သူတို ့ဆီက အမဲဂိုဏ်းများ

nigimi77March 27, 20111min34028

အမဲဂိုဏ်း (Traid) ကို တရုတ်လို ‘ဟတ်ဆယ်ဝေး’ ဟု ခေါ်၏။ ‘ဟတ်’ က အမဲ ဖြစ်ပြီး ‘ဆယ်ဝေး’ က အသင်းအဖွဲ့ဂိုဏ်း ဖြစ်သည်။  ဥပဒေ၏ ပြင်ပကနေ မကောင်းမှု မှန်သမျှဖြင့် စီးပွားရှာသည့် သာမန်ရာဇဝတ်ဂိုဏ်း မဟုတ်ပါ။ စနစ်တကျ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် အင်အား သောင်းဂဏန်းများစွာ ရှိသည်။ တရုတ်ပြည်၌ အမဲဂိုဏ်းများသည် ရှေးယခင်က ဘုရင်ဧကရာဇ်၏ ဖိနှိပ်မှုကို တွန်းလှန်ရန် စတင် ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်းတွင် မူလ ရည်ရွယ်ချက် ပျောက်သွားခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်၌ မော်စီတုံးအစိုးရ တက်လာပြီးသော် အမဲဂိုဏ်းများက ဟောင်ကောင်၊ မကာအို နှင့် တရုတ် (တိုင်ပေ)သို့ ပြောင်းရွှေ့ သွားခဲ့သည်။ ထို့နောက် ယင်းဒေသများရှိ အမဲဂိုဏ်းများနှင့် ပူးပေါင်းကား ပိုမို အားကောင်းလာခဲ့သည်။ ယင်းမှတစ်ဖန် ပြောင်းရွှေ့ တရုတ်လူမျိုးများ ရှိရာ အမေရိက၊ အင်္ဂလန်၊ အခြား ဥရောပနိုင်ငံများ၊ ဩစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့တိုင် ပျံ့နှံ့ သွားခဲ့လေသည်။

ဟောင်ကောင်တွင် ပင်မ အမဲဂိုဏ်းကြီး သုံးဂိုဏ်းရှိကာ ယင်းမှ ခွဲဖြာထွက်သော ဂိုဏ်းငယ်လေးများနှင့် ဆိုက အမဲဂိုဏ်းပေါင်း ၅ရ ဂိုဏ်း ရှိသည်။ ယင်းဂိုဏ်းကြီး သုံးဂိုဏ်းမှာ “ဆန်းယီအွန်” (Sunyeeon) ၊ ၁၄-ကေ (14 K) နှင့် ဆွေဖောင် (Sui-‘Fong’)  တို့ ဖြစ်သည်။ ဟောင်ကောင်တွင် ဖြစ်ပွားသော ရာဇဝတ်မှုများတွင် အမဲဂိုဏ်း ရာဇဝတ်မှုသည် ၄ ဒသမ ၂ ရာခိုင်နှုန်း ရှိသည်။ အဆိုပါ ဂိုဏ်းကြီးသုံးဂိုဏ်းမှ အဖွဲ့ဝင်ပေါင်း တစ်သိန်းနှစ်သောင်းခန့် ရှိသည်။ ရဲက အမဲဂိုဏ်း မသင်္ကာမှုနှင့် ဖမ်းဆီးခဲ့သော ၃၂၃ ဦးတွင် ၁၃၂ ဦးသည် အသက် ခုနစ်နှစ်မှ ၁၅ နှစ်ကြား လူငယ်များ ဖြစ်သည်။ လူမှုရေး အဖွဲ့အစည်းတစ်ခုက ကောက်ယူသော စာရင်းဇယားအရ အသက် ၁၂ နှစ်မှ ၁၉ နှစ်ကြား လူငယ် ၂၉၁ ဦးအနက် ၂၀၅ ဦးက အမဲဂိုဏ်း အဖွဲ့ဝင်ပါဟု ဝန်ခံခဲ့သည်။ လူငယ်များသည် ဂိုဏ်းအတွင်း သုံးနှစ်ခန့် ကျင်လည်ပြီးသော် အမာခံများ ဖြစ်သွားလေသည်။ ဆန်းယီအွန်ဂိုဏ်းသည် ဟောင်ကောင်တွင် သက်တမ်း အရှည်ဆုံးနှင့် အင်အား အကောင်းဆုံး ဖြစ်သည်။

အဖွဲ့ဝင်အင်အား ခြောက်သောင်း ရှိပေရာ ဟောင်ကောင်ရှိ လူဦးရေခြောက်သန်းတွင် လူတစ်ရာလျှင် ဆန်းယီအွန်အဖွဲ့ဝင် တစ်ဦးနှုန်း ရှိနေသည်။ ၁၈၈၆ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သော “ယီအွန်” အမဲဂိုဏ်းကို ၁၉၅ဝ ပြည့်နှစ်တွင် အသစ် ပြင်ဆင် ဖွဲ့စည်းသည် ဖြစ်၍ “ဆန်းယီအွန်” (ယီအွန်အသစ်) ဟု အမည်တွင်ခဲ့သည်။ ဆန်းယီအွန်က ဟောင်ကောင်တွင် စင်ထရယ်၊ စင်ရှားဆွီ၊ ယောမာတေး၊ ကောင်းလုံ အရှေ့ပိုင်း၊ ဝမ်ချိုင်းနှင့် တီမွန် အရပ်များတွင် ကြီးစိုးသည်။ဒုတိယ နာမည်အကြီးဆုံးက ၁၄- ကေဂိုဏ်း ဖြစ်သည်။ ဟောင်ကောင်နှင့် အရှေ့တောင်အာရှ ဒေသတွင် အင်အား ရှစ်သောင်းခန့် ရှိသည်။ မူလဇာတိမှာ တရုတ်အမျိုးသား ကွန်ပင်တန်အဖွဲ့ ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ကော့ရှူဝေါင် (Kotsiuwong) ၏ ကွမ်ကျိုးမြို့ အမှတ် ၁၄ ချင်းချောင်းလမ်းကို စွဲကာ ၁၉၄ရ ခုနှစ်မှ စ၍ ၁၄ ကေ ဟု အမည်ပေးခဲ့သည်။ ကေ (K)  မှာ ရွှေကဲ့သို့ သန့်စင်သည်ဆိုသော အဓိပ္ပာယ်ကို ယူသည်။ ၁၄ ကေအဖွဲ့က ဟောင်ကောင်တွင် ကောင်းလုံ၊ မောင်ကောက် စသော စီးပွားရေးဒေသကို ကြီးစိုးသည်။

နောက် ထင်ရှားသော အဖွဲ့မှာ ဆွေဖောင် ဖြစ်သည်။ “ရေခန်း” ဟု အဓိပ္ပာယ်ရသည်။ မူလ အဖွဲ့သည် “ဝို” (Wo) ဖြစ်ပေသည်။ ဆွေဖောင်အမည်နှင့် ထင်ရှားသည်။ မူလက စက်ရုံတစ်ရုံ၏ အလုပ်သမားများနှင့် စတင် ဖွဲ့စည်းခဲ့သော်လည်း နောက်ပိုင်း၌ အစိုးရ အမှုထမ်းများနှင့် ဗြိတိသျှ စစ်သားများပင် ပါဝင်လာခဲ့သည်ဟု ဆိုသည်။ အင်အား တစ်သောင်းခန့် ရှိကာ ဆွေဖောင်သည် အဖွဲ့ ငယ်သော်လည်း လမ်းပေါ်တိုက်ပွဲများ၌ လက်သံပြောင်သည်ဟု နာမည်ကြီးသည်။ အမဲဂိုဏ်းတစ်ဂိုဏ်း ဖွဲ့စည်းပုံက စစ်တပ် ဖွဲ့စည်းပုံအတိုင်း ဖြစ်သည်။ ဂိုဏ်းချုပ်ကို “စန်းချူ” (Shan Chu) ဟု ခေါ်သည်။ တောင်ပိုင်ဆိုသော အဓိပ္ပာယ် ဖြစ်သည်။ “နဂါးခေါင်း” (Lan Tau) ဟုလည်း ခေါ်သည်။ အမဲဂိုဏ်းတွင် ရာထူး အဆင့်အလိုက် နံပါတ် ရှိသည်။ နဂါးခေါင်း၏ နံပါတ်သည် “၄၈၉” ဖြစ်သည်။ ဒုတိယဂိုဏ်းချုပ်၏ နံပါတ်သည် “၄၃၈” ဖြစ်သည်။ လမ်းပေါ် ကြီးကြပ်သူကို “ဟုန်ကွမ်း” (တုတ်နီ) ဟု ခေါ်ကာ သူ၏ နံပါတ်က “၄၂၆” ဖြစ်သည်။ လမ်းပေါ်တွင် လက်တွေ့ တိုက်ပွဲဝင်ရသော အမဲဂိုဏ်းတပ်သား၏ နံပါတ်က “၄၉” ဖြစ်သည်။ ကွမ်တုန်တရုတ်လို ဆေကောက် ဖြစ်သည်။

