Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မုဆိုးမှ သားကောင်ဖြစ်သွားသူများအကြောင်း.. Autumn in my Heart -3

ムラカミDecember 15, 20114min63120

 

 

 

 

 

Autumn in my heart-3 ကိုတင်ဖို့ကြည့်လိုက်တော့ ..

ပုံက သိပ် စိတ်တိုင်းကျ မရှိ …..

စိုင် ပစ်ထားတာက . … တင်ချင်စိတ်မရှိ  …. မရှိဆို အလွမ်းဇာတ် ရိုက်ထားတာကိုး …

ထားတော့ …သူများ ပါစင်နယ် တွေပါတော့မယ် ..

သည်တော့ ဘဝတူ ကင်မလာ သမားတွေကို candid ပြန်လုပ်ကြံထားတာတွေ တင်ဖို့ အကြံရတယ်ဗျ

 

နည်းနည်းပြင်ပြီး တင်လိုက်ပြီဗျာ …..

စကားမစပ် သည်မှာ ကင်မလာ မန်း များတယ်ဗျ…. လိုင်းတခုဆိုတခု ..ဇောက်ချ လေ့လာတဲ့လူတွေချည်းပဲ

ကျနော့်လို ဟိုစပ်စပ် သည်စပ်စပ် ရိုက်တဲ့လူ တယောက်မှ မပါဘူးရယ်….landscape ဆို Landscape လေ့လာ

ကြသူတွေချည်းပဲ ….

 

1. the listener

ကျနော် သူ့လို သီချင်းနားထောင်နေရင်းတော့ မရိုက်တတ်ဘူးဗျ …. mood ပျက်လို့ အေးလေ …ကျနော်ကလည်း

Rock နားထောင်တာကိုး … သူကတော့ ဗီထှောဗင်း ဗီဗယ်ဒီ ဖွင့်ပီး ရိုက်နေလားမှ မသိတာ ….

စကားမစပ် ဘိုးတော် က CPL သုံးတယ် ထင်တယ်ဗျ … ဟုတ်လားဟင် ဆြာသော့?

 

2. လုုံးဝ မနာလိုဘူး …

 

ကြည်နူးနေကြတာများပြောပါတယ်. ..candid တွေထဲမှာ ဒါမျိုး ၁ဝပုံလောက်ပါတယ်….

ငတိများက ကောင်မလေးနဲ့ ကိုရော်(autumn leaves) ရိုက်ပေးလိုက် …ကိုရော် သပ်သပ်ရိုက်ခေါင်းချင်းယှဉ်

ကြည်နူးလိုက်နဲ့ …… ပိုဆိုးတာ က ကင်မလာ လက်ထဲလာလာထိုးပေးပြီး ရိုက်ခိုင်းတဲ့ လူတွေ ကို …….

 

 

အံမယ် တချို့များ  ဟိုလိုလေးနော် သည်လိုလေးနော် ဆြာ လုပ်တတ်ကြသေး …. နိုက်ကွန်တွေလာထိုးပေးရင် ကျနော်နဲ့ အသားမကျတဲ့

7D တွေလာပေးရင် ချွေးပြန်ရတယ် တကယ်. … သည်တော့ နောက်ပိုင် း… ဟိတ်လူ ရိုက်ပေးမယ် ကျုပ်ဘော်ဒီနဲ့ပဲရမယ် …ပြောင်းလာတပ်ချင်တပ်

ကဒ်ပေး …. ဒါပဲ …… (အလိုက်မသိတဲ့ကောင်တွေ ….သည်ပုံထဲက ပေါက်ခေါ အဆိုးဆုံး …)

 

 

3. သိသွားတယ် ထင်တယ်…

အစက ကျနော်လည်း သိသွားတယ်ထင်တာဗျ …ဘယ်ဟုတ်မလဲ ..မြေမညီတော့ ထလိုင်ပေါ့ထောင်တာ အဆင်မပြေလို့…

စုံတွဲပုံ ရိုက်ပေးပါလား ဟင်  ပြောမလို့ကြည့်နေတာ …..

