ရွှေတိဂုံမှ အံ့ဖွယ် ၉ ပါး
သိပြီးသူရှိသလို မသိသူတွေလည်း ရှိကြပါတယ် …သိပြီးသူလဲ ထပ်သိအောင် မသိသူလည်း သိအောင် လို့ပါ
ဗြဟ္မာသားပိုက်
တောင်ဖက်မုခ် .. အင်္ဂါထောင့် အလွန်လေးမှာ ဗြဟ္မာကြီးက ကလေးကို ချီပြီး ပိုက်ထားတာ တွေ ့လိုက်ရတယ်။ သားသမီးလိုချင်တဲ့ အိမ်ထောင်သည်တွေ လာပြီး ဆုတောင်းကြသတဲ့..။ အခုနောက်ပိုင်း ငှက်ပျောပွဲတွေ ဘာတွေနဲ ့ ရှယ် ဆုတောင်းကြတယ်ဆိုပဲ။
အံ့ဖွယ် (၁) – ပတ္တမြား မျက်ရှင် ဘုရား
ရွှေတိဂုံစေတီတော်ရဲ ့ အထက်ပစ္စယံ မှာ အံ့ဖွယ် (၁) ဖြစ်တဲ့ ပတ္တမြား မျက်ရှင် ဘုရား ရှိပါတယ်။ ပတ္တမြားမျက်ရှင်ဘုရားကို ရှေးတုန်းက မင်းညီမင်းသားတွေ စစ်ထွက်ခါနီးတိုင်း သူတို ့ စစ်နိုင်ဖို ့အရေး ၊ လူတွေ သေကြေပျက်စီးဖို ့အရေး ဘုရားရှင်ထံမှာ လာရောက် နားပူနားဆာ လာလုပ်လေ့ရှိတယ်လို ့ဆိုပါတယ်။
အထက်ပစ္စယံကို အမျိုးသားတွေပဲ တက်ရောက်ခွင့်ရှိပြီးတော့
အထက်ပစ္စယံ တက်ပြီး ဖူးမျှော်ခွင့်မရရှိတဲ့ သူတွေ အတွက် ရွှေတိဂုံဘုရား မုခ်တိုင်း မှာ Flat screen TV ကြီးနဲ ့ ပတ္တမြားမျက်ရှင်ဘုရားကို ပြသထားပါတယ်။ အထက်ပစ္စယံကိုတော့ ဗုဒ္ဓဟူးထောင့် ကနေ တက်ရောက်နိုင်ပါတယ်။ အထက်ပစ္စယံဟာ အလွန်ပဲ အေးချမ်းဆိတ်ငြိမ်လှပြီး လေကောင်းလေသန် ့တစ်ဝကြီး ရှူနိုင်သလို ရင်ပြင်တော်ပေါ်ကို အပေါ်စီးကနေ ဖူးတွေ ့နိုင်ပါတယ်။
အထက်ပစ္စယံကနေ ဆင်းလာပြီး လက်ယာရစ် ဆက်ပြီး လျှောက်လာခဲ့ရင်တော့ စနေထောင့် ဆိုတဲ ့ နေရာလေးကို ရောက်ပါလိမ့်မယ်။ အဲဒီ စနေထောင့်အလွန် ရှေ ့တည့်တည့်မှာ ရေသန် ့စက်ကြီး အကြီးကြီး ကို တွေ ့ရပါလိမ့်မယ်။ အမောပြေ ဝင်သောက်လိုက်ပါအုံး . ။ အဲဒီ ရေသန် ့စက်ရဲ ့ဘယ်ဖက်မှာတော့ …
