Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မတူရင်မတုနဲ့ Copy

ငယ်ငယ်တုံးက ဘာသာပြန်ဆောင်းပါးတပုဒ်ထဲမှာ ဖတ်ဖူးတာ အင်္ဂလန်နိုင်ငံ အောက်စဖို့ တက္ကသိုလ် ရှေ့နေဘွဲ့ရ ကုလားတဦး ရထားနဲ့ ခရီုးသွားတယ်။ ကိုလိုနီခေတ်ဆိုတော့ အိန္ဒိယမှာ တတိယတန်းကို သာမာန်အိန္ဒိယပြည်သူတွေ၊ ဒုတိယတန်းကို မျက်နှာဖြူလူမျိုးတွေ၊ ပထမတန်းကို မျက်နှာဖြူအရာရှိကြီးတွေဆိုပြီး သတ်မှတ်ထားတယ်။ အနောက်တိုင်း ဝတ်စုံဝတ်ပြီး မာန်တက်နေတဲ့ ကုလားက သူ့မိန်းမကို အထုတ်အပိုးတွေနဲ့ တတိယတန်း လက်မှတ်ဖြတ်ပေးပြီး ကိုယ်တိုင်ကတော့ ဒုတိယတန်းကစီးတယ်။ ရထားထွက်ထွက်ခြင်းတော့ စတိုင်မလိုင်နဲ့ပေါ့။ နောက်တော့ လက်မှတ်စစ် မျက်နှာဖြူဘိုကလည်းတွေ့ရော သူ့ကို တွဲပေါ်ကနေ မောင်းချပစ်လိုက်တယ်။

လွတ်လပ်ရေးရကာစ မြန်မာနိုင်ငံမှာ ကုလားဆရာဝန်ကြီး တဦးရှိတယ်။ အင်္ဂလန်က ဆရာဝန် ဘွဲ့ရ၊ အင်္ဂလိပ်စကားလည်း မွတ်နေတာပဲ၊ ဝတ်တာစားတာလည်း အင်္ဂလိပ်တွေလိုပဲ ပုံတူကူးချသတဲ့။ မိသားစုဝင် အားလုံးကတော့ ကုလားတွေပဲ ဖြစ်ပုံရတယ်။ တနေ့မှာတော့ ကံအကြောင်းမလှလို့ သွက်သွက်ခါအောင် ရူးသွားတယ်။ အဲဒီတော့မှ ဇာတိရုပ်ပေါ်တယ်။ ရေချိုးကာနီးရင် ကုလားဗုံရှည်ကို လည်ပင်းဆွဲလို့ ဗုံတီးရင် ကုလားသီချင်းတွေ အော်ဆိုသတဲ့၊ ပြီးတော့ ကုလားလို ပဲဟင်းနဲ့ချာပါတီကို လက်နဲ့စား ပါးစပ်ကနေ တပြွတ်ပြွတ် စုပ်သတဲ့။

ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့ရ မြန်မာတယောက်အကြောင်း ကြားဖူးတာ နိုင်ငံခြားမှာ ရာထူးကြီး တွေရ၊ အနောက်နိုင်ငံသူနဲ့ အိမ်ထောင်ကျ၊ သားသမီးတွေထွန်းကား ကြီးပွားအောင်မြင်ဖြစ်ထွန်းတယ်။  အငြိမ်းစားလည်းသွားရော ဇာတိကိုလွမ်းတာနဲ့၊ ဘုရားတရားကို အောက်မေ့တာတွေ ဖြစ်ကုန်တယ်။ ငယ်စဉ်ကတော့ အလုပ်အကိုင်နဲ့ ပညာတတ်မာန်နဲ့ မိသားစုသံယောဇဉ်နဲ့ ဒါတွေကို သတိတရမဖြစ် ဘူးပေါ့။ ကျချိန်လည်းရောက်ရော ကိုယ်ကျင်လည်ခဲ့တဲ့ ယဉ်ကျေးမှုနဲ့ လက်ရှိ အနေအထားနဲ့ သဟဇာတ မဖြစ်တာကို သွားတွေ့တယ်။ အဲဒီတော့မှ ဘုန်းကြီးပင့် တရားနာရတာနဲ့ မြန်မာပြည် လွမ်းတာနဲ့ နောက်ကျကုန်ပြီ။ အတုယူလွန်ရင် မကောင်းတာကို သတိပြုဖို့ ပြောတာပါ။