အမဲဂိုဏ်း နံပါတ်ကို နံပါတ် ၄ ထားခြင်းမှာ ကမ႓ာကြီးအား သမုဒ္ဒရာကြီး လေးစင်းက ဝိုင်းရံထားသည် ဆိုသော အဓိပ္ပာယ် ဖြစ်သည်။ ဟောင်ကောင်တွင် အမဲဂိုဏ်း၏ ဝင်ငွေမှာ ဆက်ကြေး (Protection Fees) ဖြစ်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ ပြည့်တန်ဆာခန်း ထောင်ခြင်း၊ ပစ္စည်းမှန်သမျှ အတုပြုလုပ်၍ ရောင်းခြင်း၊ မော်တော်ကားခိုး၍ တစ်ဖက် နိုင်ငံကြီးသို့ ရောင်းခြင်း စသည့် နည်းများနှင့် ဝင်ငွေရှာသည်။ အသစ်ဖွင့်သော ဈေးဆိုင်၊ စားသောက်ဆိုင်ကို “ဟုံကွမ်း” ကလာ၍ ဆက်ကြေး မှန်မှန်ပေးရန် လာတောင်းသည်။ မပေးသော် ပထမဆေးနီပက်၍ သတိပေးသည်။ မပေးသော် မီးလောင်ဗုံး ပစ်သွင်းမည်။ စားသောက်ဆိုင်ဆိုက ရန်ပွဲတွေ ဖြစ်အောင် ပြုလုပ်ခြင်းဖြင့် စားသောက်သူ မလာရဲအောင် လုပ်မည်။ ကပ်လျက် နိုင်ငံကြီးက မိန်းကလေးတွေကို ဟောင်ကောင်သို့ ခိုးသွင်းမည်။ ခေါ်လာသူသည် “မြွေခေါင်း” ဆယ်တောင် (Snake Head) ဖြစ်သည်။ မိန်းကလေးက ပြည့်တန်ဆာ အလုပ်ဖြင့် ဧည့်သည်တစ်ယောက်ကို ဟောင်ကောင်သုံးရာ ယူသည်။ တစ်ရာပဲ သူရသည်။ ကျန်ပိုက်ဆံက အခန်းခနှင့် အမဲဂိုဏ်းဆက်ကြေး ဖြစ်သည်။ ကမ႓ာကျော် အီတလီသားရေပစ္စည်းကအစ ဗီစီဒီ၊ ကွန်ပျူတာဒစ် အားလုံး အတုပြုလုပ် ရောင်းချသည်။ အင်္ဂလိပ်ရုပ်ရှင် သီချင်း၊ တရုတ်ရုပ်ရှင် သီချင်း၊ ဗြိတိသျှ စွယ်စုံကျမ်း ဓာတ်ပြား အားလုံးပဲ အတုပြုလုပ်သည်။

ဟောင်ကောင်ရုပ်ရှင် ဓာတ်ပြား တစ်ပြားမူရင်းက ဟောင်ကောင် တစ်ရာကျော် ဖြစ်သည်။ အတုက ၁၅ ဒေါ်လာ ဖြစ်သည်။ ယင်းဓာတ်ပြားတု ပြုလုပ်ခ အရင်းသည် တစ်ဒေါ်လာခွဲပဲ ရှိသည်။ နောက် မူးယစ်ဆေးဝါး ဖြန့်ချိသည်။ ရွှေတြိဂံနယ်မြေက ဘိန်းဖြူသည် ယူနန်နယ်က တစ်ဆင့် ဟောင်ကောင်သို့ ရောက်သည်။ ဘိန်းဖြူခေတ် မကုန်မီ ယာဘခေါ် ice ပေါ်လာသည်။ ရေခဲမှုန့်လို ပုံဆွဲဆောင်မှုန့် အဖြူမို့အိုက်စ်ဟု ခေါ်သည်။ မက်သာအဖက်တမင်း ဟိုက်ဒြိုကလိုရိုဒ်ကို ဓာတုဗေဒနည်းဖြင့် ထုတ်ထားကာ ဆေးတစ်ပြားကို ၆ နာရီမှ ၂၄ နာရီအထိ ယစ်နေတတ်သည်ဟု ဆိုသည်။ ကိုရီးယားနှင့် ဂျပန်တွင် ဟီရိုပွန်း (Herropon) ဟု ခေါ်ကာ ဖိလစ်ပိုင်တွင် “ရှဘူး” ဟု ခေါ်သည်။ အိုက်စ်အမှုန့် လေးဆယ်ကီလိုဂရမ်သည် ဟောင်ကောင် လမ်းပေါ်ဈေးကွက်၌ ဟောင်ကောင်ဒေါ်လာ ၂၄ သန်း ရှိသည်။ နောက် အမဲဂိုဏ်း၏ အလုပ်က ဥရောပသို့၊ အမေရိကသို့ လူခိုးသွင်းခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုကို တရုတ်လူမျိုးတွေက “ရွှေတောင်တန်း” (Golden Mountain) ဟု ခေါ်သည်။  ကွန်တိန်နာထဲ ထည့်၍ သင်္ဘောဝမ်းဗိုက်ထဲ ဝှက်၍ ခေါ်သွားသည်။ တစ်ယောက်ကို အမေရိကန်ဒေါ်လာ လေးသောင်းခွဲ ပေးရကာ အမေရိကန်ရောက်မှ ပေးရသည်။ လမ်းတွင် အဖမ်းခံရသော် ပေးရန်မလိုဘဲ လက်တင်အမေရိက နိုင်ငံများက အမဲဂိုဏ်းများနှင့် ဆက်ကာ မက္ကဆီကို နယ်စပ်မှ ဝင်ခြင်း ဖြစ်သည်။

နောက်တစ်ခုက လက်နက် မှောင်ခိုအရောင်းအဝယ် ဖြစ်သည်။ အေကေ-၄ရ ဆက်စ်သေနတ် တစ်လက်ကို ဟောင်ကောင်ဒေါ်လာ နှစ်သောင်း၊ တရုုတ်လုပ် ကြယ်နီပစ္စတိုတစ်လက် သုံးထောင်နှင့် လက်ပစ်ဗုံးမှာ တစ်ရာဖိုး သုံးလုံး ဖြစ်၏။ အမဲဂိုဏ်းများသည် သူ့စားကျက်နှင့်သူ ဖြစ်ပေရာ တစ်ခါတစ်ရံ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း စားကျက်လုရင်း လမ်းပေါ်တိုက်ပွဲများ ဖြစ်ကြသည်။ နောက်တစ်ခုမှာ တစ်ဂိုဏ်းတည်းသားချင်း ဗိုလ်လုရင်း တိုက်ပွဲ ဖြစ်သည်။ ၁၉၄၄ ခုနှစ် ဆွေဖောင် ခရိုင်အဆင့် ခေါင်းဆောင်ရွေးပွဲ မတိုင်မီ လက်ရှိခေါင်းဆောင် ချောင်ကင်းမှာ သေနတ်နှင့်ပစ် လုပ်ကြံခံခဲ့ရသည်။ ခေါင်းဆောင်၏ တာဝန်က ငွေများများ ရှာပေးဖို့နှင့် စားကျက် ရှာပေးရန်ပဲ ဖြစ်သည်။ အမဲဂိုဏ်းအဖွဲ့ဝင် ဖြစ်ရန်မှာ လက်ရှိ အဖွဲ့ဝင်တစ်ဦး၏ ထောက်ခံမှု လိုသည်။ အဖွဲ့သစ် လက်ခံသည့် အခမ်းအနားက တရုတ်ပြက္ခဒိန် လတစ်လ၏ ၂၅ ရက်နေ့တွင် ပြုလုပ်သည်။ ယင်းအခမ်းအနားကို မီးအိမ်ပြား ချိတ်ဆွဲခြင်း (Hanging the Blue Lattern) ဟု ခေါ်သည်။ တရုတ်လူမျိုးတို့ ထုံးစံအရ အသုဘအိမ်တွင် ညအခါ မီးအိမ်ပြာ ထွန်းသည်ကို ရည်ညွှန်းသည်။ “သေလူ” သို့မဟုတ် အဖွဲ့အတွက် အသေခံပါမည်ဟု ကတိပြုရသော အခမ်းအနားပါ။

အဖွဲ့ဝင်ကြေးမှာ ယခင်က ဟောင်ကောင် ဒေါ်လာ သုံးဒေါ်လာနှင့် ဆင့်ခြောက်ဆယ် ဖြစ်သော်လည်း နောင်အခါ ၃၆ ဒေါ်လာ ဖြစ်လာခဲ့သည်။ မူလက မေးခွန်းပေါင်း ၃၃၃ ကို ဖြေဆိုခဲ့ရသော်လည်း ယခုအခါ မေးခွန်း ၃၃ ကိုသာ ဖြေဆိုရသည်။ ထို့နောက် အဖွဲ့၏ စည်းမျဉ်းစည်းကမ်းပါ စာတစ်အုပ်တစ်အုပ် ပေးချိန်မှ စကာ အမဲဂိုဏ်း၏ အောက်ဆုံးတပ်သား “ဆေကောက်” ဖြစ်၍ သွားပေပြီ။ ကလေးအဖွဲ့ဝင်များအား မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်ငန်း အသယ်အပို့တွင် သုံးသည်။ ဟောင်ကောင် ကျောင်းသူ၊ ကျောင်းသားထဲတွင် အမဲဂိုဏ်း အဖွဲ့ဝင် ရှိသည်။ ကျောင်းသို့ လူသစ်ရောက်လာက ယင်းလူသစ်အား လူငယ်တစ်ဦး သို့မဟုတ် တစ်ဖွဲ့က အနိုင်ကျင့်စေသည်။ ထိုအချိန်တွင် ကျောင်းသူကြီး ရောက်လာကာ ကယ်တင်ဟန် ပြုသည်။ သို့နှင့် လူသစ်က ဩဇာခံ အဖွဲ့ဝင် ဖြစ်သွားသည်။ မိန်းကလေးဆိုက “တိုင်ကားကျဲ” (အစ်မကြီး)၊ ယောက်ျားလေးဆိုက “တိုင်ကော့” (အစ်ကိုကြီး) ဟု ခေါ်ကြသည်။ သူတို့က ကျောင်းတွင် မူးယစ်ဆေးဝါး ဖြန့်ချိသည်။ မူးယစ်ဆေး အပျော့စား “ရိုမီလာ” (Romillar) ကို ဆင့် ၅ဝ နှင့် တစ်ဒေါ်လာကြား ဝယ်ကာ ကျောင်းမှာ နှစ်ဒေါ်လာနှင့် ရောင်းသည်။ “ခရော့စ်” (Cross) ဆိုသော ဆေးပြားကို အပြင်တွင် ၁ဝ ဒေါ်လာနှင့် ဝယ်၍ ကျောင်းတွင် ၂၅ ဒေါ်လာနှင့် ရောင်းသည်။ တစ်လကို ဆေးပြားတစ်ရာခန့် ရောင်းရသည်ဟု ဆိုသည်။ သူက ပိုက်ဆံလိုလျှင် အဖွဲ့ဝင်တွေဆီက ပိုက်ဆံ ကောက်သည်။

