johnnydeerApril 16, 20131min2668
အခြေအနေတွေကတော့ အရင်ကနဲ့ အခု မတူတော့တာတော့ အမှန်ပါပဲ….အရင်တုန်းကများ Land Cruiser စီးနိုင်ဖို့ဆိုတာ သိန်းတစ်ထောင်ဆု သုံးကြိမ်ဆက်ပေါက်ရင်တောင် ဝယ်စီးဖို့ မလောက်သေးဘူးလို့ ပြောယူရပါတယ်…မတ်တူးတစ်စီး သိန်း 1500…လိမိတက်တစ်စီး 450…ဗင်ရှေ့ဆွဲ လ…သ…အ လေးတောင် သိန်း 300 ကျော်…အခု အနေအထားနဲ့ ယှဉ်ကြည့်တော့ ဟုတ်ကောဟုတ်ရဲ့လားလို့တောင် ထင်မိစရာပါ…တကယ်ကြီးကို ဟုတ်ခဲ့ပါတယ်…ကားတစ်စီး စီးနိုင်ရင် ဆရာကြီးပါပဲ…ကိုယ့်ရှိတဲ့ ကားလေးတောင် အရောင်းကောင်းမိလို့ ကားပြန်မဝယ်နိုင်ပဲ ပြုတ်သွားတဲ့ သူတွေလဲ အများကြီးပါပဲ….. ဟိုတယ်မှာ လာတည်းကြတဲ့သူတွေထဲမှာလဲ ဘယ်လောက်လူပြည့်ပြည့် ကားပါကင်မှာ ရှိလှ လေးငါးစီးပေါ့….အရင်တုန်းကတော့ တည်းခိုတဲ့သူတွေရဲ့ စေတနာ မေတ္တာကို ပြန်လည် တုန့်ပြန်တဲ့ အနေနဲ့ ကားတွေ ပေရေနေတာတွေ့ရင် ရေဆေးပေးပါတယ်…အပို စေတနာပေါ့…ဘာမှ ပေးစရာမလိုပါဘူး…. ကဲ…အခုတော့ ခေတ်ကပြောင်းသွားရော…ကားတစ်စီး သိန်းတစ်ရာနဲ့ တစ်ရာ့ငါးဆယ်ကြားသုံး…ပေါလိုက်တဲ့ကား…ပုံစံပေါင်းစုံ…ကားပေါင်းစုံ […]


johnnydeerMarch 27, 20131min80145
ကျွန်တော်တို့က ဗုဒ္ဒဘာသာတွေပါ…. စောင့်ထိန်းရတဲ့ ငါးပါးသီလထဲမှာ ဘာမစောင့်ထိန်းနိုင်နိုင် ကာမေသုတော့ ထိန်းနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်…ဒုသနသော ဆိုတာလဲ တအားကြောက်ပါတယ်… မုဒိန်းမှုဆိုတာ အရွံရှာဆုံး ပြစ်မှု တစ်ခုပါ…. ကျေးဇူးပြုပြီး အဲ့ဒီ ပြစ်မှုကို မကျုးလွန်ကြပါနဲ့…. မကျေနပ်လို့ ပေါက်ကွဲထွက်ချင်နေပါသလား….ဒေါသထွက်လို့ လူသတ်ချင်နေသလား…. ဒါးနဲ့ ထိုးသတ်ပစ်လိုက်… ခေါင်းကို ဒုတ်နဲ့ ရိုက်ခွဲပစ်လိုက်….ဘာမှ ဖြစ်မသွားဘူး… လည်လှီးတော့ မသတ်ပါနဲ့…. လည်လှီးသတ်တယ်ဆိုတာ ကျွန်တော်တို့ အရွံရှာ အစက်ဆုတ်ဆုံး လုပ်ရပ်ပါ… မုဒိန်းမှု ကျုးလွန် လည်လှီးသတ်ဆိုတာကတော့ ပြောဖွယ်ရာမရှိပေါ့….ဘယ်လောက်စက်ဆုတ်လိုက်သလဲဆိုတာ… နောက်ပြီး…. သတ္တဝါတွေ အမျိုးမျိုး ရှိတဲ့အထဲ လယ်ယာစိုက်ပျိုးရေးနိုင်ငံဆိုတော့ စားဖို့ စပါးကို နွားနဲ့ပဲ ဒိုးတူဘောင်ဖက် လုပ်နေကြရတာပါ…. လယ်ထွန်ရင်တောင် ဖေ့သားကြီး နေမမြင့်ခင်လေး ရုန်းထားဦးဆိုပြီး ချစ်စဖွယ် ပြောခိုင်းတတ်တာပါ… […]


