Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ကြိုးစင်ပေါ်က ဧရာဝတီ”

Minn ZinSeptember 13, 20111min56513

 မြန်မာနိုင်ငံရဲ့ အသက်သွေးကြောလို့ တင်စားနေကြတဲ့ ဧရာဝတီမြစ်ရဲ့အစ မြစ်ဆုံပေါ်မှာ ပထွေးတရုတ်တွေရဲ့ကောင်းကျိုးအတွက် မည်သည့် ကန့်ကွက်မှုများရှိသည်ဖြစ်စေ လုပ်ဆောင်သွားမည်ဆိုတဲ့ ဇော်မင်း ရဲ့စကားသံကြောင့် ကျွန်တော်၏မိတ်ဆွေ ဆည်မြောင်းမှ အငြိမ်းစားယူထားတဲ့  အရာရှိကြီးတစ်ယောက်ရဲ့ သုံးသပ်ချက်တွေပါ။ ပြည်သူအများသိစေရန် ရည်ရွယ်ချက်နဲ့ အင်တာနက်ပေါ်တွင် တင်ပေးရန် အကူအညီတောင်းတော့ အားရဝမ်းသာစွာနဲ့ တင်ပေးလိုက်ပါတယ်။

“ကြိုးစင်ပေါ်က ဧရာဝတီ”

          ဧရာဝတီမြစ်ကြီးသည် မြစ်ဖျားခံရာ အစမှ ပင်လယ်တွင်း စီးဝင်သည်အထိ မြန်မာနိုင်ငံအတွင်း တည်ရှိရာ၊ မည်သည့်နိုင်ငံကမှ အကြောင်းမဲ့လာရောက်ချယ် လှည်ခြင်း မပြုနိုင်သော နိုင်ငံပိုင် မြစ်ကြီးတစ်စင်းဖြစ်ပါသည်။

လူယဉ်ကျေးမှုသမိုင်းသည် မြစ်ကြီးများ စီးဆင်းမှု ကိုလိုက်၍ အညာနှင့် အကြေ ဆက်စပ်ဖွံ့ဖြိုးစည်ပင် လာခဲ့သည်ဖြစ်ရာ၊ ဧရာဝတီ မြစ်ကြီးတွင်လည်း တကောင်း၊ ရတနာပုံ၊ အင်းဝ၊ ပုဂံ၊ သရေခေတ္တရာ၊ ဒဂုံစသည့် မြန်မာနိုင်ငံ ဖြစ်တည် တိုးတက်လာခဲ့ပေသည်။ ထို့ပြင် ဧရာဝတီမြင်ကြီးကြောင့် လူမျိုးစုအချင်းချင်း ပေါင်းစည်းဆက်သွယ်မှုအခွင့်အလန်းများလည်း ရရှိခဲ့ပေသည်။

WWF ၏ဆန်းစစ်ချက်အရ ကမ္ဘာပေါ်တွင် ကီလိုမီတာ ၁၀၀ဝ ထက်ရှည်သော မြစ်ကြီးပေါင်း ၁၇ရ စင်းရှိသည့်အနက်၊ ယခုအခါ ပင်မမြစ် (Main Stream) ကို ထမ်းချုပ်ထားခြင်းမရှိပဲ၊ လွတ်လပ်စွာ စီးဆင်းနေသော (Free-Flowing River) မြင်ကြီးပေါင်း ၆၄ ခုသာ ကျန်ရှိနေတော့ကြောင်း ဖေါ်ပြထားရာ၊ အာရှတွင် ရှားပါးစာရင်းဝင် (၃) ခုမှာ အိန္ဒိယနိုင်ငံရှိ ဗြဟ္မပုတ္တရမြစ်နှင့် မြန်မာနိုင်ငံတွင် ဧရာဝတီနှင့် သံလွင်တို့ဖြစ်ကြပါသည်။

