Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

where is လူလိမ်

မောင် ပေMay 28, 20111min35613

” လူလိမ် တွေ အများကြီး ပဲ ။ မတောက် တစ်ခေါက် နဲ ့သွားမလုပ် နဲ ့။ အနှပ်ခံ ရလို ့ကုန်းကောက်စရာ မရှိအောင် ဖြစ်သွားမယ် ” ဆိုတဲ့ စကားမျိုး ကြားဖူးကြမှာပါ ။ မကြားဖူးလည်း အခု ကြားရပြီ မှတ် ။ ခေတ်ကြီးက ငွေရှာရ ခက်တော့ လူတိုင်း က အလွယ်လိုက်ကုန်ကြပြီ လို ့လည်း ပြောကြပါတယ် ။ ဟုတ်ပါတယ် တစ်ကယ် ကို အလွယ်လိုက်နေကြပါတယ် ။ လူလိမ် ဆိုလို ့ ပတ်ဝန်းကျင် က ကိုယ်မသိတဲ့ သူစိမ်းတွေ ကို သွားမကြည့်လိုက်ပါနဲ ့။ ဘယ်သူစိမ်းကမှ လာပြီး မလိမ်ရဲ ပါဘူး ။ လမ်းစားရိတ်လိမ်တောင်းတဲ့ သူတောင်းစားအုပ်စုဝင်တွေ က လွဲ လို ့ပေါ့ ။ ဒီတော့ လူလိမ် ဆိုတာ ဘယ်လို လူမျိုးတွေ ဖြစ်မလည်း ဆိုရင် ခင်ဗျား တို ့နဲ ့နီးနီးကပ်ကပ် ရှိနေတဲ့ အသိုင်းအဝိုင်းထဲ က ပေါ့ ။ ခင်ဗျား တို ့နဲ ့တော့ သိပ် အခင်ကြီး မဟုတ်ဘူး ။ မျက်မှန်းတန်းမိရုံ သိရုံလောက် လူမျိုး တွေ က လူလိမ်တွေ ဖြစ်နိုင်တယ် ။ နောက်ပြီး ခင်ဗျား တို ့နဲ ့စီးပွားရေး အတူလုပ်ကိုင်နေတဲ့ ထဲ က လူတွေ ။ သူတို ့တွေ ဖြစ်နိုင်တယ် ။ လူလိမ် တွေ ဟာ လိမ်ပြီဆိုရင် သူတို ့အတွက် ဘေးကင်းလောက်တဲ့ အနေအထားမျိုး ဖြစ်လောက်မှ လိမ်တတ်ကြပါတယ် ။ ကျွန်တော် ဆိုလိုချင်တာ အနုစားလူလိမ်တွေ ပေါ့နော် ။ သူတို ့လိမ်တာ ကို သိသွားပြီ ဆိုရင်တောင် သူတို ့ကို ရန်မရှာလောက်တဲ့ လူစားမျိုး ။ သူတို ့လိမ်ကွက် က  ရဲ ကို တိုင်မယ်ဆိုရင်တောင် အမှုတွေ ဘာတွေ ဆိုင်ရင် အချိန်အကြာကြီး ကုန်မယ်ဆို ပြီး  အမှု မဖွင့်နိုင်တဲ့ အခြေအနေ မျိုး မှာ လိမ်ကြပါတယ် ။ ဥပမာ ဗျာ ခင်ဗျားတို ့အနေ နဲ ့ပိုက်ဆံ  ၃၊ ၄ သိန်းလောက် ဟာ ခင်ဗျားတို ့အနေ နဲ ့မှု  ့စရာ မဟုတ်ခဲ့ဘူးလို ့လူလိမ် က ယူဆ ရင် သူ လိမ် မှာ ၄ သိန်းလောက်ပေါ့ ။ အဲဒီလို အလိမ်ခံ ရပြီ ဆိုရင်လည်း ခင်ဗျားတို ့အနေ နဲ ့ဒီငွေ လောက် ကတော့ ဆိုပြီး မေ့မေ့လျော ့လျော ့ဖြစ်သွားနိုင်တယ်လေ ။ လူလိမ် က တော့ သူ ့နာမည် ကို လိုက်ရောင်းစားနေမှာပဲ ။ ခင်ဗျား ဆီ က လိမ်ပြီးသွားရင်တော့ ခင်ဗျား ဆီ ကို ဆက်မလာတော့ဘူးပေါ့ ။ ယနေ ့ခေတ်မှာ ကျွန်တော် ပြောသွားတဲ့ လူလိမ် မျိုးတွေ အများကြီး ပါ ။ အဓိက က ကိုယ့် ယုံကြည်မှု ကို လူတိုင်း ကို လက်လွတ်စပယ် မပေးမိဖို ့လိုမယ် ထင်ပါတယ် ။ လူလိမ် ဆိုတာ ယုံကြည်မှု ကို အလွဲသုံးစား လုပ်နေတဲ့ လူတွေ ပဲ မို ့ဘာအလုပ်ပဲ လုပ် လုပ် လွယ်လွယ်ကူကူ မယုံလိုက်ကြပါနဲ ့လို ့ သိသလောက်လေး သတိပေးလိုက်ပါရစေ ။ ကျေးဇူးတင်ပါတယ် ။