ကိုယ့်ပတ်ဝန်းကျင်မှာ မြန်မာမများ လိင်ကိစ္စသောင်းကျန်းတဲ့အခါ ပေးလေ့ရှိတဲ့ ဆင်ခြေက ဒါအမေရိကားပါတဲ့။ ယောက်ျားမိန်းမတန်းတူ အခွင့်အရေးရှိပါသတဲ့။ မငြင်းလို ထောက်ခံပါသည်။ ဒါပေမဲ့ အရာရာတိုင်းမှာ လစ်မစ်ဆိုတာ ရှိပါတယ်၊ လူလွတ်နဲ့ အိမ်ထောင်သည် မတူစကောင်းပါ၊ လူလွတ်ခြင်းတောင် ရည်းစာရှိသူနဲ့ မရှိသူ၊ အိမ်ထောင်သည်မှာလည်း ဥပဒေကြောင်း ဆိုင်ထားသူ မဆိုင်ထားသူဆိုပြီး  ကွာခြားပါတယ်။ ယောက်ျားမိန်မ တူ၍မဖြစ်နိုင်ပါ။ အနည်းဆုံးတော့ ယနေ့ခေတ် အချိန်အထိ ဖြစ်ပါမယ်။ နောင်လည်း အရာရာ တူသွားမယ် မထင်ပါဘူး။ ယဉ်ကျေးမှုခြင်း ဖလှယ်တာ ကောင်းတဲ့လက္ခဏာပါ။ လိင်မှုကိစ္စ ပွင့်လင်းတာ ကောင်းပါတယ် ဒါပေမဲ့ လိင်ကိစ္စ သောင်းကျန်းတာ မကောင်းပါဘူး။ လက်မထပ်ခင် အတူနေတာ လက်ခံနိုင်တယ် ဒါပေမဲ့ စိတ်ထတိုင်း ကိုယ်ပါတာ မသင့်တော်ပါဘူး။ အရှက်အကြောက် လွန်ပြီး မတွေ့မထိရဲတာ မကောင်းပါဘူး ဒါပေမဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတာ မှားပါတယ်။ လိင် ကိစ္စကို မထိကောင်းတဲ့အရာလို့ ယူဆတာနဲ့ ငယ်တုံးရွယ်တုံး သုံးသာသုံးဆိုတဲ့ ဟစ်ပီအကျင့်စရိုက် နှစ်ခုစလုံး မှားပါတယ်။ ဟိုဖက်စွန်း ဒီဖက်စွန်းသာကွာတယ်။

ကြိုက်တဲ့သူတွေ့ရင် တွဲကြည့်ပါ၊ သံယောဇဉ်ဖြစ်တယ်ဆိုရင် ခဏတဖြုတ် အတူနေ၊ အမြဲ အတူနေကြည့်တာ မှားတယ်လို့ ယနေ့ခေတ်နဲ့ဆို ပြောရန်ခက်ပါတယ်။ ကာမဆန္ဒ တခုထဲအတွက် ဆိုရင်တော့ အထက်မှာပေးထားခဲ့တဲ့ ဖြစ်ရပ်သုံးခုနဲ့ တိုက်ကြည့်ပါ။ သူများပြော နားမယောင်ပါနဲ့။ လူဆိုတာ ကိုယ်လုပ်တာမှန်ဖို့ ဒါမှမဟုတ် မှားတယ် အပြောမခံရဖို့ သူများကိုလဲ ကိုယ်လိုဖြစ်အောင် ဆွဲဆောင်တိုက်တွန်း ရပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုမှာတော့ လိင်ကိစ္စကင်းရင် အရူးငကြောင် စိတ်ဝေဒနာသည်လို့ ယူဆခံရပါတယ်။ အများမိုးခါးရေသောက် ကိုယ်လည်းသောက်ဆိုတဲ့ စကားပုံ အရဆိုရင် သူတို့မမှားပါဘူး။ ဒါဆိုရင် ပြည်ပမှာ အခြေကျနေတဲ့ မြန်မာအသိုင်းအဝန်းမှာရော ဒီလို ယဉ်ကျေးမှုတွေ ပြောင်းကုန်ကြပြီလား။ မြန်မာပြည်မှာရော ဒီလိုပဲလား၊ မဟုတ်သေးလို့ ထင်ပါတယ်။ ဘာဖြစ်လာလာ ခံနိုင်ရည်ရှိရင် ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် ကြိုက်တဲ့မြင်းစီးနိုင်ပါတယ်။

