လစာတွေတကယ်တိုးမှာလား……
ပြည်သူလွတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က အဆို တင်သွင်းပါတယ်
ဝန်ထမ်းတွေလစာတိုးဖို့
ဘဏ္ဍာငွေစိစစ်ဖို့
လူသားအရင်းအမြစ်ဖွ့ွံဖြိုးဖို့ စသည့် အချက်၆ ချက် ပါအဆို ကို လွတ်တော် ကိုတင်သွင်းပါတယ် တဲ့
ဝန်ထမ်းလစာတွေလဲ နောက်နှစ်ဘတ်ဂျတ်အစ မှာ တု်ိးပေး မှာပါတဲ့။
ဖြစ်နိုင် မဖြစ်နိင် ကိုတော့ လူပညာရှိ ရဟန်းပညာရှိများ ဝိုင်းဝန်း လို့ ရွာစားရေ……စည်တော်ယွန်း ကြပါဆို့…….
10 comments
Thel Nu Aye
February 8, 2012 at 8:55 am
ကုန်ဈေးနှုန်းအရင်တက်ပြီဆိုရင်တော့လစာတိုးဖို့သေချာသွားပြီ။
Shwe Tike Soe
February 8, 2012 at 11:09 am
ကျွန်တော်တို.တော့ တိုးသွားပါပြီ သွေးပြောပါတယ်…….. ဟိဟိ 😀
လစာတိုးဖို.ထက် ကုန်ဈေးနှုန်းကျဖို.ပိုအရေးကြီးသဗျ..
eipu
February 8, 2012 at 11:33 am
ဟုတ်ပါတယ်။
လစာတိုးတာထက် ကုန်ဈေးနှုန်းက အရင်ကျသင့်တယ်။
laypai
February 8, 2012 at 12:00 pm
အကယ်ဒမီ ပွဲ တိုက် ရိုက်ထုတ်လွှင့် မှု ကို လူအများ အာရုံကျနေချိန် MRTV သတင်း ကနေ လွှတ်တော် ဥက္ကဌ က တိုက်ရိုက်ပြောသွားတာ ဆိုတော့ သေချာ မှာပါ။
လစာတိုးဖို့ ထက် သေချာတဲ့ cleaning government ဖြစ်အောင်လုပ်ဖို့ ပြောသွားတာ ကို ပို စိတ်ဝင်စားတယ်။
laypai
February 8, 2012 at 2:28 pm
လွတ်တော်ဥက္ကဌ ပြောခဲ့ တဲ့ cleaning government ဖြစ်ဖို့ က
“အူမတောင့်မှ သီလစောင့်နိုင်မှာဖြစ်သလို အူမတောင့်ပြီး သီလ မစောင့်လျှင်တော့ သူ့တာဝန်ပဲ ဖြစ်ပြီးသူတို့ တရားကို သူတို့ စီရင်မှာဖြစ်ပါတယ်။ တစ်ဘက်က အခွင့်အရေးနှင့်သက်သာချောင်ချိရေး၊ အခြားတစ်ဘက် စည်းကမ်း နှင့် ဥပဒေအပြန်အလှန် ထိန်းကျောင်းခြင်းဖြင့် Clean ဖြစ်လာမှာဖြစ်ပါ တယ်။ Clean ဖြစ်လာမှ Good Governance လုပ်လာနိုင်မှာ ဖြစ်ပါတယ်”ဟု သူရဦးရွှေမန်းက ဆက်လက်ပြောကြားခဲ့ပါသည်။
manawphyulay
February 8, 2012 at 2:48 pm
အစိုးရက တိုးမယ်ဆိိုတော့ ကုမ္ပဏီတွေကရော လိုက်တိုးမယ်လို့ ကြားသလား… 🙁
ချစ်ရင်ထူးနှစ်
February 8, 2012 at 7:51 pm
လစာက ဘာလို့တိုးပေးမှာလဲ သိချင်ပါတယ်….
ဆိုပါတော့ ဝန်ထမ်းတွေ အတွက် လစာငွေက မလုံလောက် လို့လား…
မလုံလောက်ရင်လဲ ဘာလို့မလုံလောက်ရတာလဲ ဆိုတာကို သေသေချာချာ စိစစ်သင့်တယ်လို့ ထင်ပါတယ်..
အဲဒီလို မလုံလောက်တိုင်း လစာတိုးမယ်ဆိုရင် မလိုအပ်ဘဲနဲ့ ငွေကြေးဖောင်းပွ မှု ဖြစ်ပေါ်လာလိမ့်မယ် လို့ထင်မြင်မိပါတယ်
သိတဲ့သူများရှိရင် ဖြေပေးကြပါဦး
ချစ်ရင်ထူးနှစ်
pu ma
February 8, 2012 at 10:00 pm
အင်း ဒါဆိုကျူရှင်ခကတက်မှာသေချာ
we R one
February 9, 2012 at 10:08 am
အဆောင်ခ က တော့ တက်ပြီးသားပဲ.. မီတာလေး ၅ဝ က နေ ၇၅ ကျပ် .. ၂၅ ကျပ်ကနေ ၃၅ ကျပ်လေးတက်တာတောင် ထမင်းပေါင်းအိုးခ တစ်ယောက်စာ ကို ၅၀၀ဝ ကျပ် ၊ ၂ ယောက်စာ ကို ၈၀၀ဝ တောင်းတာ.. ကျန်တာတွေသာ တက်လို့ ကတော့.. ဆိုဖွယ်ရာမရှိ..။ အဆောင်မှာ အခု တက်ဆိုတဲ့စကားကို ဘာစကားမှ မပြောရဲတော့ဘူ..
ssa
February 9, 2012 at 10:51 am
အရေးထဲကုမ္ပဏီဝန်ထမ်းက တစ်မျိုး
ကုမ္ပဏီဝန်ထမ်းတွေ…လစာလျှော့မယ်တဲ့….
အလုပ်ကောင်းကောင်းမလုပ်လို့တဲ့..ကြားပီးပီလား..