ဗြဟ္မပုတ္တရဖြစ်တွင်၊ လက်တက်များပေါ်၌သာ ဖွံဖြိုးရေါ်ဆည်လုပ်ငန်းများ တည်ဆောက်ရန်ရှိပြီး၊ ပင်မမြစ်ပေါ်တွင် အလားအလာမရှိပါ။ သို့ရာတွင် သံလွင်မြစ်ပေါ်တွင် တရုတ်နိုင်ငံဘက်ခြမ်း၌ တမံ (၁၃) ခုကို အဆင့်ဆင့် (Cascade) တည်ဆောက်ပြီး၊ မြန်မာနိုင်ငံဘက်ခြမ်းတွင် ဟတ်ကြီးနှင့် တာဆန်း ရေကာတာများ တည်ဆောက်နေကြောင်း တွေ့ရှိရပါသည်။ ဧရာဝတီမြင်တွင်လည်း မြစ်မကြီးပေါ်၌ မြစ်ဆုံတမံနှင့် မေခ၊ မေလိခမြစ်တို့ပေါ်တွင် အခြားတမံ(၇) ခုကိုတည်ဆောက်ရန်စီစဉ်နေသဖြင့် Free-Flowing River စာရင်းမှ ပယ်ဖျက်ရတော့မည် ဖြစ်ပသည်။ ယခုအခါ တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်မှုမှာ တဟုတ်ထိုး မြင့်တက်လာနေရာ ပတ်ဝန်းကျင် နိုင်ငံများ၏ မြစ်ချောင်းများပေါ်တါင် ဈေးပေါပေါနှင့် ရေအားလျှပ်စစ် ရရှိရေး မက်လုံးပေးကြိုးစားလျက်ရှိပါသည်။

သဘာဝအားဖြင့် မြစ်ဖျားခံရာဒေသနှင့် ပင်လယ်တို့ ဆက်စပ်မှုရှိသော မြစ်ကြီးများတွင် ငါးနှင့်ရေနေသတ္တဝါတို့ ပေါက်ဖွားမှုမှာလည်း ဆက်စပ်လျှက်ရှိပြီး ဂေဟစနစ်ချိန်ညှိမှုအကျိုးဆက်မှာ အလွန်အရေးပါကြောင်း တွေ့ရှိရပါသည်။ WWF က ထောက်ပြထားသည်မှာ မြစ်ဝကျွန်းပေါ် (Delta) ရှိမြစ်ချောင်းများသည် ပင်လယ်ဒေသ (Estuary) နှင့် ဂေဟစနစ်ဆက်စပ်နေကြောင်း၊ တဖန် မြစ်ဝကျွန်းပေါ်သည်လည်း မြစ်ညာရှိ မြစ်စ (Source) နှင့် ဆက်စပ်မှုရှိသဖြင့် တစ်ခုနှင့် တစ်ခုဆက်စပ်မှုကို ဖြတ်တောက်လိုက်သည်နှင့် ဂေဟစနစ် ပျက်ပြယ်ကာ၊ ပင်လယ်ထွက်ကုန် ငါး၊ ပုဇွန်များ ထုတ်လုပ်မှုကို ဆိုးဝါးစွာ ထိခိုက်နိုင်ကြောင်း ဖေါ်ပြထားပါသည်။ မြစ်မတါင် ရေလှောင်တမံတည်ဆောက် ခြင်းကြောင့်၊ လွတ်လပ်စွာ စီးဆင်းနေမှုကို ပိတ်ပင်လိုက်သဖြင့် သဘာဝ ရေစီးဆင်းမှု (Natural Stream Flow) အစား လူလုပ်စီးဆင်းမှု (Man Made Stream Flow) ဖြစ်သွားသဖြင့် ဇီဝမျိုးစုံမျိုးကွဲများ၏ မူရင်းဒေသများ ထိခိုက်ကာ၊ ဌာနေတိရိစ္ဆာန်မျိုးစိတ်များ ပျောက်ကွယ်သွားနိုင်ပေးသည်။