ကိုယ်က အနောက်နိုင်ငံမှာကြီး၊ သူတို့ယဉ်ကျေးမှု ဓလေ့စရိုက် မရဘဲနဲ့ ဟန်မဆောင်ပါနဲ့။ သောက်မြင်ကတ်ပုဒ်မနဲ့ မဆီမဆိုင် ဆွဲပြောရရင် ပစ္စုပ္ပန်ဝါဒီတွေလို ရုပ်နာမ်တောင် မကွဲသေးဘဲနဲ့ အရိယာသစ္စာ စကားပြောသလို ဖြစ်နေပါမယ်။ အနောက်နိုင်ငံတွေ တိုးတက်တာ လိင်ကိစ္စပွင့်လင်းလို့ မဟုတ်ပါ။ တိုးတက်လာလို့ လိင်ကိစ္စပွင့်လင်းလာတာပါ။ မြန်မာပြည်လည်း သူတို့လို တိုးတက်လာရင် လိင်ကိစ္စပွင့်လင်းမှု ရှောင်မရပါဘူး။ ရုပ်ဝတ္ထုတိုးတက်ရင် နာမ်ပိုင်းဆိုင်ရာ ပြဌာန်းချက်များ ဆုတ်ယုတ် သွေဖီကုန်တာ သဘာဝပါ။ ဝမရှိဘဲ ဝိလုပ်လို့ မရပါ၊ ဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်ရင် သုခထက် ဒုက္ခများတတ်ပါကြောင်း မြန်မာစိတ်ဖျောက်လို့ မရသေးတဲ ဝံသာနုကြောင်ကြီးမှ သတိပေးပါသည်။

17 comments

  • windtalker

    July 24, 2011 at 12:41 pm

    ကောင်းလိုက်တဲ့ အရေးအသား အတွေးအခေါ ်ဗျာ
    လေးစားပါတယ် ကိုကြောင်ကြီး
    ကိုကြောင်ကြီး ပြောတာ မှန်လွန်းလို ့ကွက်ကွက်ကွင်းကွင်း ကို သဘောပေါက်မိတယ် ဗျာ ။

  • forever

    July 24, 2011 at 12:53 pm

    မှန်လိုက်တာဗျာ လက်ခုပ်လက်ဝါးတီးပြီး
    အားပေးပါတယ်

  • 007James

    July 24, 2011 at 2:15 pm

    ကိုကြောင်ကြီး အမှန်တရားတွေဗျာ။ များများတင်ပေးပါ။အသိတရားအများကြီးရတယ်။

  • moethidasoe

    July 24, 2011 at 3:26 pm

    ကောင်းလိုက်တဲ့ စာသားလေးတွေ
    nimigi77 လာဖတ်ကြည့်ပါစေလို့ ဆုတောင်းနေမယ်

  • Foreign Resident

    July 25, 2011 at 4:00 am

    “ကျချိန်လည်းရောက်ရော – – – – အဲဒီတော့မှ ဘုန်းကြီးပင့် တရားနာရတာနဲ့ မြန်မာပြည် လွမ်းတာနဲ့ နောက်ကျကုန်ပြီ”

    Dear ကိုကြောင်ကြီး,
    This is my personal experience only ( but, not my opinion / mainly facts ) &
    I just want to let our villagers know about that.

    I don’t know much about USA,
    But, I met a lot of elders in Australia &
    a couple lives in USA, both of them are specialist Doctors & multimillionaires.
    They surely don’t miss Myanmar that much. ( မြန်မာပြည် လွမ်းတာ )
    In fact, all of them are happy to stay in Australia & USA &
    they don’t even think to stay back in Myanmar ( in permanent basic ).