johnnydeerMarch 25, 20131min1746
ကျွန်တော်တို့ ကျောင်းတက်တော့ ၆ နှစ်တက်ရတာကိုး…ဒီကြားထဲ အစိုးရက စေတနာတွေထားပြီး အေးအေးလူလူ တက်ကြပါစေဆိုပြီး ကြားထဲ ကျောင်းတွေ ၃ နှစ်လောက် ပိတ်ပေးလိုက်တော့ ကျောင်းပြီးဖို့ဆိုတာ တကယ့်မာရသွန် ခရီးရှည်ကြီး ပြေးရသလိုပါပဲ… နောက်ဆုံးနှစ်လဲ ရောက်ရော ခွဲကြရတော့မယ်ဆိုတော့ အရင်တုန်းက ရှိပြီးသား သံယောဇဉ်လေးတွေ ပေါက်ကွဲထွက်ကုန်ကြပြီး သမီးရည်းစားချစ်သူတွေ တော်တော်များများ ဖြစ်ကုန်ကြတယ်…နှစ်ဘက်လုံး ဟန်မဆောင်နိုင်ကြတာလဲပါ ပါတယ်…အသက်တွေကလဲ သေးမှမသေးကြတော့တာကိုး…အတွဲတွေ တော်တော်ဖြစ်ကုန်ကြတယ်….အဲ့ဒီ အထဲ အတွဲ တစ်တွဲကတော့ ကောင်လေးကလဲ ချော…ကောင်မလေးကလဲ ကျောင်းမှာ စတားဆိုတော့ တကယ့် နေနဲ့လ…ရွှေနဲ့မြပါပဲ…တော်တော့်ကို လိုက်ဖက်ညီပါပေတယ်…ကျောင်းမှာ လူကလဲ နည်းတာဆိုတော့ နှစ်ယောက်လုံး နဲ့လဲ ကျွန်တော်နဲ့ ခင်ပါတယ်… အဲ့ဒီနောက် ကျောင်းတွေ ပြီးသွားရော…သူ့ကိစ္စ ကိုယ့်ကိစ္စ နဲ့ အဆက်အသွယ် ပြတ်သွားရော…တစ်ရက်ကျတော့ ခရီးတစ်ခု […]


johnnydeerMarch 10, 20131min1925
ဒါကတော့ အကြံပေးတာသက်သက်ပါ….အခုတလော ဖြစ်နေတဲ့ ပြသ၁နာ အချို့ကို ပြေလည်အောင် ဘယ်လို လုပ်ရမလဲဆိုတာကိုပါ…. လုပ်ရမှာက လွှတ်တော်မှာ စည်ပင်သာယာ အက်ဥပဒေ အသစ်တင်လိုက်ကြပါ…မည်သည့် ဆိုင်းပုဒ်မဆို သက်ဆိုင်ရာ လိုဂို တံဆိပ်မဖြစ်မနေထည့်ရမယ့် သဘောမျိုးပါ…ဗုဒ္ဒဘာသာဆို အရဟံလိုဖြစ်ဖြစ်…၉၆၉ ပဲဖြစ်ဖြစ်…မွတ်စလင်ဆိုင်ဆို ၇၈၆ အမှတ်အသားလိုဟာမျိုး…ခရစ်ယာန်ဆိုင်ဆို လက်ဝါးကပ်တိုင်လိုမျိုး…ဟိန္ဒူဆိုလဲ သူ့သက်ဆိုင်ရာ သင်္ကေတပေါ့…ကျန်တဲ့ ဘာသာတွေဆိုလဲ သူတို့နဲ့ သက်ဆိုင်ရာ အမှတ်အသားတွေ မဖြစ်မနေထည့်ခိုင်းလိုက်ပါ…ကြည့်လိုက်တာနဲ့ ဘယ်သူပိုင်…ဘယ်သူ့ဆိုင်…နောက်ပြီး ဘာဆိုင်ဆိုတာ တန်းပြီး သိနိုင်အောင်လို့ပါ….