တချို့ ကျောင်းများတွင် ၅ဝ ရာခိုင်နှုန်းသည် အမဲဂိုဏ်း အဖွဲ့ဝင်တွေ ဖြစ်နေသည်။ ၁၉၉၅ ခုနှစ်က ဖြစ်၏။ ဟောင်ကောင်က နာမည်ကျော်အဆိုတော် ရုပ်ရှင် မင်းသမီးအင်နီတာမွေ့ကို ကာရာအိုကေ တစ်ခုတွင် အရက်မူးနေသော ဒါရိုက်တာက သီချင်း ဆိုခိုင်းရာ အင်နီတာမွေ့က မဆို။ သို့နှင့် ဒါရိုက်တာက မင်းသမီးကို ပါးရိုက်သည်။ နောက်နှစ်ရက်ခန့် အကြာတွင် ဒါရိုက်တာမှာ ဓားထိုးခံရပြီး ဆေးရုံပေါ် ရောက်သည်။ မပြီးသေး။ ဆေးရုံပေါ်သို့ မော်တော်ဆိုင်ကယ်စီး ဦးထုပ် ရှေ့လေကာ ချဆောင်းထားသူ နှစ်ဦး တက်လာကာ ဒါရိုက်တာကို သေနတ်နှင့် ပစ်သတ်သွားသည်။ ထိုနှစ် နိုဝင်ဘာလ မကာအိုကား ပြိုင်ပွဲသို့ ဟောင်ကောင်က “ဝမ်ချိုင်းတိုက်ဂါး” ဆိုသည့် အမဲဂိုဏ်း ခေါင်းဆောင်က လာရောက်၍ ကားပြိုင်ပွဲ ဝင်သည်။ မကာအိုရှိ နယူးတိုးလ်ဟိုတယ် ကားရပ်နားရာ နေရာသို့ ဆင်းလာသော ဝမ်ချိုင်းတိုက်ဂါးနှင့် တပည့်ကို မော်တော်ဆိုင်ကယ်စီး လူသတ်သမားက ပစ်သတ် သွားခဲ့သည်။ ဝမ်ချိုင်းတိုက်ဂါးသည် မကာအိုတွင် ပူစီကက်လေး ဖြစ်လို့ သွားလေတော့သည်။ ယင်းကိစ္စမှာ မကာအို အမဲဂိုဏ်းနှင့် မဆိုင်ပါ။ ဟောင်ကောင်ကိစ္စအတွက် မကာအိုတွင် လာရောက် စာရင်းရှင်းသွားခြင်း ဖြစ်လေသည်။

ဒါဖြင့်ရင် မကာအိုကရော အမဲဂိုဏ်း အခြေအနေက ဘယ်လိုလဲ။ ဟောင်ကောင်လို စီးပွားရေးအချက်အချာ ဒေသ မဟုတ်ပေမယ့် ကာစီနိုခေါ် လောင်းကစားဝိုင်းများကို အကြောင်းပြုကာ ၁၄-ကေတို့၊ ဆွေဖောင်တို့က ပိုမို၍ ရှုပ်ထွေးကြပါသည်။ ဟောင်ကောင်အမဲဂိုဏ်းနှင့် မကာအိုအမဲဂိုဏ်းက အဆက်အသွယ် ရှိသည်။ ဟောင်ကောင် အမဲဂိုဏ်းက မပစ်ခတ်။ မကာအို အမဲဂိုဏ်းက တဒိုင်းဒိုင်းနှင့် ပစ်ခတ်နေသည်မှာ ၁၇၊ ၁၈ ရာစု အမေရိကန် တက္ကဆက် ရောက်နေသလား အောက်မေ့ရသည်။ အမဲဂိုဏ်းက ပစ်သွင်းသော ဗုံးဆန်မှန်၍ ကျွန်တော့်သူငယ်ချင်း ဖိလစ်ပိုင်လုံခြုံရေး ခြေထောက်မှာ ဒဏ်ရာရသည်။ အမဲဂိုဏ်း အချင်းချင်း စားကျက်လုကာ အေကေ-၄ရ နှင့် ဝင်ပစ်သည်။ ရဲအရာရှိတွေ လုပ်ကြံခံရသည်။ ဘတ်စ်ကားစီး သွားနေစဉ် မော်တော်ဆိုင်ကယ်နှင့် လိုက်လာကာ ဘတ်စ်ကား ပြတင်းဘေးက ပုဂ္ဂိုလ်ကို အောက်ကနေ ပစ်သတ်သွားသည်။ မကြောက်ပါနှင့်။ အမဲဂိုဏ်းနှင့် မပတ်သက်သူကို ကျည်ဆန်ဖိုး အကုန်ခံ၍ လာမပစ်ပါ။ ဒါတွေက သူ့အကြောင်းနှင့်သူ ဖြစ်ပျက်တာပါ။

အထူးသဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် မကာအိုအား ပေါ်တူဂီက တရုတ်ပြည်သို့ ပြန်ပေးမည်ဖြစ်ရာ ဒီအချိန်မတိုင်မီ အမဲဂိုဏ်းတွေ ကျားကုတ်ကျားခဲ ကြိုးပမ်းနေကြတာ ဖြစ်သည်။ ၁၉၉ရ ခုနှစ် မေလ ၄ ရက်နေ့ ဖြစ်၏။ မကာအိုမြို့ လစ္စဘိုဝါဟိုတယ် အရှေ့ဘက် အပေါက်ဝအနီး ကိုယ်ပိုင်ကား အနီရောင်တစ်စီး ရပ်ထားပြီး အထဲမှာ လူသုံးယောက် ထိုင်နေကြသည်။ ထိုစဉ် မော်တော်ဆိုင်ကယ်တစ်စီး ဖြတ်မောင်းလာပြီး တဒိုင်းဒိုင်းနှင့် ပစ်ရာ ကားထဲက လူသုံးဦး သေဆုံးသွားသည်။ သေဆုံးသူများသည် အမဲဂိုဏ်းတစ်ခု ဖြစ်သော မကာအို ၁၄-ကေ နဂါးခေါင်း “သွားကျိုးကွိုင်” ၏ ညာလက်ရုံးနှင့် အဖော်များ ဖြစ်သည်။ ဤကဲ့သို့ မြို့လယ်ခေါင် ဗြောင်လူသတ်မှု ဖြစ်၍ လူထု ထိတ်လန့်သွားခဲ့ရာ ပေါ်တူဂီဘုရင်ခံက ရုပ်သံကနေ မစိုးရိမ်ကြရန် ပြောကြားခဲ့သည်။ ယင်းမတိုင်မီ ခြောက်လခန့်က ပေါ်တူဂီ ရဲအရာရှိ တစ်ဦးကို သေနတ်နှင့်ပစ်၍ လုပ်ကြံခဲ့ရာ ဒဏ်ရာပဲ ရခဲ့သည်။ ၁၉၉ရ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ယခုလို လုပ်ကြံ သတ်ဖြတ်၍ မကာအိုတွင် လူ ၁၄ ဦး သေဆုံးခဲ့သည်။ လစ္စဘိုဝါ ဟိုတယ်အနီးက ရွှေဆိုင်ကို လက်ပစ်ဗုံးနှင့် ပစ်သွင်းရာ လမ်းသွားလမ်းလာအချို့ ထိခိုက်ခဲ့သည်။ ဆက်ကြေးမရ၍ လုပ်ခြင်း ဖြစ်သည်။