13 comments

  • cobra

    May 28, 2011 at 6:22 am

    အကိုအလိမ်ခံလိုက်ရပီနဲ့တူတယ်…။

  • parlayar46

    May 28, 2011 at 6:52 am

    တချို့ကျတော့လဲ လိမ်မယ်လို့တော့ အစကတည်းက ရည်ရွယ်ပြီး ချေး ငှား ရောင်း ဝယ် တာမဟုတ်ဘူး ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် သူတာဝန်ရှိတဲ့ ငွေ-ပစ္စည်း ကို လတ်တလော ပြန်မပေးနိုင်တဲ့အခါ သင့်တော်သလို တောင်းပန်ဖြေရှင်းမယ့်အစား လွယ်လွယ်ပဲ နာမည်ပျက်ခံကြတာ အများကြီးကိုယ်တွေ့ ကြုံဘူးတယ်။ စိတ်ဓာတ်မခိုင်မာသူတွေဟာ အလာယ်တကူ လူလိမ် သူခိုး ဖြစ်သွားတတ်တာပေါ့။

    ဒီနည်းနဲ့ အဆက်ဖြတ်ခဲ့ရတဲ့ မိတ်ဆွေတွေ ဆွေမျိုးတွေ မနည်းလှဘူး။

  • manawphyulay

    May 28, 2011 at 9:52 am

    လူလိမ်က လိမ်တယ်ဆိုရင် လိမ်ခံရတဲ့သူက လူလိမ်ထက် ညံ့လို့ဖြစ်မှာပေါ့နော်။ လိမ်တယ်ဆိုတာလည်း လိမ်ခံလို့ရမယ့်သူကို ရွေးပြီးလိမ်မယ်လို့ထင်တာပဲလေ….

  • MaMa

    May 28, 2011 at 10:43 am

    ပထမအကြိမ် အလိမ်ခံရရင် လိမ်တဲ့လူ အပြစ်။ ဒုတိယအကြိမ် အလိမ်ခံရရင် ခံရတဲ့လူ အပြစ်။ (လောဘထွက်အောင်လုပ်ပြီး လိမ်ကြတာလေ။)

  • အလိ်မ်ခံရသူများက
    (၁) အလွယ်တကူ သနားတတ်သူ
    (2)အလွယ်တကူယုံလွယ်တတ်သူ
    (3)လောဘစိတ်များသူ
    တွေလို့ထင်ပါတယ်.။

    • shweminthar

      May 28, 2011 at 1:00 pm

      ကိုပေါက်စာရင်းထဲ နောက်တစ်ယောက်ထပ်တိုးလိုက်မယ်..
      (၄) လွန်လွန်ကဲကဲ ကြောက်တတ်သူ