အားပေးချင်တဲ့သူတွေလဲ  အားပေးချင်တာ အားပေးပါစေ… တူညီတဲ့ ဥပဒေအောက်မှာ နိုင်ငံသားတိုင်း…ဘာသာစုံကိုးကွယ်တဲ့ သူတိုင်း တတန်းထဲ ထားလိုက်ပါ…ဒီလိုတူညီတဲ့ ဥပဒေကို လူတိုင်းအတွက် ချပေးထားပါရက်ကယ်နဲ့ မနေနိုင်..မလုပ်နိုင်ရင်တော့ရှယ်သာတွယ်လိုက်ပေတော့… ဒါကိုမှ မကျေနပ်လို့ ကွန့်လာ….ညွန့်လာလို့ကတော့ ဗုဒ္ဒဘာသာပဲဖြစ်ဖြစ်…မွတ်စလင်ပဲဖြစ်ဖြစ်…ခရစ်ယာန်ပဲဖြစ်ဖြစ်…ဘာ ဘာသာပဲဖြစ်ဖြစ် ဘယ်သူ့မျက်နှာမှ ထောက်မနေနဲ့…. အရာရာကို မျှမျှတတသာ […]


johnnydeerMarch 6, 20131min54317
ဘာသာရေးနဲ့ပတ်သက်လို့ ကျွန်တော် ရေးခဲပါတယ်…ရေးခဲဆို မရေးခဲ့သလောက်ပါပဲ…ဒါကတော့ ပထမဆုံး ဖြစ်မယ်ထင်တယ်…အခုတလော ဘာသာရေးနဲ့ ပတ်သက်ပြီး ဟိုတစ်စ ဒီတစ်စနဲ့ တွေ့တွေ့လာရလို့ပါ…သိလို့တတ်လို့ ရေးတာလားဆိုရင်တော့ မဟုတ်ပါဘူး…မြင်သလောက်လေး စိတ်ထဲရှိတဲ့ အတိုင်းလေးပဲ ရေးလိုက်တာပါ…မှားတာရှိလဲ ခွင့်လွှတ်ကြပေါ့ဗျာ…ဘာသာတစ်ခုနဲ့ တစ်ခု ဝေဖန်တိုက်ခိုက်နေကြတာနဲ့ ပတ်သက်ပြီး သူများဘာသာကို မဝေဖန်ခင် ကိုယ့် ဘာသာရေး ကို အရင်ဝေဖန်ခြင်းလို့ ယူဆရင်လဲရပါတယ်…ဆန်ရင်း နာနာဖွတ်တဲ့ သဘောပါပဲ…သူများကလေးနဲ့ ကိုယ့်ကလေး ရန်ဖြစ်ကြရင် ကိုယ့်ကလေးကို ကိုယ် အရင်ဆူပူဆုံးမရတာကတော့ သဘာဝပဲ မဟုတ်ပါလား….ဒီသဘော ပါပဲ…အခြေခံ အကြောင်းတရားကတော့ ရွာတစ်ရွာမှာ ရွာသားတွေ ညီညီညွတ်ညွတ်နဲ့ ကိုယ့်ခြံစည်းရိုးကို လုံခြုံအောင်လုပ်မယ်…ရွာကို ကာကွယ်မယ် ဆိုရင် ဘယ် ရန်ပြုမယ့်သူမှ ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး…ခြံစည်းရိုး လုံစေချင်တဲ့ စေတနာနဲ့ ရေးထားသော စာတစ်ပုဒ်လို့ပဲ ယူဆပေးကြပါ…. အရင်ဆုံး […]


johnnydeerFebruary 28, 20131min2476