ဤကဲ့သို့ လုပ်ကြံမှုတွေကို အမဲဂိုဏ်းက ကိုယ်တိုင်လုပ်သည် မဟုတ်ပါ။ ကိုယ်တိုင်လုပ်ဖို့ မလိုပါ။ ပြည်မကြီးက သေနတ်ကိုင်ဖူးသော လူထွက်တွေကို ငှားရမ်းခြင်း ဖြစ်သည်။ ကြေးမှာ ထင်ရှားသော လူပုဂ္ဂိုလ်က တစ်သိန်း၊ အလယ်အလတ်က ငါးသောင်း ဖြစ်၍ သာမန် ရိုးရိုးဆိုက တစ်သောင်း ဖြစ်သည်။ သေနတ် ကိုင်ဖူးသော လက်မရွံ့ လူသတ်သမားတွေ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်မှ စ၍ မကာအိုသည် အမဲဂိုဏ်းတို့၏ နိဗ္ဗာန်ဘုံ ဖြစ်ခဲ့သည်။ ကာစီနို လောင်းကစားဝိုင်း ၁ဝ ဝိုင်း (ယခုအခါ ပိုမို များပြားနေပါပြီ) သည် အမဲဂိုဏ်းတွေ၏ စားကျက် ဖြစ်ခဲ့သည်။ သာမန် လူတစ်ယောက် ဖဲနိုင်သွားလျှင် ပိုက်ဆံ လိုက်တောင်းမည်။ မပေးလျှင် အန္တရာယ်ပြုမည်။ ဖဲဝိုင်းရှိရာ ဟိုတယ်မှာ ပြည်မကြီးကနေ မိန်းကလေးများ ခေါ်သွင်းပြီး ပြည့်တန်ဆာခန်း ဖွင့်ထားသည်။ ဖဲဝိုင်းတွင် ဖဲရှုံးသူကို ပိုက်ဆံချေးခံသည်။ ပြန်မဆပ်နိုင်လျှင် ချုပ်ထားမည်။ သတ်ပစ်သည်။ မကာအို၏ လူဝမ် တောင်ထိပ်တွင် မကြာခဏ တွေ့ရသော အလောင်းတွေသည် အမဲဂိုဏ်း၏ လက်ချက် ဖြစ်သည်။ ဒါတွေက အလယ်လတ်တန်းစား အမဲဂိုဏ်းသမားတွေ လုပ်တာ ဖြစ်သည်။ သွားကျိုးကွိုင်တို့လို ဆရာကြီးက ဟိုတယ်တွင် ရူဘီ၊ ဒိုင်းမွန်း၊ ဂျိတ် (ကျောက်စိမ်း) စသော ကာစီနိုဗွီအိုင်ပီခန့် လောင်းကစားဝိုင်းတွေ ဖွင့်သည်။ ကြေးကြီးဝိုင်းတွေ ဖြစ်၏။ တစ်ခါထိုးလျှင် အနည်းဆုံး နှစ်သောင်း ဖြစ်သည်။ တရုတ်ပြည်၊ တရုတ်(တိုင်ပေ)၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းက သူဌေးတွေလာ၍ ကစားသည်။

မကာအိုသည် တရုတ်ပြည် တောင်ပိုင်း ပင်လယ်ထဲသို့ ထိုးထွက်ရာ ကျွန်းဆွယ်လေးပေါ်မှာ ရှိပြီး ရှေးက ပြည်မကြီးက လူဆိုးတွေ လာရောက် ခိုအောင်းရာ တံငါရွာလေး ဖြစ်ခဲ့သည်။ လွန်ခဲ့သော နှစ် ၄၀ဝ ခန့်က ပေါ်တူဂီတွေ လာရောက် အခြေစိုက်သည်။ ပေါ်တူဂီ ကိုလိုနီအစိုးရက ဤဘာမှ မဟုတ်သည့် နေရာ ကျွန်းမြို့လေးကို လူလာအောင် လုပ်သည်။ ၁၉၅၄ ခုနှစ်မှ စ၍ ဖော်မြူလာ၊ ဖော်မြူလာဝမ်း၊ ဖော်မြူလာသရီး နိုင်ငံတကာ ကားပြိုင်ပွဲ ကျင်းပသည်။ ကာစီနိုဝိုင်းတွေ ဖွင့်ခွင့်ပြုသည်။ ဧရိယာ စတုရန်း ၃၆ ကီလိုမီတာရှိ နေရာလေးတွင် အမဲဂိုဏ်းအဖွဲ့ဝင် တစ်သောင်းခန့် ရှိပြီး ပြည့်တန်ဆာလည်း တစ်သောင်းခန့် ရှိသည်။ မကာအို အစိုးရ၏ အသုံးစရိတ် ၄ဝ ရာခိုင်နှုန်းနှင့် ပြည်တွင်း အသားတင် ထုတ်လုပ်မှု ၅ဝ ရာခိုင်နှုန်းသည် ကာစီနိုကရသော အခွန်ဖြစ်သည်။ ဟောင်ကောင်တွင် အမဲဂိုဏ်းက ရဲကို တိုက်ခိုက်သော သတင်းကို မကြားရသော်လည်း မကာအိုအမဲဂိုဏ်းက ရဲကို တိုက်ခိုက်သည်။ ရဲကို မကျေနပ်လျှင် အနည်းဆုံး မော်တော်ဆိုင်ကယ်တွေကို မီးနှင့်ရှို့သည်။ ဟိုနေရာ၊ ဒီနေရာ မော်တော် ဆိုင်ကယ်အများအပြား စုပြီး ရပ်ထားလေ့ ရှိသည်။ ၁၉၉၆ ခုနှစ် တစ်နှစ်လုံး အမဲဂိုဏ်း ကိစ္စဖြင့် လုပ်ကြံခံခဲ့ရသူ ၂၁ ဦး ရှိခဲ့သည်။

၁၉၉ရ ခုနှစ် အောက်တိုဘာလ ထိုနှစ်မကုန်မီ လုပ်ကြံ သတ်ဖြတ်ခဲ့ရသူပေါင်း ၂ရ ဦး ရှိခဲ့သည်။ ၁၉၉ရ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်ပါကျွန်းရှိ အသစ်ဖွင့်သော နယူးစင်ကျူရီ ဟိုတယ်ရှေ့သို့ မော်တော်ဆိုင်ကယ်တစ်စီး ဝင်လာကာ အေကေ-၄ရ သေနတ်နှင့် တဒိုင်းဒိုင်း ပစ်ခတ်ကာ မောင်းထွက်သွားခဲ့သည်။ ဒဏ်ရာရသူသာ ရှိခဲ့ပြီး လူအသေအပျောက် မရှိပါ။ ဤဟိုတယ် အသစ်၏ ဗွီအိုင်ပီ လောင်းကစားဝိုင်းကို “ဟင်ဝိုင်” (Ng Wai) ခေါ် “ဈေးဝိုင်” (Markatwae) က ရသွားခဲ့သည်။ သူသည် သွားကျိုးကွိုင်နှင့် အပြိုင် ဖြစ်သည်။ သူ၏ အမဲဂိုဏ်းဘဝ အစမှာ ဟောင်ကောင် မောင်ကောက်ဈေးထဲတွင် ဆက်ကြေး တောင်းခံရသူ အဖြစ်မှ စခဲ့၍ သူ့ကို “ဈေးဝိုင်” ဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။ ၁၄ ကေ၏ ယခင် ခေါင်းဆောင်ဟောင်းကို ဈေးဝိုင်နှင့်အတူ တွဲ၍ သွားကျိုးကွိုင်က ဖြုတ်ပစ်ခဲ့ကာ နဂါးခေါင်း ဖြစ်လာခဲ့သည်။ သွားကျိုးကွိုင်သည် သူ၏ အမဲဂိုဏ်းသား ဘဝကို အခြားသူများ နည်းတူ လမ်းပေါ်တိုက်ပွဲဝင် ၄၉ ဘဝကနေ စတင်ခဲ့သည်။ လမ်းပေါ် တိုက်ပွဲများကြောင့် သွားကိုးချောင်း ကျိုးသွားခဲ့သည်။ ဘယ်ဘက်လက်တွင် ဓားခုတ်ခံရသော ဒဏ်ရာကို ပြန်ချုပ်ထားခဲ့ရာ ကင်းခြေများကြီး တစ်ကောင် ကပ်ထားသလို မြင်တွေ့ရသည်။

သူ့အကြောင်းကို ၁၉၉၈ ခုနှစ် ဇွန်လထုတ် တိုင်းမဂ္ဂဇင်းက ဓာတ်ပုံများနှင့်တကွ ဖော်ပြ ရေးသားခဲ့သည်။ ယခု နယူးစင်ကျူရီ ဟိုတယ်ကို ဈေးဝိုင်က ရသွားခဲ့၍ သွားကျိုးကွိုင်က သေနတ်သမားငှားကာ သေနတ်နှင့် ပစ်ခြင်းဖြစ်သည်။ မကာအိုသည် ကမာ္ဘလှည့် ခရီးသည်ကို အမှီပြုနေသော အရပ်ဖြစ်ရာ ယင်း သေနတ်ပစ်မှုများကြောင့် ဧည့်သည်အဝင် နည်းသွားသည်။ ဟိုတယ်တွေတွင် ၂ဝ ရာခိုင်နှုန်းပဲ အခန်းတွေ ငှားနေသည်။ ထိုအချိန်တွင် အနောက်တိုင်း စာနယ်ဇင်းတွေက မကာအိုမြို့ကို အရှေ့တိုင်း၏ ချီကာဂို (Chigaco of Orient) “ကိုးဆယ်နှစ်များရဲ့ ကာဆာဘလန်ကာ” (Nineties Casa Blanca) ဟု တင်စား ရေးကြသည်။ ၁၉၉၈ ခုနှစ် မေလ ၂၄ ရက် နေ့တွင် ပေါ်တူဂီကနေ ရောက်လာကာစ ကာစီနို စစ်ဆေးရေး ရဲအရာရှိ ဖရန်စစ်စကိုသည် နေ့ခင်းကြောင်တောင်တွင် ဘေးက လူတစ်ယောက် ယှဉ်လျှောက်လာကာ ခေါင်းထဲသို့ ကျည်ဆန် ပစ်သွင်းခံခဲ့ရသည်။ ပေ ၁၀ဝ ကျော် အကွာတွင် ရဲစခန်း ရှိသည်။ မတ်လ ၂၆ ရက်နေ့ တုန်းကလည်း ဆိပ်ကမ်းရဲ အရာရှိ ချူလွန်ကောင်းသည် သမီးလေးကို ကျောင်းပို့ရင်း ကားကို မီးပွိုင့်၌ ရပ်ထားစဉ် မော်တော်ဆိုင်ကယ် သေနတ်သမားက သေနတ်နှင့် ပစ်ခတ်သွားခဲ့သည်။ ရဲအရာရှိ ချူသည် အမဲဂိုဏ်းနှင့် အဆက်အသွယ် ရှိသူဟု ယူဆရသည်။ ကိုယ်ပိုင်ကား အကောင်းစား သုံးစီးခန့် ရှိကာ ဘဏ်စာရင်းတွင် ဒေါ်လာတစ်သန်းခန့် ရှိသည်ကို တွေ့ရှိရသည်။

