Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငှက်မွှေး ပန်းချီ

etoneNovember 23, 20112min43328

ငှက်မွှေးလေးတွေပေါ်မှာ ဒီဇိုင်းအမျိုးမျိုးနဲ့ အသေးစိတ်ပန်းချီရေးဆွဲထားတာပါ … ။

2008 ခုနှစ် ၊ မတ်လကတည်းက မေးလ်ထဲကိုရောက်နေတာပါ ။ ခရက်ဒစ်ပေးရအောင်လည်း ဘယ်ဆိုက်ကမှန်းကမသိဆိုတော့ … ဒီတိုင်းပဲ ပုံတွေတင်ပေးလိုက်တယ် … ။

တကယ်ပဲ လက်ရာမြောက်အောင်ဆွဲနိုင်တာလား ၊ အင်ကြီးလား ဆိုတာကတော့ …. ကြည့်ပြီးသာ ဝေဖန်ကြပါတော့ … ။

 

 

 

 

 

 

 

 

 

 

28 comments

  • windtalker

    November 23, 2011 at 3:27 pm

    ငှက်မွှေးဆိုလို ့
    ဟိုကျမ်းထဲမှာ ဖတ်ဖူးတာလေး တစ်ခုရှိတယ်
    ချစ်သူနှစ်ယောက် ပျော်ရွှင်ကြဖို ့ငှက်မွှေးတောင် တစ်ခု လိုအပ်တယ် တဲ့
    ဒီပုံထဲက ဟာမျိုး တစ်ခု လောက်လိုချင်စမ်းပါဘိ

    • nikita

      November 24, 2011 at 11:09 am

      ချစ်သူနှစ်ယောက် ပျော်ရွှင်ဖို့ အတွက် ငှက်မွှေးတောင် တစ်ခုက ဘာလို့ လိုအပ်တာလဲဟင်

    • “ဘီလူးကြီး”ogre

      November 24, 2011 at 5:06 pm

      ကိုပေ
      မရှင်းမရှင်းမလုပ်နဲ့ဗျာ
      ချစ်သူပျော်ဘို့ ငှက်မွှေးနဲ့ ဘာလုပ်ပေးရမှာလဲ ကျုပ်လဲသိချင်တယ်
      မရှင်းပြရင်တော့…ကျုပ်ထင်တာမှန်ပြီဗျ.. 😛 🙂

  • Diamond Key

    November 23, 2011 at 3:29 pm

    အားပါးပါး………အစစ်တွေ ဆိုရင်တော့ လက်ရာကမြောက်ပါ့ဗျာ။
    ကိုနိုရေ၊ မအိတုန်ကြီးက တို့ဆြာဂီ ကိုများပြောနေသလားမသိ……..(အင်ကြီးလား ဆိုတာကတော့ …. တဲ့) :mrgreen:
    တို့ ဆြာက အကောင်အစစ်တွေသာ နိုင်တာ…..အမွှေးတော့ မနိုင်လောက်ဘူး ထင်ပါတယ်။ 😆
    ပြောလို့တော့ မရဘူး သူက အနောက်ကျွန်း ဆြာမှော် ထက်စွမ်းတဲ့ အရှေ့ကျွန်း ဓါတ်မှော်အောင်ထားတာ 😉

  • နွယ်ပင်

    November 23, 2011 at 3:34 pm

    လက်ရာကတော်တော်မြောက်တာပဲနော်
    တော်တော်လေးလဲ အနုစိတ်ဆွဲရမယ်ထင်တယ်
    အရမ်းလဲ လှတယ် …

    • char too lan

      November 24, 2011 at 8:54 pm

      နွယ်ပင် says:
      နွယ်ပင်ကဘာလိုု့ ဖင်တခြား ခေါင်းတခြားဖြစ်သွားဒါလဲ ????

  • ကိုရင်စည်သူ

    November 23, 2011 at 3:39 pm

    အရှေ့ကျွန်းက အင်ကြီးတို့များ
    ငှက်မွှေးရေးတဲ့ထဲ တောင်ပါနေပြီ…
    မလုပ်နဲ့ သူကလည်း အရှေ့ကျွန်းမှာ
    ဓါတ်မှောင်အော်ဖို့ ကျင့်ခဲ့တုန်းက..
    အမွှေးတွေတော်တော်ကျွတ်ခဲ့တယ်ကြားတယ်… အဟီး.. 😀 😀
    ခုဆိုပြောင်လို့…………….
    ထိပ်..ထိပ်… ပြောင်တယ်ပြောတာ.. 😆 😆

  • inz@ghi

    November 23, 2011 at 3:45 pm

    အင်ကြီးခမျာ …
    တနားထှာ ….
    ဒီအချိုးနဲ့ကွာ …ဪ ..