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 28, 2011 at 12:55 pm

    အားလုံး မွေးရာပါ လူလိမ်တွေချည်း
    သင့်ရဲ့ သုံးနှစ်အရွယ် ကလေးငယ်ဟာ လိမ်ညာ ပြောဆိုတယ်ဆိုရင် သင့်အတွက် ပျော်စရာလေးပါ။ အသက် ရ နှစ် အရွယ်မှာ လိမ်ညာတာ ဆိုရင်တော့ အကြီးအကျယ်ကို စိုးရိမ်ပေတော့။ ဒါကတော့ လူ့သဘာဝပါပဲတဲ့။ စာအုပ်အသစ် တစ်အုပ်က ပြောတာပါ။ “Born liars မွေးရာပါ လူလိမ်” စာအုပ် ရေးသားသူ အီယန်လက်စလီက ဆိုပါတယ်။ အသက် ၂ နှစ်က ၄ နှစ်အတွင်းမှာ လိမ်တာဆိုရင်တော့ အပြစ်ပေးခံရခြင်းက လွတ်အောင်လို့ လိမ်တာဖြစ်ပါတယ်။ ဒီလိုနဲ့ အသက် ၄ နှစ် အရွယ်မှာတော့ ထူးထူးခြားခြားကို ပြောင်းလဲ လာတော့တယ်။
    အသက် ၃ နှစ်ခွဲနဲ့ ၄ နှစ်ခွဲကြား ကာလမှာတော့ လိမ်ညာ ပြောဆိုတာကို အတော်ကြီး ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်လာတဲ့အပြင် စိတ်ပါလက်ပါကို လိမ်ကြတော့တယ်။ စာအုပ်အရဆိုရရင် လိမ်ညာရတာဟာ အတော့်ကို ခက်ခဲလှတယ်။ ဒီတော့ လိမ်ညာပြောဆိုတဲ့သူဟာ အမှန်တရားကိုလည်း သိမြင်နေသူ ဖြစ်ပြန်တယ်။ တစ်ဖက်လှည့်နဲ့ ညာနေခြင်းသာဖြစ်တယ်။ မှားယွင်းပြန်တယ်။ ဒါပေမဲ့ ကျိုးကြောင်း ညီညွတ်အောင်လို့ ဇာတ်လမ်း ၂ ပုဒ်ကို ချိန်ခွင်လျှာ ညှိနေရတဲ့ သူလေ။ တဖက်သားကို အယုံသွင်း နေရတယ်။ တဖက်သားက ကို်ယ်ပြောနေတဲ့ အရာအပေါ်မှာ ဘယ်လို စဉ်းစားနေသလဲ၊ ခံစားနေသလဲလို့လည်း ထည့်သွင်း စဉ်းစားရပြန်တယ်။
    အသက် ၄ နှစ်အရွယ် ကလေးငယ်လေးက ဒီလို လုပ်ဆောင်နိုင်တယ်ဆိုတာ အလွန် အံ့ဩစရာ ပါပဲ။ ဒီတော့ကာ ၃ နှစ်အရွယ် ကလေးငယ်လေးဟာ တစ်ခုခုကို ပိပိရိရိ လိမ်ညာ ပြောဆို တတ်တယ် ဆိုရင်တော့ စိတ်ဝင်တစားနဲ့ အံ့ဩနိုင်ပါတယ်။ ဒါပေမဲ့လို့ သွားပြီးတော့ ချီးမွမ်းပြောဆိုတာမျိုး မလုပ်လိုက်ပါနဲ့တဲ့။ ဒီစာအုပ်က ဆိုပါတယ်။
    ဒီစွမ်းရည် အသစ်ကို ရွယ်တူ ၄ နှစ်အရွယ် ကလေးတွေကြား ကျင့်သုံးရာမှာတော့ လိမ်ညာတဲ့ အရေအတွက်ဟာ ခြားနားနိုင်ပါတယ်။
    ကျောင်းနေတဲ့ ပထမနှစ်အတွင်းမှာပဲ ဒါဟာ ကျဆင်းလာပါတယ်။ လူမှုရေး အထောက်အပံ့တွေကို ကျောင်းက ရရှိလို့ ဖြစ်ပါတယ်။ လိမ်ညာ ပြောဆိုခြင်းဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရတယ်ဆိုတာကို ကလေးငယ်တွေ သိမြင် နားလည် လာကြပါတယ်။ မကြာမကြာ သိပ်ကို လိမ်ပြောနေပြီ ဆိုရင် တော့ ဆရာဆရာမတွေ၊ သူငယ်ချင်းတွေရဲ့ ယုံကြည်မှု၊ ခင်မင်မှုတွေ ပျောက်ကွယ်သွားပြီး လူကြိုက်နည်းတဲ့သူ ဖြစ်လာတော့တယ် ဆိုတာကို ကလေးငယ်တွေ သိမြင်လာပါတယ်။
    ပင်ကိုယ်စိတ်နဲ့ ဆက်လက်ပြီးတော့ လိမ်ညာခြင်းကို ကလေးအများစုဟာ ဆက်မလုပ်ကြပါဘူး။ ဒါပေမဲ့ အနည်းစုကတော့ ဆက်ပြီးတော့ လိမ်ညာကြပါတယ်။ ကလေးကြီးတွေက အမြဲတမ်းလိုလို လိမ်ညာတဲ့ အခါမှာတော့ စိတ်ကျန်းမာရေး ချို့ယွင်းချက်ကြောင့်၊ ဒါမှမဟုတ်ရင် စိတ်ကျ ဝေဒနာကြောင့် ဖြစ်နိုင်ပါတယ်။ ဆယ်ကျော်သက် အရွယ်တွေရယ် လူကြီးဖြစ်လာတဲ့ အခါမှာလည်း ဆက်လက်ပြီးတော့ လိမ်ညာကြပါတော့တယ်။
    ငယ်စဉ်ကတည်းက ရပ်ကွက်ထဲမှာ၊ မိသားစုအတွင်းမှာ၊ စာသင်ကျောင်းမှာ ခြိမ်းခြောက်မှုများ၊ စိတ်အနှောက်အယှက်ဖြစ်မှုများနဲ့ ငယ်စဉ်ဘဝ ကာလများမှာ စိုးရိမ်စိတ်များစွာနဲ့ ရှင်သန်ကြီးပြင်း လာခဲ့ကြရတဲ့ မြန်မာကလေးငယ်များ ကြီးပြင်းလာတဲ့ အခါမှာ ဘယ်လို လူကြီးတွေ ဖြစ်လာနေသလဲ ဆိုတာကို စစ်တမ်း ကောက်ယူသင့်ကြောင်း အကြံပြု တင်ပြလိုက်ပါတယ်။
    မောက္ခ နိုင်ငံတကာသတင်း