ဘာလို ့ဝိဇ္ဇာဇော်ဂျီ ဘုရားလို ့ဘွဲ ့အမည်ပေးထားသလဲ ဆိုတော့ ဘုရားရဲ ့လှိုဏ်ဂူတော် အပေါ် မှာ ရေးချယ်ထားတဲ ့ကနုတ်ပန်းတွေ နေရာကို ကြည့်လိုက်ပါ။ ဇော်ဂျီပုံတွေ ကို တွေ ့ရပါလိမ့်မယ်။
ဝိဇ္ဖာဇော်ဂျီ ဘုရားကနေ ဘယ်ဖက်မှာ ရှိတဲ့ လမ်းလေးအတိုင်း အတွင်းကို ဆက်သွားရင်တော့
နေလဘုရား
လွန်ခဲ့တဲ့ ၁ဝ စုနှစ် တုန်းကဆိုရင် ဒီ နေလ ဘုရားမှာ သာသနာပွဲတွေ ၊ အဓိဋ္ဌာန်ပွဲတွေ နဲ ့ တိုးတိုးကြိတ်ကြိတ်ပါပဲ။ အခုအချိန်မှာတော့ ဘာမှ မရှိသလောက် ပြောင်ရှင်းနေပါပြီ ။ ဂူထဲက ဘုရားကိုပဲ ပင့်ပြီး အစားပြန်ထိုးထားသလား လို ့တောင် သံသယစိတ်လေးနဲ ့ တွေ းမိသေးတယ်။
နေလဘုရားကို ဖူးပြီးရင် လက်ယာရစ် ဆက်ပြီး ပတ်ပါ။ ကြာသပတေးထောင့် ကို ကျော်လာတဲ့အချိန်မှာ ရွှေတိဂုံဘုရားရဲ ့အထက်ပစ္စယံနေရာလောက်ကို လှမ်းကြည့်လိုက်ပါအုံး… ။ ရွှေချထားတဲ့ ရုပ်တုတစ်ခု
ဥက္ကလာပမင်းကြီး
ဥက္ကလာပမင်းကြီး ဟာ ရွှေတိဂုံစေတီတော်ကြီးကို တည်ထားခဲ့တဲ့ မင်းကြီးပေါ့ ။ ဆံတော် ကြွလာတဲ့အခါမှာ မြစ်ထဲအထိ ရေအစိုခံပြီး ဆံတော်ကို ကြိုခဲ့တယ်လို ့ မှတ်သားဖူးတယ်.. ။
အောင်မြေ
အဲဒီကနေ ဆက်ပြီး ပတ်လိုက်အုံး ..။ လက်ယာရစ်အတိုင်းပဲ ဆက်ပြီး ဖူးလာခဲ့ရင် ရာဟုထောင့် အကျော်လေးမှာ..ရွှေတိဂုံ အောင်မြေ ဆိုတာကြီး တွေ ့မယ်.။ အဲဒါ အောင်မြေ အစစ် မဟုတ်ဘူး.. အတုကြီး ။ တစ်ကယ့်အောင်မြေအစစ်က တနင်္ဂနွေထောင့် နားမှာ ရှိတယ်။ ဘာပဲဖြစ်ဖြစ် သူများအောင်မြေ ကိုယ်အောင်မြေပေါ့.. ။ အောင်မြေနင်းလိုက်မယ်.. လာလေရော့ .. အင်္ဂလန် ဗီဇာ နောက်ထပ်ရပါစေ…..။
ဘီလူးပန်းဆိုင်း
အောင်မြေကနေ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ ့ကိုယ်လုံးတော်ကို ဖူးမြော်ကြည့်လိုက်ပါ။ ဘီလူးပန်းဆိုင်းနေရာကို ကြည့်မယ်ဆိုရင် ထူးခြားတာ ဖူးမြင်ရပါလိမ့်မယ်။
အောင်မြေရဲ ့ညာဖက် စောင်းတန်းထဲမှာ….