  သမီးလေးရေ….. သမီးလေးက အခု ငယ်သေးတယ်နော်…စာလဲ မဖတ်တတ်သေးဘူး…ဒါပေမယ့် သမီးလေး သိတတ်တဲ့ အချိန်…အရွယ်ရောက်တဲ့ အချိန်ဆိုရင် ဖတ်ဖို့ ဖေဖေရေးထားတာပါ…သမီးလေး အရွယ်ရောက်လာရင် ဘာပဲဖြစ်ဖြစ် ဖေဖေတို့က မမှားသင့်တာ မမှားရအောင် ပြောဆိုဆုံးမရတော့မယ်…ဆူသင့်ဆူထိုက်ရင်လဲ ဆူရတော့မယ်…သမီးလေးကောင်းဖို့ ဆူရ..ပြောရမှာပါ သမီးလေးရေ…ဖေဖေကလဲ ဘယ်ဆူချင်မှာလဲ နော်…အဲ့ဒီအချိန်ရောက်ရင် သမီးလေးက တချိန်လုံး ဆူနေတာပဲ…မချစ်ကြဘူးနဲ့တူတယ်ဆိုပြီး ဖေဖေ့ကို စိတ်ဆိုးလိမ့်မယ်…အဲ့ဒီအချိန်ကျမှ ဒီစာကို ဖတ်ပါ သမီးလေးရေ…သမီးလေးကို ဖေဖေ ဘယ်လောက်တောင်ချစ်သလဲ ဆိုတာ ရေးထားတာပါနော်… သမီးလေးရေ… သမီးလေး တစ်နှစ်ပြည့်ခါနီးတော့ အစားအစာကျွေးရင် သိပ်မစားတော့ဘူး…ထမင်းတလုပ်တလုပ် ကျွေးဖို့ တော်တော့်ကို ကျွေးယူရတယ်…ခွန့်လိုက်တဲ့ ထမင်းလုပ်ကိုလဲ မြိုမချပဲ ပါးစပ်ထဲပဲ ငုံထားတော့တယ်…အားဆေးတွေလဲ ဖေဖေတို့ အစုံ တိုက်ပါတယ်…ဒါပေမယ့် ဝမလာဘူး…ဆံပင်လေးတွေကလဲ ပါးပါးလိုက်လာတယ်…ပေါင်ချိန်ကလဲ ကျလာတယ်…ရှစ်လသမီးလောက်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ […]


johnnydeerFebruary 22, 20131min2547
ကလင်…ကလင်… ဟုတ်ကဲ့…အမိန့်ရှိပါခင်ဗျ….  အေး…အခန်းစုံစမ်းချင်လို့… ဟုတ်ကဲ့ပါခင်ဗျ….အခန်းဈေးနှုန်းတွေက နှစ်ယောက်ခန်းက သုံးမျိုးရှိပါတယ်…***…***…***ပါ…သုံးယောက်ခန်းက နှစ်မျိုးရှိပါတယ်…***…***ပါ….လေးယောက်ခန်းကတော့ ***ပါ…ခြောက်ယောက်ခန်းက***ပါခင်ဗျ…  အေး…ငါတို့က ဟိုဘက်….ဟိုတယ်မှာ တည်းနေကျ.. (အဲ့ဒါဆိုလဲ သွားတည်းပါလား) ဟုတ်ကဲ့ပါခင်ဗျ… အဲ့ဒီမှာ မရလို့ မင်းတို့ဆီ လှမ်းမေးတာ…ဘော်ဒါတစ်ယောက်က ဖုန်းနံပတ်ပေးလို့…နှစ်ယောက်ခန်း ၁၅ ခန်းလောက် ယူမယ်…ဘယ်လောက်လျှော့ပေးမလဲ…  (အင်း…စ  မစသေးဘူး…လာပြီ) ဟုတ်ကဲ့…Group တွေ..ရက်ရှည်တည်းတဲ့ သူတွေအတွက် ဆယ်ခန်းတစ်ခန်း…ဆယ်ရက်တစ်ရက် လျှော့ပေးပါတယ်ခင်ဗျ…  ပြီးတော့ တည်းတဲ့သူတွေက အစည်းအဝေးလုပ်မယ်…BALL ROOM ကို တနေကုန်သုံးချင်တယ်… ဟုတ်ကဲ့…BALL ROOM က သုံးနာရီတဆက်ရှင်ကို *** ယူတာပါခင်ဗျ…တည်းခိုတဲ့သူတွေဆိုရင်တော့ အဆင်ပြေအောင် ဈေးနှုန်းကို စီစဉ်ပေးပါမယ်ခင်ဗျ…. မဟုတ်ဘူးကွ…ဟိုဘက်ဟိုတယ်ကဆို ခန်းမအတွက် ပိုက်ဆံမယူဘူးကွ… FREE ပဲ… (ဟုတ်ပါ့မလား..မောင်ကာဠုရဲ့) ရမှာလား…အခန်းခကော ထပ်လျှော့ပေးနိုင်သေးလား…MEETING ROOM ကကော FREE […]


