Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူကြီးမလိမ္မာ တော.ရွာပျက်တာပေါ.

ဒီလိုခေါင်းစဉ်တပ်လိုက်လို. MG ရွာကသူကြီး စိတ်ဆိုးပြီး ပွိုင်.လေးတွေပြန်ယူမှာကလည်း ကြောက်ရသေးတယ်ဗျ ဒါကတော.ထုံးစံပါပဲ သူကြီးတိုင်းကိုတော.

ကြောက်နေရတာပါပဲ မြန်မာနိုင်ငံမှာလူဖြစ်နေလို.လားမသိဘူး လူကြီး သူကြီးဆိုရင် ကြောက်စရာအကောင်လို.ပဲ စိတ်ထဲစွဲနေတော.တာ  Intro တွေများနေပြီ

ပြောချင်တဲ. အရာကိုမရောက်တော.ဘူး ဆိုပြီးလည်း စိတ်မဆိုးကြပါနဲ.ဗျာ နော် ကျွန်တော်ကကိုက ကြောက်တတ်လို.ဖြစ်မှာပါ

တစ်နေ.က ကျွန်တော်အလုပ်ခွင်.ယူတာနဲ. မြောက်ဥက္ကလာက အစ်ကိုလိုခင်တဲ. သူငယ်ချင်းတစ်ယောက်စီအလည်သွားတာပေါ. ရောက်သွားတော. ကိုယ်ကသာ

အားလို.သူ.ဆီသွားလည်တာဗျ သူကကျတော.အလုပ်တွေဘာတွေလုပ်နေတာ သူ.အလုပ်က ကိုယ်ပိုင်စီးပွားရေးဗျစိတ်ချမ်းသာတယ် ကိုယ်.ထက်တော.အများကြီး

သာတယ်ဘာစိတ်ဖိစီး မှုမှမရှိဘူး စိတ်ချမ်းသာတယ် အိပ်ရေးဝဝအိပ်ရတယ်

သူစီးပွားရေးက အာလူးကြော်တို. တို.ဟူးကြော်တို. အိမ်မှာကြော်ပြီး ဆိုင်တွေလိုက်ဖြန်.တာ တနည်းအားဖြင်.တော. မာကက်တင်း ပေါ.ဗျာ

ဒါနဲ. မနက်ဘက် အထုပ်တွေထုပ်လို.ပြီးတာနဲ. နေ.လည်ဘက်ကျတော. ဖောက်သည်တွေဆီ လိုက်ပို.မယ်လို.ပြောတော.

ယောကျင်္ားသားအဖော်လည်း မရှိပဲအိမ်မှာတစ်ယောက်ထဲနေရစ်ရမှာ

ပျင်းတာနဲ. သူနဲ.လိုက်သွားတာ လိုက်ဆိုလည်း သူတို.က ကားအပြတ်ငှားပြီး လိုက်ပို.တာဆိုတော. ဇိမ်ကျပါတယ်လေ မပင်ပမ်းပါဘူးဆိုပြိးလိုက်သွားတာ

ဈေးကွက်အတွေ.ကြုံတော.ရတယ်ဗျ ဘယ်အလုပ်ပဲဖြစ်ဖြစ် သူ.ဟာနဲ.သူတော. ခက်ခဲတာပါလားဆိုတာလည်းတွေးမိတယ်

ကြိုပြောရအုံးမယ် အခုအစ်ကိုကြီးက အရင်က မြို.ထဲကနံမည်ကြီး ရွှေဆိုင်တစ်ဆိုင်မှာ ကားမောင်းအလုပ်လုပ်တာဗျ မိန်းမရမှ သူများအလုပ်မလုပ်ချင်လို.ဆိုပြီး

ထွက်သွားတာ အခုကျတော.လည်း ကိုယ်ပိုင်စီးပွားနဲ.ပေါ.

ဒီလိုနဲ. လှည်းတန်းဘက်က ဆိုင်ကိုသွားမယ်ဆိုပြီး ကားပေါ်မှာစကားတပြောပြောနဲ.ပေါ.ဗျာ ဒီလိုနဲ. လှည်းတန်းမရောက်ခင် မီးပွိုင်.တစ်ခုရောက်တော. ပွိုင်.ကမိရော

သူကလည်း အိမ်ကမိန်းမနဲ. ကလေးကိုပစ်ထားခဲ.ရတော. ပွိုင်.ကို မြန်မြန်စိမ်းစေချင်တာပေါ. ပွိုင်.ကလည်းတော်တော်ကိုကြာလာတော. သူကငြီးတာဗျ

ကြာလိုက်တာကွာ ဒီပွိုင်.ကလည်း အရင်ကားမောင်းတုန်းကဆိုရင်တော.ဒီပွိုင်.မှာ ဒီလိုမစောင်.ရဘူးတဲ. ဒါနဲ.ကျွန်တော်လည်း စဉ်းစားတာပေါ.