ဧရာဝတီမြစ် ဆုံတမံ၏ ရေဆင်းဧရိယာအတွင်းရှိ မေခနှင့် မေလိခ မြစ်တို့၏ ရေဝေရေလဲ တောင်ကြောများမှာ ဟိမဝန္တာတောင်ကြီး၏ အရှေ့ဘက်အကျ ဆုံး အစွန်း (Eastern Most) ဖြစ်ပြီး၊ အထူးသဖြင့် မေလိခမြစ်ဘက်ခြမ်းမှာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိသဖြင့် သဘာဝပတ်ဝန်းကျင် လုံးဝပျက်စီးခြင်း မရှိသေးသည့်ဒေသဖြစ်ပေရာ၊ ရှားပါးမျိုးစိတ် Flora နှင့် Fauna များကိုတွေ့မြင်နိုင် ပေသည်။ အခြားရှားပါးသော၊ ပန်ဒါဝက်ဝံအနီ၊ ဝက်ဝံအမဲ၊ သားမင်း၊ ငှက်အမျိုးမျိုး၊ အဖိုးတန်သစ်ဥသစ်ဖုများ ရှားပါးစွာပေါက်ရောက်ကြသဖြင့် လွန်စွာ အဖိုးထိုက်တန် လှပေသည်။ ထို့ပြင်ချစ်ခင် ဖွယ်ကောင်းသော ညီနောင် တိုင်းရင်းသားများဖြစ်သည့် ကချင်၊ ရဝမ်၊ လီဆူး၊ ဂျိန်းဖော စသည်တို့၏ နေရင်းဒေသလည်းဖြစ်ပေရာ၊ တမံတည်ဆောက် လိုက်သဖြင့် မည်မျှထိခိုက်သွား မည်ကို တွေးကြည့်ရန်ပင် မစဉ်းစားရဲအောင် ဖြစ်ရပေသည် တမံကို နှစ်နှင့်ချီ၍တည်ဆောက်ရမည်ဖြစ်ရာ လူသံ၊ စက်သံ၊ တောင်ဖြိုသံ၊ မိုင်းခွဲသံ၊ လမ်းဖောက် သံ စသည့်အသံဆိုးများကြောင့် တိုင်းရင်းသားမျိုးနွယ် စုများ၊ တောနေသတ္တဝါများနှင့် ရေနေသတ္တဝါများတို့အားလုံး ထွက်ပြေး သေဆုံး   ပျောက်ကွယ်သွား ကြမည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ပါသည်။

ASEAN (၁၀) နိုင်ငံသည် အပူပိုင်းဇုံတွင်း (Tropical) ကျရောက်သော်လည်း၊ မြန်မာနိုင်ငံတစ်ခုတည်းသာ၊ ဟိမဝန္တာတောင်ကြီး၏ အရှေ့ဘက်အကျဆုံး အစွန်းနှင့် ထိစပ်နေသဖြင့်၊ နှင်းဖုံးသောတောင်တန်းများ (Snow-capped Mountain) ရေခဲမြစ်များ တည်ရှိပြီး လူတို့တက်ရောက်နိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပါသည်။ အခြား (၉) နိုင်ငံတွင် မရှိပါ။ ရောက်ဘူးလို၏၊ တက်ရောက်လို၏၊ တွေ့မြင်လို၏၊ ခံစားလို၏။ ASEAN ၏ဆွစ်ဇာလန်နိုင်ငံ ဖြစ်ပေသည်။ တောင်ပေါ်တွင် ရေခဲပြင် လျှောစီးနိုင်၏ (Skiing)၊ တောင်ပေါ်လမ်းများ ရှာ၍ လျှောက်နိုင်၏ (Mountain Trekking)၊ တောင်ကုန်း အဖုအထစ်များကြားတွင် အခက်အခဲစက်ဘီးစီးနိုင်၏ (Mountain Biking)၊ ထို့ပြင် သဘာဝအခြေခံခရီးသွား ခြင်း (Eco-tourism) ကိုလည်းပြုလုပ်နိုင်၏၊ အရှေ့တောင်အာရှတွင် မည်သည့်နိုင်ငံ တွင်မှ မရှိသော၊ ရင်ခံစွန့်စားရသည့် ရာဘာဖောင်နှင့်ရေစီးသန်ကာ အနိမ့်အမြင့်နှင့် အလျောကောင်းသော မေလိခမြစ်အတွင်း ကျောက်ဆောင်များအကြား မျှောချနိုင်၏ (White Water Rafting)၊ စွန့်စားလိုသူတို့အတွက် နိဗ္ဗာန်ဘုံပင်ဖြစ်ပေသည်။

အခြေအနေပေးပါက၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက်မည်သာဖြစ်ပြီး ငွေကိုသဲ့ယူနိုင်သည့်မြစ်အတွင်းတွင်၊ တမံအဆင့်ဆင့်ကို တည်ဆောက်လိုက်ခြင်း ဖြင့် စွဲဆောင်နိုင်သည့် လုပ်ငန်းများအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သဖြင့် ကမ္ဘာတည်သရွေ့ ရေရှည်စဉ်ဆက်မပြတ် အကျိုးရှိနေသည့် (Sustainable) လုပ်ငန်းများကို မဖျက်ဆီးသင့်ပေ။

ဆက်ပါဦးမည်…..