ကြီးကိုးကြီးထဲက တစ်ကြီး
ရုပ်ပွားတော် အရှေ ့မှာ ကြိုးတစ်ချောင်း ကျနေတယ်.. အဲဒီကြိုးက မျက်နှာကြက်ပေါ်က ယပ်တော်နဲ ့ဆက်စပ်နေတယ်..။ အပူငြိမ်းခြင်သူများ ယပ်တော်ခပ်ပေးပြီး ဆုတောင်းလေ့ရှိပါတယ်။
ရုပ်ပွားတော်ကြီးရဲ ့ ဘယ်ဖက်ခြမ်းမှာတော့
မွန်ဘုရင်မကြီး ရှင်စောပု တည်ထားကိုးကွယ်ခဲ့တဲ့ ရှင်စောပု ဘုရားကို ဖူးမြော်ရပါမယ်။ ဘုရားရဲ ့ရှေ ့မျက်နှာစာမှာ ပေါက်နေတဲ့ အပင်ကြီးမှာ သမီးရည်းစား စုံတွဲတွေ၊ စာမေးပွဲအောင်ခြင်သူတွေရဲ ့ correction pen နဲ ့ရေးခဲ့ကြတဲ့ ချစ်သဝဏ်လွှာတွေ၊ ဆုတောင်းတွေကလည်း ဗရပွထနေပါတော့တယ်..။
ဖူးပြီးရင်တော့ လက်ယာရစ်အတိုင်း ပတ်လိုက်ပါအုံး.. သောကြာထောင့် ..ဒဂုံဒေါ်ခင်ခင်လေး အဆောက်အဦးနဲ ့ မျက်နှာခြင်းဆိုင်မှာ
တန်ဆောင်းထဲက နဂါးတွေ ၊ မနုဿီဟ ပုံတွေနဲ ့ ငုံပြီး တည်ထားတဲ့ နေရာမှာ လှိုဏ်ဂူ ရှိသတဲ့..။ အဲဒီ လှိုဏ်ဂူထဲမှာ ဧရာဝတီမြစ်ရဲ ့ရေကြောနဲ ့ ဆက်စပ်နေတဲ့ ရေစီးကြောင်း ရှိတာကြောင့် ဧရာဝတီမြစ် ရေတက်ရေကျ အတိုင်း အထဲက ရေစီးကြောင်းကလည်း အတက်အကျရှိတယ်လို ့သိရပါတယ်။ ဆံတော်တွေ ဋ္ဌာပနာခါနီးမှာ ဒီရေစီးကြောင်းက ရေတွေနဲ ့ ဆေးခဲ့တယ်လို ့လည်း မှတ်တမ်းမှာ ဖော်ပြထားပါတယ် ။
ဒဂုံဒေါ်ခင်ခင်လေး အဆောက်အဦး ရှိတဲ ့လမ်းလေးအတိုင်း ဆက်သွားလို ့ရှိရင်.. မြောက်ဘက်မုခ် ဓာတ်လှေကား နားမရောက်ခင်မှာ…
လောကပါလ ယက္ခမယ်တော်ကြီး
လွန်ခဲ့တဲ့ ၁ဝ စုနှစ်လောက်တုန်းက ဒီယက္ခ ဟာ အခုလို မိုးလုံလေလုံ မှန်ကာ နဲ ့မဟုတ်ဘူး..။ မိုးထဲလေထဲ ဒီအတိုင်း ပစ်ထားတာ။ ဘယ်သူက ဘယ်လို ဆောက်ပေးလိုက်တယ်မသိပါဘူး…။ အခုတော့ အမိုးအကာ နဲ ့အုန်းပွဲ ငှက်ပျော်ပွဲ တွေ နဲ ့ပွဲတော်တွေ ဘာတွေ တည်လို ့..။
အဲဒီ လောကပါလ ယက္ခမယ်တော်ကြီး ဘေးကနေ ဆက်လျှောက်သွားရင်တော့ …
တန်ဆောင်းထဲမှာ ရှိတယ်..၊။
ရှင်မထီး ဘုရားကနေ ဆက်လျှောက်လာရင်တော့ ဘိုးမင်းခေါင် ရုပ်ထုကို ရောက်မယ်..။