ဒီလူကားမောင်းတာ ဒီပွို.င်မှာ တစ်ခါမှ ပွိုင်.မစောင်.ရဖူးဘူးဆိုတော. မဟုတ်သေးပါဘူး ဆိုပြီး စိတ်ထဲကလည်း ဘာ.လို.ပါလိမ်.ဆိုပြီး တွေးနေတာပေါ.

သူတို.ပန်းထိမ် စက်ရုံက အဲဒီပွိုင်.နားမှာဗျ နေ.တိုင်းဖြတ်နေရတာတောင်. ဘာ.လို.မစောင်.ရတာလည်းဆိုတာ တွေးလို.မရတာနဲ. မေးကြည်.တာပေါ.

အစ်ကိုကြီး ဒီပွိုင်.မှာ အရင်ကတစ်ခါမှ မစောင်.ရဘူးဆိုတာတကယ်လားဗျ ဘာ.လို.လည်းဆိုတော. ငါ.ညီရ ဒီပွိုင်.ကအစ်ကိုတို. သူဌေးကားလာရင်

အမြဲတောက်လျောက် စိမ်းပေးတာဟတဲ. ဒါနဲ.ကျွန်တော်လည်း အံ.ဩသွားတာပေါ. ဘာ.လို.လည်းဗျ အစ်ကိုတို.သူဌေးက အကောင်လားဆိုတော. မဟုတ်ပါဘူးကွာ

လူကြီးတွေနဲ.ခင်တာပါ ဒီပွိုင်.က ချက်တွေကိုပိုက်ဆံ ပေးထားလိုက်တော.အေးဆေးပဲလေကွာတဲ. အော်ဒီလိုလားဆိုပြီး ကျွန်တော်လည်းသဘောပေါက်တော.တယ်

ဒါ.မို. အစ်ကိုကြီးက အရင်က ကားမောင်းတုန်းကဆိုရင်တော.ကွာလို. ကြိမ်းတာပါလားဆိုတာ သိရပါတော.သည်။ အဲဒီစက်ရုံနဲ.သူဌေးနံမည်ကိုတော. မပြောတော.

ပါဘူးဗျာ သိရင်လည်းသိကြမှာပါ သူတို.က မြို.ထဲမှာ မောင်နှမတစ်စုု နံမည်ခပ်ဆင်ဆင်တွေနဲ. ရွှေဆိုင်တွေဖွင်.ထားတာဗျ တော်တော်ချမ်းသာတယ်

သူဌေးကြီးဆိုရင် သူ.အိမ်ကို ရွာဘက်ကကောင်မလေးတွေကို အိမ်ပေါ်ခန်. ငွေကိုင်ထားတာဆိုပဲ ပြီးမှ ပါကင်ဖောက်တာတဲ. အသက်ကတော. 76 လောက်ရှိပြီ

တော်တော် တဏှာကြီးတယ်ဆိုပဲ  လူမျိုးကတော. တရုတ်လူမျိုးဗျ ရွာဘက်က မိန်းကလေးတွေဆိုတော.လည်း ရွာပိုက်ဆံပို.နိုင်ပြီးရောဆိုပြီး

လိုက်လျောတာလို.ပြောတယ် ဘယ်မှလည်းမသွားတတ်မလာတတ် အလုပ်ထုတ်မှစိုးတော.လည်း ဒီတိုင်းပဲနေရတာတဲ.

တွေးမိတာပေါ.ဗျာ အင်းတရုတ်တွေလည်း တော်တော်ကိုကြောက်စရာကောင်းနေပြီပါလားလို. ဂျပန်တွေကမှ နိုင်ငံကို အာဏာပိုင်လို. တစ်ချိန်တုန်းကလုပ်ရဲတာ

ဒီတရုတ်တွေကကျတော. ဂျပန်ထက်ဆိုးတယ်ဗျာ နိုင်ငံကို လုပ်ချင်သလိုလုပ်ရုံမကဘူး မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ.အစိုးရကိုတောင်

လုပ်ချင်သလိုလုပ်လို.ရတယ်ဆိုတော. တနည်းအားဖြင်.ဂျပန်ထက်ဆရာကျတယ်ဗျာ ဒါကလည်း အစိုးရကတောင် တရုတ်ကိုဖအေလိုကြောက်နေမှတော.