    If they have to do something, they go to Myanmar, do it & return back to AU & USA.
    They don’t miss that much & they openly said ” they don’t want to stay in Myanmar as they cannot tolerate Myanmar pollution (dirty & dust), electricity shortage, medical & hygiene standard, inconvenience in every sectors ( they hate bribery too much ) & etc.

    Another elder friend ( just met a week ago ) said,
    she get respiratory disorder syndrome & she need to put on respiratory assistance apparatus every night & evaluate results every months.
    If she return to Myanmar & most probably, she will die very soon.
    She said she is quite happy to stay abroad & don’t want to go back to Myanmar.

    Concerning Religion, we don’t need to miss ဘုန်းကြီး & monastery, as there are 5 monasteries in Sydney alone &
    around every 3 months, we can meet the famous ဘုန်းကြီး from Myanmar.
    Those famous ဘုန်းကြီး from Myanmar even said, “we ( who live in Sydney ) are lucky because we can easily meet face to face & talk with them, In Myanmar, you cannot get this chance that much easy”.
    ( FYI, my friends ( couple from USA ) even donated the whole monastery in USA by themselves alone )

    Actually, I encounter this problem recently,
    as you can guess, I still love Myanmar &
    I want to stay like 6 months in Myanmar & 6 months in Australia.
    Because, you see, everything is cheap in Myanmar,
    for example : food, servants, drivers, entertainment, even girls are also cheap in Myanmar. 🙂
    Moreover, there are a lot of friends & relatives &
    Let say, we can be said (little) rich people in Myanmar, but, in Australia, we are barely middle class people.
    ( for example : In Australia, even a person who have around 20 millions ( not me ) cannot be said rich because, he cannot get maid & driver. )

    So, you can see I really want to stay in Myanmar, at least, 6 months every year.
    But, my wife argued, she don’t want to stay more than one month in Myanmar.
    She even said,
    If it is not because of me, she will not return to Myanmar for the rest of her life.

    As long as we both have a chance, I want to go back to my Myanmar,
    but, she want to go to other destinations ( Eg : Europe, Japan, China, USA ).

    So, you see, ideas are different.

    Anyhow, at least, I love Myanmar & I miss Myanmar ( girls are cheap, isn’t it ) 🙂
    Still have a warm place in my heart ( Nostalgia ). 🙂

  • pan pan

    July 25, 2011 at 9:07 am

    ဘာကိစ္စဖြစ်ဖြစ် အစွန်းရောက်တာမကောင်းပါဘူး
    မလုပ်ရဆိုပြီး ချုပ်တီးလွန်းတာလည်း မကောင်းပါ
    ဦးကြောင်းကြီးပြောသလို ပွင့်လင်းတာကောင်းပေမယ့် သောင်းကျန်းတာကျတော့ မကောင်းပါ
    အဓိကကတော့(ချစ်သူချင်း၊ လင်မယားချင်း) သစ္စာရှိဖို့လိုပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 25, 2011 at 9:29 am