    • kai

      May 28, 2011 at 7:33 pm

      မုသာဝါဒါ- မဟုတ်မမှန်သောစကားကို ပြောဆိုခြင်းမှ၊ ဝေရမဏိသိက္ခာပဒံ- ရှောင် ကြဉ်ရကြောင်း ကောင်းမြတ်သော သိက္ခာပုဒ်ကို၊
      သမာဒိယာမိ- စိတ်၌ မြဲစွာဆောက်တည်ပါ၏။

      လူသားကို အပြစ်ရှိအောင်..အပြစ်ရှိနေတယ်… မသိစိတ်အတွင်းပိုင်းအထိ ခံစားနေရအောင်လုပ်ပြိး.. ငရဲနဲ့ခြောက်..ဘုံနဲ့မြောက်လုပ်တာဟာ.. ဘာသာရေးအာဏာရှင်တွေရဲ့.. လုပ်ထုံးနည်းနာတခုပဲ..
      ကျန်တာဆက်တွေးကြပေတော့..။

      • nature

        May 29, 2011 at 4:58 am

        သူကြီးကိုတော့ လက်မြှောက်ရမလိုဖြစ်နေပြီ၊ ချွတ်လို့မရဘူး( ဘောင်ဘီဝတ်ထားလို့ 🙂 ) ၊ ဗုဒဘာသာအမြင်နဲ့ သူကြီး ကိုဝေဖန်ရရင်တော့ ပညာလွန်ကဲ သဒါနည်း လို့ပဲပြောချင်ပါတော့တယ်၊
        သိပ်တော်ပြီး ဘုရားတရားမှာယုံကြည်မှုနည်းတယ်လို့ဆိုလိုတာပါ၊ နတ်ပြည်လိုတဘဝစာကြီးမားတဲ့ ကံအထောက်အပံ့ရနေလို့ ကံဆိုတာကို ထည့်မတွက်တာ မယုံတာလည်းမဆန်းပါဘူး၊
        မသာတခေါက်ကျောင်း၁ဝခေါက်တဲ့၊ မသာတခေါက်လိုက်ပို့တဲ့သူတွေ ဆင်းရဲဒုက္ခရောက်တဲ့သူတွေ ဟာ ဟာ ငါလည်း တနေ့ဒီလိုသေရမှာပါလား ဆင်ရဲဒုက္ခရောက်ရမှာပါလား လို့ လေးလေးနက်နက်တွေးရင်းနဲ့ တရားရနိုင်ပေမဲ့ ကျောင်း၁ဝခေါက် ရောက်တဲ့သူတွေချမ်းသာသုခရနေတဲ့သူတွေကတော့ ကတော့ တရားရဖို့ပိုခက်ပါတယ်၊ကျွတ်ချိန်မတန်သေးလို့လည်းဖြစ်နိုင်ပါတယ်။
        သူကြီးရဲ့ပညာကိုတော့လေးစားပါတယ်၊ တခုခုဆို အထောက်အထားနဲ့ချက်ခြင်း တက်လာတာပဲ။