ငယ်သားမော်တော်ပီကယ်လေးတွေကလည်း ပိုက်ဆံရပြီးရော ဆိုပြီးလုပ်တော.တာပေါ.

အင်းအဲလို ပိုက်ဆံပေးတာနဲ. လွယ်လွယ်လုပ်ချင်သလို လုပ်လို.ရတဲ.

နေရာတွေမြန်မာ နိုင်ငံမှာ ဘယ်လောက်တောင်များနေပြီလဲမသိပါဘူး စောစောကမှ ရွာသာတစ်ယောက်တင်ထားတဲ.အထဲမှာ ဖတ်လိုက်ရပါသေးတယ်

သတင်းစာထဲပါချင်ရင်  ပိုက်ဆံပိုပေးရတယ်ဆိုတာ ရွာပြန်လို. ရထားလက်မှတ် စီလည်း ပိုက်ဆံက အမြဲပိုပေးရ ဒီမှာလူဖြစ်ရတာလည်း အကုန်လုံးကို

သူတို.ပဲပေးနေရတာပါလားဆိုပြီးလည်းတွေးမိပါရဲ. ဟုတ်တယ်လေ ပြည်သူတွေရသင်.တဲ. အခွင်.အရေးတွေလည်း သူတို.ပဲ ရကြတာ

တစ်ခါက ဂျီတော.မှာ ဖတ်လိုက်ရတဲ. သရော်စာလေးကိုတောင် ပြန်သတိရမိပါရဲ.

သူငယ်ချင်းတစ်ယောက်တင်ထားတဲ. စာသားလေးကဒီလိုဗျ

( အရှင်ဘုးရား တပည်.တော် နောင်ဘဝများ လူပြန်ဖြစ်ခဲ.ရင်

အင်္ဂလန်မှာဆို ဘောလုံးသမားဖြစ်ရပါလို၏

ကိုးရီးယားမှာဆို မင်းသာဖြစ်ရပါလို၏

မြန်မာနိုင်ငံမှာဆို အရာရှိ ဖြစ်ရပါလို၏) တဲ.သူဆုတောင်းတာလည်း ဟုတ်တယ်ဗျ ဒီကောင်တွေပဲ အခွင်.အရေးတွေ ရနေတာဆိုတော.လည်း မှန်တယ်လို.

ပြောလို.ရတယ်နော် လူပဲဗျာ ကိုယ်ရသင်.တဲ.အခွင်.အရေးလေးတွေတော. လိုချင်ကြတာပေါ.

ဒါကလည်း ကိုယ်တွေ.ကြုံခဲ.တာလေးနဲ. ရေးတင်တာပါ နိုင်ငံရေး နားလည်လို.တော.မဟုတ်ပါဘူး ဒါပေမဲ.တရုတ်ကို အဖေလိုကြောက်နေတာကိုတော.

ကျွန်တော်ရွာမှာနေကတည်းက သိပါတယ် ဒါကတော. မြန်မာတစ်နိုင်ငံလုံး သိတာပါပဲ

ကာတွန်းလေးကတော. မိုးမခဆိုဒ်ကနေ သဘောကျလို. ကူးယူလာတာပါ

“ပို့ကုန်” (ကာတွန်း စောငို – မိုးမခဝက်ဘ်ဆိုက်)

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေဗျာ

ချမ်းသာချင်ရင်တော. နိုင်ငံခြားလစ်ကြဗျ ဒီမှာနေလို.ကတော. မရဘူး ဟဲဟဲ

 

 

 

14 comments

  • ရွှေဘိုသား

    July 4, 2011 at 1:00 pm

    ပို.စ်ထဲမှာ ပါသော (ချက်)ဆိုသောစကားလုံးသည် မော်တော်ပီကယ် များကိုကျနော်တို.နယ်ဘက်ကခေါ်သော အသုံးနှုန်းဖြစ်ပါသည်။
    (ချက်)ဆိုတာ လမ်းမှာရှိတဲ. ကမုမမောက် ခဲတုံး များဖြစ်ပါသည်။
    ္က္က္က္ကဤအရာများရှိပါက လမ်းသွားရသည်မှာ ခက်ခဲတတ်ပါသည်။
    ထို.အတူ မော်တော်ပီကယ်များရှိလျှင်လည်း သွားရလာရခက်ခဲသောကြောင်. ဖြစ်ပါသည်