နောက်ဖြစ်ရပ် တစ်ခုက ပိုဆိုး၏။ လစ္စဘိုဝါဟိုတယ် စားဖိုမှူးသည် အလုပ်ဆင်းသော် သူ့အိမ်သို့ အမှတ် ရ ဘစ်စ်ကား စီးကာ ပြန်ခဲ့သည်။ သူက ပြတင်းပေါက်နှင့် ကပ်လျက်ခုံမှာ ထိုင်သည်။ ဟတ်ဆားဝါအရပ်သို့ ဘတ်စ်ကား အရောက်တွင် မော်တော်ဆိုင်ကယ် တစ်စီးက ဖြတ်ကျော်ကာ ယင်းစားဖိုမှူး၏ ခေါင်းထဲသို့ ကျည်ဆန် ပစ်သွင်းခဲ့ရာမှ ပွဲချင်းပြီး သေဆုံးခဲ့သည်။ ယာဉ်မောင်းလည်း ကားကိုရပ်ကာ ဆင်းပြေးတော့သည်။ ဒါတွေက သူ့အကြောင်းနှင့် သူပါ။ သူ့အကြောင်းရှိ၍ ဤသို့ဖြစ်ရတာပါ။ အပျင်းပြေ ကြုံရာကို ကျည်ဆန်ဖိုး အကုန်ခံပြီး လက်တည့်စမ်းနေခြင်း မဟုတ်ပါ။ အမဲဂိုဏ်းက သူတို့အကြောင်းကို မကာအိုသတင်းစာတွေက ရေးသည်ကို မကြိုက်ပါ။ သို့နှင့် သတင်းစာတိုက်တွေသို့ အမဲဂိုဏ်းသတင်း မရေးနဲ့။ ကျည်ဆန်သည် ဗီဇာမလိုဟု ခြိမ်းခြောက်စာ ပို့သည်။ ဒါကလည်း ထူးဆန်းသည် မဟုတ်ပါ။ မဟုတ်တာမှန်သမျှ လုပ်သူတွေသည် သူတို့ အကြောင်းတွေ ပေါ်မှာစိုးသဖြင့် သတင်းသမားကို ဟန့်တားသည်။ ခြိမ်းခြောက်သည်၊ နောက်ဆုံး လုပ်ကြံသည်။ အခမ်းအနား တစ်ခုတွင် ရဲများနှင့် သတင်းသမားများ စုဝေးသော နေရာကနေ ဗုံးထပေါက်သည်။ ရဲနှင့် သတင်းထောက်အချို့ ဒဏ်ရာရခဲ့သည်။

သွားကျိုးကွိုင်၏ နောက်ဆုံးနေ့ကို ရောက်လာခဲ့ပြီ။ မတရားမှု ကျူးလွန်သူသည် ကျူးလွန်ရင်းဖြင့် သူ့ပိုက်ကွန်မှာ သူပိတ်မိတတ်တာ ဓမ္မတာပဲ ဖြစ်သည်။ မကာအို တရားစီရင်ရေး ရဲမှူးကြီး အန်ထော်နီက ကားရပ်ထားပြီး ကျန်းမာရေး လေ့ကျင့်ခန်းကို မလှမ်းမကမ်းမှာ သွားလုပ်နေစဉ် သူ၏ ရပ်ထားသော ကားထဲကနေ ဗုံးထကွဲသည်။ အန်ထော်နီက သူ့ရဲတပ်ဖွဲ့ကို ခေါ်၍ လစ္စဘိုဝါဟိုတယ် ရောက်နေသော သွားကျိုးကွိုင်ကို ဖမ်းပြီး ရုံးတင် တရားစွဲသည်။ သွားကျိုးကွိုင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရသည်။ မကာအိုမြို့ လူဝမ်ထောင်၌ ရှိနေစဉ် သူ့ကို စောင့်ကြပ်နေသော ထောင်ဝါဒါနှစ်ယောက် အသတ်ခံရသည်။ ပေါ်တူဂီ ရဲအရာရှိအချို့ ကြောက်ပြီး အလုပ်ထွက်ကာ ပေါ်တူဂီသို့ ပြန်သွားသည်။ သွားကျိုးကွိုင်၏ အခန်းကို ရုတ်တရက် ဝင်ရှာဖွေရာ မိုဘိုင်းလ်ဖုန်းနှစ်လုံး တွေ့ရသည်။ သူက ထောင်ထဲကနေ အမိန့်ပေး လှုပ်ရှားနေခဲ့သည်။ သို့နှင့် သူ့အတွက် ထောင်ကို သီးသန့် ဆောက်ပြီး ထားရသည်။ ထောင်လုံခြုံရေးအတွက် တရုတ်လူမျိုး လုံခြုံရေးများ မထားတော့ဘဲ ဂေါ်ရခါး စစ်သားဟောင်းတွေကို ငှားပြီး ထားရသည်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၂ဝ ရက် နေ့တွင် မကာအိုအား တရုတ်ပြည်သို့ ပြန်လွှဲပေးပြီး နောက်ပိုင်း အမဲဂိုဏ်းတွေသည် အရှေ့တောင်အာရှ၊ အင်ဒိုချိုင်းနား နိုင်ငံများသို့ ရွှေ့ပြောင်းသွားသည်ဟု ကြားရသည်။ ၁၉၉၉ ခုနှစ် မတိုင်မီ ၁၉၉၇-၁၉၉၈ ခုနှစ်ကာလများ၌ ဒိုင်ဒိုင်းကောင်းဘွိုင်လိုပဲ ပစ်သံခတ်သံတွေ ညံနေခဲ့သည်များက မကာအို၌ ချုပ်ငြိမ်း၍ သွားတော့သည်။

 

ကိုဝမ်း
ကိုးကား- (1) Dragon Syudieale Martiu Booth
(2) South China Morning Post, Hongkongstandard, Eastern Express -owif;pmjzwfykdif;rsm; (1992-1993
Hongkong Review Magazines(S.C.M.P)
Hongkong Review
Magazines (H.K.Std)Sunday Morning Post
Magazines (S.C.M.P)
HongkongLife Magazines (H.K.Std.)

28 comments

  • unclegyi1974

    March 27, 2011 at 3:22 pm

    ရုပ်ရှင်တွေထဲမှာဂိုဏ်းအချင်းချင်းစားကျက်
    လုတာတွေကြည့်ဖူးတာ
    ရာဇဝင်အသေးစိတ်ကိုတော့အခုမှသိရတယ်
    စိတ်ဝင်စားဖို့ကောင်းပါတယ်
    မြန်မာမှာကောရှိသလား နဂျီရေ

  • cobra

    March 27, 2011 at 3:50 pm

    သိလှချည်လား…
    အကိုကရော ဂိုဏ်းဝင်ပဲလား…။

  • nigimi77

    March 27, 2011 at 4:10 pm

    မြန်မာပြည်မှာတော့ အဲလို ဂိုဏ်းမျိုး လုပ်နိုင်လောက်အောင် အရည်အချင်းရှိတဲ့ လူ မရှိသေးတဲ့ အတွက်
    မပေါ်လောက်ပါဘူး။ အရင်တုံးက လူကြီးသားသမီးဆိုတဲ့ ကောင်လေးတွေ စုစည်း ထားတဲ့ Scorpion တို ့ White Snake တို ့ဆိုတဲ့ ဘိန်းစား ဖိုက်တာဂိုဏ်းတွေတော့ ရှိခဲ့ဖူးတယ်။ သူတို ့ကတော့ အဲလိုဟာမျိုးတော့မဟုတ်ဘူး
    အသပြာပေါတော့ ဘိန်းစားလိုက် ကောင်မလေးတွေနဲ ့ ရှုပ်လိုက် မကြည်ရင် ဝိုင်းရိုက်လိုက်နဲ ့ပေါ့။

  • nature

    March 27, 2011 at 5:42 pm

    ဗဟုသုတရပါတယ်။သိုင်းဝထ္ထုတပုဒ်ဖတ်ရသလိုပဲ။ သိုင်းဝထ္ထုကြိုက်တာနဲ့အတော်ပဲ။ ဒါကတော့စိတ်ကူးယဉ် မဟုတ်ပဲတကယ့်အဖြစ်အပျက်ပေါ့။