  • lulain

    May 28, 2011 at 12:59 pm

    ကျနော်ရှာတာလားလို့လန့်သွားတာဘဲ ဟီဟီး
    ကျနော်လဲလူလိမ်ဘဲလေ နာမည်ကိုပြောတာနော်

  • OQ23

    May 28, 2011 at 2:06 pm

    ဒီလိုပါပဲ တချို့ကတောာ့အလွယ်တကူပဲလေ ပိုက်ဆံရှိတယ်ဆိုတာသိတာနဲ့
    အထင်တွေကြီးပြီး ယုံလွယ်တယ်။ အလိမ်ခံရတယ်ဆိုတာ သူများတကာထက်
    ကိုယ်ကိုယ်တိုင်ညံ့လို့ပါပဲ။ဟိုတနေ့အမေ့သူငယ်ချင်းတယောက်အိမ်သွားလည်
    ပါတယ် သတင်းကစကြားရတော့တာပါပဲ။ သူ့ဆီကနေ အမျိုးတယောက်
    ပိုက်ဆံချေးသွားလို့တဲ့ စပြီးပြောပါလေရော တရက်နှစ်ရက်ဆိုပြီးပိုက်ဆံ
    ငါးသိန်းချေးသွားတာ အခုဆိုတလကြာနေပြီ။ အလည်သွားကာမှ မပျော်ရပဲ
    စိတ်ညစ်ပြီးပြန်လာခဲ့ရပါသည်။
    နောက်ဆိုအတုယူစရာတွေအများကြီးပါပဲ ရန်ကုန်မြို့ကြီးက လူလိမ်ပေါတယ်။

