စင်္ကာပူမှ အထူးကု ဆရာဝန်ကြီးများ
နား ၊ နှာခေါင်း ၊ လည်ချောင်း အထူးကု ဆရာဝန်ကြီးများနဲ့ စင်္ကာပူ နိုင်ငံမှ အထူးကု ဆရာဝန်ကြီးတွေ ပူးပေါင်းကာ လာမယ့် ၂၀၁၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ရ ရက်နေ့နဲ့ ၈ ရက်နေ့များ မှာ နှာခေါင်းရောဂါ ဝေဒနာရှင်များ အား ခွဲစိတ်မှု အခမဲ့ အစီအစဉ်နဲ့ ခွဲစိတ် ပေးသွားဖို့ ရှိတယ်လို့ နား ၊ နှာခေါင်း ၊ လည်ချောင်း ၊ အထူး ကု ဆေးရုံ သစ်ကြီးမှ အထူးကု ဆရာဝန်ကြီး တစ်ဦးရဲ့ ပြောပြချက် အရ သိရှိရပါတယ်။
ခွဲစိတ်မှု ရယူလိုတဲ့ နှာခေါင်းရောဂါ ဝေဒနာရှင်များ အနေနဲ့ နား ၊ နှာခေါင်း ၊ လည်ချောင်း ၊ အထူးကု ဆေးရုံသစ်ကြီး ၊ ပြင်ပ လူနာ ဌာနမှာ လာရောက် စစ်ဆေးမှု ခံယူကာ စတင် စာရင်း ပေးသွင်းနိုင် ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဆရာဝန်ကြီးများက ခွဲစိတ်ဖို့ လိုအပ် တဲ့ နှာခေါင်းရောဂါ ၊ နာတာရှည် ထိပ်ခတ် နာ ရောဂါ ၊ နှာခေါင်း အသားပို ထွက်တဲ့ ရောဂါတွေကို အခမဲ့ ခွဲစိတ်မှု ပေးသွားမှာ ဖြစ်ပါတယ်။
အဆိုပါ ခွဲစိတ်မှုမှ တစ်ဆင့် လိုအပ်တဲ့ ဆေးဝါး ကုသစရိတ် ေ တွကိုတော့ ရောဂါ ဝေဒနာရှင်တွေက ကျခံရမှာ ဖြစ်တယ်လို့ သိရပါတယ်။
3 comments
ငပေါက်ဖော်
January 2, 2012 at 11:16 pm
အင်း.
ကောင်းပါလေ့ဗျာ
ခွဲစိတ်ခ သက်သာလဲ မနဲပါဘူး
သတင်းကောင်းလို ့ပဲပြောပါရစေ
မောင်သန်းထွဋ် ဦး
January 2, 2012 at 11:44 pm
အော် သူများနိုင်ငံကလူတွေ အလှုူပြုကျတော့ ကိုယ့်ကိုကိုယ်တောင်သိမ်ငယ်မိပါရဲ ့ဗျာ။
etone
January 3, 2012 at 2:45 pm
မရှိဆင်းရဲသားတွေအတွက်တော့ ကောင်းသတင်းပါပဲ … ။
ပညာရပ်တွေ ပူးပေါင်း ဖလှယ်ကြပြီး …. မတတ်နိုင်တဲ့ လူတွေကို ကူညီပေးမယ့် အသင်းဖွဲ့မျိုး များများ ပေါက်ပေါက်စေချင်တော့တာပါပဲ … ။