    သိပြီးသူများလည်း ရှိပါလိမ်.မည်

  • pooch

    July 4, 2011 at 1:51 pm

    အခုတော့ ပျက်ရုံတင် မဟုတ်ပါဘူး ရွှေဘိုသားရယ် ပြောင်သလင်းခါနေပါပြီ….
    အခုခေတ်က ငွေများငွေနိုင်… ဆိုတော့ …. ငွေမျက်နှာပဲ ကြည့်ကြတော့တယ်….
    အမျိုးဘာသာ သာသနာဆိုတာ ကိုလည်း စောင့်ရှောက်ရကောင်းမှန်း မသိကြတော့ဘူး …
    ငွေရှိသူများ ထင်တိုင်း ကျဲနေ ကြတာ မမြင်ချင် မကြားချင်မှ အဆုံး ….

  • ဆူး

    July 4, 2011 at 2:12 pm

    လူတွင်ပါလို့ နွားကျားကိုက်တာပါ..
    လက်ခုပ် ဆိုတာ နှစ်ဖက် တီးမှ မြည်တာပါ..
    ပလိပ်တွေ ပို်က်ဆံ မယူရဲအောင် တင်းကျပ်ရင် မယူတော့ဘူး။ ပေးသူ နဲ့ ယူသူ အဆင်ပြေနေလို့ပါပဲ။
    မြန်မာ အမျိုးသမီးတွေ အိမ်ဖော် လုပ်ပြီး ငွေကိုင်ရတာ ကျေနပ်နေလို့လည်း ဖြစ်မယ်။ ကောင်းကောင်း ထားတဲ့ အမျိုးသမီးကြီးပဲ ရှိတဲ့ အိမ်မှာတောင် မနေချင်လို့ ပြန်တဲ့သူ ပြန်ကြတာပဲ။ ဒီခေတ်ကြီးထဲမှာ အိမ်တံခါး ပိတ်ရိုက်တာတွေ မရှိလောက်တော့ဘူး ထင်ပါတယ်။ အားလုံးက ဗဟုသုတ အနည်းနဲ့ အများတော့ ရှိနေကြပါပြီ။

  • king

    July 4, 2011 at 3:02 pm

    အွန်
    အဲလိုကြီးပေါ့ …. 😛

  • naywoonni

    July 4, 2011 at 3:16 pm

    အားလုံးက ဗဟုသုတ အနည်းနဲ့ အများတော့ ရှိနေကြပါပြီ။)……… ဟုတ်လား?
    အဲဒိ ဗဟုသုတရှိနေတဲ့ သူတွေပဲခံနေရတာ …။ ရင်နာတယ် မှောက်အိပ်လို့…။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်က ဆရာကြီး တစ်ယောက်ပြောဖူးတာ ပြန်အောင့်မေ့တယ်..။ ဘာတဲ့
    ” ကောင်းပြီဆိုရင်… ခံရပြီသာမှတ်” တဲ့……….

  • MaMa

    July 5, 2011 at 12:23 am

    ဒါလည်း ခေတ်သစ်ဆုတောင်းပဲ။ တောင်းလည်း တောင်းတတ်ပါပေ့။ ဒါပေမယ့် နိုင်ငံ မစုံသေးဘူး။ အမေရိကန်မှာဆိုရင် ဂေဇက်သူကြီး ဖြစ်ရပါလို၏ လို့ ထပ်ဖြည့်ရမယ် ထင်တယ်။
    😀

  • bigcat

    July 5, 2011 at 12:53 am

    ဆင်းရဲချမ်းသာ ကွာဟမှုကြီးသွားရင် ဒါမျိုးတွေ ဖြစ်တယ်။ တရုတ်ကြီးတင်မက ဗမာကြီး၊ ကုလားကြီး၊ အဖြူကြီး၊ ဘာကြီးညာကြီး အကုန်လုပ်ချင်ရာ လုပ်တော့တာပဲ။ ဥပဒေကို ငွေနဲ့ပေါက်ဝယ်လိုက်ပြီလေ…. လူမျိုးကွဲတော့ ပိုထင်ရှား သွားတာပေါ့နော်။ သဂျီးစကားနဲ့ပြောရရင် သက်ဆိုင်ရာ လွှတ်တော်အမတ်ထံ တိုင်ကြားစာပို့လိုက်ပါနော်၊ သူတို့ခင်မျာ ဘယ်သူမှ အဖက်မလုပ်လို့ ပျင်းနေရှာတယ်။ တရုတ်ကြီးက လဖက်ရည်ခေါ်တိုက်ချင်တို်က်မှာပေါ့… 😀