  • ဆူး

    May 28, 2011 at 2:24 pm

    အီးမေးထဲ ရောက်လာတဲ့ ဟာတွေးကို ကွန်မန်းမှာ ဝေမျှ လိုက်ပါတယ်။

    လွန်ခဲ့သည့် တစ်လ၊ နှစ်လ ခန့်လောက်က ဩစတေးလျ တီဗွီ အစီအစဉ် တစ်ခုတွင် ကလေးငယ်များသည် လိမ်ညာတတ်သည့် အကြောင်း သုတေသန ပြုသည့် အစီအစဉ် တစ်ခု ပြသွားသည်ကို ကြည့်လိုက်ရသည်။ ထို အစီအစဉ်တွင် အခန်းငယ် ၅ ခန်းခွဲပြီး၊ ကလေး ၅ ဦးကို တစ်ခန်းစီမှာ ထား၍ သူတို့ မသိ မမြင် နိုင်အောင် လှို့ဝှက် ကင်မရာများ တပ်ထားသည်။ ကလေးငယ် များ၏ အနောက်တွင် အရုပ် တစ်ခုချင်း ချပြီး ကလေးများကို နောက်မှာ ချထားသည့် အရုပ်အား လှည့်မကြည့်ရန် မှာထားသည်။
    ထို့နောက် လူကြီး တစ်ယောက်စီက တစ်ခန်းစီမှာ ကလေးငယ်များကို နောက်မှ ချထားသည့် အရုပ်၏ အော်သံကို ဖွင့်ပြသည်။ ဥပမာ ဝုတ်ဝုတ် ဟု အော်လျှင်၊ ဒါခွေးရုပ် ဖြစ်သည်၊ ညောင်ဟု အော်လျှင် ဒါကြောင်ရုပ် ဖြစ်သည်ဟု ကလေးများက ဖြေရသည်။ အဖြေမှန်လျှင် သူတို့ကို ထိုအရုပ် ပေးလိုက်သည်။ သို့ဖြင့် တစ်ချိန်တွင် ဂေါ်ဇီလာရုပ် ချထားရာ ဂေါ်ဇီလာ မြည်သံကို ကလေးများက နားယဉ် ကြားဖူးခြင်း မရှိကြချေ။ ထိုအခါ ကလေးများသည် တွေဝေ နေကြစဉ် သူတို့အား မေးနေသည့် လူကြီးက ကဲ မင်းတို့ စဉ်းစားထားနော်၊ နောက်လှည့် မကြည့်ရဖူးနော်၊ မျက်လုံးလဲ သေချာ ပိတ်ထား၊ ၁၅ မိနစ် စဉ်းစားချိန် ပေးမယ်၊ ငါ အပြင်သွားပြီး ၁၅ မိနစ်နေရင် ပြန်လာမယ် လို့ မှာပြီး ကလေးများကို တစ်ဦးထဲ အခန်း တစ်ခုစီမှာ ထားခဲ့ပြီး အပြင် ထွက်သွားသည်။ လူကြီး ထွက်သွားပြီး ကလေး တစ်ဦးချင်း အခန်း တစ်ခန်းစီမှာ ရှိနေကြသည့် အခါတွင် သူတို့သည် မကြာခင်မှာပင် နောက်သို့ ခိုး၍ လှည့်ကြည့်ပြီး အန္ဒြေိ မပျက် မျက်လုံးကို လက်ကာ၍ အရုပ်ထားရာ ဖက်ကို ကျောခိုင်း နေကြသည်။ လူကြီးက ပြန်ဝင်လာသည့် အခါတွင် ကလေးများကို အဖြေရပြီလား မေးလျှင် ကလေးများက အဖြေမှန် ဂေါ်ဇီလာ ရုပ်ဖြစ်သည်ဟု ဖြေလေသည်။ ထိုအခါ လူကြီးက မင်းတို့ နောက်လှည့် ကြည့်လား မေးလျှင် ဟင့်အင်း- မျက်လုံးမှာ လက်ကာ ထားတာ ညောင်းတာတောင်မှ လက်မချပါဖူးဟု ပိပိရိရိ ညာလေသည်။ ကလေး ၅ ယောက်တွင် တစ်ယောက်သာ ခိုးကြည့် မိပါသည်ဟု ဝန်ခံသည်။ ထိုအစီအစဉ်ကို ကြည့်ခြင်းဖြင့် ကလေးများမှာ ငယ်စဉ်ကပင် လိမ်ညာ တတ်သည်ကို တွေ့ရသည်။
    ထိုသို့ လိမ်ညာတတ်ခြင်းမှာ ကလေးများသည် သူတို့၏ အနီးကပ်ဆုံး ရှိသည့် လူကြီး မိဘများထံမှ စတင် တတ်မြောက်ခဲ့ခြင်း ဖြစ်သည်ကိုမူ လူကြီး မိဘတို့က သတိ မပြုမိဘဲ ရှိတတ်ပြီး၊ ကလေးများ လိမ်တတ်ခြင်း ကိုပင် အပြစ် ဆိုချင် ကြသေးသည်။ ကလေးများမှာ စကား စတင်ပြောတတ်သည့် အရွယ်မှ စလို့ပင် သူတို့၏ ဦးဏှောက်နှင့် မှတ်ဉာဏ် တို့သည် အလွန် လန်းဆန်း