  • kai

    March 27, 2011 at 7:41 pm

    မြန်မာပြည်မှာ ရှိသင့်တယ်..။
    ရှေးက.. လမ်းမတော်ဖိုးတုတ်တ်ို့ ကလူအင်အားရှိတာမို ့.. အဲဒါမျိုးဆန်ဆန်တွေဆိုရမလားပါပဲ..။
    မင်းသိင်္ခဝတ္တုတွေက အဲဒါမျိုးဆန်ဆန်..ဒါပေမဲ့တဦးတည်းလှုပ်ရှားခေါင်းဆောင်တွေ..ပါတတ်တယ်.။
    ဒီမိုကရေစီအပြောင်း…အစိုးရအပြောင်းမှာ.. ခေတ်ပျက်..ခေတ်ကြား..မှာပေါ်လာတတ်တဲ့ သဘာဝလို့တောင်ထင်မိတာပါပဲ..။
    သူတို့ဟာ.. ဘက်လိုက်တတ်တဲ့ ရဲ..အစိုးရအာဏာပိုင်တွေနဲ့..လူထု..သူဌေးစီးပွားရေးသမား.. မူးယစ်ဆေးဝါးသမားတွေကြား..အင်အားထိမ်းညှိပေးတာတမျိုးအနေနဲ့.. ပေါ်လာတာထင်မိတယ်..။

    ယူအက်စ်မှာ ..မာဖီးယားဂိုဏ်းတွေ..။ ဂျပန်မှာ.. ယာကူဆာတွေဟာ..ဒီလိုသဘောဆန်ဆန်တွေပါ…။

    မြန်မာပြည်မှာတော့.. အရမ်းအင်အားအာဏာကြီးတဲ့.. ဂိုဏ်းကြီးရှိနေပြီးသားမို ့.. အသစ်ပေါ်ရခက်နေသလားပါပဲ..။
    ဒါပေမဲ့..ဒီလိုခေတ်မှာ..ရှိသင့်တာအမှန်ပဲ..။ 🙂

  • bigcat

    March 27, 2011 at 8:34 pm

    ရွာထဲမှာလည်း သူများမဦးခင် ဂိုဏ်းထောင်ရအောင်။ ဂေဇက်မှာ စာလာဖတ်သူတွေကို ဆက်ကြေးတောင်းမယ်။ လက်ရှိမင်ဘာတွေကို ငွေညှစ်မယ်။ သဂျီးဆီက အခွန်ကောက်မယ်ဗျို့။ မရရင် စစ်ဗိုလ်ချုပ် အတွင်းရေးသတင်းတွေ များများတင်ပြီး ဆိုက်ကိုပြည်တွင်းက ဝင်ကြည့်လို့မရအောင် ကကကွန်ကို တိုင်စာပို့မယ်။ ဆိုက်ထဲမှာ အယ်လ်ကိုင်းဒါးနဲ့ တာလီဘန်ကောင်းကြောင်း ဝါဒဖြန့်စာတွေတင်ပြီး စီအိုင်အေကို သတင်းပို့မယ်ဗျို့။
    အဖွဲ့ ရေရှည်တည်မြဲရေးအတွက် ဂိုဏ်းသားအချင်းချင်း ညီညွတ်ကြဖို့ နေရာမလုကြဖို့နဲ့ အထက်လူကြီးစကားကို မြေဝယ်မကျ လိုက်နာဖို့ကတော့ အရေးအကြီးဆုံးပဲ။
    Founder & Chief ရာထူးကိုတော့ ကျုပ်ယူလိုက်မယ်။ ဂိုဏ်းချုပ်ကြောင်ကြီးပေါ့ဗျာ။

  • တညင်သား

    March 27, 2011 at 8:51 pm

    မလေးရှားမှာ ရှိတယ် အန္တရယ် မပေးပါဘူး ၊ စားသောက်ဆိုင်တွေ ဂိမ်းဆိုင်တွေ က ဆက်ကြေးပေးရတယ် သူတို့ဆိုင်ကို စောင့်ရှောက်ပေးစေချင်တဲ့သဘော မပေးလဲရတယ် နယ်တွေဖတ်မှာ ဂျစ်ပစီလို့ပဲပြောမလား ဆိုင်ကယ်တွေခိုး နေ့ခင်းကြောင်တောင် ပိုက်ဆံလိုက်တောင်း လုယက်နေတဲ့ ကုလားလေးတွေရှိတယ် မိန်ခလေးတွေလဲပါတယ် အသက်အရွယ်ကတော့ ၂ဝ မကျော်ဘူး ကွန်တိန်နာအဟောင်းတွေစုပုံထားတဲ့နေရာတွေမှာ နေကြတယ် သူတို့က ရဲ
    ကိုမကြောက်ဘူး တိုင်ကော ဆိုရင် အသေကြောက်.. ညဘက်မှ ရောင်းတဲ့ လမ်းဘေး လက်ဖတ်ရေဆိုင်တွေ သူတို့ထိုင်နေရင် စည်ပင်ရဲ မဖမ်းဘူး သူတို့ကိုဥပဒေနဲရစ်ရင် ဥပဒေနဲ့ပြန်စောတယ် ရဲ ကလဲ မြန်မာပြည်က ရဲ သာသာ…. ဆက်ကြေးပေးပြီး စောင့်ရှောက်ခိုင်းထားတဲ့ ဆိုင်အတွက်ဆိုရင် အသက်ပေးပြီးကာကွယ်ပေးတယ်. အားလုံးနီးပါးကတော့အလုပ်တွေနဲ့ ၁၉၉၉ လောက်ကတွေ့ဘူးတာ စင်ကာပူမှာလဲရှိတယ် အားလုံးတရုပ်လူမျိုးတွေ တိုင်ကောလို့ပဲခေါ်ပါတယ်………

  • nozomi

    March 28, 2011 at 5:22 am

    Internet တို့ Forwardmail တို့ ကရလို့ ဘယ်သူ၊ဘယ်မှာရေးမှန်းမသိရင်တော့မတတ်နိုင်ဘူး ..

    အပေါ်ကဆောင်းပါးမျိုးက စာရေးသူနဲ့ မူလဖော်ပြထားတဲ့ media ကိုသေချာသိရင်တော့ လေးစားသောအားဖြင့် ဘယ်မဂ္ဂဇင်း၊ဘယ်လထုတ်က ဘယ်သူရေးတာပါဆိုရင်ပိုကောင်းမယ်ထင်တယ်..

    ကိုဝမ်းရဲ့ Living Color မဂ္ဂဇင်း မှာ ၂၀၁၁ ထဲပါတဲ့ဆောင်းပါးတစ်ပုဒ် ပါ ၊ကိုဝမ်းရဲ့ဆောင်းပါးအားလုံးကောင်းပါတယ်၊ကျန်တာတွေလဲဆက်ဖော်ပြရင် မဖတ်ရသေးတဲ့လူတွေအတွက်အကျိုးရှိမှာပါ

  • လင်းဝေကျော်

    March 28, 2011 at 8:19 am

    ဖတ်လို့ကောင်းတယ်။
    သို့သော် တင်တဲ့သူရဲ့မူရင်းဖြစ်ရင် ပိုကောင်းမယ်။
    မူရင်းမဖြစ်ရင်လည်း ဘယ်သူ့ဆီက ဘယ်လို ဘယ်ပုံ စသည်ဖော်ပြပေးပေါ့လေ။
    မဟုတ်ရင်လည်း နယူးဗားရှင်း ရေးပြီး ကိုးကားတာလုပ်ပေါ့။
    မြန်မာပြည်မှာ “အမြင်မတော် နှိမ်နှင်းရေးဂိုဏ်း” ဆိုပြီး လုပ်ချင်နေတာ။
    ကားကို ကိုးယိုးကားယားမောင်းတဲ့ ရပ်တဲ့ ကောင်တို့၊ လူပါးဝတဲ့ စည်ပင်တို့၊ ရဲ ကလိမ်ကကျစ်တို့၊ ရဝတ လူလိမ်တို့၊ ဘတ်စ်ကားကိုပိတ်ပြီးမောင်းတဲ့ကောင်တို့ ကို ပညာပေးချင်နေတာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 28, 2011 at 9:14 am

