တိုင်ပတ်တဲ့ ကဘာ (The Story of Stuff).အပိုင်း ၂
သယံဇာတ တူးဖေါ်ထုတ်လုပ်ခြင်း
သယံဇာတတူးဖေါ်ထုတ်လုပ်ခြင်း အကြောင်းကနေစကြရအောင်။ ”သယံဇာတတူးဖေါ်ထုတ်ယူခြင်း” တဲ့။ ဒါကနားထောင်ကောင်းအောင် ဖန်တီးထားတဲ့ စကားလုံး။ တကယ်က ” သဘာဝသယံဇာတအရင်းအမြစ် တွေကို ကိုယ်ကျိုးစီးပွါးအတွက် အမြတ်ထုတ်သုံးစွဲ” တာကိုပြောတာ။ ဒါတောင်နားထောင်ကောင်းနေသေးသလိုဘဲ။ တကယ်တော့ ”ကဘာကြီးကို ဖျက်ဆီး” တာဘဲ။ သစ်ပင်တွေကိုခုတ်၊ အတွင်းက သတ်ထုတွေကိုထုတ်ယူဖို့ တောင်တွေကိုဖောက်ခွဲ၊ ရေကို အလွန်အကျွံသုံး၊ ပြီးတော့ တရိတ်စာန်တွေကို မျိုးပြုန်းအောင်လုပ် စတာတွေကိုဆိုလိုတာဘဲ။
ဒါက ကျွန်မတို့ရဲ့ ပထမအကန့်အသတ်ကို ဝင်တိုးနေတာ။ ကျွန်မတို့မှာ သဘာဝသယံဇာတအရင်းအမြစ် ရှားပါးတဲ့ ပြသနာ ပေါ်နေပြီ။
ကျွန်မတို့ဟာ အရာရာကိုအလွန်အကျွံ သုံးစွဲနေကြတယ်။ ဒီလိုပြောတော့နားဝင်ဆိုးမှာပေါ့။ ဒါပေမယ့် ဒါကအမှန် ဖြစ်နေတာ။ ဒါကိုကျွန်မတို့ ရင်ဆိုင်ဖြေရှင်းရမယ်။ လွန်ခဲ့တဲ့အနှစ်သုံးဆယ်အတွင်းမှာကိုဘဲ ကဘာကြီးမှာရှိသမျှ သဘာဝအရင်းအမြစ်ရဲ့ သုံးပုံ တပုံကို ထုတ်ယူစားသုံးခဲ့ကြပြီးပြီ။ အဲဒါကုန်သွားပြီ။ တကယ့်ကို အလျင်အမြန် ခုတ်ကြ၊ တူးကြ၊ ထုတ်ယူကြ၊ ဖျက်ဆီးကြနဲ့ နေလာလိုက်ကြတာ အခုဆို ကဘာပေါ်မှာ လူတွေနေထိုင်ဖို့တောင် မလွယ်တော့ဘူး။ ကဘာကြီးရဲ့ သက်ရှိတွေအပေါ်ပံ့ပိုးနိူင်စွမ်းကို လျော့နည်းလာစေတာကိုး။
ကျွန်မနေတဲ့ အမေရိကန်ပြည်ထောင်စုမှာဆိုရင် သစ်တောပမဏက ရှိရင်းစွဲရဲ့ ၄% ဘဲကျန်တော့တယ်။ ရေအရင်းအမြစ်စုစုပေါင်းရဲ့ ၄၀% က သောက်လို့မရတော့ဘူး။ ကျွန်မတို့ရဲ့ ပြသနာက အလွန်အကျွန်သုံးစွဲခြင်းတခုတည်းမဟုတ်ဘူး။ ကျွန်မတို့က ကျွန်မတို့ သုံးစွဲပိုင်ခွင့်ဝေစုထက် ပိုသုံးစွဲနေကြတယ်။ ကျွန်မတို့ အမေရိကန်ပြည်ထောင်စုဟာ ကဘာ့လူဦးရေရဲ့ ၅% သာဖြစ်ပေမဲ့…….ကဘာ့သယံဇာတအရင်းအမြစ်ရဲ့ ၃၀% ကိုစားသုံးနေပြီး၊ ကဘာ့ စွန့်ပစ် ပစ်စည်းစုစုပေါင်းရဲ့ ၃၀% ဟာ ကျွန်မတို့ဆီက လာတာဖြစ်တယ်။