ဖွံ့ဖြိုးလာသည် ဖြစ်ပြီး၊ ကလေးများသည် အရာရာကို အနီးစပ်ဆုံး သူများထံမှ ဦးစွာ သင်ယူ ရရှိလာလေသည်။ ထိုအချိန်ကပင် သူတို့၏ ကိုယ်ပိုင်ဉာဏ် နှင့် ရှိသည့် ဗဟုသုတ တို့ဖြင့် စဉ်းစား တွေးတော တတ်လာပြီလည်း ဖြစ်သည်။ ကလေးငယ်များအား လိမ်ညာ တတ်အောင် သင်ပေးခြင်း နှင့် ပတ်သက်၍ မကြာသေးမှီက ကြားသိရသည့် အဖြစ်အပျက် တစ်ခု ပြောရသော် – တရက်တွင် မိမိ၏ မိတ်ဆွေ လူကြီး တစ်ဦးသည် သူ့၏ မိတ်ဆွေ ကလေးငယ်များထံ အလည် အပတ်သွားရာ ကလေးများက – ဘဘကြီး ဘယ်က လာသလဲဟု မေးရာတွင် သူက ဘဘကြီးက နတ်ပြည်က လာတယ်ဟု ပြန်ဖြေလေသည်။ ထိုအခါ ကလေးငယ်များမှာ နတ်ပြည် ဆိုသည်ကို အလွယ်တကူ လက်ခံလိုက်သည် မဟုတ်ပေ။ သူ့အား နတ်ပြည် ဆိုသည်မှာ ဘယ်သို့ ဘယ်ပုံ၊ ဘယ်လိုသွား၊ ဘယ်လို လာရသည် စသည်ဖြင့် အသေးစိတ် လိုက်မေးတော့သည်။ သူကလဲ ပါးစပ်ထဲ ရှိရာ လျှောက်ပြော လိုက်တော့သည်။ ထိုအခါ ကလေးငယ်များမှာ ထိုလူကြီး ပြောခဲ့သည့် အကြောင်း အရာများကို သူတို့၏ ဦးဏှောက် မှတ်ဉာဏ်ထဲတွင် စွဲထည့် ထားသည် ဖြစ်သည်။ တစ်ချိန်တွင် ထိုလူကြီး ပြောခဲ့သည့် အကြောင်းမှာ မဟုတ်သည်ကို သူတို့ တွေ့မြင်သည့် အခါ စကားကို မမှန်မကန် ပြောချင်ရာ ပြောလို့ရတယ်ဟု သူတို့၏ အသိတွင် ဝင်သွားတော့သည်။ အလားတူပင် ကလေးငယ်များအား မိဘများက သူရဲဖြင့် ခြောက်ခြင်း၊ မဟုတ်က ဟုတ်ကပြောပြီး နှစ်သိမ့်ခြင်း၊ ကလေးများ၏ သင်ယူနေသည့် မှတ်ဉာဏ်ကို အထင်သေးပြီး စကားကို အလွယ်တကူ ပေါ့ပေါ့ တန်တန် မဟုတ်တာ ပြောလိုက် ခြင်းတို့သည် ကလေးများအား လိမ်ညာခြင်းကို စသင်ပေးလိုက် သလိုဖြစ်နေတော့သည်။
    မိမိ၏ မိတ်ဆွေ တစ်ဦးတွင် ရနှစ် အရွယ် သားလေး တစ်ယောက်ရှိသည်။ ထိုကလေးသည် အလွန်မှ လိမ်ညာတတ်သည်။ တစ်ခါက မိမိမှာ သူတို့၏ အိမ်သို့ တပတ်ခန့် သွားရောက် နေထိုင်ဖူးစဉ် သူ့ဖခင်မှာ ကလေးက မုန့်စားချင်၍ တောင်းသည့် အခါမှာ မုန့်မရှိတော့ဖူးဟု ညာပြောတာမျိုး၊ ကလေးက အကြောင်း တစ်ခုခု သိလိုလျှင် ပေါ့ပေါ့တန်တန် ပေါက်တတ်ကရ လျှောက်ပြောတာမျိုး လုပ်လေ့ရှိသည်ကို တွေ့ရသည်။ ကလေး ဆိုသည်မှာ သူတို့ သိချင် လိုချင်သည့် အရာကို အထက်က ပြောခဲ့သည့် တီဗွီ အစီအစဉ်မှာ ပါသလို ကြံဖန် လုပ်တတ်သည် ဖြစ်သည်။ မုန့်မရှိဖူး ပြောသော်လည်း သူသည် မုန့်ထားသည့် နေရာကို ချက်ခြင်း သွားမရှာသည့်တိုင် နောင်တစ်ချိန်တွင် ထိုမုန့်ရှိသည့် နေရာမှ မုန့်ရလာလျှင် ယခင်က ဖခင်သည် သူ့အား ညာခဲ့သည်ကို သူချက်ခြင်း သိနိုင်သည်။ ထိုအခါ လိမ်ညာခြင်းသည် အပြစ်မရှိသည့် လုပ်ရပ် တစ်ခုလို သူအနေဖြင့် သတ်မှတ်သွားမည် ဖြစ်တော့သည်။