 

 

4.  သတိထားကြပါဆြာတို့ …

ရိုက်လိုက် ကင်မလာကို နှဖူးပေါ်က ပွတ်ဆွဲလိုက် …

ပြန်ရိုက်လိုက် နှဖူးကို လက်ခုံဖြင့် သုတ်ပြီး မော်နီတာ ငေးလိုက် ……

လျော့ကြပါနော … သတိပြုကြပါနော. …. မင်းမြတ်စက်ကြာ ကြီးဆို အတော် ပြောင်နေပြီ ကြားတယ်…

 

 

5. အန်တီမမ များလည်း ရှုကြပါသည်…

မှတ်ချက် ရွာထဲက သတ်ပုံဆြာမ အန်တီမမ ကို မဆိုလိုပါခင်ဗျား ….

လေဒီရှုတာ ပါခင်ဗျား. ….

သာ့ထ်ပါတီ …ဘတ်တာဖလိုင်း ဟုဒ် ကြီးနဲ့ပါ

 

 

6. Romance

ကျုပ်ရတဲ့ ၁ပုဒ်တည်းသော ကလပ်စစ်ကယ် သီချင်းလေး …Autumn in my Heart

ကို အတိအကျ ဖွဲ့ဆိုတဲ့ပုံလေး ….သည် Album မှာထည့်ရတာ စိတ်တောင်မကောင်းတဲ့ပုံလေး…

မနာလိုတာတွေ အားကျတာတွေ အကုန်မေ့လောက်အောင် romantic ဖြစ်ရတဲ့ပုံလေးဗျာ …..

ဘာလို့လဲ ဆို ကောင်မလေး ပြောနေတဲ့ စကားတွေ ကျနော် အကုန် ကြားနေရတာကိုး …..

(ဘာပြောနေလဲ သိချင်ရင် PM ပို့ ….ခစ်ခစ်…)

နောက်အချိန်ရမှ သေချာ ပြန်ကိုင် ပြန်တင်မယ်ဗျာ ….candid ဆိုတော့ candid လိုပဲ တင်တော့မယ်..နော…

 

 

7. Patience 

 

ring ကို အပြည့် မကိုင်ထားဘူးဗျ. …. လက်ချောင်း အဆစ်ကလေးတွေ လောက်ပဲ ဒီဂရီ အနည်းငယ်စီလောက်

ကွေးတာ ဆန့်တာနဲ့ ကစားနေတာ …လုံးဝ manual သမား စစ်စစ်ကြီး

လေးစားပါ၏

 

 

 

8. The frame …

 

သူကျ တမျိုးဗျ ….frame ကို အသားပေးတဲ့လူစားမျိုးဗျ ကျယ်ကျယ်ရိုက် ပြန် CROPမယ်ဆိုတဲ့

မက်သတ်ကို အားမကိုးတဲ့လူ ဖြစ်မယ်ဗျ ….

 

 

 

9. ဘွားဘွား တို့လည်း ရှုပါမယ် …

ပညာလို အိုသည်မရှိတဲ့ဗျ …. ဒါ့ပုံပညာသင်ယူနိုင်သော အသက်အရွယ် ရယ်လို့ ကန့်သတ်ထားတာကျုပ်တော့ မကြားမိပေါင်ဗျာ…

မျက်စိမြင်ဖို့တော့ …Color blind မဖြစ်ဖို့တော့ လိုသပေါ့လေ. …

(သည်လိုရေးလို့ discrimination လုပ်တယ် မထင်စေလိုပါ ..အရှိကို အရှိအတိုင်း ရေးလိုက်တာပါခင်ဗျား…)

 

 

 

10. Mr. Sniper..

ပြောင်းအရတော့ အဝေးပစ်ပြောင်းဗျ….

ကနွန်းသမားပဲ …အဲ့ ..ထူးခြားတာ က extender ကြီးတပ်ထားတာ ပဲ ..

ကျုပ်သိသလောက်တော့ ….2x extender ဖြစ်ဖို့များတယ်ဗျ….

အကြင်သူသည် ၁၀၀-၄၀ဝ မမ ကို extender တပ်ပြီး ချောင်းနေအံ့

ထိုသူ့ရှေ့မှ ဖြတ်လျောက်သင့်…..

 

 

 

11. my favorite 

မမန့်တော့ဘူးဗျာ …သည် အယ်လ်ဘမ်မှာ ကျနော် အကြိုက်ဆုံးပုံ ဟာ သည်ပုံပဲ …

ကိုယ်တိုင်ခံစား …ကြည့်ကြပါ….