    ဟုတ်တယ်ဗျို ့
    “အမြင်မတော် နှိမ်နှင်းရေးဂိုဏ်း”
    ခေတ်သစ်ပရဟိတ ဂိုဏ်းပေါ့ဗျာ
    တစ်ကယ်တော့ ဂိုဏ်းတောင်မဟုတ်ပါဘူး တာဝန်သိရင် အဖွဲ ့ဝင်ပေါ့ဗျ
    ကိုယ်ကြုံရင် ကိုယ်ဆော်လိုက်ပေါ့ သူကတောင်တစ်ခုခုကို အားကိုးပြီး လူပါးဝတာ
    ကိုယ်ကလည်း လစ်ရင်လစ်သလို ဆော်တာ ဘာများခက်လို ့လဲ
    အမဲဂိုဏ်း လိုဆိုရင်တော့ ပြန်ဗျင်းရမှာဘဲ
    သူများကို မတရားလုပ်တဲ့ဂိုဏ်းကိုတော့ အားမပေးဘူး
    သိရင်လဲ တိုက်ခိုက်ရမှာဘဲ
    နောက်တစ်ခုက ခုနကပြောတဲ့
    ပိုက်ဆံရှိလို ့ လူမိုက်လာလုပ်ရင်တော့ ဗျင်းရမှာဘဲ
    ကြားတော့ကြားဘူးတယ်ဗျ
    ကင်းမီးကောက် ဂိုဏ်းဆိုပြီးတော့ ကျုပ်တို ့ရွာမှာတော့မရှိဘူး လာခဲ့စမ်းပါ
    တစ်ခုရှိတာက ခင်ဗျားတို ့ မြို ့ပြနဲ ့ ကျုပ်တို ့ကျေးလက်ရဲ ့သဘောထားတွေက
    အဲ့သည်နေရာမှာ ကွာသွားတယ်
    ဥပမာဗျာ အဲ့သည် ကင်းမီးကောက်ဂိုဏ်းကကောင်တွေကို ကိုယ်က သိနေတာဘဲ
    နောက်ပြီး သူတို ့က စစ်တပ်တွေလို သေနတ်တွေကို တရားဝင်ကိုင်ထားတာမဟုတ်ဘူးလေ
    ခိုးကြောင်ခိုးဝှက်ကိုင်ရတာဘဲ
    သူကမကောင်းတဲ့ကောင်မှန်းသိနေလို ့ ကိုယ်က အရင်ဆော်တာဘဲ
    သူ ့သေနတ်ဘယ်ထုပ်ခင်မလဲ
    ခင်ဗျားတို ့မြို ့သားတွေကိုက စောက်ပေါတွေ
    စာတတ်တယ်ဆိုပြီး တောသားတွေကို တော်တော်နှိမ်တယ်
    အဲ့လိုကောင်တွေကို အဲ့လိုကောင်တွေမှန်း သိလျှက်နဲ ့စောက်ကြောက်ပြီးငြိမ်ခံနေကြတာ
    ဒါကြောင့် ဒီကောင်တွေ လူပါးဝတာ
    ကျုပ်တို ့ရွာကိုတော့ ဒီလိုမတရားလာလုပ်လို ့ လူကောင်သိလို ့ကတော့
    မသေရင် အဲ့ကောင်ဘိုးဘိုးကြီးဘဲ
    ဒါပေမယ့် စစ်ကြောင်းလိုက်သေနတ်တွေထမ်းပြီးလာရင်တော့
    နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်ပေါ့ဗျာ

  • nigimi77

    March 28, 2011 at 10:39 am

    မြန်မာစာဖတ်ရင်လူတိုင်းမြင်နိုင်ပါတယ်။ ကိုဝမ်း ကိုးကား

  • nigimi77

    March 28, 2011 at 10:51 am

    မြန်မာစာ ဖတ်တတ်ရင် လူတိုင်း နားလည်ပါတယ်။ ကိုဝမ်း ကိုးကားး
    ဆိုတဲ့ စာလုံးကို။

  • nigimi77

    March 28, 2011 at 11:09 am

    ဆောင်းပါးသည် ကိုဝမ်းရေးပါသည်။ ဘယ်မှာရေးသည် မသိပါ။
    forward mail မှ ကူးယူဖော်ပြသည်။

    connection မကောင်းသဖြင့်phone နှင့်ရေးသည်။ဖတ်လေိုသဖြင့
    တင်သည်။
    ကိဝမ်း အမည်နှင့် ကိုးကား စာအတ် ထင်ရှားစွာ ေေေေေေေေေေေဖော်ပြထးသည်။ဖာ်ပြထးသည်ဖာ်ပြထးသညဖာ်ပြထးသဖာ်ပြထးဖာ်ပြထဖာ်ပြဖာ်ဖြာ်ဖာဖ

  • nozomi

    March 28, 2011 at 11:15 am

    Living Color ကို လစဉ်ဖတ်ဖြစ်နေတော့ စဖတ်ကတဲက ကိုဝမ်း ဆောင်းပါးဆိုတာသိပါတယ် အဲဒါကြောင့် nigimi77 ဆိုတာ ကိုဝမ်းလားလို့တောင် တွေးလိုက်မိပါသေးတယ် ကိုဝမ်းဆောင်းပါးတွေဖတ်ဖူးနေတော့ အသက်ကွာဟနေလို့ ကိုဝမ်းဆိုတာ ညီလေး မဟုတ်မှန်း သိလိုက်တာပါ

    cobra တောင် ညီလေးရေးတယ်ထင်လို့ “သိလှချည်လား…
    အကိုကရော ဂိုဏ်းဝင်ပဲလား…”လို့မေးတာပေါ့ ၊
    အပြစ်တင်တာမဟုတ်ပါဘူး၊ညီလေးရိုးရိုးသားသားတင်တယ်ဆိုတာ သိပါတယ် သတိထားမိအောင်လို့ပြောပြတာပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 28, 2011 at 11:40 am

    Living Color
    ဆိုက် လိပ်စာလေးရှိရင် မျှပါဦးဗျို ့
    နောက်ပြီး
    အခြားဆိုက်တွေရှိရင်လည်း မျှပါဗျို ့

    • nozomi

      March 29, 2011 at 10:43 am

      ဘကြီးပုရေ Living Color ကတော့ စာအုပ်ပဲ ဖတ်ဖြစ်တယ် web site ရှိ/မရှိ တော့ မသိဘူး ကျွန်တော့်မှာ ရှိတဲ့ web site စာရင်းတော့ ဒါအကုန်ပဲ

      မြန်မာတိုင်း
      (http://www.mmtimes.com/)
      The Voice
      (http://thevoicemyanmar.com/)
      Weekly Eleven
      (http://www.news-eleven.com/)
      ရန်ကုန်တိုင်းမ်
      (http://www.theyangontimes.com/)
      လျှပ်တပြတ်
      (http://snapshot-news.com/)
      ပေါ်ပြူလာ
      (http://www.popularmyanmar.com/)
      တခြား website သိတဲ့ သူတွေ မျှပါဦး

    • bigcat

      March 29, 2011 at 11:21 pm

      @ ဘကြီးပုနှင့် တပ်မ၇ရစစ်သား၊
      http://hittai.net/ ကိုဝင်ကြည့်လိုက်ရင် ဆိုက်ဘယ်ဖက် panel မှာ ဝက်ဘ်ဆိုက်၊ ဘလော့၊ မီဒီယာ အတော်များများ ကိုတွေ့နိုင်ပါတယ်။ သတင်းဆိုက်မိုလို့ စစ်သားတို့တိုင်းပြည်က ဝင်မယ်ဆိုရင် ကျော်ခွပြီးဝင်ကြည့်ရမယ် ထင်တယ်။

      • nozomi

        March 30, 2011 at 8:33 am

        ကိုကြောင်ကြီး hittai မှာ ေဖာ္á မျိုးတွေပဲ ပေါ်နေတယ် ဘာ font လိုနေလို့လဲ မသိဘူး လုပ်ပါဦး

  • nigimi77

    March 28, 2011 at 2:51 pm

    ဟုတ်ကဲ့ပါ ကိုနိုဇိုမီ ။ ကျွန်တော် ဒါမျိုးရေးနိုင်လောက်တဲ့ ဗဟုသုတ မရှိဘူးဆိုတာ ဒီ မန်လေး ဂေဇာတ်က လူတော်တော်များများ သိကြပါတယ်။ ကျွန်တော် ကိုယ်တိုင်ရေးဆိုရင် Creative Writing စသည်ဖြင့် ဖော်ပြပါတယ်။
    သူများရေးထားတာကို ပြန်လည် ဖော်ပြရင် လည်း Forward mail မှ ပြန်လည်ဖော်ပြသည်ဆိုတာ Tag မှာ ဖော်ပြပါတယ်။
    ဒါကို ကျွန်တော် တင်ခဲ့တဲ့ Post တွေကို ကြည့်ရင်သိနိုင်ပါတယ်။ အခုတလော ကွန်မကောင်းသောကြောင့် Phone နှင့်သာ တင်နိုင်ပါတယ်။ Screen ကသေး သုံးရတာလဲ လက်ဝင်တော့ Tag နေရာမှာ Gang ဆိုတာကို ထည့်ချင်လို ့
    ရေးသူဟာ ကိုဝမ်း ဖြစ်ပြီး ကိုးကားကျမ်းတွေကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ ဆောင်းပါးရေးသားသူဟာ အောက်
    ဆုံးမှာ နာမည်ကို ပြန်မထည့်တတ်ကြပါဘူး။ ဥပမာ….About the Author : nigimi77 လို ့ပါပြီင်္းသားဖြစ်လို ့ ဆောင်းပါး
    ရဲ ့အောက်ဆုံးမှာ nigimi77 ရေးသည်လို ့ပြန်ထည့်စရာ မလိုတာ အကိုလည်း သိမှာပါ။ ကျွန်တော်က တင်ပြီး ကိုဝမ်းရေးသားတာကြောင့် ကိုဝမ်း ဆိုတဲ့ အမည်နဲ ့ ကိုးကားတွေကို ဖော်ပြခဲ့ပါတယ်။ ကိုဝမ်း ရဲ ့အရေးအသား ဘယ်လောက်ကောင်းလဲဆိုတာ Cobra က ကျွန်တော်ရေးတယ်လို ့ ထင်ယောင်ထင်မှားဖြစ်တဲ့ အထိပါပဲ။
    ဒီ ထင်ယောင်ထင်မှားမှုကို ကျေနပ်နေလို ့ ဟုတ်သယောင်ယောင် မဆောင်ခဲ့ပါ။
    ကျွန်တော်ရဲ ့ Post တွေ ဖြစ်စေ သူတပါး ရေးသားထားတဲ့ Post တွေကို ဖြစ်စေ ကျွန်တော် ဝေဖန်မှုဖက်မှာ အားသာပါတယ်။ ဒီလို ဝေဖန်မှုကို ပြုခါနီး (သို ့) Comment ရေးခါနီးမှာ အထက်အောက် အပြန်အလှန် အစအဆုံး သေချာစွာ ပြန်ဖတ်ပြီင်္းမှ ဝေဖန်ပါတယ်။ ဘယ်အရာကိုမှ အဖြစ်သဘော ဖတ်ရှုပြီး ဝေဖန်ချက် မပေးခဲ့ပါ။
    ဒီလိုပြောလို ့ Cobra ကို စော်ကားခြင်းမဟုတ်ပါ။ အရေးအသားကောင်းလွန်းလှတဲ့ ကိုဝမ်းရဲ ့ ဆောင်းပါးကို ဖတ်ပြီး
    ခေတ္တ မဝေခွဲနိုင်တာ ဖြစ်ပါလိမ့်မယ်။ အဲဒီ ကွန်မန် ့ကို မြင်ခဲ့သော်လည်း ကျွန်တော့ အနေနဲ ့ အထူးတလည် ဖြေရှင်း
    ချက်ထုတ်ရန် မလိုအပ်ဟု ထင်ပါတယ်။ ကိုဝမ်း ဆိုတာကို သေချာစွာ ဖတ်ရှုခဲ့ရင် မြင်သာတဲ့ အတွက်ကြောင့်ပါ။
    ကျွန်တော်ဟာ ဒီင်္ မန်းလေး ဂေဇာတ်မှာပဲ စာရေးခဲ့ သလို စာရေးသက်လဲ အရမ်းကို နုပါတယ်။
    စာဖတ်သူကို လိမ်လို ့မရပါ။ ကိုယ်ရေးသလို လုပ်ကြံဖို ့ ကျွန်တော့မှာ သတ္တိ မရှိပါ။
    ဒီလို ရေးသား အသိပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ နောက်ကို အထူး သတိထားပါမယ်။
    စာဖတ်သူများမှ လည်း ထင်မြင်ချက်ကို အလျင်တလို မပေးစေဖို ့ တောင်းဆိုချင်ပါတယ်။