    မိမိနှင့် သိကျွမ်းသည့် အခြားမိတ်ဆွေ တစ်ဦးမှာမူ သူ့၏ သားကို ကလေးပင် ဖြစ်သော်လည်း လေးလေး စားစား ဆက်ဆံသည်ကို တွေ့ရသည်။ ကလေးက မုန့်စားချင်လို့ တောင်းလျှင် ဒီအချိန်သည် မုန့်စားရသည့် အချိန်မဟုတ်ကြောင်း၊ အကျိုး အပြစ်တို့ကို သေသေချာချာ ခွဲခြား ရှင်းပြတတ်သည်။ ထိုအခါ ထိုကလေးသည် လိမ်ညာခြင်း အကျင့်မရှိတော့ဘဲ အမှန်ကိုသာ ပြောပြီး၊ ထို အမှန်တရားကို လက်ခံသင့်သည့် အကြောင်းအား စူးစမ်းလိုစိတ် ဖြစ်လေတော့သည်။ အလားတူ ကလေးက အကြောင်း တစ်ခုခုကို သိလိုသဖြင့် မေးမြန်းလျှင်လည်း၊ ပေါ့ပေါ့တန်တန် ပေါက်တတ်ကရ လျှောက်မပြောဘဲ ကလေးနားလည်အောင် သေသေချာချာ ရည်ရည်လည်လည် စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည်။ ထိုအခါ ကလေးသည် သူသိချင်သည့် အရာကို သေသေချာချာ သိလိုက်ရပြီး နောင်တွင် သူ့အနေဖြင့် သူသိထားသည့် အရာမှာ မှန်ကန်သည်ကို တွေ့ရလျှင် သူ့၏ ဖခင်ကို လေးစားသည့် စိတ်ဝင်သွားမည် ဖြစ်သည်။
    ဩစတေးလျတွင်မူ ကလေးများအား ကျောင်းမထား မနေရ ဖြစ်ပြီး၊ ကျောင်းပညာရေး အဆင့် အတန်း မှာလည်း မြင့်မားသည့် အတွက်၊ လူကြီး မိဘ အုပ်ထိန်း သူများက ချို့ယွင်းချက် ရှိသည့်တိုင် ကလေးများမှာ ကျောင်းသို့ ရောက်ကြလျှင် လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစေရန် ပြုပြင် နေထိုင် လာတတ်ရန် အခွင့် အရေး ရှိကြသည်။ မြန်မာနိုင်ငံတွင်မူ ပညာရေး အဆင့်အတန်းမှာ အလွန် နိမ့်ပါးလျှက် ရှိရာ၊ တဖက်မှာလည်း ကလေးများအားလုံး ပညာသင်ရခြင်း မရှိကြသည့် အတွက် လူကြီး မိဘ အုပ်ထိန်းသူ များမှာ ကလေးများ လူ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားစေရေး အတွက် အလွန် အရေးကြီး လှတော့သည်။ မကြာခင်က မိမိရေးခဲ့သည့် အချဉ်ဖမ်းသည့် အတတ် တွင် လူ့ယဉ်ကျေးမှု အဆင့်အတန်းသည် လူတို့၏ ဂုဏ်ကို ဖော်ဆောင် နေကြောင်း ဖော်ပြခဲ့သည်။ မိမိတို့ လူမျိုးများတွင် အများအားဖြင့် လိမ်ညာမှုကို ယဉ်ပါးစွာ ပြုလုပ်နေကြခြင်းဖြင့် လူ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျနေပြီး၊ လူ့ဂုဏ်သိက္ခာ ကျဆင်းနေခြင်း ဖြစ်သည်ကို ဆင်ခြင်ကြပြီး၊ နောင်မျိုးဆက်များတွင် ထိုသို့ မဖြစ်ရလေအောင် ပြုပြင် ထိန်းသိမ်း လိုကြသည် ဆိုပါက၊ လူကြီး မိဘများတို့သည် သူတို့၏ ကလေးငယ်များအား လိမ်ညာခြင်း အတတ်ကို မသင်ပေးဖြစ်အောင် စတင် ဆောင်ရွက်သင့်မည်

    http://www.aung.info/?p=1801

  • windtalker

    May 29, 2011 at 5:18 am

    အလိမ် မခံ ရဖူးသူများ အနေ ဖြင့် အလိမ် မခံ ရစေရန် အလို ့ငှါ ရည်ရွယ် ရေးထားသော ပို ့စ် ဖြစ်ပါသည် ။ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် စီးပွားရှာနေသူ မှန်သမျှ လောဘ အနည်း အများ ပဲ ကွာမည် ထင်ပါသည် ။

Leave a Reply