    • pan pan

      July 5, 2011 at 2:57 am

      ဆင်းရဲချမ်းသာ ကွာဟမှုအရမ်းကြီးနေပြီ ဦးကြောင်ကြီးရေ…
      ချမ်းသာတဲ့လူတွေက ငွေကိုရေလိုသုံးပြီး အနိုင်ကျင့်နိုင်တယ်
      ဆင်းရဲတဲ့လူတွေက အရမ်းကိုဆင်းရဲလွန်းလို့ ချမ်းသာတဲ့လူတွေပေးတဲ့ငွေ(သူတို့တွေအနေနဲ့ မဖြစ်စလောက်ငွေ)နဲ့ အနိုင်ကျင့်ခံတယ်
      ကျေနပ်လည်းခံ မကျေနပ်လည်းခံပဲ
      လွှတ်တော်အမတ်ကို တရုတ်ကြီးက လဖက်ရည်ခေါ်တိုက်မှာမဟုတ်ဘူး
      မုန့်ကို ပုံးလိုက်(မုန့်ပုံး) ကျွေးမှာ 😀

  • intro

    July 5, 2011 at 2:47 am

    မြန်မာပြည်မှာက ဒီဘက်ခေတ်မှာ ငွေရှိရင် အရာအားလုံးမဟုတ်သည့်တိုင်အောင် အတော်များများတော့ လုပ်လို့ရတယ်…

  • Snowy

    July 5, 2011 at 3:12 am

    အောက်ကစာလေးကိုနည်းနည်း ထက်ဖြည့်လိုက်မယ်နော် … 😛 😛

    “အရှင်ဘုးရား တပည်.တော် နောင်ဘဝများ လူပြန်ဖြစ်ခဲ.ရင်
    အင်္ဂလန်မှာ ဘောလုံးသမား
    ကိုးရီးယားမှာ မင်းသား
    ဂျပန်မှာ မာဖီးယား
    မြန်မာနိုင်ငံမှာ လူကြီးသား ဖြစ်ရပါလို၏”

  • forever

    July 5, 2011 at 3:36 am

    ကိုရွှေဘိုသားကတရုတ်မုန်းပုံရတယ်
    ကိုဆီကဘာမှမထွက်ခင်ခပ်ပေါပေါတရုတ်မစ္စည်းသုံးနေရတာ
    တော်သေးတယ်တခြားမကြည်.နဲ. တရုပ်မီးစက်သာမရရင်
    အင်္ဂလန်တိုဂျာမဏီမီးစက်တို.ကျွန်တော်တို.နိင်ငံကလူတွေသုံးနိင်မလား
    အလဲဗင်းအယ်ဒီတာချုပ်ပြောတဲ.စကားကိုယူသုံးလိုက်မယ်
    တခါးတွေကိုအားရပါးရဖွင်.လိုက်ပါ လေပြေလေညှင်းနဲ.အတူ
    ပိုးကောင်တွေလဲဝင်လာလိမ်.မယ်….ကောင်းတာကိုယူ
    မကောင်းတာကိုဖယ်ရမှာ………

  • ရွှေဘိုသား

    July 5, 2011 at 11:14 am

    မှန်တာပေါ. ကောင်းတာလေးတွေကိုယ်ကလည်း ယူသုံး
    ဒီထက်ကောင်းတာလေးတွေလည်း သူတို.က ကိုယ်မပေးလည်း ပေးတဲ.လူကပေးပေါ.ဗျာ
    အပြန်အလှန်ပေါ.နော်

  • နာမယ်ပေးစရာရှားလို့ကွာ။
    မင်းတို့ကသူကြီးလောက်ခလုတ်တိုက်နေတာ။
    ရွှေဘိုသားရေ လူမျိုးစွဲနဲ့ကြည့်ရင် ပကတိအမြင်တွေနဲ့ဝေးသွားတတ်ပါတယ်။

Leave a Reply