ဘိုးမင်းခေါင်
ဘိုးမင်းခေါင်လည်း အရင်တုန်းက မိုးထဲလေထဲမှာပဲ…။ ဆေးလိပ်တွေ ကပ်ကြ.. ခန္ဓာကိုယ်ကြီးကို နှိပ်ကြ နဲ ့။ အခုတော့လည်း မှန်လုံခန်းထဲမှာ မြိန် ့မြိန် ့ကြီး ထိုင်လို ့. အဲယားကွန်းမပါ ဘာမပါ..။
ဘိုးမင်းခေါင် ဘေးမှာတော့ ကျောက်စာတွေ ရှိတယ်.. ဓာတ်ပုံတော့ မရိုက်ခဲ့ပါ..။ အဲဒီကနေ ဆက်သွားလို ့ရှိရင် တန်ဆောင်းတစ်ခု ကို တွေ ့ပါလိမ့်အုံးမယ်..။
မျက်ရှင်ဘုရား
တန်ဆောင်းရဲ ့အတွင်းဖက်ဆုံး ညာဖက်ခြမ်းမှာ မျက်ရှင်ဘုရား ဆိုတာ ရှိပါတယ်.။ ဟိုးတုန်းကဆိုရင် အဲဒီနားမှာ အဘိုးကြီးတစ်ယောက် .. မှန်ဘီလူး တစ်လက်နဲ ့ ထိုင်နေတယ်.. ။ သူ ့ဆီက မှန်ဘီလူး တောင်းပြီး မျက်လုံးတော်ကို သေချာပြူးကြည့်ခဲ့ဖူးပါတယ်.. ငယ်ငယ်တုန်းကပေါ့ဗျာ..။
အခုတော့ အဲဒီ မှန်ဘီလူးရော.. အဘိုးကြီးရော မရှိတော့ပါဘူး..။
အဲဒီတန်ဆောင်းက ပြန်ထွက်တာနဲ ့ ရှေ ့အလယ်မှာ ယက္ခအနွယ်တော်တွေ တည်ထားတဲ့ ဘုရားရှိတယ်..။ ပြောကြတာပါပဲ..။ ယက္ခမျိုးနွယ်တွေ လာကန်တော့ကြတာပေါ့..။
အဲဒီဘုရားဘေးက ညာဖက်နားမှာတော့
နောင်တော်ကြီးစေတီ
နောင်တော်ကြီး စေတီဟာ ရွှေတိဂုံ စေတီတော် အရင် တည်ခဲ့တဲ့ စေတီတော် ပါ။ ပါးစပ်ရာစဝင်တော့ မပြောတော့ပါ.. ။ နောင်တော်ကြီး ဘုရားပေါ်တက်ချင်ရင်တော့ မှတ်ပုံတင် ထားခဲ့ရပါမယ်..။ ကိုယ့်မှာက passport ပဲ ပါတာဆိုတော့ မတက်ခဲ့ရပါဘူး..။
အောင်မြေ အစစ်ဟာ ဒီနောင်တော်ကြီးစေတီ နားမှာ ရှိတယ်လို ့ ဆိုကြပါတယ်..။ ဘယ်နားမှာလဲတော့ မသိပါ..။ လူတွေကို လိမ်လည်လှည့်ဖြားဖို ့ဆိုရင် ဘုရားတောင် မချန်ပါ.. ထုံးစံအတိုင်းပေါ့ ဟိဟိ..။
နောင်တော်ကြီး ဘုရားနားမှာပဲ … ထန်းသုံးပင် ညီအစ်ကို ရှိပါတယ်..။ ဓါတ်ပုံတော့ မရိုက်ခဲ့တော့ပါ..။
နောင်တော်ကြီး ဘုရားကျော်သွားတာနဲ ့ညာဖက်မှာ လမ်းသွယ်လေး တစ်ခု တွေ ့ပါလိမ့်မယ်.. ။ အဲဒီ လမ်းသွယ်လေးရဲ ့ညာဖက် တန်ဆောင်းထဲမှာတော့ ..