 

 

12. The Ninja 

သူလည်း လေဒီ ရှူတာ ပါပဲ …တမင်ရုပ်ဖျက်ထားတာတော့မဟုတ်ပါဘူး

နှာစေးချောင်းဆိုး ဖြစ်နေလို့သော်လည်းကောင်း (ယဉ်ကျေးမှုအရ)

ဖုန်နှင့် ပန်းဝတ်မှုန်များကို အလာဂျီ ဖြစ်၍ သော်လည်းကောင်း ..

တပ်ဆင်ထားခြင်းသာ ဖြစ်ပါသည်…

 

ကဲ ပြီးပြီဗျ …အားပေးပါဦး …. သည်ပုံတွေ ပြန်သုံးသပ်တော့မှ ကျနော်လည်း

သင်ခန်းစာ တခုရတယ်…. ဟုတ်တယ် ဆြာတို့ရေ့ …third party lens တွေကို လျော့မတွက်သင့်ဘူး…

ကနွန်း နဲ့ နစ်ကွန်း ရဲ့ အော်ရီဂျင်ဒယ် လန်းစ် တွေကို မမီတော့ မမီဘူးပေါ့ဗျာ … သို့သော် စိတ်ကျေနပ်ဖွယ်

ကောင်းတယ် ဆိုတဲ့ အဆင့်ထက်တော့ သာလွန်ကြောင်း … ကျနော် ဖမ်းဆီးရမိတဲ့ …သားကောင် တဖြစ်လည်း

မုဆိုးများက ကျနော့်ကို တိုးတိုးလေး ပြောပြသွားပါကြောင်း…

 

ခင်တဲ့

Inz@ghi

20 comments

  • windtalker

    December 15, 2011 at 8:10 pm

    အနုပညာ ကို ကိုယ်စိတ်ကြိုက် ခံစားခွင့်ရှိပြီး
    ကိုယ်စိတ်ကြိုက် ပြန်တင်ပြခွင့်ရှိတဲ့ အထဲမှာ
    ဓါတ်ပုံဆရာတွေ က နံပါတ်တစ်တဲ့….

  • MaMa

    December 15, 2011 at 9:01 pm

    လွတ်နေတဲ့မုဆိုးလည်း ဘယ်မုဆိုးနဲ့တွေ့ပြီး ဘယ်တော့ သားကောင်ဖြစ်မယ်မသိ????
    😆

    • inz@ghi

      December 15, 2011 at 9:05 pm

      ကျနော်လည်း မကြာခန သားကောင်ဖြစ်ဖူးကြောင်းပါ ခင်ဗျား …
      😀

      သို့သော် ထိုပုံများကိုတော့ ဖွက်ထားပါသည်…..ဟီဟိ။။။

  • pooch

    December 15, 2011 at 9:07 pm

    မစ္စတာ ဂျီးနီးယက်စ်ရေ ဒီလိုပုံတွေကို ပြောတာ ကြည့်ချင်နေတာရော ရိုက်တတ်ချင်စိတ်နဲ့ အားကျနေတာရော ကြာပေါ့…

    ဟိုနေ့ က တင်တဲ့ လူကြားတဲ့က စိုင်ပုံတပုံကိုတော့ နှလုံးပြူးကြည့်ပြီး စိတ်ညစ်လို့ ဘာမှ ဝင်မမန်းခဲ့တာပါ.
    အဲ့ဒီနေ့ က ပုံတွေလည်း လှပါတယ်….

    ဒီပုံတွေတိုင်းမှာ လူတွေရဲ့ စိတ်ခံစားမှုတွေကို အမိအရဖမ်းဆုပ်နိုင်တယ်…

    ပုံ ၁ က လူတယောက်ရဲ့ ဝါသနာ အရင်းခံ ရယ် စိတ်အားထက်သန်မှုရယ်တွေ့တယ်..

