငံ နယ်စပ် တာချီလတ်ခရိုင်အတွင်းရှိ တာလေးနှင့် မိုင်လေ တို့တွင် ကြာသပတေးနေ့က လှုပ်ခတ်ခဲ့သော အင်းအားပြင်း ငလျင်ကြောင့်

လူပေါင်း ၆ဝ ကျော်သေဆုံးကာ ၉ဝ နီးပါး ဒဏ်ရာရခဲ့ကြောင်းနှင့် ပြည်သူ ၆ သိန်းခန့်  ငလျင်ဒဏ်သင့်ခဲ့သည်ဟု ဆိုသည်။

 

25 March 2011 Last updated at 05:32 GMT

//

Burma quake: More than 50 dead in tremor near Thailand

More than 50 people have died in a magnitude-6.8 earthquake in Burma which struck near the Lao and Thai borders.

It struck at 1355 GMT on Thursday and was centred about 70 miles (110 km) from the northern Thai city of Chiang Rai, the US Geological Survey said.

It was felt 800km to the south in the Thai capital Bangkok, and in the Vietnamese capital, Hanoi.

The quake was shallow, at a depth of 6.2 miles (10km). There are fears the casualties could be much higher.

“The death toll of the quake has increased to more than 50 in Tarlay and Mine Lin townships,” said one unnamed official quoted by AFP.

“Roads are also closed. According to the information that we have, more than 130 buildings collapsed because of the quake. There might be more casualties and damage.”

—————————

5 comments

  • unclegyi1974

    March 25, 2011 at 4:56 pm

    နေဂျီတို့ကလုပ်လိုက်ပြန်ပြီ
    မြန်မာသတင်းစာတွေမှာအတိအလင်း
    ၂ယောက်သေတယ်လို့ရေးထားတာကိုများ
    လူတွေထိတ်လန့်အောင်လို့

  • zaw min

    March 25, 2011 at 5:48 pm

    နောက်ဆုံးသတင်းအရ သေဆုံးသူ(၂၀၀)ကျော်သွားပြီလို့သိရပါတယ်။သတင်းဓါတ်ပုံများကို http:\\www.freedomnewsgroup.com မှာသွားရောက်ကြည့်ရူနိုင်ပါသည်။

  • rocky

    March 26, 2011 at 11:41 am

    ဗဟိုပြုတာက မြန်မာနိုင်ငံအတွင်းကိုနော်။သေတာက တာချီလိတ်မှာ။ မြန်မာမှာ ၂ယောက်ဘဲသေတယ်တဲ့ တော်လိုက်တဲ့မြန်မာတွေ….:)

  • ဆူး

    March 26, 2011 at 2:37 pm

    ငလျင်ကြောကြီးက ဇာတိပြချင်နေတာလား မသိဘူး

  • Gong Zhu

    March 26, 2011 at 5:19 pm

    မနက် ၈ မှာ တစ်ခါ ၁ဝ နာရီမှာတစ်ခါ တစ်ညလုံးနီးပါးလောက်ထိလှုပ်တာဆို

Leave a Reply