    မိမိုးကယ်ပါ …………….

    • Moe Z

      November 23, 2011 at 4:08 pm

      အကြော်ရောင်းတဲ့ ဂျီးဒေါ်မိုးလားဟင် ??

      • inz@ghi

        November 23, 2011 at 4:13 pm

        အကြော်ရောင်းပေမင့် …
        အခေါ်မပြောင်းနိုင်ပါဘု ….
        အိုဘယ့် ဂျီးဒေါ် မိုး ရယ်….

        လှမ်းနေလျက်ကနေ
        ပန်းတွေလက်မှာ မဝေမှာ စိုး လို့ ……
        အိုဘယ့် မန်းဂေဇက်ကမိုး ရယ်. ….
        သချင်္ာဝင့်ကြော် တပွဲ လောက် …

        (တိန် …ဘာမှလည်း ဆိုင်ဝူး…)

  • MaMa

    November 23, 2011 at 4:52 pm

    ဘယ်ကများ ရှာထားပါလိမ့်။ လှလိုက်တဲ့ ပုံလေးတွေ။ 🙂

  • AKKO

    November 23, 2011 at 4:56 pm

    ငှက်မွှေးက ငှက်မွှေးပါပဲ ။ ကြာကြာထားလျှင် အိမ်တောင်ရှုပ်သေးတယ် 😛

  • E.T

    November 23, 2011 at 5:17 pm

    တောင့်တောင့်လေး ဖြစ်အောင် အရင်လုပ်ရမယ်ထင်တယ်နော်။ မဟုတ်ရင်တော့ ဆွဲရမှာ မလွယ်ဘူး။ ငှက်မွှေး တစ်ချောင်းရှာပြီး ကော်ရည်စိမ်၊ ပြီးရင် ပန်းချီ ဆွဲ .. ဓာတ်ပုံရိုက်ပြီး မောင်အီးတီ လက်ရာဆိုပြီး တင်ဦးမှ

  • koaung

    November 23, 2011 at 5:54 pm

    ဒိလိုမျိုးလှတာတခါမှမမြင်ဘူးဘူး တော်တော်ဈေးကြီးမဲ့ပုံပဲ

  • sususan

    November 23, 2011 at 6:01 pm

    လက်ရာမြောက်လွန်းလှတဲ့ အနုပညာတစ်ပါးပါလားနော်။တင်ပြပေးသူကို
    ကျေးဇူးတင်လိုက်တာ။

  • water-melon

    November 23, 2011 at 6:04 pm

    ဒီပုံတွေကိုတော့ မမြင်ဘူးဘူးဗျ။ တစ်ခြားငှက်မွှေးပန်းချီတော့ တွေ့ဘူးတယ်။ နိုဝင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းထဲမှာတော့ပါတယ်။ အကြောင်းစုံသိရအောင် ငှားဖတ်ကြပေါ့ ရွာသူရွာသားတို့ရယ်။

  • mandalarthu

    November 23, 2011 at 10:02 pm

    etone ရေ
    ငှက်မွှေးပန်းချီတော့ တခါမှ မတွေ့ဘူးဘူး။ အတော် လက်ရာမြောက်တယ်နော်၊။ဒီလောက်လှတာတော ့
    တခါမှ မတွေ ့ဘူးသေးဘူး။
    အစစ်နဲ ့အတုလဲ မခွဲတတ်လို ့မပြောတတ်ဘူး ဖြစ်နေတယ်။
    ပုံတွေကိုတော ့ကြိုက်လို ့ကူးသွားလိုက်တယ်။
    ကျေးဇူးဘဲနော်။

  • TTNU

    November 24, 2011 at 1:39 am

    Etone,
    All are amazing. I can’t help copying them. Thanks.
    Aunty.