13 comments

  • ပေါက်ဖော်

    September 13, 2011 at 11:09 am

    ကြိုက်လွန်းလို ့..နှစ်ခါပြန် ဖတ် ပစ်လိုက်တယ်.. 😀
    ဆက်ပါဦ….ဦဒဲ့..ရဲ့…နောက်…သိချင်ပါသေးရဲ့

  • blackchaw

    September 13, 2011 at 12:10 pm

    ဧရာဝတီ မြစ်ကြီး တောင် အဆုံးရှုံးခံပြီး လုပ်ရတဲ့ အလုပ်က ဘယ်သူ့ အတွက်လဲ ?
    အဲဒါ သိတ် အရေးကြီးတယ်။
    မြန်မာနိုင်ငံထုတ် သတင်းစာထဲမှာ ဖတ်ဘူးတယ်။
    အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေး တို့အရေးတဲ့။
    ဧရာဝတီမြစ်ကြီး ဆုံးရှုံးရတာ အချုပ်အခြာအာဏာ မတည်တံ့ မခိုင်မြဲတဲ့ သဘောပါ။
    သတင်းစာထဲမှာပဲ ဖတ်ဘူးတယ်။
    နယ်ချဲ့လက်သစ် တဲ့။ တော်တော်လှတဲ့ စကားလုံးပဲ။
    နယ်ချဲ့လက်သစ်ဟာ ဘယ်သူလဲ?
    ပြည်ပအားကိုး ပုဆိန်ရိုးတဲ့။
    ပုဆိန်ရိုး အစစ်ဟာ ဘယ်သူလဲ?
    အဲဒီအဖြေကို ဧရာဝတီက ပြောပါလိမ့်မယ်။

  • Maung Dae`

    September 13, 2011 at 12:11 pm

    ဟုတ်ကဲ့ ကျွန်တော်သူ့စာမူတွေရိုက်နေတာမပြီးသေးလို့ ပြီးသလောက်လေးတင်ပေးထားတာပါ.. အခုဆက်ရိုုက်နေပါတယ်.. အများကြီးတော့မဟုတ်ပါဘူး.. ကျွန်တော်ကိုက အလုပ်ရှုပ်နေလို့ပါ.. ဆက်တင်ဦးမှာပါ.. စိတ်ချပါ ပေါက်ဖော်ရေ.. တင်ကို တင်ဦးမှာ…

  • မီးမီး သော်

    September 13, 2011 at 12:15 pm

    ဟုတ်ကဲ့ပါရှင် စောင့်ပြီးအားပေးနေပါမယ်။စိတ်ဝင်စားဖွယ်ကောင်းလို ့ပါ။

  • R Ga

    September 13, 2011 at 3:03 pm

    ဧရာဝတီ ရာဇဝင်များရဲ သတို့သမီး တို့ရဲ့ ဝိညာဉ် ……..။ ဧရာဝတီ….

    ကိုငှက်ကြီးကဒါတွေကြိုသိလို့များ ဒီသီချင်းလေးဖန်တီးသွားခဲ့သလား ပဲ..။ အခုတော့ ကျွန်တော်တို့ရဲ့ သွေးကြော ရာဇဝင်များရဲ့ သတို့သမီး ကြီးလည်း မျက်ရည်ဆက်လက်နဲ့..ငိုပွဲဆင်..ကြိုးစင်အတင်ခံလိုက် ရှာ ပေါ့။

  • နီလေး

    September 13, 2011 at 3:51 pm

    တကယ်ကိုနှမြောမိပါတယ် ဧရာဝတီကြီးရယ်

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 13, 2011 at 5:24 pm

    ကြိုက်တယ်ဗျို့ ဧရာဝတီကိုကြိုးစင်တင်မယ့်အစား ငဇော်မင်းသာတင်လိုက်ပါတော့လားကွာ။

  • Don Juan Ronald

    September 13, 2011 at 11:54 pm

    ဆည်မြောင်းမှ အငြိမ်းစားယူထားတဲ့ အရာရှိကြီးတစ်ယောက်ရဲ့ သုံးသပ်ချက်ဟာအလွန်ကောင်းပါသည်၊ဒါပေသည့်ဒီအရာရှိကြီးနိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့စဉ်ဤမျှကောင်းသောအမျှော်အမြင်များကိုအဘယ်ကြောင့် pushed မလုပ်ခဲ့သနည်း????ဒါမှမဟုတ်အဲသည်အချိန်တုံးကတခြားဟာလုပ်နေပြီး၊ယခုမှသတိရတာလား။လှပသောရေခဲတောင်များသည်၊ပူတာအို၊နောင်မွန်း၊မချမ်းဘောမှာရှိတာပါ၊မြစ်ဆုံနှင့်နဲနဲလှမ်ဝေးပါသေးသည်။ဘာအလုပ်မဆိုဒေသခံတွေ၏ဆန္ဒကိုလေးစားရပါမည်။