johnnydeerFebruary 21, 20131min32111
ဒါကတော့ ကျွန်တော့်ဘဝရဲ့ တကယ့်အဖြစ်အပျက်လေးပါ…ဉာဏ်စမ်းပဟေဠိလေးလို့ ယူဆချင်ရင် ယူဆကြပါတော့…အဓိက ကတော့ ဘာလုပ်သင့်လဲ…ဘာဖြစ်သင့်လဲ ဆိုတာကိုပါ…ကောမန့်တွေ ပေးပြီးကြရင် ကျွန်တော် ဘာလုပ်ခဲ့သလဲ ဆိုတာ ပြောပြပါ့မယ်… မှတ်မှတ်ရရ  ကျွန်တော် တတိယတန်းတုန်းကပေါ့….မိဘတွေက ဝန်ထမ်းတွေဆိုတော့ ကျောင်းခဏခဏ ပြောင်းရတယ်…အဲ့ဒီကျောင်းမှာ ကျွန်တော်က ကျောင်းသားသစ်ပေါ့….ဖြစ်ပုံက ကျောင်းဖွင့်ကာစ မိုးရာသီကြီးမှာပေါ့…အဲ့ဒီနေ့က ကျွန်တော် အစားမှားပြီး ဝမ်းပျက်နေတယ်….ကျောင်းသားသစ်ဆိုတော့ ခွင့်တိုင်ရမှာ စိုးတာနဲ့ ကျွန်တော်ဇွတ် ကျောင်းတက်ခဲ့တယ်…အတန်းဝင်တဲ့ ဆရာမက ကျောင်းသားဟောင်းတွေ ပြောစကားအရ နာမည်ကြီး…စည်းကမ်းကြီး…အရိုက်ကြီးတဲ့ဆရာမ …ဆရာမက စာသင်နေတာ အရှိန်တအားကောင်းနေတယ်…ကျွန်တော့် ဝမ်းက ရစ်ပြီးနာနေတယ်…အိမ်သာ သွားရအောင်ကလဲ ဆရာမစာသင်တာ ဖြတ်ပြီး ခွင့်မတောင်းရဲဘူး….အောင့်တယ်…သည်းခံတယ်…သည်းခံရင်း သည်းခံရင်းနဲ့ပဲ ဘယ်လိုမှ မရတော့ဘူး….နောက်ဆုံး ဘယ်လိုမှမတတ်နိုင်တဲ့ အဆုံး ဆရာမဆီ အိမ်သာသွားဖို့ ခွင့်တောင်းပါတယ်…ဆရာမကလဲ ခွင့်ပြုပါတယ်…အိမ်သာ တက်ချင်စိတ် တအားများတော့ ဟိုး…ခပ်လှမ်းလှမ်းက […]


johnnydeerFebruary 19, 20131min62322
သမီးလေးရေ….. သမီးလေးက အခု ငယ်သေးတယ်နော်…စာလဲ မဖတ်တတ်သေးဘူး…ဒါပေမယ့် သမီးလေး သိတတ်တဲ့ အချိန်…အရွယ်ရောက်တဲ့ အချိန်ဆိုရင် ဖတ်ဖို့ ဖေဖေရေးထားတာပါ…သမီးလေး အရွယ်ရောက်လာရင် ဘာပဲဖြစ်ဖြစ် ဖေဖေတို့က မမှားသင့်တာ မမှားရအောင် ပြောဆိုဆုံးမရတော့မယ်…ဆူသင့်ဆူထိုက်ရင်လဲ ဆူရတော့မယ်…သမီးလေးကောင်းဖို့ ဆူရ..