    ဒီနေရာမှာတော့ တုတာထက်ကို သံဝေဂဉာဏ်လို့ပြောလို့ရနိုင်မလားဘဲ
    လောကီနယ်ထည်းကနေ ဟိုလူနဲ့တုတာ ဒီလူနဲ့တုတာ တွေကတော့ တစ်လိုင်းသွားမယ်ထင်တယ်
    လောကုတ္တရာနယ်ထည်းကနေတော့ ဒီလိုကိစ္စတွေကို သံဝေဂဉာဏ်လို့ ပြောနိုင်မလားသိဘူးနော
    သံဝေဂဉာဏ်ကို ရတဲ့အချိန်လေးမှာ ဓမ္မတရားကိုလည်း
    အထိုက်အလျှောက် တီးမိခေါက်မိထားဦးမှလို့လည်း ထင်ပြန်တာဘဲ
    ဆိုပါစို့ ကိလေသာကာမကုံတွေကို ခံစားတဲ့နေရာမှာ
    ချမ်းသာ( ဝေဒနာကို ရှုရန် ဆင်ခြင်ရန်မေ့လျှော့ )
    ဆင်းရဲ ( ဝေဒနာ ထင်ရှားသည် ပုဂ္ဂိုလ်ပေါ်မူတည်၍ ဉာဏ်သက်ဝင်ပုံကွာသည် )
    ချမ်းသာမဟုတ်ဆင်းရဲမဟုတ် ( ဒါကတော့ အရိယာတို့အလုပ်လို့ ထင်တယ် ( အထင် ) စာသဘောအရဘဲပြောနိုင်ပါတယ်)
    ဆိုတဲ့ ဒီသုံးပါးထည်းကနေမှ
    ဆင်းရဲနဲ့ ကြုံမှ ဉာဏ်မှာ သံဝေဂ လာပေါ်တဲ့သဘောရှိပြန်ရော ( ပုဂ္ဂိုလ်တော့ကွဲမယ် )
    ဆိုတော့ကာ ဖော်ပြပါ အာရုံတွေရဲ့ ခံစားမှုကဟာ ဘာမှမဟုတ်ပါလားဆိုတာကို
    လုံးဝမသိသူရယ် သာမန်မသိသူရယ် အနည်းငယ် ဆင်ခြင်မိသူရယ် လုံးလုံးဆင်ခြင်မိသူရယ်
    ဒီလိုကွဲပြားတာကတော့သေခြာတယ်
    မသိတဲ့အဝိဇ္ဇာ သမားလို့ ကိုယ်ကပညက်တဲ့သူကိုသွားမပြောနဲ့
    ကိုယ့်ကိုယ်ကိုယ် ဝိဇ္ဇာပါလို့ပြောတဲ့သူကတောင် ရွာလည်နေတဲ့သဘောမှာရှိတာကတော့သေခြာတယ်
    ( ဒါကတော့ ကိုယ်ဖြစ်လို့ကိုယ့်ကိုယ်ကိုယ်ပြောတာ သူများတော့ သိဘူး သိပ်ကွာကြမည်မထင် 😀 )
    စာရင်းချုပ်လိုက်တော့ ကိုယ်သိတဲ့တရား ကိုယ်ကျင့်ယုံဘဲရှိမယ်ထင်တယ် ( အထင်တွေနဲ့ဘဲ သွားနေရတာ )
    ကိုယ်က ကိလေသာကို ပယ်ဘို့သူများတွေကို ဟောဘို့ဆိုတာက
    ကိုယ်ကိုယ်တိုင်လည်း မကင်းတော့ အခက်သား ခပ်ရှင်းရှင်းပြောရရင်
    မြတ်စွာဘုရားရှင်တို့၏ ကြီးစွာသော ဉာဏ်ပညာ လုံးလတော်တို့ဖြင့်ပင် ဖြေချွတ်၍ မရနိုင်သော
    သတ္တဝါတွေကို ကိုယ်လိုလူက သံဝေဂတရားဟောလို့ကတော့ ထူးမခြားနားဖြစ်မည်ထင့် ( တရားကို တားမြစ်ခြင်းမဟုတ်ပါ )
    ဆိုတော့ကာ ဆိုတော့ကာ
    ကိလေသာတွေကိုတစ်ဖက်ကကိုင်ထားပြီး ဓမ္မတရားနဲ့လိုက်ညှိလို့ကတော့
    ပြဿနာတက်ယုံ အကျိုးမဲ့ယုံဖြစ်မည်လို့လည်း ထင်ပြန်တာပါဘဲ ( အထင် )
    ဒီနေရာမှာဆင်ခြင်ဘို့က
    မီးသည် စင်စစ် သူမိုက်ကိုသာ ငါလောင်မည်ဟုအားမထုတ်
    သူမိုက်သည်သာ တောက်သောမီးကို ( ထိပါး ) ပုတ်ခတ်သောကြောင့်လောင်၏
    ဆိုသလိုဘဲ သူ့ဘာသာ မီးလောင်နေတာကို ကိုယ်ကသွားကိုင်တော့ ကိုယ်ပါ ရောပြီးလောင်သွားနိုင်တယ်
    ( ပုဂ္ဂိုလ် အလိုက်ကွဲနိုင် )
    ဒါ့ကြောင့် ထုံးစံအတိုင်း စာအုပ်လှန်လိုက်ပါတယ် 😀 😀 😀
    မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန် – ၅ – စူဠယမကဝဂ် – ၈ – ကောသမ္ဗီယသုတ်
    ( ဒီသုတ်မှာက မှန်းကြည့်ရတာ ခု ကျွန်တော်တို့တွေ သူမှန်တယ်ငါမှန်တယ် ငြင်းခုန်နေကြသလိုဖြစ်မယ်ထင်တယ်