    ပုံ ၂ က တကယ်ကို အပေးအယူမျှပြီး သူတို့နှစ်ယောက်ရဲ့ အချစ်က စစ်မှန်တယ်လို့ ခံစားရတယ်

    ပုံ ၃ ကတော့ တကယ့်မျက်နှာရိပ်မျက်နှာကဲကို ဖမ်းမိလိုက်တာပါ.. သူတို့နှစ်ယောက်ကပြောတယ် ဘာများပါလိမ့်တဲ့

    ပုံ ၆ က တော့ အချစ်က ဘက်မညီပါဘူး မိန်းကလေးက ချစ်သလောက် ယောက်ျားလေးက မချစ်ပါဘူး
    သူက မိန်းကလေးကိုလည်း လွှမ်းမိုးပါလိမ့်မယ်

    အနှစ်သက်ဆုံးပါပဲ ပုံ ၆ ကို …

    ကျန်ပုံတွေ အားလုံးကတော့ လူတွေရဲ့ စိတ်အားထက်သန်မှုနဲ့ ဝါသနာတွေကို တွေ့ပါတယ်

    ရွာထဲမှာ တနေ့ တနေ့ ဓာတ်ပုံတွေကို အများကြီး ကြည့်ရတယ် အမျိုးစုံ အဆင်စုံ အတွေးစုံ ရှုထောင့်စုံ ပညာစုံ ပျော်စရာကြီး..

    • inz@ghi

      December 15, 2011 at 9:22 pm

      ပုံ ၆ က ကျနော် ညံ့ဖျင်းလို့ capture လုပ်တာမှာ mood ကိုမခြုံငုံမိနိုင်ဘူးဖြစ်သွားတာဗျ ….
      ထောက်ပြပေးတာ ကျေးဇူးဗျာ … နောက်ဆို ကျနော် …. ဘယ်လိုရိုက်ရမလဲ ဆိုတာ ဝိုးတိုးဝါးတား
      နားလည်သွားတဲ့အတွက်ပါ. ..

      တကယ်က သည်လိုဗျ ..ကောင်မလေးက နည်းနည်း serious ဖြစ်တဲ့ အကြောင်းတခု
      ပြောလိုက်တယ်. ….(ပြောလိုက်တုန်း ကျနော် ရိုက်မိခဲ့သင့်တာ …)
      သည်တော့ ကောင်လေးက စ စဉ်းစားတယ်… ဘာမှ ပြန်မပြောဘဲ …တကယ် အလေးအနက်ထား
      စဉ်းစားခန်းဝင်တယ်ပေါ့ဗျာ … သည်အချိန်မှာ ကောင်မလေးက ပြောတယ်…
      “အစ်ကိုရယ် …. ညီမ ဆိုလိုချင်တာ သည်လို သည်လိုပါ ..အတွေးမခေါင်ပါနဲ့ …
      သောကမများပါနဲ့ ဟုတ်ပြီလား ..”ဆိုတာမျိုး အပြုံးလေးစွက်ပြီးပြောတယ်…..

      ငတိမျက်နှာမှာ စိုးရိမ်တာတွေ စိတ်ပူတာတွေ သောကတွေ ပျောက်ပြီး ..ဟုတ်မှာပါလေ
      ဆိုပြီး စဉ်းစားခန်းဝင်နေတာကိ ုလျော့ချလိုက်မယ့် အချိန် ဆိုပါတော့ ရိုက်လိုက်တာကတော့
      တကယ် သူတို့၂ဦးကြည်နူးသွားကြတဲ့ အချိန်လေးထက် ၂စက္ကန့်လောက်စောသွားတယ်ဗျ..
      (scene အရ အဲ့လောက် အူမြူးနေတာကို ဖွဲ့ဆိုရင် အလှပျက်ပြီမို့ …ဘာလိုလို ..ဆိုတဲ့ mood
      ပေးနိုင်တဲ့ သည်ပုံလေး တင်လိုက်မိခြင်းပါဗျာ)

      ကျုပ်မြင်ရသလောက်တော့ happy endingပါ..
      သူတို့ ကိုလည်း …အားကျပါသည် …

      မန့်ပေး ထောက်ပြပေးတာလည်း ကျေးဇူးတင်ပါသည်ခင်ဗျား

      ခင်တဲ့
      Inz@ghi

  • inz@ghi

    December 15, 2011 at 9:23 pm

    စကားမစပ်
    ကျနော့် ကို အဲ့လို မခေါ်စေချင်ဘူးဗျာ …
    ကျနော်ရထားတဲ့ နာမည်ပြောင်တွေ ၁ဝခုထက်မနည်းရှိပါတယ်…
    တခုခုရွေးပါလား ဟင်င်င်…

  • E.T

    December 15, 2011 at 9:56 pm

    ဂီဂီ ဘာများလုပ်နေသလဲ မှတ်တယ် အတွဲလိုက်ချောင်းနေတာကိုး 😛

  • pooch

    December 15, 2011 at 10:12 pm

    ့hey! i never call like this everyone. in my whole life, i rarely find out like this. i used to meet the genius only 2. the first one is the niece of my best friend. she is really good at painting and art. she is special one i’ve ever seen . now she is only 8 but her artist is amazing. even her teacher feels brilliant one.

    the second one is my junior class mate. he gets some prize in Singapore about his couch. he is good at playing guitar, taking photo, writing songs, singing songs. his art scene is really special.

    and i believe my scene. i always follow my instinct. you are the third one. you can’t lie, hide, trick. don’t feel bad and shame and coward. you have to accept what you have.
    but , the big but is i can understand that embarrassment.