    ဘထွေးလည်းတချိန်ကျရင်သေသွားမှာဘဲ၊ဘထွေးသေရင်အမွှေရမှာပေါ့။
    ဂျပန်၊ကိုးရီးယား၊ထိုင်ဝမ်၊ဟောင်ကောင်၊စင်ကာပူတို ့မှာလည်းကိုလ်နှင့်သင့်တော်ရာဘထွေးတွေရှိခဲ့ဘူးသည်။
    ဗမာပြည်တချိန်အခါကကမာ္ကပေါ်မှာအရေးပါအရာရောက်ခဲ့စဉ်က၊ယခုတလောမှဘထွေးဖြစ်လာသည့်ဆွေမျိုးပေါက်ဖော်သည်၊
    သူ ့နိုင်ငံမှာလူသန်းပေါင်းများစွာငတ်မွတ်သေဆုံးနေသည့်ကြားမှဗမာပြည်ကြီးကိုသံလွင်မြစ်ကူးတံတား(ကွတ်ခိုင်)၊သုံးထပ်သားစက်ရုံ၊စက္ကူချက်စက်ရုံ၊သကြားစက်၊အားကစားရုံစသဖြင့်လာတည်ဆောက်ပြီးဗမာတွေကိုလာဖားခဲ့ဖူးသည်ကိုမေ့ပစ်ဖို ့မကောင်းပါ။

    ဒီဘထွေးကိုကျနော်လည်းမနှစ်သက်ပါအလွန်ရွံရှာသည်၊ဒါပေမည့်အမှန်တရားကိုလက်ခံရမည်။ဘထွေးကယခုအချိန်အင်အားရှိလာပြီ၊ဘထွေးတော်ခြင်လို ့မတော်လိုက်ရတဲ့အနောက်နိုင်ငံတွေတောင်မှသူ ့မျက်နှာကြည့်ရသေးသည်လေးစားရသေးသည်၊ဘထွေးရဲ့တချိန်တုံးကရန်သူတွေယခုအားလုံးမိတ်ဆွေဖြစ်နေကြပြီ
    ရပ်ဝေး ရေနှင့်မီးငြိမ်းမည့်အစားလက်လှမ်းမှီရေဖြင့်မီးငြိမ်းရင်ပိုသေခြာသည်၊ဗမာပြည်ကြီးငတ်နေတာကြာပြီ၊ဉာဏ်ရှိရင်ဘထွးနှင့်ပေါင်းပြီးနှစ်ဦးနှစ်ဖက်အကျိုးရှိအောင်လုပ်ဆောင်ကြပါ၊ဘထွေးအတွက်ဗမာပြည်ကြီးသည်၊မရှိမဖြစ်အလွန်အရေးကြီးပါသည်။

    globlization ခေတ်မှာလူမျိုးရေးတွေသိပ်အားမပေးနဲ ့။
    ဗိုလ်ရှုမောင်ခေတ်မှာလည်းလူမျိုးရေးနှင့်လှုပ်ဆော်ရေးကိုဦးစားပေးလွန်းလို ့ပြည်ပျက်သွားတာဖြစ်သည်။