    ရဟန်းတွေ အချင်းချင်း ငြင်းခုန်နေကြတာကို မြတ်စွာဘုရားရှင်တော်မြတ်က ဟောကြားတာပါ ( စကားချပ် )
    ၄၉၁။ ရဟန်းတို့ ငြင်းခုံကြကုန် ခိုက်ရန် ဖြစ်ကြကုန်၍ ဝါဒ ကွဲပြားခြင်းသို့ ရောက်ကြ ကုန်ပြီးလျှင်
    အချင်းချင်း နှုတ်လှံ ထိုးလျက် နေကြကုန်သော သင်တို့သည် အချင်းချင်း နားလည်မှု ရှိရန်လည်း မပြု ကြကုန်၊
    နားလည်မှု ရှိခြင်းသို့လည်း မရောက်ကြကုန်၊ အချင်းချင်း အမြင်မှန် ရရန်လည်း မပြုကြကုန်၊
    အမြင်မှန် ရခြင်းသို့လည်း မရောက်ကြကုန် ဟူသည် မှန်ပါသလော}} ဟု (မေးတော် မူ၏)။ မှန်ပါ၏ အသျှင်ဘုရား ဟု (လျှောက်ကြ ကုန်၏)။
    ရဟန်းတို့ ထိုအရာကို အဘယ်သို့ ထင်မှတ်ကုန် သနည်း၊
    သင်တို့သည် ငြင်းခုံကြကုန်ခိုက် ရန်ဖြစ်ကြကုန်၍ ဝါဒ ကွဲပြားခြင်းသို့ ရောက်ကြ ကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံ ထိုးလျက် နေကြသောအခါ သင်တို့အား သီတင်းသုံးဖော်တို့၌ မျက်မှောက် ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေ ကာယကံ မေတ္တာသည် ရှေးရှု တည်၏လော၊ ဝစီကံ မေတ္တာသည်။ပ။ သီတင်းသုံးဖော်တိ ု့၌ မျက်မှောက် ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေ မနောကံ မေတ္တာသည် ရှေးရှု တည်၏လော ဟု (မေးတော် မူ၏)။ မတည်ပါ အသျှင်ဘုရား ဟု (လျှောက်ကြ ကုန်၏)။
    ရဟန်းတို့ ငြင်းခုံကြကုန် ခိုက်ရန် ဖြစ်ကြကုန်၍ ဝါဒ ကွဲပြားခြင်းသို့ ရောက်ကြ ကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံ ထိုးလျက် နေကြသောအခါ သင်တို့အား သီတင်းသုံးဖော်တို့၌ မျက်မှောက် ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေ ကာယကံ မေတ္တာသည် ရှေးရှု မတည်၊ ဝစီကံ မေတ္တာသည်။ပ။ သီတင်းသုံးဖော်တို့၌ မျက်မှောက် ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေ မနောကံ မေတ္တာသည် ရှေးရှု မတည်ဟုကား ဆို၏။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောကျာ်းတို့ ထိုသို့ ဖြစ်လျက် သင်တို့သည် အဘယ်ကို သိကြ မြင်ကြသဖြင့် ငြင်းခုံကြကုန် ခိုက်ရန် ဖြစ်ကြကုန်၍ ဝါဒ ကွဲပြားခြင်းသို့ ရောက်ကြ ကုန်ပြီးလျှင် အချင်းချင်း နှုတ်လှံ ထိုးလျက် နေကြကုန်ဘိ သနည်း။ ထု ိသင်တို့သည် အချင်းချင်း နားလည်မှု ရှိရန်လည်း မပြုကြကုန်ဘိ သနည်း၊ နားလည်မှု ရှိခြင်းသို့လည်း မရောက်ကြကုန်ဘိ သနည်း၊ အချင်းချင်း အမြင်မှန် ရရန်လည်း မပြုကြကုန်ဘိ သနည်း၊ အမြင်မှန် ရခြင်းသို့လည်း မရောက်ကြကုန်ဘိ သနည်း။ (မဂ်ဖိုလ်မှ) အချည်းနှီး ဖြစ်သော ယောကျာ်းတို့ ထိုသို့ ဖြစ်ခြင်းသည် သင်တို့အား ရှည်ကြာစွာသော ကာလပတ်လုံး စီးပွားမဲ့ရန် ဆင်းရဲရန် ဖြစ်ပေလိမ့်မည် ဟု (မိန့်တော်မူ၏)။