    နောက်ဆုံးပြောချင်တာကတော့ ငါခေါ်ချင်တာ ခေါ်မှာပဲ လျှာမရှည်နဲ့ မကျေနပ်ရင် လဲသေလိုက် ငါးဖောင်ရိုး၊ ငါဂျီးခြောက်၊ရဲ့ ဒါဗျဲ 😆

    • inz@ghi

      December 15, 2011 at 10:56 pm

      မခံယူဝံ့ ပါခင်ဗျား …
      ကျနော်လည်း ကျနော့်ဘဝ မှာ ပါရမီရှင်လို့ ကျနော့်အတိုင်းအတာအရ သတ်မှတ်တဲ့လူ
      ၃ယောက်ရှိဖူးပါတယ် ….

      ပထမတယောက်လား … ၉တန်းကျောင်းသားဘဝနဲ့ 3D Movie ကိုရိုက်ပြသွားနိုင်ဖူးတယ်…
      သူ ၁ဝတန်းကျောင်းသားဘဝမှာ..ကျုပ်တို့ကျောင်းက ပိုက်ဆံရှိလို့ …နိုင်ငံခြားသား pro ကို
      ငှားပြီးတော့ ဒါမျိုးပြပွဲတွေမှာ လူတွင်ကျယ်လုပ်ပါတယ်လို့ ..(ကျောင်းအချင်းချင်းကား ပြိုင်ဘက်
      ဖြစ်၏ … အနှီ ကျောင်းအုပ်ကြီးများ၏ စကားအား တုံ့ပြန်သည့်အနေဖြင့် ထိုကျောင်းများမှ လေ့လာရေး
      လာသော ဆြာမ ပေါက်စများအား …အဆိုပါ အထက်တန်းကျောင်းသား..လူငယ်က … လက်ရှိ ပြပွဲ
      ကျင်းပနေသော နေရာကို 3D လက်တွေ့ ရေးဆွဲသင်ကြားပေးလိုက်ပါ၏ … ဘယ်တယောက်မှ ထိုပညာကို
      မရလိုက်ပါ …… သနားထှာ …)
      ကျနော်ပြောချင်တာ …သည်ဆြာလေး ..ပါရမီ ရင့်သန်တာ ပြောပါတယ် ..ကျုပ်တို့ကျောင်းကလည်း
      ဘာမှ သူ့အတွက်ထူးပြီး လုပ်ပေးခဲ့ရတာ မှမဟုတ်ဘဲ.. … help file များသည် general English
      ဖြင့်သာရေးသားထားကြပါသည်. …ဘယ်ကျောင်းက ဘာသတ်မှတ်ချက်တွင် ဘာအဆင့်ဝင်သည်
      ဆိုတာ သူတို့ ကန့်သတ်မထားပါ…..

      နောက် ၂ယောက်အကြောင်းပြောရလျင် ကမာ္ဘနှင့် ချီရမည်ဖြစ်သဖြင့် အစ်မတော်
      ချီးကျူး၍သော်လည်းကောင်း ရွဲ့ပြီး ရိပြီးသော်လည်းကောင်း ..ကျနော့်အား ထိုသို့ခေါ်ပါက…
      ကျနော့် ရှက်စိတ် ..ကိုယ့်ကိုကိုယ် အလိုမကျ စိတ်အပါအဝင်. ..သတ်သေချင်စိတ်ကိုပင်…
      အားပေးရာရောက်သဖြင့် …တောင်းဆိုပါရစေခင်ဗျား ….
      နောက်ပြီးသော်လည်းကောင်း အတည်အားဖြင့်သော်လည်းကောင်း ..ကျနော် တကယ်
      serious ဖြစ်သော ကိစ္စတခုဖြစ်သဖြင့် ကျနော့ကို သူငယ်ချင်လို ချစ်ခင် သနားမယ်ဆိုရင်ဖြင့်
      ဆင်ခြင်ပါစေလိုကြောင်း…
      (သေစေချင်ယင်တော့ ဆက်ခေါ်ပေါ့ဗျာ ..it’s ur rightပါ..)