ရှင်အဇ္ဖဂေါဏ ဆိုတာ ပုဂံရာဇဝင်ထဲက ဖိုထိုးတာ မအောင်လို ့ ပေးထားတဲ့ ကတိအတိုင်း မျက်လုံး နှစ်ဖက် ဖောက်ထုတ်ပြီး ဓါတ်လုံးကို မစင်တွင်းထဲ လွှင့်ပစ်လိုက်တဲ့အခါမှ ဓါတ်ပြုပြီး ဓာတ်လုံးအောင်သွားလို ့ ဆုံးရှုံးသွားတဲ့ မျက်လုံး ၂ လုံးကို ဈေးမှာ အစားသွားဝယ်ခိုင်းလိုက်တာ .. ဈေးကွဲချိန်ဆိုတော့ ရတဲ့ မျက်လုံးက ဆိတ် မျက်လုံး တစ်ဖက် ရယ်.. နွားမျက်လုံး တစ်ဖက်ရယ်..ပဲ ရခဲ့တယ်.. ။ အဲဒါနဲ ့ပဲ ရတဲ့ မျက်လုံး ၂ လုံးကို အစားပြန်တပ်လိုက်တာ.. အဇ္ဖ (ဆိတ် ) ဂေါဏ (နွား) လို ့ အမည်တွင်သွားခဲ့တယ်လို ့ဆိုတာပဲ..
ရှင်အဇ္ဇဂေါဏ တန်ဆောင်းကနေ အထွက် ညာဖက်မှာ တန်ဆောင်းတစ်ခု တွေ ့ရပါအုံးမယ်.. အဲဒါကတော့
အံ့ဖွယ် (၆) – ဘိုးဘိုးအောင် ဂူဘုရား
အခုမှပဲ အံ့ဖွယ် ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ ့ရတော့တယ်..။ အံ့ဖွယ် ၆ .. ဘိုးဘိုးအောင် ဂူဘုရားတဲ့ ..။ အံ့ဖွယ်မှန်သမျှ လာဖူးကြမှာ စိုးလို ့… ဆိုင်းဘုတ်ဖြုတ်ထားတာ ဒီဘုရား နဲ ့နောက်ဘုရား တစ်ဆူ ပဲ ကျန်တယ်.. ။
ဒီတန်ဆောင်းကနေ ထွက်ရင်တော့ တနင်္ဂနွေ ဂြိုဟ်ထောင့်ကို ရောက်ပါလိမ့်မယ်.. ဂြိုဟ်တိုင်မှာ ရေသပ္ပါယ်ပြီးတော့ ကြည့်လိုက်တာ အုံးသီးတဲ့ခင်ဗျ..။အုန်းသီးပို
တနင်္ဂနွေထောင့်ကနေ နောက်ကို တစ်ခွင်ဆုတ်.. အဲလေ.. နောက်ကို လှမ်းကြည့်လိုက်မယ်ဆိုရင်တော့ ပုဏ္ဏားကြီးတစ်ယောက် ဗေဒင်တွက်နေလိမ့်မယ်.. ခြစ်ထွေး ဗေဒင်.. ကျောက်သင်ပုန်းပေါ် စာလေးခြစ်လိုက် .. တံတွေးနဲ ့ထွေးပြီး ပြန်ဖျက်လိုက်နဲ ့။ ခိုတွေကို အစာကျွေးနေတာ တွေ ့ပါလိမ့်မယ်..။ အဲဒီ ပုဏ္ဏားကြီးနောက်က ထီးတော်ပုံ စံတူ နောက်ကွယ်မှာ …
ဘိုးဘိုးအောင် ဆုတောင်းပြည့် ဘုရား
ဘိုးဘိုးအောင် ဆုတောင်းပြည့် ဘုရားတဲ့.. အဲဒီ ဘုရားရဲ ့ဘေးနားက ကပ်လျက် လမ်းကျဉ်းကျဉ်းလေးကနေ အပေါ်ကို တက်သွားလိုက်.. အပေါ်ကို ရောက်ရင် ညာဖက်ချိုး… တန်ဆောင်းလေး ၂ ခု တွေ ့မယ်.. အတွင်းဖက်ဆုံး တန်ဆောင်းကို အရင်ကြည့်လိုက်ပါ….