နိူင်ငံတိုင်ူကသာ အမေရိကန်ပြည်ထောင်စုလို စားသုံးမယ်ဆိုရင် ကျွန်မတို့ဟာ ကဘာတလုံးထဲနဲ့ မလောက်တော့ဘဲ၊ ကဘာ ၃လုံးကနေ ၅လုံးထိ လိုအပ်လာမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရှင်တို့သိတဲ့အတိုင်း ကျွန်မတို့မှာ ကဘာတလုံးတည်းသာ ရှိတယ်။ ဒီအကန့်အသတ်ကို အမေရိကန်ပြည်ထောင်စု တုံ့ပြန်ပုံကတော့ရှင်းတယ်။ အခြားတိုင်းပြည်တွေရဲ့ဝေစုကို သွားယူကြလေရဲ့။ အဲဒီတိုင်းပြည်တွေကတော့ တတိယကဘာက တိုင်းပြည်တွေပါဘဲ။ တတိယကဘာဆိုတာက ”ငါတို့ရဲ့ သယံဇာတအရင်းအမြစ်တွေ ရှိတဲ့နေရာလို့” လူတချို့က စကားဖလှယ်ကြလိမ့်မယ်။ ဒီဖြစ်စဉ်က ဘယ်လိုမျိုးပါလိမ့်။ စောစောကပြောခဲ့တာနဲ့ အတူတူပါဘဲ။ ကဘာကိုဖျက်ဆီးကြတာ။
အခုဆိုရင် ငါးဖမ်းယူနိုင်တဲ့ ကဘာ့ရေဧရိယာစုစုပေါင်းရဲ့ ၇၅% ကို (သို့မဟုတ်) အလွန်ကို ငါးဖမ်းယူသုံးစွဲခဲ့ပြီးဖြစ်တယ်။ ကဘာ့သစ်တောရဲ့ ၈၀% ကို ခုတ်ယူခဲ့ပြီးဖြစ်တယ်။ အမေဇုန်ဧရိယာ တခုတည်းမှာကိုဘဲ ကျွန်မတို့ဟာ တမိနစ်ကို သစ်ပင် ၂၀၀ဝ ဆုံးရှုံးနေကြရတယ်။ ဒါက ဘောလုံးကွင်း ရ ကွင်းနဲ့ညီမျှပါတယ်။
မှီတင်းနေထိုင်ကြတဲ့ ဒေသခံတွေရော ဘယ့်နှယ့်လဲ။ ကော်ပိုရေရှင်းတွေရဲ့အပြောအရတော့…….ဒေသခံတွေဟာ ဒီအမေဇုန်ဧရိယာမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်ခဲ့ကြသော်လည်း၊ ဒေသတွင်းက အရင်းအမြစ်တွေကို သူတို့မပိုင်ဘူးတဲ့။ သူတို့ဟာ ကုန်ပစ်စည်းထုတ်လုပ်မှု နည်းလမ်းတွေကို မပိုင်သလို၊ ပစ်စည်းတွေကိုလည်း အလွန်အကျွှံ မဝယ်ယူကြဘူး။ ဒီစနစ်မှာတော့ ရှင့်အနေနဲ့ ပစ်စည်းလည်းမပိုင်၊ ဝယ်လည်းမဝယ်ဘူးဆိုရင် ရှင့်မှာဘာတန်ဖိုးမှ မရှိတော့ဘူးတဲ့။
(ကုန်ပစ်စည်းထုတ်လုပ်ခြင်း ခေါင်းစဉ်အား ဆက်လက်ဖေါ်ပြပါမည်။)
Shwe Ei
6th Aug 2011
3 comments
Shwe Ei
August 6, 2011 at 7:25 pm
category မရွေးမိတာ မေ့သွားလို့ပါ Admin ကြီးရေ။
naywoonni
August 6, 2011 at 10:05 pm
စဉ်းစားစရာ ပေပဲ..။ ရွာထဲက ပညာယှိ တွေ ပြောကြလိမ့်မယ်..။ တို့ တော့ စဉ်းစားခြင်းနဲ့ အိပ်ပျက်ဖို့ ယူသွားချေပြီ…။
Foreign Resident
August 7, 2011 at 2:44 am
“ကျွန်မတို့ဟာ ကဘာတလုံးထဲနဲ့ မလောက်တော့ဘဲ၊
ကဘာ ၃လုံးကနေ ၅လုံးထိ လိုအပ်လာမှာဖြစ်ပါတယ်”
Then, move to another ကဘာ ( world ).
That is what scientists & Ideologists are thinking, finding & preparing.
Migration of the whole civilization.
“ဒါပေမဲ့ ရှင်တို့သိတဲ့အတိုင်း ကျွန်မတို့မှာ ကဘာတလုံးတည်းသာ ရှိတယ်”
May be not found the another ကဘာ ( world ) yet,
But, we are still finding.