    ၄၉၂။ မပြတ် အောက်မေ့ ထိုက်ကုန်သော ချစ်ခြင်းကို ပြုတတ် ကုန်သောçလေးစားခြင်းကို ပြုတတ် ကုန်သော ဤခြောက်ပါးသော တရားတို့သည် သိမ်းသွင်းရန် ဝါဒ မကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်း ဖြစ်ရန် ဖြစ်ကုန်၏။ အဘယ် ခြောက်ပါးတို့နည်း – ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းအား သီတင်းသုံးဖော်တို့၌ မျက်မှောက် ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေ
    ကာယကံ မေတ္တာသည်( ၁ )
    ဝစီကံ မေတ္တာသည်( ၂ )
    မနောကံ မေတ္တာသည်( ၃ )
    တရားနှင့် လျော်စွာ ဖြစ်ကုန်သော တရားသဖြင့် ရကုန်သော လာဘ်တို့ကို အယုတ်ဆုံး အားဖြင့် သပိတ် အတွင်းရှိ ဆွမ်းမျှကို သော်လည်း မခွဲခြားဘဲ သုံးဆောင်ခြင်း ရှိ၏၊ အကျင့် သီလရှိသော သီတင်းသုံးဖော်တို့နှင့် ဆက်ဆံသော သုံးဆောင်ခြင်း ရှိ၏(၄) မကျိုးမပေါက် မပြောက်မကျား ကုန်သော၊ တဏှာ့ကျွန် အဖြစ်မှ တော်လှန်ခြင်းကို ပြုတတ် ကုန်သော၊ ပညာရှိတို့ ချီးမွမ်း ထိုက်ကုန်သော၊ အမှား အသုံးသပ် မခံရ ကုန်သော၊ တည်ကြည်ခြင်း သမာဓိ ကို ဖြစ်စေတတ် ကုန်သော စောင့်စည်းမှု သီလမျိုးတို့၌ သီတင်းသုံးဖော် တို့နှင့် မျက်မှောက် ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေ စောင့်စည်းမှု သီလ တူသည်၏ အဖြစ်သို့ ရောက်လျက်နေ၏(၅)
    ဖြူစင်သော (ဝဋ်ဆင်းရဲမှ) ထုတ်ဆောင်တတ်သော ထိုအတိုင်း ပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲ ကုန်ရန် ဖြစ်သော အယူမျိုး၌ သီတင်းသုံးဖော်တို့နှင့် မျက်မှောက် ဖြစ်စေ၊ မျက်ကွယ် ဖြစ်စေ အယူတူသည့် အဖြစ်သို့ ရောက်လျက် နေ၏(၆) မပြတ် အောက် မေ့ထိုက်သော ချစ်ခြင်းကို ပြုတတ်သော လေးစားခြင်းကို ပြုတတ်သော ဤတရားသည်လည်း သိမ်းသွင်း ရန် ဝါဒ မကွဲပြားရန် ညီညွတ်ရန် တစ်ပေါင်းတည်း ဖြစ်ရန် ဖြစ်၏။
    မပြတ် အောက်မေ့ ထိုက်သော ဤတရား ခြောက်ပါးတို့တွင် ဝဋ်မှ ထုတ်ဆောင်တတ်သော ထိုအတိုင်း ပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲ ကုန်ရန် ဖြစ်သည့် ဖြူစင်သော ဤအယူသည် အချက်အခြာ ဖြစ်၏၊ စုရုံးရာ ဖြစ်၏၊ ပေါင်းဆုံရာ ဖြစ်၏။
    ၄၉၃။ အဘယ်သို့လျှင် ဝဋ်မှ ထုတ်ဆောင် တတ်သည့် ဖြူစင်သော ဤအယူသည် ထိုအတိုင်း ပြုသူအား ကောင်းစွာ ဝဋ်ဆင်းရဲ ကုန်ရန် ဖြစ်သနည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ ကပ်၍ ဖြစ်စေ၊ သစ်ပင်ရင်းသို့ ကပ်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ ကပ်၍ ဖြစ်စေ ယင်း ထြွကမှုမျိုးဖြင့် ထြွကသောစိတ် ရှိသည် ဖြစ်၍ ဟုတ်တိုင်းမှန်စွာ ငါမသိနိုင် မမြင်နိုင်လောက်သော အတွင်း သန္တာန်၌ မပယ်ရသေးသော ထကြွမှုမျိုးသည် ငါ့အား ရှိသေး သလော ဟု ဆင်ခြင်၏။
    ( အကျယ်ဆက်ရှု ) စာ။၃၈၁
    ( ဒီလောက်နဲ့ဘဲရပ်လိုက်တယ်ဗျို့ ဘုရားက တောထည်းက သစ်ပင်အောက်မှာ တစ်ယောက်တည်းနေဘို့
    ဟောကြားနေပြီဆိုတော့ကာ ဒီလူတွေနဲ့ ကိုက်မည်မထင်သောကြောင့်ပါခင်ဗျား )

