ကျွန်တော်သည် နယ်မြို့လေးတစ်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပါသည်။ ဖခင်မှာ ဝန်ထမ်းငယ်တစ်ဦးဖြစ်ပြီး မိခင်မှာရိုးရာကိုင်းကျွန်းတစ်ဖက်၊ အိမ်မှုကိစ္စတစ်ဖက်ဖြင့် ကျွန်တော်တို့မိသားစုလေးကို ဖူလုံအောင်ကြိုးပမ်းခဲ့ကြပါသည်။ကျွန်တော့်တွင် ညီငယ်နှစ်ဦးရှိပါသည်။ နယ်ဓလေ့အရ မိသားစု ချို့ချို့တဲ့တဲ့မဟုတ်သော်လည်း ပိုပိုလျှံလျှံတော့မရှိကြပါ။ ကျွန်တော်တို့ညီအစ်ကိုများမှာလည်း ငယ်သေးသည်မို့ ဝင်ငွေရရေးမဆိုထားဘိ ကျောင်းအားချိန်များတွင်လည်း မိဘများအား ထိထိရောက်ရောက် မကူညီနိုင်ကြပါ။ အခြားအခြားသော ဝင်ငွေများပြားသည့် မိသားစုများလောက် တောက်တောက်ပပသစ်သစ်လွင်လွင် မဝတ်စားနိုင်သော်လည်း သန့်ရှင်းသပ်ရပ်စွာဝတ်နိုင်ရန် မိဘနှစ်ပါး၏ ဆိုဆုံးမစကားများကိုမူ လိုက်နာနိုင်ကြပါသည်။ ပညာရေးကိုသာ အစွမ်းကုန်ကြိုးစားကြသည်။ သူတစ်ပါးကဲ့သို့ သစ်လွင်တောက်ပသော ခေတ်မီ အဝတ်အစားများကို မိဘများအား မပူဆာဝံ့ကြပါ။ မိဘများစိတ်ဆင်းရဲမည်ကို စိုးထိတ်ကြပါသည်။ မှတ်မှတ်ရရဆိုရလျှင် ကျွန်တော်ငါးတန်းရောက်သည့်နှစ်၊ အလတ်ကောင်ကတစ်တန်း၊ အငယ်ဆုံးက ပေါက်စနလေးရှိသေးချိန်တွင် သူငယ်ချင်းတစ်ဦးက အကြံပေးပါသည်။ “ကြက်မတစ်ကောင် နှစ်ကောင်လောက်မွေးထားပါလား၊ စားကြွင်းစားကျန်ကျွေးယုံနှင့် ပိုက်ဆံရနိုင်တာပေါ့ကွ”ဟူ၍ ဖြစ်သည်။ သူပေးသောအကြံကို ကျွန်တော်သဘောကျသည်။ အဖေထံခွင့်တောင်းတော့ […]