ပြောရမှာပါ သမီးလေးရေ…ဖေဖေကလဲ ဘယ်ဆူချင်မှာလဲ နော်…အဲ့ဒီအချိန်ရောက်ရင် သမီးလေးက တချိန်လုံး ဆူနေတာပဲ…မချစ်ကြဘူးနဲ့တူတယ်ဆိုပြီး ဖေဖေ့ကို စိတ်ဆိုးလိမ့်မယ်…အဲ့ဒီအချိန်ကျမှ ဒီစာကို ဖတ်ပါ သမီးလေးရေ…သမီးလေးကို ဖေဖေ ဘယ်လောက်တောင်ချစ်သလဲ ဆိုတာ ရေးထားတာပါနော်… သမီးလေးရေ….. သမီးမေမေ..သမီးလေးကို ကိုယ်ဝန် စရှိတော့ နှစ်ဖက်စလုံးက မြေးဦး…ဖေဖေတို့ကလဲ သားဦးဆိုတော့ တအားပျော်ကြတာပေါ့…ဖေဖေတို့က ညီအကို နှစ်ယောက်ဆိုတော့ အရင်ထဲက ညီမလေးတစ်ယောက် တအားရချင်ခဲ့တာ…ဒါပေမယ့် မရခဲ့ဘူး…အဲ့တော့.ဖေဖေက မွေးတဲ့ ကလေးလေးကို သမီးလေးဖြစ်ပါစေလို့ ကြိတ်ဆုတောင်းခဲ့တယ်…ဘယ်တော့မှ ဆုတောင်းမပြည့်ခဲ့တဲ့ ဖေဖေက ဒီတခေါက်တော့ […]


johnnydeerFebruary 17, 20131min33917
ဒီလောင်းကစားကို ငါတသက်လုံးလုပ်ခဲ့တာပါ ကွ…ဘယ်တော့မှ မကြီးပွားခဲ့ဘူး…မင်း ရှေ့ဆက်ပြီး ဒါကို မစွန့်ပဲ ပေကပ်ပြီးဆက်လုပ်နေမယ်ဆိုရင် မင်းတနေ့ ခွေးဖြစ်မယ်….. (အဖေ) ယောက်ကျားက ဒီလောင်းကစားကို နေ့ကော..ညကော အိမ်ပြန်မလာစတမ်း လုပ်နေလို့ ဘယ်နားမှာ သေနေပြီလဲ…အဖမ်းခံနေရပြီလားဆိုပြီး တသက်လုံး  မျှော်ခဲ့ရတယ်…စိတ်ဆင်းရဲခဲ့ရတယ်…သူ့ကိုတော့မနိုင်လို့ထားလိုက်တော့…ငါ့သားတွေအလှည့်ကျရင် လုံးဝမလုပ်စေရဘူး…ငါနိုင်အောင် ဆုံးမမယ်လို့ ဆုံးဖြတ်ထားတာ နင်တို့က နင့်အဖေထက်တောင် အပုံကြီး ပိုဆိုးနေပါလား…ငါ နင်တို့ကို ဘာဆိုဘာမှကို မပြောချင်တော့ဘူး…. (အမေ) ငါလဲ လောင်းကစားလုပ်ပါတယ်…ဒါပေမယ့် မင့်ဟာကြီးက လွန်လွန်းတယ်…နိုင်ရင်တော်တော့လေ…မင်းက နိုင်ချင်တာ မဟုတ်တော့ဘူး…လောင်းကစားလုပ်ရတာကို ပျော်နေတာ… (အကို) အရက်သမားကို ချစ်ရတာကမှ သူ့လစ်မစ်နဲ့ သူရှိသေးတယ်…တစ်လုံးသောက်ရင် မူးတဲ့သူက တစ်လုံးပဲဖိုးပဲကုန်တယ်…လောင်းကစားသမားကို ချစ်ရတာ များ စိတ်ဆင်းရဲလိုက်တာ…ဘာလစ်မစ်မှမရှိဘူး…. (ပထမချစ်သူ) အကိုသာ လောင်းကစားမလုပ်ပါနဲ့…ရှိတာအကုန်ရောင်းပြီး အကြွေးတွေ အကုန်ဆပ်ပြီး စိတ်အေးအေးချမ်းချမ်း နေချင်လှပါပြီ… […]


johnnydeerFebruary 16, 20131min26311