  • nigimi77

    March 28, 2011 at 2:59 pm

    ကျွန်တော်တို ့မြန်မာများ ရုပ်ရှင်ကြည့်သောအခါ ပြီးသွားသည်နှင့် စက်ကို ပိတ်လျင်ပိတ် မပိတ်လျင် နောက်တခွေ ထိုးထည့်ပြီး ကြည့်ပါသည်။ ဇာတ်ကား အဆုံးတွင် ဖော်ပြထားသော မင်းသား မင်းသမီး ကတော့ ဘယ်သူ ဘယ်ဝါ၊ ရိုက်ကူးသူက တော့ ဘယ်သူဘယ်ဝါ၊ တည်းဖြတ် ဘယ်သူ စသည်ဖြင့် ဖော်ပြထားသော်လည်း များသောအားဖြင့် ၎င်း
    စာားများအား စိတ်ရှည်စွာ ဖတ်ရှုသူ မရှိသလောက် ရှားပါတယ်။ တကယ်လို ့များ အဲဒီ ရုပ်ရှင် က အရင်က ရိုက်ကူခဲ့ဖူးပြီး အခြား တစ်ယောက်မှ ပြန်လည် ဖော်ပြသောအခါ ဇာတ်လမ်း အဆုံးတွင် ဖော်ပြထားသော ဘယ်သူ၏ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးသည် ဟု ဖော်ပြထားသော စာသားအား သတိမမူခဲ့ပါလျင်…………….။

    မည်သူတင်သည့် မည်သည့် Post အား မဆို အစမှ အဆုံးထိ ဖတ်စေချင်ပါသည်။
    ထိုမှသာ ထင်ယောင်ထင်မှား ကိစ္စများ ဖြေရှင်းရန် လိုမည် မဟုတ်ဟု ထင်ပါသည်။

  • nigimi77

    March 30, 2011 at 3:49 am

    ကိုကြောင်ကြီး။ ကျော်ကြည့်တဲ့ နည်းပါပေးလေ။

  • etone

    March 30, 2011 at 6:39 am

    သိသိ သာသာကြီးကို like တွေများတာ အံ့ဩဒယ် 😀

    • bigcat

      March 31, 2011 at 1:35 am

      အီးတုံးလေးကို ကြိုက်လိုက်တယ်။ ဒါတောင် 1 to 4 ဖြစ်နေလို့ ကယ်လို့မရသေးဘူး။ နောက်တယောက် ရှာအုံး။ အန်တီဆူးကတော့ ဒါမျိုးဆို အားကိုးရတယ်။ ကိုကြောင်ကြီး အကူအညီလိုလို့ ကြိုက်ခိုင်းရင်လည်း ရှောင်မသွားနဲ့နော်။

  • nigimi77

    March 30, 2011 at 6:54 am

    ဒါက ဒီလိုရှိပါတယ် ဒေါ်အီဒုံး။ IP တူရင် Like Dislike လုပ်လို ့မရဘူးလေ။
    ဒါကြောင့် ၃ ရက်တိတိ ဆိုင်ပေါင်းစုံ လှည့်ထိုင်ပြီး ကျုပ်ကိုကျုပ် Like လုပ်ထားတယ်လို ့မှတ်ပါ။ 😛

    ကျုပ်ကို Dislike ချင်တဲ့ လူက များတယ်လေ။ ကိုယ့်ကိုယ်ကိုမှ Like မလုပ်ရင် ဘယ်သူ ့ကို လုပ်မလဲနော။

    🙂 🙂 🙂 🙂

  • nigimi77

    March 30, 2011 at 6:58 am

    ဒါနဲ ့ စကားမစပ်….ခင်ဗျားနဲ ့ ဆူး ရေးတဲ့ ပိုစ့်မှာ ကျုပ် ဝင်မန်းရင် ဘာမန်းမန်း

    သိသိသာသာကြီး Dislike တွေများတာကို ကျုပ်တော့ သိပ် မ အံ့ဩမိပါဘူး။

    ဒီလိုပဲ ဖြစ်မှာ လေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 30, 2011 at 10:22 am

    လင့်ပေးတဲ့ပုဂ္ဂိုလ်တွေ ကျေးဇူးပါ
    အောင်ကလင့်မှာ သွားပြီး ဖတ်လို ့ရပါတယ်
    myanmargazette.net

  • Maung Dae`

    March 31, 2011 at 4:20 am

    သူတို့ကအမဲဂိုဏ်းထောင်တယ်… ငါတို့က အမဲဂိုဏ်းမထောင်ပဲ ဆိတ်သားဂိုဏ်းထောင်ရင်ကောင်းမလား.. အဟီး..

    မြန်မာနိုင်ငံမှာ စနစ်ကြီးကသာမကောင်းတာ.. ခိုးဆိုးလုယက်မှုသိပ် မရှိတာကိုတော့ နိုင်ငံခြားသားတိုင်းအံဩကြတယ်.. ကျွန်တော့် ဘောစိ ကပြောတယ်.. မလေးရှားမှာ ဒေါ်လာ တစ်သန်းလောက်ကို Cash အတိုင်းသယ်မယ်ဆိုရင် လုံခြုံရေးတွေ.. စစ်သားတွေ ရဲတွေ နဲ့ အရှေ့ကနေ ပီးပေါ် ဆိုင်ကယ်တွေမောင်းပြီးသယ်ရတယ်တဲ့.. မြန်မာနိုင်ငံမှာ တော့ ပိုက်ဆံတွေကို မြွေရေခွံအိတ်တွေထဲထည့် ကားပေါ်ကိုအထုတ်တွေ အများကြီးတင် နောက်က လူတစ်ယောက်ပဲထိုင်လိုက်ပြီး သယ်သွားတာဘယ်သူမှ ဘာမှမလုပ်ကြဘူးတဲ့.. အဲ့ဒါကိုသူတော်တော်အံ့ဩနေတာ..

    ဒီကိုရောက်တဲ့နိုင်ငံခြားသားတိုင်းလဲအံ့ဩတယ်.. အဓိကကတော့ လက်နက်ကိုင်ဆောင်ခွင့်မရှိတာ.. ဝယ်ဖို့ရာ ခက်ခဲတာကြောင့်လို့ထင်ပါတယ်.. တစ်ကယ်လို့ လက်နက်ကို လွယ်လွယ်ဝယ်လို့ရမယ်ဆိုရင် သည်မှာရှိတဲ့ အစိုးရ ဘဏ်တွေ မွဲတာကြာပီ..

    • eros

      March 31, 2011 at 4:47 am

      အဲဒီ အပြင် ဝိုင်းဆွမ်းကြီးလောင်းတဲ့ ဓလေ့လည်းပါတယ်လေ။ အခုခေတ်မှာတော့ တယောက်ထဲက တော့ နည်းနည်း တွန့်တယ် ၂ယောက် ၃ယောက် လောက်ဆိုရင် လုပ်တဲ့ကောင်ကို ဝိုင်းလိုက်တယ်။ မိရင် ဝိုင်းဘေကြတယ်လေ။ တခါတလေ များ ရဲက ရိုက်စစ်စရာနေရာ မကျန်အောင် ဘေလိုက်ကြတာလေ။

Leave a Reply