ဓမ္မစေတီ ဘုရား
ဓမ္မစေတီ ဆုတောင်းပြည့် ဘုရား ဟာ လွန်ခဲ့တဲ့ ၁ဝ စုနှစ်တုန်းကတော့ အဓိဋ္ဌာန်ဝင်သူ၊ ဘုရားဖူးလာသူတွေနဲ ့စည်ကားခဲ့ပါတယ်… မျက်မှောက်မှာတော့ ဘုရားဖူးတွေ အနည်းအကျဉ်းသာ ရှိပါတော့တယ်..။ အရင်တုန်းက ဖူးမြှာ်ခံခဲ့တဲ့ ဓမ္မစေတီ ဆုတောင်းပြည့် ဘုရားဟာ ခန္ဓကိုယ်ပေါ်မှာ စိန်ရွှေရတနာ ကျောက်တွေနဲ ့အပြည့် ပါပဲ..။ အခုတော့လည်း အဲဒီရုပ်ပွားတော်ကို ရွှေတိဂုံစေတီတော် ပြန်လည်ပြုပြင်ရေးလုပ်တော့ ဘယ်သူက မသွားတယ်မသိပါဘူး.. လက်ရှိအဖူးအမျှော်ခံနေတဲ့ ရုပ်ပွားတော်မှာ ဘာမှကို မရှိပါ..။ အစားထိုးလိုက်ကြပါပြီ.. ကောင်းကြသေးရဲ ့လားကွယ်ရို ့..။ အဲဒီ ဓမ္မစေတီ ဘုရားရဲ ့ဘေးမှာတော့ ကျားခြင်္သေ့ဘုရားဆိုတာ ရှိပါတယ်..။
အဲဒီကနေ ပြန်ထွက်ရင်တော့ အရှေ ့ဘက်မုခ် ဆောင်းတန်းကို ရောက်ပါမယ်.. အာရုံခံ တန်ဆောင်းထဲက ရုပ်ပွားတော်က်ို သေချာဖူးမျှော်ကြည့်ပါ..။
တနင်္လာထောင့် မှာရှိတဲ့ တန်ဆောင်းထဲက ဘုရားရှင်ရဲ ့ဘွဲ ့တော်ဟာ ကကုဿာန် လား .. ကောဏဂုဏ် လား မမှတ်မိတော့ပါ..။ ဘုရားရှင်ရဲ ့ ညာဖက်လက်တော်ဟာ ပက်လက်ကလေး ဖြန် ့နေတာကြောင့် လက်ပက်လက် ဘုရားလို ့မှည့်ခဲ့တယ်လို ့ထင်ပါတယ်..။ တစ်ခြား တန်ဆောင်းတွေထဲမှာ သီတင်းသုံးနေတဲ့ ရုပ်ပွားတော်တွေနဲ ့လုံးဝမတူပါ..။
အဲဒီတံခွန်တိုင်ကို တွေ ့တယ်ဆိုရင်တော့ တံခွန်တိုင်ဘေးမှာ လမ်းကျဉ်းကျဉ်းလေး ရှိပါမယ်.. အဲဒီလမ်းကျဉ်းကျဉ်းလေးအတိုင်း လျှောက်သွားလိုက်ရင် ဘယ်ဖက်ခြမ်းမှာတော့ …
ပြဒါးရှင်ဘုရား ဟာ နဖူးတော်မှာ ပြဒါးရှင်ကို ထည့်သွင်းမြှုပ်နှံ ပြီး ထုလုပ်ပူဇော်ထားတယ်လို ့ဆိုပါတယ်..။ အံ့ဖွယ် ၉ .. ပြဒါးရှင်ဘုရား လို ့ရေးထားတာ တွေ ့မြင်ရပါလိမ့်မယ်..။ အံ့ဖွယ် ဆိုပြီး စာတမ်း ချိတ်ထားတာ ၉ ပါး ရှိတဲ့ အထဲက ၂ ပါးပဲ အံ့ဖွယ်ဆိုပြီး ချိတ်ထားပါတယ်.. ။ . ။
8 comments
aung lay
April 12, 2011 at 1:13 pm
သိချင်နေတာကြာပြီ။ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
ဆူး
April 12, 2011 at 2:59 pm
ပုံနှင့် တကွ ပါရင် ပိုကောင်းမလား… ဒါဆို တက်ရှာရတာ ပိုလွယ်မယ် ထင်တယ်။
bigcat
April 13, 2011 at 3:21 am
ဗဟုသုတရတယ်ဗျို့။ ရွာထဲမှာတော့ အံ့ဖွယ်တပါးပဲရှိတယ်၊ အဲဒါ ကံကိုမယုံတဲ့ သဂျီးပဲ….. ဝိုင်းချကြပါဗျိ…. 😛
kai
April 13, 2011 at 5:50 am
ရွေတိဂုံမြေမှ အံ့ဖွယ်ကိုး ဆိုပြီး စာအုပ်လေး ရှိဖူးတာမို ့..