      ကျေးဇူးတင်ပါသည်.

  • pooch

    December 15, 2011 at 11:22 pm

    ok, got it. don’t feel bad that much. i understand what you mean. sorry.
    i will do it. just relax. if you die because of this, i will be killed by some MG girls. just kidding.

    and i know there are many genius all over the world, i just mean in my social life.
    anyway, i will take care and try not to disturb other one’s feeling.
    i forgot that some people have their something like that serious field in personal. really sorry.

    • inz@ghi

      December 16, 2011 at 6:50 am

      အောင်မငီး မမပုချ် ရယ်
      ဘိုလိုမ တော့ဘာနဲ့ …
      ဖတ်ရခက်လို့ဘာ …..

      😀
      အန်းနီးဝေး … သိုင်းခရု ပါဗျ…

      ခင်တဲ့
      Inz@ghi

  • kotun winlatt

    December 16, 2011 at 9:20 am

    ဂီဂီရေ..မင်းမြတ် အတော်ပြောင်နေတာက အကြောင်းချိဒယ်
    ပြောတာပဲဗျ…
    မြန်မာပြည်ကောင်းးစားးရေးးအတွက်..
    ဆံပင်နည်းတဲ့သူ..ဟိုဒင်းးပြုရမယ်ဆိုလို့
    ဟိုဝှာပြုထားတာဆိုလားးးးဟီးးးးး
    ဒါ့ပုံတွေကိုလာကြည့်သွားတယ်ဗျို့…

  • Moe Z

    December 16, 2011 at 10:06 am

    ဟိ ဟိ .. လိုလျှင်ကြံဆ နည်းလမ်းရဆိုပါလား
    ဘာတွေကြိတ်ကြံနေတယ်မသိ 😀 😀

    • inz@ghi

      December 16, 2011 at 10:09 am

      ဘာကိုပြောတာလဲဟင်င်..
      ကီးအမြင့်ကြီးတွေ မတီးကြပါနဲ့
      ဂီ ဂယ် နားမလည်လို့ပါ…

      • Moe Z

        December 16, 2011 at 10:12 am

        ဘာသာပြန်တာမှားသွားပြီထင်တယ်
        ဒါကြောင့်ပြောပါတယ် မတောက်တခေါက်ပါဆို 😛

        • inz@ghi

          December 16, 2011 at 10:15 am

          အော် ..ကျနော့် message ကိုပြောတာလား ..?
          😀
          ဟားဟား ….
          တကယ်တော့ ကျနော်ကိုယ်တိုင် အဲ့လို မလိုက်နာမကျင့်သုံးနိုင်သေးဘူးရယ်လေ….

          naseba naru
          nasaneba naranu nanigoto mo
          naranu wa hito no nasanu nari keri

          If you try, you may succeed.
          If you don’t try, you will not succeed. This is true for of all things.
          Not succeeding is the result of not trying.

  • ပေါက်ဖော်

    December 16, 2011 at 11:05 am

    ဦးဂီတို ့..ကင်မလာဆြာတွေကလဲ..ဘိုးကြီး.ဘွားကြီးတွေပဲ.နော်..
    ဦးဂီကော..ဘယ်တော့..ဘိုးဘွားရိပ်တာဝင်မတုန်း ခင်ည
    😕

  • ကိုရင်စည်သူ

    December 16, 2011 at 11:45 am

    ကိုရင်လည်း ခုတလော မုဆိုးအမှတ်နဲ့
    တောထဲ ခဏခဏ ဝင်နေတာ..
    ဘယ်အချက် သားကောင်ပြန်ဖြစ်မလဲ မသိဘူး… အဟီးးး 😀 😀 😀

  • ဆူး

    December 16, 2011 at 12:18 pm

    သားကောင် တလှည့် မုဆိုးတလှည့် အဲလို ဆိုရင်တော့ မုဆိုး မဟုတ်တော့ သားကောင်ကြီးပဲ ဖြစ်ဖြစ်နေမလားမသိဘူး။ 🙁

Leave a Reply