  • နွယ်ပင်

    July 25, 2011 at 9:48 am

    ပိုစ့် တစ်ပုဒ်လုံး ရဲရဲနီနေတာပါလား ဘယ်သူလက်ချက်များပါလိမ့်
    ဦးကြောင်ကြီးရေ အရမ်းကောင်းတဲ့ ပိုစ့်လေးပါပဲနော် …………

  • king

    July 25, 2011 at 12:40 pm

    ကိုဘတ်ကစ်ကို
    အပြတ်ချစ်ချင်လာပြီ …
    တင်ပြမှုကောင်းမွန်သလို
    ရေးသားထားတဲ့ အဓိပ္ပာယ်တွေကို ကြိုက်တယ်ဗျ

  • hmee

    July 25, 2011 at 1:51 pm

    မှန်လိုက်လေ ကိုကြောင်ကြီးရေ။ ပွင့်လင်းတာ ကောင်းပေမဲ့ သောင်းကျန်းတာတော့ မကောင်းဘူး ဆိုတဲ့ စကားလေး အရမ်းသဘောကျသွားပါတယ်။

  • MOEPWINTPHYU

    July 25, 2011 at 3:01 pm

    အမှန်တရားတွေအများကြီးပြောပြပေးလို ကျေးဇူး

  • စုံ စုံ

    July 25, 2011 at 3:15 pm

    ပို့စ်ကလဲတော်တော်ကောင်းသလို
    မန်းထားတာလဲဗဟုသုတရပါတယ်

  • R Ga

    July 25, 2011 at 3:17 pm

    တကယ်ကောင်းပါ ဦးကြောင်ရေ…ဘယ်လိုကိစ္စမဆို အစွန်းထွက် အစွန်းရောက်တာမကောင်းပါဘူး။
    ဒီနေ့ဖတ်ရတဲ့အထဲမှာ ဒီပိုစ်က အနှစ်သာရအရှိဆုံးပဲ။

  • pooch

    July 25, 2011 at 5:57 pm

    လေးစားပါတယ် ဦးကြောင်ကြီး ဒီပို့စ် ကို အရမ်းကြိုက်ပါတယ် !!!!!!!!!!!!!!!!!!!!!!!!

  • minthukha2011

    August 5, 2011 at 11:02 pm

    လာလည်သွားပါတယ်နော်

Leave a Reply