ရန်ကုန်ပြန်ရောက်တုန်း ဓါတ်ပုံတွေ တခုချင်းကို ရိုက်ခဲ့ဖူးတာပဲ..။
ဆုတွေတောင်းလိုက်ရတာလည်း အမောပေါ့..။ နုစဉ်ကပါ..။ 🙂
အခုတော့ ..အဲဒီပုံတွေ… ဘယ်ဂျောင်ရောက်နေသလည်း မသိ..။
nigimi77
April 13, 2011 at 6:40 am
အံ့ဖွယ်ကိုးပါးဆိုလို ့ ဘာတွေများလဲလို ့ လပ်စသပ်တော့ ကပ်မြှောင်တွေပဲ…။ 🙂
PEACEMAKER
April 13, 2011 at 1:38 pm
ဘာလဲ ကပ်မြှောင်ဆိုတာ။ ဘာကို ဆိုလိုချင်တာလဲ။
မိုက်ကယ်ဂျော်နီအောင်ပု
April 13, 2011 at 1:47 pm
( ရှင်အဇ္ဖဂေါဏ ဆိုတာ ပုဂံရာဇဝင်ထဲက ဖိုထိုးတာ မအောင်လို ့ ပေးထားတဲ့ ကတိအတိုင်း မျက်လုံး နှစ်ဖက် ဖောက်ထုတ်ပြီး ဓါတ်လုံးကို မစင်တွင်းထဲ လွှင့်ပစ်လိုက်တဲ့အခါမှ ဓါတ်ပြုပြီး ဓာတ်လုံးအောင်သွားလို ့ ဆုံးရှုံးသွားတဲ့ မျက်လုံး ၂ လုံးကို ဈေးမှာ အစားသွားဝယ်ခိုင်းလိုက်တာ .. ဈေးကွဲချိန်ဆိုတော့ ရတဲ့ မျက်လုံးက ဆိတ် မျက်လုံး တစ်ဖက် ရယ်.. နွားမျက်လုံး တစ်ဖက်ရယ်..ပဲ ရခဲ့တယ်.. ။ အဲဒါနဲ ့ပဲ ရတဲ့ မျက်လုံး ၂ လုံးကို အစားပြန်တပ်လိုက်တာ.. အဇ္ဖ (ဆိတ် ) ဂေါဏ (နွား) လို ့ အမည်တွင်သွားခဲ့တယ် )
ဘူးထွားထွား ဝါးဟားဟား
ခင်ဗျားတို ့အနောက်တိုင်းဆေးပညာတွေလောက်တော့
သနားဒယ်
တွေ ့ပြီမှတ်လား
မျက်လုံးအစားထိုးကုသတယ်ဆိုတာ
ကျုပ်တို ့မြန်မာပြည်မှာ
ဟိုးးးးးးးးးးးးးးးးးးးးးး
ဘဂံခေတ်ဂဒဲဂ
ရှိဒယ်ဆိုဒါ
နားလည်ဘီလား
naywoonni
April 13, 2011 at 2:27 pm
အံ့ဖွယ် ကိုးပါးဆိုလို့ ထေရ ဝါဒနဲ့ကင်းလွတ်နေတာချည့်ပါလား….။ ခက်ကပြီ