သင်္ကြန်ကျပီ
သင်္ကြန်မိုးတွေလည်း ရွာနေပြီ
သင်္ကြန်ပိတောက်တွေလည်း ပွင့်နေပြီ
သင်္ကြန်ရေတွေလည်း ပက်နေကြပြီ
ကျွန်တော်တို့တွေလည်း online မှာ အချင်းချင်း ရေပက်ကြရအောင်…
“ဗွမ်း”. . . . .
မပြန်ခင် မုန့်လုံးရေပေါ်လေးလည်း စားသွားပါဦး၊ ငရုတ်သီးတော့ သတိထားကြနော်
4 comments
ဆူး
April 12, 2011 at 3:11 pm
ဖြူဖြူဥဥ မုန့်လုံးလေး..
စားကာ လို့ပေး…
ချိုချို အရသာ စွဲမက်စရာ..
အစပ်လေးတော့ မပါတာပေး..
နှစ်စဉ်နှစ်တိုင်း စားလို့ကားပေး..
မုန့်လုံးလေး။
မင်္ဂလာ နှစ်သစ်ပါ အမရေ…
အမလည်း မင်္ဂလာ နှစ်သစ်မှာ ကျန်းမာ ရွင်လန်းပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒပြည့်ပါစေ။
kopauk mandalay
April 12, 2011 at 4:38 pm
ရင်ငြိမ်းနွေ
အပူတွေငြိမ်း………………….
အမည်နဲ့လိုက်စေသား
သင်္ကြန်မှာအတာရေအေးသလို
ငြီမ်းအေးစေသား
ကိုပေါက်(မန္တလေး)
ရှူံးနိမ့်မှုများနဲ့.. လူ
April 12, 2011 at 11:42 pm
ရင်ငြိမ်းရဲ့ Idea လေးကကောင်းသလို ကိုပေါက်ရဲ့ ဖွဲ့သီမှုကလဲ ကောင်းသဗျား..
ဪ… ကျက်သရေ မင်္ဂလာရှိလှပါဘိ..
စိန်ခေါ်သံ၊ ရန်ဖြစ်သံတွေမကြားရဘဲ ခုလို ကြည်နူးစရာ စာ၊ လင်္ကာလေးတွေ
ဖြစ်နိုင်ရင်….
များများ ဖတ်ရပါလို၏။ ။
yuyu
April 13, 2011 at 8:15 am
သင်္ကြန်ကိုအရမ်းချစ်တယ် ကိုယ်အမြတ်နိုးဆုံးပွဲတော်ဟာ ရေသဘင်ပွဲတော်ပဲ မြန်မာလူမျိုးဖြစ်ရတာသိပ်ဂုဏ်ယူတယ MG ကအစ်ကိုအစ်မမောင်လေးညီမလေးများအားလုံး သင်္ကြန်နဲ့အတူပျော်ရွှင်အေးချမ်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်