အမှား… သာမန်အမှား…မတော်တဆအမှား…ရည်ရွယ်ချက်ရှိရှိကျုးလွန်တဲ့ အမှား…ရီစရာအမှား…ဘဝပျက်လောက်တဲ့ အမှား…ခွင့်လွှတ်နိုင်တဲ့အမှား…ခွင့်မလွှတ်သင့်တဲ့ အမှား…စသဖြင့်ပေါ့ဗျာ အမှားကို သရုပ်ခွဲကြည့်ရရင်တော့ အမှား အမျိုးမျိုးရှိကြမှာပါပဲ…မမှားဘူးတဲ့သူ   လောကမှာမရှိခဲ့သလို မှားတာတွေတိုင်းကိုသည်းမခံ ခွင့်မလွှတ်ပဲ ထာဝစဉ် အပြစ်ပေးအရေးယူနေလို့လဲ မဖြစ်ပါဘူး…ပြေပြေလည်လည် ရှင်းပြလို့ နားလည် လက်ခံတဲ့သူဆိုရင် သေသေချာချာ ရှင်းလင်း ပြောဆိုပေးရမယ်…အရေးယူအပြစ်ပေးရမယ့်သူဆိုရင်တော့ အရေးယူရပါမယ်…အမှားကျုးလွန်တဲ့ သူရဲ့ နောက်ခံအကြောင်းအရာရယ်…ကျုးလွန်မိတဲ့ မူရင်းအကြောင်းအရာကိုလဲ သေသေချာချာ စေ့စေ့ပေါက်ပေါက် စဉ်းစားပြီး ခွင့်လွှတ်သင့်သလား…အရေးယူရမှာလား ခွဲခြားစဉ်းစားသင့်တယ်လို့တော့ ကျွန်တော်တော့ထင်တာပါပဲ…. လူတိုင်းအမှားနဲ့ မကင်းနိုင်ပါဘူး…အားလုံးသာ မှန်နေရင်တော့ ခဲတံနောက်မှာ ခဲဖျက်တောင် တပ်စရာ မလိုပါဘူး…အမှားဆိုတာ သိတတ်တဲ့သူ…အမှားဆိုတာကို လက်ခံတတ်ပြီး မှတ်မှတ်သားသားရှိတဲ့သူတစ်ယောက်ဟာ တခါတလေမှာ သူ့အမှားက သူ့အတွက် ပိုတန်ဖိုးရှိနေတတ်ပါသေးတယ်…ဥပမာ…ကျွန်တော်ဆို ငယ်စဉ်တုန်းက အပတ်စဉ်စာမေးပွဲတွေ…လစဉ်စာမေးပွဲတွေ…ပထမအစမ်း…ဒုတိယအစမ်း စာမေးပွဲတိုင်းမှာ မှားခဲ့တဲ့ အမှားတွေကို အမြဲတမ်း စာအုပ်တစ်အုပ်နဲ့ မှတ်ထားတတ်ပါတယ်…အားနေတဲ့ အချိန်တိုင်း […]


johnnydeerFebruary 13, 20131min52924
ဟိုတယ်တစ်ခုမှာဖြစ်လိုက်ပြီဆိုလို့ကတော့ တကယ့်ကိုထင်မထားတဲ့ပြသနာတွေချည်းပါပဲ…ပြောပြဦးမယ်…တရက်ကပေါ့..နေ့လည် ၁၁ နာရီလောက် အပြင်က ဖုန်းတကော ရီဆက်ရှင်ကောင်တာကို ဝင်လာတယ်…အမျိုးသမီးသံနဲ့ပါ…ညီမလေးရေတဲ့..အမတို့ ပြန်မရောက်နိုင်သေးလို့ အမတို့အခန်း ၂၁ဝ ကို CHECK OUT လုပ်ထားပေးပါနော် ဆိုတော့ ဟိုတယ်ကဝန်ထမ်းတွေကလဲ အခန်းသေသေချာချာ သိမ်းဆည်းပေးပြီး CHECK OUT လုပ်ထားပေးလိုက်တယ်…အိတ်တွေကိုလဲ ကောင်တာရှေ့မှာပဲ သေသေချာချာ ချထားပေးထားတယ်…တချို့ ဧည့်သည်တွေကလဲ ၁၂ နာရီကျော်သွားရင် နောက်တရက်စာ ပေးရမှာစိုးလို့ အလုပ်ကိစ္စမပြတ်သေးရင်ပဲဖြစ်ဖြစ်..