    • Maung Dae`

      September 14, 2011 at 9:46 am

      ူအစိုးရဆီမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေမှန်သမျှ အမှန်ကို မပြောရဲ တာသူတစ်ယောက်တည်းတော့ ဟုတ်မယ်မထင်ဘူး.. မှန်ပါ့ဘုရားဆို.. သတ်စေ… ဆိုတဲ့စကားက နောက်ကလိုက်လာတက်တယ်လေ…
      ပထွေးကြီးအတွက်ဗမာပြည်ကြီးသည်မရှိမဖြစ်အရေးကြီးပါသည်။ ဆိုတာမှန်ပါတယ်ခင်ဗျ.. ဘာလို့လဲဆိုတော့ တရုတ်ပထွေးကြီးတင် မဟုတ်ပါဘူး.. အိန္ဒိယ ပထွေးကြီးကလည်း မြန်မာနိုင်ငံကိုမျက်စိကျနေပါတယ်.. ဒါပေမယ့် နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် လုပ်ဆောင်ကြဖို့ဆိုတာကတော့.. ဖြစ်နိုင်မယ်မထင်ပါ.. တရုတ်တွေရဲ့အကျင့်က ရသမျှအကုန်ယူမှာပဲ.. အပိုင်း (၃) မှာဖတ်ကြည့်ပါ.. သစ်ခုတ်ခွင့်ပါမစ်ရတုန်းက အမြစ်ဖော်ပြီး မြေပါလှန်သွားတဲ့အတွက် တောင်တွေအကုန်ဂတုံးဖြစ်တယ်လေ.. ဂျပန်ကုမ္ပဏီတွေ ကတော့ စည်ကမ်းရှိတယ် ကျွန်းပင်တွေကိုပဲခုတ်တယ်.. အမြစ်မလှန်ဘူး သတ်မှတ်ချက်အတိုင်းခုတ်တယ်.. အဲ့သည်တော့ဘာဖြစ်လဲ သစ်တောလဲမပြုန်းတီးဘူး ရာသီဥတုလဲမထိခိုက်ဘူး.. ပြည်သူတွေ တော်တော်များများကလည်း တရုတ်အကြောင်းကို ကောင်းကောင်းသိလို့ ကန့်ကွက်နေကြတာပါ.. ကိုယ့်နို်င်ငံမှာ တမံကြီးလာဆောက်ပေးမယ်ဆိုပြီးသံကောင်းဟစ်တယ်… အဲ့သည်နယ်က ထွက်သမျှ သစ်ပင် ဝါးပင်.. ရွှေကျင်လို့ရနိုင်မယ့် သဲ၊ မြေတွေ.. ကျောက်စိမ်းတွေ ဟာ တရုတ်လက်ထဲကို နှစ်အကန့်အသတ်မရှိရောက်သွားမှာ… တကယ်လို့ ဆည်ကျိုးပြီး တစ်ခုခုဖြစ်ပါပြီတဲ့… တရုတ်ကလဲ ဝ မသိဘူးလေ လို့ပြောမှာဖြစ်သလို ကုလသပ္မဂ္ဂကလည်း မြန်မာပြည်သူတွေအတွက် စိုးရိမ်မိပါသည် ဆိုတဲ့ စကားကလွဲလို့ ဘာမှလုပ်ပေးနိုင်မှာမဟုတ်ဖူး…

      နောင်ကြီးလဲ လေ့လာ စဉ်းစားကြည့်ပေါ့…

  • surmi

    September 14, 2011 at 12:21 am

    သခင် အားရ ကျွန် ပါးဝ တဲ ့ ၊ ကိုယ် ့ ကို ကိုယ် ကျွန်ဖြစ်နေမှန်းမသိတဲ ့အာကျယ်ကောင်။ စစ်သားဆိုတာစစ်တိုက်တတ်မယ် ၊လူသတ်ရဲ မှာပေါ ့ဒါပေမဲ ့ရေအားလျှပ်စစ် နဲ ့သူနဲ ့ဘာဆိုင်လို ့လဲ။ အမဲရိုးနယ် ဟင်း အိုး မှအားမနာ၊ အနူလက် နဲ ့ ရွှေခွက်နှိုက် ချင်သေး တယ်၊ မိုး ကောင်းတုန်း ရွာထားအုံး ပေါ ့၊ထင်း ခွေမကြုံ ရေခတ်ကြုံ ဉီး မှာပါ အဲဒီခါကြ ရင် ပဝါမကူ ရေမရှုတမ်း နော် ကဒါဖီ ကို မြင်တယ်မဟုတ်လား သာဒင်ကိုဘာထင်လဲ (အဲလေ) ပြည်သူ ကိုဘာထင်လဲ ဧရာဝတီကို လာမထိနဲ——- ့ ဟောဒါကြီးနဲ ့ပစ်လိုက်မယ် ( တောရွာတွေမှာချိန်းခြေက်နေကြစကားပါ )

  • redbull

    September 14, 2011 at 12:37 am

    အမရေး…ကြောက်ချာကြီးတွေပါလား..
    ဘာတွေ ဆက်ဖြစ်ဦးမလဲ ဟင်… 🙄

  • TTNU

    September 14, 2011 at 12:40 am

    ကျေးဇူးနော်။ ကူးထားလိုက်ပါတယ်။

Leave a Reply