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 24, 2011 at 8:36 am

    တစ်ယောက်ယောက် တင်ထားဘူးသလိုလို ဘာလိုလို
    ဘာလိုလိုဘဲ 😀

    • etone

      November 24, 2011 at 1:03 pm

      အဒူတင်ဘူးတာ တုန်း … လင့်လေးရှိလျှင် ရှဲပါဦး အဘုပရေ ။

  • lone

    November 24, 2011 at 10:50 am

    အင်ကြီးဖြစ်ဖို့များတယ်…ငှက်မွှေးပေါ်မှာ အပေါ်ကပုံကိုထပ်ပြီး…ပြန်ပြင်ထားတာဖြစ်မယ်…အနားလေးတွေကို ဖြတ်ထားတာကြည့်ရင်သိနိုင်တယ်…

  • nozomi

    November 24, 2011 at 12:40 pm

    မြန်မာပြည်မှာတင် လက်တွေ့ အသုံးချလို့ ရမဲ့နည်းကတော့
    ဒေါက်တာကိုကိုက အီးတုန်းစိတ်ကောက်ရင် ငှက်မွေးလေးနဲ့ မွှေ့ပေး စိတ်ဆိုးပြေပြီး ပြန်တည့် …ဟုတ်နေတာပဲ

    အဲဒီလို မဟုတ်ပဲ နေရာမှာ မွှေ့မိရင်တော့ အင်း….
    (နားထဲ ၊ နှာခေါင်းပေါက်ထဲ ဆိုရင်လေ..)

    • etone

      November 24, 2011 at 1:01 pm

      အောင်မလေး ကိုအဖျောင်ယူရေ … ကျွန်မတို့က သူများတွေလို အိညက်အိညက်အတွဲမဟုတ်ပါဘူး ။ မတို့ရက်မထိရက် မထိတထိစဖို့နေနေသာသာ … စကားပြောတာ နည်းနည်း တိုးသွားပြီး ….တစ်ခါထက်နှစ်ခါပြန်ပြောရလျှင် အသံနဲ့တင် လူသေလောက်တယ် 😀

      တကယ်ပါ သူများတွေလို ပန်းခြံထဲ ကွိကျိကွိကျိလည်း သွားမထိုင်ဘူးပါဘူး ။ ကန်ဘောင်မှာလည်း ထီးလေးကွယ်ပြီး ပတ်ချွဲနပ်ချွဲလည်း မလုပ်ဘူးပါဘူး … ရုပ်ရှင်သွားကြည့်ရင်တောင်မှ ဘေးမှာလိုက်ပြီး အိပ်တာ ဟောက်သံတောင်ထွက်တယ် … ။
      ကျွန်မက စိတ်အရမ်းမြန်တယ် … အိညက်အိညက်လည်း မကြိုက်သလို …သူကတော့ အေးလွန်းတယ် …. ။ တစ်ခါတစ်လေ မေးလျှင်တောင်မှ မကြားသလို လို ကြားသလိုလို လုပ်နေတတ်တာ … မထုံတတ်တေးနဲ့ … ဒါကြောင့်ကျီစားမယ့်အချိန်လည်း မရှိသလောက်ပါပဲ … ။

      • ကြောင်ကြီး

        November 24, 2011 at 1:15 pm

        အဲလောက်တောင် သုံးမရရင်လည်း သူ့ကို ဗန်ကောက်ကိုပို့ပြီး ကိုပုလို surgery လုပ်ပစ်လိုက်ကွာ။ အီးဒုံးအတွက် ပိုထူးလာစရာ မရှိမှတော့ဘူး ဆိုလို့ပါ။။။။။။

        • မိုက်ကယ်ဂျော်နီအောင်ပု

          November 24, 2011 at 2:02 pm

          ဟုတ်မှာ ဟုတ်မှာ
          ဒေါက်တာတို့ကတော့ အိညက်ညက်လာမလုပ်နဲ့
          စိတ်တိုင်းမကျလို့ဂဒေါ့ ဟင်းဟင်း ဗဟမ်းဗဟမ်း
          စိတ်ပါလက်ပါ ပွဲကြမ်းဘလိုက်ဒါ 😀 😀 😀
          ဟုတ်တယ်နော် ဒေါက်တာ

        • etone

          November 24, 2011 at 2:03 pm

          ဟွန့် .. လုပ်ပါနဲ့ … ရှားရှားပါးပါး … ဒီတယောက်ပဲ ရှိတာ .. အလိမ္မာအိမ်ပါလေးကို … လိုင်းမသွင်းခိုင်းချင်ပါဘူး … ။ :mrgreen:
          သူကအေးတော့ ဘာဖြစ်တုန်း … ကိုယ့်စိတ်ကြိုက်ပဲဟာကို … တစ်ခုခုဆိုလျှင်တောင် ကိုယ်ကစပြီး စားမယ် ၊ သွားမယ် စိတ်ကြိုက်ပြောလို့တောင်ရသေးတယ် … ဟဲဟဲ 😆

  • char too lan

    November 24, 2011 at 8:52 pm

    မနေ့က မြန်မာစာတွေလဲ ရိုုက်ခဲ့ပါဒယ်
    ဘယ်ရောက်သွားတာလဲ…..???? :8O:

Leave a Reply