ခရီးနည်းနည်းလွန်နေရင်ပဲဖြစ်ဖြစ်..ဒီလိုပဲ ဖုန်းနဲ့လှမ်းပြီး လုပ်ခိုင်းလေ့ ရှိတော့ ဒီလိုပဲ သဘောထားပြီး လုပ်ပေးထားလိုက်ကြတယ်တဲ့…ဇာတ်လမ်းစတာက ၁၁နာရီခွဲလောက်ကျတော့ အဲ့ဒီအခန်းက ဧည့်သည်တွေ ပြန်လာတဲ့အခါကျတော့ ဘာလို့ ငါတို့အိတ်တွေကို အပြင်ထုတ်ထားတာလဲ…မင်းတို့ကို ဘယ်သူ CHECK OUT လုပ်ခိုင်းလို့လဲ ဆိုပြီး ရီဆက်ရှင်ဝန်ထမ်းတွေကို  ဒေါသတကြီး အော်ဟစ်ပြောဆိုပါတော့တယ်..ဝန်ထမ်းတွေက.သေသေချာချာ ရှင်းပြရှာပါတယ်…အပြင်ကနေ အမကဖုန်းဆက်ပြီး CHECK […]


johnnydeerFebruary 11, 20131min1271
စနေ..တနင်္ဂနွေ…အင်္ဂလန်ပရီးမီးယားလိဂ်ဘော့လုံးပွဲ ၉ ပွဲ ကန်သွားပါတယ်… (၁) စပါး…1+20..နယူးကာဆယ် နယူးက…ပြင်သစ်တသိုက်နဲ့မြူးကြွနေတယ်…ပြား 20 နဲ့ တစ်ကျပ်တော့လဲရမှာပေါ့…ချ..နယူးကာဆယ်….(အဖြေ…စပါး..2း1 နယူးကာဆယ်)      ….ရှုံး…. (၂)နောဝချ်…50-…ဖူဟမ် နောဝစ်ချ် အိမ်ကွင်းကောင်း..ဖူဟမ် အဝေးကွင်းညံ့… ငါးမူးနဲ့တကျပ်လဲရမှာပေါ့…ချ..နောဝချ်….         (အဖြေ…နောဝချ်..0း0..ဖူဟမ်)         ……ရှုံး… (၃)စတုတ်…1+75…ရီးဒင်း… စတုတ်ခြေ..ဒလဟော ကျနေတယ်….ရီးဒင်း တိုက်စစ်မှုး တစ်လတာ အကောင်းဆုံးဆု ရထားတယ်…ခြေကျတဲ့ကောင် အပေါ်ကြေးရောက် ဘယ်တော့မှ မအောင်ဘူး…ချ….ရီးဒင်း….                            (အဖြေ…စတုတ်…2း1 ရီးဒင်း)        …..ရှုံး… (၄)ချယ်လ်ဆီး…2+75 ဝီဂန် ချယ်လ်ဆီး နောက်ဆုံးပွဲတောက်လျှောက် ခြေကျနေ…နှစ်လုံးအထက်ပြတ်သောပွဲနည်းလာ.. ချယ်လ်ဆီးနဲ့ အာစင်နယ် နှစ်ပွဲတွဲ ရှောင်လောင်း…မရှုံးနိုင်.. ချ…ဝီဂန်…                                                   (အဖြေ…ချယ်လ်ဆီး…4း1 ဝီဂန်)    …..ရှုံး…. (၅)ဆန်းဒါးလန်း…+80…အာစင်နယ်… ချယ်လ်ဆီးနဲ့ အာစင်နယ် နှစ်ပွဲတွဲ ရှောင်လောင်း…မရှုံးနိုင်…ပြီးတော့ အိမ်ရှင်အောက်ကြေးလက်မနှေးနဲ့တဲ့… ချ…ဆန်းဒါးလန်း..                                 (အဖြေ…ဆန်းဒါးလန်း…0း1.အာစင်နယ်)…….ရှုံး… (၆)ဆွမ်ဆီး…1+45 QPR […]